အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြာဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက်

တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းတန်ခိုးသည် စကြာဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။ နေရာအနှံ့ ပျံ့နှံ့လျက်ရှိသည့် လူသားများအတွင်း ငါ၏ဆန္ဒသည် သရုပ်ပေါ်နေပြီး ၎င်းတို့အားလုံးကို ငါ၏လက်ဖြင့် ဦးတည်ပေးနေကာ ၎င်းတို့သည် ငါခိုင်းရာ အမှုကို ဆောင်ရွက်နေကြသည်။ ယခုအချိန်မှစ၍ လူသားအားလုံးကို အခြားကမ္ဘာတစ်ခုအတွင်း ခေါ်ဆောင်လျက် ငါသည် ခေတ်သစ်တစ်ခုအတွင်း ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ငါဇာတိမြေသို့ ပြန်သည့်အခါ လူသားသည် ငါ့ကို ပိုမိုလေးနက်စွာ သိကျွမ်းစေခြင်းငှာ ငါ၏မူလအစီအစဉ်ရှိ အမှု၏ နောက်အစိတ်အပိုင်းတစ်ခုကို စတင်ခဲ့သည်။ ငါသည် စကြဝဠာတစ်ခုလုံးကို ကြည့်လျက်ငါ၏အမှုဆောင်ရွက်ရန် အချိန်ကောင်း ဖြစ်ကြောင်းတွေ့[က]သဖြင့် ငါသည် လူသားအပေါ် ငါ၏အမှုသစ်ကို ခေါက်တုံ့ခေါက်ပြန် လျင်မြန်စွာ ဆောင်ရွက်နေသည်။ အကယ်စင်စစ် ဤသည်မှာ ခေတ်သစ်ဖြစ်ပြီး ဤခေတ်သစ်အတွင်း လူသစ်များကို ပို၍ ခေါ်လာနိုင်ကာ ငါဖယ်ရှားရမည့် လူများကို ပို၍ဖယ်ရှားရန်အလို့ငှာ ငါသည် အမှုသစ်ယူလာခဲ့သည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ထမ်းဆောင်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းစေပြီးနောက် ၎င်းတို့အများအပြား လေတိုက်သည့် အထဲ တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် တလင်းပြင် ဖြစ်ပြီး ငါတောင့်တရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားမှာ ငါအမှုထမ်းနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း ငါသည် ၎င်းတို့ကို အလျင်စလို မောင်းနှင်ထုတ်ရန် မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ၎င်းနောက်မှ ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘော သဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန်ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ၎င်းအခြေအနေများကို ရင်ဆိုင်လျက်ငါသည် ဤအမှု၏အဆင့်ကို ထမ်းဆောင်သည်။ ငါရရှိသည်မှာ အညစ်ကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့် သည်။ နတ်ဆိုးများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိ။ ဤအခွင့်အရေးကို အရယူလျက်ငါသည် ထိုစဉ်းလဲသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် စဉ်းလဲသူတို့ကို ဤသို့ပြု၏။ သို့သော်လည်း ငါ့ဝန်ထမ်းရန်နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။ လူသားတို့၏ ကောင်းချီးမင်္ဂလာ ခံစားလိုစိတ်မှာ ပြင်းပြ လွန်းသည်။ ထို့ကြောင့် ငါသည် ပြောဆိုထိုက်သည့် စကားများကို ပြောဆိုကာ လူသားတို့အား ၎င်းတို့ လိုအပ်သည်များကို ထောက်ပံ့ပေးစဉ်၊ လူသားတို့သည် ၎င်းတို့၏ လောကအတွင်း နေထိုင်လျက်ကိုယ့်ကိုယ် စီရင်နိုင်ခြင်းအလို့ငှာ၊ ငါသည် ကိုယ်ကိုလှည့်၍ ဘုန်းတန်ခိုးကြီးသော မျက်နှာကို တပါးအမျိုးသားတို့၏ နိုင်ငံများအားပြ၏။ လူသားတို့ အသိတရား ဝင်လာသောအခါ ငါသည် ငါ၏အမှုကို ပျံ့နှံ့စေ ပြီးသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ ထိုအခါ ငါသည် ငါ၏ဆန္ဒကို လူသားတို့အား ထုတ်ဖော်ပြပြီး လူသားတို့အပေါ် ငါ၏အမှု ဒုတိယအပိုင်းကို စတင် ဆောင်ရွက်မည်။ လူသားအားလုံးတို့အား ငါ၏အမှုနှင့် ညှိနှိုင်းဆောင်ရွက်ရန် ငါ့နောက် အနီးကပ် လိုက်စေလျက် ငါဆောင်ရွက်ရမည့်အမှုကို ၎င်းတို့တတ်စွမ်းသမျှ ငါနှင့်အတူ ဆောင်ရွက် စေမည်။

