အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၂၀

ငါ့အိမ်၏ ချမ်းသာကြွယ်ဝမှုများသည် မရေမတွက်နိုင်အောင်ပင်ဖြစ်ပြီး ဉာဏ်မမီနိုင်လောက်အောင်ပင် ဖြစ်သည်၊ သို့သော်လည်း လူသည် ယင်းအရာတို့ကို ပျော်မွေ့ခံစားရန် ငါ့ထံသို့ မည်သည့်အခါမျှ မလာကြ။ သူသည် ယင်းအရာများကို မိမိဘာသာမိမိ ပျော်မွေ့ခံစားခြင်းငှာ မတတ်စွမ်းနိုင်သကဲ့သို့၊ မိမိ၏ ကြိုးပမ်းမှုများ အသုံးပြုပြီး မိမိကိုယ်ကိုလည်း မကာကွယ်နိုင်ပါ။ ထိုအစား သူသည် အခြားသူများကိုသာ အမြဲပင် ယုံကြည် ကိုးစားလေ့ရှိသည်။ ငါကြည့်ရှုသည့် ထိုသူများ အားလုံးထဲတွင်၊ ငါ့အား တမင်တကာနှင့် တိုက်ရိုက်ရှာဖွေသူ တစ်ယောက်မျှမရှိ။ သူတို့အားလုံးသည် အခြားသူများ၏ တိုက်တွန်းမှုကြောင့်၊ လူများစုနောက်လိုက်ကာ ငါ၏ရှေ့မှောက်သို့ ရောက်လာကြခြင်း ဖြစ်ပြီး၊ သူတို့သည် အဖိုးအခပေးရန် သို့မဟုတ် သူတို့၏ အသက်တာများကို ကြွယ်ဝပြည့်စုံစေခြင်း အလို့ငှာ အချိန်ကို အသုံးပြုရန် ဆန္ဒမရှိကြ။ ထို့ကြောင့် လူတို့ကြားတွင် မည်သူ တစ်ဦးတစ်ယောက်ကမျှ လက်တွေ့သဘောထဲတွင် မရှင်သန်ဖူးဘဲ၊ လူများအားလုံးသည် အဓိပ္ပာယ်မရှိသော အသက်တာများထဲတွင်သာ နေထိုင်ကြသည်။ ကြာမြင့်စွာကပင် တည်ရှိခဲ့သော လူ၏ ဓလေ့ထုံးတမ်းများကြောင့် လူတို့၏ ခန္ဓာကိုယ်များသည် မြေကြီးနှင့်ဆိုင်သော မြေဆီလွှာ၏ အနံ့နှင့် ပြည့်နှက်နေသည်။ ရလဒ်အနေဖြင့် လူသည် ခံစားနိုင်မှုတို့ ထုံလာပြီး၊ လောကကြီး၏ ဆိတ်သုဉ်းမှုကို မခံစားနိုင်တော့ဘဲ၊ ထိုအစား သူသည် ဤအေးခဲသော ကမ္ဘာမြေကြီးပေါ်တွင် မိမိကိုယ်ကို ပျော်မွေ့ခံစားခြင်း အလုပ်နှင့် ကိုယ့်ဘာသာကိုယ် အလုပ်များနေလျက်ရှိသည်။ လူ၏ အသက်တာသည် နွေးထွေးမှုဟူ၍ စိုးစဉ်းမျှမရှိ၊ အလင်း သို့မဟုတ် လူ့သဘာဝ၏ အရိပ်လက္ခဏာနှင့်လည်း ကင်းမဲ့သည်။ သို့သော်လည်း သူသည် မိမိကိုယ်ကိုမိမိ ယင်းအရာအား ခက်ခက်ခဲခဲ ကျင့်ယူကာ၊ ထိုက်တန်ခြင်း ကင်းမဲ့သော သက်တမ်းတစ်ခုကို နေထိုင်လျက်ရှိပြီး ထိုအထဲတွင် သူသည် မည်သည့်အရာကိုမျှ ပြီးမြောက်ခြင်းမရှိဘဲ တက်သုတ်ရိုက် လုပ်ဆောင်နေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သေခြင်းနေ့ရက်သည် နီးကပ်လာပြီး၊ လူသည် ခါးသီးသော သေခြင်းနှင့် သေဆုံးသွားသည်။ ဤလောကကြီးတွင် မည်သည့်အခါမျှလည်း သူသည် မည်သည့်အရာကိုမျှ ပြီးမြောက်ခြင်းမရှိခဲ့၊ သို့မဟုတ် မည်သည့်အရာကိုမျှ ရယူနိုင်ခြင်း မရှိခဲ့။ သူသည် ကမန်းကတန်းသာ ရောက်လာပြီး၊ ကမန်းကတန်း ပြန်ထွက်သွားသည်။ ငါ့မျက်မှောက်ထဲတွင် ထိုသူများထဲမှ တစ်ဦးတစ်ယောက်ကမျှ မည်သည့်အရာကိုမျှ ယူမလာ၊ သို့မဟုတ် မည်သည့်အရာကိုမျှလည်း မယူငင်သွား၊ ထို့ကြောင့် လူသည် လောကကြီးမှာ မတရားဟု ခံစားရသည်။ သို့သော်ငြားလည်း မည်သူကမျှ ကမန်းကတန်း ထွက်သွားရန် ဆန္ဒမရှိကြ။ သူတို့မှာ သူတို့ လမ်းလွဲသွားသည့် အချိန်တွင်၊ နောက်တစ်ဖန် ထာဝရအသက်၏ လမ်းခရီးကို ပြန်၍ သိမြင်နိုင်ဖို့ရန် အခွင့်ပေးမည့် ကောင်းကင်ဘုံပေါ်မှ ငါ၏ကတိသည် လူ့အပေါ်သို့ ရုတ်တရက် ကြွရောက်လာမည့် နေ့ရက်ကိုသာ စောင့်စားလျက်ရှိကြသည်။ ထို့ကြောင့် ငါသည် သူ့အပေါ် ငါထားသော ငါ၏ကတိကို တည်၊ မတည် လူသည် ငါ၏ ခပ်သိမ်းသော အပြုအမူနှင့် လုပ်ရပ်တို့အပေါ် စိတ်စွဲလမ်းလျက်ရှိသည်။ ဒုက္ခခံရခြင်း အလယ်၌၊ သို့မဟုတ် အလွန်အမင်း နာကျင်မှု အလယ်၌၊ သို့မဟုတ် စုံစမ်းနှောင့်ယှက်ခြင်းများ ကြုံတွေ့ပြီး လဲကျတော့မည့်အခါများ အလယ်၌ သူရောက်သောအခါ၊ သူသည် သူ၏ ပြဿနာများမှ စောစော လွတ်မြောက်ရန်နှင့် အခြား ကောင်းမွန်သော နေရာတစ်ခုသို့ ပြောင်းရွှေ့ရန် အလို့ငှာ လူသည် သူဖွားမြင်ရာနေ့ကို ကျိန်ဆဲလေသည်။ သို့သော် စုံစမ်းနှောင့်ယှက်ခြင်း ကျော်လွန်သွားသော အခါတွင်မူ လူသည် ရွှင်လန်းခြင်းနှင့် ပြည့်လေသည်။ သူသည် ကမ္ဘာမြေကြီးပေါ်မှ သူ၏ ဖွားမြင်ရာနေ့ကို ဆင်ယင်ကျင်းပပြီး သူ၏ ဖွားမြင်ရာနေ့ကို ကောင်းချီးပေးရန် ငါ့အား တောင်းဆိုသည်။ ယင်းအချိန်တွင်မူ လူသည် အတိတ်ကာလမှ ကျိန်ဆိုမှုများကို ပြောဆိုခြင်း မရှိတော့ဘဲ၊ သေခြင်းတရားသည် ဒုတိယအကြိမ် သူ့အပေါ် ကျရောက်လာမည်ကို အလွန်အမင်း ကြောက်ရွံ့လေသည်။ ငါ၏လက်များသည် လောကကြီးအား