အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉၀။ နာခံခြင်း သင်ခန်းစာ

ယန်မင်းကျင်၊ ကနေဒါ

ကျွန်မ နာမည် ယန်မင်းကျင် ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏နောက်တော်သို့ ကျွန်မ လိုက်သည်မှာ ယခုဆိုလျှင် ခုနှစ်နှစ် ရှိပါပြီ။ ပြီးခဲ့သည့် နှစ်အနည်းငယ်တုန်းက အသင်းတော်က ကျွန်မအတွက် ထမ်းဆောင်ဖို့ရန် မည်သည့် တာဝန်ကို စီစဉ်ပါစေ၊ သို့မဟုတ် ကျွန်မ၏ တာဝန်တွင် မည်သည့် အခက်အခဲ သို့မဟုတ် အတားအဆီးများ ကျွန်မ ကြုံရပါစေ၊ ဒုက္ခဝေဒနာ ခံစားဖို့၊ သို့မဟုတ် ကျွန်မအတွက် အဖိုးအခ ပေးဆပ်ဖို့ လိုအပ်လျှင်ပင်၊ အပျက်သဘောဆောင်ခြင်း၊ နောက်ဆုတ်ခြင်း တစ်ခုတစ်လေမျှ မရှိဘဲ တက်ကြွစွာ ကျွန်မ ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထိုအရာအားလုံးကို ကျွန်မ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ကျွန်မ၏ အသက်တာ စိတ်သဘောထား ပြောင်းလဲခဲ့ပြီးဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်ကို ကျွန်မ လက်တွေ့ကျသော နာခံမှု ရှိသည်ဟု ကျွန်မ တွေးခဲ့သည်။ သို့သော် ဘုရားသခင်က ကျွန်မ၏ မပြည့်စုံခြင်းနှင့် ကျွန်မ အသက်တာတွင် ကြီးထွားဖို့အတွက် လိုအပ်သည့်အရာကို ဘုရားသခင် သိပါသည်။ ထို့ကြောင့် သူက ကျွန်မအတွက် တွေ့ကြုံဖို့ တကယ့် အခြေအနေများကို ဂရုတစိုက် စီစဉ်ပေးခဲ့သည်။ ကျွန်မ၏ စစ်မှန်သော ဝိညာဉ်ရေးအသက်တာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်မှာ ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းမှတဆင့်သာ ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် မတ်လတွင်၊ စီစီပီ အစိုးရ၏ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှင်းပန်းခြင်းကို ရှောင်ရှားဖို့ရန် အခြားနိုင်ငံသို့ ကျွန်မ တိမ်းရှောင်ခဲ့ပြီး ဘုရားသခင်ကို လွတ်လွတ်လပ်လပ် ယုံကြည်ကာ ကိုးကွယ်ခဲ့ပါသည်။ ကျွန်မ ရောက်သည့်အချိန်တွင် ကျွန်မထက်ငယ်သော ညီမအချို့နှင့်အတူ ကျွန်မ နေထိုင်ခဲ့သည်။ ညီမများသည် ဧဝံဂေလိ ဖြန့်ဝေဖို့နှင့် ယုံကြည်သူအသစ်များကို ရေလောင်းပြီး ထောက်ပံ့ဖို့ နေ့တိုင်း အပြင်ထွက်ကြပါသည်။ ညနေ သူတို့ အိမ်ပြန်လာကြသည့်အချိန်တွင်၊ သူတို့၏ အတွေ့အကြုံများနှင့် သူတို့တာဝန်ကို ထမ်းဆောင်ရာမှ ရရှိခဲ့သည့်အရာကို အချင်းချင်း ပျော်ရွှင်စွာ ဝေငှခဲ့ကြသည်။ ဤအရာကို မြင်ရသည့်အချိန်တွင် သူတို့ကို ကျွန်မ တကယ် လေးစားမိသည်။ ကျွန်မ တွေးမိသည်။ ကျွန်မ သူတို့ကဲ့သို့ ဖြစ်နိုင်လျှင်၊ ညီအစ်ကို မောင်နှမအသစ်များကို ကျွန်မလည်း ရေလောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဆိုလျှင်၊ အလွန် ကောင်းပေလိမ့်မည်ဟူ၍ ဖြစ်သည်။ တစ်နေ့တွင်၊ ညီမ ကျန်က အသင်းတော်၏ အလုပ်ကို ကျွန်မနှင့် ဆွေးနွေးဖို့ လာခဲ့လေသည်။ သူမက၊ “ညီအစ်ကို မောင်နှမသစ်တွေကို ကူညီထောက်ပံ့ပေးဖို့ အစ်မ ဆန္ဒရှိလား” ဟု ကျွန်မကို မေးခဲ့သည်။ ဆန္ဒရှိသည်ဟု ကျွန်မ ပျော်ရွှင်စွာ ပြောခဲ့ပြီး တွေးမိခဲ့သည်။ ကျွန်မ၏ မိတ်ဆွေများနှင့် အမျိုးများ၊ ကျွန်မကို သိသည့် ညီအစ်ကို မောင်နှမများက နိုင်ငံခြားတွင် ကျွန်မက ဤတာဝန်မျိုးကို ဆောင်ရွက်နိုင်သည်ကို တွေ့လျှင် သူတို့ ကျွန်မကို သေချာပေါက် လေးစားပြီး ကြည်ညိုကြလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ အလွန်ပင် အထင်ကြီးလောက်ဖွယ်ရာ ဖြစ်လိမ့်မည်။ နောက်နေ့များတွင်၊ ယုံကြည်သူသစ်များကို ရေလောင်းသည့် ကျွန်မ၏ တာဝန်ကို စတင်ရန် ကျွန်မ စိတ်ထက်သန်နေခဲ့ပါသည်။

ကျွန်မ၏ စိတ်နှလုံးက မျှော်လင့်ချက်များဖြင့် ပြည့်နေသည့်အချိန်လေးတွင်ပင်၊ အသင်းတော် ခေါင်းဆောင်က ကျွန်မဆီလာပြီး ကျွန်မ ဧည့်ခံခြင်း လုပ်ပေးနိုင် မပေးနိုင် မေးခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးက ရုတ်တရက် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့သည်။ “ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့နဲ့ ထောက်ပံ့ပေးဖို့ အသင်းတော်က ကျွန်မအတွက် စီစဉ်မယ်လို့ ကျွန်မ ထင်ခဲ့တာ၊ ဒီတော့ အခု ဘာလို့ ကျွန်မကို ဧည့်ခံသူတစ်ယောက်အဖြစ် လုပ်ဖို့ စီစဉ်ရတာလဲ။ တစ်နေ့လုံး ကျွန်မက အိုးခွက် ပန်းကန်တွေနဲ့ပဲ လုံးပန်းနေရမှာ မဟုတ်လား။ အဲဒါက ခက်တဲ့အလုပ် ဖြစ်ရုံသာမက၊ သိက္ခာကျစရာလည်း ဖြစ်တယ်။ လောကအလုပ် ကျွန်မ လုပ်တုန်းက ကျွန်မက စီးပွားရေးသမား တစ်ယောက်ဖြစ်ခဲ့ပြီး စက်ရုံတစ်ရုံကို ကျွန်မ ကွပ်ကဲခဲ့တယ်။ ကျွန်မ မိတ်ဆွေတွေနဲ့ အမျိုးတွေအားလုံးက ကျွန်မကို တကယ်သန်မာတဲ့ အမျိုးသမီးတစ်ယောက်ပဲလို့ ပြောကြတယ်။ အိမ်မှာဆိုရင်၊ အဝတ်လျှော်တာ၊ ချက်တာ နဲ့ သန့်ရှင်းရေးလုပ်တာတွေအတွက် ကျွန်မ အမြဲ အကူ ငှားတယ်။ ဒါပေမယ့် အခုတော့၊ ကျွန်မက ရှင်တို့အတွက် ချက်ပြုတ်ပေးရမယ့် သူတစ်ယောက် ဖြစ်နေပုံပဲ။ ဒီလိုတာဝန်မျိုးကို ကျွန်မ မဆောင်ရွက်ချင်ပါဘူး။” ကျွန်မတွင် ဤအတွေးအားလုံး ပေါ်လာခဲ့သော်လည်း၊ မျက်နှာမပျက်စေဖို့ ကျွန်မမှာ တဲ့တိုးငြင်းဆိုရန် အလွန် အခက်ကြုံခဲ့ရသည်။ ကျွန်မက ဤနိုင်ငံသို့ ခုလေးတင် ရောက်ရှိခြင်း ဖြစ်သည်၊ ကျွန်မ၏ ပတ်ဝန်းကျင်နှင့် ကျွန်မ မရင်းနှီးသလို ဒေသဘာသာစကားကိုလည်း မပြောနိုင်ပါ။ ဟင်းသီးဟင်းရွက်များကို အဘယ်သို့ ဝယ်ရမည်ကိုပင် ကျွန်မ မသိပါ၊ ထို့ကြောင့် ဧည့်ခံကျွေးမွေးရသည့် တာဝန်ကို ကျွန်မ ကောင်းကောင်း ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ဟု ဆိုရင်း ပါးနပ်သော ဆင်ခြေတစ်ခုကို ကျွန်မ ဖန်တီးခဲ့သည်။ ညီမ ကျန်က ကျွန်မကို မစိုးရိမ်ဖို့၊ အယောက်တိုင်းက ကျွန်မ လိုအပ်သည့်အခါတိုင်း ကူညီကြလိမ့်မည်ဖြစ်သည်ကို ပြောခဲ့သည်။ ထိုသို့ သူမ ပြောပြီးသည့်နောက်တွင် ကျွန်မ နောက်ထပ် ဆင်ခြေတစ်ခုတစ်လေမှ ဖန်တီးဖို့ မဖြစ်နိုင်တော့ပါ။ သို့သော် ကျွန်မ၏ စိတ်နှလုံးထဲတွင် ထိုအရာကို ကျွန်မ လုပ်ဆောင်ရန် လုံးဝ ဆန္ဒမရှိခဲ့ပါ။ ကျွန်မ သဘောတူခဲ့လျှင်၊ ကျွန်မအနေဖြင့် ရေလောင်းခြင်း တာဝန်ကို လုပ်ဆောင်ရန် အခြားအခွင့်အရေး ရဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ဘဲ ကျွန်မ၏ မျှော်လင့်ချက်များအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။ သို့သော် ကျွန်မ သဘောမတူလျှင်၊ ကျွန်မ၏ တာဝန်ကို ရွေးချယ်နေခြင်းဖြင့် ကျွန်မ မနာခံသောသူ ဖြစ်သည်ဟု ညီမက ပြောလိမ့်မည်မဟုတ်ပါလား။ အလုံးစုံစဉ်းစားပြီးနောက်တွင်၊ကျွန်မ ကိုယ့်ကိုယ်ကိုယ် ထိုတာဝန်ကို အတင်းလက်ခံစေခဲ့လိုက်သည်။

