အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နှစ်ဆယ့်လေးခုမြောက် မိန့်မြွက်ချက်

ငါ၏ပြစ်တင်ဆုံးမမှုသည် လူတို့အားလုံးအပေါ်သို့ကျရောက်သော်လည်း ၎င်းသည် လူတို့အားလုံးမှ ဝေးကွာလျက်ရှိ၏။ လူတိုင်း၏ ဘဝတစ်ခုလုံးသည် ငါ့အပေါ် ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်ဝနေလျက်၊ မည်သူမျှ ငါ့အား မည်သည့်အခါကမျှ မသိခဲ့ပေ—ထို့ကြောင့် ငါ့အပေါ် လူသား၏သဘောထားသည် အပူနှင့်အအေး တိုက်ခတ်ကာ သာမန်ဖြစ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ငါသည် လူသားကို အစဉ်ပင် ပြုစုစောင့်ရှောက်ခဲ့ကာ ကာကွယ်ခဲ့၍၊ သူ၏ နုံအမှုကြောင့်သာ သူသည် ငါ၏ လုပ်ဆောင်ချက်အားလုံးကို မြင်နိုင်စွမ်းမရှိဘဲ ငါ၏စိတ်အားထက်သန်သော ရည်ရွယ်ချက်များကို နားမလည်နိုင်ခြင်း ဖြစ်၏။ နိုင်ငံအားလုံးအကြား ငါသည် ဦးဆောင်လမ်းပြနေသူဖြစ်ကာ လူမျိုးအားလုံးအကြား အမြင့်ဆုံးသောဘုရားဖြစ်၏၊ လူသားသည် ငါ့ကိုမသိခြင်းသာဖြစ်၏။ နှစ်ပေါင်းများစွာကြာအောင် ငါသည် လူသားအကြား နေခဲ့ပြီးဖြစ်ကာ လူသား၏လောကတွင် ဘဝကိုတွေ့ကြုံခံစားခဲ့၏။ သို့ရာတွင် သူသည် ငါ့ကို အစဉ် လျစ်လျူရှုခဲ့ကာ ငါ့အား ကမ္ဘာ့အပြင်ဘက် အာကာသမှ သတ္တဝါတစ်ဦးကဲ့သို့ ဆက်ဆံခဲ့၏။ အကျိုးဆက်အနေဖြင့်၊ စိတ်နေသဘောထားနှင့် ဘာသာစကားကွာခြားသောကြောင့် လူတို့သည် ငါ့ကို လမ်းပေါ်မှ သူစိမ်းတစ်ဦးကဲ့သို့ ဆက်ဆံ၏။ ငါ၏အဝတ်အစားသည်လည်း ထူးခြားလွန်းနေပုံရ၏။ ၎င်း၏ရလဒ်အနေဖြင့် လူသားသည် ငါ့ကိုချဉ်းကပ်ရန် မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေ၏။ ထိုအခါမှသာ လူသားအကြားဘဝ၏ အဖော်မဲ့ခြင်းကို ငါခံစားရ၍ ထိုအခါမှသာ လူသားလောက၏ တရားမျှတမှုမရှိခြင်းကို ခံစားရ၏။ ငါသည် ဖြတ်သန်းသွားလာသူများအကြား လမ်းလျှောက်၍ ၎င်းတို့၏ မျက်နှာအားလုံးကို လေ့လာ၏။ ဤသည်မှာ ၎င်းတို့သည် ၎င်းတို့၏မျက်နှာများကို ညှိုးငယ်ခြင်းဖြင့် ပြည့်စေသော နာမကျန်းမှုတစ်ခုအလယ်နှင့် ၎င်းတို့၏လွတ်ငြိမ်းမှုကို ကာကွယ်တားဆီးသည့် ပြစ်တင်ဆုံးမမှုအကြား နေထိုင်သကဲ့သို့ဖြစ်နေ၏။ လူသားသည် သူ့ကိုယ်သူ ချုပ်နှောင်ကာ သူ့ကိုယ်သူ နစ်နာစေ၏။ လူအများစုသည် ၎င်းတို့အား