အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၂၅

အချိန်သည် ကုန်လွန်၍၊ မျက်စိတစ်မှိတ်အတွင်း ယနေ့ ရောက်ရှိခဲ့ပေပြီ။ ငါ့ဝိညာဉ်၏လမ်းပြမှုအောက်တွင်၊ လူတို့အားလုံးသည် ငါ၏အလင်းအလယ်တွင်နေ၍၊ မည်သူမျှ အတိတ်အကြောင်းစဉ်းစားခြင်း သို့မဟုတ် ယမန်နေ့ကို ဂရုပြုခြင်းများမပြုတော့ပေ။ မည်သည့်အခါကမျှ လက်ရှိနေ့ရက်တွင် မနေခဲ့သူ မည်သူရှိသနည်း။ နိုင်ငံတော်တွင် အံ့သြဖွယ်ကောင်းသော ရက်များနှင့်လများ ကုန်လွန်ခဲ့ခြင်းမရှိသူ မည်သူရှိသနည်း။ နေအောက်တွင် မနေခဲ့သူ မည်သူရှိသနည်း။ နိုင်ငံတော်သည် လူသားအကြား ဆင်းသက်ခဲ့ပြီးဖြစ်သော်လည်း ၎င်း၏နွေးထွေးမှုကို မည်သူမျှ စစ်မှန်စွာ တွေ့ကြုံခံစားရခဲ့ဖူးခြင်းမရှိပေ၊ လူသားသည် ၎င်း၏အနှစ်သာရကို နားလည်ခြင်းမရှိဘဲ ၎င်းကို ပြင်ပမှသာ ကြည့်၏။ ငါ၏နိုင်ငံတော်ကို ဖွဲ့စည်းသည့်အချိန်အတွင်း ၎င်းကြောင့် ဝမ်းမြောက်ခြင်းမရှိသူ မည်သူရှိသနည်း။ မြေကြီးပေါ်ရှိနိုင်ငံများသည် အမှန်တကယ်ပင် ရှောင်တိမ်းနိုင်သလော။ အဆင်းနီသောနဂါးကြီးသည် ၎င်း၏ကလိမ်ကကျစ်အပြုအမူ၏ကျေးဇူးကြောင့် အမှန်တကယ်ပင် ရှောင်တိမ်းနိုင်စွမ်းရှိသလော။ ငါ၏စီမံခန့်ခွဲမှု အမိန့်များကို စကြဝဠာတစ်ခွင်လုံး၌ ကြေညာ၏၊ ၎င်းတို့သည် လူမျိုးအားလုံးအကြား ငါ၏သြဇာအာဏာကို တည်ထောင်၍၊ စကြဝဠာတစ်ဝှမ်း သက်ရောက်မှုရှိကြသည်။ မည်သို့ပင်ဖြစ်စေကာမူ လူသားသည် ဤသည်ကို မည်သည့်အခါကမျှ စစ်မှန်စွာမသိခဲ့ပေ။ ငါ၏စီမံခန့်ခွဲမှုအမိန့်များကို စကြဝဠာသို့ ထုတ်ဖော်ချိန်သည် မြေကြီးပေါ်ရှိ ငါ၏အမှု ပြီးဆုံးခါနီးအချိန်လည်းဖြစ်၏။ ငါသည် လူသားအားလုံးအကြား အုပ်ချုပ်၍ အာဏာကိုင်စွဲသောအခါနှင့် တစ်ဆူတည်းသော ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်ဟု အသိအမှတ်ပြုခံရသောအခါ၊ ငါ၏နိုင်ငံတော်သည် မြေကြီးပေါ်သို့ အပြည့်အဝဆင်းသက်လိမ့်မည်။ ယနေ့၊ လူတို့အားလုံးတွင် လမ်းကြောင်းသစ်ပေါ် အသစ်သော အစပြုခြင်းရှိ၏။ ၎င်းတို့သည် ဘဝသစ်ကို စတင်ခဲ့ကြပြီဖြစ်သော်လည်း မည်သည့်အခါမျှ ကောင်းကင်နှင့်အလားတူသော မြေကြီးပေါ်ရှိဘဝကို မည်သူမျှ တွေ့ကြုံခဲ့ဖူးခြင်းမရှိပေ။ သင်တို့သည် ငါ၏အလင်းအလယ်တွင် စစ်မှန်စွာနေသလော။ ငါ၏နှုတ်ကပတ်တော်တို့အကြား စစ်မှန်စွာနေသလော။ ၎င်းတို့၏ကိုယ်ပိုင်မျှော်လင့်ချက်များကို မစဉ်းစားသူ မည်သူရှိသနည်း။ ၎င်းတို့၏ကံကြမ္မာကြောင့် ပရိဒေဝဖိစီးမှု မခံစားရသူ မည်သူရှိသနည်း။ ဒုက္ခပင်လယ်အကြား မရုန်းကန်သူ မည်သူရှိသနည်း။ မိမိကိုယ်ကိုယ် လွတ်မြောက်ရန် အလိုဆန္ဒမရှိသူ မည်သူရှိသနည်း။ ကောင်းကင်နိုင်ငံ၏ ကောင်းချီးမင်္ဂလာများသည် မြေကြီးပေါ်၌ လူသား၏ ခဲယဉ်းပင်ပန်းမှုအတွက် အလဲအလှယ်လော။ လူသားဆန္ဒရှိသည်အတိုင်း ၎င်း၏အလိုဆန္ဒအားလုံးကို ဖြည့်ဆည်းနိုင်မည်လော။ တစ်ချိန်က ငါသည် လူသားရှေ့မှောက်တွင် နိုင်ငံတော်၏ လှပသောမြင်ကွင်းကို တင်ဆက်ခဲ့ဖူးသော်လည်း သူသည် ၎င်းကို လောဘမျက်လုံးများဖြင့် ငေးစိုက်ခြင်းသာ ပြုခဲ့၍ ၎င်းအတွင်းသို့ ဝင်ရောက်ရန် စစ်မှန်စွာ ပြင်းပြသည့်ဆန္ဒရှိသူ တစ်ဦးမျှမရှိခဲ့ပေ။ တစ်ချိန်က ငါသည် လူသားအား မြေကြီးပေါ်ရှိ စစ်မှန်သောအခြေအနေများကို "အစီရင်ခံခဲ့"သော်လည်း သူသည် နားထောင်သည်ထက် ပို၍မလုပ်ပေ၊ ထို့အပြင် ငါ၏နှုတ်မှ လာခဲ့သည့် နှုတ်ကပတ်တော်တို့ကို သူ၏နှလုံးသားဖြင့် ရင်ဆိုင်ခဲ့ခြင်းမရှိပေ။ တစ်ချိန်က ငါသည် လူသားအား ကောင်းကင်ပေါ်ရှိ အခြေအနေများကို ပြောပြခဲ့သော်လည်း သူသည် ငါ၏နှုတ်ကပတ်တော်တို့ကို အံ့ဖွယ်ပုံပြင်များကဲ့သို့ သဘောထားခဲ့၍ ငါ့နှုတ်မှဖော်ပြခဲ့သည်ကို စစ်မှန်စွာ လက်ခံခဲ့ခြင်းမရှိပေ။ ယနေ့၊ နိုင်ငံတော်၏မြင်ကွင်းများသည် လူသားအကြား လှစ်ခနဲပေါ်သော်လည်း "တောင်ထိပ်နှင့်တောင်ကြားဖြတ်ကျော်ခဲ့"ကာ ၎င်းကိုရှာခဲ့ဖူးသူ တစ်စုံတစ်ဦးရှိသလော။ လူသားသည် ငါ၏တိုက်တွန်းမှုမရှိဘဲ သူ၏အိပ်မက်မှ နိုးထခဲ့လိမ့်ဦးမည်မဟုတ်ပေ။ သူသည် မြေကြီးပေါ်ရှိ သူ့ဘဝကို အမှန်တကယ်ပင် လွန်စွာဘဝင်ခိုက်အောင် ကြည်နူးနေသလော။ သူ့နှလုံးသားတွင် မြင့်မားသောအဆင့်အတန်းများ အမှန်တကယ်ပင် မရှိသလော။

