အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ကိုးခုမြောက် မိန့်မြွက်ချက်

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သောကြောင့်နှင့် ငါ၏ နိုင်ငံတော်အပေါ်သင်သည် သစ္စာစောင့်သိသောကြောင့် သင်လုပ်သမျှ အရာအားလုံးသည် ငါသတ်မှတ်သော စံနှုန်းများနှင့် ပြည့်မီရမည်။ သင့်ကို လွင့်မျောနေသော တိမ်စိုင်မျှသာဖြစ်ရန် ငါမတောင်းဆိုဘဲ ဝင်းလက်တောက်ပသော နှင်းပွင့်ဖြစ်ရန်နှင့် ၎င်း၏ အနှစ်သာရကို ပိုင်ဆိုင်ရန် ထို့ထက်ပို၍ ၎င်း၏ တန်ဖိုးကို ပိုင်ဆိုင်ရန်သာ တောင်းဆိုသည်။ ငါသည် သန့်ရှင်းသောမြေမှ လာခဲ့သောကြောင့် သန့်ရှင်းသောမြေမှ မဟုတ်ဘဲ ရွှံ့နွံထဲမှ လာခဲ့သော အမည်သာရှိပြီး အနှစ်သာရ မရှိသည့် ကြာပဒုမ္မာကဲ့သို့ မဟုတ်။ အသစ်သော ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက် လာပြီး အသစ်သော ကမ္ဘာမြေကြီးသည် မိုးကောင်းကင် တစ်လွှားတွင် ပျံ့နှံ့လေသော အချိန်သည် လည်း လူသား အကြား၌ ငါသည် တရားဝင်အလုပ်လုပ်သော အချိန်ပင်ဖြစ်သည်။ လူသားတို့ထဲတွင် မည်သူသည် ငါ့အား သိကျွမ်းသနည်း။ မည်သူသည် ငါဆိုက်ရောက်လာခြင်း၏ အခိုက်အတန့်ကို ရှုမြင်ခဲ့သနည်း။ ငါ၌ အမည်သာ ရှိသည်မဟုတ်ဘဲ ထို့ထက်ပို၍ ငါ့တွင် အနှစ်သာရရှိသည်ကိုလည်း မည်သူသည် တွေ့မြင်ခဲ့သနည်း။ ဖြူသော တိမ်စိုင်များကို ငါသည် ငါ့လက်နှင့် ပယ်ရှင်းပြီး မိုးကောင်းကင်ကို စေ့စေ့ကြည့်ရှု စစ်ဆေးသည်၊ အာကာသ ဟင်းလင်းပြင်တွင် ငါ့လက်နှင့် မစီရင်သောအရာ ဘာမျှမရှိ၊ အာကာသ ဟင်းလင်းပြင် အောက်တွင်လည်း ငါ၏ တန်ခိုးကြီးလှသော လုပ်ငန်းကို ပြီးမြောက်ခြင်းအတွက် မိမိ၏ သေးငယ်သော လုံ့လကို မထည့်ဝင်သည့် လူသားတစ်ယောက်မျှမရှိ။ ငါသည် အစဉ်အမြဲပင် လက်တွေ့ကျသော ဘုရားသခင် ဖြစ်ကာ လူသားကို ဖန်ဆင်းခဲ့ပြီး လူသားကို ကောင်းစွာသိသော အနန္တတန်ခိုးရှင် ဖြစ်သောကြောင့် ငါသည် ကမ္ဘာမြေကြီးပေါ်ရှိ လူများကို ကြီးလေးသော တောင်းဆိုမှုများ မပြုပါ။ ခပ်သိမ်းသော လူတို့သည် အနန္တ တန်ခိုးရှင်၏ မျက်မှောက်၌ ရှိကြသည်။ ကမ္ဘာမြေကြီး၏ အဝေးလံဆုံးသော