အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၂၃ ဘုရားကို ချစ်သူတို့သည် ဘုရားနိုင်ငံတော်သို့ ဝင်ကြရလိမ့်မည်ကျူး

၁ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်အတွင်း တည်ရှိနေလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို နှိပ်စက်မည် မဟုတ်ပါ။ သူတို့၏ မတူညီသည့် လုပ်ဆောင်မှုများနှင့် သက်သေခံချက်များကို အခြေခံပြီး၊ နိုင်ငံတော်အတွင်းရှိ အောင်မြင်သောသူများက ယဇ်ပရောဟိတ်များ၊ သို့မဟုတ် နောက်လိုက်များအဖြစ် အစေခံကြလိမ့်မည်။ ထို့ပြင် ဒုက္ခဆင်းရဲအလယ်တွင် အောင်မြင်သောသူများက နိုင်ငံတော်ထဲတွင် ယဇ်ပရောဟိတ်များအဖွဲ့ ဖြစ်လာလိမ့်မည်။ စကြဝဠာတစ်လျှောက်တွင် ဧဝံဂေလိတရားအလုပ် ပြီးဆုံးသည့်အချိန်တွင်၊ ယဇ်ပရောဟိတ်များအဖွဲ့ ပေါ်ပေါက်လာမည်။ ထိုအချိန်ရောက်လျှင်၊ လူ့အနေဖြင့် လုပ်ရမည်မှာ ဘုရားသခင်၏ နိုင်ငံတော်အတွင်း သူ၏တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နှင့်အတူ နိုင်ငံတော်အတွင်း နေထိုင်ရန်ဖြစ်သည်။

၂ ယဇ်ပရောဟိတ်များအဖွဲ့တွင် ယဇ်ပရောဟိတ် အကြီးအကဲများနှင့် ယဇ်ပရောဟိတ်များ ပါဝင်မည်ဖြစ်ပြီး၊ ကျန်ရှိသူများက ဘုရားသခင်၏လူများနှင့် သားများ ဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးကို ဒုက္ခဆင်းရဲ ကြီးစွာခံစားရသည့်အချိန်တွင် ဘုရားသခင်အတွက် သူတို့ပြုသည့် သက်သေခံချက်များအားဖြင့် အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ ယင်းတို့သည် စိတ်ကူးတည့်ရာပေးသည့် ဂုဏ်ပုဒ်များ မဟုတ်ပေ။ လူ၏ အခြေအနေသည် အခြေကျသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ အလုပ်သည် ရပ်ဆိုင်းသွားမည်ဖြစ်သည်၊ အကြောင်းမှာ လူတစ်ယောက်စီကို သူတို့၏ အမျိုးအစားအတိုင်း အဆင့်ခွဲထားပြီး သူတို့သည် မိမိတို့၏မူလအနေအထားကို ပြန်လည်ရောက်ရှိသွားသောကြောင့်ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်ပြုသောအလုပ် အောင်မြင်ခြင်း၏ အမှတ်အသားဖြစ်သည်။ ဤကား ဘုရားသခင်ပြုသောအလုပ်၏ နောက်ဆုံးရလဒ်ဖြစ်ပြီး လူသား၏ လက်တွေ့လုပ်ဆောင်မှုဖြစ်သည့်အပြင် ဘုရားသခင့်အလုပ်၏ ရူပါရုံများနှင့် လူသား၏ပူးပေါင်းလုပ်ဆောင်မှုတို့ အကောင်အထည်ပေါ်လာခြင်းလည်းဖြစ်သည်။ အဆုံးမှာတော့၊ လူသားသည် ဘုရားသခင်၏ နိုင်ငံတော်တွင် ငြိမ်းချမ်းမှုကို တွေ့ရှိလိမ့်မည်၊ ဘုရားသခင်သည်လည်း သူ၏ကျိန်းဝပ်ရာအရပ်သို့ အနားယူရန် ပြန်သွားလိမ့်မည်။ ဤကား ဘုရားသခင်နှင့် လူသားအကြား အနှစ် ၆၀၀၀ ကျော် ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးရလဒ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:နိုင်ငံတော် လုံးလုံးလျားလျား ကြွလာသောအခါကျူး

နောက်တစ်ခုသို့:အရှေ့အရပ်မှ လျှပ်ပြက်သောအခါကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