ငါ၏လူများဟု ငါရှေ့မဆွက ခွဲခန့်မှတ်သားထားသူများသည် သူတို့ကိုယ်သူတို့ ငါ့အားဆက်ကပ်နိုင်ကြကာ ငါနှင့်သဟဇာတဖြစ်အောင် နေနိုင်ကြ၏။ ၎င်းတို့သည် ငါ၏အမြင်တွင် အဖိုးတန်ကြကာ ငါ၏နိုင်ငံတော်တွင် ငါ့အတွက် မေတ္တာဖြင့် ထွန်းလင်းကြ၏။ ယနေ့ လူတို့အကြားတွင် ထိုကဲ့သို့သော သတ်မှတ်ချက်များကို မည်သူဖြည့်ဆည်းသနည်း။ ငါ၏သတ်မှတ်ချက်များအရ အဆင့်မီနိုင်သူ မည်သူရှိသနည်း။ ငါ၏သတ်မှတ်ချက်များသည် လူသားအတွက် အမှန်တကယ်ပင် အခက်အခဲများဖြစ်စေသလော။ ငါသည် သူ့ကို အမှားများ တမင်လုပ်စေသလော။ ငါသည် လူတို့အားလုံးအပေါ်သက်ညှာ၍ သူတို့ကို ဦးစားပေးဆက်ဆံ၏။ သို့ရာတွင် ဤသည်မှာ တရုတ်နိုင်ငံရှိ ငါ၏လူများအပေါ်သာလျှင်ဖြစ်၏။ ဤသည်မှာ ငါသည် သင်တို့အား အထင်သေး၍မဟုတ်၊ သင်တို့ကို မျက်နှာသာဖြင့် ကြည့်သည်လည်းမဟုတ်ဘဲ၊ ငါသည် သင်တို့အပေါ် လက်တွေ့ကျပြီး စစ်မှန်၍ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ဘဝတွင် မိသားစုများနှင့်ပတ်သက်၍ဖြစ်စေ၊ ပိုမိုကျယ်ပြန့်သောလောကနှင့် ပတ်သက်၍ဖြစ်စေ၊ ဆုတ်ယုတ်မှုများနှင့် မလွဲဧကန်ကြုံကြသည်။ သို့ရာတွင် မည်သူ၏အခက်အခဲကို ၎င်းတို့ကိုယ်တိုင်၏လက်များဖြင့် စီမံခဲ့သနည်း။ လူသားသည် ငါ့ကိုသိနိုင်စွမ်းမရှိပေ။ သူသည် ငါ၏ပြင်ပအသွင်အပေါ် နားလည်မှုအချို့ရှိသော်လည်း ငါ၏အနှစ်သာရကို မသိပေ၊ သူသည် သူစားသည့်အစာတွင် ပါဝင်သည့်ပစ္စည်းများကို မသိပေ။ မည်သူသည် ငါ့နှလုံးသားကို သတိကြီးစွာဖြင့် တွေးဆနိုင်သနည်း။ ငါ့ရှေ့မှောက်တွင် ငါ၏အလိုဆန္ဒကို မည်သူသည် စစ်မှန်စွာနားလည်နိုင်သနည်း။ ငါသည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်သည့်အခါ၊ ကမ္ဘာမြေကြီးသည် အမှောင်ထုဖြင့် ဖုံးအုပ်နေကာ လူသားသည်"အိပ်မောကျ"နေ၏။ ငါသည် နေရာအားလုံးအကြား လျှောက်လှမ်း၍ ငါတွေ့သည့်အရာအားလုံးသည် စုတ်ပြဲနေ၍ ၎င်းကိုကြည့်ရန် ငါ့တွင် ခံနိုင်ရည်မရှိပေ။ ဤသည်မှာ လူသားသည် မွေ့ပျော်ရန်သာ လိုလားကာ "ပြင်ပလောကမှအရာများ"ကို ဂရုပြုရန် ဆန္ဒလုံးဝမရှိသည့်အလား ဖြစ်၏။ လူတို့အားလုံးမသိဘဲ၊ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို ဆန်းစစ်လေ့လာ၏၊ သို့ရာတွင် အသက်နှင့်ပြည့်ဝနေသော နေရာတစ်ခုကိုမျှ ငါမတွေ့ပေ။ ချက်ချင်းပင် ငါသည် အလင်းနှင့်အပူတို့ကို ထွန်းလင်း၍ တတိယကောင်းကင်မှ ကမ္ဘာမြေကြီးပေါ်သို့ ကြည့်၏။ အလင်းသည် မြေကြီးပေါ်သို့ကျ၍ အပူသည် ၎င်းအပေါ်ပျံနှံ့သော်လည်း၊ အလင်းနှင့်အပူတို့သာ ဝမ်းမြောက်နေပုံရ၏၊ ၎င်းတို့သည် စည်းစိမ်ခံစား ပျော်မြူးနေသောလူသားအတွင်း မည်သည့်အရာကိုမျှ နှိုးဆော်ခြင်းမရှိပေ။ ဤသည်ကိုမြင်သောအခါ၊ ငါသည် ငါအသင့်ပြင်ထားသော"လှံတံ"ကို လူသားအကြား ချက်ချင်းချပေး၏။ လှံတံကျသည်နှင့်၊ အလင်းနှင့်အပူတို့သည် တဖြည်းဖြည်းပျံ့နှံ့သွားကာ ကမ္ဘာမြေကြီးသည် ချက်ချင်းပင် လွင်တီးခေါင်ဖြစ်၍ မှောင်မဲသွား၏— ထို့အပြင် အမှောင်ထုကြောင့် လူသားသည် ဆက်လက်ပျော်မြူးနေရန် အခွင့်အရေးကို လက်မလွှတ်တမ်းအသုံးချ၏။ လူသားသည် ငါ၏လှံတံရောက်လာခြင်းအကြောင်း အနည်းငယ်သိသော်လည်း သူသည် တုံ့ပြန်ပြုမူခြင်းမရှိဘဲ၊ မြေကြီးပေါ်ရှိ ၎င်း၏ကောင်းချီးမင်္ဂလာများတွင် ဆက်လက်မွေ့လျော်၏။ ထို့နောက်၊ ငါ၏နှုတ်သည် လူသားအားလုံးအပေါ် ပြစ်တင်ဆုံးမခြင်းကို ကြေညာ၍ စကြဝဠာတစ်ခွင်လုံးရှိလူတို့သည် လက်ဝါးကပ်တိုင်တွင် ဇောက်ထိုးသံမှိုစွဲရိုက်နှက်ခံရ၏။ ငါ၏ပြစ်တင်ဆုံးမခြင်း လာသည့်အခါ၊ လူသားသည် တောင်များပြိုကျနေခြင်းနှင့် မြေကြီးပြိုကွဲနေခြင်း၏ဆူညံသံကြောင့် တုန်လှုပ်၏။ လန့်ဖျပ်နိုးလာခဲ့ပြီးနောက် ၎င်းသည် အံ့သြ၍ ကြောက်ရွံ့လျက် ထွက်ပြေးလိုစိတ်ရှိသော်လည်း လွန်စွာနောက်ကျသွားပေပြီ။ ငါ၏ပြစ်တင်ဆုံးမမှု ကျရောက်သည်နှင့်၊ ငါ၏နိုင်ငံတော်သည် မြေကြီးပေါ်သို့ဆင်းသက်၍ တိုင်းနိုင်ငံအားလုံးသည် အစိတ်စိတ်အမြွှာမြွှာ ရိုက်ချိုးခံရကာ၊ သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွား၍ မည်သည့်အရာမျှ ချန်မထားခဲ့ပေ။

နေ့စဉ် ငါသည် စကြဝဠာ၏ မျက်နှာကိုကြည့်၍ နေ့စဉ် ငါသည် လူသားအကြား ငါ၏အမှုအသစ်ကို လုပ်ဆောင်၏။ သို့ရာတွင် လူတို့အားလုံးသည် "ကိုယ်ကျိုးမငဲ့ဘဲ လုပ်ကိုင်နေကြ၍ "မည်သူမျှ ငါ့အမှု၏လှုပ်ရှားမှုနှင့် အင်အားများကို အလေးဂရုပြုခြင်း သို့မဟုတ် ၎င်းတို့ထက်ကျော်လွန်၍ အခြေအနေများကို ဂရုပြုခြင်းတို့မရှိပေ။ ဤသည်မှာ လူတို့သည် ၎င်းတို့ကိုယ်တိုင်ပြုလုပ်ထားသော ကောင်းကင်အသစ်နှင့် မြေကြီးအသစ်တို့တွင် နေထိုင်၍ အခြားမည်သူကမျှ အနှောင့်အယှက်ပေးသည်ကို