ချီမသောအခါ လူများသည် ရွှင်လန်းခြင်းနှင့် ကခုန်ကြပြီး၊ သူတို့သည် ဝမ်းနည်းကြေကွဲခြင်းလည်း မရှိကြတော့ဘဲ၊ သူတို့အားလုံးသည် ငါ့အပေါ် မှီခိုအားထားကြသည်။ ငါ၏မျက်နှာကို ငါ့လက်များနှင့် ဖုံးကွယ်ကာ၊ မြေကြီးအောက်ရှိ လူတို့အား ဖိနှိပ်သော အခါတွင်မူ၊ သူတို့သည် အသက်ရှူကျပ်မှုကို ရုတ်ခြည်းပင် ခံစားကြရပြီး၊ ရှင်သန်ရန်အတွက်ပင် အနိုင်နိုင် ဖြစ်နေကြသည်။ သူတို့ အားလုံးသည် ငါ့အား ဟစ်အော် ကြွေးကြော်ကြပြီး၊ သူတို့အား ငါဖျက်ဆီးမည်ကို ဖိမ့်ဖိမ့်တုန်နေကြသည်၊ အကြောင်းမှာ သူတို့အားလုံးသည် ငါ၏ ဘုန်းထင်ရှားမည့် နေ့ရက်ကို ဖူးမြင်လိုကြသောကြောင့် ဖြစ်သည်။ လူသည် ငါ၏နေ့ရက်အား သူ့တည်ရှိဖြစ်တည်မှု၏ အဓိကအရာအဖြစ် ခံယူပြီး၊ လူသားမျိုးနွယ်သည် ယနေ့ထိတိုင် ရှင်သန်နေရခြင်းမှာလည်း လူတို့သည် ငါ၏ဘုန်း ကြွရောက်လာမည့် နေ့ရက်ကို တောင့်တကြသောကြောင့်သာလျှင် ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်း မွေးဖွားလာသော ထိုသူများသည် ငါ၏ ဘုန်းခပ်သိမ်းကို ဖူးမြင်ခွင့်ရရန် အခွင့်သာသော သူများဖြစ်သည် ဆိုခြင်းမှာ ငါ၏နှုတ်ဖြင့် မိန့်ဆိုသော ကောင်းချီးပင် ဖြစ်၏။

ခေတ်ကာလများ တစ်လျှောက်တွင်၊ လူများစွာတို့သည် ဤလောကကြီးမှ စိတ်ပျက်အားလျော့မှုနှင့် ဝန်လေးတွန့်ဆုတ်မှုနှင့် ထွက်ခွာသွားခဲ့ကြပြီး၊ လူများစွာတို့သည်လည်း ယင်းအထဲသို့ မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းတို့ဖြင့် ဝင်ရောက်လာခဲ့ကြသည်။ လူများစွာအား ဝင်ရောက်လာရန် ငါသည် စီစဉ်ခဲ့ပြီး၊ များစွာသော သူတို့ကိုလည်း အဝေးသို့ ပို့ခဲ့ပြီးဖြစ်သည်။ မရေတွက်နိုင်သော လူများသည် ငါ၏လက်များမှတစ်ဆင့် ဖြတ်သန်းသွားခဲ့ကြသည်။ ဝိညာဉ်များစွာတို့သည် မရဏနိုင်ငံထဲသို့ ပစ်ချခြင်း ခံခဲ့ကြရပြီး၊ များစွာသောသူတို့သည် ဇာတိပကတိထဲတွင် ရှင်သန်ခဲ့ကြကာ၊ များစွာသောသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် သေဆုံးကာ ပြန်လည်မွေးဖွားခဲ့ကြပြီး ဖြစ်သည်။ သို့သော်ငြားလည်း သူတို့အထဲမှ မည်သူကမျှ ယနေ့ကာလ နိုင်ငံတော်၏ ကောင်းချီးများကို ပျော်မွေ့ခံစားရန် အလို့ငှာ မည်သည့်အခါမျှ အခွင့်အရေး မရခဲ့ကြစဖူး။ ငါသည် လူအား များစွာတို့ကို ပေးသနားခဲ့သော်လည်း၊ သူသည် အနည်းငယ်မျှသာ ရရှိခဲ့သည်၊ အကြောင်းမှာ စာတန် အင်အားစုများ၏ ပြင်းထန်သော တိုက်ခိုက်မှုသည် သူ့အား ငါ၏ချမ်းသာကြွယ်ဝမှုများ အလုံးစုံကို ပျော်မွေ့ခံစားနိုင်ရန် မတတ်စွမ်းနိုင်ဘဲ ကျန်ရစ်စေခဲ့သောကြောင့် ဖြစ်သည်။ သူသည် မျှော်ကြည့်ရန် အခွင့်သာခဲ့သော်လည်း၊ မည်သည့်အခါမျှ ပြည့်ဝစွာ ပျော်မွေ့ခံစားနိုင်စွမ်း မရှိခဲ့ပေ။ လူသည် ကောင်းကင်ဘုံမှ ကြွယ်ဝချမ်းသာမှုများကို လက်ခံရန်အလို့ငှာ သူ၏ ခန္ဓာထဲရှိ ဘဏ္ဍာတိုက်ကို မည်သည့်အခါကမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ချေ၊ သို့ကြောင့် သူ့အပေါ် ငါအပ်နှင်းထားသော ကောင်းချီးများကို သူသည် ဆုံးရှုံးရလေသည်။ လူ၏ ဝိညာဉ်သည် ငါ၏ဝိညာဉ်တော်နှင့် ဆက်သွယ်သော ပကတိအထုံပင် မဟုတ်ပေလော။ အဘယ့်ကြောင့်များ လူသည် ငါ့အား သူ၏ဝိညာဉ်နှင့် မည်သည့်အခါကမျှ ထိတွေ့ဆက်ဆံခြင်း မရှိရသနည်း။ အဘယ့်ကြောင့် သူသည် ငါ့ထံသို့ ဇာတိပကတိအားဖြင့် နီးကပ်လာနိုင်သော်လည်း၊ ဝိညာဉ်အားဖြင့် ထိုသို့ပြုရန် မတတ်စွမ်းနိုင်ရသနည်း။ ငါ၏ စစ်မှန်သော ရုပ်သွင်သည် ဇာတိပကတိလော။ လူသည် အဘယ့်ကြောင့် ငါ၏ အနှစ်သာရကို မသိကျွမ်းရသနည်း။ လူ၏ ဝိညာဉ်ထဲတွင် ငါ၏လက္ခဏာ စိုးစဉ်းမျှပင် ဘယ်သောအခါမျှ ဧကန် မရှိခဲ့ဖူးသလော။ လူ၏ ဝိညာဉ်ထဲမှ ငါသည် အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့သလော။ အကယ်၍ လူသည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲသို့ ဝင်ရောက်ခြင်း မရှိပါက၊ သူသည် အဘယ်သို့လျှင် ငါ၏ ရည်ရွယ်ချက်များကို ဆုပ်ကိုင်နိုင်မည်နည်း။ လူ၏မျက်စိများထဲတွင် ဝိညာဉ်ရေးရာနယ်ပယ်ကို တိုက်ရိုက် ထွင်းဖောက်နိုင်သော အရာများ ရှိနေသလော။ ကြိမ်ဖန်များစွာပင် ငါသည် ငါ၏ဝိညာဉ်တော်နှင့် လူကို ခေါ်ဆိုခဲ့သော်လည်း၊ လူကမူ ငါ့အားဖြင့် ထုပ်ချင်းခပ် ထိုးခံထားရသည့်အလား ပြုမူ၍၊ သူ့ကို ငါသည် အခြားသော