၁၀။ အွန်လိုင်းဂိမ်းစွဲလမ်းမှုရဲ့ နာကျင်မှု

တရုတ်နိုင်ငံ ရှန်းတုန်း စီရင်စု၊ ကောင်းချန်

ကျွန်တော် ကောလိပ်စတက်တုန်းက၊ တခြားကျောင်းသားတွေက သူတို့ဖုန်းကိုလက်ကမချတမ်း နေရာတိုင်းမှာ၊ ဂိမ်းဆော့နေကြတာ သတိထားမိခဲ့တယ်။ အတန်းထဲမှာ၊ အဆောင်မှာ၊ ကန်တင်းမှာ၊ စာကြည့်တိုက်မှာ၊ ဘတ်စကတ်ဘောကွင်းမှာ အစုံပါပဲ။ သူတို့က အဲဒီဂိမ်းအကြောင်းကိုပဲ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း ပြောနေကြပြီးတော့၊ သူတို့ ဒီဂိမ်းဆော့ရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာပဲ ပြောနေကြတာပေါ့။ ယုံကြည်သူတစ်ယောက်အနေနဲ့၊ ဂိမ်းဆော့ရတာ ကောင်းတဲ့အလုပ်မဟုတ်ဘူးလို့ ခံစားမိတာကြောင့် သူများလို လိုက်မလုပ်ခဲ့ပါဘူး ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲတွေတက်၊ ဘုရားနှုတ်ကပတ်တော်တွေကို အများကြီးဖတ်ခဲ့ပြီးတော့၊ ကျွန်တော် တကယ်ကျေနပ်ခဲ့ရပါတယ်။

ဒါပေမဲ့ နောက်ပိုင်းကျတော့၊ မိုဘာ(MOBA) လို့ခေါ်တဲ့ ဂိမ်းတွေကို တခြားကျောင်းသားတော်တော်များများ ဆော့နေကြတာ သိခဲ့ရတယ်။ သူတို့က ကျွန်တော့်ကိုလည်း အဲဒီဂိမ်းတွေနဲ့ စပြီး ထိတွေ့စေခဲ့တာပေါ့။ ကျွန်တော်လည်း အတန်းချိန်ပြီးတာနဲ့ နည်းနည်းပါးပါး စပြီးကစားခဲ့တာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ တိုက်ခိုက်နေရတဲ့ ရင်ခုန်မှုမှာ နစ်မျောခဲ့တာပေါ့။ သူများတွေကို ရိုက်ရ၊ သတ်ရတဲ့ ပျော်ရွှင်မှုကိုပဲ လိုချင်ခဲ့တာမဟုတ်တဲ့အပြင် အဆင့်တက်ဖို့လည်း တကယ့်ကိုကြိုးစားခဲ့ရတာပေါ့။ ကျွန်တော့်မှာ အချိန်ရတိုင်း၊ စိတ်ထဲမှာ အဲဒီဇာတ်ကောင်တွေ နဲ့ တိုက်ခိုက်မှုတွေအကြောင်း အတွေးတွေနဲ့ပဲ ပြည့်နေခဲ့တာပေါ့။ အစားအသောက်ကို စိတ်မဝင်စားတော့လောက်အောင်၊ ထမင်းမစား ဟင်းမစားနဲ့ အတန်းဖော်တွေနဲ့အတူ၊ ဂိမ်းတွေအကြောင်းပြောရတာကို ကြိုက်သွားတဲ့အထိ ဖြစ်သွားခဲ့တယ်။ အဆောင်ပြန်တဲ့လမ်း တစ်လျှောက်လုံး နောက်တစ်ပွဲမှာ ဘယ်လိုဆော့မလဲဆိုတာပဲ စဉ်းစားနေခဲ့ပြီးတော့၊ ညဘက်ဆိုရင်လည်း လူစုပြီး မနက်အထိ မနားတမ်းဆော့ခဲ့ကြတာပေါ့။ အိပ်ချိန်တွေတော်တော် လွန်သွားပြီးတော့၊ အတန်းနောက်ကျတာနဲ့ အတန်းထဲငိုက်တာက ပုံမှန်လိုဖြစ်လာခဲ့တယ်။ သိပ်မကြာလိုက်ပါဘူး၊ ကျွန်တော့်အဆင့်တွေက လုံး၀ကျသွားခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်အဲဒီ စိတ်ကူးယဉ်ကမ္ဘာထဲမှာ စပြီး နေဖြစ်လာပြီးတော့၊ ဂိမ်းဆော့ဖို့ကလွဲပြီး ဘာမှမလုပ်ချင်ခဲ့တော့ဘူး အဲဒီမတိုင်ခင်ကဆို အားတဲ့အချိန်ဆိုရင် အပြင်သွားပြီး လှုပ်ရှားမှုတွေမှာပါဝင်တာ ဒါမှမဟုတ် စာကြည့်တိုက်မှာ စာသွားဖတ်တာတွေ ရှိခဲ့ပေမယ့်၊ အဲဒီ ဂိမ်းတွေကို စွဲလမ်းပြီးတဲ့နောက်မှာတော့၊ အဆောင်ထဲမှာပဲနေပြီး ဂိမ်းဆော့ရင်းနဲ့ တခြားဘာကိုမှ စိတ်မဝင်စားတော့ဘူးလေ။ ကျွန်တော်ကစားခဲ့တဲ့ ဂိမ်းထဲမှာက ပိုက်ဆံနဲ့ဝယ်ရတာတွေရှိတော့၊ ဇာတ်ကောင်အသစ် တည်ဆောက်ဖို့၊ ရသမျှ နေထိုင်စရိတ်တွေအကုန်လုံးကို မဆင်မခြင် သုံးခဲ့မိတယ်။ စားဖို့အတွက် ဝယ်ဖို့တောင် တော်တော်မွဲသွားလို့ အတန်းဖော်တွေနဲ့ အခန်းဖော်တွေဆီက ပိုက်ဆံချေးခဲ့ရတယ်။ ပိုဆိုးတာက၊ အရာရာပေါ် ကျွန်တော့်ရဲ့အမြင်လည်း ပြောင်းလဲသွားခဲ့တယ်။ အရင်တုန်းက ကောလိပ်မှာ အသုံးဝင်မယ့်ဟာတစ်ခုခု သင်လို့ရနိုင်ပြီးတော့၊ ပညာရေးအဆင့်အတန်းတစ်ခုခုရမယ်လို့ ထင်ခဲ့ပေမယ့်၊ အွန်လိုင်းဂိမ်းတွေထဲ နစ်မြုပ်သွားပြီးတဲ့နောက်ပိုင်းမှာ၊ ကျောင်းသွားရတယ်ဆိုတာကြီး တစ်ခုလုံးက ဂိမ်းဆော့ဖို့ပဲလို့ ခံစားလာရတယ်။ ကျွန်တော်ဂိမ်းဆော့တာကို ထိန်းကျောင်းဖို့ ကျွန်တော့်မိဘတွေလည်း မရှိဘူး။ ပြီးတော့ သူတို့က မုန့်ဖိုးတွေပို့ပေးတယ်။ အခြေခံလိုအပ်တာတွေကို မစဉ်းစားနိုင်တော့ဘဲ ဂိမ်းပဲဆော့နေပြီးတော့၊ အဲဒီလောက်အများကြီး ဆော့နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကောလိပ်တက်ရတာပဲလို့ ထင်ခဲ့မိတယ်။

