အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နှစ်ဆယ့်ငါးခုမြောက်သော မိန့်မြွက်ချက်

အချိန်သည် ကုန်လွန်၍၊ မျက်စိတစ်မှိတ်အတွင်း ယနေ့ရောက်ရှိခဲ့ပေပြီ။ ငါ့ဝိညာဉ်၏ လမ်းပြမှုအောက်တွင်၊ လူတို့အားလုံးသည် ငါ၏အလင်းအလယ်တွင်နေ၍၊ မည်သူမျှ အတိတ်အကြောင်းစဉ်းစားခြင်း သို့မဟုတ် ယမန်နေ့ကို ဂရုပြုခြင်းများ မပြုတော့ပေ။ မည်သည့်အခါကမျှ လက်ရှိနေ့ရက်တွင် မနေခဲ့သူ မည်သူရှိသနည်း။ နိုင်ငံတော်တွင် အံ့သြဖွယ်ကောင်းသော ရက်များနှင့်လများ ကုန်လွန်ခဲ့ခြင်းမရှိသူ မည်သူရှိသနည်း။ နေအောက်တွင်မနေခဲ့သူ မည်သူရှိသနည်း။ နိုင်ငံတော်သည် လူသားအကြား ဆင်းသက်ခဲ့ပြီးဖြစ်သော်လည်း ၎င်း၏နွေးထွေးမှုကို မည်သူမျှ စစ်မှန်စွာတွေ့ကြုံခံစားရခဲ့ဖူးခြင်း မရှိပေ၊ လူသားသည် ၎င်း၏အနှစ်သာရကို နားလည်ခြင်းမရှိဘဲ ၎င်းကို ပြင်ပမှသာ ကြည့်၏။ ငါ၏နိုင်ငံတော်ကို ဖွဲ့စည်းသည့် အချိန်အတွင်း ၎င်းကြောင့် ဝမ်းမြောက်ခြင်းမရှိသူ မည်သူရှိသနည်း။ မြေကြီးပေါ်ရှိနိုင်ငံများသည် အမှန်တကယ်ပင် ရှောင်တိမ်းနိုင်သလော။ အဆင်းနီသောနဂါးကြီးသည် ၎င်း၏ ကလိမ်ကကျစ်အပြုအမူ၏ကျေးဇူးကြောင့် အမှန်တကယ်ပင် ရှောင်တိမ်းနိုင်စွမ်းရှိသလော။ ငါ၏စီမံခန့်ခွဲမှုအမိန့်များကို စကြဝဠာတစ်ခွင်လုံး၌ ကြေညာ၏၊ ၎င်းတို့သည် လူမျိုးအားလုံးအကြား ငါ၏ သြဇာအာဏာကို တည်ထောင်၍၊ စကြဝဠာတစ်ဝှမ်း သက်ရောက်မှုရှိကြသည်။ မည်သို့ပင် ဖြစ်စေကာမူ လူသားသည် ဤသည်ကို မည်သည့်အခါကမျှ စစ်မှန်စွာမသိခဲ့ပေ။ ငါ၏စီမံခန့်ခွဲမှုအမိန့်များကို စကြဝဠာသို့ ထုတ်ဖော်ချိန်သည် မြေကြီးပေါ်ရှိ ငါ၏မှု ပြီးဆုံးခါနီးအချိန်လည်းဖြစ်၏။ ငါသည် လူသားအားလုံးအကြား အုပ်ချုပ်၍ အာဏာကိုင်စွဲသောအခါနှင့် တစ်ဆူတည်းသော ဘုရားသခင်ကိုယ်တိုင်ဖြစ်သည်ဟု အသိအမှတ်ပြုခံရသောအခါ၊ ငါ၏နိုင်ငံတော်သည် မြေကြီးပေါ်သို့ အပြည့်အဝဆင်းသက်လိမ့်မည်။ ယနေ့၊ လူတို့အားလုံးတွင် လမ်းကြောင်းသစ်ပေါ် အသစ်သောအစပြုခြင်း ရှိ၏။ ၎င်းတို့သည် ဘဝသစ်ကို စတင်ခဲ့ကြပြီဖြစ်သော်လည်း မည်သည့်အခါမျှ ကောင်းကင်နှင့် အလားတူသော မြေကြီးပေါ်ရှိဘဝကို မည်သူမျှတွေ့ကြုံခဲ့ဖူးခြင်း မရှိပေ။ သင်တို့သည် ငါ၏အလင်းအလယ်တွင် စစ်မှန်စွာ နေသလော။ ငါ၏နှုတ်ကပတ်တော်တို့အကြား စစ်မှန်စွာ နေသလော။ ၎င်းတို့၏ကိုယ်ပိုင်မျှော်လင့်ချက်များကို မစဉ်းစားသူ မည်သူရှိသနည်း။ ၎င်းတို့၏ကံကြမ္မာကြောင့် ပရိဒေဝဖိစီးမှု မခံစားရသူ မည်သူရှိသနည်း။ ဒုက္ခပင်လယ်အကြား မရုန်းကန်သူ မည်သူရှိသနည်း။ မိမိကိုယ်ကို လွတ်မြောက်ရန် အလိုဆန္ဒမရှိသူ မည်သူရှိသနည်း။ ကောင်းကင်နိုင်ငံ၏ ကောင်းချီးမင်္ဂလာများသည် မြေကြီးပေါ် လူသား၏ ခဲယဉ်းပင်ပန်းမှုအတွက် အလဲအလှယ်လော။ လူသားဆန္ဒရှိသည်အတိုင်း ၎င်း၏အလိုဆန္ဒ အားလုံးကို ဖြည့်ဆည်းနိုင်မည်လော။ တစ်ချိန်က ငါသည် လူသားရှေ့မှောက်တွင် နိုင်ငံတော်၏ လှပသောမြင်ကွင်းကို တင်ဆက်ခဲ့ဖူးသော်လည်း သူသည် ၎င်းကို လောဘမျက်လုံးများဖြင့် ငေးစိုက်ခြင်းသာ ပြုခဲ့၍ ၎င်းအတွင်းသို့ ဝင်ရောက်ရန် စစ်မှန်စွာ ပြင်းပြသည့်ဆန္ဒရှိသူ တစ်ဦးမျှ မရှိခဲ့ပေ။ တစ်ချိန်က ငါသည် လူသားအား မြေကြီးပေါ်ရှိ စစ်မှန်သောအခြေအနေများကို “အစီရင်ခံခဲ့” သော်လည်း သူသည် နားထောင်သည်ထက် သာ၍မလုပ်ပေ၊ ထို့အပြင် ငါ၏နှုတ်မှ လာခဲ့သည့်နှုတ်ကပတ်တော်တို့ကို သူ၏နှလုံးသားဖြင့် ရင်ဆိုင်ခဲ့ခြင်း မရှိပေ။ တစ်ချိန်က ငါသည် လူသားအား ကောင်းကင်ပေါ်ရှိ အခြေအနေများကို ပြောပြခဲ့သော်လည်း သူသည် ငါ၏နှုတ်ကပတ်တော်တို့ကို အံ့ဖွယ်ပုံပြင်များကဲ့သို့ သဘောထားခဲ့၍ ငါ့နှုတ်မှ ဖော်ပြခဲ့သည်ကို စစ်မှန်စွာ လက်ခံခဲ့ခြင်း မရှိပေ။ ယနေ့၊ နိုင်ငံတော်၏ မြင်ကွင်းများသည် လူသားအကြား လှစ်ခနဲ ပေါ်သော်လည်း “တောင်ထိပ်နှင့် တောင်ကြားဖြတ်ကျော်ခဲ့” ကာ ၎င်းကို ရှာခဲ့ဖူးသူ တစ်စုံတစ်ဦး ရှိသလော။ လူသားသည် ငါ၏တိုက်တွန်းမှုမရှိဘဲ သူ၏အိပ်မက်မှ နိုးထခဲ့လိမ့်ဦးမည် မဟုတ်ပေ။ သူသည် မြေကြီးပေါ်ရှိသူ့ဘဝကို အမှန်တကယ်ပင် လွန်စွာဘဝင်ခိုက်အောင် ကြည်နူးနေသလော။ သူ့နှလုံးသားတွင် မြင့်မားသော အဆင့်အတန်းများ အမှန်တကယ်ပင် မရှိသလော။

ငါ၏လူများဟု ငါရှေ့မဆွကခွဲခန့်မှတ်သားထားသူများသည် သူတို့ကိုယ်သူတို့ ငါ့အားဆက်ကပ်နိုင်ကြကာ ငါနှင့် သဟဇာတဖြစ်အောင် နေနိုင်ကြ၏။ ၎င်းတို့သည် ငါ၏အမြင်တွင် အဖိုးတန်ကြကာ ငါ၏နိုင်ငံတော်တွင် ငါ့အတွက် မေတ္တာဖြင့် ထွန်းလင်းကြ၏။ ယနေ့လူတို့အကြားတွင် ထိုကဲ့သို့သော သတ်မှတ်ချက်များကို မည်သူဖြည့်ဆည်းသနည်း။ ငါ၏သတ်မှတ်ချက်များအရ အဆင့်မီနိုင်သူ မည်သူရှိသနည်း။ ငါ၏သတ်မှတ်ချက်များသည် လူသားအတွက် အမှန်တကယ်ပင် အခက်အခဲများ ဖြစ်စေသလော။ ငါသည် သူ့ကို အမှားများ တမင်လုပ်စေသလော။ ငါသည် လူတို့အားလုံးအပေါ် သက်ညှာ၍ သူတို့ကို ဦးစားပေးဆက်ဆံ၏။ သို့ရာတွင် ဤသည်မှာ တရုတ်နိုင်ငံရှိ ငါ၏လူများအပေါ်သာလျှင် ဖြစ်၏။ ဤသည်မှာ ငါသည် သင်တို့အား အထင်သေး၍မဟုတ်၊ သင်တို့ကို မျက်နှာသာဖြင့် ကြည့်သည်လည်း မဟုတ်ဘဲ၊ ငါသည် သင်တို့အပေါ် လက်တွေ့ကျပြီး စစ်မှန်၍ ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ဘဝတွင် မိသားစုများနှင့်ပတ်သက်၍ဖြစ်စေ၊ ပိုမိုကျယ်ပြန့်သောလောကနှင့် ပတ်သက်၍ဖြစ်စေ၊ ဆုတ်ယုတ်မှုများနှင့် မလွဲဧကန် ကြုံကြသည်။ သို့ရာတွင် မည်သူ၏အခက်အခဲကို ၎င်းတို့ကိုယ်တိုင်၏ လက်များဖြင့် စီမံခဲ့သနည်း။ လူသားသည် ငါ့ကိုသိနိုင်စွမ်းမရှိပေ။ သူသည် ငါ၏ပြင်ပအသွင်အပေါ် နားလည်မှုအချို့ ရှိသော်လည်း ငါ၏အနှစ်သာရကို မသိပေ၊ သူသည် သူစားသည့်အစာတွင် ပါဝင်သည့်ပစ္စည်းများကို မသိပေ။ မည်သူသည် ငါ့နှလုံးသားကို သတိကြီးစွာဖြင့် တွေးဆနိုင်သနည်း။ ငါ့ရှေ့မှောက်တွင် ငါ၏အလိုဆန္ဒကို မည်သူသည် စစ်မှန်စွာ နားလည်နိုင်သနည်း။ ငါသည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်သည့်အခါ၊ ကမ္ဘာမြေကြီးသည် အမှောင်ထုဖြင့် ဖုံးအုပ်နေကာ လူသားသည် “အိပ်မောကျ” နေ၏။ ငါသည် နေရာအားလုံးအကြား လျှောက်လှမ်း၍ ငါတွေ့သည့်အရာအားလုံးသည် စုတ်ပြဲနေ၍ ၎င်းကို ကြည့်ရန် ငါ့တွင်ခံနိုင်ရည်မရှိပေ။ ဤသည်မှာ လူသားသည် မွေ့ပျော်ရန်သာ လိုလားကာ “ပြင်ပလောကမှ အရာများ” ကို ဂရုပြုရန် ဆန္ဒလုံးဝမရှိသည့်အလား ဖြစ်၏။ လူတို့အားလုံး မသိဘဲ၊ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို ဆန်းစစ်လေ့လာ၏၊ သို့ရာတွင် အသက်နှင့်ပြည့်ဝနေသော နေရာတစ်ခုကိုမျှ ငါမတွေ့ပေ။ ချက်ချင်းပင် ငါသည် အလင်းနှင့်အပူတို့ကို ထွန်းလင်း၍ တတိယကောင်းကင်မှ ကမ္ဘာမြေကြီးပေါ်သို့ ကြည့်၏။ အလင်းသည် မြေကြီးပေါ်သို့ကျ၍ အပူသည် ၎င်းအပေါ် ပျံနှံ့သော်လည်း၊ အလင်းနှင့်အပူတို့သာ ဝမ်းမြောက်နေပုံရ၏၊ ၎င်းတို့သည် စည်းစိမ်ခံစားပျော်မြူးနေသော လူသားအတွင်း မည်သည့်အရာကိုမျှ နှိုးဆော်ခြင်း မရှိပေ။ ဤသည်ကို မြင်သောအခါ၊ ငါသည် ငါအသင့်ပြင်ထားသော “လှံတံ” ကို လူသားအကြား ချက်ချင်း ချပေး၏။ လှံတံကျသည်နှင့်၊ အလင်းနှင့်အပူတို့သည် တဖြည်းဖြည်း ပျံ့နှံ့သွားကာ ကမ္ဘာမြေကြီးသည် ချက်ချင်းပင် လွင်တီးခေါင်ဖြစ်၍ မှောင်မဲသွား၏—ထို့အပြင် အမှောင်ထုကြောင့် လူသားသည် ဆက်လက် ပျော်မြူးနေရန်အခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချ၏။ လူသားသည် ငါ၏လှံတံရောက်လာခြင်းအကြောင်း အနည်းငယ် သိသော်လည်း သူသည် တုံ့ပြန်ပြုမူခြင်းမရှိဘဲ၊ မြေကြီးပေါ်ရှိ ၎င်း၏ကောင်းချီးမင်္ဂလာများတွင် ဆက်လက် မွေ့လျော်၏။ ထို့နောက်၊ ငါ၏နှုတ်သည် လူသားအားလုံးအပေါ် ပြစ်တင်ဆုံးမခြင်းကို ကြေညာ၍ စကြဝဠာတစ်ခွင်လုံးရှိ လူတို့သည် လက်ဝါးကပ်တိုင်တွင် ဇောက်ထိုး သံမှိုစွဲရိုက်နှက်ခံရ၏။ ငါ၏ပြစ်တင်ဆုံးမခြင်း လာသည့်အခါ၊ လူသားသည် တောင်များ ပြိုကျနေခြင်းနှင့် မြေကြီးပြိုကွဲနေခြင်း၏ ဆူညံသံကြောင့် တုန်လှုပ်၏။ လန့်ဖျပ်နိုးလာခဲ့ပြီးနောက် ၎င်းသည် အံ့သြ၍ ကြောက်ရွံ့လျက် ထွက်ပြေးလိုစိတ်ရှိသော်လည်း လွန်စွာနောက်ကျသွားပေပြီ။ ငါ၏ပြစ်တင်ဆုံးမမှု ကျရောက်သည်နှင့်၊ ငါ၏နိုင်ငံတော်သည် မြေကြီးပေါ်သို့ ဆင်းသက်၍ တိုင်းနိုင်ငံအားလုံးသည် အစိတ်စိတ်အမြွှာမြွှာ ရိုက်ချိုးခံရကာ၊ သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွား၍ မည်သည့်အရာမျှ ချန်မထားခဲ့ပေ။

နေ့စဉ် ငါသည်စကြဝဠာ၏မျက်နှာကို ကြည့်၍ နေ့စဉ်ငါသည် လူသားအကြား ငါ၏အမှုအသစ်ကို လုပ်ဆောင်၏။ သို့ရာတွင် လူတို့အားလုံးသည် “ကိုယ်ကျိုးမငဲ့ဘဲ လုပ်ကိုင်နေကြ၍” မည်သူမျှ ငါ့အမှု၏ လှုပ်ရှားမှုနှင့်အင်အားများကို အလေးဂရုပြုခြင်း သို့မဟုတ် ၎င်းတို့ထက်ကျော်လွန်၍ အခြေအနေများကို ဂရုပြုခြင်းတို့ မရှိပေ။ ဤသည်မှာ လူတို့သည် ၎င်းတို့ကိုယ်တိုင် ပြုလုပ်ထားသော ကောင်းကင်အသစ်နှင့် မြေကြီးအသစ်တို့တွင် နေထိုင်၍ အခြားမည်သူကမျှ အနှောင့်အယှက်ပေးသည်ကို မလိုလားသည့်အလား ဖြစ်၏။ ၎င်းတို့အားလုံးသည် ၎င်းတို့ကိုယ်တိုင် ပျော်ပါးနေခြင်း အလုပ်ကိုသာ လုပ်ကိုင်ကြလျက် “ကာယလေ့ကျင့်ခန်းများ” လုပ်ရင်း ၎င်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေကြ၏။ လူသား၏နှလုံးသား၌ အကယ်ပင် ငါ့နေရာ တစ်ခုမျှ မရှိသလော။ ငါသည် လူသား၏နှလုံးသားကို အုပ်စိုးသူဖြစ်နိုင်စွမ်း အကယ်ပင်မရှိသလော။ လူသား၏ဝိညာဉ်သည် သူ့အား အကယ်ပင် ထားရစ်ခဲ့ပြီလော။ ငါ၏နှုတ်မှ နှုတ်ကပတ်တော်များကို မည်သူသည် သေချာစွာ တွေးဆခဲ့ဖူးသနည်း။ ငါ့နှလုံးသား၏ဆန္ဒကို မည်သူသည် သိမြင်ခဲ့ဖူးသနည်း။ အခြားအရာတစ်ခုသည် လူသား၏နှလုံးသားကို အကယ်ပင် သိမ်းပိုက်ခဲ့ပြီလော။ ငါသည် လူသားအား ကြိမ်ဖန်များစွာ အော်ခေါ်ခဲ့သော်လည်း ကရုဏာရှိသူ တစ်စုံတစ်ဦး ရှိခဲ့ဖူးသလော။ လူ့သဘာဝတွင် နေခဲ့ဖူးသူ တစ်စုံတစ်ဦးရှိသလော။ လူသားသည် ဇာတိပကတိ၌ နေနိုင်သော်လည်း ၎င်းတွင် လူ့သဘာဝ မရှိပေ။ ၎င်းကို တိရစ္ဆာန်နိုင်ငံတွင် မွေးဖွားခဲ့သလော။ သို့မဟုတ် ၎င်းကို ကောင်းကင်ဘုံတွင် မွေးဖွားခဲ့၍ ၎င်း၌ ဘုရား၏ သဘောသဘာဝ ရှိသလော။ ငါသည် လူသားအပေါ်သတ်မှတ်ချက်များ ပြုလုပ်သော်လည်း သူသည် ငါ၏ နှုတ်ကပတ်တော်တို့ကို နားမလည်သည့်အလား၊ ငါသည် သူနှင့်မရင်းနှီးသည့်၊ ချဉ်းကပ်၍ မရသော ကြောက်မက်ဖွယ် ဧရာမသတ္တဝါအလား ဖြစ်၏။ ကြိမ်ဖန်များစွာ ငါသည် လူသားအပေါ် စိတ်ပျက်ခဲ့ရ၏၊ ကြိမ်ဖန်များစွာ ငါသည် သူ၏ ညံ့ဖျင်းသော ဆောင်ရွက်မှုကြောင့် ဒေါသအမျက်ထွက်သွားခဲ့ရ၏၊ ထို့အပြင် ကြိမ်ဖန်များစွာ ငါသည် သူ၏အားနည်းမှုကြောင့် စိတ်ထိခိုက်ခဲ့ရ၏။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာ ခံစားချက်ကို နှိုးဆော်ခြင်း မပြုသနည်း။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ချစ်ခြင်းမေတ္တာကို မလှုံ့ဆော်သနည်း။ လူသားသည် ငါ့အား အဘယ်ကြောင့် သူ၏လည်ဆွဲဒါလီအဖြစ် ဆက်ဆံရန် လိုလိုလားလား မရှိသနည်း။ လူသား၏နှလုံးသားသည် သူ၏ကိုယ်ပိုင် နှလုံးသား မဟုတ်သလော။ သူ၏ဝိညာဉ်တွင် အခြားအရာတစ်ခုသည် ဝင်ရောက်နေထိုင်ခဲ့ပြီလော။ လူသားသည် အဘယ်ကြောင့် မရပ်တမ်းငိုကြွေးသနည်း။ သူသည် အဘယ်ကြောင့် စိတ်မချမ်းမြေ့နေသနည်း။ သူဝမ်းနည်းသည့်အခါ သူသည် ငါ၏တည်ရှိမှုကို အဘယ်ကြောင့် လျစ်လျူရှုသနည်း။ ငါသည် သူ့အား ဓားနှင့်ထိုးသလော။ ငါသည် သူ့အား တမင်စွန့်ခွာထားရစ်ခဲ့ပြီလော။