လောကသို့ ခေါ်ဆောင်သွားလိမ့်မည်ကို ကြီးစွာကြောက်ရွံ့၍ အဝေးကပင် ငါ့ကို စောင့်ကြည့်လေသည်။ ကြိမ်ဖန်များစွာပင် ငါသည် လူ၏ ဝိညာဉ်ထဲတွင် မေးမြန်းခဲ့သော်ငြားလည်း၊ သူသည် လုံးလုံးပင် အမှုမဲ့ အမှတ်မဲ့ ဖြစ်နေပြီး၊ ငါသည် သူ၏ အိမ်အထဲသို့ ဝင်ရောက်၍ သူ၏ ပိုင်ဆိုင်မှုများ အားလုံးကို သူ့ထံမှ ချွတ်ပယ်ရန် အခွင့်အရေးအား မလွတ်တမ်းရယူလိမ့်မည်ကို အကြီးအကျယ် ကြောက်ရွံ့လျက်ရှိသည်။ ထို့ကြောင့်ပင် သူသည် ငါ့ကို အပြင်တွင် ပိတ်ထားပြီး၊ အေးစက်ကာ တင်းစေ့စွာ ပိတ်ထားသော တံခါးကိုသာ ငါ့အား ရင်ဆိုင်စေခဲ့သည်။ ကြိမ်ဖန်များစွာပင် လူကျရှုံးသည့်အချိန်၌ ငါသည် သူ့ကို ကယ်တင်ပေးခဲ့သည်၊ သို့သော်ငြားလည်း နိုးထလာပြီးနောက် သူသည် ရုတ်ခြည်းပင် ငါ့ကို စွန့်ခွာသွားကာ၊ ငါ၏ ချစ်ခြင်းမေတ္တာအားဖြင့် ခံစားရခြင်းလည်း မရှိဘဲ၊ ငါ့ကို သတိထားသော အကြည့်နှင့် ကြည့်လေသည်။ ငါသည် လူ၏နှလုံးသားကို မည်သည့်အခါမျှ မနွေးထွေးစေခဲ့စဖူး။ လူသည် ခံစားချက်ကင်းမဲ့သော သွေးအေးသတ္တဝါပင် ဖြစ်သည်။ သူသည် ငါ၏ ထွေးပွေ့မှုအားဖြင့် နွေးထွေးသော်ငြားပင်လျှင်၊ သူသည် ယင်းအရာကြောင့် မည်သည့်အခါမျှ အကြီးအကျယ် စိတ်မလှုပ်ရှားခဲ့စဖူး။ လူသည် တောင်ပေါ်လူရိုင်း တစ်ဦးကဲ့သို့ပင် ဖြစ်သည်။ လူသားမျိုးနွယ်အပေါ် ငါ၏ အမြတ်တနိုးထားမှု အားလုံးကို သူသည် မည်သည့်အခါကမျှ တန်ဖိုးမထားခဲ့စဖူး။ သူသည် ငါ့ထံ ချဉ်းကပ်ရန် ဆန္ဒမရှိ၊ သားရဲအရိုင်းအစိုင်းများ၏ ခြိမ်းခြောက်မှုကို သူကြံ့ကြံ့ခံနေရသည့် တောင်များအပေါ်၌သာ ကျိန်းဝပ်ရန် သာ၍ ဆန္ဒရှိသည်၊ သို့သော်လည်း သူသည် ငါ့အထဲ၌ ခိုလှုံရန် ဆန္ဒမရှိသေးပေ။ မည်သည့်လူကိုမျှ ငါသည် အတင်းအကျပ်မလုပ်ပါ။ ငါ၏ အလုပ်ကို ငါလုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။ ခွန်အားကြီးသော သမုဒ္ဒရာ၏ အလယ်မှ လူသည် ငါ့အနားသို့ ကူးခတ်လာမည့် နေ့ရက်သည် ရောက်လာလိမ့်မည်၊ ထိုသို့အားဖြင့် သူသည် ကမ္ဘာပေါ်မှ ချမ်းသာကြွယ်ဝမှု အလုံးစုံကို ပျော်မွေ့ခံစားနိုင်ပြီး ပင်လယ်၏ ဝါးမျိုခြင်း ခံရမည့်ဘေးကို ချန်ထားခဲ့နိုင်ရန်ဖြစ်သည်။