နောက်ရက်အနည်းငယ်တစ်လျှောက်တွင်၊ ကျွန်မ၏ ဧည့်ခံခြင်း တာဝန်ကို ကျွန်မ ဆောင်ရွက်ခဲ့သော်လည်း၊ ကျွန်မ၏ စိတ်နှလုံးမှာ အဆက်မပြတ် ကျွမ်းထိုးမောက်ခုံ ဖြစ်နေခဲ့ပြီး ကျွန်မ၏ မသင်္ကာမှုက ဖြစ်ပေါ်လာခဲ့သည်။ ကျွန်မတွေးမိသည်မှာ၊ ညီမက ကျွန်မကို ရေလောင်းသည့် တာဝန် ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု မမြင် ခြင်းများ ဖြစ်နိုင်သလား။ သို့မဟုတ်လျှင်၊ ကျွန်မကို ဧည်ခံသူတစ်ယောက်ဖြစ်ဖို့ သူ အဘယ်ကြောင့် စီစဉ်လိမ့်မည်နည်း။ ကျွန်မကို သိသည့် ညီအစ်ကို မောင်နှမများက ဤအကြောင်းကို သိသွားကြမည်ဆိုလျှင်၊ ကျွန်မက သမ္မာတရား၏ စစ်မှန်မှု ကင်းမဲ့သောကြောင့် ဧည့်ခံသူတာဝန်ကို ဆောင်ရွက်ရန် ကျွန်မ စီစဉ်ခံရသည်ဟု သူတို့ ထင်ကြလိမ့်မည်မဟုတ်ပါလား။ သူတို့ ကျွန်မကို အထင်သေးကြလိမ့်မည် မဟုတ်ပါလားဟူ၍ ဖြစ်သည်။ ဤအတွေးက ကျွန်မကိုပိုပြီး ခံစားရဆိုးစေသည်။ထို့နောက်တွင်ပင်၊ ဘုရားသခင်ရှေ့ ကျွန်မ လုပ်ခဲ့သည့် သန္နိဋ္ဌာန်က စိတ်ထဲ ရောက်လာသည်။ မည်သည့်အရာကို ကျွန်မ ကြုံရပါစေ၊ ထိုအရာက အသင်းတော်၏ အလုပ်ကို အကျိုးပြုနေသရွေ့၊ ကျွန်မ အစွမ်းကုန် ပူးပေါင်းလုပ်ဆောင်မည်။ ထိုအရာက ကျွန်မ၏ အယူအဆများနှင့် အဘယ်မျှ မကိုက်ညီပါလေ့စေ၊ ကျွန်မအနေဖြင့် နာခံပြီး ဘုရားသခင်ကို ကျေနပ်စေရမည်ဟူ၍ ဖြစ်သည်။ သို့သော် ဧည့်ခံသူတစ်ဦးအဖြစ် ကျွန်မ အခိုင်းခံရသည့်အခါတွင်၊ အဘယ်ကြောင့် ကျွန်မ နာခံမှု ကင်းမဲ့ရပါသနည်း။ ဘုရားသခင်ထံ ကျွန်မ တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ “အို ဘုရားရှင်။ ဒီတာဝန်မှာ ကျွန်မအပေါ် ကိုယ်တော်ရဲ့ အုပ်စိုးမှုနဲ့ စီမံမှုတွေလာတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မ စိတ်နှလုံးထဲမှာ အမြဲတမ်း ပုန်ကန်မှုက ရှိနေပြီး ကိုယ်တော့်ကို ကျွန်မ စစ်မှန်စွာ မနာခံနိုင်ပါဘူး။ ကျွန်မရဲ့ အခြေအနေက မမှန်တာ ကျွန်မ သိပါတယ်။ ကိုယ်တော့်ရဲ့ အလိုတော်ကို ကျွန်မ နားလည်နိုင်ပြီး ကိုယ်တော် ပြင်ဆင်ပြီး စီမံတဲ့ အရာကို နာခံနိုင်ဖို့ရန်အလို့ငှာ ကျွန်မကို ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြဖို့ ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ပါ၏။” ဆုတောင်းပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့ပါသည်။ “၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်အား နာခံခြင်းကို ရှာဖွေခြင်းမပြုသူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ဘုရားသခင်ကို နာခံမှု ရရှိစေရန် ဘုရားသခင်က လူတို့အား သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာလောင်မွတ်သိပ်ကြရန်၊ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို စားကြသောက်ကြရန်၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးရန် တောင်းဆိုသည်။ သင်၏ အရင်းခံအကြောင်းများသည် အမှန်စဉ်စစ် ဤကဲ့သို့ဖြစ်လျှင်၊ ဘုရားသခင်သည် သင့်ကို အသေအချာ ချီးမြှောက်ပြီး၊ သင့်အပေါ်သို့ အသေအချာ ကရုဏာ သက်ရောက်ပါလိမ့်မည်။ ဤသည်ကို မည်သူမျှ သံသယဖြစ်စရာ အကြောင်း မရှိနိုင်ပါ။ မည်သူမျှလည်း ပြောင်းလဲ၍မရပါ။ အကယ်၍ သင်၏ အခြေခံအကြောင်းရင်း များသည် ဘုရားသခင်ကို နာခံရန်မဟုတ်ဘဲ၊ သင့်မှာ အခြားရည်ရွယ်ချက်များရှိပါက၊ သင်ပြောသမျှ လုပ်သမျှ၊ သင်၏ဘုရားသခင်ရှေ့ ဆုတောင်းခြင်းများနှင့် သင်လုပ်သမျှတိုင်းသည်၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်။ သင်သည် ညင်သာစွာ စကားပြောပြီး၊ သိမ်မွေ့သူ ဖြစ်လင့်ကစား၊ သင်လုပ်သမျှနှင့် မျက်နှာအမူအရာသည် မှန်ကန်ပုံရနိုင်ပြီး၊ သင်သည် နာခံသူတစ်ယောက်ဟု ထင်ရနိုင်သော်လည်း၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ အရင်းခံအကြောင်းများ နှင့် သင်၏ အမြင်နှင့် ပတ်သက်၍ သင်လုပ်သမျှသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ဆိုးယုတ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ ပေါ်လာ၏ထဲက “သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားသခင်ကို နာခံသင့်သည်”မှ)

အိမ်ကို ပြန်ပြီးနောက်၊ မိတ်သဟာယတစ်ခုထဲတွင် ကျွန်မ ဖတ်ရသည်။ “သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်ရာမှာ၊ လူတစ်ချို့က ဝင့်ဝါခြင်း၊ သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်ကိုပဲ အာရုံစိုက်ကြတယ်။ ‘ငါ့ကိုယ်ငါ ကြွားခွင့်ရမယ့် ဘယ်တာဝန်ကိုမဆို ငါ ဆောင်ရွက်မယ်။ တာဝန်တစ်ခုက နှိမ့်ချဖို့နဲ့ ကြိုးစားလုပ်ဖို့ လိုအပ်ရင်၊ အဲဒါကို ဘယ်သူမှ မမြင်သလို ငါကိုယ်ငါ ကြွားဝါလို့ရမှာမဟုတ်ရင်၊ အဲဒါက သိုဝှက်ပြီး ငါက အမည်မဲ့ သူရဲကောင်းတစ်ဦးပဲ ဖြစ်မယ်ဆိုရင်၊ အဲဒါကို ငါ လုပ်မှာမဟုတ်ဘူး။ ငါ့ကို ကြည့်ကောင်းစေမယ့် အလုပ်၊ ငါ့ရဲ့ ဝင့်ဝါမှုကို ဆွဲဆောင်တဲ့အလုပ်ကို ငါ လုပ်မယ်။’ သူတို့က အခြားလူတွေရှေ့မှာ ကြည့်ကောင်းဖို့သာ ဖြစ်ချင်ကြတယ်။ သူတို့ ကြည့်ကောင်းနိုင်တာနဲ့တပြိုင်နက် သူတို့ ပီတိဖြာကြတယ်။ ဘယ်အတိုင်းအတာထိမဆို သူတို့ ဒုက္ခခံစားမယ်၊ ကြိုးစားအားထုတ်မှု ဘယ်လောက်ပဲဖြစ်ဖြစ် သူတို့ စိုက်ထုတ်လိမ့်မယ်။ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင် ဝင့်ဝါမှုကို ဖြည့်ဆည်းဖို့ အမြဲ ကြိုးစားနေကြတယ်။ အဲဒီလိုလူက သမ္မာတရားကို မချစ်ဘူး။ သင့်အနေနဲ့ ဘုရားသခင်ရဲ့ အလိုတော်နဲ့ သူ့ရဲ့ စီမံခန့်ခွဲမှုတွေကို အရေးထားရမယ်။ ဘုရားအိမ်တော်က စီမံခန့်ခွဲမှုတွေကို ဘုရားသခင်က ခွင့်ပြုထားတာဖြစ်တယ်။ ဒါကြောင့် သင်က မှန်မှန် နာခံရမယ်။ ဘုရားအိမ်တော်ရဲ့ စီမံခန့်ခွဲမှုတွေကို သင်နာခံနိုင်ရင်၊အဲဒါက ဘုရားသခင်ကို သင်နာခံနိုင်တယ်လို့ ဆိုလိုတာပဲ။ သင် မနာခံနိုင်ရင်၊ ဘုရားသခင်ကို သင့်ရဲ့ နာခံမှုက အနှစ်မဲ့တဲ့ စကားတွေကလွဲလို့ ဘာမှမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က မျက်နှာချင်းဆိုင် တစ်ခုခုကို လုပ်ဆောင်ဖို့သင့်ကို လုံးဝ အမိန့်ပေးမှာ မဟုတ်လို့ပဲ။ ဒီနေ့မှာ ဘုရားအိမ်တော်က ဒီတာဝန်ကို ဆောင်ရွက်ဖို့၊ အလုပ်အတွက် လက်ရှိ လိုအပ်မှုတွေပေါ် အခြေခံပြီး အဲဒီတာဝန်ကို ဆောင်ရွက်ဖို့ သင့်အတွက် စီစဉ်လိုက်ပြီဖြစ်တယ်။ သင်က၊ ‘ငါ့မှာ ရွေးစရာတွေ ရှိတယ်။ ငါ ဆောင်ရွက်ချင်တဲ့ ဘယ်အရာကိုမဆို ငါ ဆောင်ရွက်မယ်။ ငါ မကြိုက်ရင်၊မလုပ်ဘူး’ လို့ပြောတယ်။ သင့်ရဲ့ တာဝန်ကို ဒီလိုဆောင်ရွက်တာက ဘုရားသခင်ကို နာခံခြင်း ဖြစ်ပါသလား။ ဒီလို လူက သမ္မာတရားကို ချစ်တဲ့သူတစ်ဦး ဖြစ်ပါသလား။ သူတို့က ဘုရားသခင်ကို သိနားလည်ခြင်း ရရှိနိုင်ပါသလား။ သူတို့က ဘုရားသခင်ကို ကြောက်ရွံ့တဲ့သူတွေ မဟုတ်ကြပါဘူး။ သင့် တာဝန်ကို ရွေးခြင်း၊ အပျက်သဘောဆောင်ပြီး ရေသာခိုခြင်း- ဒီလို လူဟာ သမ္မာတရားရဲ့ စစ်မှန်မှု နည်းနည်းမှမရှိပါဘူး။ သူတို့မှာ စစ်မှန်တဲ့ နာခံမှုမရှိဘဲ သူတို့ရဲ့ တာဝန်မှာ မိမိတို့ရဲ့ ကိုယ်ပိုင် နှစ်သက်ရာတွေအပေါ် လုံးလုံး မှီခိုကြတယ်။ ဒီလိုလူမျိုးကို ဘုရားသခင် မနှစ်သက်ပါဘူး။” (အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ (၁၀) ထဲမှ “ဘုရားသခင်၏ နှုတ်ကပတ်တော်အကြောင်း တရားဟောချက်များနှင့် မိတ်သဟာယဖွဲ့ခြင်း ‘ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (၁)’”)

ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိတ်သဟာယက ကျွန်မ၏ စိတ်နှလုံးကို စူးနစ်ခဲ့ပြီး ကျွန်မ အရှက်ရခဲ့သည်။ သို့ဖြင့် ဧည့်ခံသည့် တာဝန်တွင် ကျွန်မ အဘယ်ကြောင့် နာခံမှုမရှိရသည့် အကြောင်းရင်းကို ကျွန်မ ပို၍ပင် နားလည်သွားခဲ့သည်။ အသင်းတော်ထဲက အဖွဲ့ငယ်တစ်ခုအတွက် ကျွန်မ တာဝန်ရှိခဲ့သည့် အချိန်တွက် ပြန်စဉ်းစားကြည့်သည့်အခါ၊ ခေါင်းဆောင်က အသင်းတော်အလုပ်ကို ကျွန်မနှင့် အရင်ဦးဆုံး အမြဲဆွေးနွေးပြီးနောက် ကျွန်မက ထိုအရာကို ညီအစ်ကို မောင်နှများနှင့် ဆွေးနွေးကာ အကောင်အထည် ဖော်သည်။ ထိုအချိန်တုန်းက အသင်းတော် ခေါင်းဆောင်သည် ကျွန်မကို အလွန်အထင်ကြီးပြီး ကျွန်မ၏ ညီအစ်ကို မောင်နှမများကလည်း ကျွန်မကို လေးစားကြသည်ဟု ကျွန်မ ထင်ခဲ့သည်။ ကျွန်မ၏ တာဝန်တွင် ကျွန်မ အားအင်များနှင့် ပြည့်ခဲ့ပြီး မည်မျှ ခက်ခဲပါစေ၊ ပင်ပန်းပါစေ၊ လုပ်ဆောင်ရန် ကျွန်မ ပျော်ခဲ့သည်။ သို့သော် ယခုတွင် ကျွန်မသည် ဧည့်ခံသူအဖြစ် လုပ်ရမည်ဖြစ်သည်။ ကျွန်မသည် အစားအစာ ပြင်ဆင်ရသည်မှာ အလွန်နှိမ့်ချသည့် အလုပ်တစ်ခုဖြစ်ပြီး တစ်နေ့လုံး အိုးခွက် ပန်းကန်များနှင့်သာ လုံးပန်းနေပြီး ကျွန်မ မည်မျှ အလုပ်ကြိုးစားလုပ်ပါလေ့စေ မည်သူမျှ သိလိမ့်မည်မဟုတ်ဟု စဉ်းစားရင်း အပျက်သဘောဆောင်ပြီး အားအင်မဲ့ခဲ့သည်။ ထိုသို့သော တာဝန်မျိုးသည် စိတ်ပျက်စရာဖြစ်သည်။ ထို့ကြောင့် ကျွန်မ ငြင်းဆန်ခဲ့ပြီး လက်မခံချင်ခဲ့ပါ။ ကျွန်မသည် ဘုရားသခင်ကို လက်တွေ့ကျသော နာခံမှု မရှိပါ။ ထို့နောက်တွင်မှသာ အတိတ်တွင် ကျွန်မ၏ တာဝန်၌ မမောမပန်း အလုပ်လုပ်ခြင်းက စစ်မှန်သော နာခံမှုမှ မဟုတ်ဘဲ၊ မိမိကိုယ်ကိုယ် ကြွားဝါခြင်း နှင့် အခြားသူများ၏ လေးစားကြည်ညိုမှုနှင့် အလွန်အလေးထားမှုတို့ကို ရရှိခြင်းအလို့ငှာ ဖြစ်ပြီး ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ခဲ့ခြင်း မဟုတ်သည်ကို ကျွန်မ မြင်ခဲ့ရသည်။ ကျွန်မ၏ တာဝန်က ကျွန်မ၏ ကိုယ်ပိုင် ရည်မှန်းချက်၊ ကျော်ကြားမှုနှင့် အဆင့်အတန်းတို့ကို ရရှိလိုသော စိတ်ဆန္ဒတို့ကို မဖြည့်ဆည်းပေးနိုင်သည့် အခိုက်တွင်၊ ဆင်ခြေဖန်တီးရန် ဖြစ်နိုင်သမျှ နည်းလမ်းကို တွေးတောခဲ့ပြီး ထိုတာဝန်ကို ကျွန်မ လက်မခံချင်ခဲ့သလို မနာခံချင်ခဲ့ပါ။ တဲ့တိုးပြောရမည်ဆိုလျှင် ကျွန်မသည် မိမိ၏ကိုယ်ပိုင် ဝင့်ဝါမှုကို ဖြည့်ဆည်းဖို့ ကိုယ်တစ်ဦးတည်း၏ ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားလျက် ကျွန်မ၏ တာဝန်ကို ဆောင်ရွက်ခြင်းဟူသော အလံကို ဝေယမ်းနေခြင်းသာဖြစ်ပေသည်။ ကျွန်မသည် ဘုရားသခင်၏ အလိုတော် သို့မဟုတ် အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းခြင်းအား လုံးဝ အရေးမထားခဲ့ပါ။ ကျွန်မ အမှန်တကယ်ကို အလွန်တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ ဖြစ်သည်။ ကျွန်မ၏ တာဝန်ကို ကျွန်မ၏ ကိုယ်ရေးကိုယ်တာ နှစ်သက်မှုများ၊ ရွေးချယ်မှုများဖြင့် အမြဲဆောင်ရွက်လေ့ရှိခဲ့ပြီး ဇာတိပကတိဆန်ဆန် ရည်မှန်းချက်များအတွက် အမြဲ ကြံစည်နေခဲ့သည်။ အဘယ်သို့ ကျွန်မသည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို နာခံသည့်သူတစ်ဦး ဖြစ်နိုင်မည်နည်း။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ပိုဖတ်ခဲ့ပါသည်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏စိတ်နှလုံးသည် အမှန်ပြုပြင်ခြင်းခံရ၏။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသလော။ ဤကဲ့သို့သောလူများမှာ ဘုရားသခင်ကိုကြောက်ရွံသော စိတ်နှလုံးမရှိသောသူများ ဖြစ်ကြသည်။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ သင်၏အဆင့်အတန်း၊ မျက်နှာ သို့မဟုတ် ဂုဏ်သတင်းကို ထည့်သွင်းစဉ်းစားခြင်းမပြုနှင့်။ သင်သည် ဘုရားသခင်၏အိမ်တော်၏အကျိုးများကို ပထမဦးစွာ စဉ်းစားပြီး ၎င်းကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်သည်၊ ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို သင် စဉ်းစားနေခြင်း ရှိမရှိနှင့် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခဲ့ခြင်း ရှိမရှိ ဆင်ခြင်သင့်သည်။ သင်သည် ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို သင်၏စိတ်နှလုံးထဲ၌ အစဉ်ထည့်သွင်းစဉ်းစားနေပြီး သင်၏ညီအစ်ကိုမောင်နှမများ၏ အသက်တာ ဝင်ရောက်မှုအကြောင်း စဉ်းစားနေပါက၊ သင်၏တာဝန်ကို သင်ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားရင်းဖြင့် သူ၏ အလိုတော်ကို ကျွန်မ နားလည်ခဲ့ပြီး သူ့ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်ကို သိခဲ့သည်။ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့ပြီး ကျွန်မ၏ သန္နိဋ္ဌာန်ကို ချမှတ်ခဲ့သည်။ “အို ဘုရားရှင်၊ ကိုယ်တော်ရဲ့ စိစစ်ခြင်းကို လက်ခံဖို့၊ ကျွန်မရဲ့ ကိုယ်ပိုင် ဝင့်ဝါမှုနဲ့ ဂုဏ်တွေကို ဘေးဖယ်ထားဖို့နဲ့ ကျော်ကြားမှု ဒါမှမဟုတ် အဆင့်အတန်းကို မလိုက်စားတော့ဖို့ ကျွန်မ လိုလားပါတယ်။ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို နာခံပြီး ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ တာဝန်ကို လှိုက်လှဲစွာ ဆောင်ရွက်ဖို့ ကျွန်မ လိုလားပါတယ်။” ဆုတောင်းပြီးနောက်တွင် ကျွန်မ၏ စိတ်နှလုံးက များစွာ ပိုတည်ငြိမ်သွားခဲ့ပြီး ဤတာဝန်ကို ကျွန်မ၏ စိတ်နှလုံးထဲမှ ကျွန်မ လက်ခံခဲ့ပါသည်။