ငါ၏ ဘုန်းတန်ခိုးကို တွေ့လိမ့်မည်ဟု ၎င်းတို့ တစ်စုံတစ်ယောက်တွင်မျှ ယုံကြည်ခြင်းမရှိ၊ ငါသည် လည်း ၎င်းတို့အား အတင်းအကျပ် ခိုင်းမည့်အစား ငါ၏ဘုန်းတန်ခိုးကို လူသားအလယ်မှ ဖယ်ရှားလျက် အခြားကမ္ဘာသို့ ယူဆောင်သွားသည်။ လူသားတို့ နောင်တစ်ကြိမ် နောင်တရသည့်အခါ ငါ၏ဘုန်းတန်ခိုးကို ယူဆောင်ကာ ယုံကြည်သူတို့အား ပို၍ပြမည်။ ဤသည်မှာ ငါအမှုထမ်းဆောင်ရာ နိယာမဖြစ်သည်။ ငါ၏ ဘုန်းတန်ခိုးသည် ခါနာန်ပြည်မှ စွန့်ခွာချိန်ရှိပြီး ရွေးချယ်ထားသူတို့ထံမှလည်း စွန့်ခွာချိန်ရှိသောကြောင့်ဖြစ်၏။ ထို့အပြင် တစ်ကမ္ဘာလုံး မှိန်သွားပြီး အမှောင်ထုအတွင်း သက်ဆင်းသွားစေသည့် တစ်ကမ္ဘာလုံးကို ငါ၏ဘုန်းတန်ခိုး စွန့်ခွာချိန်ရှိသည်။ ခါနာန်ပြည်ပင်လျှင် နေရောင်ကို မမြင်စေရ။ လူသားအားလုံး ယုံကြည်မှု ပျောက်ဆုံး သော်လည်း မည်သူမျှ မွှေးကြိုင်သည့် ခါနာန်ပြည်ကို စွန့်ခွာနိုင်ခြင်းငှာ မစွမ်းပါ။ ငါသည် ကောင်းကင်ဘုံ အသစ်နှင့် မြေကြီးအသစ်သို့ ရောက်သွားသည့်အခါမှ ငါ့ဘုန်းတန်ခိုး၏ တစ်ခြားဘက်ကို ခါနာန်ပြည်တွင် အရင်ဖော်ပြမည်။ ပိန်းပိတ်အောင် မှောင်သော ညအတွင်း နစ်မြုပ်နေသည့် တစ်ကမ္ဘာလုံး အလင်းသို့ ရောက်ရှိစေခြင်းငှာ အလင်းရောင် အနည်းငယ်ဖြင့် တစ်ကမ္ဘာလုံး ထွန်းလင်းသွားစေမည်။ တစ်ကမ္ဘာလုံးရှိ လူသားများအား အလင်းမှ ခွန်အားရယူရန် လာရောက်စေပြီး နိုင်ငံတိုင်းတွင် ငါ၏ဘုန်းတန်ခိုး တိုးပွား စေလျက် အသစ်ပေါ်ထွန်းစေမည်။ ငါသည် လူ့ကမ္ဘာကို လွန်လေပြီးသော ကာလများစွာက လာရောက်ခဲ့ပြီး ငါ၏ဘုန်းကို ဣသရေလပြည်မှ အရှေ့တိုင်းသို့ ယူဆောင်လာခဲ့ကြောင်း လူသားအားလုံးကို သိစေမည်။ အကြောင်းမူကား ငါ၏ဘုန်းတန်ခိုးသည် ကျေးဇူးတော် ခေတ်မှ ယနေ့တိုင် ယူဆောင်လာခဲ့သော အရှေ့တိုင်းမှ ထွန်းလင်းသည်။ သို့သော် ငါသည် ဣသရေလပြည်မှ ထွက်ခွာလာသည် ဖြစ်ပြီး ထိုနေရာမှ အရှေ့တိုင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အရှေ့တိုင်း၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့် အခါမှ ကမ္ဘာတဝန်းရှိအမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည်လွန်ခဲ့သော ကာလများစွာတွင် ဣသရေလပြည်မှ ထွက်သွား၍ အရှေ့တိုင်းတွင် အသစ်တစ်ဖန် ပေါ်ထွက်လာနေသည်ကို တွေ့ရှိကြမည် ဖြစ်သည်။ ဣသရေလပြည်သို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ၎င်းမှထွက်ခွာလာခဲ့ခြင်းကြောင့် ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပါ။ အကြောင်းမူကား ငါ၏အမှုသည် စကြာဝဠာတစ်ခုလုံးကို လမ်းပြခြင်း ဖြစ်သည့်အပြင် အရှေ့တိုင်းမှ အနောက်တိုင်းသို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ၎င်းအကြောင်းရင်းကြောင့် ငါသည် အရှေ့တိုင်းသို့ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့တိုင်း သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့် စကြာဝဠာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းငှာ ခါနာန်ပြည်တွင် ငါသည် ဖွင့်ဟခြင်းများ ဆက်လက် ပြုလုပ်သည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ မြေပြင်တစ်ခုလုံး အလင်းမရှိပါ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ပျက်စီးနေ၏။ ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းတစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါရှိခဲ့သော ဘုန်းတန်ခိုးကို မြင်စေမည်။ လွန်လေပြီးသော ကာလများစွာက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်။ မရေတွက် နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏အရှင်၊ တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များမှ ညှဉ်းပန်းခဲ့သည့် ငါ၏ရုပ်သွင် အပြည့်အဝကို ကြည့်စေမည်။ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုထမ်းပြီး အမှုကြီးကို ဆောင်ရွက်မည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ဖော်ပြမည်။ ယုဒပြည်တွင် ငါ၏ဘုန်းတန်ခိုး မရှိစေတော့ရန် ငါသည် ဘုန်းတန်ခိုးကို လွန်ခဲ့သောကာလများစွာက ယူလိုက်ကာ အရှေ့တိုင်းသို့ ယူဆောင်ခဲ့ကြောင်း အားလုံး