အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၂၇

လူသား၏ လုပ်ဆောင်မှုသည် မည်သည့်အခါမျှ ငါ၏စိတ်နှလုံးနှင့် တွေ့ထိခြင်း မရှိခဲ့သကဲ့သို့ ထိုလုပ်ဆောင်မှုသည် အဖိုးထိုက်သော အရာအဖြစ် ငါ တစ်ခါမျှ မထင်မိခဲ့ချေ။ လူသား၏ မျက်လုံးများထဲ၌ ငါသည် အစဉ်အမြဲပင် သူ့ကို အလွန်အမင်း တင်းကျပ်စွာ ဆက်ဆံနေပြီး ငါသည် သူ့အပေါ် သြဇာအာဏာကို အစဉ်အမြဲပင် အသုံးချနေသည်။ လူသား၏ လုပ်ရပ်များ အားလုံး၌ ငါ့အတွက် လုပ်ဆောင်ခဲ့သော အရာဟူ၍ ဘာမျှပင် မရှိ၊ ငါ၏ မျက်လုံးရှေ့၌ ခိုင်ခံ့စွာ ရပ်တည်သောအရာဟူ၍ ဘာမျှပင် မရှိချေ။ အဆုံး၌ လူသားနှင့် စပ်ဆိုင်သော အရာခပ်သိမ်းသည် ငါ၏ ရှေ့မှောက်တွင် မသိမသာနှင့် ပဲ့ကြွေသွား၏၊ ထို့နောက်မှသာလျှင် ငါသည် လူတိုင်းကို မိမိတို့၏ ရှုံးနိမ့်မှုမှတစ်ဆင့် ငါ့ကို သိစေရင်း ငါ၏ လုပ်ရပ်များကို ထင်ရှားစေသည်။ လူသား၏ သဘောသဘာဝမှာ မပြောင်းမလဲဘဲ ရှိရစ်သည်။ ၎င်းတို့၏ နှလုံးသားများထဲ၌ ရှိသော အရာသည် ငါ၏ အလိုတော်နှင့် ကိုက်ညီခြင်းမရှိ၊ ထိုအရာသည် ငါလိုအပ်သော အရာမဟုတ်။ ငါအရွံရှာဆုံးသောအရာမှာ လူသား၏ စိတ်နှလုံးခိုင်မာခြင်းနှင့် ခွေးမြီးကောက် ကျည်တောက်စွပ် သဘောတို့ ဖြစ်သည်၊ သို့သော်လည်း လူသားမျိုးနွယ်ကို ငါ့အားသိရန် ဆက်လက်ပျက်ကွက်နေ စေရန်၊ ငါ့ကို အဝေးတွင်ထားစေရန်နှင့် ငါ၏ရှေ့မှောက်၌ ငါ့အလိုတော်နှင့်အညီ လုံးဝ မဆောင်ရွက်ဘဲ ယင်းအစား ငါ၏ နောက်ကွယ်တွင် ငါ့ကို ဆန့်ကျင်စေရန် နှိုးဆွနေသော အင်အားစုမှာ အဘယ်အရာနည်း။ ဤသည်မှာ ၎င်းတို့၏ သစ္စာစောင့်သိခြင်းလော။ ဤသည်မှာ ငါ့ကိုချစ်သော ၎င်းတို့၏ ချစ်ခြင်း မေတ္တာလော။ အဘယ်ကြောင့် ၎င်းတို့သည် နောင်တရ၍ ဒုတိယအကြိမ် မွေးဖွားခြင်း မရှိနိုင်ရသနည်း။ အဘယ်ကြောင့် လူတို့သည် ရွှံ့နှင့် ကင်းလွတ်ရာ၌ နေ ရန် ့အစား ရွှံ့ညွှန်တွင် ထာဝရ နေရန် လိုလိုလျားလျားရှိ သနည်း။ ငါသည် ၎င်းတို့ကို နှိပ်စက်ခဲ့၍များ ဖြစ်နိုင်သလော။ ငါသည် ၎င်းတို့ကို မှားယွင်းသော ဦးတည်ရာအရပ်သို့ လမ်းညွှန်ပြခဲ့၍များ ဖြစ်နိုင်သလော။ ငါသည် ၎င်းတို့ကို ငရဲသို့ ဦးဆောင်နေ၍များ ဖြစ်နိုင်သလော။ လူတိုင်းသည် “ငရဲ”တွင် နေထိုင်ရန် လိုလားကြသည်။ ၎င်းတို့အတွင်း၌ ရှိသော အရာခပ်သိမ်းသည် ငရဲမှ လာခြင်းဖြစ်သည့် အားလျော်စွာ အလင်းကြွလာသောအခါ ၎င်းတို့၏ မျက်လုံးများသည် ချက်ချင်းပင် ကန်းသွားကြသည်။ သို့သော်လည်း လူသားမျိုးနွယ်သည် ဤအချက်ကို မသိမိုက်မဲလျက်ရှိပြီး “ငရဲနှင့်ဆိုင်သော ကောင်းချီးများ” ကိုသာ ပျော်မွေ့လျက်ရှိသည်။ ၎င်းတို့သည် ထိုကောင်းချီးများကို ရတနာများအလား ဖက်ယမ်း၍ပင် ထားလေသည်၊ ၎င်းတို့“ဖြစ်တည်ခြင်း၏ အရင်းအမြစ်”မရှိဘဲ ဖြစ်စေလျက် ငါသည် ထိုအရာများကို အတင်းအကြပ် လုယူသွားမည်ကို ပူပန်ထိတ်လန့်လျက် ရှိကြသည်။ လူတို့သည် ငါ့ကို ကြောက်ရွံ့ကြသည်၊ ထိုအကြောင်းကြောင့်ပင် ငါသည် ကမ္ဘာမြေကြီးသို့ ကြွဆင်းလာသောအခါ ၎င်းတို့သည် ငါထံသို့ ချဉ်းကပ်ရန် မုန်းတီးလျက် ငါနှင့်ဝေးရာတွင် နေကြခြင်းဖြစ်သည်၊ အကြောင်းမှာ ၎င်းတို့သည် “မိမိတို့ကိုယ်မိမိ ဒုက္ခရောက်စေခြင်း”ငှာ မလိုလားကြဘဲ ထိုအစား “ကမ္ဘာမြေကြီးပေါ်၌ ပျော်ရွှင်ခြင်း”ကို ခံစားရစိမ့်သောငှာ မိသားစုအတွင်း စိတ်သဘောထား ညီညွှတ်ခြင်းကို ထိန်းသိမ်းရန်သာ အလိုရှိကြသည်။ သို့သော်လည်း လူသားမျိုးနွယ်ကို ၎င်းတို့ သဘောရှိလုပ်ဆောင်ရန် ငါခွင့်မပြုနိုင်၊ အတိအကျအားဖြင့် လူသား၏မိသားစုကို ဖျက်ဆီးခြင်းကို လုပ်ဆောင်ရန် ငါဤနေရာ၌ ရောက်ရှိနေရခြင်း ဖြစ်သည်။ ငါရောက်လာသည့် အခိုက်တွင် ငြိမ်သက်ခြင်းသည် ၎င်းတို့၏ အိမ်များမှ ပျောက်သွား ကြလိမ့်မည်။ လူသား၏ မိသားစုကို မဆိုထားနှင့် တိုင်းနိုင်ငံအားလုံးကိုပင် မုန့်မုန့်ညက်ညက်ကြေအောင် ငါချေမွပစ်မည်။ မည်သူသည် ငါ၏လက်ထဲမှ လွတ်မြောက်နိုင်သနည်း။ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိသော ထိုသူများသည် ၎င်းတို့၏ မလိုလားခြင်းကြောင့် လွတ်မြောက်နိုင်ခြင်းမျိုး ဖြစ်နိုင်သလော။ ပြစ်တင်ဆုံးမခြင်းကို ခံရသော သူများသည် ၎င်းတို့၏ ကြောက်ရွံ့ခြင်းကြောင့် ငါ၏ စာနာခြင်းကို ရယူနိုင်ခြင်း ဖြစ်နိုင်သလော။ ငါ၏ နှုတ်ကပတ်တော်များ အားလုံးအထဲတွင် လူတို့သည် ငါ၏ အလိုတော်နှင့် ငါ၏ လုပ်ရပ်များကို မြင်တွေ့ခဲ့ကြသည်၊ သို့သော်လည်း မည်သူသည် မိမိတို့ ကိုယ်ပိုင် အတွေးများ၌့မိနေခြင်းကို ချိုးဖောက်လွန်မြောက်နိုင်ဖူးသနည်း။ မည်သူသည် ငါ၏ နှုတ်ကပတ်တော်အတွင်း သို့မဟုတ် ပြင်ပ တစ်နေရာရာမှ လွတ်မြောက်ရာလမ်းကို ရှာဖွေနိုင်ဖူးသနည်း။