ငါမှ ချီးကျူးနိုင်စေရန် ငါ့ရှေ့မှောက်တွင် သူတို့အပေါ် ယုံမှားစေသော ထင်မြင်ချက်တစ်ရပ်ကို ဖန်တီးကြ၏၊ လူအများစုသည် ငါ၏အကူအညီကို ရယူနိုင်ရန် ငါ့ရှေ့မှောက်တွင် သနားဖွယ်ကောင်းသည်ဟု ထင်အောင် တမင်လုပ်ကြ၏။ ငါ့နောက်တွင် လူတို့အားလုံးသည် ငါ့အားလှည့်ဖြား၍ ငါ့ကို မနာခံကြပေ။ ငါမမှန်ပေဘူးလော။ ဤသည်မှာ လူသား၏ ဆက်လက်ရှင်သန်ရေး မဟာဗျူဟာ မဟုတ်ပေဘူးလော။ မည်သူသည် ၎င်းတို့၏အသက်တာတို့၌ ငါ့အတိုင်းလုပ်ဆောင်ခဲ့ဖူးသနည်း။ မည်သူသည် ငါ့အား အခြားသူများအကြား ချီးမြှောက်ခဲ့ဖူးသနည်း။ မည်သူသည် ဝိညာဉ်တော်ရှေ့၌ ချည်နှောင်ခံရခဲ့ဖူးသနည်း။ စာတန်၏ရှေ့မှောက်တွင် မည်သူသည် ငါ့အတွက် ခိုင်မြဲစွာရပ်တည်၍ သက်သေခံခဲ့ဖူးသနည်း။ မည်သူသည် ငါ့အပေါ် ၎င်းတို့၏ “သစ္စာရှိခြင်း” တွင် မှန်ကန်မှု ထည့်ခဲ့ဖူးသနည်း။ မည်သူသည် ငါ့ကြောင့် အဆင်းနီသော နဂါးကြီး၏ ဖယ်ရှားခြင်း ခံခဲ့ရဖူးသနည်း။ လူတို့သည် စာတန်နှင့် ပူးပေါင်းခဲ့ကြပြီးဖြစ်သည်၊ ၎င်းတို့သည် ငါ့ကို အာခံရာတွင် ကျွမ်းကျင်သူများဖြစ်ကြ၏၊ ၎င်းတို့သည် ငါ့ကိုဆန့်ကျင်ခြင်းကို တီထွင်ဖန်တီးသူများဖြစ်ကြကာ၊ ၎င်းတို့သည် ငါ့ကိုလှည့်ဖြားမှုတွင် သင်တန်းဆင်းပြီးသူများ ဖြစ်ကြ၏။ သူကိုယ်တိုင်၏ ကံကြမ္မာအတွက် လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် နေရာအနှံ့ ရှာ၏၊ ငါသည် သူ့အားလက်ယပ်ခေါ်သည့်အခါ သူသည် ငါ၏အဖိုးတန်မှုကို မသိဘဲရှိနေလျက်၊ အခြားသူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်ရန် မလိုလားသဖြင့်၊ သူ့အပေါ်သူ အားထားမှုတွင်သာ ဆက်လက်၍ ယုံကြည်၏။ လူသား၏ပြင်းပြသော ဆန္ဒများသည် အဖိုးတန်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ၏ ပြင်းပြသောမျှော်လင့်ချက်များသည် မည်သည့်အခါမျှ အဆင့်အတန်း မမီခဲ့ဖူးပေ- ၎င်းတို့အားလုံး ငါ့ရှေ့မှောက်၌ တစ်စစီပြိုလဲကြကုန်၏။ အသံမထွက်ဘဲ ပြိုလဲကြ၏။

