အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၁။ ပုဂ္ဂိုလ်ရေး ကလဲ့စားချေခြင်းအတွက် အာဏာကို အလွဲသုံးစားလုပ်ခြင်း၏ စစ်မှန်သည့် သဘောသဘာဝ

ဇိုလီ စင်တိုင်မြို့ ရှန်ဒုံ နယ်ပယ်

လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က ကျွန်မတို့၏ ဧရိယာ အတွင်း ဒေသ များကို သတ်မှတ်ရန်လိုအပ်ခဲ့၍ ကျွန်မတို့၏ စည်းမျဉ်းများ အရ ခေါင်းဆောင်များ ရွေးချယ်ရာတွင် ကိုက်ညီမှုရှိသည့် အစ်ကို တစ်ယောက်ရှိခဲ့ပါသည်။ ကျွန်မ သူ့ကို ဒေသခေါင်းဆောင်အဖြစ် ရာထူးတိုး ပေးရန် ပြင်ဆင်ခဲ့ပါသည်။ တစ်နေ့၌ ထို အစ်ကိုနှင့်စကားပြောနေစဉ် သူက ကျွန်မသည် အလုပ်တွင် အလွန်အကျွံ တာဝန်ယူပြီးလျှင် တင်းမာမှုအလွန်များလွန်းပြီး ဤနေရာတွင် ကျွန်မနဲ့ တွေ့ဆုံစုဝေးရသည်မှာ ပျော်ရွှင် ဖွယ် နည်းပါးကြောင်း ပြောခဲ့ပါသည်။ ကျွန်မ ဤကိစ္စကို ကြားသည့်အခါ ကျွန်မကို နှိမ်သကဲ့သို့ခံစားရပါသည်။ ကျွန်မ ဆိုးရွားစွာ ခံစားရပါသည်။ ပြီးနောက် ကျွန်မသည် ချက်ချင်းပင် ထိုအစ်ကိုအပေါ် ထင်မြင်ချက်တစ်ခုဖြစ်လာကာ သူ့ကို ဒေသခံခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့ မစီစဉ်တော့ပါ။