လူသားမျိုးနွယ်သည် ငါ၏အမျက်ဒေါသကို တွေ့ကြုံခံစားခဲ့ရသည်၊ ၎င်းတို့သည် ငါ့ကိုစိတ်ရင်းမှန်နှင့် အစေခံခဲ့ကြပြီး ငါ၏ မျက်မှောက်တွင် ငါ့အတွက် အရာခပ်သိမ်းကို လုပ်ဆောင်လျက် ငါ့ကို စိတ်ရင်းမှန်နှင့် နာခံခဲ့ကြသည်။ သို့သော်လည်း ယနေ့ကာလ၏ လူများသည် ဤဖြစ်တည်ခြင်း သဘောကို ရောက်ရှိခြင်းငှာ တစ်နည်းနည်းနှင့် အောင်မြင်စွာ မဆောင်ရွက်နိုင်ဘဲ ရှိသည်၊ အူလိမ်မတတ် ဆာလောင်နေသော ဝံပုလွေ၏ အတင်းအကြပ် လုယူသွားခြင်းကို ခံခဲ့ရသည့်အလား ၎င်းတို့သည် မိမိတို့၏ ဝိညာဉ်အတွင်း၌ ဝမ်းနည်းပူဆွေးရုံသာ တတ်နိုင်သည်။ ၎င်းတို့သည် ကူညီပေးပါရန် ငါ့ကို မရပ်မနား ဟစ်အော်လျက် အားကိုးရာမဲ့စွာနှင့် ငါ့ကို ကြည့်နိုင်ရုံသာ ရှိသည်၊ သို့သော်လည်း အဆုံးတွင်မူ ၎င်းတို့သည် မိမိတို့၏ အကျပ်အတည်းမှ လွတ်မြောက်ရန် မစွမ်းနိုင်ဘဲ ရှိသည်။ အတိတ်ကာလမှ လူတို့သည် ငါ၏ မျက်မှောက်၌ ငါ၏ ကြင်နာခြင်းကို ၎င်းတို့၏ ချစ်ခင်တွယ်တာမှုနှင့် ပြန်လည်ပေးဆပ်ရန် ကောင်းကင်နှင့် မြေကြီးကို တိုင်တည် ကျိန်ဆိုလျက် ငါ၏ မျက်မှောက်တွင် မည်ကဲ့သို့ ကတိများ ပေးခဲ့ပုံကို ငါပြန်အောက်မေ့သည်။ ၎င်းတို့သည် ငါ၏ ရှေ့မှောက်တွင် ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ကြပြီး ၎င်းတို့၏ ငိုကြွေးသံများသည် ကြေကွဲဖွယ်ရာဖြစ်ပြီး ခံရခက်လှသည်။ လူသားမျိုးနွယ်ကို ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုအပေါ်အခြေခံ၍ ငါ၏ အကူအညီကို မကြာခဏပင် ငါသည် ချပေးခဲ့သည်။ မေ့ပျောက်နိုင်ရန် ခဲယဉ်းသော ချစ်ချင်စဖွယ် ဟန်ပန်နှင့် လူတို့သည် ငါ့ထံ၌ ကျိုးနွံနာခံရန် ငါ၏ ရှေ့မှောက်သို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် လာခဲ့ကြသည်။ မယိမ်းယိုင်သော သစ္စာစောင့်သိမှုနှင့် ၎င်းတို့သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် ငါ့ကိုချစ်ခဲ့ကြပြီး ၎င်းတို့၏ စိတ်ရင်းမှန်သော စိတ်ခံစားမှုသည် နှစ်လိုစဖွယ် ဖြစ်ခဲ့သည်။ မရေမတွက်နိုင်သော ကာလများတွင် လူတို့သည် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်သည့် အတိုင်းအတာအထိ ငါ့ကိုချစ်ခဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ထက် ပို၍ ငါ့ကို ချစ်ခဲ့ကြသည်၊ ၎င်းတို့၏ စိတ်ရင်းမှန်မှုကို တွေ့မြင်၍ ငါသည် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို လက်ခံခဲ့၏။ မရေမတွက်နိုင်သော ကာလများ၌ လူတို့သည် ငါ့အတွက် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ဥပေက္ခာ ပြုခဲ့ကြလျက် မိမိတို့ကိုယ်မိမိ ငါ့မျက်မှောက်၌ ပူဇော်ခဲ့ကြသည်၊ ငါသည်လည်း ၎င်းတို့၏ နဖူးများမှ သောကဗျာပါဒကို ခေျာမွေ့စေခဲ့ပြီး ၎င်းတို့၏ မျက်နှာရိပ်မျက်နှာကဲများကို ဂရုတစိုက်ရှိစွာနှင့် ဆင်ခြင်သုံးသပ်ခဲ့သည်။ ၎င်းတို့ကို ငါကိုယ်တိုင်၏ ရတနာများအဖြစ် ချစ်မြတ်နိုးခဲ့သော အချိန်များ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးပြီး ၎င်းတို့ကို ငါကိုယ်တိုင်၏ ရန်သူများအဖြစ် မုန်းတီးခဲ့သော အချိန်များလည်း မရေမတွက်နိုင်အောင် ရှိခဲ့ဖူးသည်။ ငါသည်ထိုကဲ့သို့ ဖြစ်၏- ငါ့စိတ်ထဲတွင် ရှိနေသည့်အရာကို လူသားသည် မည်သည့်အခါမျှ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ လူတို့သည် ဝမ်းနည်းသောအခါ ၎င်းတို့ကို နှစ်သိမ့်ပေးရန် ငါကြွလာသည်၊ ၎င်းတို့် အားနည်းသောအခါ ၎င်းတို့ကို ကူညီဖေးမရန် ငါကြွလာသည်။ ၎င်းတို့ လမ်းပျောက်သောအခါ ငါသည် ၎င်းတို့ကို လမ်းညွှန်ပေးသည်။ ၎င်းတို့ ငိုကြွေးသောအခါ ငါသည် ၎င်းတို့၏ မျက်ရည်များကို သုတ်ပေး၏။ သို့သော်ငြားလည်း ငါဝမ်းနည်းသော အခါတွင်မူ မည်သူသည် စိတ်နှလုံးပါလျက် ငါ့ကို နှစ်သိမ့်ပေးနိုင်သနည်း။ ငါသည် အလွန်အမင်း စိတ်ပူပန်သောအခါ မည်သူသည် ငါ၏ ခံစားချက်များကို ထောက်ထားပေးသနည်း။ ငါသည် ပူဆွေးသောအခါ မည်သူသည် ငါ့နှလုံးသားထဲမှ ဒဏ်ရာများကို ဖာထေးနိုင်သနည်း။ ငါသည် တစ်စုံတစ်ယောက်ကို လိုအပ်သောအခါ မည်သူသည် ငါနှင့်အတူ အတူတကွ လုပ်ဆောင်ရန် လိုလိုလားလားနှင့် ဆပ်ကပ်လိမ့်မည်နည်း။ ယခင်က လူတို့၏ ငါ့အပေါ်ထားရှိသော စိတ်သဘောထားသည် ယခုတွင် ပျောက်သွားကာ မည်သည့်အခါမျှ ပြန်မရနိုင်တော့ခြင်းမျိုး ဖြစ်နိုင်သလော။ အဘယ်ကြောင့် ၎င်းတို့၏ မှတ်ဉာဏ်များထဲတွင် ထိုစိတ်သဘောထားမျိုး တစ်စက်မျှပင် မကျန်ရှိရသနည်း။ ဤအရာများ အားလုံးကို လူတို့သည် မည်သို့လျှင် မေ့ပျောက်သွားရသနည်း။ ဤသည်အားလုံးမှာ လူသား မျိုးနွယ်သည် ၎င်းတို့၏ ရန်သူ၏ ယိုယွင်းဖျက်ဆီးခြင်း ခံခဲ့ရသောကြောင့်ပင် မဟုတ်လော။