ငါ၏မျက်လုံးများတွင် လူသားသည် အရာခပ်သိမ်းကို အုပ်ချုပ်သူဖြစ်၏။ ငါသည် သူ့အား မြေကြီးပေါ်ရှိ အရာခပ်သိမ်း- တောင်များပေါ်ရှိမြက်များ၊ တောများအကြားရှိတိရစ္ဆာန်များနှင့် ရေထဲရှိငါးများကို စီမံအုပ်ချုပ်ခွင့်ပြုလျက် ပေးခဲ့သည့်အာဏာမှာ အနည်းအကျဉ်းမဟုတ်ပေ။ သို့ရာတွင် ဤအတွက်ကြောင့် ပျော်ရွှင်ရမည့်အစား လူသားသည် စိုးရိမ်ပူပန်မှု၏ ဝိုင်းရံဖိစီးခြင်းကို ခံရသည်။ သူ၏အသက်တာတစ်ခုလုံးသည် မချိတင်ကဲ ဝေဒနာခံရသည့် အသက်တာနှင့် ဟိုဟိုသည်သည် ပြေးလွှားကာ၊ အနှစ်သာရကင်းမဲ့ခြင်းသို့ အပျော်အပါးထည့်ခြင်းဖြစ်၏။ သူ၏အသက်တာ တစ်ခုလုံး၌ အသစ်သော တီထွင်မှုများနှင့် ဖန်ဆင်းခြင်းများ မရှိချေ။ ဤအနှစ်မပါသော အသက်တာမှ မည်သူမျှ မိမိတို့ကိုယ်ကိုမိမိ မလွတ်မြောက်စေနိုင်၊ အဓိပ္ပာယ်ရှိသော အသက်တာကို မည်သူမျှ ရှာဖွေတွေ့ရှိခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် မည်သူမျှ စစ်မှန်သော အသက်တာကို တွေ့ကြုံခဲ့ဖူးခြင်း မရှိပေ။ ယနေ့လူအားလုံးတို့သည် ငါ၏တောက်ပသော အလင်းအောက်တွင် အသက်ရှင်ကြသော်လည်း ကောင်းကင်ဘုံရှိ အသက်တာအကြောင်းကို သူတို့သည် ဘာမျှမသိကြချေ။ အကယ်၍ ငါသည် လူသားအပေါ် ကရုဏာစိတ်မရှိပါက၊ လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူအားလုံးသည် အချည်းနှီး လာကြလျက် သူတို့၏ ကမ္ဘာပေါ်ရှိ အသက်တာများသည် အဓိပ္ပာယ်မရှိဘဲ ဖြစ်ကာ သူတို့သည် ဂုဏ်ယူစရာ ဘာမျှမရှိဘဲ အချည်းနှီး ထွက်ခွာသွားကြမည် ဖြစ်၏။ ဘာသာတိုင်း၊ လူမှုအဖွဲ့အစည်း နယ်ပယ်တိုင်း၊ နိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၏ လူတို့အားလုံးသည် မြေကြီးပေါ်ရှိ အနှစ်သာရကင်းမဲ့မှုကို သိကြကာ ၎င်းတို့အားလုံးသည် ငါ့ကိုရှာဖွေလျက် ငါပြန်လာခြင်းကို စောင့်ကြ၏။ သို့ရာတွင် ငါရောက်လာသောအခါ မည်သူသည် ငါ့ကိုသိခြင်းငှာ တတ်စွမ်းနိုင်သနည်း။ ငါသည် အရာအားလုံးကို