အဲဒါတင်မဟုတ်ဘူးနော်၊ ပြီးတော့ ကျွန်တော်တဖြည်းဖြည်း ဘုရားနဲ့ ဝေးကွာလာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေဖတ်တဲ့အခါ စိတ်ကို တိတ်ဆိတ်နေအောင်မထားနိုင်တော့ဘဲ ဆုတောင်းတွေကလည်း အသက်မဲ့လာတော့တာပေါ့။ ဘယ်လိုတွေ့ဆုံပွဲမှာမဆို အပြည့်အ၀ မတက်ရောက်နိုင်တော့တဲ့အပြင်၊ တစ်ခါတလေဆို သွားတောင်မသွားခဲ့ပါဘူး။ တစ်ခါတုန်းကဆို၊ ဘုရားနှုတ်ကပတ်တော်တွေရွတ်ဖို့ အားလပ်ချိန်လေးနည်းနည်း သုံးချင်ခဲ့ပေမယ့်၊ နာရီဝက်လောက်ပဲကြာပြီးတဲ့နောက်မှာ၊ ကိုယ့်ဘာသာကိုယ် ဘာလုပ်မိမှန်းတောင်မသိဘဲ ဖုန်းကိုကိုင်ပြီး ကြည့်လိုက်မိသေးတယ်။ နောက်တော့၊စိတ်ထဲမှာ ဂိမ်းထဲက ဇာတ်ကောင်တွေနဲ့ တိုက်ခိုက်မှုအကြောင်းတွေပဲ ပြည့်လာခဲ့တယ်။ ဆေးစွဲသလိုပါပဲ၊ ကျွန်တော့်ကို အနိုင်ယူသွားတာပါ။ ကိုယ့်ဘာသာကိုယ်လည်း တကယ့်ကိုမရပ်တန့်နိုင်တော့ဘဲ တွေးမိတာက၊ “နည်းနည်းတော့ ဆော့လိုက်ပါဦးမယ်။ အခုတော့ ဘုရားနှုတ်ကပတ်တော်တွေရွတ်ဖို့ မလိုသေးပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်တွေ့ဆုံပွဲတွေမှာပဲ နည်းနည်းလောက်ရွတ်တော့မယ်။ ငါလည်း နည်းနည်းပါးပါးဖတ်ခဲ့ဖူးတာပဲ၊ ပြီးတော့ ဂိမ်းဆော့ရတာက ထူးခြားတယ်။ ငါသာ ဂိမ်းထဲမှာလုပ်ရမှာတွေကို မပြီးဘူးဆိုရင် ဘာဆုမှ ရမှာမဟုတ်ဘူး” လို့လေ။ အဲဒီအချိန်မှာပဲ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဘေးချိတ်ပြီး ဂိမ်းစဆော့ပါတော့တယ်။ တစ်ခါက တစ်ညလုံးဆော့ပြီးတဲ့နောက်မှာ၊ မနက်သွားရမယ့် တွေ့ဆုံပွဲကို မသွားဖြစ်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေမေးကြတော့၊ ရှောင်လွှဲလို့ရဖို့အတွက်နဲ့၊ တက်စရာ ကျောင်းပွဲလေးတစ်ခု ရှိလို့ဆိုပြီးလိမ်ခဲ့ပါတယ်။

တစ်ခါတလေဆို ကျွန်တော်ပင်ပန်းနေတာတောင် ဆော့ဖြစ်ပြီးတော့၊ ကျွန်တော့် ကျောင်းကိစ္စကို လျစ်လျူရှုထားမိပြီဆိုတာ တွေးမိပေမယ့်၊ ကျွန်တော့်မိဘတွေ သွေး၊ ချွေး၊ မျက်ရည်တွေကျပြီး၊ ခက်ခက်ခဲခဲရှာထားရတဲ့ ပိုက်ဆံတွေအားလုံးကိုပါ ဖြုန်းပစ်ခဲ့တယ်။ ကျွန်တော် တကယ်ပဲမှားနေပြီဆိုတာ ခံစားခဲ့ရတယ်။ ဘုရားရဲ့အိမ်တော်ကိုသွားပြီး ဘုရားရဲ့အချစ်ကို ခံစားဖို့လည်း တွေးမိခဲ့ပေမယ့်၊ ဂိမ်းကိုပဲစွဲလမ်းနေတာကြောင့် တွေ့ဆုံပွဲတွေနဲ့ နှုတ်ကပတ်တော်တွေကို မဖတ်မိပါဘူး။ ညီအစ်ကိုမောင်နှမတွေကိုတောင် လိမ်ခဲ့မိတာပေါ့။ အဲဒါကို တကယ်ပဲအပြစ်ရှိသလိုခံစားရပြီးတော့ ဘုရားအပေါ် အကြွေးကြီးကြီးမားမား တင်နေခဲ့တာလေ။ နှုတ်ကပတ်တော်တွေ ဖတ်ချင်ခဲ့ပေမယ့်လည်း၊ ဂိမ်းထဲမှာ ပွဲအသစ်စမယ်ဆိုတာ မြင်လိုက်တာနဲ့တစ်ပြိုင်နက်၊ ဝင်မပါဖို့ ကိုယ့်ကိုယ်ကို မတားနိုင်ခဲ့ဘူး။