ငါ့ကို ချီးမွမ်းရာ၌ ကောင်းကင်တမန်များသည် တေးဂီတကို တီးမှုတ်လေသောအခါ ဤသီချင်းသံသည် လူသားအတွက် ငါ၏ စာနာခြင်းကို မလှုံ့ဆော်ဘဲ မနေနိုင်။ ချက်ချင်းဆိုသလိုပင် ငါ၏ နှလုံးသားသည် ဝမ်းနည်းခြင်းနှင့် ပြည့်လာပြီး ဤစိတ်မချမ်းမြေ့စရာ စိတ်ခံစားချက်မှ ငါ့ကိုယ်ငါ ဖယ်ရှားပစ်ရန် မဖြစ်နိုင်ချေ။ လူသားနှင့် ခွဲခွာခဲ့ရပြီးနောက် ပြန်လည်ပေါင်းစည်းခဲ့ရသည့် ပူဆွေးခြင်းများနှင့် ဝမ်းမြောက်ခြင်းများ၌ ငါတို့သည် ခံစားချက်များကို ဖလှယ်ရန် မတတ်နိုင်။ အထက်အရပ် ကောင်းကင်ဘုံထဲနှင့် အောက်အရပ် ကမ္ဘာမြေကြီးအပေါ် ကွဲနေခဲ့ပြီး လူသားနှင့် ငါသည် ပုံမှန်တွေ့ဆုံရန် မတတ်နိုင်ကြ။ ယခင်ခံစားချက်များကို တသလွမ်းဆွတ်ခြင်းမှ မည်သူသည် ချိုးဖောက်လွန်မြောက် နိုင်သနည်း။ အတိတ်အကြောင်းကို ပြန်လည် စားမြုံ့ပြန်ခြင်းကို မည်သူသည် ရပ်တန့်နိုင်သနည်း။ မည်သူသည် အတိတ်ခံစားချက်များ၏ ဆက်လက်၍ ဖြစ်ပေါ်တည်ရှိခြင်းကို မမျှော်လင့်လိမ့်မည်နည်း။ မည်သူသည် ငါ၏ ပြန်လာခြင်းကို မအောက်မေ့ဘဲ ရှိလိမ့်မည်နည်း။ လူသားနှင့် ငါ၏ ပြန်လည်ပေါင်းစည်းခြင်းကို မည်သူသည် မတောင့်တဘဲ ရှိလိမ့်မည်နည်း။ ငါ၏ စိတ်နှလုံးသည် အလွန်အမင်း သောကရောက်လျက်ရှိပြီး လူသား၏ ဝိညာဉ်သည် အလွန်အမင်း စိတ်ပူပန်လျက်ရှိသည်။ ဝိညာဉ်သဘောအရ ထပ်တူညီသော်လည်း ငါတို့သည် မကြာခဏပင် အတူတကွ မရှိနိုင်ကြ၊ မကြာခဏပင် အချင်းချင်း မြင်တွေ့၍ မရနိုင်ကြ။ ထို့ကြောင့် လူသားမျိုးနွယ် အားလုံး၏ အသက်တာသည် ပူဆွေးသောကနှင့် တင်းကျမ်းပြည့်နှက်နေပြီး ရှင်သန်မှုစွမ်းအားလည်း ကင်းမဲ့နေသည်၊ အကြောင်းမှာ လူသားသည် ငါ့ကို အစဉ်အမြဲ တမ်းတနေခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လူသတ္တဝါများသည် ကောင်းကင်ဘုံမှ တိုက်ချခံလိုက်ရသော အရာဝတ္ထုများ ဖြစ်သည့်အလား၊ ငါ့ကို မြေပြင်ပေါ်မှ စူးစိုက် မော်ကြည့်လျက် ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ငါ၏ အမည်ကို ဟစ်ခေါ်ကြသည်၊ သို့သော်လည်း ၎င်းတို့သည် ငမ်းငမ်းတက် ဆာလောင်နေသော ဝံပုလွေ၏ အန္တရာယ်မှ အဘယ်သို့လျှင် ၎င်းတို့ ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့သည် ထိုဝံပုလွေ၏ ခြိမ်းခြောက်ခြင်းများနှင့် ဖြားယောင်းသွေးဆောင်မှုများ မှ အဘယ်သို့လျှင် မိမိတို့ကိုယ်မိမိတို့ ကင်းဝေးစေနိုင်မည်နည်း။ ငါ့အစီအစဉ်၏ စီစဉ်ခြင်းကို နာခံခြင်းအားဖြင့် လူသတ္တဝါများသည် မိမိတို့ကိုယ်မိမိတို့ အဘယ်သို့လျှင် မစွန့်လွှတ်နိုင်ဘဲ ရှိမည်နည်း။ ထိုသူတို့သည် ကျယ်ကျယ် လောင်လောင် တောင်းပန်တိုးလျှိုးသောအခါ ငါသည် ၎င်းတို့ထံမှ ငါ၏မျက်နှာကို လွှဲလိုက် သည်၊ ဆက်လက်၍ ကြည့်ရန် ငါမခံရပ်နိုင်တော့၊ သို့သော်လည်း အဘယ်သို့လျှင် ငါသည် ၎င်းတို့၏ မျက်ရည်ပြည့်လျှမ်းသော အော်ဟစ်သံများကို မကြားနိုင်ဘဲနှင့် ရှိမည်နည်း။ လူ့လောကကြီး၏ မတရားခြင်းများကို ငါပြင်မည်။ ငါ၏ လူများကို နောက်တစ်ဖန် ဘေးပြုခြင်းမှ စာတန်ကို တားမြစ်လျက်၊ ရန်သူများကို ၎င်းတို့စိတ်ကြိုက် နောက်တစ်ဖန် လုပ်နေခြင်းမှ တားမြစ်လျက် လောကတစ်လွှားတွင် ငါ၏ အလုပ်ကို ငါကိုယ်တိုင်၏ လက်များနှင့် ဆောင်ရွက်မည်။ ငါ၏ ရန်သူများ အားလုံးကို မြေပေါ်သို့ လဲကျစေလျက် ၎င်းတို့၏ ပြစ်မှုများကို ငါ့ရှေ့မှောက် ဝန်ခံလာရန် ပြုလျက် ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှင်ဘုရင် ဖြစ်လာမည်ဖြစ်ပြီး ငါ၏ပလ္လင်ကို ထိုနေရာသို့ ရွှေ့မည်။ ငါ၏ ဝမ်းနည်းမှုထဲတွင် အမျက်ဒေါသသည် ရောထွေးစပ်ယှက်နေသည်၊ မည်သူ့ကိုမျှ ချမ်းသာမပေးဘဲ ငါ့ရန်သူများ၏ နှလုံးသားများ အတွင်းသို့ ထိတ်လန့်ကြောက်ရွံ့ခြင်းကို ထည့်သွင်းလျက် စကြဝဠာ တစ်ခုလုံးကို ပြားချပ်သွားအောင် ငါနင်းခြေမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အပျက်အစီးများအဖြစ်သို့ ယုတ်လျော့စေ၍ ငါ၏ ရန်သူများကို ထိုအပျက်အစီးများအထဲသို့ လဲကျစေမည်၊ ထိုသို့အားဖြင့် ထိုအချိန်မှစ၍ ၎င်းတို့သည် လူသားမျိုးနွယ်ကို နောက်ထပ် ယိုယွင်းဖျက်ဆီးခြင်း မပြုနိုင်ရန် ဖြစ်သည်။ ငါ၏ အစီအစဉ်သည် သတ်မှတ်ထားပြီး ဖြစ်သည်၊ မည်သို့သောသူပင် ဖြစ်နေပါစေ မည်သူကမျှ ထိုအစီအစဉ်ကို ပြောင်းလဲနိုင်မည် မဟုတ်။ စကြဝဠာအထက်တွင် ငါသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသော ခမ်းနားထည်ဝါမှုနှင့် လှည့်လည် သွားလာသည့်အခါ လူသားမျိုးနွယ် အားလုံးသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး အရာခပ်သိမ်းသည် ပြန်လည်နှိုးထလာကြလိမ့်မည်။ လူသားသည် ထပ်၍ငိုကြွေးတော့မည် မဟုတ်ဘဲ အကူအညီရရန် ငါ့ထံသို့ ထပ်၍ဟစ်ခေါ်ကြမည် မဟုတ်တော့။ ထို့နောက် ငါ၏ နှလုံးသားသည် ရွှင်လန်းလိမ့်မည် ဖြစ်ပြီး လူတို့သည် အောင်ပွဲခံရန် ငါ့ထံသို့ ပြန်လာကြ လိမ့်မည်။ ထိပ်ဆုံးမှ အောက်ခြေအထိ စကြဝဠာ တစ်ခုလုံးသည် ဝမ်းမြောက် ခြင်း၌ လှုပ်ရှားကြလိမ့်မည်...

