အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အနန္တတန်ခိုးရှင်၏ သက်ပြင်းချညည်းညူသံ

သင်၏ နှလုံးသားထဲတွင် ကြီးမားလှသော လျှို့ဝှက်ချက်တစ်ခုရှိနေပါသည်။ သင်ထိုအချက်ကို ဘယ်ခါမှ သင်မသိနိုင်၊ အကြောင်းမှာ သင်သည် အလင်းရောင်မဲ့သည့် လောကတွင် နေထိုင်နေသောကြောင့် ဖြစ်၏။ သင့်နှလုံးသားနှင့် စိတ်ဝိညာဉ်ကို မကောင်းမှုတစ်ခုခုက ဆောင်ယူထားခဲ့လေပြီ။ အမှောင်က သင့်မျက်စိကိုကွယ်ထားသဖြင့် ကောင်းကင်ထဲမှ နေကိုလည်းကောင်း၊ ညတွင်တဖျတ်ဖျတ်လက်နေသော ကြယ်များကိုလည်းကောင်း မမြင်နိုင်ပဲ

ဖြစ်နေသည်။ သင့်နားကိုလှည့်စားသောစကားများပိတ်ဆို့နေသဖြင့် မိုးချုန်းသံလိုကျယ်သော ယေဟောဝါဘုရား သခင်၏အသံကိုလည်းကောင်း၊ အထက်ကောင်းကင်ပလ္လင်မှ လျင်မြန်စွာတသွင်သွင်စီးဆင်းနေသော ရေစီးသံကို လည်းကောင်းသင်မကြားနိုင်တော့။ အနန္တတန်ခိုးရှင်က သင့်အားအပ်နှင်းထားသော အရာရာတိုင်းနှင့် သင်ပိုင်ဆိုင်သင့်သော အရာရာတိုင်းကို သင်ဆုံးရှုံးသွားခဲ့ပြီ။ အဆုံးမရှိသောခါးသီးခြင်းပင်လယ်ထဲသို့ ကယ်တင်နိုင်သော အင်အားတစ်စုံတရာကိုမတွေ့ရပဲ၊ ရှင်သန်ရုန်းကန်နိုင်သော မျှော်လင့်ချက်မရှိပဲ ရုန်းကန်လှုပ်ရှားရန်တစ်ခုတည်းအတွက်သာ သင်သည် ၀င်ရောက်ခဲ့ပြီ …. ထိုအချိန်တွင် မကောင်းမှု တစ်ခုကြောင့် စိတ်ဒုက္ခရောက်လျက် ကံဆိုးမိုးမှောင်မှု ကြုံတွေ့နေရပြီ၊ အနန္တတန်ခိုးရှင်၏ ကောင်းချီးမှလည်းကောင်း၊ ထောက်ပံ့မှုများမှလည်းကောင်း ဝေးကွာနေလေပြီ၊ ပြန်လမ်းမရှိသော လမ်းပေါ်သို့ သင်ရောက်နေခဲ့ပြီ။ အကြိမ်တစ်သန်းပင် သင့်ကိုခေါ်နေလည်း သင့်နှလုံးသားနှင့် စိတ်ဝိညာဉ်တို့မှာ နိုးထရန်ခက်ခဲလှ၏။ မကောင်းမှုတစ်စုံတရာ၏လက်ထဲတွင် သင်သည်နှစ်ခြိုက်စွာအိပ်ပျော်နေပြီး ၄င်း၏လမ်းအမည်မရှိ၊ လမ်းညွှန်မရှိသော အဆုံးမဲ့ နယ်ပယ်တစ်ခုထဲသို့ သင်သည် ဆွဲဆောင်ခံခဲ့ရပြီ။ ထိုမှတစ်ဆင့်သင်၏မူလသန့်စင်ခြင်း၊ အပြစ်ကင်းခြင်းတို့သည် သင့်၌ပျောက်ကွယ်သွားပြီး၊ အနန္တတန်ခိုးရှင်၏ ဂရုစိုက်မှုမှလွတ်ရန် စတင်၍ ဖုံးကွယ်ထားခြင်း ခံရတော့သည်။ ထိုမကောင်းမှု တစ်စုံတရာသည် သင့်နှလုံးသားကို အရာရာကြိုးကိုင်ထားလျက် ယင်းသည် သင့်ဘ၀ပင် ဖြစ်လာတော့သည်။ သင်သည် သူ့ကိုနည်းနည်းမှမကြောက်၊ သူ့ကို ရှောင်ဖို့နည်းနည်းမှမတွေး၊ သူ့အပေါ်သံသယလည်း စိုးစဉ်းမှမရှိချေ။ ထိုအစား သင့်နှလုံးသားထဲတွင် သူ့ကို ဘုရားကဲ့သို့ပင် ထင်မြင်၊ ဆက်ဆံနေလေသည်။ သင်သည် သူ့ကို ဘုရားအမှတ်နှင့် ဌာပနာတည်ကာ စတင် ရှိခိုးခြင်း၊ သူ့အရိပ်ကဲ့သို့ နေခြင်း၊ သေရေးရှင်ရေးကိစ္စများတွင်ပင် အပြန်အလှန်ကတိပြုသည်အထိ ဖြစ်လာသည်။ သင့်၏အစ၊ ဇာစ်မြစ်သည် ဘယ်နေရာဖြစ်သည်၊ ဘာ့ကြောင့် သင်သည်အသက်ရှင်နေသည်၊ ဘာ့ကြောင့်သင်သေရမည်ကို သင်သည် စိုးစဉ်းမှ မတွေးခဲ့ဖူးပေ။ သင်သည် အနန္တတန်ခိုးရှင်အား လူစိမ်းတစ်ဦးလိုရှုမြင်နေသည်။ သူ၏ မူလအစကိုသင်ကမသိခဲ့၊ သူပြုခဲ့သော အရာတိုင်းသည် သင့်အတွက်ဖြစ်သည်ကိုပင် မသိပဲဖြစ်နေသည်။ သူ့ထံမှလာသော အရာရာသည် သင့်အတွက်မုန်းစရာ ဖြစ်နေခဲ့သည်၊ သင်က ယင်းတို့ကို ချစ်ခင်မြတ်နိုးရမှန်း၊ တန်ဖိုးထားရမှန်းမသိခဲ့။ သင်သည် ဘုရားထံမှ အထောက်အပံ့များကိုရရှိခဲ့သည့်နေ့မှာပင် ထိုမကောင်းဆိုးဝါးနှင့်စတင်လျှောက်လှမ်းခဲ့သည်။ သင်နှင့် ထိုမကောင်းဆိုးဝါးတို့သည် လေပြင်းမုန်တိုင်းအောက်တွင် နှစ်ပေါင်းထောင်ချီ၍ ဖြတ်သန်းလာခဲ့ကြရ၏။ ထိုသူနှင့်အတူ သင်သည် သင့်အရင်းအမြစ်ဖြစ်သော ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည်။ သင်ပျက်စီးတော့မည့်အချိန်ကို ရောက်သည်ကိုမသိသည့်အပြင် သင်သည် နောင်တပင်မရပေ။ ထိုမကောင်းဆိုးဝါးသည် သင့်ကို သွေးဆောင်ပြီး ဒုက္ခပေးခဲ့သည်ကို သင်မေ့နေပြီ၊ သင့်ဇာစ်မြစ်ကိုလည်း သင်မေ့နေပြီ၊ မကောင်းဆိုးဝါးသည် သင့်ကို ယခုတိုင် တစ်ဆင့်ပြီးတစ်ဆင့် ဖျက်စီးလျက်ရှိသည်။ သင့်နှလုံးသားနှင့်ဝိညာဉ်ရှိ အသိအာရုံတို့သည် ညစ်ညမ်းကာ ဆွေးမြေ့ခဲ့လေပြီ။ သင်သည် လောက၏ဒုက္ခဝေဒနာကို ဆင်ခြေမတက်နိုင်၊ လောက၏မတရားမှုကိုလည်း မယုံနိုင်ဖြစ်နေသည်။ သင်သည် အနန္တတန်ခိုးရှင်၏ တည်ရှိမှုကိုလည်းဂရုမစိုက်တော့ပေ။ အကြောင်းမှာ မကောင်းဆိုးဝါးကို ဖခင်သဖွယ် သင်ကသတ်မှတ်လာပြီး သူနှင့်မခွဲမခွါနိုင်ဖြစ်လာသည်။ ဤသည်မှာ သင့်နှလုံးသား၏ လျှို့ဝှက်ချက်ဖြစ်ပေသည်။

