အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ရွေးချယ်ခံရသူများလိုက်နာရမည့် အုပ်ချုပ်မှုဆိုင်ရာ အမိန့်တော် ဆယ်ရပ်

၁။ လူသားသည် မိမိကိုယ်ကိုယ် ဂုဏ်တင် ချီးမွမ်းခြင်း မပြုရ။ ဘုရားသခင်ကို ၀တ်ပြု၍ ချီးမွမ်းရမည်။

၂။ ဘုရားသခင်၏အမှုတော်အတွက် အကျိုးရှိသမျှကို ဆောင်ရွက်ပြီး ဘုရားသခင်အမှုတော်၏ အကျိုးကို ထိခိုက်သည့် မည်သည့်အရာကိုမျှ မဆောင်ရွက်ရ။ ဘုရားသခင်၏နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတို့ကို ကာကွယ်ရမည်။

၃။ ဘုရားသခင်အိမ်တော်ရှိ ငွေ၊ အရာဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှုအားလုံးတို့သည် လူသားမှပေးသင့်သည့် ပူဇော်သက္ကာများ ဖြစ်ရမည်။ ဤပူဇော်သက္ကာများကို ဘုန်းတော်ကြီးနှင့် ဘုရားသခင်မှတပါး မည်သူမျှ မခံစားနိုင်ရ၊ လူသားမှပေးသင့်သည့် ပူဇော်သက္ကာများသည် ဘုရားသခင် ခံစားရန် ဖြစ်သောကြောင့် ဘုရားသခင်သည် ဘုန်းတော်ကြီးနှင့်သာ ဤပူဇော်သက္ကာများကို မျှဝေခံစားပြီး အခြားမည်သူမျှ ဤအရာတို့၏ တစ်စိတ်တစ်ပိုင်းကိုခံစားရန် အရည်အချင်းမရှိ၊ ခံစားခွင့်မရှိ။ (ငွေနှင့် ခံစားနိုင်သော ရုပ်ဝတ္ထုများအပါအဝင်) လူသား၏ပူဇော်သက္ကာအားလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းဖြစ်ပြီး လူသားကို ပေးအပ်ခြင်းမဟုတ်။ ထို့ကြောင့် ဤအရာတို့ကို လူသားသည်မခံစားရ၊ လူသားသည် ခံစားမည်ဆိုပါက ထိုသူသည် ပူဇော်သက္ကာများကို ခိုးယူခြင်းဖြစ်မည်။ ထိုသို့ပြုသောသူမှန်သမျှသည် ယုဒဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယုဒသည် သစ္စာဖောက်တစ်ဦးဖြစ်ရုံမက ငွေအိတ်အတွင်းထည့်သည့် အရာများကိုလည်း ယူခဲ့သောကြောင့်ဖြစ်၏။

၄။ လူသားသည် ပျက်စီးသောစိတ်နေသဘောရှိ၏။ ထို့အပြင် သူသည် စိတ်ခံစားမှုများလည်း ရှိ၏။ ထို့ကြောင့် ဘုရားသခင်၏အမှုဆောင်သည့်အခါ ဆန့်ကျင်ဘက်လိင်နှစ်ဦးအား အမှုအတူထမ်းခြင်းမှ လုံးဝတားမြစ်ထား၏။ ထိုသို့ပြုလုပ်ကြောင်းတွေ့ရှိသူများကို ခြွင်းချက်မရှိထုတ်ပယ်မည်ဖြစ်ပြီး မည်သူမျှ မကင်းလွတ်ပါ။

၅။ သင်သည် ဘုရားသခင်ကို မစီရင်ရ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့်ကိစ္စများကိုလည်း သာမန်ကာလျှံကာ မဆွေးနွေးရ။ သင်သည် လူသားလုပ်သင့်သည့်အတိုင်းလုပ်၍ ပြောသင့်သည့်အတိုင်း ပြောကာ သင့်အပေါ် ကန့်သတ်ချက်များကို မကျော်လွန်ရ၊ ကန့်သတ်သောအပိုင်းအခြားကို မကျူးကျော်ရ။ သင်၏နှုတ်ကို စောင့်၍ သင်၏ ခြေလှမ်းများကိုသတိပြုပါ။ ဘုရားသခင်၏စိတ်သဘောကို စော်ကားသည့်အပြုအမူမှန်သမျှကို မပြုရန် ဤအရာအားလုံးတို့မှ တားဆီးထား၏။

၆။ သင်သည် လူသားပြုသင့်သောအရာကို ပြုရမည်ဖြစ်ပြီး သင်၏ဝတ္တရားများကို ဆောင်ရွက်၍ တာဝန်များကို ဖြည့်ဆည်းကာ တာဝန်စောင့်ထိန်းရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ အမှုတွင် ပါ၀င်သင့်သည်။ ပါ၀င်ခြင်းမရှိလျှင် သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှီဝဲရန် မထိုက်တန်။ ဘုရားသခင်၏ အိမ်ထောင်စုတွင်နေရန် မထိုက်တန်ပါ။