နောက်ရက်များတွင်၊ ကျွန်မ ဒီကိုလာသည်မှာမကြာသေးသလို ကျွန်မ၏ ပတ်ဝန်းကျင်နှင့် မရင်းနှီးသေးသည်ကို ကျွန်မ၏ ညီမများက သိပြီး ဤအတွက်ကြောင့် အသီးအရွက် ဝယ်ခြင်းက ခက်ခဲလိမ့်မည်ကိုသူတို့ သိခဲ့ကြသည့်အတွက်၊ အစားအသောက်နှင့် နေ့စဉ် လိုအပ်သည်များကို ဝယ်ဖို့ ကျွန်မနှင့်အတူ သွားရန် သူတို့ အချိန်ပေးခဲ့ကြပါသည်။ ကျွန်မက ပိုအသက်ကြီးပြီး ကွန်ပြူတာ သိပ်မကျွမ်းကျင်ပါ၊ ထို့ကြောင့် ကျွန်မ၏ ညီမများက ကြင်နာစွာနှင့် စိတ်ရှည်ရှည် ကျွန်မကို သင်ပေးခဲ့ကြသည်။ တစ်ခါတစ်ရံတွင် အခက်အခဲတစ်ခု ကျွန်မ ကြုံရသည့်အခါ၊ ကျွန်မသည် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်း အခြေအနေတွင် ရှိခဲ့ပြီး သူတို့က မိတ်သဟာယတွင် ကျွန်မနှင့်အတူ ဝေမျှဖို့ ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်များကို ရှာဖွေခဲ့ကြသည်။ ကျွန်မကို ချစ်ခြင်းမေတ္တာဖြင့် သူတို့ ကူညီခဲ့ကြပြီး ကျွန်မ၏ လက်တွေ့ကျသော အခက်အခဲများကို ဖြေရှင်းပေးခဲ့ကြသည်။ ကျွန်မ၏ ညီမများက သူတို့၏ တာဝန်နှင့် အလွန်အလုပ်များကြသော်လည်း သူတို့ တစ်ခဏအချိန်ရသည့်အခါတိုင်းတွင် အိမ်အလုပ်၊ သန့်ရှင်းရေးနှင့် အလားတူ အလုပ်မျိုးတို့တွင် ကျွန်မကို ကူညီခဲ့ကြသည်။ တစ်ဦးတစ်ယောက်ကမျှ ကျွန်မကို အထင်မသေးခဲ့ကြပါ၊ သို့မဟုတ် ကျွန်မ ဧည့်ခံသူတစ်ဦး ဖြစ်သောကြောင့် ကျွန်မကို တမင်အဖက် မလုပ်ဘဲ မနေခဲ့ကြပါ။ လူတိုင်းက သူတို့တာဝန်တွင် သူတို့လုပ်နိုင်သမျှကို လုပ်ခဲ့ကြသည်။ ညီအစ်ကို မောင်နှများကြားတွင် နိမ့်ကျသောအရာ နှင့် မြင့်မြတ်သောအရာအကြား ခြားနားမှုမရှိသည်ကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မတို့သည် ပို၍ပင် နီးကပ်သွားခဲ့ကြပြီး မိသားစုတစ်ခုထက်ပင် ပိုမို ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ နေ့ရက်တစ်ရက်စီတိုင်းက စိတ်ကျေနပ်စရာအပြည့်ဖြစ်ပြီး ကျွန်မသည် စိတ်သက်သာရာရပြီး ငြိမ်းချမ်းမှုကို ခံစားရသည်။ ဘုရားသခင်ကို အမှန်တကယ် ကျေးဇူးတင်ပါသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုများကို ကြုံရပြီးနောက်တွင်၊ ဘုရားသခင်ကို နာခံခြင်း သမ္မာတရားထဲသို့ ဝင်ရောက်မှုအချို့ ကျွန်မ ရရှိခဲ့သည်ဟု ခံစားခဲ့ရပြီး ကျွန်မ၏ တာဝန်တွင် ကျွန်မ ပိုမို နာခံမှုရှိလာခဲ့သည်။ သို့သော် ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားသည့် ကျွန်မ၏ ဆိုးယုတ်သော သဘာဝက ကောင်းစွာ အခိုင်အမာအမြစ်တွယ်နေခဲ့သည်ကို ဘုရားသခင်က ကောင်းကောင်းသိခဲ့ပါသည်။ ထို့ကြောင့် သူက ကျွန်မကို သန့်စင်ပြီး ကယ်တင်ဖို့ နောက်ထပ် အခြေအနေတစ်ခုကို ပြင်ဆင်ခဲ့လေသည်။

တစ်နေ့တွင် အသင်းတော် ခေါင်းဆောင်က ကျွန်မကို ဖုန်းခေါ်ပြီး ညီအစ်မ တစ်ဦးက သူ၏ တာဝန်နှင့် အလွန်အလုပ်များပြီး စနေနေ့ နေ့လည်ချိန်များတွင် သူ၏ ကလေးကို ကြည့်ရှုပေးရန် တစ်ဦးတစ်ယောက်မျှ မရှိဟု ပြောပြီး အပတ်တိုင်း နေ့တစ်ဝက် သူ့ကို ကူညီဖို့ ကျွန်မအနေနှင့် အချိန်ပေးနိုင်၊ မပေးနိုင် မေးမြန်းခဲ့သည်။ ကလေးထိန်းရန် ကျွန်မ သွားရမည်ကို ကြားရသည့်အခါ ကျွန်မ အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားခဲ့သည်။ ကလေးထိန်းခြင်းက ကျွန်မ၏တာဝန်ကို ဆောင်ရွက်ခြင်း မည်ပါသလား။ ထို့အပြင်၊ ဤနှစ်များအားလုံးတွင် ကျွန်မသည် စီးပွားရေးလုပ်ရင်းဖြင့် အလုပ်များနေခဲ့ပြီး ကျွန်မကိုယ်တိုင်၏ မြေးများကို ကြည့်ရှုရန် မလိုအပ်ခဲ့ပါ။ ကျွန်မ လုပ်သမျှအားလုံးမှာ ကျွန်မကို ကြည့်ကောင်းစေမည့်အရာတစ်ခုဖြစ်ပြီး ကျွန်မ၏ အမျိုးများနှင့် မိတ်ဆွေများ၏ အမြင်တွင် ကျွန်မက သန်မာသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။ ကျွန်မအတွက် ဧည့်ခံသူတစ်ဦး ဖြစ်ရသည့်တာဝန်သည်ပင် အလွန် နှိမ့်ချရာရောက်နှင့်ပြီးဖြစ်သည်၊ ထို့ကြောင့် ထိုအရာအပြင် တစ်စုံတစ်ဦး၏ ကလေးကို ကျွန်မ ကြည့်ရှုစောင့်ရှောက်သည်ဆိုလျှင် ကျွန်မ ကလေးထိန်းတစ်ဦး ဖြစ်လာသည် မဟုတ်ပါလား။ ကလေးထိန်းခြင်းဖြင့် မိမိကိုယ်ကိုယ်အတွက် နာမည်တစ်ခု ကျွန်မ မဖန်တီးနိုင်ပါ သို့မဟုတ် အဆင့်အတန်း မရရှိနိုင်ပါ။ ထို့ကြောင့် ကျွန်မ မလုပ်ချင်ပါ။ ထို့ကြောင့်၊ ကျွန်မ ဆင်ခြေတစ်ခု ပေးခဲ့သည်။ ညီအစ်မများအတွက် ကျွန်မ ယခု အစားအသောက် ပြင်ဆင်နေပြီး အိမ်ကို ကျွန်မ စောင့်ရှောက်ရမည်။ ညီအစ်ကို မောင်နှများက မကြာခဏ လာကြသည်၊ ထို့ကြောင့် ကျွန်မ တကယ် ထွက်သွား၍ မရပါဟူ၍ ဖြစ်သည်။ ကျွန်မ ဆင်ခြေများ ဖန်တီးပြီး ဝေ့လည်ကြောင်ပတ် လုပ်နေချိန်တွင် ခေါင်းဆောင်က ဘုရားသခင်ထံ အရင်ဦးဆုံး ဆုတောင်းရန်၊ ရှာဖွေရန်နှင့် ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချရန် စေခိုင်းခဲ့သည်။ ဖုန်းကို ကျွန်မ ချလိုက်ပြီးသည့်နောက်တွင်၊ ကျွန်မစိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်း မတွေ့နိုင်ဘဲ ယင်းအကြောင်းကို ကျွန်မ ပိုတွေးလေလေ၊ ပိုဆိုးရွားစွာ ကျွန်မ ခံစားရလေလေဖြစ်ခဲ့သည်။ အဘယ်ကြောင့် အသင်းခေါင်းဆောင်က အခြားတစ်ယောက်ယောက်ကို မရှာသနည်း။အဘယ်ကြောင့် ကျွန်မ ဖြစ်ရသနည်းဟု ကျွန်မ တွေးခဲ့သည်။ ကျွန်မသည် ကလေးထိန်းခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးအောင် မလုပ်နိုင်ပါ သို့မဟုတ် အဆင့်အတန်း မရရှိနိုင်ပါ။ ကျွန်မ၏ ညီအစ်ကို မောင်နှများသာ သိသွားကြလျှင် သူတို့ မည်သို့ ထင်ကြလိမ့်မည်နည်း။ သူတို့ကို ကျွန်မ မည်သို့ မျက်နှာ ပြရမည်နည်း။ သို့သော် ကျွန်မ မလုပ်လျှင် ကျွန်မ၏ စိတ်နှလုံးထဲတွင် ချစ်ခြင်းမေတ္တာမရှိဟု ကျွန်မ၏ ညီအစ်ကိုမောင်နှများက ပြောကြလိမ့်မည် မဟုတ်ပါလား။ ကျွန်မ တွေးကာ တွေးကာနှင့် နောက်ဆုံးတွင် သွားပြီး ကြိုးစားကြည့်ရန် ကျွန်မ ဆုံးဖြတ်ခဲ့သည်။