ချောင်ကျသည့် အရပ်များတွင်ရှိသော ထိုလူများတို့ပင် ငါ့ဝိညာဉ်၏ စိစစ်ခြင်းကို အဘယ်သို့ ရှောင်ရှားနိုင်မည်နည်း။ လူသားသည် ငါ၏ ဝိညာဉ်ကို သိကျွမ်းသော်ငြားလည်း သူသည် ငါ့ဝိညာဉ်ကိုပင် ပြစ်မှားသည်။ ငါ၏ နှုတ်ကပတ်တော်များသည် လူခပ်သိမ်းတို့၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ပြပြီး လူခပ်သိမ်းတို့၏ အတွင်းကျဆုံးသော အတွေးများကို ဖွင့်ချပြကာ ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးကို ငါ့အလင်းအားဖြင့် ထင်ထင်ရှားရှား ဖြစ်စေပြီး ငါ၏ စိစစ်ခြင်းအလယ်၌ လဲကျကြလေသည်။ လူသားသည် လဲကျသော်ငြားလည်း သူ၏ နှလုံးသားသည် ငါ့ထံမှ ဝေးကွာစွာ လမ်းလွဲသွားရန် မဝံ့ရဲပေ။ ဖန်ဆင်းခံ သတ္တဝါများထဲတွင် မည်သူသည် ငါ၏ လုပ်ဆောင်ချက်များကြောင့် ငါ့ကို မချစ်လာဘဲ ရှိသနည်း။ မည်သူသည် ငါ့နှုတ်ကပတ်တော်များ၏ ရလဒ်အနေနှင့် ငါ့ကို မတမ်းတဘဲ ရှိသနည်း။ ငါ၏ ချစ်ခြင်းမေတ္တာကြောင့် မည်သူ့ထံတွင် ဆည်းကပ်လိုသော ခံစားချက်များ မဖြစ်ပေါ်လာသနည်း။ စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကြောင့်သာ လူသားသည် ငါသတ်မှတ်ထားသည့် နယ်ပယ်သို့ ရောက်ရှိခြင်းငှာ မတတ်စွမ်း နိုင်ခြင်းဖြစ်သည်။ ယနေ့ကာလကို မဆိုထားနှင့် စာတန်က သောင်းကျန်းပြီး လွန်လွန်ကဲကဲ အာဏာရှင် ဆန်သည့် ခေတ်ကာလ သို့မဟုတ် လူသား၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် ညစ်ညူးခြင်းနှင့် ဖုံးသွားသည်အထိ စာတန်၏ အလွန်အမင်း နင်းခြေခြင်းကို ခံရသော အချိန်တွင် ငါသတ်မှတ်ထားတောင်းဆိုသည့် အနိမ့်ဆုံးသော စံနှုန်းများသည်ပင် လူသားထဲ၌ သံသယများ ဖြစ်စေသည်။ လူသား၏ ဆိုးယုတ်ခြင်းရလဒ်ကြောင့် ငါ့နှလုံးသားကို အရေးစိုက်ရန် သူ၏ ပျက်ကွက်ခြင်းသည် အဘယ်အချိန်တွင် ငါ့အား ပူဆွေးသောက မဖြစ်စေခဲ့သနည်း။ ယင်းမှာ ငါသည် စာတန်အား သနား၍ ဖြစ်နိုင်သလော။ ယင်းမှာ ငါသည် ငါ့ချစ်ခြင်းမေတ္တာ၌ မှားယွင်းခြင်း ဖြစ်နိုင်သလော။ လူသားသည် ငါ့ကို မနာခံသောအခါ ငါ၏ နှလုံးသားသည် တိတ်တဆိတ် ငိုကြွေး၏၊ လူသားသည် ငါ့ကို ဆန့်ကျင်သောအခါ ငါသည်သူ့ကို ပြစ်တင်ဆုံးမ၏၊ လူသားသည် ငါအားဖြင့် ကယ်တင်ခြင်းခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်သောအခါ ငါသည် သူ့ကို အဆုံးစွန်သော ဂရုစိုက်ခြင်းနှင့် ကျွေးမွေး၏၊ လူသားသည် ငါ့ကို နာခံသောအခါ ငါ၏ နှလုံးသားသည် သက်သာစွာ အနားယူပြီး ငါသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့ထဲ၌ ကြီးစွာသော ပြောင်းလဲခြင်းများကို ရုတ်ခြည်းပင် သတိပြုမိ၏၊ လူသားသည် ငါ့ကို ချီးမွမ်းသောအခါ ငါသည် မဝမ်းမြောက်ဘဲ မည်သို့လျှင် နေနိုင်မည်နည်း။ လူသားသည် ငါ့ကို သက်သေခံ၍ ငါ့အားဖြင့် ရရှိခြင်းခံရသောအခါ ငါသည် ဘုန်းကြီးခြင်းမရှိဘဲ မည်သို့လျှင် နေနိုင်မည်နည်း။ လူသားတို့ လုပ်သမျှသည် ငါ၏ ထောက်ပံ့ပေးခြင်းနှင့် အစိုးရခြင်း မရှိခြင်း ဖြစ်နိုင်သလော။ ငါသည် ဦးတည်ရာကို မသတ်မှတ်ပေးသောအခါ လူတို့သည် အလုပ်မရှိ အားလပ်နေလျက်နှင့် ငြိမ်သက်လျက် ရှိကြပြီး ငါ၏ နောက်ကွယ်တွင် ၎င်းတို့သည် ထို“ချီးကျူးထိုက်သော” ယုတ်ညံ့သည့် အပေးအယူများကို ဆောင်ရွက်ကြ သည်။ ငါ့ကိုယ်ငါ လွှမ်းခြုံထားသော လူ့ဇာတိသည် သင်၏လုပ်ရပ်များ၊ သင်၏ အပြုအမူများ၊ သင်၏ စကားများနှင့် ပတ်သက်၍ ဘာကိုမျှမသိဟု သင်ထင်သလော။ နှစ်ပေါင်းများစွာတိုင် ငါသည် လေဒဏ်နှင့် မိုးဒဏ်ကို ကြံ့ကြံ့ခံခဲ့သည်၊ ထိုနည်းတူစွာ လူ့လောကကြီး၏ ခါးသီးမှုကိုလည်း ကိုယ်တွေ့ခံစားခဲ့သည်၊ သို့တိုင်အောင် သာ၍ စေ့စေ့စပ်စပ် ဆင်ခြင်ကြည့်သောအခါ မည်သို့သော ချိုမြိန်မှုကပင်လျှင် ဇာတိပကတိနှင့် လူသားကို ငါ့အပေါ် စိမ်းကားလာအောင်၊ စိတ်ပျက်လာအောင် သို့မဟုတ် အထင်အမြင် သေးလာအောင် လုပ်ဆောင်နိုင်ရန် ဝေးစွ၊ မည်မျှသော ဆင်းရဲဒုက္ခ ပမာဏကပင် ဇာတိ ကပတိနှင့် လူသားအား ငါ၌ထားရှိသော မျှော်လင့်ချက်ကို ဆုံးရှုံးသွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိ။ ငါ့အတွက် ထားရှိသည့် လူသား၏ ချစ်ခြင်း မေတ္တာသည် ဝေဒနာ မခံရခြင်း သို့မဟုတ် ချိုမြိန်မှု မရှိခြင်းနှင့် ဧကန်အမှန်ပင် ကန့်သတ်ထားပါသလော။