မလိုလားသည့်အလား ဖြစ်၏။ ၎င်းတို့အားလုံးသည် ၎င်းတို့ကိုယ်တိုင် ပျော်ပါးနေခြင်းအလုပ်ကိုသာ လုပ်ကိုင်ကြလျက် "ကာယလေ့ကျင့်ခန်းများ"လုပ်ရင်း ၎င်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ်ချီးမွမ်းနေကြ၏။ လူသား၏နှလုံးသား၌ အကယ်ပင် ငါ့နေရာတစ်ခုမျှ မရှိသလော။ ငါသည် လူသား၏နှလုံးသားကို အုပ်စိုးသူဖြစ်နိုင်စွမ်း အကယ်ပင်မရှိသလော။ လူသား၏ဝိညာဉ်သည် သူ့အား အကယ်ပင် ထားရစ်ခဲ့ပြီလော။ ငါ၏နှုတ်မှ နှုတ်ကပတ်တော်များကို မည်သူသည် သေချာစွာ တွေးဆခဲ့ဖူးသနည်း။ ငါ့နှလုံးသား၏ဆန္ဒကို မည်သူသည် သိမြင်ခဲ့ဖူးသနည်း။ အခြားအရာတစ်ခုသည် လူသား၏နှလုံးသားကို အကယ်ပင် သိမ်းပိုက်ခဲ့ပြီလော။ ငါသည် လူသားအား ကြိမ်ဖန်များစွာ အော်ခေါ်ခဲ့သော်လည်း ကရုဏာရှိသူ တစ်စုံတစ်ဦး ရှိခဲ့ဖူးသလော။ လူ့သဘာဝတွင် နေခဲ့ဖူးသူ တစ်စုံတစ်ဦးရှိသလော။ လူသားသည် ဇာတိပကတိ၌ နေနိုင်သော်လည်း ၎င်းတွင် လူ့သဘာဝမရှိပေ။ ၎င်းကို တိရစ္ဆာန်နိုင်ငံတော်တွင် မွေးဖွားခဲ့သလော။ သို့မဟုတ် ၎င်းကို ကောင်းကင်ဘုံတွင်မွေးဖွားခဲ့၍ ၎င်း၌ ဘုရား၏သဘောသဘာဝရှိသလော။ ငါသည် လူသားအပေါ် သတ်မှတ်ချက်များပြုလုပ်သော်လည်း သူသည် ငါ၏နှုတ်ကပတ်တော်တို့ကို နားမလည်သည့်အလား၊ ငါသည် သူနှင့်မရင်းနှီးသည့်၊ ချဉ်းကပ်၍မရသော ကြောက်မက်ဖွယ် ဧရာမသတ္တဝါအလား ဖြစ်၏။ ကြိမ်ဖန်များစွာ ငါသည် လူသားအပေါ် စိတ်ပျက်ခဲ့ရ၏၊ ကြိမ်ဖန်များစွာ ငါသည် သူ၏ညံ့ဖျင်းသောဆောင်ရွက်မှုကြောင့် ဒေါသအမျက်ထွက်သွားခဲ့ရ၏၊ ထို့အပြင် ကြိမ်ဖန်များစွာ ငါသည် သူ၏အားနည်းမှုကြောင့် စိတ်ထိခိုက်ခဲ့ရ၏။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာခံစားချက်ကို နှိုးဆော်ခြင်းမပြုသနည်း။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ချစ်ခြင်းမေတ္တာကို မလှုံ့ဆော်သနည်း။ လူသားသည် ငါ့အား အဘယ်ကြောင့် သူ၏လည်ဆွဲဒါလီအဖြစ် ဆက်ဆံရန် လိုလိုလားလားမရှိသနည်း။ လူသား၏နှလုံးသားသည် သူ၏ကိုယ်ပိုင်နှလုံးသား မဟုတ်သလော။ သူ၏ဝိညာဉ်တွင် အခြားအရာတစ်ခုသည် ဝင်ရောက်နေထိုင်ခဲ့ပြီလော။ လူသားသည် အဘယ်ကြောင့် မရပ်တမ်းငိုကြွေးသနည်း။ သူသည် အဘယ်ကြောင့် စိတ်မချမ်းမြေ့နေသနည်း။ သူဝမ်းနည်းသည့်အခါ သူသည် ငါ၏တည်ရှိမှုကို အဘယ်ကြောင့် လျစ်လျူရှုသနည်း။ ငါသည် သူ့အား ဓားနှင့်ထိုးသလော။ ငါသည် သူ့အား တမင်စွန့်ခွာထားရစ်ခဲ့ပြီလော။