အရုဏ်တက်တွင် နံနက်ကြယ်က အရှေ့ကတက်လာသည်။ ယင်းသည် ယခင်ကထိုနေရာတွင်မရှိခဲ့ဖူးသော ကြယ်ဖြစ်သည်။ ယင်းကြယ်သည် ကြယ်များပြည့်နေသော ကောင်းကင်တွင်လင်းနေပြီး လူတို့၏ နှလုံးသားထဲတွင် ငြိမ်းနေသောမီးကို တဖန်ထွန်းလင်းပေးလိုက်လေသည်။ လူတို့မှာထိုအလင်းရောင်ကြောင့် နောက်တဖန် အထီးကျန်မှုကို မခံစားကြရတော့ပေ။ ထိုအလင်းရောင်သည်သင့်အပေါ်နှင့် အခြားသူတို့အပေါ်တွင် ထွန်းလင်းနေသဖြင့်အလွန်မှောင်မိုက်သော ညပင်ဖြစ်စေကာမူ သင်သည်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပေလိမ့်မည်။ သင်သည် ခေတ်သစ်တစ်ခုဖြစ်သည့် ကောင်းကင်သစ်နှင့် မြေကြီးသစ် ဆိုက်ရောက်လာခြင်းကိုသတိပြုမိရန် မတတ်နိုင်၊ အလင်းနှင့် အသံကိုသော်လည်း မတွေ့နိုင်၊မကြားနိုင်။ အကြောင်းမှာ သင့်အဖေက သင့်ကို ဤသို့ ဆိုခဲ့၏။ “ငါ့သား၊ အိပ်ရာကမထနဲ့ဦး၊ အခုထိ စောသေးတယ်။ အပြင်မှာ အေးတယ်၊ အိမ်ထဲမှာပဲနေ၊ အဲဒီလိုမနေရင် ဓားနဲ့လှံတွေက မင်းမျက်လုံးတွေကိုထိုးဖောက်ကြလိမ့်မယ်။” သင်ကတော့ သင်အဖေရဲ့တိုက်တွန်းစကားကိုပဲ ယုံမှာပေါ့။ ဘာလို့လဲဆိုရင် သင့်အဖေက ပိုအသက်ကြီးပြီး၊ သင့်ကိုအမှန်ချစ်တယ်ထင်လို့ မှန်တယ်လို့ သင်ဆိုနေတာလေ။ အဲဒီလိုတိုက်တွန်းချက်တွေနဲ့၊ အချစ်တွေဟာ ဤလောကထဲမှာ အလင်းရှိနေတယ်ဆိုတာကို ပုံပြင်လို ထင်စေမှာပေါ့။ လောကထဲမှာ သမ္မာတရားရှိတယ် ဆိုတာကိုလည်း ဂရုမစိုက်ပဲ ဖြစ်သွားစေမှာပေါ့။အနန္တတန်ခိုးရှင်ရဲ့ ကယ်တင်မှုကို မျှော်လင့်ဖို့ဆိုတာလည်း မတွေးတောတတ်တော့ပြီပဲ။ သင်ကလက်ရှိပိုင်ဆိုင်ထားတာတွေနဲ့သာ ကျေနပ်နေပြီး အလင်းရောင်ထွန်းလင်းလာမှာကိုလည်း မမျှော်လင့်တော့ဘူး အနန္တတန်ခိုးရှင် ကြွလာမယ်ဆိုတဲ့ ကိစ္စကလည်း တကယ်ဖြစ်လာမယ်ဆိုတာကိုလည်း ဘယ်အခါမှ မှန်းမျှော်မနေတော့ဘူး။ သင့်မျက်လုံးထဲမှာတော့ လှပတာတွေဟာ သေဆုံးသွားကြမှာ၊ ပြန်ရှင်သန်တယ်ဆိုတာ ဘယ်မှာရှိမှာလဲ၊ သင့်မျက်လုံးထဲမှာ လူသားတွေဟာ အနာဂတ်မှာ ပျောက်ကွယ် ပျက်စီးသွားကြမှာ။ သင်ကတော့ သင့်အဖေရဲ့ အ၀တ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး၊ ဒုက္ခတွေအတူတူ ခံစားလိုမှာပေါ့၊ သင့်လမ်းကိုညွှန်ပြတဲ့ ခရီးသွားဖေါ်ကြီး ပျောက်ကွယ်သွားမှာကို ကြောက်နေမှာပေါ့။ ကျယ်ပြန့်ရှုပ်ထွေးသောလောကကြီးသည် သင်ကဲ့သို့သောသူအများအပြားကို ဤကမ္ဘာကြီး၏ မြောက်မြားစွာသော အခန်းကဏ္ဍအသီးသီးတို့အား မကြောက်မရွံ့မတွန့်မဆုတ်ပဲ လုပ်ဆောင်ပေးခဲ့ပြီ။ ယင်းတွင် သေခြင်းကို လုံးလုံးမကြောက်ကြသော “စစ်သည်” များစွာကိုမွေးထုတ်ပေးခဲ့သည်။။ ဆက်ပြောရလျှင် ညစ်ညမ်းသော၊ မသန်စွမ်းသောလူများကို အသုတ်လိုက် မွေးထုတ်ခဲ့ပြီး၊ ထိုသို့ထွက်ပေါ်လာကြသောသူတို့မှာ သူတို့အား ဖန်ဆင်းခဲ့ရခြင်း၏ရည်ရွယ်ချက်ကို နားမလည်ကြပေ။ အနန္တတန်ခိုးရှင်၏ မျက်လုံးတို့သည် ဒုက္ခခံစားနေရသော လူမျိုးတို့အား စေ့စပ်စွာကြည့်ရှုတော်မူ၏။ ခံစားနေကြရသော ဒုက္ခသည်တို့၏အသံများကို ကြားတော်မူ၏။ အရှက်ကင်းစွာ ဒုက္ခဖြစ်မှုများကိုမြင်တော်မူ၏။ ကယ်တင်ခြင်း ပျောက်ဆုံးနေသော လူမျိုးတို့၏ ကယ်ရာမဲ့မှုနှင့် ကြောက်လန့်စိုးရိမ်မှု တို့ကို ခံစားသိရှိတော်မူ၏။ လူသားတို့သည် ဘုရား၏ဂရုစိုက်မှုကိုငြင်းပယ်လျက်၊ သူတို့လမ်းကိုသူတို့လျှောက်ခဲ့ကြ၏။ ဘုရား၏ ရှာဖွေနေသောမျက်လုံးများကွယ်ရာသို့ ရှောင်ရှားခဲ့ကြသည်။ သူတို့သည် ရန်သူတို့နှင့်အတူ နက်နဲသောပင်လယ်၏ ခါးသီးမှုများကိုသာ၍ မြည်းစမ်းလိုကြ၏။ အနန္တတန်ခိုးရှင်၏ သက်ပြင်းချညည်းညူသံကို ဘယ်သောအခါမှ ကြားနိုင်မည်မဟုတ်။ အနန္တတန်ခိုးရှင်၏ လက်သည် အကြီးအကျယ်ပျက်စီးနေသော လူသားမျိုးတို့ကို တို့ထိလိုတော့မည်မဟုတ်။ သူသည် သူ့လုပ်ဆောင်မှုကိုရရှိလိုက်၊ ဆုံးရှုံးလိုက်နှင့် အချိန်နှင့်အမျှ ဆက်တိုက် ဆောင်ရွက်လျက်ရှိ၏။ ထိုအချိန်တွင် သူသည် ပင်ပန်းလာ၍ သူ့လက်ထဲရှိအမှုများကို ရပ်လိုက်လျှင်လည်း လူတွေကအံ့သြကြလိမ့်မည်မဟုတ်…. လူတွေက ထိုပြောင်းလဲမှု အသွားအလာများ၊ အနန္တတန်ခိုးရှင်၏ စိတ်ပျက်၀မ်းနည်းမှုများကို ဂရုပြုမိကြမည်မဟုတ်။