ငါ၏နှုတ်ကပတ်တော်များ ပြီးပြည့်စုံခဲ့သောကြောင့်၊ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တဖြည်းဖြည်းနှင့် ဖြစ်တည်လာပြီး၊ လူသည် တဖြည်းဖြည်းနှင့် ပုံမှန်သဘောသို့ ပြန်၍ လှည့်လာခဲ့ကာ၊ ငါ့စိတ်နှလုံးထဲမှ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများအားလုံးသည် ပုံမှန်လူ့အသက်တာကို ပြန်လည်ရရှိကြသည်။ အေးခဲသော ဆောင်းရာသီသည် ပျောက်ကွယ်သွားပြီး တစ်နှစ်ပတ်လုံး နွေဦးရာသီ ဖြစ်နေသည့် နွေဦး၏ မြို့များနှင့် လောကကြီးကို အစားထိုးလိုက်သည်။ လူတို့သည် ညို့မှိုင်းမှိုင်းနှင့် စိတ်ပျက်ဖွယ်ရာကောင်းသော လူ့လောကကြီးကို ရင်မဆိုင်ရတော့ဘဲ၊ လူ့လောကကြီး၏ ချမ်းစိမ့်စိမ့်အအေးဓာတ်ကိုလည်း သူတို့ မကျော်ဖြတ်ရတော့ပါ။ လူများသည် အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ကြတော့၊ နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်မတိုက်ကြတော့ပေ၊ လူအစုလိုက် အပြုံလိုက် သတ်ခြင်းလည်း မရှိတော့၊ လူအစုလိုက် အပြုံလိုက် သတ်ခြင်းမှ သွေးချောင်းစီးခြင်းများလည်း မရှိတော့။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုများနှင့် ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် လောကအနှံ့ လျှောက်သွားလျက်၊ ငါ့ပလ္လင်၏ အထက်မှ စံစားရင်း၊ ကြယ်များအကြားတွင် ငါကျိန်းဝပ်သည်။ ကောင်းကင်တမန်များသည် ငါ့အား အသစ်သော သီချင်းများ၊ အသစ်သော ကကွက်များနှင့် ပူဇော်ကြသည်။ သူတို့၏ ကျိုးပဲ့လွယ်မှုသည် သူတို့၏ မျက်နှာပေါ်တွင် မျက်ရည်များ ယိုစီးမှုကို မဖြစ်စေတော့။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရ၊ မည်သူကမျှလည်း ငါ့ထံသို့ ဆင်းရဲခက်ခဲမှုအား ညည်းတွားခြင်းမရှိ။ ယနေ့တွင် သင်တို့အားလုံးသည် ငါ့ရှေ့မှောက်တွင် နေထိုင်ကြသည်၊ မနက်ဖြန်တွင်မူ သင်တို့အားလုံးသည် ငါ၏နိုင်ငံတော်ထဲတွင် တည်ရှိကြလိမ့်မည်။ ဤသည်မှာ လူအား ငါအပ်နှင်းပေးသည့် အကြီးမြတ်ဆုံးသော ကောင်းချီးပင် မဟုတ်ပေလော။ ယနေ့တွင် သင်တို့ပေးသော အဖိုးအခကြောင့်၊ သင်တို့သည် အနာဂတ်၏ ကောင်းချီးများကို အမွေခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ဘုန်းအလယ်တွင် နေထိုင်ကြရလိမ့်မည်။ ငါ့ဝိညာဉ်တော်၏ အခြင်းအရာနှင့် သင်သည် ထိတွေ့ဆက်ဆံရန် ယခုတိုင် ဆန္ဒမရှိသေးသလော။ သင်တို့ကိုယ်သင်တို့ စတေးခံရန် ယခုတိုင် ဆန္ဒရှိသေးသလော။ လူတို့သည် ခဏတာအတွက်သာဖြစ်သည့် သူတွေ့မြင်နိုင်သော ကတိများကိုသာလိုက်ရန် ဆန္ဒရှိကြသည်၊ သို့သော်ငြားလည်း ထာဝရအတွက်တည်သည့် မနက်ဖြန်နေ့၏ ကတိများကိုမူ လက်ခံရန် မည်သူကမျှ ဆန္ဒမရှိကြ။ လူတို့တွေ့မြင်နိုင်သော အရာများသည် ငါရှင်းရှင်းဖျက်ဆီးမည့် အရာများပင်ဖြစ်သည်၊ လူတို့ စမ်းသပ်ထိတွေ့၍ မရသောအရာများသည် ငါပြီးမြောက်အောင်မြင်မည့် အရာများပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် လူအကြားရှိ ကွဲပြားခြားနားချက်ပင် ဖြစ်သည်။

လူသည် ငါ၏နေ့ရက်ကို ရေတွက်ထားသော်လည်း၊ မည်သူမျှ နေ့ရက်အတိအကျကို မသိချေ၊ ထို့ကြောင့်ပင် လူသည် သတိလက်လွတ်မှု အလယ်၌သာ နေထိုင်နိုင်ကြသည်။ လူ၏တောင့်တမှုများသည် အကန့်အသတ်မဲ့သော ကောင်းကင်ပြင်ကြီး တစ်လျှောက်တွင် ပဲ့တင်ထပ်လျက်ရှိပြီး၊ ထို့နောက်တွင် ပျောက်ကွယ်သွားသည့် အတွက်ကြောင့်၊ လူသည် ထပ်ခါတလဲလဲ မျှော်လင့်ချက်တို့ ပျောက်ဆုံးခဲ့သည်၊ ထိုသို့ကြောင့် သူ၏ လက်ရှိအခြေအနေများသို့ သူကျဆင်းလာခဲ့ရခြင်း ဖြစ်သည်။ ငါ့မိန့်မြွက်ချက်များ၏ ရည်ရွယ်ချက်မှာ လူအား ရက်စွဲများနောက်သို့ လိုက်အောင်ပြုရန် မဟုတ်သကဲ့သို့၊ သူ့စိတ်ပျက်မှု၏ ရလဒ်အဖြင့် သူ၏ ပျက်စီးရာ ပျက်စီးကြောင်းဆီသို့ တွန်းပို့ရန်လည်း မဟုတ်ပေ။ ငါ၏ ကတိကို လူလက်ခံလာအောင် ပြုရန်သာ ငါဆန္ဒရှိပြီး၊ လောကကြီး တစ်ဝှမ်းလုံးမှ လူများအားလုံး ငါ့ကတိ၏ ဝေစုတစ်စုကို ရကြရန်သာ ငါဆန္ဒရှိသည်။ ငါလိုချင်သောအရာမှာ အသက်နှင့် ပြည့်ဝသော ရှင်သန်နေသည့် ဖန်ဆင်းခံအရာများပင် ဖြစ်ပြီး၊ သေခြင်းတရားထဲတွင် နစ်မွန်းနေခဲ့ကြသည့် အလောင်းကောင်များ မဟုတ်။ နိုင်ငံတော်၏စားပွဲ၌ ငါသည် လဲလျောင်းနေသည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်မှ လူများအားလုံးကို ငါ၏ စစ်ဆေးခြင်းအား လက်ခံရန် ငါမိန့်ကြားမည်။ မသန့်ရှင်းသော မည်သည့်အရာကိုမျှ ငါ့ရှေ့မှောက်တွင် ရှိနေရန် ငါခွင့်မပြု။ ငါ့အလုပ်ထဲ၌ လူ၏ မည်သည့် တားဆီးနှောင့်ယှက်မှုကိုမျှ ငါသည် သည်းညည်းမခံ။ ငါ့အလုပ်ထဲ၌ တားဆီးနှောင့်ယှက်သော ထိုသူများအားလုံးသည် အကျဉ်းခန်းများထဲသို့ ပစ်ချခြင်းခံရသည်၊ သူတို့လွတ်လာပြီး နောက်ပိုင်းတွင်လည်း သူတို့သည် ဘေးဒုက္ခများ ပတ်လည်ဝိုင်းနေတုန်းပင် ဖြစ်ပြီး၊ ကမ္ဘာမြေကြီး၏ ချစ်ချစ်တောက်ပူနေသော မီးတောက်များကို လက်ခံရသည်။ ငါလူ့ဇာတိခံယူသော ဇာတိပကတိထဲ၌ ငါရှိနေချိန်တွင်၊ ငါ၏အလုပ်ကို ငါ့ဇာတိပကတိနှင့် ငြင်းခုံသော မည်သူကိုမဆို ငါသည် ရွံရှာမုန်းတီးမည်။ ကြိမ်ဖန်များစွာပင် ငါသည် လူများအားလုံးကို ကမ္ဘာမြေကြီးပေါ်တွင် ငါသည် ဆွေမျိုးသားချင်း မရှိဟု သတိပေးခဲ့ပြီးဖြစ်သည်၊ ငါ့ကို တန်းတူအဖြစ် မှတ်ယူသော မည်သူမဆိုနှင့်၊ ငါနှင့်အတူ ရှေးဟောင်းနှောင်းဖြစ်အကြောင်းများကို ပြောဆိုရန် ငါ့အား သူတို့အပါးတို့ ဆွဲခေါ်သော မည်သူမဆို ပျက်စီးခြင်းသို့ ချမှတ်ခံရပေလိမ့်မည်။ ဤသည်မှာ ငါမိန့်ကြားသော အရာပင်ဖြစ်သည်။ ယင်းကဲ့သို့သော ကိစ္စရပ်များတွင် ငါသည်လူအား စိုးစဉ်းမျှပင် သက်ညှာပေးမည် မဟုတ်။ ငါ၏အလုပ်၌ တားဆီးနှောင့်ယှက်၍ ငါ့အား သြဝါဒပေးသော ထိုသူများအားလုံးတို့သည် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ခံရပြီး၊ မည်သည့်အခါမျှ ငါ၏ ခွင့်လွှတ်ခြင်းကို ရလိမ့်မည်မဟုတ်။ အကယ်၍ ငါသည် ရိုးရိုးရှင်းရှင်း မပြောကြားပါက၊ လူသည် မည်သည့်အခါမျှ အသိတရား ဝင်လာမည်မဟုတ်ဘဲ၊ မထင်မမှတ်ဘဲနှင့် ငါ၏ ပြစ်တင်ဆုံးမခြင်း အထဲသို့ ကျရောက်သွားလိမ့်မည်ဖြစ်သည်။ အကြောင်းမှာ လူသည် ငါ့အား ငါ၏ ဇာတိပကတိထဲတွင် မသိကျွမ်းကြသောကြောင့်ပင် ဖြစ်ပေ၏။

၁၉၉၂ ခုနှစ်၊ မတ်လ ၂၀ ရက်

ယခင်က:အခန်း ၁၉

နောက်တစ်ခုသို့:အခန်း ၂၁

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