၇။ အသင်းတော်၏အမှုနှင့်ကိစ္စရပ်များတွင် ဘုရားသခင်ကိုနာခံခြင်းမှလွဲ၍ အရာခပ်သိမ်းတွင် သင်သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုသူ လူသား၏ ညွှန်ကြားချက်များကို လိုက်နာရမည်။ အနည်းငယ်ဆုံးသော ချိုးဖောက်မှုကိုပင် လက်မခံနိုင်ပါ။ သင်သည် လုံးဝလိုက်နာရမည်ဖြစ်ပြီး အမှန်အမှား ခွဲခြားစိတ်ဖြာခြင်း မပြုရ။ မှန်သည့်အရာ သို့မဟုတ် မှားသည့်အရာသည် သင်နှင့်မသက်ဆိုင်ပါ။ အကြွင်းမဲ့နာခံခြင်းသည်သာ သင်နှင့်သက်ဆိုင်ရမည်။

၈။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ဘုရားသခင်ကို နာခံ၍ဝတ်ပြုရမည်။ သင်သည် မည်သူ့ကိုမျှ ချီးမွမ်းခြင်း သို့မဟုတ် အထင်ကြီးခြင်းမပြုရ။ သင်သည် ဘုရားသခင်အား ပထမအရာပေး၍ သင်အထင်ကြီးသူများကို ဒုတိယနေရာပေးကာ သင့်ကိုယ်သင် တတိယနေရာပေးခြင်း မပြုရ။ မည်သူမျှ သင်၏ နှလုံးသားတွင် နေရာမယူရ။ ထို့အပြင် သင်သည် လူတို့ကို၊ အထူးသဖြင့် သင်ကြည်ညိုလေးစားသူများကို၊ ဘုရားသခင်နှင့် တန်းတူဟု မယူဆရ။ ဤသည်ကို ဘုရားသခင် လုံးဝသည်းမခံနိုင်ပါ။

၉။ သင်၏အတွေးတို့သည် အသင်းတော်၏အမှုအကြောင်းသာဖြစ်သင့်သည်။ သင်သည် အသွေးအသား၏ မျှော်လင့်ချက်များကို ဘေးဖယ်ကာ၊ မိသားစုကိစ္စများအပေါ်တွင် ပြတ်သား၍၊ ဘုရားသခင်၏ အမှုတွင် မိမိကိုယ်ကိုယ် လုံးဝဆက်ကပ်အပ်နှံရမည်။ ဘုရားသခင်၏အမှုကို ပထမဆုံးဦးစားပေး၍ သင်၏ဘဝကို ဒုတိယထားရမည်။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ သင့်တင့်လျောက်ပတ်သော အမှုဖြစ်၏။

၁၀။ (သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) မယုံကြည်သူ ဆွေမျိုးသားချင်းများကို အသင်းတော်သို့ အတင်းအဓမ္မမသွင်းရ။ ဘုရားသခင်၏အိမ်တော်တွင် အသင်းဝင်များ လိုအပ်နေခြင်းမရှိ။ ထို့အပြင် အသုံးမဝင်သူများဖြင့် အသင်းဝင်ဦးရေ ဖြည့်ဆည်းရန်မလိုပါ။ မယုံကြည်သူခပ်သိမ်းတို့အား အသင်းတော်သို့ ၀မ်းမြောက်စွာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းအတွက် ညွှန်ကြားချက်ဖြစ်၏။ ဤကိစ္စတွင် သင်တို့သည် တစ်ဦးနှင့်တစ်ဦး စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး မည်သူတစ်ဦးမျှ မချိုးဖောက်ရ။ မယုံကြည်သူ ဆွေမျိုးသားချင်းများ ၀တ်ပြုကျောင်းအတွင်း တွန့်ဆုတ်စွာဝင်သည့်အခါ စာအုပ်များထုတ်ပေးခြင်း၊ အမည်သစ်များပေးခြင်း မပြုရ။ ထိုသူတို့သည် ဘုရားသခင်၏ အိမ်ထောင်စုဝင်များ မဟုတ်။ ထို့အပြင် လိုအပ်ပါက ထိုသူတို့ ၀တ်ပြုကျောင်းအတွင်းဝင်ခြင်းကို မည်သည့်နည်းဖြင့်မဆို ရပ်စေရမည်။ နတ်ဆိုးတို့၏ ကျူးကျော် ၀င်ရောက်မှုကြောင့် ၀တ်ပြုကျောင်းအပေါ် ဒုက္ခကျရောက်သည်ရှိသော် သင်ကိုယ်တိုင်ကိုပင် ထုတ်ပယ်ခြင်းပြုမည်။ သို့မဟုတ် ကန့်သတ်ချက်များ ထားရှိမည်။ အချုပ်ဆိုရလျှင် ဤကိစ္စအတွက် လူတိုင်းတွင် တာဝန်ရှိ၏။ သို့သော် သင်သည် မဆင်မခြင်လည်း မပြုရ။ သို့မဟုတ် ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များအတွက် အပြစ်ပေးရန် မသတ်မှတ်ရ။

ယခင်က:ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ

နောက်တစ်ခုသို့:သင်တို့၏ လုပ်ဆောင်ချက်တို့ကို သင်တို့ ပြန်စဉ်းစားသင့်သည်

သင်နှစ်သက်နိုင်သည့် အရာများ