တစ်ရက်ကျတော့ ကျွန်တော့်ရဲ့ အွန်လိုင်းဂိမ်းဆော့တာတွေကြောင့် ကျောင်းစာနဲ့ အသင်းတော်အသက်တာ နှစ်ခုလုံးမှာ ကြီးကြီးမားမား ရိုက်ခတ်မှုကို ခံခဲ့ရပါတယ်။ ကျွန်တော်က အရမ်းငယ်သေးတော့ ဂိမ်းကိုဒီလိုသာဆက်ဆော့နေရင် အဖြုန်းအတီးကြီးကြီးမားမား ဖြစ်သွားမှာပဲမဟုတ်ဘူးလား။ အဲဒီလိုဆက်သွားလို့ မရနိုင်တာကြောင့် ဂိမ်းဆော့တာကို စွန့်လွှတ်ဖို့လိုပြီဆိုတာ သိခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဂိမ်းကိုဖျက်ဖို့ အတည်ပြုခလုတ် နှိပ်ခါနီးကျတော့၊ ကျွန်တော့်လက်တွေ ရပ်သွားခဲ့တယ်။ ကျွန်တော်အဲဒီအတွက် သုံးထားရတဲ့ ခွန်အားတွေမပြောနဲ့ဦး၊ ပိုက်ဆံတွေအားလုံးအကြောင်း တွေးမိခဲ့တယ်။ အလွယ်လေး လက်မလျှော့နိုင်ခဲ့ဘဲနဲ့၊ ခဏလောက်စောင့်ကြည့်ခဲ့တယ်။ ဒီလို အတွင်းစိတ်မှာဖြစ်နေတဲ့ စစ်ပွဲနဲ့ရုန်းကန်ပြီးတော့မှ၊ နောက်ဆုံးမှာ ကျွန်တော် ဂိမ်းကိုမဖျက်ပစ်ခဲ့ပါဘူး။ မဆော့ဘဲနေပါ့မယ်ဆိုပြီး ဘုရားဆီမှာ သစ္စာဆိုတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ပါဘူး။ ဖျက်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် နောက်ဆုံးမှာ မအောင်မြင်ခဲ့တာလည်း၊ ဘယ်နှစ်ကြိမ်မှန်းမသိတော့ပါဘူး။ ကျွန်တော် နှစ်ပေါင်းများစွာ အမှောင်ထဲမှာ နေရမှာကြောက်ပေမယ့်၊ အလင်းထဲကိုသွားချင်တဲ့အချိန်တိုင်း၊ အဲဒီနေရာမှာပဲ တင်းတင်းကျပ်ကျပ်ချုပ်ထားခံရပြီးတော့ လုံး၀ရွှေ့လို့မရမှန်း သိသွားခဲ့တယ်။ ဒီနှိပ်စက်မှုတွေနဲ့ ရုန်းကန်ခဲ့ရပြီးတော့ ဘာလုပ်ရမှန်းလည်း မသိခဲ့ပါဘူး။ အဲဒီတုန်းက ဘုရားထံမှာ အများကြီးဆုတောင်းခဲ့တာပေါ့ လမ်းပြပေးဖို့ ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တွေ့ဆုံပွဲမှာကြည့်ခဲ့ရတဲ့ ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြတဲ့ ဗီဒီယိုတစ်ခုရှိခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို ယုံကြည်သည့် လူငယ်များစွာတို့သည် ကွန်ပျူတာ ဂိမ်းများကစားခြင်းနှင့် အင်တာနက်ဆိုင်များသို့ သွားခြင်း အကျင့်ဆိုးများကို မဖယ်ရှားနိုင်ကြပေ။ ကွန်ပျူတာ ဂိမ်းများသည် အများစုအနေဖြင့် ၎င်းတို့အထဲတွင် မည်သည့်အရာ ရှိကြသနည်း။ ကြမ်းကြုတ်သော အရာများစွာ ရှိပြီး ဤဂိမ်းများသည် နတ်ဆိုးများ၏ ကမ္ဘာဖြစ်သည်။ အများစုအတွက်၊ ဤဂိမ်းများကို အချိန်ကြာမြင့်စွာ ၎င်းတို့ ကစားသည့်အခါ၊ တကယ့် အလုပ်တစ်ခုတစ်လေကိုမျှ ၎င်းတို့ မလုပ်နိုင်တော့ချေ- ကျောင်းကို ၎င်းတို့ မသွားချင်ကြတော့ပေ၊ သို့မဟုတ် ဆက်လက် မသင်ယူချင်ကြတော့ပေ၊ သို့မဟုတ် ၎င်းတို့၏ အနာဂတ်များကို မစဉ်းစားချင်ကြတော့ချေ၊ ၎င်းတို့၏ ဘဝကို သာ၍ပင် မစဉ်းစားကြပေ။ ယခု မည်သည့် အရာများက လောကထဲရှိ လူငယ်အများစု၏ အတွေးများနှင့် ဝိညာဉ်များကို ဖွဲ့စည်းထားသနည်း။ စားခြင်း၊ သောက်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ ဖြစ်သည်။ ၎င်းတို့ ပြောသမျှနှင့် တွေးသမျှတိုင်းက လူမဆန်ချေ။ ၎င်းတို့ တွေးသည့်အရာများကို ဖော်ပြဖို့ ‘ညစ်ပတ်သည်’ သို့မဟုတ် ‘ဆိုးယုတ်သည်’ ဆိုသည့် စကားလုံးများကို အသုံးပြု၍ မရနိုင်။ ၎င်းတို့ထဲမှ များစွာတို့သည် လူမဆန်ကြ။ သာမန် လူ့သဘာဝ ကိစ္စရပ်တစ်ခုအကြောင်း ၎င်းတို့နှင့် သင် ဆွေးနွေးပါက သို့မဟုတ် သာမန်လူ့သဘာဝနှင့်ဆိုင်သော အကြောင်းအရာ တစ်ခုအကြောင်း ၎င်းတို့နှင့်အတူ သင် ဆွေးနွေးပါက၊ ထိုအကြောင်း ၎င်းတို့ ကြားသည်ကို မခံနိုင်ကြ၊ စိတ်မဝင်စားကြ၊ ယင်းကို ကြားလိုစိတ်မရှိသကဲ့သို့ ကြားသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ မျက်လုံးများကို လှိမ့်ကြပြီး မညှာမတာ သဘောထားကြလေသည်။ ၎င်းတို့သည် သာမန် လူသားမျိုးနွယ်နှင့် တူညီသည့် ဘာသာစကား သို့မဟုတ် အကြောင်းအရာများ မရှိကြဘဲ ဆန့်ကျင်ဘက်အနေဖြင့် မိမိတို့ကိုယ်တိုင်ကဲ့သို့သော