ယနေ့ လောကကြီး၏ တိုင်းနိုင်ငံများအကြား အထမြောက်ရန် ငါစတင်ခဲ့သော အလုပ်ကို ငါသည် လုပ်ဆောင်နေသည်။ ငါ၏ အစီအစဉ်အတွင်း အလုပ်အားလုံးကို လုပ်ဆောင်လျက် ငါသည် လူသားမျိုးနွယ်၏ အလယ်တွင် လှုပ်ရှားသွားလာပြီး လူသားမျိုးနွယ် အားလုံးသည် ငါ၏ အလိုတော်နှင့်အညီ လောကကြီး၏ အမျိုးမျိုးအစားစားသော တိုင်းနိုင်ငံများကို ဖြိုကွဲနေကြသည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် မိမိတို့၏ အာရုံကို မိမိတို့ကိုယ်တိုင်၏ ခရီးဆုံးပန်းတိုင်ပေါ် စူးစိုက်ထားသည်၊ အကြောင်းမှာ နေ့ရက်အချိန်သည် နီးကပ်လာနေပြီး ကောင်းကင်တမန်များသည် ၎င်းတို့၏ တံပိုးများကို မှုတ်နေကြပြီ ဖြစ်သည့်အတွက် ဖြစ်သည်။ အချိန်ထပ်ဆွဲခြင်းတို့ ရှိလိမ့်မည် မဟုတ်တော့၊ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့သည် ထို့နောက် ချက်ချင်းပင် ၀မ်းမြောက်ခြင်း၌ စတင်ကခုန်ကြလိမ့်မည်။ မည်သူသည် ၎င်းတို့သဘောရှိ ငါ၏ နေ့ရက်ကို ရှည်စေနိုင်သနည်း။ ကမ္ဘာမြေသားလော။ သို့မဟုတ် မိုးကောင်းကင်မှ ကြယ်များလော။ သို့တည်းမဟုတ် ကောင်းကင်တမန်များလော။ ဣသရေလလူများ၏ ကယ်တင်ခြင်းကို စတင်ရန်အလို့ငှာ ငါသည် မိန့်မြွက်ချက်ကို ပြုသောအခါ ငါ၏ နေ့ရက်သည် လူသားမျိုးနွယ် အားလုံးအပေါ်သို့ ဖိနှိပ်လေသည်။ လူသားတိုင်းသည် ဣသရေလ ပြန်လာမည်ကို ကြောက်ရွံ့ကြ၏။ ဣသရေလ ပြန်လာသောအခါ ယင်းသည် ငါ့ဘုန်းတော်၏ နေ့ရက်ဖြစ်လိမ့်မည် ဖြစ်ပြီး ထိုအချိန်သည် အရာခပ်သိမ်းတို့ ပြောင်းလဲပြီး အသစ်ပြုပြင်ခြင်းကို ခံလာရသော နေ့ရက်လည်းဖြစ်လိမ့်မည်။ ဖြောင့်မတ်သော တရားစီရင်ခြင်းသည် စကြဝဠာတစ်ခွင်လုံးသို့ ကျရောက်အံ့ဆဲဆဲ ချဉ်းကပ်လာသည်နှင့် လူသားအားလုံးမှာ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်မှုတို့ ကြီးထွားလာသည်၊ အဘယ်ကြောင့် ဆိုသော် လူ့လောကထဲ၌ ဖြောင့်မတ်ခြင်းဟူသည်မှာ မရှိစဖူး၍ ဖြစ်သည်။ ဖြောင့်မတ်ခြင်း၏နေသည် ထွက်ပေါ်လာသောအခါ အရှေ့အရပ်သည် ထွန်းလင်းလိမ့်မည် ဖြစ်ပြီး ထို့နောက်တွင် ၎င်းမှတစ်လှည့် လူတိုင်းဆီသို့ ရောက်ရှိရင်းနှင့် စကြဝဠာ တစ်ခွင်လုံးသို့ အလင်းပေးလိမ့်မည်။ အကယ်၍ လူသားသည် ငါ၏ ဖြောင့်မတ်ခြင်းကို ဧကန်စင်စစ်ပင် ပြည့်စုံစေနိုင်ပါက အဘယ်အရာကို ကြောက်စရာရှိသနည်း။ ငါ၏ လူများ အားလုံးသည် ငါ၏နေ့ရက် ဆိုက်ရောက်ခြင်းကို စောင့်မျှော်နေကြသည်၊ ၎င်းတို့အားလုံးသည် ငါ့နေရက်၏ ရောက်လာခြင်းကို တောင့်တကြသည်။ လူသားမျိုးနွယ် အားလုံးအပေါ်သို့ အပြစ်ဒဏ်ကို ယူဆောင်လာရန်နှင့် ဖြောင့်မတ်ခြင်း၏နေဖြစ်သော ငါ၏ အခန်းကဏ္ဍအားဖြင့် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို စီစဉ်ရန် အလို့ငှာ ၎င်းတို့သည် ငါ့ကို စောင့်မျှော်နေကြသည်။ ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင် အထက်တွင် ပုံသဏ္ဌာန်ပေါ်လာနေပြီ ဖြစ်ပြီး ငါ၏ ပလ္လင်သည် သန်းပေါင်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ သြဇာ လွှမ်းမိုး၏။ ငါ၏ ကြီးမြတ်သော ပြီးမြောက်အောင်မြင်ခြင်းသည် ကောင်းကင်တမန်များ၏ အကူအညီနှင့် မကြာမီတွင် အသီးသီးလိမ့်မည် ဖြစ်သည်။ ငါ၏ သားများနှင့် ငါ၏ လူများအားလုံးတို့သည် ငါ၏ ပြန်လာခြင်း ကို အသက်ပင် ရဲရဲမရှုရဲဘဲ စောင့်မျှော်နေကြသည်၊ ၎င်းတို့နှင့် ပြန်လည်ပေါင်းစည်းရန်၊ မည်သည့်အခါမျှ နောက်တစ်ဖန် ထပ်၍ မခွဲခွာတော့ရန် ငါ့ကို တောင့်တနေကြသည်။ ငါသည် ၎င်းတို့နှင့် အတူရှိခြင်းကြောင့် ငါ့နိုင်ငံတော်၏ အသင်္ချေ များလှသော လူထုသည် ရွှင်လန်းဝမ်းမြောက်သော အောင်ပွဲခံခြင်းဖြင့် အချင်းချင်းဆီသို့ အဘယ်သို့လျှင် မပြေးကြဘဲ နေနိုင်လိမ့်မည်နည်း။ ဤပေါင်းစည်းခြင်းမှာ မည်သည့် အဖိုးအခမှ ပေးရန်မလိုအပ်သော ပြန်လည်ပေါင်းစည်းခြင်းမျိုး ဖြစ်နိုင်သလော။ လူသားအားလုံးတို့၏ မျက်လုံးများထဲတွင် ငါသည် ဂုဏ်သိက္ခာ ရှိသည်၊ အားလုံးတို့၏ စကားများတွင် ငါသည် ကြွေးကြော်ခြင်း ခံရသည်။ ငါပြန်လာသည့်အခါ ရန်သူ၏ အင်အားစု အားလုံးတို့ကို သာ၍များစွာပင် သိမ်းပိုက်မည်။ အချိန်ရောက်လာလေပြီ။ ငါ၏အလုပ်ကို ငါသည် စတင် လည်ပတ်စေမည်၊ လူသားတို့အလယ်တွင် ငါသည် ရှင်ဘုရင်အဖြစ် စိုးစံမည်။ ငါသည် ပြန်လာမည့်ဆဲဆဲ ရှိပြီး၊ ငါသည် ထွက်ခွာသွားလုဆဲဆဲ ရှိသည်။ ဤသည်မှာ လူတိုင်း မျှော်လင့်နေသော အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့ လိုလားသော အရာဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ငါ့နေ့ရက်၏ ဆိုက်ရောက်ခြင်းကို ငါမြင်စေမည်ဖြစ်ပြီး ၎င်းတို့အား ငါ၏နေ့ရက် ရောက်လာခြင်းကို ဝမ်းမြောက်ခြင်းနှင့် ကြိုဆိုစေမည်။

၁၉၉၂ ခုနှစ် ဧပြီလ ၂ ရက်

ယခင်က:အခန်း ၂၆

နောက်တစ်ခုသို့:အခန်း ၂၈

သင်နှစ်သက်နိုင်သည့် အရာများ