သိစေခြင်းအလို့ငှာ ငါ့ကို နှစ်ပေါင်းများစွာ စောင့်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကိုညှဉ်းပန်းသူလူသားမျိုးနွယ် အားလုံးအား ဘုန်းထင်ရှားသည့် ငါ၏မျက်နှာတစ်ခုလုံး ပြမည်။ နောက်ဆုံးသောကာလ ရောက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှု ထမ်းဆောင်လျှက်ရှိပြီး အရှေ့တိုင်းတွင် စဉ်ဆက်မပြတ် မိုးပျက်ကျနေလျှက် တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေသည်။ လူသားအားလုံးကို ပစ္စုပ္ပန်သို့ လမ်းပြခဲ့သည်မှာ ငါ၏အသံဖြစ်သည်။ ငါ၏အသံဖြင့် လူသားအားလုံကို အနိုင်ယူမည်။ လူသားအားလုံးကို ဤစမ်းချောင်းအတွင်း ကျစေပြီး ငါ၏ရှေ့မှောက် နာခံစေမည်။ အကြောင်းမူကား ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့တိုင်းတွင် အသစ်တစ်ဖန် ထုတ်ဝေခဲ့ပြီ ဖြစ်သည်။ အဘယ်သူသည် ငါ၏ဘုန်းကိုမြင်ရရန် မတောင့်တသနည်း။ အဘယ်သူသည် ငါပြန်လာမည့် အချိန်ကို စိုးရိမ်ကြီးစွာ စောင့်၍ မနေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မတောင့်တ သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲနေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုအကြောင်း မစဉ်းစားဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်မည့်သူ ပြန်လာမည်ကို မတောင့်တဘဲနေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်း ဆိုင်လျှက် နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အစွမ်းကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏ခံတွင်း အတွင်းရှိ နှုတ်ကပတ်တော်သည် လူသား၏ ရတနာဖြစ်ပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်ကို ချစ်ခင် မြတ်နိုးသည်။ အရှေ့တိုင်းမှသည် အနောက်တိုင်းအထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်ကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သည်။ သို့သော် နှုတ်ကပတ်တော်တွင် ပျော်ပိုက်ခြင်းမှာ ပို၍များပါသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ဝမ်းမြောက်ပျော်ရွှင်လျက် ငါကြွလာမည့် အချိန်အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြပါသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အကြား တရားဝင် ဝင်ရောက်မည်။ ဖြာထွက်လျက်ရှိသော ငါ၏ဘုန်းတန်ခိုးနှင့် ငါ၏ ခံတွင်းရှိ နှုတ်ကပတ်တော် အားဖြင့် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့တိုင်းမှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည်လည်း အရှေ့တိုင်း၏ သံလွင်တောင်ပေါ်သို့ ဆင်းသက်ပြီဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ အရှေ့တိုင်း၏ လျှပ်ပြက်ခြင်းကဲ့သို့ မြေကြီးပေါ်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်း ထိုသူတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး လူသားမျိုးနွယ်အကြားမှ ထွက်ခွာလာပြီးနောက်၊ ဘုန်းတန်ခိုးဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကတည်းက ဝတ်ပြုခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ နှစ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သူ မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်းဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကိုလာစေလျက် ဘုန်းတန်ခိုးရှိသော ငါ၏ မျက်နှာကို ဖူးမျှော်ပါစေ။ ငါ့အသံကို ကြား၍ ငါ၏အလုပ်ဆောင်ချက်တို့ကို ကြည့်ပါစေ။ ဤသည်မှာ ငါ၏အလိုဆန္ဒ တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုပါစေ။ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုပါစေ။ လူတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံပါစေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အောက်ခြေမှတ်စုများ

(က) မူရင်းစာတွင် “ဖြစ်ကြောင်းတွေ့” ကို ချန်လှပ်ထားပါသည်။

ယခင်က:ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား

နောက်တစ်ခုသို့:နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

သင်နှစ်သက်နိုင်သည့် အရာများ