နေ့ရက်တိုင်း ငါစကားပြော၍ နေ့ရက်တိုင်း အသစ်သောအရာများကိုလည်း ငါပြု၏။ လူသားသည် ၎င်း၏ အလုံးစုံသောခွန်အားကို အသုံးမပြုပါက သူသည် ငါ၏အသံကိုကြားရန် အခက်အခဲရှိလိမ့်မည်ဖြစ်ကာ ငါ၏မျက်နှာကို မြင်ရန်လည်း အခက်အခဲတွေ့လိမ့်မည်။ ချစ်မြတ်နိုးသူသည် ကောင်းနေနိုင်၍၊ သူ၏စကားသည် ညင်သာသော်လည်း လူသားသည် သူ၏ ဘုန်းအာနုဘော်ထင်ရှားသောမျက်နှာကို အလွယ်တကူမြင်နိုင်စွမ်းနှင့် သူ၏အသံကို အလွယ်တကူကြားနိုင်စွမ်း မရှိပေ။ ခေတ်ကာလများတစ်လျှောက်လုံး မည်သူမျှ ငါ၏မျက်နှာကို အလွယ်တကူ မြင်ဖူးခဲ့ခြင်း မရှိပေ။ ငါသည် တစ်ချိန်က ပေတရုအား စကားပြောခဲ့၍ ပေါလုအား ကိုယ်ထင်ပြခဲ့ကာ- ဣသရေလ အမျိုးတို့မှလွဲ၍ - အခြားမည်သူမျှ ငါ၏မျက်နှာကို စစ်မှန်စွာ မမြင်ဖူးခဲ့ပေ။ ယနေ့ လူသားနှင့်အတူနေရန် ငါကိုယ်တိုင် လူသားအကြားလာခဲ့ပေပြီ။ ဤသည်မှာ သင့်အတွက် ရှားပါး၍ အဖိုးတန်သည်ဟု အမှန်တကယ် မခံစားရပေဘူးလော။ သင်၏အချိန်ကို အကောင်းဆုံးအသုံးချလိုသောဆန္ဒ မရှိပေဘူးလော။ သင့်ကို သတိမမူမိဘဲ ဤနည်းဖြင့် ကုန်လွန်စေလိုသလော။ လူတို့၏စိတ်များရှိ အချိန်၏လက်တံများသည် ရုတ်တရက် ရပ်တန့်သွားနိုင်သလော။ သို့မဟုတ် အချိန်သည် နောက်ပြန် စီးဆင်းနိုင်သလော။ သို့မဟုတ် လူသားသည် တဖန်ပြန်၍ ငယ်သွားနိုင်သလော။ ကောင်းချီးမင်္ဂလာများနှင့် ပြည့်ဝနေသော ယနေ့သည် တဖန် ပြန်လာနိုင်ဦးမည်လော။ ငါသည် လူသားအား သူ၏ “ဖြုန်းတီးမှု” အတွက် သင့်တော်သည့် “ဆု” မပေးပေ။ ငါသည် အခြားအရာအားလုံးမှ တသီးတခြားတည်ရှိလျက် ငါ၏အမှုကို လက်မလျှော့တမ်းသာ လုပ်ဆောင်၍၊ လူသားသည် အလုပ်များနေသောကြောင့်ဖြစ်စေ၊ သူ၏ငိုသံများကြောင့် ဖြစ်စေ၊ အချိန်၏စီးဆင်းမှုကို ရပ်တန့်မည် မဟုတ်ပေ။ နှစ်ပေါင်းထောင်ပေါင်းအချို့ကြာ၊ မည်သူမျှ ငါ၏အင်အားကို ခွဲနိုင်ခဲ့ခြင်းမရှိဘဲ၊ ငါ၏ နဂိုမူရင်းအစီအစဉ်ကို ကမောက်ကမ ဖြစ်စေနိုင်ခဲ့ခြင်း မရှိပေ။ ငါသည် အာကာသကို ကျော်လွန်၍ ခေတ်များကို ဖြတ်သန်းကာ၊ အရာခပ်သိမ်း၏ အထက်ရော၊ အရာခပ်သိမ်း၏ အကြားပါ ငါ၏အစီအစဉ်တစ်ရပ်လုံး၏ အချက်အချာကို စတင်မည်။ မည်သူမျှ ငါ့ထံမှ အထူးဆက်ဆံမှုကို ရနိုင်ခဲ့ဖူးခြင်း မရှိပေ၊ မည်သူမျှ ငါ၏လက်များထဲရှိ “ဆု” ကို ရနိုင်ခဲ့ဖူးခြင်း မရှိပေ။ ထို့အပြင် လူတို့သည် သူတို့၏ပါးစပ်များကိုဖွင့်၍ ငါ့အားဆုတောင်းခဲ့သော်လည်း၊ ထိုသူတို့သည် အခြားအရာအားလုံးကို ဂရုမပြုဘဲ ငါ့အပေါ် တောင်းဆိုချက်များပြုလုပ်ရန် သူတို့၏လက်များကို ဆန့်တန်းခဲ့ကြသော်လည်း၊ ၎င်းတို့တစ်ဦးမျှ ငါ့အပေါ် သက်ရောက်မှုမရှိခဲ့သည့်အပြင် ၎င်းတို့အားလုံးသည် ငါ၏ “အကြင်နာကင်းမဲ့သော” အသံ၏ အနောက်သို့တွန်းခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ လူအများစုမှ ၎င်းတို့သည် “ငယ်လွန်းသည်” ဟု ယုံကြည်နေဆဲ ဖြစ်သဖြင့် ကြီးမားသောကရုဏာပြရန်၊ ၎င်းတို့အပေါ် ဒုတိယအကြိမ် ကြင်နာမှုရှိရန် ငါ့ကိုစောင့်ကြ၍၊ ငါသည် သူတို့အား အနောက်ဘက်တံခါးကို သုံးခွင့်ပြုရန် သူတို့တောင်းဆိုကြ၏။ သို့ရာတွင် ငါသည် ငါ၏ အစီအစဉ်အပေါ် မည်သို့ သာမန်ကာလျှံကာ ဝင်ရောက်စွက်ဖက်နိုင်မည်နည်း။ လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် နောက်ထပ်နှစ်အနည်းငယ် ပို၍နေနိုင်ရန် သူ၏ပျိုရွယ်မှုအတွက် ငါသည် ကမ္ဘာ၏ လည်ပတ်မှုကို ရပ်တန့်နိုင်မည်လော။ လူသား၏ဦးနှောက်သည် ရှုပ်ထွေးလွန်းလှသော်လည်း ၎င်းတွင် ကင်းမဲ့နေသည့်အရာများလည်း ရှိပုံရ၏။ အကျိုးဆက်အနေဖြင့်၊ ငါ၏အမှုကို တမင်နှောင့်ယှက်ရန် လူသား၏စိတ်တွင် “အံ့သြဖွယ်ကောင်းသော နည်းနာများ” မကြာခဏပေါ်လာ၏။

ငါသည် လူသား၏အပြစ်များကို အကြိမ်ပေါင်းများစွာ ခွင့်လွှတ်ခဲ့၍ သူ၏ အားနည်းမှုကြောင့် သူ့အား အထူးအခွင့်အရေး ပေးခဲ့သော်လည်း၊ သူ၏အသိဉာဏ်ကင်းမဲ့မှုကြောင့် သူ့အား သင့်တော်စွာ ဆက်ဆံခဲ့သည့် အချိန်များလည်း များစွာရှိ၏။ ဤသည်မှာ လူသားသည်- ဖုန်မှုန့်များ ဖုံးလွှမ်းလျက်၊ သူ၏အဝတ်အစားများ စုတ်ပြဲနေကာ၊ ပေါက်နေသည့်ပေါင်းပင်များကဲ့သို့ သူ၏ဆံပင်သည် သူ၏ဦးခေါင်းအား ဖုံးအုပ်ထား၍၊ သူ့မျက်နှာတွင် အညစ်အကြေးများ ဖုံးကာခဲနေလျက်၊ သူ၏ခြေများသည် အိမ်လုပ်ဖိနပ်များ စီးထားကာ၊ သူ၏လက်များသည် လင်းယုန်ငှက်အသေ၏ လက်သည်းများကဲ့သို့ သူ၏နံဘေးများတွင် ချိနဲ့စွာ တွဲလွဲကျနေသော- သူ၏လက်ရှိ ဇာတ်သိမ်းခန်းသို့ နစ်မြုပ်ခဲ့သည်အထိ၊ ငါ၏ ကြင်နာစိတ်ကို မည်သို့ အသိအမှတ်ပြုရမှန်း မသိခြင်းသာဖြစ်၏။ ငါသည် ငါ၏မျက်လုံးများကိုဖွင့်၍ကြည့်သည့်အခါ၊ လူသားသည် အနက်ဆုံးသောတွင်းထဲမှ ယခုပင် တက်၍ထွက်လာသကဲ့သို့ဖြစ်၏။ ငါသည် ဒေါသမထွက်ဘဲ မနေနိုင်ပေ- ငါသည် လူသားအပေါ် အစဉ်သည်းခံခဲ့၏။ သို့ရာတွင် ငါသည် မာရ်နတ်အား ငါ၏သန့်ရှင်းသောနိုင်ငံတော်မှ ၎င်းသဘောရှိသည်အတိုင်း သွားလာရန် မည်သို့ခွင့်ပြုနိုင်မည်နည်း။ သူတောင်းစားတစ်ဦးအား ငါ၏ အိမ်ထောင်စုတွင် အခမဲ့စားရန် ငါမည်သို့ခွင့်ပြုနိုင်မည်နည်း။ မသန့်ရှင်းသောဝိညာဉ်တစ်ပါး ငါ့အိမ်ထောင်စု၏ ဧည့်သည်အဖြစ် ရှိနေခြင်းကို ငါမည်သို့ သည်းခံနိုင်မည်နည်း။ လူသားသည် အစဉ်ပင် “သူ့အပေါ်သူ စည်းကမ်းတင်းကျပ်” ခဲ့၍ “အခြားသူများအပေါ် သက်ညှာ” ခဲ့သော်လည်း သူသည် ငါ့အပေါ် အနည်းငယ်မျှ ယဉ်ကျေးခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ဖြစ်သဖြင့် သူသည် ငါ့ကို ကွဲပြားစွာဆက်ဆံကာ ငါ့အတွက် ချစ်ခြင်းမေတ္တာ အနည်းငယ်မျှမရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။ ဤသည်မှာ လူသား၏မျက်လုံးများသည် အထူးလျင်သကဲ့သို့ဖြစ်၏- သူသည် ငါ့အားတွေ့သည်နှင့် သူ၏မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားကာ သူ၏စိမ်းကား၍ မထုံတက်သေးမျက်နှာတွင် အမူအရာ အနည်းငယ် ထပ်၍ထည့်လိုက်၏။ ငါသည် ငါ့အပေါ် လူသားထားရှိသည့် သဘောထားကြောင့် သူ့အပေါ် သင့်တော်သည့် တားမြစ်ချက်များ ချမှတ်ခြင်းမရှိသော်လည်း စကြဝဠာများ၏အထက်မှနေ၍ မိုးကောင်းကင်များကို ကြည့်ပြီးနောက် ကမ္ဘာမြေကြီးပေါ်တွင် ငါ၏အမှုကို ဆောင်ရွက်၏။ လူသား၏ အမှတ်ရမှုများတွင်၊ ငါသည် မည်သည့်ပုဂ္ဂိုလ်ကိုမျှ မည်သည့်အခါမျှ အကြင်နာမပြခဲ့သော်လည်း မည်သူ့ကိုမျှ မည်သည့်အခါမျှ နှိပ်စက်ခဲ့ဖူးခြင်းလည်း မရှိပေ။ လူသားသည် သူ၏နှလုံးသားတွင် ငါ့အတွက် “ထိုင်ခုံလွတ်” ထားမပေးသဖြင့် ငါသည် သတိမမူတော့ဘဲ သူ၏အတွင်း၌နေထိုင်သည့်အခါ၊ သူသည် ငါ့အား ရိုင်းစိုင်းစွာ အတင်းနှင်ထုတ်ပြီးနောက် အကြောင်းပြချက်များပေးရန်အတွက် သူသည် အားနည်းလွန်းကာ ငါ၏ပျော်ရွှင်မှုအတွက် သူ့ကိုယ်သူ ထောက်ပံ့ပေးနိုင်စွမ်း မရှိဟုပြောလျက်၊ ချိုသာသောစကားနှင့် မြှောက်ပင့်ခြင်းတို့ကို အသုံးပြု၏။ သူစကားပြောနေစဉ် လူသားအကြား အချိန်မရွေး ဘေးအန္တရာယ် ကျရောက်နိုင်သည့်အလား သူ၏မျက်နှာသည် မကြာခဏ “တိမ်မည်းများ” ဖုံးလွှမ်းလာ၏။ သို့ရာတွင် သူသည် ပါဝင်ပတ်သက်သော