အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ် ဖွင့်သည့် စာစောင်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နှစ်ဆယ့်ကိုးခုမြောက် မိန့်မြွက်ချက်

အရာခပ်သိမ်း ထမြောက်သည့်နေ့တွင် ငါသည် လူတို့အကြားလာ၍၊ အံ့သြဖွယ်ကောင်းသော နေ့များနှင့်ညများတွင် ငါသည် သူနှင့်အတူရှိခဲ့၏။ ဤအခါမှသာ လူသားသည် ငါ့ထံချဉ်းကပ်နိုင်ခြင်းကို အနည်းငယ် သတိပြုမိ၏၊ သူနှင့်ငါ မကြာခဏ အပြန်အလှန် ပိုမိုဆက်ဆံသည်နှင့်အမျှ၊ သူသည် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းအချို့ကို မြင်၏- ရလဒ်အနေဖြင့်၊ သူသည် ငါ့အကြောင်း အနည်းငယ်သိရှိ၏။ လူသားအားလုံး အကြား၊ ငါသည် ငါ၏ဦးခေါင်းကိုမြှင့်၍ ကြည့်၍၊ သူတို့အားလုံး ငါ့ကိုမြင်၏။ သို့ရာတွင် ကမ္ဘာမြေကြီးပေါ်သို့ ဘေးအန္တရာယ် ကျရောက်သည့်အခါ၊ သူတို့သည် ချက်ချင်းကြောင့်ကြလာ၍၊ ငါ၏ပုံရိပ်သည် သူတို့၏နှလုံးသားများမှ ပျောက်ကွယ်သွား၏။ ဘေးအန္တရာယ်ကျရောက်မှုကြောင့် ကြောက်စိတ်မွှန်လျက်၊ သူတို့သည် ငါ၏တိုက်တွန်းချက်များကို ဂရုမစိုက်ပေ။ ငါသည် လူသားများအကြား နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော်လည်း၊ သူသည် အမြဲပင် သတိမမူမိဘဲ ငါ့ကို မည်သည့်အခါမျှ မသိခဲ့ပေ။ ယနေ့ ငါကိုယ်တိုင်၏နှုတ်ဖြင့် ငါပြော၍၊ လူအားလုံးကို ငါ့ထံမှ တစ်စုံတစ်ရာလက်ခံရန် ငါ့ရှေ့မှောက်လာစေသော်လည်း သူတို့သည် ငါနှင့်ဝေးရာတွင် နေလျက်ရှိသေးသဖြင့် သူတို့သည် ငါ့ကို မသိပေ။ စကြဝဠာအစွန်းတစ်လျှောက် ငါ၏ခြေလှမ်းများ နင်းလျှောက်သည့်အခါ လူသားသည် သူ့ကိုယ်သူ စတင်၍ ပြန်လည်စဉ်းစားမည်ဖြစ်ကာ၊ လူအားလုံးတို့သည် ငါ့ထံသို့လာ၍ ငါ့ရှေ့တွင် ပျပ်ဝပ်လျက် ငါ့ကို ဝတ်ပြုလိမ့်မည်။ ဤနေ့သည် ငါ၏ဘုန်းတော် ထင်ရှားသည့်နေ့၊ ငါတစ်ဖန် ပြန်လာသောနေ့အပြင် ငါထွက်ခွာသည့်နေ့လည်း ဖြစ်လိမ့်မည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်အဆုံး၌ စကြဝဠာတစ်ခုလုံး တစ်လျှောက် ငါ၏အမှုကို လူသားအားလုံးအကြား ငါတရားဝင်စတင်ခဲ့ပြီးဖြစ်၏။ ယခုအချိန်မှစ၍ သတိမပြုသူ မည်သူမဆိုသည် မည်သည့်အချိန်၌မဆို ကရုဏာကင်းမဲ့သော ပြစ်တင်ဆုံးမမှုအကြား