ယနေ့တွင် ငါသည် ဇာတိပကတိထဲတွင် ကျိန်းဝပ်ပြီး ငါလုပ်ဆောင်ရမည့် အလုပ်ကို တရားဝင်စတင် လုပ်ဆောင်ခဲ့သည်၊ သို့သော် လူသားသည် ငါ့ဝိညာဉ်၏ အသံကို ကြောက်ရွံ့သော်ငြားလည်း သူသည် ငါ့ဝိညာဉ်၏ အနှစ်သာရကို နာခံခြင်းမရှိပေ။ ငါ၏နှုတ်ကပတ်တော်များထဲတွင် လူ့ဇာတိဖြစ်သော ငါ့ကို သိကျွမ်းခြင်းငှာ လူသားအတွက် မည်မျှ ခက်ခဲသည်ဆိုခြင်းကို ငါအကျယ်ချဲ့ပြောဆိုရန် မလိုအပ်။ ယခင်က ငါပြောခဲ့သည့်အတိုင်းပင် ငါ၏သတ်မှတ်ချက်များတွင် အမှားမခံခြင်းမျိုး ငါ၌မရှိ၊ ငါနှင့်ပတ်သက်၍ စုံလင်သော အသိပညာကို စွမ်းဆောင်ရရှိရန် သင်တို့အတွက် မလိုအပ် (အကြောင်းမှာ လူသားသည် မပြည့်စုံသောကြောင့် ဖြစ်သည်၊ ဤသည်မှာ ပင်ကိုအခြေအနေဖြစ်ပြီး ဆည်းပူးရရှိသော အခြေအနေများမှာ ၎င်းကို အစားထိုးရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်)။ သင်တို့သည် လူ့ဇာတိသဏ္ဌာန်နှင့် ငါပြောဆိုလုပ်ဆောင်ခဲ့သော အရာများ အားလုံးကိုသာ သိရန် လိုအပ်သည်။ ငါ၏ သတ်မှတ်ချက်များသည် အမှားမခံခြင်း မရှိသည့်အတွက် သင်တို့သည် သိကျွမ်းလာနိုင်ရန်နှင့် စွမ်းဆောင်ရရှိနိုင်ရန်မှာ ငါ၏ မျှော်လင့်ချက်ပင် ဖြစ်သည်။ သင်တို့သည် ဤညစ်ညူးသော လောကကြီးထဲရှိ မိမိတို့၏ မစင်ကြယ်မှုများကို မိမိတို့ကိုယ်များမှ မိမိ ဖယ်ရှားရမည်၊ ဧကရာဇ် မင်းများ၏ ဤခေတ်နောက်ကျသော အမျိုးအနွယ်ထဲတွင် တိုးတက်မှုရှိအောင် လုပ်ဆောင်ရမည် ဖြစ်ပြီး မိမိတို့ကိုယ်မိမိ လျှော့ပေါ့သက်ညှာခြင်း မရှိရ။ သင်သည် သင့်ကိုယ်သင် သက်ညှာခြင်း စိုးစဉ်းမျှပင် မရှိရ၊ တစ်နေ့အတွင်း ငါပြောဆိုခဲ့သောအရာကို သိရန်အလို့ငှာ သင်သည် ကြီးစွာသော အချိန်နှင့် လုံ့လကို စိုက်ထုတ်ရန် လိုအပ်ပေလိမ့်မည်။ ငါပြောဆိုခဲ့သော ဝါကျတစ်ကြောင်းထဲ၏ အသိပညာကပင် တစ်သက်တာ ကိုယ်တွေ့ ကြုံတွေ့ခြင်းမျှ ထိုက်တန်ပေသည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များသည် မရေမရာ မရှိဘဲ စိတ်ကူးသက်သက်လည်း မဟုတ်၊ ယင်းတို့သည် အချည်းနှီးစကား မဟုတ်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ရရှိရန် မျှော်လင့်ကြသော်လည်း ငါသည် ၎င်းတို့ကို အရေးစိုက်ခြင်းမရှိ။ များစွာသော လူတို့သည် ငါ၏ကြွယ်ဝခြင်းကို တောင့်တကြသော်လည်း ငါသည် ၎င်းတို့ကို တစ်ဆိတ်မျှပင် ပေးခြင်းမရှိ၊ များစွာသော လူတို့သည် ငါ၏ မျက်နှာကို မြင်တွေ့ချင်ကြသော်လည်း ငါသည် ငါ့မျက်နှာကို အစဉ်ဝှက်ထားသည်၊ များစွာသော လူတို့သည် ငါ၏အသံကို စူးစိုက်စွာ နားထောင်ကြသော်လည်း ၎င်းတို့၏ တမ်းတခြင်း ကြောင့် စိတ်ထိခိုက်ခြင်း မရှိဘဲ ငါသည် ငါ၏မျက်လုံးကို မှိတ်ကာ ငါ၏ ဦးခေါင်းကို နောက်ဘက်သို့ တိမ်းငဲ့၏၊ များစွာသော လူတို့သည် ငါ့အသံ၏ မြည်သံကို ကြောက်ရွံ့ကြသော်လည်း ငါ၏ နှုတ်ကပတ်တော် များသည် အစဉ်အမြဲပင် ထိုးစစ်ဆင်နေ၏၊ များစွာသော လူတို့သည် ငါ၏မျက်နှာကို မြင်တွေ့ခြင်းအား ကြောက်ရွံ့ကြသော်လည်း ငါသည် ၎င်းတို့ကို ထိုးနှက်ရန် တမင်တကာ ပေါ်လာ၏။ လူသားသည် ငါ၏ မျက်နှာကို မည်သည့်အခါမျှ ဧကန်အမှန် တွေ့ဖူးခြင်း မရှိခဲ့ကဲ့သို့ ငါ၏ အသံကိုလည်း မည်သည့်အခါမျှ ဧကန်အမှန် ကြားဖူးခဲ့ခြင်းမရှိ၊ အကြောင်းမှာ လူသားသည် ငါ့အား ဧကန်အမှန် မသိကျွမ်းသောကြောင့် ဖြစ်သည်။ လူသားသည် ငါ့အားဖြင့် ထိုးနှက်ခြင်းကို ခံခဲ့ရသော်ငြားလည်း၊ သူသည် ငါ့ကို စွန့်ခွာသော် ငြားလည်း၊ သူသည် ငါ၏လက်နှင့် ပြစ်တင်ဆုံးမခြင်းကို ခံခဲ့ရသော်ငြားလည်း၊ သူသည် သူလုပ်ဆောင်သမျှ သည် ငါကိုယ်တိုင်၏ နှလုံးသားနှင့် ညီညွတ်ခြင်း ရှိ၊ မရှိဆိုသည်ကို မသိသေးဘဲ ငါ၏ နှလုံးသားသည် မည်သူအား ဖွင့်ပြသည်ကိုလည်း အသိခေါက်ခက်လျက်ပင် ရှိသေးသည်။ လောကကြီးကို ဖန်ဆင်းချိန်မှစ၍ ယနေ့ထိတိုင်အောင် မည်သူတစ်ဦးတစ်ယောက်ကမျှ ငါ့ကို ဧကန်အမှန် သိကျွမ်းဖူးခြင်း မရှိ၊ သို့မဟုတ် ငါ့ကို ဧကန်အမှန် တွေ့မြင်ခဲ့ခြင်း မရှိ၊ ငါသည် ယနေ့တွင် လူ့ဇာတိခံယူခဲ့သော်လည်း သင်တို့သည် ငါ့ကို မသိဆဲပင် ရှိသေးသည်။ ဤသည်မှာ အမှန်တရားမဟုတ်လော။ သင်သည် လူ့ဇာတိထဲရှိ ငါ၏ လုပ်ဆောင်ချက်များနှင့် စိတ်သဘောထားတို့၏ အနည်းငယ်မျှကိုပင် မြင်တွေ့ဖူးပါသလော။