အခြားသူများနှင့် စကားပြောနိုင်ကြသည်။ ၎င်းတို့ ဆွေးနွေးသည့် အကြောင်းအရာ အများစုမှာ ဂိမ်းများ၊ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ရွှင်ခြင်း အကြောင်းများ ဖြစ်သည်။ ဤအကြောင်းအရာများကို ဆွေးနွေးသောသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများ၌ ဤအရာများဖြင့် ပြည့်နေကြ၏၊ ထို့ကြောင့် မည်သည့် အနာဂတ် အလားအလာများ ၎င်းတို့တွင် ရှိကြသနည်း။ အနာဂတ် အလားအလာများ တစ်ခုတစ်လေ ၎င်းတို့တွင် ရှိကြသလော။၊လူတစ်ဦးသည် ဂိမ်းများကို အမြဲကစားပြီး ကွန်ပျူတာဖြင့် အမြဲကစားသည့်အခါ၊ ၎င်းတို့၏ စိတ်ဆန္ဒ ကွယ်ပျောက်ကာ ၎င်းတို့သည် အကျင့်စာရိတ္တပျက်ပြားလာပြီး သာမန်လူ့သဘာဝ မရှိကြပေ။ ကြမ်းကြုတ်မှု၊ ဤဂိမ်းများ၏ အသတ်အဖြတ်နှင့် ပုံတူလောက၏ အရာများဖြင့် ၎င်းတို့ ပြည့်လာကြလေသည်။ ယင်းတို့သည် သာမန်လူ့သဘာဝနှင့်ဆိုင်သော အရာများကို ဖယ်ရှားပြီး၊ ၎င်းတို့ဖြင့် ဖြည့်လိုက်ကာ အတင်းအကျပ် နေရာယူလိုက်ပြီး၊ အတွေးများအတွက်ရှိသည့် မည်သည့်နေရာကိုမဆို အတင်း၀င်ယူလိုက်ကြ၏။ ထိုအခါ ၎င်းတို့ အကျင့်စာရိတ္တ ပျက်ပြားကြလေသည်။ မယုံကြည်သူများသည် ဤလူများကိုလည်း မနှစ်သက်ပေ၊ သို့သော် မယုံကြည်သူများ၏ လတ်တလော လောကထဲတွင်၊ ဤလူငယ်များသည် လှည့်စရာ နေရာမရှိပေ။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို မစီမံနိုင်၊ ၎င်းတို့၏ ဆရာများက ၎င်းတို့နှင့် ပတ်သက်၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို့၊ ဤရေပန်းစားမှုနှင့်ပတ်သက်၍ နိုင်ငံတစ်ခုတစ်လေ၏ ပညာရေးစနစ်က ယင်းကို မလွန်ဆန်နိုင်ဆိုသည်ထက် လုပ်ဆောင်နိုင်သောအရာ မည်သည့်အရာမျှ မရှိပေ။ နတ်ဆိုး စာတန်သည် လူတို့ကို သွေးဆောင်ဖို့၊ ၎င်းတို့ကို ဆုတ်ယုတ်စေဖို့ရန် ဤအရာများကို အသုံးပြုလေသည်။ ပုံတူ လောကထဲ အသက်ရှင်သူတို့အတွက်၊ သာမန် လူ့သဘာဝနှင့်ဆိုင်သော ဘဝနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ ၎င်းတို့ မည်သို့မျှ စိတ်မဝင်စားကြချေ။ ၎င်းတို့သည် အလုပ်လုပ်လိုစိတ် သို့မဟုတ် လေ့လာသင်ယူလိုစိတ် မရှိကြ။ တစ်စုံတစ်ရာအားဖြင့် ၎င်းတို့ သွေးဆောင်ဖြားယောင်းခံရသည့်အလား၊ ပုံတူလောကထဲသို့ သွားဖို့ကိုသာ ၎င်းတို့ စိတ်ဝင်စားကြလေသည်။ ၎င်းတို့ ငြီးငွေ့သည့် တစ်ခဏ သို့မဟုတ် တကယ့် အလုပ်တစ်ခုခုကို ၎င်းတို့ လုပ်ဆောင်နေသည့်အချိန်တွင်၊ ယင်းအစား ဂိမ်းများကို ၎င်းတို့ ကစားချင်ကြပြီး ဂိမ်းများ ကစားခြင်းက တဖြည်းဖြည်း ၎င်းတို့၏ ဘဝလုံးလုံး ဖြစ်လာလေသည်။ ဂိမ်းများ ကစားခြင်းသည် ဆေးတစ်မျိုးကို သုံးဆောင်ခြင်းကဲ့သို့ ဖြစ်သည်။ လူတစ်ဦးက ယင်းကို စွဲသွားသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှ ထွက်သွားဖို့နှင့် ဖြတ်ဖို့ ခက်ခဲလာလေသည်။ ထို့ကြောင့် လူငယ်များဖြစ်စေ အသက်ပိုကြီးသော လူများဖြစ်စေ၊ ဤအကျင့်ဆိုးကို ၎င်းတို့ ရသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို ဖြတ်ဖို့ ခက်ခဲလာလေသည်။၊သာမန်လူသားမျိုးနွယ်အတွက် ဂိမ်းများက လိုအပ်ခဲ့ပါက၊ ယင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်ပါက၊ လူတို့က အဘယ်သို့ ၎င်းတို့ကို မဖြတ်နိုင်ရသနည်း။ လူတို့သည် အဘယ်ကြောင့် ထိုအတိုင်းအတာအထိ ယင်းတို့၏ ညှို့ယူဖမ်းစားခံနိုင်ရသနည်း။ ဤအရာက တစ်ခုကို သက်သေပြ၏- ယင်းမှာ ကောင်းမွန်သော လမ်းကြောင်း မဟုတ်ပေ။ ဒီအတွက် ဟိုအတွက် အွန်လိုင်းပေါ် လျှောက်ကြည့်ခြင်း၊ မကောင်းမွန်သည့် အရာအချို့ကို ကြည့်ခြင်းနှင့် ဂိမ်းများ ကစားခြင်း- ဤအရာထဲမှ မည်သည့်အရာမျှ လျှောက်ဖို့ ကောင်းသည့် လမ်းကြောင်း မဟုတ်။ ဤအရာများသည် မှန်ကန်သည့် လမ်းကြောင်းများ မဟုတ်ပေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်”)

ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ရဲ့လက်ရှိအနေအထား အတိအကျကို ဖော်ပြပေးခဲ့တယ်။ ဂိမ်းအပေါ် နစ်မြုပ်သွားတာကနေစပြီး စာရိတ္တနဲ့ ကျင့်ဝတ်တွေမရှိတော့ပါဘူး။ ပြီးတော့ ခေါင်းထဲမှာလည်း အဲဒီ တိုက်ခိုက်သတ်ဖြတ်တာတွေနဲ့ပဲ ပြည့်နေခဲ့တာပါ။ ဘာနဲ့မှ ယှဉ်ပြလို့ မရသလိုတောင် ခံစားရပါတယ်။ အဲဒီ ခဏတာပျော်ရွှင်မှုက၊ ကျွန်တော့်ကို ဘာမှမရှိတော့သလိုခံစားရအောင်လုပ်ပြီး၊ ဂိမ်းရဲ့ပျော်ရွှင်မှုကိုပဲ တောင်းဆိုနေခဲ့တာပါ။ ဒါကိုပဲ ထပ်ခါထပ်ခါလုပ်ပြီးတော့ အဆိုးသံသရာမှာ လည်နေသလိုခံစားရပါတယ်။ စာတန်က ကျွန်တော့်နှလုံးသားကို ချုပ်ထားဖို့ ဂိမ်းထဲက မကောင်းမှုတွေ ကြမ်းကြုတ်မှုတွေကို အသုံးချခဲ့တာပါ။ အဲဒါက ကျွန်တော့်ဆန္ဒတွေကိုဖြည့်ပေးပြီး အတွေးတွေကိုထိန်းချုပ်ရင်းနဲ့ လွတ်လမ်းမရှိအောင် စွဲလမ်းသွားစေခဲ့တာပါ။ ဂိမ်းဆော့ဖို့အတွက်နဲ့ ကျောင်းစာကိစ္စကို ပစ်ပယ်ခဲ့ပြီးတော့ သာမန်လူနဲ့တူစရာအချက် ဘာမှမရှိတော့ပါဘူး တွေ့ဆုံပွဲတွေမတက်ချင်ခဲ့ဘူး၊ နှုတ်ကပတ်တော်တွေ မဖတ်ချင်ခဲ့တဲ့အပြင်၊ ညီအစ်ကိုမောင်နှမတွေကိုတောင် လိမ်ခဲ့မိတာပါ။ ဘုရားဆီကနေ ဝေးသထက်လည်း ဝေးလာတာပေါ့။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့မှပဲ သိသွားတာက၊ ဂိမ်းဆော့တယ်ဆိုတာ လူတွေကို ထိခိုက်အောင်လုပ်ပြီး စားသုံးဖို့အတွက် စာတန်ရဲ့ လှည့်ကွက်တစ်ခုပဲဆိုတာပါပဲ။ သာမန်လူသားဆန်မှု နဲ့ အသိစိတ် ဆုံးရှုံးပြီးတော့၊ ဘုရားကို ငြင်းပယ်သစ္စာဖောက်ပြီး ကယ်တင်ခြင်းမခံရစေလိုမှန်း သိခဲ့ရပါတယ်။ ကျွန်တော့်လိုမျိုး အွန်လိုင်းဂိမ်းကြောင့် နစ်နာသွားတဲ့ လူငယ်တွေ ဘယ်လောက်တောင်များနေမလဲဆိုတာ စဉ်းစားမိပါတယ်။ အသက်နဲ့ ပွင့်လင်းမှုတွေရှိနေတာကနေ၊ လူပေါင်းမဆံ့တော့ဘဲ လူတွေနဲ့ဝေးလာမယ် အပြုအမူကောင်းတွေရှိနေတာကနေ၊ တစ်ကိုယ်ကောင်းဆန်ပြီး ဂျစ်ကန်ကန်ဖြစ်လာမယ်လေ။ အရင်က မိဘတွေ တခြားသူတွေနဲ့ သာမန်အတိုင်းဆက်ဆံခဲ့ကြပေမယ့်၊ နောက်တော့ ကျောင်းပြေးမယ်၊ အိမ်ကနေထွက်ပြေးမယ် ပြီးတော့ ဂိမ်းအတွက်နဲ့ ကျောင်းစာကို စွန့်လွှတ်ကုန်တယ်လေ။ ဂိမ်းထဲကပစ္စည်းတွေ ဝယ်ဖို့အတွက်နဲ့၊ တချို့ဆို လိမ်တတ်လာမယ်၊ လူသတ်မယ်၊ ဘ၀ကို ဒုစရိုက်နယ်မြေထဲ ခြေချလိုက်ကြတယ်လေ။ ပြီးတော့ တချို့ဆို အကြာကြီးဂိမ်းဆော့ပြီး ကွန်ပျူတာရှေ့မှာပဲ သေသွားကြတာ။ ဒါတွေအားလုံးက၊ စာတန်က မရေတွက်နိုင်အောင်များတဲ့လူငယ်တွေကို ထိခိုက်အောင်လုပ်ပြီး ဖျက်ဆီးဖို့ အွန်လိုင်းဂိမ်းကိုအသုံးပြုနေတယ်ဆိုတာကို ပြနေပါတယ်။ တော်တော် ယုတ်ညံ့ပြီးဆိုးယုတ်တာပဲ။ အဲဒါတွေအားလုံးကိုတွေးမိတော့ တကယ်တမ်း ဂိမ်းဆော့တာက ဘယ်လောက်ကြောက်ဖို့ကောင်းမှန်း သိလာခဲ့တယ်။ လူတွေကို အသိစိတ်မဲ့အောင်လုပ်နေတဲ့ ဆိုးယုတ်မှုလမ်းကြောင်းတစ်ခုပါပဲ။ ကျွန်တော်ဒါကိုသဘောပေါက်သွားတော့၊ အွန်လိုင်းဂိမ်းတွေရဲ့ ငြိတွယ်မှုကနေ အလွတ်ရုန်းမှဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်တော်လွတ်မြောက်ချင်ခဲ့ပေမယ့်လည်း၊ လက်တွေ့ဘ၀မှာ အသုံးချဖို့ တိကျသေချာတဲ့ လက်တွေ့လုပ်ဆောင်မှုက မရှိသေးဘူးလေ။ နောက်တော့ မနက်ခင်းတစ်ခုမှာ ဆုတောင်းနေတုန်း ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခုကို ဖတ်မိပါတယ်။ “တစ်ခါတစ်ရံ ဘုရားသခင်ကို မျှော်ကြည့်ခြင်းမှာ တိကျသောစကားလုံးများကို အသုံးပြု၍ ဘုရားသခင်အား တစ်စုံတစ်ရာကို လုပ်စေခြင်း၊ သို့မဟုတ် သူ့အား တိကျသောလမ်းပြခြင်းအတွက် သို့မဟုတ် အကာအကွယ်အတွက် တောင်းဆိုခြင်းကို မဆိုလိုပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ လူတို့သည် ပြဿနာ တစ်ခုနှင့် တွေ့ကြုံသောအခါ၌ ၎င်းတို့သည် ကိုယ့်တော်ကို ရိုးသားစွာ တောင်းလျှောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကိုယ်တော့်ကို တောင်းလျှောက်သောအခါ ဘုရားသခင်သည် ထိုနေရာတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ လူတစ်ဦး၏စိတ်နှလုံး နိုးကြား၍ ၎င်းတို့၌ ‘အိုဘုရားသခင်၊ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် မလုပ်နိုင်ပါ၊ ၎င်းကို အဘယ်သို့လုပ်ရမည်ကို ကျွန်ုပ်မသိပါ၊ ထို့အပြင် ကျွန်ုပ်သည် ခွန်အားနည်းပြီး အပျက်သဘောဆောင်သကဲ့သို့ ခံစားရပါ၏၊’ ဟူသော ဤသို့အတွေးရှိကြကာ ဤအတွေးများက ၎င်းတို့အထဲတွင် ဖြစ်ပေါ်လာသောအခါ၊ ဘုရားသခင်က ထိုအကြောင်းကို မသိသလော။ ဤအတွေးများ လူတို့ထဲ၌ ဝင်သောအခါ ၎င်းတို့၏စိတ်နှလုံးများမှာ စစ်မှန်သလော။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရိုးသားစွာ တောင်းလျှောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကူညီရန်သဘောတူသလော။ ၎င်းတို့သည် စကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ၎င်းတို့သည် စစ်မှန်ခြင်းကို ပြသသဖြင့် ဘုရားသခင်သည် ၎င်းတို့ကိုကူညီရန် သဘောတူလေ၏။ တစ်စုံတစ်ဦးသည် အထူးဖြင့် ဆူးညှောင့်ပေါသော အခက်အခဲတစ်ခုကို တွေ့ကြုံရသောအခါ၊ ၎င်းတို့၌ အားထားရန်တစ်စုံတစ်ဦးမျှ မရှိသောအခါနှင့် ၎င်းတို့သည် အထူးသဖြင့် ခိုကိုးရာမဲ့သည်ဟု ခံစားရသောအခါ၊ ၎င်းတို့၏ တစ်ခုတည်းသောယုံကြည်ခြင်းကို ဘုရားသခင်ပေါ်၌ ထားကြ၏။ ၎င်းတို့၏ ဆုတောင်းသံများမှာ မည်သို့နည်း။ ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ ရိုးသားကြသလော။ ထိုအချိန်က ရောနှောခြင်းတစ်စုံတစ်ရာ ရှိသလော။ သင်၏အသက်ကို ကယ်တင်ရန်အတွက် ဘုရားသခင်သည် သင် ဖမ်းဆုပ်သောနောက်ဆုံး ကောက်ရိုးမျှင်အလား သူ့ကို သင် ယုံကြည်ပြီး၊ သူသည် သင့်ကို ကူညီမည်၊ သင်၏စိတ်နှလုံးသည် ရိုးဖြောင့်သည်ဟု မျှော်လင့်သောအခါ၌သာ ဖြစ်၏။ သင်သည် များစွာပြောခဲ့ပြီးခြင်း ရှိချင်းမှရှိမည် ဖြစ်သော်လည်း သင်၏စိတ်နှလုံးမှာ နိုးကြားနှင့်ပြီဖြစ်၏။ တစ်နည်းဆိုသော် သင်သည် သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးပြီး၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဘုရားသခင်သည် နားထောင်သည့်အခါ သင်၏ အခက်အခဲများကို သူမြင်သည်ဖြစ်၍ သူသည် သင့်ကို ဉာဏ်အလင်းပေးမည်၊ လမ်းပြပြီး၊ ကူညီမည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်”) ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ဘုရားကို ကျွန်တော့်ရဲ့အခက်အခဲတွေအကြောင်း စိတ်ရင်းနဲ့ဆုတောင်းဖို့ ဆိုတာပါပဲ ဘုရားက ကြားပြီးတော့ ကျွန်တော့်ကိုအလင်းပြပြီး ကူညီမှာပါ။ အဲဒီတော့ ကျွန်တော်ဘုရားထံမှာ အများကြီး ဆုတောင်းခဲ့ပါတယ်။ ဂိမ်းဆော့ခြင်းကနေ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင်လုပ်ဖို့ လမ်းပြပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ လူငယ်တွေက သူတို့ဘ၀မှာ အရမ်းအစီအစဉ်တကျ နေဖို့လိုတယ်ဆိုပြီး၊ ဘုရားရဲ့မိတ်သဟာယမှာ ပြောခဲ့တာကို စဉ်းစားမိပါတယ်။ အရာရာကို အချိန်ဇယားနဲ့လုပ်ကိုင်ရမယ်၊ အချိန်မီလုပ်ရမယ် အစီအစဉ်အတိုင်း လုပ်ရမယ်ဆိုတာတွေပေါ့။ လူငယ်တွေက သာမန်ဘ၀နဲ့လိုက်လျောညီထွေ နေဖို့လိုအပ်ပြီးတော့ အထိန်းအကွပ်မရှိ ထင်ရာစိုင်းနေလို့မရပါဘူး။ အရမ်းလွတ်လပ်ပြီး လုပ်ချင်တာတွေကို စည်းမဲ့ကမ်းမဲ့ လုပ်နေတဲ့လူတွေက၊ ဘယ်မှာမှ ဖြစ်ထွန်းမှာမဟုတ်ပါဘူး။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေ ပြောတဲ့အတိုင်း ကျွန်တော့်အတွက် ဂိမ်းဆော့ချိန်ကို ကန့်သတ်မဲ့ အချိန်စာရင်းကို နေ့တိုင်းအတွက် ဆွဲခဲ့ပါတယ်။ အဲဒီစာရင်းအတိုင်း ရက်နည်းနည်းလောက် လုပ်ပြီးတဲ့အခါမှာတော့၊ ကျွန်တော့်ဘ၀က အစီအစဉ်တကျဖြစ်လာပြီးတော့ နေ့ရက်တိုင်းမှာ ပြည့်စုံနေသလို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆန္ဒတွေက တကယ်ကို တင်းကျပ်နေခဲ့တော့၊ အချိန်ကြာကြာဆော့မယ်ဆိုတဲ့ ကျွန်တော့်ရဲ့အမြဲဖြစ်နေတဲ့ဆန္ဒကို မကြာခင်မှာပဲ မထိန်းချုပ်နိုင်တော့ပါဘူး။ ထပ်ပြီးငြိတွယ်မိမှာ၊ ဆိုးယုတ်မှုတွေထဲ ထပ်ပြီး နစ်မြုပ်သွားမှာကို ကြောက်ရွံ့နေခဲ့ပါတယ်။ ကျွန်တော်အမြန်ပဲ ဘုရားရှေ့မှောက်ကို သွားပြီးတော့ အခုလိုဆုတောင်းခဲ့ပါတယ်။ “ဘုရားသခင်၊ ကျွန်တော်က ဂိမ်းတွေရဲ့ အဓိကအနှစ်သာရနဲ့ အန္တရာယ်ကို သိပါတယ် ပြီးတော့ အဲဒါတွေကြောင့်ဖြစ်တဲ့ ဒုက္ခရဲ့အရသာကိုလည်း ခံစားဖူးပါပြီ ဆိုးယုတ်မှု၊ စာတန်ရဲ့ လမ်းကြောင်းတွေ နောက်ကို မလိုက်ချင်တော့ပါဘူး။ အကုန်လုံးစွန့်လွှတ်ချင်ပေမယ့်လည်း၊ ကျွန်တော့်ရဲ့ဝိညာဉ်ရင့်သန်မှုက အရမ်းကို သေးငယ်နေပါတယ်။ စာတန်ရဲ့ ဆွဲဆောင်မှုကို မခုခံနိုင်ဘဲ ဂိမ်းဆော့တာကိုလည်း မရပ်နိုင်ဘူးဖြစ်နေပါတယ်။ ဘုရားသခင်၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ။” လို့ပေါ့

နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်လေး ဖတ်ခဲ့ပါတယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ”) ဒါကိုဖတ်ရတော့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ဆိုရင်၊ ဇာတိပကတိကို စွန့်လွှတ်ဖို့လိုပြီးတော့ ဒုက္ခခံလိုစိတ်နဲ့ တန်ဖိုးတစ်ခုပေးလိုစိတ် ရှိရမယ်ဆိုတာ နားလည်အောင်ကူညီပေးခဲ့ပါတယ်။ ကျွန်တော့်စွဲလမ်းမှု ဒါမှမဟုတ် ယာယီပျော်ရွှင်မှုတွေကြောင့်နဲ့တော့ သမ္မာတရားနဲ့အညီနေနိုင်ဖို့ အခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပါဘူး ဂိမ်းတွေက ကျွန်တော့်ကိုအသက်တစ်ခု မပေးနိုင်တဲ့အပြင် ကျွန်တော့်မှာ သာမန် လူသားဆန်မှုမရှိတော့တဲ့အထိ ကျွန်တော့် ဝိညာဉ်ကို တစ်စတစ်စ ဖဲ့ခြွေနေတာပါ။ ဂိမ်းတွေက ကျွန်တော့်ဘ၀ကို ဖြုန်းတီးမိစေမယ့် အနှစ်မဲ့မှုတွေနဲ့ နာကျင်မှုတွေကလွဲပြီး ဘာမှယူမလာပေးပါဘူး ကျွန်တော် တကယ်ပဲ အဲဒီလိုမနေချင်ခဲ့ပါဘူး။ ဖန်ဆင်းခံလူသားတစ်ယောက်အနေနဲ့၊ ကျွန်တော့်တာဝန်နဲ့ လုပ်ရမယ့်ကိစ္စတွေက သမ္မာတရားနဲ့အညီနေပြီး ဘုရားကို သက်သေခံဖို့ တာဝန်ကို ကောင်းကောင်းလုပ်ဆောင်ဖို့ပါပဲ။ ဒီလိုမှပဲ အဓိပ္ပာယ်ရှိတော့မှာပေါ့ ဘုရားရဲ့အလိုကို နားလည်ခြင်းက ကျွန်တော့်ရဲ့ သမ္မာတရားနဲ့အညီနေချင်စိတ်ကို အသစ်ပြန်ဖြစ်စေခဲ့ပါတယ်။ အွန်လိုင်းဂိမ်းတွေကို ထားရစ်ခဲ့ဖို့ ခိုင်မာစွာဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ကျွန်တော်ဂိမ်းဆော့ချင်လာတိုင်း၊ ဘုရားရှေ့ကို အမြန်လာပြီးဆုတောင်းပြီးတော့၊ ကျွန်တော်ဘုရားရှေ့မှာ ရှိနေနိုင်အောင် ကျွန်တော့်နှလုံးသားကို ကြည့်ရှုပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော် ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်တယ်၊ ဓမ္မတေးတွေဆိုတယ်၊ တွေ့ဆုံပွဲတွေတက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ပိုပြီး မိတ်သဟာယဖွဲ့ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော် အွန်လိုင်းဂိမ်းတွေကို မကစားတော့ပါဘူး။ အဲဒါတွေက အဓိပ္ပာယ်မဲ့ တိုက်ခိုက်သတ်ဖြတ်နေတာတွေ၊၊ တကယ် ပျင်းစရာကောင်းတာတွေလို့လည်း ခံစားခဲ့ရပြီးတော့ အွန်လိုင်းဂိမ်းဆော့ချင်တဲ့စိတ်တွေ တကယ်ပျောက်သွားပါတော့တယ်။ ကျွန်တော့်ဘ၀က ပိုပြီးအစီအစဉ်တကျ ဖြစ်လာပြီးတော့၊ အဆင့်တွေလည်း အများကြီးပိုကောင်းလာတယ်။ ကျွန်တော်လုပ်သင့်သလိုမျိုး ဘုရားနှုတ်ကပတ်တော်တွေဖတ်တယ်၊ တွေ့ဆုံပွဲတွေတက်တယ်၊ အသင်းတော်မှာတောင် တာဝန်တစ်ခု ဆောင်ရွက်ခဲ့ပါသေးတယ်။