ထိုးချခံသွားဖွယ်ရှိ၏။ ဤသည်မှာ ငါသည် နှလုံးသားကင်းမဲ့၍မဟုတ်ဘဲ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ဆင့်သာ ဖြစ်၏။ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အဆင့်များအတိုင်း ရှေ့ဆက်လုပ်ဆောင်ရမည်ဖြစ်ကာ၊ မည်သည့်လူသားမျှ ဤသည်ကို မပြောင်းလဲနိုင်ပါ။ ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူအားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်တူညီသောခြေလှမ်းလှမ်းရန် လုပ်ဆောင်ကြ၏၊ စကြဝဠာတစ်လျှောက်လုံး “ကြီးစွာဝမ်းမြောက်”ကြကာ၊ ငါသည် လူသားအား ရှေ့သို့တက်လှမ်းရန် စေ့ဆော်၏။ အကျိုးသက်ရောက်မှုအနေဖြင့်၊ ငါသည် အဆင်းနီသောနဂါးကြီး ကိုယ်တိုင်အား သွေးရူးသွေးတန်းဖြစ်ကာ မွှန်ထူသွားစေ၍၊ ၎င်းသည် ငါ၏အမှုအတွက် အစေခံကာ၊ လိုလားသည့်ဆန္ဒ မရှိသော်လည်း ၎င်း၏ကိုယ်ပိုင်ဆန္ဒများနောက်သို့ မလိုက်နိုင်ဘဲ ငါ၏ချုပ်ကိုင်မှုကို နာခံရန်မှလွဲ၍ အခြားဘာမျှ မတတ်နိုင်တော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသောနဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်းဖြစ်၏။ ထို့ကြောင့် ငါသည် ၎င်းအပေါ် ငါ၏ “သတ်မှတ်ချက်များ” ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏လူ့ဇာတိခံယူသောအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏အိမ်ထောင်စုအတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့်၊ အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် သင့်တော်စွာအစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်၏။ ဤနည်းအားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။ ငါသည် အမှုဆောင်စဉ် ကောင်းကင်တမန်အားလုံးသည် ငါနှင့် အဆုံးအဖြတ်ပေးသည့် တိုက်ပွဲစတင်၍ နောက်ဆုံးအဆင့်တွင် ငါ၏ဆန္ဒများကို ဖြည့်ဆည်းရန် ဆုံးဖြတ်၏။ ဤသည်မှာ ကမ္ဘာမြေကြီးပေါ်ရှိလူသားတို့ ငါ့ရှေ့မှောက်တွင် ကောင်းကင်တမန်တို့ကဲ့သို့ အရှုံးပေး၍ ငါ့ကိုဆန့်ကျင်လိုသည့်ဆန္ဒ မရှိရန်နှင့် ငါ့ကိုပုန်ကန်သည့်အရာ တစ်ခုမျှမလုပ်ရန်ဖြစ်၏။ ဤသည်တို့မှာ စကြဝဠာတစ်ခွင်လုံး ငါ့အမှု၏ ပြောင်းလဲစေသောအင်အားများ ဖြစ်ကြ၏။