ကျွန်မ၏ ဧည့်ခံကျွေးမွေးသူမိသားစုထံသို့ ပြန်ရောက်သည့်အခါတွင် ကျွန်မ စိတ်မကျေမချမ်း ဖြစ်နေပြီး စိတ်မဖြေနိုင်ခဲ့ပါ။ ထိုအချိန်တွင် ကျွန်မသည် ဒေသနာတော်တစ်ခုမှ စာပိုဒ် တစ်ခုအကြောင်းကို တွေးမိပါသည်။ “ခေါင်းဆောင်တို့ဟာ သူတို့နဲ့ သဘောမတိုက်ဆိုင်တဲ့ ဆန့်ကျင်တဲ့ အမြင်မတူတဲ့ ညီအစ်ကိုမောင်နှမ များကို ဆက်ဆံပုံမှာ အလွန် အရေးကြီးသည့် ကိစ္စဖြစ်ပြီး သတိနှင့် ကိုင်တွယ်သင့်ပါသည်။ သူတို့သည် အမှန်တရားသို့ မဝင်ရောက်ခဲ့ပါက ယခုကဲ့သို့ကိစ္စများနှင့်ကြုံရသည့်အခါတွင်လူများကို သေချာပေါက် ခွဲခြားဆက်ဆံပြီး တိုက်ခိုက်မည်ဖြစ်ပါသည်။ ထိုသို့သော အပြုအမူမျိုးသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်သည့် အဆင်းနီသောနဂါးကြီး၏သဘောသဘာဝကို အသေအချာ ဖေါ်ပြခြင်းဖြစ်ပါသည်။ ခေါင်းဆောင် အဖြစ် အစေခံသူများသည် သမ္မာတရားကို လိုက်စားရှာဖွေပြီး၊ အသိစိတ်နှင့် ဆင်ခြင်သုံးသပ်မှု တို့ကိုလည်း ပိုင်ဆိုင်ထားပါက၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေကာ၊ ယခုအရေးကိစ္စကိုလည်း မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းကြမည် ဖြစ်ပါသည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ကျွန်မတို့သည် လူများ ဖြစ်သည့် အလျောက် တရားမျှတပြီး ဘက်မလိုက်ဖို့ လိုအပ်ပါသည်။ ခေါင်းဆောင်များ ဖြစ်သည့်အလျောက်၊ ကျွန်မတို့သည် သက်သေရပ်တည်နိုင်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အတိုင်း အရေးကိစ္စများကို ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်ပါသည်။ ကျွန်မတို့သည်ကျွန်မတို၏ ကိုယ်ပိုင် ဆန္ဒအတိုင်း အရေးကိစ္စများကို ဆောင်ရွက်ခြင်း၊ ကျွန်မတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို လွတ်လပ်စွာ အုပ်စိုးခွင့်ပေးခြင်း တို့ရှိပါက၊ ထိုအရာသည် ဆိုးရွားစွာ ကျဆုံးခြင်းတစ်ခုသာ ဖြစ်ပါသည်။ ကျွန်မ ထိုအစ်ကိုဖြင့် စကားမပြောမီနှင့် စကားပြောပြီးအချိန် နှစ်ခု၏ ကွဲပြားသည့် ထင်မြင်ချက်ကို မနှိုင်းယှဉ်ကြည့်ပဲ မနေနိုင်ခဲ့ပါ။ ကျွန်မသည် နဂိုမူလက သူ့ကို ဒေသခေါင်းဆောင် အဖြစ် တင်မြှောက်ရန် စီစဉ်ခဲ့သော်လည်း သူပြောလိုက်သည့် အချို့အရာများက ကျွန်မကို အရှက်ရစေသောကြောင့် ကျွန်မ သူ့ကိုရွေးချယ်တင်မြောက်ရန် အစီအစဉ်ကို ဖျက်လိုက်သည်။ထိုသည်မှာ ကျွန်မ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ပုဂ္ဂိုလ်ရေး ကလဲ့စားချေခြင်းသာ မဟုတ်ပါလား။ထို ကိစ္စသည် အဆင်းနီသော နဂါးကြီးက ၎င်းအားဆန့်ကျင်သူများကိုခွဲခြားဆက်ဆံပြီး၊ တိုက်ခိုက်သည်နှင့် မည်မျှ ကွာခြားပါသနည်း။ ထိုသို့သော လုပ်ရပ်သည် စက်ဆုပ်ရွံရှာ ဖွယ် မဟုတ်ပါလား။ အသင်းတော်သည် ပြင်ပလူ့ အဖွဲ့အစည်းနှင့် မတူညီပါ။ အသင်းတော်သည် ၎င်း အဆင့်တိုင်းတွင်ရှိသည့် ခေါင်းဆောင်များကို လူသားချင်း စာနာစိတ်ရှိကာ အမှန်တရားကိုမြတ်နိုး၍ လက်ခံနိုင်သည့် သူများဖြစ်နေစေဖို့လိုအပ်ပါသည်။ အသင်းတော်သည် ကပ်မြှောင်စားသူများ အမှန်တရား၏ စစ်မှန်သည့်အခြေအနေကို မပိုင်ဆိုင်သည့်သူများကို အလိုမရှိပါ။ သို့သော်လည်း ကျွန်မလုပ်နေသည့် အရာများသည် ဘုရားသခင်၏ အလိုတော်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါသည်။ ရွေးကောက်ခံမည့်လူကို ရွေးချယ်ရာတွင် ကျွန်မသည် ကျွန်မ၏ အကျိုးအတွက်သာ စဉ်းစားပြီး တစ်ဖက်လူက ကျွန်မကို မထောက်ခံပဲနှင့်၊ ကျွန်မနှင့် သဘောထားကွဲလွဲသည့်စကားကိုပြောသည်နှင့် တပြိုင်နက် ကျွန်မသည် သူ့ကိုခွဲခြားဆက်ဆံပြီး၊ နာကျည်းခဲ့သည်။ ကျွန်မ၏ ထိုသို့သော လုပ်ရပ်က ဘုရားသခင်ကို ဆန့်ကျင်တွန်းလှန်ပြီး၊ သစ္စာဖောက်နေသည့် အဆင်းနီသော နဂါးကြီး၏ သဘောသဘာဝကို ဖော်ပြနေခြင်း နှင့် တစ်ထပ်တည်း မဟုတ်ပါသလား။ ထိုသည်မှာ စာတန်၏ “ငါ့ကို အပ်နှံသောသူသည် ထွန်းကားပြီး၊ ဆန့်ကျင်တွန်းလှန်သူများသည် သေဆုံးမည်။” ဆိုသည့် စိတ်သဘောထားကို အတိအကျပင် ထုတ်ဖော်ပြနေခြင်းပင် မဟုတ်ပါသလား။ ထိုသို့ပြုမူခြင်းသည် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ပြီး ဘုရား၏ရန်သူဖြစ်သည့် စာတန်၏ အစေခံ ဖြစ်နေသည် မဟုတ်ပါလား။ ကျွန်မ၏ နှလုံးသားသည် အလွန် ကောက်ကျစ်နေသည် မဟုတ်ပါလား။ အသင်းတော်က ရာထူးတစ်ခု အတွက် တစ်စုံတစ်ယောက်ကို ရွေးချယ်တော့မည်ဖြစ်ပြီး ထိုအစ်ကိုသည် ဒေသခေါင်းဆောင်အတွက် သင့်တော်သည် သူဖြစ်ပါသည်။ ကျွန်မအပေါ် သူ၏ အကဲဖြတ်ချက်သည် ကျွန်မလက်ခံနိုင်ဖွယ်မရှိပါ။ ကျွန်မသည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အမှန်တရားကို ရှာဖွေသင့်ကာ သူ၏ ထင်မြင်ချက်ကို လက်ခံသင့်ပါသည်။ ကျွန်မကိုယ် ကျွန်မ ဆန်းစစ်သင့်ပြီး ကျွန်မ အလုပ်များ၌ရှိသော အားနည်းချက်များကို ပြင်ဆင်သင့်ပါသည်။ သို့သော်လည်း ကျွန်မသည် မိမိစိတ်တွင်းမှ အကြောင်းအရင်းကို မရှာဖွေပဲနှင့်၊ သူ့ကို ခွဲခြားဆက်ဆံရန်နှင့် ကလဲ့စားချေရန် တို့အတွက် ကျွန်မစိတ်တွင်းမှ စာတန်၏ သဘောသဘာဝကို လွတ်လပ်စွာ အုပ်စိုးခွင့်ပေးခဲ့ပါသည်။ ကျွန်မသည် လွန်စွာ မောက်မာပြီး လူသားချင်း စာနာစိတ်အလွန်ကင်းမဲ့သူဖြစ်ပါသည်။ ကျွန်မ၏ ဤသဘောထားသည် ဘုရားသခင် အတွက် စက်ဆုတ်ရွံရှာဖွယ်ပင် ဖြစ်ပါသည်။ ကျွန်မ ယခုကဲ့သို့ဖောက်ပြန်ပျက်စီးသည့် ဇာတိကို ဆက်လက်ပြီး လွတ်လပ်စွာ အုပ်စိုးခွင့်ပေးထားပါက၊ ကျွန်မသည် ဘုရားသခင်ကို မျက်ကွယ်ပြုထားသည့် ဆိုးညစ်မှု၏ မောက်မာသည့် ကျေးကျွန်တစ်ယောက် အနေဖြင့် ကျွန်မ၏ ပျက်စီးဆုံးရှုံးမှုကိုသာ ကြုံရမည် ဖြစ်ပါသည်။ ကျွန်မသည် အမှန်တကယ် ဘေးတွေ့ခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်မသည် မိမိအတွေးများနှင့် လုပ်ရပ်များအတွက် နှာခေါင်းမရှုံပဲမနေနိုင်ခဲ့ပါ။ အဆင်းနီသောနဂါးကြီး၏ အဆိပ်များဖြင့် ပြည့်နှက်နေသည့် မိမိကိုယ်ကို မြင်ရသည်မှာ ဘုရားသခင်ကို မလိုမုန်းတီးအပြည့် ကို မြင်သာနေရပါသည်။ ဘုရားသခင်သည် ထိုအရာကို အမှန်တကယ်ပင် မုန်းတီးပြီးလျှင်၊ စက်ဆုပ်ရွံရှာပါသည်။