ငါ၏အမြင်တွင် လူသားသည် အရာအားလုံး၏ အုပ်စိုးသူဖြစ်သည်။ ငါသည် သူ့ကို တောင်များပေါ်၌ရှိသော မြက်ခင်း၊ သစ်တောများအကြား၌ရှိသော တိရစ္ဆာန်များနှင့် ရေထဲ၌ရှိသော ငါးများဖြစ်ကြသည့် ကမ္ဘာမြေကြီးပေါ်မှ အရာအားလုံးကို စီမံခန့်ခွဲခွင့်ပြုရင်း သေးငယ်သောသြဇာအာဏာကို ပေးခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ဤအတွက်ကြောင့် ပျော်ရွှင်ရမည့်အစား လူသားသည် စိုးရိမ်ပူပန်မှု၏ ဝိုင်းရံဖိစီးခြင်းကို ခံရသည်။ သူ၏အသက်တာတစ်ခုလုံးသည် မချိတင်ကဲဝေဒနာခံရသည့်အသက်တာနှင့် ဟိုဟိုသည်သည်အလုပ်ရှုပ်သော အသက်တာဖြစ်ပြီး ဘာမျှမရှိခြင်းအပေါ် အပျော်ဆင့်ကာ သူ၏အသက်တာတစ်ခုလုံး၌ အသစ်သောတီထွင်မှုများနှင့် ဖန်ဆင်းခြင်းများမရှိချေ။ ဤအနှစ်မပါသောအသက်တာမှ မည်သူမျှ မိမိတို့ကိုယ်ကိုယ် မိမိ မလွတ်မြောက်စေနိုင်၊ အဓိပ္ပာယ်ရှိသော အသက်တာကို မည်သူမျှ ရှာဖွေတွေ့ရှိခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် မည်သူမျှ စစ်မှန်သောအသက်တာကို တွေ့ကြုံခဲ့ဖူးခြင်းမရှိပေ။ ယနေ့ လူအားလုံးတို့သည် ငါ၏တောက်ပသောအလင်းအောက်တွင် အသက်ရှင်ကြသော်လည်း ကောင်းကင်ဘုံရှိ အသက်တာအကြောင်းကို သူတို့သည် ဘာမျှမသိကြချေ။ အကယ်၍ ငါသည် လူသားအပေါ် ကရုဏာစိတ်မရှိပါက၊ လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူအားလုံးသည် အချည်းနှီးလာကြလျက် သူတို့၏ ကမ္ဘာပေါ်ရှိ အသက်တာများသည် အဓိပ္ပာယ်မရှိဘဲဖြစ်ကာ သူတို့သည် ဂုဏ်ယူစရာဘာမျှမရှိဘဲ အချည်းနှီး ထွက်ခွာသွားကြမည်ဖြစ်၏။ ဘာသာတရားတိုင်း၊ လူမှုအသိုက်အဝန်းတိုင်း၊ တိုင်းနိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၏ လူအားလုံးတို့သည် ကမ္ဘာမြေကြီး၏ ဘာမျှမရှိခြင်းကို သိကြပြီး သူတို့အားလုံးသည် ငါ့ကိုရှာကြလျက် ငါ၏ပြန်လာခြင်းကို စောင့်စားကြသည်။ သို့ရာတွင် ငါရောက်လာသောအခါ မည်သူသည် ငါ့ကိုသိခြင်းငှာ တတ်စွမ်းနိုင်သနည်း။ ငါသည် အရာအားလုံးကိုပြုလုပ်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကာ ယနေ့၌ ငါသည် လူသားအကြားသို့ ဆင်းသက်ခဲ့ပြီ။ သို့သော်လည်း လူသားသည် ငါ့ကို တုံ့ပြန်ထိုးနှက်တိုက်ခိုက်ပြီး ငါ့အပေါ် လက်စားချေ၏။ လူသားအပေါ် ငါပြုသောအမှုသည် သူ့အတွက် အဘယ်အကျိုးမျှ မရှိသလော။ လူသားကို ကျေနပ်ခြင်းအား ငါသည် အမှန်ပင် မတတ်စွမ်းနိုင်သလော။ လူသားသည် ငါ့ကို အဘယ်ကြောင့် ငြင်းပယ်သနည်း။ လူသားသည် ငါ့အပေါ် အဘယ်ကြောင့် အလွန်စိမ်းကား၍ ဂရုမစိုက်သနည်း။ ကမ္ဘာမြေကြီးသည် အဘယ်ကြောင့် "အလောင်းကောင်များ"နှင့် ဖုံးလွှမ်းနေသနည်း။ ဤသည်မှာ အကယ်ပင် ငါ လူသားအတွက် ပြုလုပ်ခဲ့သည့် လောက၏အခြေအနေလော။ ငါသည် လူသားအား နှိုင်းယှဉ်၍မရသော ကြွယ်ဝချမ်းသာမှုများ ပေးခဲ့သော်လည်း သူသည် ငါ့အား ဘာမျှမရှိသော လက်နှစ်ဘက်ပြန်ပေးသည်မှာ အဘယ်ကြောင့်နည်း။ လူသားသည် အဘယ်ကြောင့် ငါ့အား စစ်မှန်စွာ မချစ်သနည်း။ သူသည် အဘယ်ကြောင့် မည်သည့်အခါမျှ ငါ့ရှေ့မှောက် မလာသနည်း။ ငါ၏နှုတ်ကပတ်တော်များသည် အကယ်ပင် အချည်းနှီးအတွက် ဖြစ်ခဲ့သလော။ ငါ၏နှုတ်ကပတ်တော်တို့သည် ရေမှအပူကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီလော။ လူသားသည် ငါနှင့်ပူးပေါင်းဆောင်ရွက်ရန် အဘယ်ကြောင့် လိုလိုလားလားမရှိသနည်း။ ငါ၏နေ့ရက်ရောက်လာခြင်းသည် လူသား၏သေဆုံးချိန် အမှန်တကယ်ပင် ဖြစ်သလော။ ငါ၏နိုင်ငံတော် တည်ထောင်သည့်အချိန်တွင် ငါသည် လူသားအား အမှန်တကယ် ဖျက်ဆီးနိုင်မည်လော။ ငါ၏စီမံခန့်ခွဲမှုအစီအစဉ် ကာလတစ်ရပ်လုံးတွင် ငါ၏ရည်ရွယ်ချက်များကို မည်သူမျှ နားလည်ခဲ့ခြင်းမရှိသည်မှာ အဘယ်ကြောင့်နည်း။ ငါ့နှုတ်မှ မိန့်မြွက်ချက်များကို ချစ်မြတ်နိုးမည့်အစား လူသားသည် ၎င်းတို့ကို အဘယ်ကြောင့် စက်ဆုပ်ရွံရှာ၍ ငြင်းပယ်သနည်း။ ငါသည် မည်သူ့ကိုမျှ ပြစ်တင်ရှုတ်ချခြင်းမရှိဘဲ လူတို့အားလုံးကို ငြိမ်သက်စေရန်နှင့် မိမိကိုယ်ကိုယ် ပြန်လည်စဉ်းစားစေခြင်းကိုသာ ပြုလုပ်၏။

၁၉၉၂ ခုနှစ်၊ မတ်လ ၂၇ ရက်

ယခင်က:အခန်း ၂၄

နောက်တစ်ခုသို့:အခန်း ၂၆

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