လူသားများအကြား ငါရောက်လာခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့မှာ လူသားအားလုံးကို ကယ်တင်ရန်၊ လူသားမျိုးနွယ်အားလုံးကို ငါ၏အိမ်ထောင်စုသို့ ပြန်လည်ခေါ်ဆောင်လာရန်၊ ကောင်းကင်နှင့်မြေကြီးကို ပြန်လည် ပေါင်းစပ်ပေးရန်နှင့် ကောင်းကင်နှင့်မြေကြီးအကြား “အချက်ပြချက်များ”ကို လူသားမှပေးစေရန်ဖြစ်သည်။ ဤသည်မှာ လူသား၏ ပင်ကိုယ်အရင်းခံ အလုပ်တာဝန်ဖြစ်သည့်အတွက် ဖြစ်၏။ လူသားကို ငါဖန်ဆင်းခဲ့ချိန်၌ လူသားမျိုးနွယ်အတွက် အရာခပ်သိမ်းအဆင်သင့်ရှိရန် ငါလုပ်ဆောင်ခဲ့ကာ၊ နောင်တွင် ငါသတ်မှတ်ထားသည့်အတိုင်း သူ့ကိုငါပေးသည့် ကြွယ်ဝချမ်းသာမှုများကို လူသားမျိုးနွယ်အား လက်ခံခွင့်ကို ငါပေး၏။ ထို့ကြောင့် ငါ၏လမ်းညွှန်မှုဖြင့် လူသားမျိုးနွယ်အားလုံး ယနေ့ကို ရောက်ရှိလာခဲ့သည်ဟု ငါဆို၏။ ထို့အပြင် ဤသည်အားလုံးမှာ ငါ၏အစီအစဉ်ဖြစ်၏။ လူသားမျိုးနွယ်အားလုံးအကြား၊ မရေမတွက်နိုင်သော လူတို့သည် ငါ၏ချစ်ခြင်းမေတ္တာ၏ အကာအကွယ်အောက်တွင် တည်ရှိကြကာ၊ မရေမတွက်နိုင်သော လူတို့သည် ငါ၏မုန်းတီးမှု၏ ပြစ်တင်ဆုံးမမှုအောက်တွင် နေကြ၏။ လူတို့အားလုံး ငါ့ထံဆုတောင်းကြသော်လည်း သူတို့သည် သူတို့၏လက်ရှိအခြေအနေများကို ပြောင်းလဲနိုင်စွမ်း မရှိပေ။ သူတို့သည် မျှော်လင့်ချက်ဆုံးရှုံးသွားသည်နှင့် သဘာဝအတိုင်းသာ ခွင့်ပြုရန်သာ တတ်စွမ်းနိုင်၍ ငါ့အပေါ်မနာခံခြင်းကို ရပ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူသားမှ အောင်မြင်ရရှိနိုင်သည်အားလုံး ဖြစ်၍ဖြစ်သည်။ လူသား၏ဘဝအခြေအနေနှင့် ပတ်သက်၍မူ၊ လူသားသည် စစ်မှန်သောအသက်ကို ရှာမတွေ့သေးပေ၊ သူသည် မတရားမှု၊ အနိဋ္ဌာရုံမြင်ကွင်းနှင့် ကမ္ဘာမြေကြီး၏ စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကို မရိပ်စားမိသေးပေ—ထို့ကြောင့် ဘေးအန္တရာယ်ကျရောက်သည့် အဖြစ်အပျက်သာမရှိခဲ့လျှင် လူအများစုသည် မိခင်သဘာဝတရားကို လက်ခံဆဲဖြစ်မည်ဖြစ်ကာ၊ “ဘဝ” အရသာတွင် အာရုံ နစ်မြုပ်နေလျက် ရှိနေဦးမည် ဖြစ်သည်။ ဤသည်မှာ ကမ္ဘာမြေကြီး၏ အဖြစ်မှန်မဟုတ်ပေလော။ ဤသည်မှာ လူသားအပေါ် ငါထုတ်ပြောသည့် ကယ်တင်ခြင်း၏အသံ မဟုတ်ပေလော။ လူသားမျိုးနွယ်အကြား မည်သူမျှ ငါ့ကို စစ်မှန်စွာမချစ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ပြစ်တင်ဆုံးမမှုနှင့် စစ်ဆေးခံရသည့် အချိန်များအကြားသာ လူသားသည် ငါ့ကို ချစ်သော်လည်း ငါ၏အကာအကွယ်အောက်တွင် မည်သူမျှ ငါ့ကို မချစ်သည်မှာ အဘယ်ကြောင့်နည်း။ ငါသည် လူသားတို့အပေါ် ငါ၏ပြစ်တင်ဆုံးမမှု ကြိမ်ဖန်များစွာ ချပေးပြီးခဲ့ပြီဖြစ်သည်။ သူတို့သည် ၎င်းကိုကြည့်သော်လည်း လျစ်လျူရှုကာ ယခုအချိန်တွင် ၎င်းကိုလေ့လာလျက် စဉ်းစားချင့်ချိန်ခြင်း မရှိပေ။ ထို့ကြောင့် လူသားအပေါ်ကျရောက်သည့် အရာအားလုံးသည် ကရုဏာကင်းမဲ့သည့် တရားစီရင်ခြင်းသာဖြစ်၏။ ဤသည်မှာ ငါအမှုဆောင်သော နည်းလမ်းများအနက် တစ်ရပ်သာ ဖြစ်သော်လည်း ဤသည်မှာ လူသားအား ပြောင်းလဲစေရန်နှင့် ငါ့အပေါ်ချစ်စေရန်ဖြစ်၏။

ငါသည် နိုင်ငံတော်တွင်အုပ်စိုးသည့်အပြင် စကြဝဠာတစ်ခွင်လုံးတွင်လည်း ငါအုပ်စိုး၏။ ငါသည် နိုင်ငံတော်၏ ရှင်ဘုရင်ရော စကြာဝဠာ၏အကြီးအကဲပါ ဖြစ်၏။ ဤအချိန်မှစ၍ ငါသည် ရွေးချယ်မခံရသူအားလုံးကို စုရုံး၍ ငါ၏အမှုကို တစ်ပါးအမျိုးသားတို့အကြားတွင် စတင်မည်။ ထို့အပြင် ငါ့အမှုနောက်အဆင့်ကို အောင်မြင်စွာစတင်နိုင်ရန် ငါသည် စကြဝဠာ တစ်ခွင်လုံးသို့ ငါ၏စီမံခန့်ခွဲမှုအမိန့်များကို ကြေညာမည်။ တစ်ပါးအမျိုးသားတို့အကြား ငါ့အမှု ပျံ့နှံ့စေခြင်းငှာ ငါသည် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုမည်။ ဆိုလိုသည်မှာ ငါသည် တစ်ပါးအမျိုးသားအားလုံးအပေါ် အင်အားသုံးမည်။ ဤအမှုကို ရွေးကောက်ခံရသူတို့အကြား ငါ့အမှုနှင့် တစ်ချိန်တည်းတွင် အကောင်အထည်ဖော်မည်မှာ သဘာဝကျ၏။ ငါ၏လူတို့ ကမ္ဘာမြေကြီးကိုအုပ်စိုး၍ အာဏာစွဲကိုင်သည့်အခါသည် ကမ္ဘာမြေကြီးပေါ်ရှိ လူတို့အားလုံး သိမ်းပိုက်ခံရချိန်လည်း ဖြစ်သည့်အပြင် ငါနားသည့်အချိန်လည်း ဖြစ်လိမ့်မည်—ထိုအခါကျမှ ငါသည် သိမ်းပိုက်ခံရသူတို့ထံ ပေါ်ထွန်းလာမည်။ ငါသည် သန့်ရှင်းသော နိုင်ငံတော်သို့ ပေါ်ထွန်းလာ၍ ညစ်ပေသောနိုင်ငံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ထား၏။ သိမ်းပိုက်ခံရသူအားလုံးနှင့် ငါ့ရှေ့မှောက်တွင် နာခံလာသူအားလုံးတို့သည် သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် ငါ၏မျက်နှာကို မြင်နိုင်ကြကာ သူတို့၏ ကိုယ်ပိုင်နားများဖြင့် ငါ၏အသံကို ကြားနိုင်ကြ၏။ ဤသည်မှာ နောက်ဆုံးသောကာလတွင် မွေးဖွားသူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်၏။ ဤသည်မှာ ငါမှကြိုတင်ပြဋ္ဌာန်းထားသော ကောင်းချီးမင်္ဂလာဖြစ်ကာ မည်သည့်လူသားမျှ ဤသည်ကို ပြောင်းလဲ၍မရပေ။ ယနေ့ ငါဤသို့ဆောင်ရွက်သည်မှာ အနာဂတ်၏အမှုအတွက်ဖြစ်၏။ ငါ၏အမှုအားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်လျက်ရှိ၍၊ ဤအရာအားလုံးတွင် ခေါ်ဆိုချက်တစ်ခုနှင့် တုံ့ပြန်ချက်တို့ ရှိ၏- မည်သည့်အဆင့်မျှ မည်သည့်အခါမျှ ရုတ်တရက် ရပ်တန့်သွားခြင်းမရှိ၊ မည်သည့်အဆင့်ကိုမျှ မည်သည့်အခါမျှ အခြားအဆင့်မှ သီးခြား အကောင်အထည်ဖော်ခဲ့ခြင်း မရှိ။ ဤကဲ့သို့ မဟုတ်ပေဘူးလော။ အတိတ်ကအမှုသည် ယနေ့အမှု၏ အခြေခံအုတ်မြစ် မဟုတ်ပေဘူးလော။ အတိတ်မှ နှုတ်ကပတ်တော်များသည် ယနေ့နှုတ်ကပတ်တော်များ၏ ရှေ့ပြေးမဟုတ်ပေဘူးလော။ အတိတ်မှခြေလှမ်းများသည် ယနေ့ခြေလှမ်းများအစပြုရာ မဟုတ်သလော။ ငါသည် စာစောင်ကို တရားဝင်ဖွင့်သည့်အခါသည် စကြဝဠာတစ်ခွင်လုံးရှိ လူတို့ ပြစ်တင်ဆုံးမခံရသည့်အချိန်၊ ကမ္ဘာတစ်ဝှမ်းလုံးရှိလူတို့ စမ်းသပ်ခံရသည့် အချိန်များဖြစ်ပြီး ငါ၏အမှု အထွတ်အထိပ်ရောက်ချိန် ဖြစ်သည်၊ လူတို့အားလုံးသည် အလင်းမဲ့နိုင်ငံ၌နေကြပြီး လူတို့အားလုံး ၎င်းတို့၏ပတ်ဝန်းကျင်၏ ခြိမ်းခြောက်မှုအကြား နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင်၊ ဤသည်မှာ ဖန်ဆင်းချိန်မှ လက်ရှိနေ့ရက်အထိ လူသား မည်သည့်အခါကမျှ မတွေ့ကြုံဖူးသည့် ဘဝဖြစ်၍ ခေတ်ကာလများတစ်လျှောက် မည်သူကမျှ ဤသို့သောဘဝမျိုးကို မ“ခံစား”ခဲ့ရဖူးချေ။ ထို့ကြောင့် ငါဆောင်ရွက်သည့်အမှုသည် ယခင် တစ်ခါမျှ မလုပ်ဆောင်ဖူးဟု ငါပြော၏။ ဤသည်မှာ အဖြစ်အပျက်တို့၏အခြေအနေမှန်ဖြစ်၍၊ ဤသည်မှာ အတွင်းအဓိပ္ပာယ်ဖြစ်၏။ ငါ၏နေ့ရက်သည် လူသားအားလုံးနှင့် နီးကပ်လာသည်ဖြစ်၍၊ ဤသည်မှာ ဝေးကွာပုံမရဘဲ လူသား၏မျက်လုံးများအရှေ့တွင်သာ ရှိ၏။ ရလဒ်အနေနှင့် မည်သူသည် မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။ မည်သူသည် ဤသည်ကို ဝမ်းမြောက်ခြင်း မရှိဘဲ နေနိုင်မည်နည်း။ ညစ်ပေသောဗာဗုလုန်မြို့သည် အဆုံးတွင် အဆုံးသတ်ခဲ့၏။ လူသားသည် အသစ်စက်စက် ကမ္ဘာနှင့် တွေ့ခဲ့ကာ ကောင်းကင်နှင့် မြေကြီးတို့သည် ပြောင်းလဲ၍ အသစ်ပြုလုပ်ခြင်း ခံကြရ၏။

