အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂။ ဘုရားသခင်၏ကယ်တင်ခြင်း အမှုတော်၏ အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားများ

၃) ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုချင်းစီအကြား ဆက်နွှယ်မှု။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏အလုပ်တိုင်အောင်၊ ထို့ပြင် ယေရှု၏အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အလျဉ်မပြတ် အကျုံးဝင်စေသည်၊ ထို့ပြင် ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားတို့ကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့်သုံးဆင့်သည် ဝိညာဉ်တော်တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ကယ်တင်ခြင်းအမှု

နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အလုပ်အဆင့်သုံးဆင့် ခွဲခြားထားသည်။ တစ်ခုတည်းသော မည်သည့်အဆင့်ကမျှ ခေတ်သုံးခေတ်၏အလုပ်ကို ကိုယ်စားမပြုနိုင်ဘဲ တစ်စုံလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား အားလုံးကို ကိုယ်စားမပြုနိုင်။ ပညတ်တော်ခေတ်တွင် သူသည် သူ့အလုပ်ကို ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်မှာ ဘုရားသခင်သည် ပညတ်တော်အောက်၌သာ ဘုရားသခင်ဖြစ်နိုင်သည်ဟူ၍ သက်သေမပြပါ။ ယေဟောဝါသည် လူသားတို့အတွက် ပညတ်တော်များကို ပြဌာန်းပြီး ပညတ်တော်များကို ပေးအပ်ကာ လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်စေခဲ့သည်၊ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော အလုပ်သည် ဘုရားသခင်မှာ လူသားအား ပညတ်တော်ကို စောင့်ရှောက်ရန်သာ တောင်းဆိုသော ဘုရားသခင်၊ ဗိမာန်တော်ထဲ၌ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ရှိသော ဘုရားသခင်သာဖြစ်သည်ဟု သက်သေပြမနေပါ။ ယင်းသို့ပြောလျှင် မမှန်ကန်ပါ။ ပညတ်တော်အောက်မှ အလုပ်သည် ခေတ်တစ်ခေတ်ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင်သာ အလုပ်လုပ်လျှင် လူသည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပြီး ယခုလိုပြောလိမ့်မည်၊ “ဘုရားသခင်သည် ဗိမာန်တော်ထဲရှိ ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်ကို အစေခံရန် ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ်ကဲ့သို့ ဝတ်ရုံဝတ်ပြီး ဗိမာန်တော်အတွင်းသို့ ဝင်ကြရမည်။” ကျေးဇူးတော်ခေတ်ရှိ အလုပ်ကို မည်သည့်အခါကမျှ မလုပ်ခဲ့ဘဲ ပညတ်တော်ခေတ်သည်လည်း ယခုတိုင်အောင် ဆက်လက်ရှိနေခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် သနားတတ်ပြီး ချစ်ခင်တတ်သည်ကို လူသည် သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်တွင်ရှိသော အလုပ်သည် မပြီးမြောက်ခဲ့ဘဲ ကျေးဇူးတော်ခေတ်၏ အလုပ်သာ ပြီးမြောက်ခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် လူသားကို ရွေးနုတ်ခြင်းသာ ပြုနိုင်ပြီး လူသား၏ အပြစ်များကို ခွင့်လွှတ်ပေးခြင်းသာပြုနိုင်သော ဘုရားသခင်အဖြစ် လူအားလုံးက သိလိမ့်မည်။ သူသည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ သူသည် မိမိကိုယ်ကို စွန့်လွှတ်ပြီး လူသားအတွက် လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်း ခံနိုင်သည်ဟုသာ သူတို့သိကြလိမ့်မည်။ လူသည် ယင်းကိုသာသိပြီး အခြားမည်သည့်အရာကိုမျှ နားလည်ခြင်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်တစ်ခေတ်ချင်းစီသည် ဘုရားသခင် စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည်။ ပညတ်တော်ခေတ်၌ ကိုယ်စားပြုထားသော ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော ရှုထောင့်များ၊ ကျေးဇူးတော်ခေတ်၌ ကိုယ်စားပြုထားသော ရှုထောင့်များနှင့် ယခုခေတ်၌ ကိုယ်စားပြုထားသော ရှုထောင့်များ၊ အစရှိသဖြင့် အဆင့်သုံးဆင့်စလုံးကို တစ်ခုတည်းအဖြစ် စုပေါင်းခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏ စိတ်သဘောထားအလုံးစုံကို ဖော်ထုတ်နိုင်မည်။ လူသည် ခေတ်သုံးခေတ်စလုံးကို သိရှိသည့်အခါမှသာ ယင်းကို အပြည့်အဝ သူနားလည်နိုင်သည်။ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကို ချန်လှပ်ထား၍ မဖြစ်နိုင်ပေ။ သင်သည် ဤအလုပ်အဆင့် သုံးဆင့်ကို သိရှိသည့်အခါတွင်မှသာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို သင်မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် သူ၏အလုပ်ကို ပြီးဆုံးအောင် လုပ်ခဲ့သည့်အချက်က သူသည် ပညတ်တော်အောက်ရှိ ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြပေ၊ ရွေးနုတ်ခြင်းအမှုကို ပြီးဆုံးအောင် သူလုပ်ခဲ့သည့်အချက်က ဘုရားသခင်သည် လူသားတို့ကို အစဉ်ထာဝရ ရွေးနုတ်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ယင်းတို့အားလုံးမှာ လူ၏ကောက်ချက်ချမှုများသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသို့ရောက်ခဲ့သော်လည်း ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့်သာ သက်ဆိုင်သည်ဟု သင်မပြောနိုင်၊ လက်ဝါးကပ်တိုင်တစ်ခုတည်းသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စားပြုသည်ဟု သင်မဆိုနိုင်ပါ။ ထိုသို့ပြုခြင်းက ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်လိမ့်မည်။ ဤအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အလုပ်ကိုသာ အဓိက လုပ်ဆောင်သော်လည်း ဘုရားသခင်သည် လူသားအပေါ် သနားခြင်း မည်သည့်အခါကမျှ မရှိခဲ့ဟု သင်မပြောနိုင်ပေ၊ သူယူဆောင်လာသမျှသည် ပြစ်တင်ဆုံမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟုလည်း သင်မပြောနိုင်ပါ။ နောက်ဆုံးကာလရှိ အလုပ်သည် ယေဟောဝါနှင့် ယေရှုတို့၏အလုပ်၊ ထို့ပြင် လူတို့နားမလည်သော နက်နဲခြင်းအားလုံးကို ထုတ်ဖော်ပြသပြီး ယင်းသည် ခရီးဆုံးပန်းတိုင်နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်ကို ဖော်ထုတ်ရန်၊ ထို့ပြင် လူသားမျိုးနွယ်အကြား ကယ်တင်ခြင်း အလုပ်အားလုံးကို အဆုံးသတ်ရန် ဖြစ်သည်။ နောက်ဆုံးသောကာလရှိ ဤအလုပ်အဆင့်သည် အရာအားလုံးကို အပြီးသတ်သို့ ယူဆောင်လာခြင်းဖြစ်သည်။ လူတို့နားမလည်သည့် နက်နဲသော အရာအားလုံးကို ဖွင့်ဟပြီး လူကို ထိုအရာများ၏ နက်ရှိုင်းရာများကို စူးစမ်းလေ့လာခွင့်ပေးကာ သူတို့၏ စိတ်နှလုံးများတွင် ရှင်းလင်းသော နားလည်ခြင်းကို ရှိစေသည်။ ထို့နောက်တွင်မှသာ လူသားမျိုးနွယ်သည် သူတို့၏အမျိုးအစားများအလိုက် ခွဲခြားခံရလိမ့်မည်။ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသည့်အခါမှသာလျှင်၊ သူ၏ စီမံခန့်ခွဲမှုသည် အဆုံးသို့ ရောက်ခဲ့ပြီဖြစ်ရာ ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို လူသည် နားလည်လာနိုင်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်းတစ်ခုဖြစ်ပျက်ရန်လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထာင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်” မှ