စနေနေ့ နေ့လည်တွင် အစ်မ ကျောင်၏ အိမ်သို့ ကျွန်မ သွားခဲ့ပြီး ဖျတ်လတ်တက်ကြွသော ကလေးငယ်မှာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသည်ကို ကျွန်မတွေ့ခဲ့ရသည်။ သို့သော် မည်သည့်ပျော်ရွှင်မှုကိုမှ ကျွန်မ မခံစားခဲ့ရပါ။ ကျွန်မ၏ စိတ်နှလုံးက နေသားမကျ ဖြစ်နေခဲ့သည်။ ကလေးငယ်လေးက သူ့အမေကြောင့် စငိုသည့်အချိန်တွင် ကျွန်မ ၅ နာရီအထိ နေဖို့ ရုန်းကန်ကြိုးစားခဲ့ရပြီး ကျွန်မ ဘာကိုပဲလုပ်လုပ် သူ့ကို မချော့နိုင်ခဲ့ပါ။ အစ်မ ကျောင်က အိမ်ပြန်လာတော့မည်ဖြစ်ပြီး ကလေးမလေးက အငိုတိတ်ကို မတိတ်ခဲ့ပါ။ ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်လာခဲ့သည်။ ကျွန်မတွေးခဲ့သည်။ သူပြန်လာပြီး သူ၏ သမီးလေး ငိုနေသည်ကို မြင်လျှင် ကျွန်မကို သူ မည်သို့ ထင်လိမ့်မည်နည်း။ ကျွန်မအသက်အရွယ်နှင့် ကလေးငယ်လေးတစ်ဦးကိုပင် မထိန်းနိုင်ဘူးဟု သူ တွေးလိမ့်မည်လော။ ပျာယာခတ်လျက်ဖြင့် ကျွန်မ လုပ်နိုင်သမျှမှာ သူ့ကို စားကောင်းသော အဆာပြေမုန့်များဖြင့် ချော့ဖို့၊ သူ့ကို ပုံပြင်များ ပြောပြဖို့ နှင့် သူ့အတွက် ကာတွန်းကားများ ပြသဖို့သာ ဖြစ်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူ အငိုတိတ်လာခဲ့ပြီးနောက် အစ်မ ကျောင်သည် သူ၏ တာဝန်ကို ဆောင်ရွက်ရာမှ အိမ်သို့ ပြန်ရောက်လာခဲ့လေသည်။ ထိုသို့ဖြင့် တစ်နေ့လည်ကို ကျွန်မ ကျော်ဖြတ်ခဲ့သည်။ အိမ်အပြန်လမ်းတွင် ကျွန်မ လမ်းလျှောက်ရင်းဖြင့် တွေးမိခဲ့သည်။ ကလေးတစ်ဦးကို ကြည့်ရှုစောင့်ရှောက်သည်မှာ ရိုးရှင်းသော အလုပ်တစ်ခု မဟုတ်ပါ။ ပင်ပန်းရသည်သာမက စိုးရိမ်ပူပန်စရာလည်း များလှသည်။ တစ်ခုခုဖြစ်လျှင် ကျွန်မ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပါ။ ပြီးလျှင် အသင်းတော်ထဲတွင် လူများစွာ ရှိကြသည်။ ထိုသို့ဆိုလျှင် သူတို့က အဘယ်ကြောင့် ကျွန်မကို ကလေးထိန်းခိုင်းရပါသနည်း။ ကျွန်မ ထိုအကြောင်းကို ပိုစဉ်းစားလေလေ၊ ကျွန်မ ပိုမို စိတ်ပျက်လေလေ ဖြစ်လာခဲ့သည်။ ထိုညနေတွင် အိပ်ရာပေါ် ကျွန်မ ဟိုလိမ့်၊ ဒီလှည့် လုပ်နေခဲ့ပြီး အိပ်မရနိုင်ခဲ့ပါ။ ဘုရားသခင်ရှေ့ ကျွန်မ လာပြီး ဆုတောင်းခဲ့ပါသည်။ “ဘုရားသခင်၊ ကျွန်မ ခုချိန်မှာ ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။ သူ့ရဲ့ သမီးလေးကို စောင့်ရှောက်ပြီး ဒီအစ်မကို ကူညီတာက သူ့ရဲ့ မိသားစု အရေးတွေက သူ့တာဝန်ကို မနှောင့်ယှက်ဖို့ ဖြစ်တယ်ဆိုတာနဲ့ အဲဒါကို ကျွန်မရဲ့ တာဝန်အဖြစ် ကျွန်မ လက်ခံသင့်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မ မှားသလို အမြဲခံစားရပြီး နာခံဖို့ ရုန်းကန်ခဲ့ရပါတယ်။ အို ဘုရားရှင်။ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ဖို့ နဲ့ ဒီမှားယွင်းတဲ့ အခြေအနေကနေ ကျွန်မ ထွက်လာနိုင်ဖို့ ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ ကိုယ်တော့်ကို ကျွန်မ တောင်းလျှောက်ပါတယ်။” ဆုတောင်းပြီးနောက်တွင် ယခင်ကဲ့သို့ ကျွန်မ ဆိုးဆိုးရွားရွား မခံစားရပါ။ ဘုရားနှုတ်ကပတ်တော်များ စာအုပ်ကို ကျွန်မ ဖွင့်လိုက်ပြီး ဤအရာကို ဖတ်ရှုခဲ့ပါသည်။ “စစ်မှန်သော ကျိုးနွံနာခံခြင်းဆိုသည်မှာ အဘယ်နည်း။ အမှုအရာများက သင်ဖြစ်စေချင်သည့်အတိုင်းဖြစ်ပြီး သင့်ကို ပေါ်လွင်ဖို့၊ ထင်ပေါ်ဖို့နှင့် ချီးကျူးဂုဏ်ပြုခြင်းအချို့ ရှိစေဖို့ အခွင့်ပေးသည့်အချိန်တိုင်းတွင် အရာရာတိုင်းက ကျေနပ်စရာကောင်းပြီး သင့်တင့်လျောက်ပတ်သည်ဟု သင်ခံစားရသည်။ ဘုရားသခင်ကို သင်ကျေးဇူးတင်ပြီး သူ၏ စီစဉ်ညွှန်ကြားချက်များနှင့် စီမံမှုများကို ကျိုးနွံနာခံနိုင်သည်။ သို့သော် သင်အရေးပါသည့်အခန်းက မပါရတော့ဘဲ၊ မထင်ပေါ်နိုင်သလို အခြားသူများ၏ မသိကျိုးကျွန်ပြုသည်ကို စဉ်ဆက်မပြတ်ခံရသည့်အခါ၊ သင်၏ ပျော်ရွှင်သည့် ခံစားချက် ရပ်စဲသွားသည်။ အခြေအနေများ အခွင့်သာနေစဉ်တွင် ကျိုးနွံနာခံခြင်းက သာမန်အားဖြင့် လွယ်ကူပါသည်။ အမှုအရာများက သင်ဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ သင်၏ ခံစားချက်များ နာကျင်ရသည့်၊ သင့်ကို အားနည်းစေပြီး၊ သင့်ကို ရုပ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေကာ သင်၏ နာမည်ဂုဏ်သတင်းအပေါ် ထိုးနှက်ချက်တစ်ခုဖြစ်စေသည့်၊ သင်၏ အတ္တနှင့် မာနကို ဖြည့်ဆည်းမပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားစေသည့် ခက်ခဲသော အခြေအနေများတွင်လည်း သင် ကျိုးနွံနာခံနိုင်လျှင်၊ သင်သည် အမှန်တကယ် ရင့်ကျက်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ သင်ရှာဖွေလိုက်စားသင့်သည့် ရည်မှန်းချက်ပန်းတိုင် မဟုတ်လော။ သင်၌ ထိုသို့သော စိတ်ဆုံးဖြတ်ချက်၊ ထိုသို့သော ရည်မှန်းချက်ပန်းတိုင်ရှိလျှင် မျှော်လင့်ချက် ရှိ၏။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ)

လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့၏ အတွေးတိုင်းနှင့် စိတ်ကူးအတွင်းတွင်၊ ၎င်းတို့ လုပ်ရပ်တိုင်း၏ နောက်ကွယ်က ရည်မှန်းချက်များအတွင်းတွင် ကွယ်ဝှက်နေ၏၊ ယင်းသည် ဘုရားသခင် လုပ်ဆောင်သမျှကို ချဉ်းကပ်ရာတွင် ၎င်းတို့ရှိကြသည့် အယူအဆတိုင်း၊ နားလည်မှုတိုင်း၊ ရှုထောင့်အမြင်တိုင်းနှင့် စိတ်ဆန္ဒတိုင်းအတွင်း ကွယ်ဝှက်နေ၏။ ထို့ကြောင့် ဘုရားသခင်သည် လူသား၏ ဤအရာများကို မည်သို့ ချဉ်းကပ်သနည်း။ သင့်ကို ထုတ်ဖော်ပြဖို့ရန် အခြေအနေများကို သူ စီစဉ်၏။ သင့်ကို ထုတ်ဖော်ပြရုံသာမက၊ သင့်ကို တရားလည်း သူ စီရင်မည်ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ပြသည့်အခါ၊ ဘုရားသခင်ကို အာခံသည့် အတွေးများနှင့် စိတ်ကူးများ သင်ရှိသည့်အခါ၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်သည့် အခြေအနေများနှင့် ရှုထောင့်အမြင်များ သင် ရှိသည့်အခါ၊ ဘုရားသခင်ကို သင်နားလည်မှုလွဲသည့်၊ သို့မဟုတ် သူ့ကို အာခံပြီး ဆန့်ကျင်သည့် အခြေအနေများ သင်ရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို ပြစ်တင်မောင်းမဲမည်၊ သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမည်၊ ပြီးလျှင် တစ်ခါတစ်ရံ သင့်ကို သူ အပြစ်ပင်ပေးပြီး ပဲ့ပြင်ဆုံးမလိမ့်မည်။...သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများအပေါ် သင် နာခံမှုရှိနိုင်ဖို့ရန်နှင့် နောက်ဆုံးတွင် သူ၏ အလိုတော်နှင့်အညီ သူတောင်းဆိုသည့်အရာကို သင် လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်စေဖို့ရန်၊ ဘုရားသခင်သည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သည့် အနှစ်သာရတို့အား သတိပြုမိစေချင်သည်။ ဤသို့ဆိုလျှင် အတွေ့အကြုံဆိုးကြီးကို သင် ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံခြင်းသာလျှင် လက်တွေ့ကျသောယုံကြည်မှုတစ်ခုဖြစ်၏”)