ငါသည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးသို့ထံ ပေါ်ထွန်းလာသည့်အခါ ကောင်းကင်တွင် တိမ်ဖြူများ ရိုက်ခတ်လှုပ်ရှား၍ ငါ့ကို လွှမ်းခြုံထား၏။ ထိုနည်းတူပင်၊ ကမ္ဘာမြေကြီးပေါ်ရှိ အခြေအနေကို မီးမောင်းထိုးပြခြင်းဖြင့် ကမ္ဘာမြေကြီးပေါ်ရှိငှက်များသည် ငါ့အတွက် ဝမ်းမြောက်ခြင်းဖြင့် သီချင်းအော်ဆိုကာ ကကြ၏။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းကို အသက်ဝင်စေလျက် “အနယ်”ထိုင်မနေတော့ဘဲ တက်ကြွသည့်အခြေအနေတွင် အသက်ရှင်ကြ၏။ ငါသည် တိမ်ကြားတွင် ရှိနေသည့်အခါ လူသားသည် ငါ၏မျက်နှာနှင့် ငါ၏မျက်လုံးများကို ရေးရေးသာမြင်ကာ၊ ယခုအချိန်တွင် သူသည် အနည်းငယ် ကြောက်ရွံ့၏။ အတိတ်က သူသည် ဒဏ္ဍာရီများတွင် ငါ့အကြောင်း သမိုင်းမှတ်တမ်းများကို ကြားခဲ့ဖူး၏။ ထို့ကြောင့် သူသည် ငါ့အပေါ် ယုံတစ်ဝက်၊ မယုံတစ်ဝက်သာ ဖြစ်နေ၏။ ငါမည်သည့်နေရာတွင်ရှိနေသည် သို့မဟုတ် ငါ၏မျက်နှာ မည်မျှကြီးသည်ကို သူမသိ—ပင်လယ်တမျှ ကျယ်ဝန်းသလော၊ စိမ်းလမ်းသောကျက်စားရာများကဲ့သို့ အကန့်အသတ် မရှိသလော။ ဤအရာများကို မည်သူမျှ မသိပေ။ လူသားသည် ငါ၏မျက်နှာကို တိမ်များအထဲ ယနေ့မြင်သည့်အခါမှသာ ဒဏ္ဍာရီထဲမှ ငါသည် စစ်မှန်သည်ဟု ခံစားရသဖြင့် ငါ့အပေါ် အနည်းငယ်သာ၍ အလေးပေးလာ၏။ ထို့အပြင် ငါ၏လုပ်ဆောင်ချက်များကြောင့်သာ ငါ့အပေါ် သူ၏ မြတ်နိုးလေးစားမှုသည် အနည်းငယ် သာ၍ကြီးမားလာ၏။ သို့ရာတွင် လူသားသည် ငါ့ကို မသိဆဲဖြစ်၍ တိမ်ထဲတွင် ငါ၏တစ်စိတ်တစ်ပိုင်းကိုသာ မြင်၏။ ၎င်းနောက် ငါသည် ငါ၏လက်များကို ဆန့်တန်းလျက် လူသားကို ပြ၏။ လူသားသည် အံ့သြကာ၊ သူ၏ပါးစပ်ပေါ်ပုတ်လိုက်၏။ ငါ့လက်ဖြင့် အရိုက်ခံရမည်ကို အလွန်အမင်းစိုးရိမ်သဖြင့် သူ၏မြတ်နိုးလေးစားမှုတွင် ရိုသေလေးမြတ်မှုအနည်းငယ် ထည့်လိုက်၏။ သူဂရုမပြုသည့်အခါ ငါ၏ရိုက်နှက်ခြင်း ခံရမည်ကို အလွန်အမင်း