အန္တရာယ်များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ငါ့ကို ထွက်ခွာရန် တောင်းဆိုသေး၏။ ငါသည် ငါ၏နှုတ်ကပတ်တော်နှင့် ငါ၏ထွေးပိုက်ခြင်း၏နွေးထွေးမှုတို့ကို လူသားအား ပေးသော်လည်း၊ သူသည် အကြားအင်္ဂါ ရှိပုံ မရပေ။ ထို့ကြောင့် သူသည် ငါ၏အသံကို စိုးစဉ်းမျှပင် ဂရုမပြုပေ၊ ထိုသို့ပြုမည့်အစား သူသည် ထွက်းပြေးစဉ် သူ၏ဦးခေါင်းကို ဆုပ်ကိုင်နေ၏။ ငါသည် အနည်းငယ်စိတ်ပျက်လျက် လူသားထံမှ ထွက်ခွာသော်လည်း ဒေါသလည်း အနည်းငယ် ထွက်၏။ ထိုအတောအတွင်း လူသားသည် လေမုန်တိုင်းကြီးများနှင့် ကြီးမားသောရေလှိုင်းများအလယ်၌ ချက်ချင်း ပျောက်ကွယ်သွား၏။ များမကြာမီ သူသည် ငါ့အားအော်ခေါ်သော်လည်း၊ လေနှင့်လှိုင်းတို့၏ ရွေ့လျားမှုအပေါ် သူသည် မည်သို့ သက်ရောက်မှု ရှိနိုင်မည်နည်း။ လူသားအား မည်သည့်နေရာတွင်မျှ မတွေ့နိုင်သည်အထိ သူ၏အရိပ်အယောင် အားလုံး တဖြည်းဖြည်း ပျောက်ဆုံးသွား၏။

ခေတ်ကာလများမတိုင်မီက၊ ငါသည် စကြဝဠာတို့အထက်မှနေ၍ နိုင်ငံအားလုံးကို ကြည့်၏။ ငါ၏စိတ်နှလုံးနှင့် ညီညွတ်သော လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းနှင့်၊ ငါ၏တန်ခိုးကို ကောင်းကင်၌ပြည့်စေလျက် ငါ၏ဉာဏ်အမြော်အမြင်ကို စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့စေကာ၊ ကောင်းကင်ဘုံ၌ရှိသည့် နိုင်ငံတော်ကဲ့သို့ မြေကြီးပေါ်တွင် နိုင်ငံတော်တစ်ရပ် တည်ထောင်ခြင်းဖြစ်သည့် ကြီးစွာသော လုပ်ငန်းတာဝန်တစ်ခုကို ကမ္ဘာမြေကြီးပေါ်တွင် ငါစီမံခဲ့၏။ ထို့ကြောင့် ယနေ့၊ နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်၊ ငါသည် ငါ၏အစီအစဉ်ကို ဆက်လက်ဆောင်ရွက်၏။ သို့ရာတွင် မြေကြီးပေါ်ရှိ ငါ၏အစီအစဉ် သို့မဟုတ် စီမံခန့်ခွဲမှုအကြောင်း မည်သူမျှမသိပေ။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ငါ၏နိုင်ငံတော်ကို သာ၍ပင် မမြင်ကြချေ။ ထို့ကြောင့် လူသားသည် အရိပ်များနောက်သို့ လိုက်၍၊ ကောင်းကင်ရှိ ငါ၏ကောင်းချီးမင်္ဂလာများအတွက် “အသံတိတ် အဖိုးအခ” ပေးလိုလျက်၊ ငါ့အား လှည့်စားရန် ငါ့ရှေ့မှောက်သို့ လာ၏။ အကျိုးသက်ရောက်မှု အနေနှင့် သူသည် ငါ၏အမျက်ဒေါသကို