ကောင်းကင်ဘုံသည် ငါကျောချရာ အရပ်ဖြစ်ပြီး ကောင်းကင်ဘုံ၏ အောက်အရပ်သည် ငါအနားယူ ရာ အရပ်ဖြစ်သည်။ ငါ၌ ကျိန်းဝပ်ရန် တစ်နေရာရာရှိပြီး မည်သည့်အချိန်တွင် ငါ၏ တန်ခိုးများကို ပြသမည် ဆိုခြင်းအတွက်လည်း ငါ၌ အချိန်ရှိသည်။ အကယ်၍ ငါသည် ကမ္ဘာမြေကြီးပေါ်တွင် မရှိနေခဲ့ပါက၊ အကယ်၍ ငါသည် လူ့ဇာတိအတွင်းတွင် ငါ့ကိုယ်ငါ ဖုံးဝှက်ထားခြင်း မရှိခဲ့ပါက၊ အကယ်၍ ငါသည် နှိမ့်ချ၍ မနေဘဲ သိုဝှက်၍လည်း မနေခဲ့ပါက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးသည် ကြာမြင့်စွာကတည်းက ပြောင်းလဲခဲ့ပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ငါ၏ လူများဖြစ်ကြသော သင်တို့သည် ငါ၏ အသုံးပြုခြင်းကို ခံခဲ့ရပြီး ဖြစ်လိမ့် မည် မဟုတ်လော။ သို့သော်လည်း ငါ၏ လုပ်ဆောင်ချက်များတွင် အမြော်အမြင်ရှိ၏။ ငါသည် လူသား၏ လှည့်ဖြားမှုကို လုံးလုံးလျားလျား သိမြင်သော်လည်း ငါသည် သူ၏ စံနမူနာနောက် လိုက်လျှောက်ခြင်းမရှိဘဲ ထိုအစား ၎င်းအတွက် အလဲအလှယ်တစ်ခု ပြုလုပ်သည်။ ဝိညာဉ်ရေးရာ နယ်ပယ်ရှိ ငါ၏ ဉာဏ်ပညာသည် မကုန်ခမ်းနိုင်ဘဲ လူ့ဇာတိတွင်ရှိသော ငါ၏ ဉာဏ်ပညာသည်လည်း ထာဝရတည်တံ့သည်။ ဤသည်မှာ ငါ၏ လုပ်ဆောင်ချက်များကို မြင်သာအောင် လုပ်သည့်အချိန်ပင် မဟုတ်လော။ ငါသည် လူသားကို နိုင်ငံတော် ခေတ်ထဲဖြစ်သည့် ယနေ့ထိတိုင်အောင်ပင် ကြိမ်ဖန်များစွာ ခွင့်လွတ်ပေးခဲ့ပြီး ချမ်းသာပေးခဲ့သည်။ ငါသည် ငါ၏အချိန်ကို ယခုထက်ကြာရှည်စွာ အမှန်ပင် ရွှေ့ဆိုင်းထားနိုင်မည်လော။ ကျိုးပဲ့လွယ်သော လူသားကို ငါသည် အနည်းငယ် သာ၍ သနားကြင်နာခဲ့ဖူးသော်လည်း ငါ၏အလုပ် ပြီးစီးသွားသည်နှင့် ငါသည် အလုပ် ဟောင်းကို လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာဆဲ ဖြစ်နိုင်မည်လော။ ငါသည် စာတန်၏ ယိုးစွပ်ခြင်း ကို ခံရရန် သိလျက်နှင့်တမင် အခွင့်ပေးနိုင်မည်လော။ လူသားသည် ငါ့နှုတ်ကပတ်တော်၏ အရှိတရားနှင့် မူရင်း အနက်အဓိပ္ပာယ်ကို လက်သင့်ခံခြင်းကိုသာ လုပ်ဆောင်ရန် ငါအလိုရှိသည်။ ငါ၏ နှုတ်ကပတ်တော် များသည် ရိုးစင်းသော်လည်း အနှစ်သာရအားဖြင့် ၎င်းတို့သည် ခက်ခဲရှုပ်ထွေးသည်၊ အကြောင်းမှာ သင်တို့ သည် အလွန်တရာပင် သေးငယ်၍ အလွန်အမင်းပင် ထုံထိုင်းလာသောကြောင့် ဖြစ်သည်။ ငါသည် ငါ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တိုက်ရိုက် ဖွင့်ပြပြီး လူ့ဇာတိထဲရှိ ငါ၏ အလိုကို ထင်ရှားပြသောအခါ သင်တို့သည် မျက်မှောက်ပြုခြင်း မရှိ၊ သင်တို့သည် အသံကို နားထောင်ကြသော်လည်း အနက်အဓိပ္ပာယ်ကို နားလည်ခြင်း မရှိကြ။ ငါသည် ဝမ်းနည်းခြင်းနှင့် ပြည့်လျှံ၏။ ငါသည် လူ့ဇာတိထဲ၌ ရှိသော်ငြားလည်း ဇာတိပကတိ၏ အမှု၏ အလုပ်ကို လုပ်ဆောင်ခြင်းငှာ တတ်နိုင်ခြင်း မရှိ။

ငါ၏ နှုတ်ကပတ်တော်များနှင့် လုပ်ရပ်များ အကြားတွင် မည်သူသည် ဇာတိပကတိထဲရှိ ငါ၏ လုပ်ဆောင်ချက်များကို သိလာခဲ့သနည်း။ ငါသည် ငါ၏ ဆန်းကြယ်မှုများကို အရေးအသားထဲတွင် ဖော်ပြ သောအခါ သို့မဟုတ် ၎င်းတို့ကို ကျယ်လောင်စွာ ပြောဆိုသောအခါ လူအားလုံးတို့သည် ကြက်သေသေလျက် ၎င်းတို့၏ မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်ထားကြသည်။ ငါပြောဆိုသော အရာသည် လူသားအတွက် အဘယ်ကြောင့် နားမလည်နိုင်ဖြစ်ရသနည်း။ ငါ၏ နှုတ်ကပတ်တော်များသည် လူသား အတွက် အဘယ်ကြောင့် ဉာဏ်မမီနိုင် ဖြစ်ရသနည်း။ လူသားသည် ငါ၏ လုပ်ဆောင်ချက်များကို အဘယ်ကြောင့် မသိမြင်ရ သနည်း။ မည်သူသည် ငါ့ကို မြင်တွေ့ပြီး မည်သည့်အခါမျှ မမေ့လျော့ရန် တတ်နိုင်သနည်း။ မည်သူသည် ငါ၏ အသံကို ကြားပြီး ယင်းအသံကို ၎င်းတို့အား လွန်သွားခြင်းငှာ ခွင့်မပြုရန် တတ်နိုင်သနည်း။ မည်သူသည် ငါ၏ အလိုကို သိရှိပြီး ငါ၏ နှလုံးသားကို ကျေနပ်စေနိုင်သနည်း။ ငါသည် လူတို့အကြားတွင် နေထိုင်၍ လှုပ်ရှားသည်၊ သူတို့၏ အသက်တာများကို ကိုယ်တွေ့ ကြုံတွေ့ရန် ငါဆင်းကြွလာသည်၊ လူသားအတွက် ခပ်သိမ်းသော အရာတို့ကို ငါဖန်ဆင်းပြီးသည့်နောက်တွင် ထိုအရာတို့သည် ကောင်းပေသည်ဟု ငါခံစားခဲ့ရ သော်ငြားလည်း လူသားတို့အကြားရှိ အသက်တာမှ ငါသည် ရွှင်လန်းခြင်းမရှိသကဲ့သို့ လူသားတို့အကြားရှိ ပျော်ရွှင်မှုအားဖြင့်လည်း ဝမ်းမြောက်ခြင်းမရှိ။ ငါသည်လူသားကို ငြင်းပယ်ခြင်းနှင့် စက်ဆုပ်ခြင်း မရှိသကဲ့သို့ သူ့အား တွယ်တာခြင်းလည်းမရှိ၊ လူသားသည် ငါ့ကို သိကျွမ်းခြင်း မရှိသည့်အတွက် အမှောင်ထဲတွင် ငါ၏ မျက်နှာကို တွေ့မြင်းငှာ သူ့အဖို့ ခက်ခဲပြီး ပွက်လောရိုက်သံများ အလယ်တွင် ငါ၏အသံကို ကြားရန် ခက်ခဲ၍ ငါ၏ နှုတ်ကပတ်တော်များကို ထိုးထွင်းသိမြင်ရန် မတတ်နိုင်ဘဲရှိသည်။ ထို့ကြောင့် အပေါ်ယံသဘောအရ သင်တို့လုပ်သမျှသော အရာခပ်သိမ်းတို့သည် ငါ့ကို နာခံ၍ လုပ်သော်လည်း သင်တို့၏ နှလုံးသားထဲ၌မူ သင်တို့သည် ငါ့ကို မနာခံဆဲပင် ရှိကြသေးသည်။ လူသားမျိုးနွယ်တစ်ရပ်လုံး၏ စရိုက်ဟောင်းသည် ဤကဲ့သို့ ဖြစ်သည် ဟု ပြော၍ ရနိုင်သည်။ မည်သူသည် ခြွင်းချက်ဖြစ်သနည်း။ မည်သူသည် ငါ၏ပြစ်တင်စီရင်ခြင်း ခံယူရာ အရာဝတ္ထုများထဲမှ တစ်ခုမဟုတ်ကြသနည်း။ သို့သော်လည်း မည်သူသည် ငါ့သည်းခံခြင်း၏ အောက်တွင် မနေ သနည်း။ အကယ်၍ လူသားသည် ငါ၏ အမျက်ဒေါသအားဖြင့် ဖျက်ဆီးခြင်း ခံခဲ့ရသည်ဆိုပါလျှင် ကောင်းကင် နှင့် မြေကြီးကို ငါဖန်ဆင်းခြင်းမှာ မည်သို့ အဓိပ္ပာယ် ရှိမည်နည်း။ ငါသည် တစ်ကြိမ်က များစွာသော လူများကို သတိပေးခဲ့၍ များစွာသော လူများကို တိုက်တွန်းခဲ့ပြီး များစွာသော လူများကို လူသိရှင်ကြား တရားစီရင်ခဲ့သည်၊ ထိုအရာသည် လူသားကို တိုက်ရိုက် ဖျက်ဆီးခြင်းထက် ပို၍ ကောင်းသည် မဟုတ်လော။ ငါ၏ ရည်မှန်းချက်မှာ လူသားကို သေခြင်းသို့ ပို့ဆောင်ရန် မဟုတ်ဘဲ ငါ၏ တရားစီရင်ခြင်း အလယ်တွင် ငါ့လုပ်ဆောင်ချက်များ အားလုံးကို သူသိကျွမ်းလာအောင် ပြုရန်ဖြစ်သည်။ သင်တို့သည် အခြေမဲ့သော တွင်းနက်ကြီးထဲမှ တက်လာသောအခါ၊ တစ်နည်းဆိုရလျှင် သင်တို့သည် မိမိတို့ကိုယ်မိမိ ငါ၏ တရားစီရင်ခြင်းထဲမှ လွတ်မြောက်စေသောအခါ သင်တို့၏ ကိုယ်တိုင်ကိုယ်ကျ စဉ်းစားဆင်ခြင်ခြင်းများနှင့် အကြံအစည်များသည် အားလုံးပင် ပျောက်ကွယ်သွားကြလိမ့်မည်ဖြစ်ပြီး လူအားလုံးသည် ငါ့ကို ကျေနပ် စေရန် သံန္နိဋ္ဌာန်ချမှတ်လိမ့်မည်။ ဤတွင် ငါသည် ငါ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည် မဟုတ်လော။

၁၉၉၂ ခု နှစ် မတ်လ ၁ ရက်

ယခင်က:ရှစ်ခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:တစ်ဆယ်ခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