နောက်တော့ အခန်းဖော်တွေက လာပြောကြတယ်၊ “ဟေ့ကောင်၊ မင်းကို ဂိမ်းထဲမှာတောင် မတွေ့တာကြာပြီ၊ ခဏနေ တစ်ပွဲလောက်ဆော့ကြမလား” တဲ့လေ ဒါကိုကြားလိုက်ရတော့ နည်းနည်းလေး ဆွဲဆောင်ခံလိုက်ရသလိုဖြစ်သွားပြီး တွေးမိတာက၊ “မဆော့တာတောင်ကြာပြီ၊ တစ်ခါလောက်ဆော့လိုက်ရမလား” ပေါ့ ဒါပေမဲ့ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိပါတယ်၊ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဘုရားရဲ့ အလင်းပြမှုအတွက်ကျေးဇူးတင်ပါတယ်၊ ကျွန်တော်သိသွားတာက၊ အခန်းဖော်တွေက တစ်ပွဲကစားဖို့ပြောတဲ့နောက်မှာ စာတန်ရဲ့ ဆွဲဆောင်တဲ့အကွက်တွေ ပါနေတယ်ဆိုတာပါပဲ။ စာတန်က ကျွန်တော့်ကို ဂိမ်းတွေအပေါ် စွဲလမ်းစေချင်တယ်၊ ဘုရားကိုပစ်ပယ်ပြီး သစ္စာဖောက်စေချင်နေပြီးတော့၊ ကျွန်တော့်ကိုထိခိုက်အောင်လုပ်နိုင်ဖို့အတွက် စာတန်ရဲ့နေရာဆီ ပြန်လာစေချင်နေတာပါ။ ကျွန်တော်ထပ်ပြီး မခံတော့ပါဘူး။ နှလုံးသားထဲမှာ ဘုရားကိုဆုတောင်းခဲ့ပါတယ်။ “ဘုရားသခင်၊ ကျွန်တော် စာတန်ရဲ့မကောင်းတဲ့ ရေစီးကြောင်းနောက် မလိုက်ချင်တော့ပါဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို စွန့်လွှတ်ချင်ပါပြီ” လို့လေ။ နောက်တော့ ကျွန်တော်သူတို့ကို ပြတ်သားစွာပဲပြောလိုက်ပါတယ်၊ “တော်ပါပြီ၊ ငါဆော့လို့၀သွားပြီ” လို့လေ ဒီလိုပြောလိုက်ရတော့ တကယ့်လွတ်လပ်မှုရဲ့ အရသာကို ခံစားခဲ့ရတယ်။ ဒီနေ့ အွန်လိုင်းဂိမ်းတွေကနေ လွတ်မြောက်နေတယ်ဆိုတာ အားလုံးက၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုကျေးဇူးကြောင့်ပါပဲ။ ကျွန်တော့်ကိုကယ်တင်တဲ့အတွက် ဘုရားကိုတကယ် ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၉။ ဘုရားနှုတ်ကပတ်တော်တွေက အိမ်ထောင်ရေးဒုက္ခတွေကနေ ကျွန်မကို လမ်းပြပေးခဲ့တယ်

နောက်တစ်ခုသို့- ၁၁။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

တရုတ်နိုင်ငံ ကျိလင် စီရင်စု၊ ကျုံးရှင်းအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက်...

၁၁။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

အမေရိကန်နိုင်ငံ၊ ရှင့်ရှင်းအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

တရုတ်နိုင်ငံ ရှန်းတုန်း စီရင်စု၊ ရှောင်မင်ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

တရုတ်နိုင်ငံ ကွမ်ရှီး ဒေသ၊ ရှင်းကျယ်အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်