ဆွ၍ ငါသည် သူ့အပေါ် တရားစီရင်ခြင်း ချမှတ်သော်လည်း သူသည် နိုးကြားခြင်း မရှိပေ။ သူ၏ကိုယ်ပိုင် မျှော်လင့်ချက်များမှလွဲ၍ အခြားအရာများ၏ နောက်သို့ မလိုက်ဘဲ နေချိန်တွင်၊ သူသည် မြေပေါ်၌ ရှိသည့်အရာကို လုံးဝမသိဘဲ မြေအောက်တွင် အလုပ်လုပ်နေသည့်အလား ဖြစ်၏။ လူတို့အားလုံးအကြားတွင်၊ ငါ၏ထွန်းလင်းသည့် အလင်းအောက်၌နေထိုင်သူ တစ်စုံတစ်ဦးကို ငါတစ်ခါမျှ မမြင်ဖူးပေ။ ၎င်းတို့သည် အမှောင်လောကတွင်နေကြ၍၊ မှုန်မှိုင်းမှုအကြား နေထိုင်ခြင်းနှင့် ယဉ်ပါးသွားပြီးပုံရ၏။ အလင်းလာသည့်အခါ ၎င်းတို့သည် အလွန်ဝေးကွာစွာနေ၍၊ အလင်းသည် ၎င်းတို့၏အလုပ်ကို နှောင့်ယှက်ခဲ့သည့်အလားဖြစ်၏။ ရလဒ်အနေဖြင့်၊ အလင်းသည် ၎င်းတို့၏ ငြိမ်သက်ခြင်းအား အစိတ်စိတ်အမြွှာမြွှာခွဲခဲ့ကာ ၎င်းတို့အား နှစ်ခြိုက်စွာအိပ်မရစေခဲ့သည့်အလား ၎င်းတို့သည် အနည်းငယ် စိတ်တိုပုံရ၏။ အကျိုးသက်ရောက်မှုအနေနှင့်၊ လူသားသည် အလင်းကို မောင်းနှင်ထုတ်ရန် သူ၏အင်အားရှိသမျှကို လှုံ့ဆော်၏။ အလင်းသည်လည်း အသိရှိမှု ကင်းမဲ့နေပုံရသဖြင့် လူသားအား ၎င်း၏အိပ်ပျော်ခြင်းမှ နှိုးကာ၊ လူသားနိုးသည့်အခါ သူသည် ဒေါသဖုံးလွှမ်းကာ သူ၏ မျက်လုံးများကို ပိတ်၏။ သူသည် ငါ့အပေါ် အနည်းငယ် သဘောမတွေ့သော်လည်း၊ ငါ၏နှလုံးသားတွင် ငါသည် အခြေအနေကို ကောင်းစွာနားလည်၏။ လူတို့အားလုံးကို ငါ၏အလင်းအလယ်တွင်နေစေလျက် ငါသည် အလင်းရောင်အား တဖြည်းဖြည်း သာ၍ပြင်းပြစေ၏။ ထို့ကြောင့် များမကြာမီ ထိုသူတို့သည် အလင်းနှင့် ပေါင်းသင်းရာတွင် ကျွမ်းကျင်လာသည့်အပြင် အားလုံးသည် အလင်းအား တန်ဖိုးထားလာကြ၏။ ဤအချိန်တွင် ငါ၏နိုင်ငံတော်သည် လူသားအကြား ကြွရောက်လာခဲ့ပြီး လူတို့အားလုံး ဝမ်းမြောက်စွာ ကကြလျက် ပွဲလမ်းသဘင် ကျင်းပကြ၏၊ ကမ္ဘာမြေကြီးသည် ဝမ်းသာအားရမှုနှင့် ရုတ်တရက် ပြည့်သွားကာ၊ အလင်း ရောက်လာခြင်းအားဖြင့် နှစ်ထောင်ပေါင်းအချို့ကြာ တိတ်ဆိတ်မှုသည် ပြိုကွဲသွား၏။…

၁၉၉၂ ခုနှစ် မတ်လ ၂၆ ရက်

ယခင်က:နှစ်ဆယ့်နှစ်ခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:နှစ်ဆယ့်ငါးခုမြောက်သော မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