အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည်

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

သတိပေးချက် ၃ ချက်

ဘုရားသခင်အား ယုံကြည်သူတစ်ဦးအနေဖြင့် အခြားအရာအားလုံးထက် ဘုရားသခင်အား သစ္စာစောင့်သိကာ အရာအားလုံးတွင် ကိုယ်တော်၏ အလိုတော်ကိုလိုက်နာ သင့်ပေသည်။ သို့ရာတွင် ဤသြဝါဒကို လူတိုင်းနားလည်သော်ငြားလည်း လူသားတို့နှင့်ပတ်သတ်လာလျှင် လူသား၏အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုများဖြစ်သည့် မသိနားမလည်မှု၊ ရယ်ဖွယ်ကောင်းမှု၊ ပျက်စီးမှုတို့ကြောင့် အပေါ်လွင်ဆုံး နှင့်အခြေခံအကျဆုံးအမှန်တရားများကို လူ့ထံတွင် ပြည့်စုံစွာမြင်ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သင်တို့အနေဖြင့် အပြီးသတ် ဆုံးဖြတ်ချက် မချမီ သင်တို့အတွက် အရေးအကြီးဆုံးဖြစ်မည့် အရာ အနည်းငယ်ကို ငါပြောမည်။ ရှေ့ဆက်မပြောမီ ဦးစွာ သင်တို့ နားလည်ထားရမည်မှာ- ငါပြောမည့် အမှန်တရားများသည် လူသားအားလုံးကို တိုက်ရိုက်ရည်ရွယ်သော အမှန်တရားများဖြစ်သည်။ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအမျိုးအစားတစ်မျိုးတည်းအတွက်သာ ရည်ရွယ်ပြောခြင်းမဟုတ်ပါ။ ထို့ကြောင့် ရိုးသားမှုနှင့် မမှိတ်မသုန်အာရုံစိုက်ပြီး အမှန်တရား၏ရှုထောင့်မှနေ၍ ငါပြောမည့်အရာများကို နားထောင်သင့်ပေသည်။ ငါပြောသည့်အမှန်တရားတိုင်းကို တစ်လုံးတစ်ပါဒမှ လျစ်လျူရှုခြင်း၊ မထီမဲ့မြင်ပြုခြင်း မလုပ်ရ။ သင်တို့ဘဝများ၌ အမှန်တရားနှင့်များစွာဆီလျော်မှုမရှိသည်ကိုသိသောကြောင့် စဉ်းလဲမှုနှင့် အကျည်းတန်မှုတို့၏ကျေးကျွန်အဖြစ်မှလွန်မြောက်ပြီး အမှန်တရား၏ အမှုတော်ထမ်းများ ဖြစ်လာစေရန် အထူးတလည် မေတ္တာရပ်ခံနေခြင်းတည်း။ အမှန်တရားကိုနင်းချေခြင်း၊ ဘုရားသခင်၏ အိမ်တော်ကိုစော်ကားခြင်းမပြုနှင့်။ ဤအချက်သည် သင်တို့အား ငါ၏သတိပေးချက် ဖြစ်သည်။ ယခု ပြောမည့်အကြောင်းအရာအား စတင်မည်။

ပထမဦးစွာ သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏လက်သင့်ခံမှုကိုရှာဖွေသင့်သည်။ ဆိုလိုသည်မှာ သင်တို့သည် ဘုရားသခင်၏ အိမ်တော်ထဲ၌ ပါဝင်နေသည်ကိုသိသဖြင့် ဘုရားသခင်ထံသို့ စိတ်နှလုံးတည်ငြိမ်အေးချမ်းခြင်းကို ယူဆောင် လာသင့်ပြီး အရာအရာတွင် ဘုရားသခင် စိတ်ကျေနပ်အောင် နေထိုင်သင့်သည်။ တစ်နည်းအားဖြင့် သင်သည်အမှန်တရားနှင့်အတူ ကိုယ်ကျင့်တရားကောင်းကာ၊ ထိုလုပ်ဆောင်များအတွင်းတွင်သမ္မာတရားနှင့် လိုက်လျောညီထွေနေ သင့်ပါသည်။ အကယ်၍ ဤလုပ်ဆောင်မှုများသည် သင်၏လုပ်ဆောင်နိုင်စွမ်းထက်ကျော်လွန်ပါကသင့်ကို မုန်းစရာကောင်းသူအဖြစ် ဘုရားသခင်နှင့် လူတိုင်း၏ငြင်းပယ်ခြင်းကိုခံရလိမ့်မည်။ ထိုကဲ့သို့ အခက်အခဲနှင့်သင်ရင်ဆိုင်တွေ့ပါက သင်သည် ဘုရားသခင်၏အိမ်တော်ထဲတွင် မပါဝင်နိုင်တော့ပါ။ ဤသည်မှာ ဘုရားသခင်ထံ၏လက်သင့်ခံမှုကိုမရရှိခြင်းကြောင့် ဖြစ်လာမည့်အကျိုးဆက်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ဘုရားသခင်က ရိုးသားသူကိုနှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်က သစ္စာတရားကိုလက်ကိုင်ထားသူဖြစ်သဖြင့် သူ၏စကားတိုင်းကို အမြဲ ယုံကြည်စိတ်ချ နိုင်သည်။ ထို့အပြင် ကိုယ်တော်၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယရှိရန်မလိုပေ။ ထို့ကြောင့် သူ့အပေါ် ပကတိရိုးသားသူများကို ဘုရားသခင်က နှစ်သက်ခြင်းဖြစ်သည်။ ရိုးသားခြင်းဆိုသည်မှာ ဘုရားသခင်ထံသင့်နှလုံးသားပေးအပ်ခြင်း၊ မည်သည့်အချိန်တွင်မဆိုမည်သည့်အရာ ကိုမျှလိမ်လည်မှု မရှိခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့်ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှလူများကို လိမ်လည်ခြင်းနှင့် အောက်မှလူများကို လှည့်စားခြင်း ကိုမည်သည့်အခါမှမပြုခြင်း နှင့် ၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်း တို့ပင်ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားမှုရှိခြင်းဆိုသည်မှာ ဘုရားသခင်နှင့်လူသားတို့ကို မလှည့်စားဘဲ မိမိ၏ ကိုယ်နှုတ်အပြုအမူတို့ကို သန့်ရှင်းစင်ကြယ်စေခြင်း ဖြစ်သည်။ ငါပြောသောစကားမှာ အလွန်ရိုးရှင်း သော်ငြားလည်း သင်တို့အတွက် နှစ်ဆခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ နေထိုင်ပြောဆိုရခြင်း ထက် ငရဲတွင်သာစီရင်မှုကို ခံလိုကြသည်။ ထိုကဲ့သို့ မရိုးဖြောင့်သောသူများအတွက် ငါပေးအပ်နိုင်သော ကုစားမှုအခြားတစ်ခု ရှိသေးသည်။ သင်တို့အတွက် ရိုးသားသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားရခြင်းမှာ အင်မတန်ခက်ခဲမည် ဖြစ်ကြောင်း ကျွန်ုပ်ကောင်းစွာ နားလည်ပါသည်။ လူကြီးလူကောင်းတစ်ဦးဖြစ်ဖို့ သင့်တို့ရဲ့သေးနုပ်သော စံပေတံနှင့်တိုင်းတာရာတွင် သင်တို့သည် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်လှပေရာ ငါ့အမှုသည်သာ၍ ရိုးရှင်းလာသည်။ သင်တို့သည် မိမိ၏ လျှို့ဝှက်ချက်များကို သိုဝှက်သိမ်းဆည်းထား သည်ဖြစ်ရာ သင်တို့တစ်ဦးချင်းစီကို ဒုက္ခဆင်းရဲထဲသို့ ဖြတ်သန်းစေ၍ မီးဖြင့်“စစ်ကြောစီရင်မှု” တစ်ခု ကြုံတွေ့စေမည်၊ ယင်းနောက် ကျွန်ုပ်ပြောသောစကားများကို သင်သည် အကြွင်းမဲ့ ယုံကြည်လာလိမ့်မည်။ နောက်ဆုံး၌ “ဘုရားသခင်သည် အကြွင်းမဲ့ ယုံကြည်အားထားရသူ” ဟုသင်တို့သည် ရင်ဘတ်စည်တီး၍ ကြေကွဲ၊ ပူဆွေးမှုများ ခံစားရပြီးနောက်ဖြစ်ပြီး “လှည့်ဖျားတတ်သည်မှာ လူတို့နှလုံးသားဖြစ်သည်” ဟု သင့်နှုတ်ကဝန်ခံလာစေရန်ငါပြုမည်။ ဤအဆင့်တွင် သင်တို့စိတ်ထဲ၌ဘာရှိမည်နည်း။ သင်သည် ယခုကဲ့သို့ နားလည်ရန်သိပ်ခက်ခဲတော့မည် မဟုတ်ဟု ငါထင်သည်။ တချို့သူများသည် ဘုရားသခင်ရှေ့မှောက်တွင် သင့်တင့်စွာဝတ်စားဆင်ယင်ပြီး အပြုအမူကောင်းများ ရှိဟန်ဆောင်သော်လည်း ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ဖီဆန်အာခံကာ ထိုထိန်းချုပ်ထားမှုများ ပယ်ပျောက်ရတော့သည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သောသူအဖြစ် သင်တို့ကိုယ်ကို ထည့်တွက်မည်လား။ အကယ်၍ သင်သည် ဆက်ဆံရေးအထူးကောင်းမွန်သည့် ကြောင်သူတော်တစ်ဦးဖြစ်ပါက သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူဟု ငါမှတ်ယူသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့်ဖောင်းပွနေမည်ဆို ပါက သင်သည်သမ္မာတရား လက်တွေ့ကျင့်သုံးရမည်ကို အလွန်တရာကို စက်ဆုတ်သောသူတစ်ဦး သာဖြစ်သည်။ အကယ်၍ သင်သည်မိမိကိုယ်ကို ယုံကြည်မှုရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပါက၊ သင်၏ လျှို့ဝှက်ချက်များ-တနည်းအားဖြင့် သင့်အခက်အခဲများ-ကို အခြားသူများရှေ့တွင်ဖော်ပြကာ အလင်းအတွက်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် ဆန္ဒမရှိပါက သင်သည် ကယ်တင်ခြင်းကိုအလွန်တကူလက်မခံနိုင်သောသူ၊ အမှောင်ထုထဲမှအလွယ်ကူစွာမထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရားကိုရှာဖွေခြင်း သည်သင့်ကိုကျေနပ်နှစ်သိမ့်စေသည်ဆိုပါက သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူ တစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး အမြဲပေးဆပ်ကာ ကြိုးကြိုးစားစားတာဝန်ကျေပွန်စွာ အလုပ်လုပ်မည့်သူ အမှုတော်ထမ်း ဆောင်သူတစ်ဦး၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမှရယူခြင်းမရှိသောသူဖြစ်ပါက သင်သည် သစ္စာရှိသော သူတော်စင်တစ်ယောက်ဖြစ်သည်ဟုငါဆိုသည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကိုမမျှော်ကိုးဘဲ ပကတိရိုးသားသူတစ်ယောက် ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းသူဖြစ်လျှင်၊ သင်သည် ဘုရားသခင်အတွက် အသုံးတော်ခံဖြစ်လိုစိတ်ရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးဝံ့သူ၊ သက်သေအဖြစ်ရပ်တည်နိုင်လျှင်၊ မိမိအတွက်မစဉ်းစား သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင်စိတ်ကျေနပ်အားရစေရန်အတွက်သာသိသောအဆင့်အထိ ရိုးသားလာပြီဆိုပါက၊ သင်တို့သည် အလင်းထဲတွင်ပြုစုပျိုးထောင်ခြင်းခံရသော၊ နိုင်ငံတော်တွင် ထာဝရအသက်ရှင်နိုင်မည့်သူများဖြစ်သည်ဟုငါဆိုသည်။ သင့်ကိုယ်ထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိမှု၌ တည်ရှိသလော၊ သင့်ထံ၌ ဘုရားသခင်အတွက် အနစ်နာခံမှုမှတ်တမ်းတစ်ခုရှိသလော၊ ဘုရားသခင်ထံ၌ သင် အပြည့်အဝ အလုပ်အကျွေးပြုပြီးပြီလော စသည်တို့ကို သင်သိသင့်သည်။ ထိုအချက်များကို သင်ပျက်ကွက်လျှင် သင့်ထံ၌ မနာခံမှု၊ လှည့်ဖြားမှု၊ အလိုကြီးမှုနှင့် အနာရောဂါ များသာ ကျန်ရစ်လိမ့်မည်။ သင်၏စိတ်သည် ရိုးသားမှုနှင့်အလှမ်းကွာဝေးသကဲ့သို့ ဘုရားသခင်ထံမှ ကောင်းသောအသိအမှတ်ပြုမှုကိုလည်း သင်ဘယ်တော့မှမရရှိဘဲ အလင်းထဲတွင် မည်သို့သောအခါမျှ မနေရတော့ပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံးသတ်၌မည်သည့်နေရာတွင် ရောက်ရှိမည် ဆိုသည်မှာ သူသည် ရိုးသားမှု နှင့် သွေးသို့နီသောနှလုံးသားရှိမရှိအပေါ်နှင့် သူ့ထံ၌သန့်ရှင်းသော စိတ်ဝိညာဉ်ရှိမရှိတို့အပေါ်တွင် မူတည်ပါသည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူ၊ မစင်ကြယ်သောစိတ်ဝိညာဉ်ရှိသူတစ်ဦးဖြစ်နေပါက သင်၏ကံကြမ္မာ အတွက်မှတ်တမ်း သည် လူသားတို့အား အပြစ်ပေးရာနေရာသို့သာ ဦးတည်နေမည်ဖြစ်သည်။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုပြီး ယခုထိ အမှန်တရားနှင့်ပတ်သတ်သောအပြောအဆို၊ နှင့် အပြုအမူမျိုး ကိုမစီမံနိုင်သေးပဲ ဘုရားသခင်ထံမှ ဆုလာဘ်ကို စောင့်မျှော်နေသေးသလော။ ဘုရားသခင်က သင့်ကို သူ၏ ရင်နှစ်သည်းချာအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသေလော။ ဤအတွေးသည် ရယ်ဖွယ်ကောင်း နေသေးသည် မဟုတ်ပါလား။ သင်သည်အရာအားလုံးတွင် ဘုရားသခင်ကို လှည့်စားသည်။ ထို့ကြောင့် သင်ကဲ့သို့သော အပြစ်ရှိသူတစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာပေးနိုင်မည်နည်း။

တတိယအချက်အနေဖြင့်ပြောလိုသည်မှာ ဘုရားသခင်အား တစ်သက်တာလုံး ယုံကြည်ရင်း နေလာသည့်သူအားလုံးသည် ရံဖန်ရံခါ ဘုရားသခင်အပေါ် အတိုက်အခံနှင့် လှည့်ဖြားမှုများ လုပ်တတ်ကြသည်။ အချို့သောမကောင်းမှုများအား ပြစ်မှုအဖြစ် သတ်မှတ်ရန်မလိုသော်လည်း တချို့အရာများသည် ခွင့်လွှတ်နိုင်စရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မကောင်းမှု အတော် များများသည် ညွှန်ကြားထားသော အမိန့်တော်များကို ဖောက်ဖျက်နေသောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ပင်ကိုစိတ်နေသဘောထားကို စော်ကားရာရောက်ခြင်းဖြစ်သည်။ မိမိ၏ကံကြမ္မာအတွက် စိုးရိမ်သူအများစုက ထိုမကောင်းမှုများမှာ အဘယ်နည်းဟုမေးမြန်းကြသည်။ သင်တို့သည် မာနကြီးပြီး ဘဝင်ခိုက်တတ်သော သဘောသဘာဝရှိပြီး ကျိုးကြောင်းတရားများကို နာခံရန် ဆန္ဒမရှိသည်ကို သိသင့်သည်။ ဤအချင်းအရာကြောင့် သင့်ကိုယ်သင် သုံးသပ်ပြီးသည့် နောက်ဆုံး တွင်ငါပြောပြမည်။ ဘုရားသခင်၏ ပင်ကိုစိတ်နေသဘောထားကို သင်တို့ သိရှိအောင်အားထုတ်ပြီး ညွှန်ကြားထားသောအမိန့်တော်များထဲမှ ပါဝင်သည့်အကြောင်းအရာကို ပိုမိုနားလည်လာကြစေရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်ခမ်းကို ပိတ်ထားရန် နှင့်လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး ဘုရားသခင်၏ပင်ကိုစိတ်နေ သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ဖုံး၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်အလင်းတို့ကို ဆုံးရှုံးရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သင်တို့၏အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်ဖြစ်သည်။ အကယ်၍ မပြောသင့်မလုပ်သင့်သည့်အရာများကို သင်ပြောမိလုပ်မိလျှင် ထိုက်သင့်သောဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့်အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကိုဒဏ်ခတ်ရခြင်းမှာလည်း သင်သည် လူသားမဟုတ်သည့်ဘုရားသခင်ကို စော်ကားမိခဲ့ခြင်း ကြောင့်ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားအား ကြိမ်ဖန်များစွာစော်ကားမိလျှင် ငရဲသားဖြစ်လာရန်သေချာသူဖြစ်သည်။ လူသားတို့အတွက်တော့ သမ္မာတရားနှင့်သွေဖယ်သည့် မကောင်းမှုအနည်းငယ်ကို ကျူးလွန်မိသည်ထက်မပိုဟု မြင်ကောင်းမြင်ပေ လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် အပြစ်ဖြေရာယစ်မဟုတ်တော့ကြောင်းကို သတိပြုမိပါသလား။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ညွှန်ကြားထားသော အမိန့်တော်များကို တစ်ကြိမ်ထက်ပိုဖောက်ဖျက်ပြီး နောင်တမရခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က လူသားတို့အားအပြစ်ပေးသည့်ငရဲသို့ သင်သွားရမည်မှာမလွဲဧကန်ဖြစ်သည်။ ဘုရားသခင်၏ လမ်းညွှန်မှုနောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ချမှတ်ထားသောစည်းမျဉ်းတို့ကို ဖောက်ဖျက်မိသည့်လုပ်ရပ်များကိုကျူးလွန်မိကြသည်၊ သို့ရာတွင် ပြုပြင်ဆုံးမခံရပြီး လမ်းညွှန်ပြသပြီး သည့်နောက်တွင် တဖြည်းဖြည်းနှင့် ထိုသူတို့၏ စာရိတ္တပျက်စီးမှုကို သူတို့သိမြင်လာကြပြီးနောက် လက်တွေ့ဘဝ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာကာ ယနေ့အထိ ကောင်းမွန်စွာ ဆက်လက်နေထိုင်သွားကြသည်။ ထိုကဲ့သို့သောလူများသည် အဆုံးသတ်၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါရှာဖွေနေသည်မှာ ရိုးသားမှုဖြစ်သည်။ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး စည်းမျဉ်းအတိုင်းလိုက်နာသူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏အပြုအမူများတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ ဘုရားသခင်၏ အလိုတော်ကိုသိရှိကာ ဘုရားသခင်ကို ကြည်ညိုသည့်နှလုံးသားရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်တင်မည်ဖြစ်သည်။ ဘုရားသခင်ကိုမကြည်ညိုဘဲ ကြောက်ရွံ့တုန်လှုပ်သည့်စိတ်နှလုံးမရှိသူ မည်သူမဆို ဘုရားသခင်ညွှန်ကြားထားသောအမိန့်တော်များကို အလွယ်တကူချိုးဖောက်လိမ့်မည်။ လူအများစုက သူတို့၏စိတ်အားထက်သန်ပြင်းပြမှုကြောင့် ဘုရားသခင်ထံတွင် အလုပ်အကျွေးပြုကြသော်လည်း ဘုရားသခင်ညွှန်ကြားထားသောအမိန့်တော်များကို နားမလည်ကြပေ၊ ယခုထိ ဘုရားသခင်၏သြဝါဒများကို အရိပ်အမြွက်မျှသိနားလည်သူ သာ၍နည်းပါး နေသေးသည်။ ထို့ကြောင့် သူတို့၏စေတနာကောင်းများနှင့် အတူ မကြာခဏ ဘုရားသခင်၏ စီမံဆောင်ရွက်မှုကို နှောင့်ယှက်ခြင်းဖြင့်အဆုံးသတ်တတ်သည်။ ပြင်းထန်ဆိုးရွားသောကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါခွင့်မပြုတော့ဘဲ အဆုံးသတ်မှာ ဘုရားသခင်၏ အိမ်တော်နှင့်ဆက်နွယ်မှုအားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ကျခံစေသည်။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်၌ ၎င်းတို့၏အသိဉာဏ်နည်းသောစေတနာကောင်းတို့ကိုအသုံးချ အလုပ်အကျွေးပြုပြီး ဘုရားသခင်၏ စိတ်နေသဘောထားကိုပြစ်မှားကာ အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏အိမ်တော်သို့ ၎င်းတို့၏အလုပ်အကျွေးပြုသောအကြီးအကဲများနှင့် သခင်များကို ခေါ်ဆောင်လာပြီး၊ ပါဝင်လုပ်ဆောင်စေခြင်းအားဖြင့် ဤနေရာ၌ သူတို့ကို အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြသည်။ ဘုရားသခင်၏ စိတ်နေသဘောထားသည် သိုးကလေးကဲ့ သို့မဟုတ်ဘဲ ခြင်္သေ့ကဲ့သို့ဖြစ်သည်ကို သူတို့မတွေးမိခဲ့ကြပါ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံးပတ်သက်သူ များသည် ဘုရားသခင်နှင့်ဆက်သွယ်၍မရနိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူတို့၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရားများစွာကို သင်နားလည်ပြီးသည့်နောက် မှသာဘုရားသခင်အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိအလိမ္မာသည် စကားလုံးဝေါဟာရ တို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ပေ၊ သို့ရာတွင် ဘုရားသခင် သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေအဖြစ်လည်းကောင်း၊ ဘုရားသခင်ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါးအနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် အမှန်တရားနှင့်ဆက်နွယ်သည့် လက်တွေ့ကျသော အသိအလိမ္မာမရှိ၊ သမ္မာတရားဖြင့်လည်း ပေါင်းစပ်ထားခြင်းမရှိပါက သင်၏ ပြင်းပြသောဝတ်ပြုဆုတောင်းမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာပေးလိမ့်မည်။ ယခုဆိုလျှင် ဘုရားသခင်အား ယုံကြည်ခြင်းသည် ဘာသာရေးယုံကြည်မှုဆိုင်ရာ လေ့လာခြင်းသက်သက်မဟုတ်ကြောင်းကို သင်သိရှိပြီးလောက်ပြီဖြစ်သည်။

သင်တို့အား ငါသတိပေးဆုံးမသည့်စကားများသည် အကျဉ်းချုံးမျှသာဖြစ်သော်လည်း ငါဖော်ပြခဲ့သည်များမှာ သင်တို့ထံ၌ လစ်ဟာမှုအရှိဆုံး အရာများပင်ဖြစ်သည်။ ယခုလိုငါပြောနေခြင်းသည် လူသားတို့၏ အဆုံးသတ်ရလဒ်အတွက်ဖြစ်ပြီး လူသားတို့အကြား ငါလုပ်ပေးသည့် နောက်ဆုံး အလုပ်ဖြစ်သည်ကို သင်တို့ သိသင့်သည်။ ရည်ရွယ်ချက်မရှိဘဲ အမှုကိုလုပ်ဆောင်ခြင်း အတွင်းစိတ်သဘောထားပုပ်သူများနှင့် မျှော်လင့်ချက်ကင်းမဲ့သူတို့အား ဆက်လက်လမ်းပြခြင်းတို့ကို ငါ မလုပ်လိုတော့ပါ။ တစ်နေ့တွင် လူသားမျိုးနွယ်အတွက် ငါ၏ပံ့ပိုးမှုများနှင့် ငါပြောသော စကားလုံးများ၏ နောက်ကွယ်မှ အလွန်လေးနက်သော သဘောထာ တို့ကို သင်တို့နားလည် နိုင်ကောင်းလိမ့်မည်။ တစ်နေ့သ၌ သင့်ဘဝအဆုံးသတ်အတွက် သင်ဆုံးဖြတ်ချက်ချနိုင်မည့် စည်းမျဉ်းတစ်ခုကို သင် နားလည်သဘောပေါက်နိုင်ဖွယ်ရှိသည်။

ယခင်က:သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

နောက်တစ်ခုသို့:ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် လွန်စွာအရေးကြီး၏

သင်နှစ်သက်နိုင်သည့် အရာများ