တရားစီရင်ခြင်းနှင့်ဆိုင်သော ဘုရားသခင်၏ ထုတ်ဖော်ပြသော နှုတ်ကပတ်တော်များကို ရင်ဆိုင်ရသည့်အခါ၊ ကျွန်မမှာ ပုန်းစရာနေရာမရှိဟု ခံစားခဲ့ရသည်။ “လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့၏ အတွေးတိုင်းနှင့် စိတ်ကူးအတွင်းတွင်၊ ၎င်းတို့ လုပ်ရပ်တိုင်း၏ နောက်ကွယ်က ရည်မှန်းချက်များအတွင်းတွင် ကွယ်ဝှက်နေ၏” ဤဘုရားနှုတ်ကပတ်တော်များကို မြင်ရသည့်အခါ ကျွန်မ မိမိကိုယ်ကိုယ် မစစ်ဆေးဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မအတွက် ဘုရားသခင် ပြင်ဆင်သည့် ပတ်ဝန်းကျင်ကို အဘယ်ကြောင့် ကျွန်မ မနာခံနိုင်ရပါသနည်း။ ကလေးစောင့်ရှောက်ပေးခြင်းဖြင့် အစ်မကို ကျွန်မ အဘယ်ကြောင့် ကူညီဖို့ မလိုလားခဲ့ပါသနည်း။ ကလေးကို စောင့်ရှောက်ခြင်းမှာ အဆင့်အတန်းနိမ့်သော လူများ လုပ်ဆောင်သည့်အရာတစ်ခုဖြစ်ပြီး ယင်းက အဆင့်အတန်း ဆုံးရှုံးခြင်း ဖြစ်ကာ၊ အခြားသူတို့က အထင်သေးကြလိမ့်မည်ဟု ကျွန်မ ယုံကြည်ခဲ့သည်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကြွားဝါနိုင်ပြီး ကြီးမားသည့်အရာတစ်ခု လုပ်ဆောင်နိုင်ကာ၊ အခြားသူတို့က လေးစားပြီး ကြည်ညိုကြမည့် တာဝန်တစ်ခုကို ဆောင်ရွက်ခြင်းကသာ တန်ဖိုးရှိပြီး ဘုရားသခင်က ချီးမွမ်းလိမ့်မည်ဟု ကျွန်မ ထင်ခဲ့သည်။ ကျွန်မ၏ တာဝန်က နှိမ့်ချရာရောက်ပြီး အခြားသူတို့ထံ မမြင်သာလျှင်၊ ယင်းက ဘာမျှ မတန်ပါ။ ကျွန်မ အတွင်းရှိ ဤအတွေးများနှင့် စိတ်ကူးများကို ကျွန်မ ဆင်ခြင်သုံးသပ်ခဲ့ပြီးနောက်တွင်သာ ကျော်ကြားမှုနှင့် အဆင့်အတန်းအတွက် စိတ်ဆန္ဒတစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ကျွန်မ ရှိနေဆဲ ဖြစ်သည်ကို နားလည်ခဲ့ရသည်။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ရာတွင် ကျွန်မ လိုက်စားခဲ့သည့် ပန်းတိုင်များ၊ ဘဝအပေါ် အမြင်များနှင့် တန်ဖိုးများမှာ လောကလူတို့နှင့် အတူတူပင် ဖြစ်ခဲ့သည်။ “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့ လူတစ်ဦးသည် သူ၏မျက်နှာအတွက် အသက်ရှင်၏” “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်း မွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်” “ငန်းတစ်ကောင်သည် ၎င်း ပျံသန်းသည့်နေရာတိုင်းတွင် အော်မည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်- ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ စသဖြင့်ကဲ့သို့ ဖြစ်သည်။ ဤဆိုးယုတ်သော အဆိပ်အတောက်များနှင့် ဆင်ခြင်တွေးခေါ်မှုစနစ် နိယာမများအားလုံးက ကျွန်မ၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့ပြီး ကျွန်မကို အလွန်အမင်း မာနထောင်လွှားစေခဲ့သည်။ ကျော်ကြားမှုနှင့် အဆင့်အတန်းကို ချစ်မြတ်နိုးစေလျက် ကျွန်မ၏ ဘဝဖြစ်လာစေခဲ့သည်။ ဤအရာက ကျွန်မကို ကျွန်မ၏ တာဝန်တွင် ကျော်ကြားမှုနှင့် အဆင့်အတန်းတို့ကို ကျွန်မ ရရှိခြင်း၊ ဆုံးရှုံးခြင်းများကို အမြဲ တွက်ချက်စေခဲ့ပြီး ဘုရားသခင်ကို အမှန်တကယ် မနာခံနိုင်အောင် ဖြစ်စေခဲ့သည်။

ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ဖန် ကျွန်မ စဉ်းစားခဲ့ပြီး ကျွန်မအတွက် ဘုရားသခင် စီစဉ်ပေးခဲ့သည့် အခြေအနေမှာ ကျွန်မ၏ ကိုယ်ပိုင် ယူဆချက်များနှင့် ဆန့်ကျင်ခဲ့သော်လည်း၊ ယင်းတွင် ဘုရားသခင်၏ ကြင်နာသော ရည်ရွယ်ချက်များ ပါရှိသည်ကို ကျွန်မ နားလည်လာခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းအပေါ်ပိုမိုနက်ရှိုင်းသည့် သိနားလည်မှုတစ်ခု ကျွန်မ ရရှိဖို့ရန်နှင့် ကျွန်မကို နောင်တရစေကာ အချိန်မီ လှည့်ပြန်စေဖို့၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းမှန်ပေါ် ခြေချစေဖို့ ကျွန်မကို အခွင့်ပေးလျက် လမ်းကြောင်းမှားကို ကျွန်မ လျှောက်မိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်စေဖို့ရန်အလို့ငှာ ဘုရားသခင်သည် ထိုအခြေအနေမှတဆင့် ကျွန်မကို ဖော်ထုတ်ချင်ခဲ့ပါသည်။ ယခုတွင်၊ အခြားသူတို့က ကျွန်မ ဆောင်ရွက်နေသည့် တာဝန်ကို ကြီးမြတ်သကဲ့သို့ မြင်သည်ဖြစ်စေ အသေးအဖွဲကဲ့သို့ မြင်သည်ဖြစ်စေ၊ ယင်းမှာ ဘုရားသခင်၏ အုပ်စိုးမှုနှင့် စီမံခန့်ခွဲမှုဖြစ်ပြီး ကျွန်မ ယူရမည့် တာဝန်နှင့် ဝတ္တရား ဖြစ်ပါသည်။ ကျွန်မအနေဖြင့် ရိုးရှင်းစွာ လက်ခံပြီး ထင်ကြေး သို့မဟုတ် ချိန်ဆခြင်းမရှိဘဲ နာခံရမည်ဖြစ်သည်။ ထိုအရာကို ကျွန်မ ကျိုးကြောင်းဆင်ခြင်၍မရသလို အာခံ၍မရပါ။ ယင်းမှာ ကျွန်မ လုပ်ရမည့် ကျွန်မ၏ကိုယ်ပိုင်ရွေးချယ်မှု မဟုတ်ပါ။ ဤအရာသည်သာ စစ်မှန်သော နာခံမှု ဖြစ်ပါသည်။

နောက်တစ်နေ့ ကျွန်မ၏ ဝိညာဉ်ရေးရာဝတ်ပြုခြင်းများ လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ပိုမို ဖတ်ရှုခဲ့ပါသည်။ “သင်၏တာဝန်ကို ကောင်းစွာ မဆောင်ရွက်ဘဲ၊ ဂုဏ်ပြုခြင်းကို အမြဲရှာဖွေပြီး ရာထူး၊ မျက်နှာ၊ နာမည်ဂုဏ်သတင်းနှင့် သင်၏ အကျိုးများအတွက် ယှဉ်ပြိုင်လျှင်၊ ထိုသို့သော အခြေအနေတစ်ခု၌ အသက်ရှင်စဉ်တွင်၊ အစေခံခြင်းကို သင် လုပ်ဆောင်ချင်သလော။ သင် အစေခံချင်လျှင် အစေခံနိုင်၏၊ သို့သော် သင်၏ အစေခံမှု မပြီးခင် သင် အဖော်ထုတ်ခံရနိုင်သည်။ သင့်ကို ဖော်ထုတ်ခြင်းသည် တစ်ပြိုင်နက် ဖြစ်ပျက်သည်။ သင် ဖော်ထုတ်ခံရသည်နှင့် တပြိုင်နက်၊ မေးခွန်းမှာ သင်၏ အခြေအနေ တိုးတက်နိုင်၊ မတိုးတက်နိုင် မဟုတ်တော့၊ ယင်းထက် သင်၏ အကျိုးရလဒ်ကို ဆုံးဖြတ်နှင့်ပြီး ဖြစ်နိုင်ဖွယ်ရှိ၏- ယင်းမှာ သင့်အတွက် ပြဿနာတစ်ခု ဖြစ်လိမ့်မည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သောစိတ်နှလုံးကို ဘုရားသခင်ထံလှည့်ပြီးသည့်အခါမှ သမ္မာတရားကို သင်ရနိုင်မည်”)