ပြုလုပ်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကာ ယနေ့၌ ငါသည် လူသားအကြားသို့ ဆင်းသက်ခဲ့ပြီ။ သို့သော်လည်း လူသားသည် ငါ့ကို တုံ့ပြန်ထိုးနှက်တိုက်ခိုက်ပြီး ငါ့အပေါ် လက်စားချေ၏။ လူသားအပေါ် ငါပြုလုပ်သည့်အမှုသည် ၎င်းအတွက် လုံးဝအကျိုးမရှိသလော။ လူသားကို ကျေနပ်ခြင်းအား ငါသည် အမှန်ပင် မတတ်စွမ်းနိုင်သလော။ လူသားသည် ငါ့ကို အဘယ်ကြောင့် ငြင်းပယ်သနည်း။ လူသားသည် ငါ့အပေါ် အဘယ်ကြောင့် အလွန်စိမ်းကား၍ ဂရုမစိုက်သနည်း။ ကမ္ဘာမြေကြီးသည် အဘယ်ကြောင့် အလောင်းကောင်များနှင့် ဖုံးလွှမ်းနေသနည်း။ ဤသည်မှာ အကယ်ပင် ငါလူသားအတွက် ပြုလုပ်ခဲ့သည့် လောက၏ အခြေအနေလော။ ငါသည် လူသားအား နှိုင်းယှဉ်၍မရသော ကြွယ်ဝချမ်းသာမှုများပေးခဲ့သော်လည်း သူသည် ငါ့အား ဘာမျှမရှိသော လက်နှစ်ဘက် ပြန်ပေးသည်မှာ အဘယ်ကြောင့်နည်း။ လူသားသည် အဘယ်ကြောင့် ငါ့အား စစ်မှန်စွာ မချစ်သနည်း။ သူသည် အဘယ်ကြောင့် မည်သည့်အခါမျှ ငါ့ရှေ့မှောက် မလာသနည်း။ ငါ၏နှုတ်ကပတ်တော်များသည် အကယ်ပင် အချည်းနှီးအတွက် ဖြစ်ခဲ့သလော။ ငါ၏နှုတ်ကပတ်တော်တို့သည် ရေမှအပူကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီလော။ လူသားသည် ငါနှင့်ပူးပေါင်းဆောင်ရွက်ရန် အဘယ်ကြောင့် လိုလိုလားလား မရှိသနည်း။ ငါ၏နေ့ရက် ရောက်လာခြင်းသည် လူသား၏သေဆုံးချိန် အမှန်တကယ်ပင် ဖြစ်သလော။ ငါ၏နိုင်ငံတော် တည်ထောင်သည့်အချိန်တွင် ငါသည် လူသားအား အမှန်တကယ် ဖျက်ဆီးနိုင်မည်လော။ ငါ၏စီမံခန့်ခွဲမှုအစီအစဉ်ကာလ တစ်ရပ်လုံးတွင် ငါ၏ရည်ရွယ်ချက်များကို မည်သူမျှ နားလည်ခဲ့ခြင်းမရှိသည်မှာ အဘယ်ကြောင့်နည်း။ ငါ့နှုတ်မှ မိန့်မြွက်ချက်များကို ချစ်မြတ်နိုးမည့်အစား လူသားသည် ၎င်းတို့ကို အဘယ်ကြောင့် စက်ဆုပ်ရွံရှာ၍ ငြင်းပယ်သနည်း။ ငါသည် မည်သူ့ကိုမျှ ပြစ်တင်ရှုတ်ချခြင်းမရှိဘဲ လူတို့အားလုံးကို ငြိမ်သက်စေရန်နှင့် မိမိကိုယ်ကို ပြန်လည်စဉ်းစားစေခြင်းကိုသာ ပြုလုပ်၏။

၁၉၉၂ ခုနှစ် မတ်လ ၂၇ ရက်

ယခင်က:နှစ်ဆယ့်လေးခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:နှစ်ဆယ့်ခြောက်ခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