ဤလောကကြီးသည် အနန္တတန်ခိုးရှင်၏ စိတ်ကူးနှင့်အတူ သူ၏ မျက်မှောက်တော်အောက်၌ပင် လျှင်မြန်စွာ ပြောင်းလဲနေပါသည်။ လူသားတို့မကြားဖူးသော ကိစ္စတို့သည် လျှင်မြန်စွာဖြစ်ပွား ပေါ်ပေါက်လျက်ရှိပေသည်။ ယခုတိုင် လူသားတို့ အမြဲပိုင်ဆိုင်သောအရာတို့သည်မထင်မှတ်ပဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြသည်။ အနန္တတန်ခိုးရှင်၏ နာမ်တရားစွမ်းအင် အဘယ်သို့ဖြစ်သည်ကို လူသားတို့က သိမှတ်နိုင်ခြင်းမရှိသေး။ ဂဃနဏ သဘောမပေါက်ကြပဲ သူ၏အသက်တန်ခိုးတော်ကြီးမားမှုနှင့် နက်ရှိုင်းမှုအတိုင်းအတာတို့ကို မည်သူကမှ မခံစားနိုင်ကြသေး။ သူ၏ နာမ်တရားစွမ်းအင်မှာ လူသားတို့မသိရှိနိုင်သည်များကို သိရှိနိုင်စွမ်းရှိသည်။ သူသည် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်တော်မူပြီး ကြီးမြတ်စွာတည်လျက်ရှိ၍ ယခုတိုင် လူသားတို့ကိုကယ်လျက် ရှိနေသော်လည်း လူသားတို့၏ ငြင်းပယ်မှုကိုခံရတော်မူ၏။ ဘုရားသည် သေခြင်းနှင့် အသက်ရှင်ခြင်း၏ အနက်ကို သိတော်မူ၏။ ထို့ပြင်သူဖန်ဆင်းခဲ့သောလူသားတို့အတွက် အသက်ရှင်ရန် စည်းမျဉ်းများကို သိတော်မူလေ၏။ သူသည် လူသားတို့တည်ရှိမှု၏ အခြေခံဖြစ်ကာ လူသားတို့ အသက်ပြန်ရရန် ရွေးနှုတ်သူလည်း ဖြစ်တော်မူ၏။ သူသည် စိတ်ပျက်၀မ်းနည်းနေသော နှလုံးသားများကို ၀မ်းမြောက်သောနှလုံးသားများဖြစ်လာစေရန် ချိန်ညှိပေးနိုင်တော်မူ၏။ ယင်းတို့ကား ဘုရား၏ အမှုတော်နှင့် စီမံမှုများဖြစ်ကြ၏။

လူသားမျိုးသည် အနန္တတန်ခိုးရှင်၏ ထောက်ပံ့မှုကိုလစ်လျူရှုမည်ဆိုလျှင် သူတို့၏တည်ရှိမှုကိုသိနိုင်မည် မဟုတ်သည့်အပြင် သေခြင်းကိုလည်းဆက်၍ကြောက်ရွံ့နေကြရလိမ့်မည်။ လူသားတို့သည် ကူညီထောက်ပံ့မှုများ မရှိသော်ငြားလည်း မိမိတို့၏မျက်လုံးများကိုပိတ်ထားရန် တွန့်ဆုတ်နေကြသည်။၊ ဤလောက၌ ဝိညာဉ်သိမှုကင်းသော အဆင့်နိမ့်သော ကိုယ်ခန္ဓာဖြင့် လှုပ်ရှားနေကြသည်။ သင်သည် ထိုသို့အသက်ရှင်နေပြီး၊ သူသည် မျှော်လင့်မှုမဲ့နေပြီး ရည်ရွယ်ချက်မဲ့ ရှင်သန်နေပေသည်။ ရှေးစကားအရ သန့်ရှင်းသောပုဂ္ဂိုလ် တစ်ပါးတည်းသာရှိခဲ့ရာ ထိုပရိဒေ၀ဒုက္ခများကြားတွင်ညည်းတွားခံစားနေရသူများ၊ ကယ်တင်ပေးခြင်းကိုမျှော်လင့်စောင့်ဆိုင်း နေကြသူများအား ကယ်တင်ရန် ကြွလာပြီး ကယ်တင်လိမ့်မည်။ မသိစိတ်ကင်းနေသောလူများအကြားတွင် ထိုအယူအဆသည် ကျယ်ပြန့်စွာသိပ်မသိရှိကြပေ။ သို့သော် လူတို့သည် ယခုတိုင်အောင် ထိုသို့ တမ်းတလျက်ရှိနေကြသေးသည်။ အနန္တတန်ခိုးရှင်သည် ဒုက္ခပြင်းထန်စွာခံရသူတို့အပေါ်တွင် ဂရုဏာထားတော်မူ၏။ တစ်ချိန်တည်းတွင် သူသည် ထိုသို့ အသိမရှိသူတို့အပေါ် ကျေနပ်ရောင့်ရဲမှုမရှိပေ၊ အကြောင်းမှာ လူသားတို့ထံမှ အဖြေကို သူသည် ကြာမြှင့်စွာစောင့်ခဲ့ပြီးလေပြီ။ သူသည် သင့်နှလုံးသားနှင့် စိတ်ဝိညာဉ်ကို တွေ့ရှိလိုသည်။ သူသည် သင့်ကိုနှိုး၍ ရေနှင့် အစာကို ပေးချင်သည်။ သင်သည်စားသောက်ရလျှင် နောင်တွင် ရေငတ်ဆာလောင်မှု ဖြစ်တော့မည်မဟုတ်။ ဤလောကတွင် ပင်ပန်း၊ အထီးကျန်မှုများခံစားရလာလျှင် စိတ်ရှုပ်ခြင်း၊ငိုယိုခြင်းကိုမပြုလေနှင့်။ အနန္တတန်ခိုးရှင် ဘုရားသည် သင့်ကို စောင့်ကြည့်၊ ဂရုစိုက်တတ်သော ပုဂ္ဂိုလ်ဖြစ်ပြီး၊ သင်ရောက်လာမည့် တစ်စုံတရာသောအချိန်တွင် သူကပွေ့ဖက်ပေးလိမ့်မည်။ သူသည် သင့်နံဘေးတွင်စောင့်ကြည့်နေပါလျက် သင်ပြန်လာမည်ကိုစောင့်နေပါသည်။ သူသည် သင့်မှတ်ဉာဏ်ရုတ်တရက်ပြန်ကောင်းလာမည့်နေ့ကိုစောင့်နေသည်။ ယင်းမှာသင်သည် ဘုရားထံမှ လာခဲ့ပြီး အကြောင်းကြောင်းကြောင့် လမ်းဘေးမှာအသိစိတ်ပျောက်ခဲ့၍ အဖေရှိခဲ့သည်ကို မသိခဲ့ပဲ လမ်းပျောက်ခဲ့ရသည် ဆိုသည့်အချက်ကို အသိပြန်ရသည့်နေ့ဖြစ်၏။ သင်သည် သာ၍သိလာနိုင်သည်မှာ အနန္တတန်ခိုးရှင်သည် သင်ပြန်လာမည့်အပြန်လမ်းကို ထိုနေရာမှတောက်လျှောက် စောင့်မျှော်လျက်ရှိနေပါသည်။ အဖြေမရှိသော တုန့်ပြန်မှုကို သူသည် ခါးသီးစွာ စောင့်ဆိုင်းလျက်ရှိပါသည်။ သူ၏ စောင့်စားခြင်းသည် လူသားတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်အတွက် တန်ဖိုးဖြတ်၍ မရပါ။ ထိုကဲ့သို့ စောင့်မျှော်နေခြင်းသည် အဆုံးမဲ့ဖြစ်နိုင်သော်လည်း စောင့်မျှော်ခြင်းသက်တမ်းဆုံးခါနီးလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်။ ယခုတွင် သင့်နှလုံးသားနှင့် စိတ်ဝိညာဉ်သည် မည်သည့်နေရာတွင် ရှိနေသည်ကို သင် သေချာစွာသိသင့်ပါသည်။

ယခင်က:ဘုရားသခင်သည် လူ့အသက်တာ၏ အရင်းအမြစ်ဖြစ်သည်

နောက်တစ်ခုသို့:ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

သင်နှစ်သက်နိုင်သည့် အရာများ