အသက်ကို မလိုက်စားသောသူများကို သဏ္ဌာန်ပြောင်းလဲ၍ မရနိုင်ပါ၊ သမ္မာတရားကို မဆာငတ်သော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ တစ်ကိုယ်ရေ သဏ္ဌာန်ပြောင်းလဲခြင်းကို လိုက်စားရန်နှင့် ထိုထဲ ဝင်ရောက်ရန် သင်အာရုံမစိုက်ပေ၊ သင်သည် လွန်ကဲသော ထိုတပ်မက်မှုအလိုဆန္ဒများ နှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်စေပြီး သူနှင့် နီးကပ်စေရန် ချုပ်တည်းထားသော အရာများအပေါ် အမြဲတစေ အာရုံစိုက်လျက်ရှိသည်။ ထိုအရာများသည် သင့်အား သဏ္ဌာန်ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ထဲက “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် အလိုမရှိသနည်း”)

ဤအရာက စကားတစ်လုံးချင်း ကျွန်မ၏ နှလုံးသားကို စူးနှစ်ခဲ့သည်။ လူသားမျိုးနွယ်၏ ပုန်ကန်ပြစ်မှားမှုကို သည်းခံလိမ့်မည်မဟုတ်သည့် ဘုရားသခင်၏ ဖြောင့်မတ်၊ သန့်ရှင်းသော စိတ်သဘောထားကို ကျွန်မ မြင်ခဲ့ရပြီး ကျွန်မ လျှောက်ခဲ့သည့် လမ်းကြောင်းအတွက် ကျွန်မ မကြောက်ရွံ့ပဲ မနေနိုင်ခဲ့ပါ။ နှစ်များစွာ ဘုရားသခင်ကို ကျွန်မ ယုံကြည်ပြီးခဲ့သော်လည်း သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့မှန်း ကျွန်မ နားလည်ခဲ့သည်။ ကျော်ကြားမှုနှင့် အဆင့်အတန်းတို့ကို ကျွန်မ အမြဲ လိုက်စားခဲ့ပါသည်။ အခြားသူများက ကျွန်မကိုအထင်ကြီးလေးစားပြီး အားပေးကြဖို့ရန်အလို့ငှာ သူတို့ရှေ့တွင် ကျွန်မ လုပ်နိုင်သည့်အရာများကို အာရုံစိုက်ခဲ့သည်။ ဤလွန်ကဲသော စိတ်ဆန္ဒများဖြင့် ကျွန်မ ချည်နှောင်ခံခဲ့ရပြီး ထိန်းချုပ်ခံခဲ့ရသလို ဘုရားသခင်၏ စီမံခန့်ခွဲမှုများကို ကျွန်မ မနာခံနိုင်ခဲ့ပါ။ အထူးသဖြင့် ကျွန်မသည် ဘုရားသခင်ကို မနာခံနိုင်၊ မချစ်နိုင်ခဲ့ပါ။ ဤနည်းဖြင့် အဆုံးထိ ဘုရားသခင်နောက် ကျွန်မ ဆက်လိုက်မည်ဆိုလျှင် ကျွန်မ၏ အသက်တာ စိတ်သဘောထား ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပါ။ ဤဆိုးယုတ်သော သဘာဝ၏ ထိန်းချုပ်မှုမှ ကျွန်မ ဆက်လက် ဒုက္ခခံစားရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ဆက်လက် ဆန့်ကျင်ပုန်ကန်ပြီး အာခံမိမည်ဖြစ်သည်။ ထို့နောက်တွင် ကျွန်မသည် အဘယ်သို့ ဘုရားသခင်၏ ကယ်တင်ခြင်းခံရဖို့ ဖြစ်နိုင်မည်နည်း။ ကျွန်မ၏ တာဝန်များတွင် ဤပြင်ဆင်ချက်မှတဆင့် ဖောက်ပြန်ပျက်စီးခြင်း တော်တော်များများကို ကျွန်မ ဖော်ထုတ်ခဲ့သော်လည်း၊ ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်ခြင်းတွင်၊ ကျွန်မ၏ ကိုယ်ပိုင် ဆိုးယုတ်သော သဘာဝ၏ အနှစ်သာရကို ကျွန်မ နားလည်နိုင်ပြီး ဘုရားသခင်ကို ပုန်ကန်၊ ဆန့်ကျင်နေသည့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်မှာ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံခြင်းအားဖြင့်သာ ဖြစ်သည်ကို ကျွန်မ နားလည်လာခဲ့သည်။ ဤအရာက ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ဖို့၊ ဇာတိပကတိကို စွန့်လွှတ်ဖို့နှင့် အသက်တာ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုကို စွမ်းဆောင်ရရှိဖို့၊ ထိုသို့ဖြင့် ဘုရားသခင်ကို အမှန်တကယ် နာခံပြီး သူ၏ ချီးမွမ်းမှုကို ရရှိသည့် သူတစ်ဦးတစ်ယောက်ဖြစ်လာဖို့ရန် ကျွန်မကို ဦးဆောင်ခဲ့သည်။ ဤအရာကို နားလည်သည့်အချိန်တွင်၊ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ သင်ယူရန်မှာ အမှန်တကယ် လိုအပ်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ ထို့နောက်တွင်ပင်၊ ကျွန်မ စိတ်ဆုံးဖြတ်ခဲ့သည်။ အသင်းတော်က ကျွန်မအတွက် မည်သည့်တာဝန် စီစဉ်ပါစေ၊ ဘုရားသခင် ပြင်ဆင်သည့်အရာကို အပြည့်အဝ နာခံဖို့ ကျွန်မ ဆန္ဒရှိပါသည်။ ကျွန်မ၏ ကိုယ်ပိုင် ကျိုးကြောင်းဆင်ခြင်မှုကို ကျွန်မ ထည့်သွင်းဖို့ ကြိုးစားမည်မဟုတ်ပါ။ ပြီးလျှင် ကျွန်မ၏ ကိုယ်ပိုင် အကျိုးအမြတ် သို့မဟုတ် ဆုံးရှုံးခြင်းတို့ကို ကျွန်မ ထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်ပါ။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ကျွန်မ၏ တာဝန်ကို တည်ကြည်ခိုင်မြဲစွာ ဖြည့်ဆည်းပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေလိုခြင်းသာရှိပါသည်။

နောက်နေ့များတွင်၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများက သူတို့၏ တာဝန်နှင့် အလုပ်များပြီး ကျွန်မကို ကလေးထိန်းရာတွင် ကူညီဖို့ လိုအပ်ကြသည့်အခါတိုင်းတွင်၊ ကျွန်မ၏ စိတ်နှလုံးထဲမှ လက်ခံခဲ့ပြီး ကျွန်မအတွက် ဘုရားသခင် ပြင်ဆင်သော အခြေအနေကို နာခံခဲ့ပါသည်။ ကျွန်မ၏ တာဝန်ကို ဝီရိယရှိရှိ ကျွန်မ ဆောင်ရွက်ခဲ့ပြီး ကျွန်မ အေးအေးသက်သာ ခံစားခဲ့ရပြီး စိတ်၏ အေးချမ်းမှု ရှိခဲ့သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းကြီးမင်္ဂလာများစွာကိုလည်း ကျွန်မ မြင်ခဲ့ရပါသည်။ တစ်ခါတစ်ရံ ကလေးက မနာခံသည့်အခါ သို့မဟုတ် ဝုန်းဒိုင်းကြဲသည့်အခါ၊ ကျွန်မ စိတ်ဆိုးတော့မလို ဖြစ်ခဲ့သည်။ သို့သော် ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ နောက်တစ်ဖန် ဖော်ထုတ်နေသည်ကို ချက်ချင်း ကျွန်မ သတိထားမိနိုင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ထံ ကျွန်မ အပြေးအလွှားသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကာ ဘုရားသခင်၏ ရှေ့တွင်၊ ကျွန်မက ဘုရားသခင်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်ပြီး အာခံကာ ကိုယ်တော် ပြောသည့်အရာကို မလုပ်သည့် မရင့်ကျက်သော ကလေးတစ်ဦးကဲ့သို့သာ ဖြစ်ခဲ့သည်ကို မြင်ခဲ့ရသည်။ ကျွန်မ စိတ်အနှာင့်အယှက်ဖြစ်သကဲ့သို့ မခံစားခဲ့ရဘဲ ကလေးကို ကျွန်မ ပိုမို နားလည်ပြီး ခွင့်လွှတ်နိုင်ခဲ့သည်။ တစ်ခါတစ်ရံတွင် သူတို့နှင့် သေးငယ်သော အမြင်ကွဲလွဲမှုအချို့ရှိခဲ့သည်၊ ထို့ကြောင့် အရွယ်ရောက်သူ၏ နေရာကို ချွတ်ခွာပြီး သူတို့ပြောသည့်အရာကို ယူဖို့နှင့် သူတို့၏ မည်သည့် မှန်ကန်သော အကြံပြုချက်ကိုမဆို လက်ခံဖို့ ကျွန်မ ကြိုးစားခဲ့သည်။ ကလေးတစ်ဦးနှင့် မည်သို့ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ရှိပြီး သူတို့၏ ခံစားချက်များကို မည်သို့ တကယ်နားလည်ရမည်ကိုလည်း ကျွန်မ သင်ယူခဲ့သည်။ သူတို့စိတ်တွင် တစ်ခုခုရှိသည့်အခါ၊ ထိုအရာအကြောင်းကို ကျွန်မဆီ သူတို့ပြောပြကြပြီး ကျွန်မတို့ကြားတွင် မည်သည့်ဝေးကွာမှုမှ မရှိတော့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကျွန်မတို့ အတူတကွ နားထောင်ခဲ့ကြပြီး ဓမ္မတေးများကို နားထောင်ခဲ့ကြသည်။ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်နှင့် ပတ်သက်သော မိတ်သဟာယနှင့် ဘဝတွင် အခက်အခဲများ တွေ့ကြုံရသည့်အခါ ကျွန်မတို့ ဘုရားသခင်ကို မည်သို့ ဆုတောင်းပြီး သူ့အပေါ် မှီခိုရမည်တို့ကို ကျွန်မ ဝေမျှခဲ့ပါသည်။ သူတို့ကလည်း ကျွန်မကို အင်္ဂလိပ် သင်ပေးခဲ့ကြသည်။ ကျွန်မတို့ အချင်းချင်း ကူညီခဲ့ကြပါသည်။ ကလေးများ ပိုပိုပြီး နာခံလာကြပြီး အခက်အခဲများ သူတို့ ရှိကြသည့်အခါ ဘုရားသခင်ဆီ ဆုတောင်းပြီး သူ့အပေါ် မည်သို့ မှီခိုရမည်ကို သူတို့ သင်ယူခဲ့ကြသည်ကို ကျွန်မ တွေ့ရသည့်အခါ၊ ကျွန်မ အလွန်အမင်း ပျော်ရွှင်ခဲ့ရပါသည်။ ကျွန်မအနေဖြင့် ဘုရားသခင်အတွက် ကျွန်မ၏ နှလုံးသားမှ ကျေဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကို မဖော်ပြဘဲ မနေနိုင်ခဲ့ပါ။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့်ဆိုင်သော ကျွန်မ၏ အတွေ့အကြုံမှတဆင့်၊ ကျော်ကြားမှုနှင့် အဆင့်အတန်းတို့ကို လိုက်စားလိုသည့် ကျွန်မ၏ ဆန္ဒကို ကျွန်မ တဖြည်းဖြည်း လက်လွှတ်ခဲ့သည်။ ကျွန်မကို ထင်ပေါ်မှုပေးမည့် တာဝန်ကို ကျွန်မ မဆောင်ရွက်ချင်တော့သလို၊ အခြားသူများက ကျွန်မကို မည်သို့ မြင်သည်ဆိုသည်ကို ကျွန်မ အာရုံမစိုက်တော့ပါ။ ယင်းအစား၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုများကို ကျွန်မ နာခံလာနိုင်ခဲ့ပြီး ဘုရားသခင်ကို တည်ကြည်စွာ ရင်ဆိုင်ပြီး ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းလာနိုင်ခဲ့သည်။ ဤနည်းဖြင့် အသက်ရှင်ခြင်းက သက်သောင့်သက်သာနှင့် လွတ်လပ်မှုရှိပြီး လွတ်ငြိမ်းမှုတစ်ခု ဖြစ်သည်ဟု ကျွန်မ ခံစားရသည်။ ဘုရားအိမ်တော်ထဲတွင် မည်သည့်တာဝန်မျှ ကြီးသည်၊ ငယ်သည် မရှိသလို၊ နိမ့်ကျသည့်အရာနှင့် မြင့်မြတ်သည့် အရာတို့ကြားတွင် ခြားနားမှုမရှိသည်ကိုလည်း ကျွန်မ နက်နက်ရှိုင်းရှိုင်း တွေ့ကြုံခဲ့ရပါသည်။ မည်သည့် တာဝန်မျိုးကို ကျွန်မ ဆောင်ရွက်ပါစေ၊ ကျွန်မ သင်ယူရမည့်တာဝန်အပြင် ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမည့် သမ္မာတရား ပါရှိပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး သူ့ကို နာခံသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျွန်မ ရရှိနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို နားလည်ကာ ကျွန်မ၏တာဝန်ကို ဆောင်ရွက်နေသည့်အချိန်တွင် သူ၏ ကောင်းကြီးမင်္ဂလာများကို ကျွန်မ ရရှိနိုင်လိမ့်မည်ဖြစ်သည်။ ထိုအရာက ကိုယ်တော်သည် အဘယ်မျှ ဖြောင့်မတ်သည်ဆိုသည်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ မမျှမတ ဆက်ဆံခြင်းမပြုသည်ကို ကျွန်မကို မြင်ခွင့်ပေးခဲ့ပါသည်။