ကြောက်ရွံ့သဖြင့် လူသားသည် ငါ၏လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် ကြည့်၏—သို့ရာတွင် လူသား၏ အကြည့်ခံရခြင်းသည် ငါ့ကို ကန့်သတ်ထားခြင်းမရှိဘဲ ငါသည် ငါ့လက်များပေါ်တွင် အမှုကို ဆက်လက် ဆောင်ရွက်၏။ ငါ၏လုပ်ဆောင်ချက် အားလုံး၌သာ လူသားသည် ငါ့ကို မျက်နှာသာ အနည်းငယ်ပေးကာ၊ ရလဒ်အနေဖြင့် ငါနှင့်ပေါင်းသင်းဆက်ဆံရန် ငါ့ရှေ့မှောက်သို့ တဖြည်းဖြည်းလာ၏။ လူသားကို ငါ၏တစ်ရပ်လုံးကို ဖော်ပြသည့်အခါ၊ လူသားသည် ငါ၏မျက်နှာကို မြင်မည်ဖြစ်၍၊ ထိုအချိန်မှစ၍ ငါသည် လူသားထံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ခြင်း သို့မဟုတ် ဖုံးကာခြင်း ပြုတော့မည် မဟုတ်ပေ။ စကြဝဠာတစ်ခွင်လုံးတွင် ငါသည် လူသားအားလုံးထံ လူသိရှင်ကြား ပေါ်ထွန်းလာမည်ဖြစ်၍၊ အသွေးအသားနှင့် လူအားလုံးသည် ငါ၏လုပ်ဆောင်ချက်အားလုံးကို တွေ့ကြလိမ့်မည်။ ဝိညာဉ်ပကတိဖြစ်သူအားလုံးသည် ငါ၏အိမ်ထောင်စုတွင် ငြိမ်းချမ်းစွာနေ၍ ငါနှင့်အတူ အံ့သြဖွယ်ကောင်းသော ကောင်းချီးမင်္ဂလာတို့ကို သေချာစွာ ခံစားရလိမ့်မည်။ ငါအလွန်ချစ်ခင်သူ အားလုံးသည် ပြစ်တင်ဆုံးမခြင်းမှ ကင်းလွတ်ရန် သေချာ၍ ဝိညာဉ်၏နာကျင်မှုနှင့် ဇာတိပကတိ၏ ဝေဒနာတို့ကို ရှောင်ရှားမည်မှာ သေချာ၏။ လူမျိုးအားလုံးထံ ငါသည် လူသိရှင်ကြား ပေါ်ထွန်းလာ၍ အုပ်စိုးကာ အာဏာစွဲကိုင်လိမ့်မည်။ စကြဝဠာတွင် အလောင်းကောင်များ၏ အပုပ်နံ့လှိုင်မနေစေရန် ဖြစ်၏။ ထိုသို့ဖြစ်မည့်အစား၊ ငါ၏ လန်းဆန်းသော မွှေးရနံ့သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားလိမ့်မည်။ ငါ၏နေ့ရက်သည် နီးလာပြီဖြစ်သောကြောင့် လူသားသည် နိုးထလာနေ၏။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့သည် စနစ်တကျရှိလျက်၊ ကမ္ဘာမြေကြီး၏ ဘေးအန္တရာယ်မှ လွတ်မြောက်ရသည့် နေ့ရက်များ ရှိတော့မည် မဟုတ်ပေ။ ငါရောက်လာပြီဖြစ်၍ ဖြစ်၏။

၁၉၉၂ ခုနှစ် ဧပြီလ ၆ ရက်

ယခင်က:နှစ်ဆယ့်ရှစ်ခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:ဘုရားသခင် ထင်ရှားဖော်ပြခြင်းအားဖြင့် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

သင်နှစ်သက်နိုင်သည့် အရာများ