အိုဘုရားသခင် ကျွန်မ၏ခွဲခြားဆက်ဆံတတ်သည့် အပြုအမူများကို ရှောင်ကြဉ်စေသည့်အတွက်လည်းကောင်း၊ ကျွန်မကိုယ်တိုင်၏ မကောင်းသည့် သဘောသဘာဝနှင့် ကိုယ်တော်၏ရန်သူကဲ့သို့ ပြုမူနေသည့် ကျွန်မ၏ စာတန်မျက်နှာကို ပိုပြီးမြင်လာစေရန် အခွင့်ပေးသည့်အတွက်လည်းကောင်း၊ ကိုယ်တော်၏ မြန်ဆန်သည့် ဉာဏ်အလင်းပေးမှုအတွက်လည်းကောင်း ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ဤနေ့ဤအချိန်မှစပြီး ကျွန်မသည် စိတ်သဘောထားများပြောင်းလဲ့ရန် ဆန္ဒရှိပြီး ကျွန်မနှင့် သဘောထားကွဲလွဲ သည့် သူများ သို့မဟုတ် အကြောင်းအရာများဖြင့် ကြုံတွေ့သည့်အခါ၌ ဇာတိကို စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားတတ်ရန် သင်ယူမည်ဖြစ်သည့်အပြင် ကျွန်မ၏တာဝန်များကို အတတ်နိုင်ဆုံးထမ်းဆောင်ဖို့အတွက် အရာအားလုံးထဲမှာ အသင်းတော် အကျိုးကို ကာကွယ်သွားမည် ဖြစ်ပါသည်။

ယခင်က:ကျွန်တော့် နှလုံးသားထဲတွင် နက်ရှိုင်းစွာ သိမ်းထားသည့် လျှို့ဝှက်ချက်

နောက်တစ်ခုသို့:ဘုရားသခင်ကို အစေခံသော အချိန်တွင် လှည့်ကွက်အသစ်များ မရှာပါနှင့်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