ဘုရားသခင်က မိန့်တော်မူခဲ့ပါသည်။ “ဘုရားသခင်သည် အပတ်တကုတ်လုပ်ရသော အဖိုးအခတစ်ခုကို အယောက်ချင်းစီတိုင်းအတွက် ပေး၏၊ ပြီးလျှင် သူ၏ အလိုတော်ကို သူတို့တစ်ဦးစီက ရှိထားကြ၏။ အယောက်ချင်းစီတိုင်းဖို့အလို့ငှာ ဘုရားသခင်သည် အပတ်တကုတ်လုပ်ရသော အဖိုးအခတစ်ခုကို ပေး၏။ သူသည် အားလုံးအတွက် မျှော်မှန်းချက်များနှင့် မျှော်လင့်ချက်ဖြင့် လူတစ်ဦးချင်းစီတိုင်းပေါ် သူ၏ အလိုတော်ကို ထားရှိ၏။ သူ၏ ကိုယ်ပိုင်အလိုတော်ဖြင့် သူအပတ်တကုတ်လုပ်ရသော အဖိုးအခကို ထိုလူများအတွက် အခမဲ့ သူပေးပြီး၊ အယောက်ချင်းစီတိုင်းအတွက် သူ၏ အသက်နှင့် သမ္မာတရားတို့ကို လိုလိုလားလား ပေးလေသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်က သူ၏ ဤအလိုတော်ကို နားလည်နိုင်လျှင် ဘုရားသခင် ကျေနပ်ဝမ်းမြောက်ပေသည်။ သူလုပ်ဆောင်သည့်အရာများကို သင် လက်ခံနိုင်ပြီး နာခံနိုင်လျှင်၊ ဘုရားသခင်ထံမှ အားလုံးကို သင် လက်ခံနိုင်လျှင်၊ သူသည် အပတ်တကုတ်လုပ်ရသည့် အဖိုးအခကို အချည်းနှီး ပေးခြင်း မဖြစ်ဟု ခံစားရ၏။ ဤအရာဆိုလိုသည်မှာ၊ သင့်အထဲ၌ ဘုရားသခင် ရင်းနှီးမြှုပ်နှံခဲ့သည့် စောင့်ရှောက်ခြင်းပြုစုခြင်း၊ အကြံအစည်တို့နှင့် လျော်ညီအောင် အသက်ရှင်နိုင်လျှင်၊ အခြေအနေတိုင်းတွင် ရလဒ်များကို သင်ရိတ်သိမ်းခဲ့ပြီး၊ သင့်အထဲရှိ ဘုရားသခင်၏ မျှော်လင့်ချက်များကို စိတ်မပျက်စေခဲ့လျှင်၊ ထို့အပြင် သင့်အပေါ် ဘုရားသခင်ပြုသောအရာက မှန်းထားသည့် ရလဒ်ကို ရရှိခဲ့ပြီး မှန်းထားသည့် ရည်မှန်းချက်ကို ရောက်ရှိခဲ့လျှင်၊ ဘုရားသခင်၏ စိတ်နှလုံး ကျေနပ်ခြင်းရှိပေ၏။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိဖို့အလို့ငှာ၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ကျွန်မ နေ့တိုင်း ကြုံရသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် အခြေအနေများအားလုံးတွင် ဘုရားသခင်၏ အလိုတော်နှင့် သူ၏ အားထုတ်မှုတို့ ပါရှိသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ နားလည်ခဲ့ရပါသည်။ ဘုရားသခင်သည် ကျွန်မအတွက် တာဝန်တစ်ခု ရှိပြီး အထူးသဖြင့် သူ၏ မျှော်လင့်ချက်ကို ကျွန်မပေါ် ထားရှိပါသည်။ ကြီးမားသည့် လောကကြီးမှ ကျွန်မကို သူ ဆယ်တင်ခဲ့ပြီးဖြစ်သည်။ ကျွန်မအတွက် ဘုရားသခင်၏ အလိုတော်မှာ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် ကျွန်မ၏ ကိုယ်ပိုင် အခန်းကဏ္ဍကို လုပ်ဆောင်ရန်ဖြစ်ပါသည်။ ဘုရားသခင်၏ ဖန်ဆင်းရာများထဲမှ တစ်ဦးအနေဖြင့်၊ ကျွန်မ၏ တာဝန်မှာ ဘုရားသခင် ပြောသည့်အရာကို အာရုံစိုက်ဖို့၊ ကိုယ်တော်၏ စီမံခန့်ခွဲမှုများကို နာခံဖို့၊ စနစ်ကျသော နည်းလမ်းဖြင့် ကျွန်မကို သူအပ်ထားခဲ့သည့်အရာကို လုပ်ဆောင်ရန်နှင့် ကျွန်မ၏ တာဝန်များကို ဆောင်ရွက်ရန် ဖြစ်သည်။ ဤသည်မှာ ကျွန်မ၏ တာဝန်ဖြစ်ပြီး ကျွန်မ ခေါင်းရှောင်လို့မရသည့် ကျွန်မ၏ တာဝန်ဖြစ်သည်။ ဤနည်းအားဖြင့် ကျွန်မသည် ဘုရားသခင်ထံမှလာသည့် အရာအားလုံးကို လက်ခံပြီး နာခံဖို့နှင့် ဘုရားသခင် ပြင်ဆင်သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးတွင် သမ္မာတရားကိုရှာဖွေဖို့၊ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ဖို့ ကြိုးစားပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ပါသည်။ အနာဂတ်တွင် ကျွန်မအပေါ် မည်သည့် အခြေအနေများ သို့မဟုတ် တာဝန်များ လာပါ့စေ၊ ထိုအရာက ကျွန်မ၏ အယူအဆများမှ မည်မျှ ဝေးပါလေ့စေ၊ လက်ခံဖို့နှင့် နာခံဖို့ ကျွန်မ လိုလားပါမည်။ ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းရန် နှလုံးသား၊ ဝိညာဉ်နှင့် စိတ်တို့ကို ကိုယ့်ကိုယ်ကိုယ် ပေးအပ်ပါမည်။ ဘုရားသခင်ကို စစ်မှန်စွာ နာခံပြီး ကိုယ်တော်၏ ချီးမွမ်းခြင်းကို ရရှိသည့် သူတစ်ဦးဖြစ်လာဖို့ ကျွန်မ ကြိုးစားပါမည်။

ယခင်က:အဆင့်အတန်း၏ အချုပ်အနှောင်များကို စွန့်ပစ်လိုက်ပြီးနောက်တွင် များစွာပို၍ ပေါ့ပါးသည်ကို ကျွန်တော် ခံစားရသည်

နောက်တစ်ခုသို့:“သဘောကောင်းခြင်း” ကို နှုတ်ဆက်ခွဲခွာခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