အမှု၏ နောက်ဆုံးအဆင့်သည် သီးခြားရပ်တည်နေခြင်း မဟုတ်ဘဲ ယခင်အဆင့်နှစ်ဆင့်နှင့်အတူ ဖွဲ့စည်းထားချက် တစ်ရပ်လုံး၏ တစ်စိတ်တစ်ဒေသဖြစ်၏။ အမှုအဆင့်သုံးဆင့်မှ တစ်ဆင့်ကိုသာ ဆောင်ရွက်ခြင်းဖြင့် ကယ်တင်ခြင်း အမှုတစ်ရပ်လုံးကို ပြီးဆုံးစေရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ အမှု၏ နောက်ဆုံးအဆင့်သည် လူသားကို အပြည့်အဝ ကယ်တင်နိုင်သော်လည်း ဤအဆင့်တစ်ရပ်တည်းကိုသာ သီးခြားလုပ်ဆောင်ရန် လိုအပ်၍ စာတန်၏လွှမ်းမိုးမှုမှ လူသားကိုကယ်တင်ရန် ယခင်အမှုအဆင့်နှစ်ဆင့်ကို မလိုအပ်ဟု မဆိုလိုပါ။ ဤအဆင့်သုံးဆင့်မှ မည်သည့်အဆင့်တစ်ဆင့်တည်းကိုမျှ လူသားမျိုးနွယ်အားလုံးသိရမည့် တစ်ခုတည်းသောရူပါရုံဟု စွဲကိုင်ထား၍မရပါ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်း အမှုတစ်ရပ်လုံးသည် ဤအမှုအဆင့်သုံးရပ်ဖြစ်၏။ ၎င်းတို့အနက် အဆင့်တစ်ဆင့်တည်း မဟုတ်ပေ။ ကယ်တင်ခြင်းအမှု အောင်မြင်ပြီးဆုံးခြင်း မရှိသေးသမျှ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် လုံးဝအဆုံးသတ်ခြင်းသို့ ရောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ဖြစ်ခြင်း၊ စိတ်နေသဘောထားနှင့် ဉာဏ်ပညာတို့ကို ကယ်တင်ခြင်းအမှု တစ်ရပ်လုံးတွင် ဖော်ပြထား၏။ လူသားအတွက် အစဦးဆုံးတွင် ဖော်ပြထားခြင်း မဟုတ်သော်လည်း ကယ်တင်ခြင်းအမှုတွင် တဖြည်းဖြည်း ဖော်ပြထားခဲ့သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်တစ်ဆင့်စီသည် ဘုရားသခင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ဒေသနှင့် သူ၏ဖြစ်ခြင်း တစ်စိတ်တစ်ဒေသကို ဖော်ပြ၏။ အမှုအဆင့်တိုင်းမှ ဘုရားသခင်၏ဖြစ်ခြင်းတစ်ရပ်လုံးကို တိုက်ရိုက်နှင့် လုံးဝအပြည့်အစုံ ဖော်ပြနိုင်သည် မဟုတ်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းအမှုသည် အမှုအဆင့်သုံးဆင့် ပြီးဆုံးမှသာလျှင် လုံးဝအဆုံးသတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံအပေါ် လူသား၏သိရှိမှုကို ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်မှ သီးခြားခွဲ၍မရပေ။ အမှုအဆင့်တစ်ရပ်မှ လူသားရရှိသည့် အရာသည် သူ၏အမှု အစိတ်အပိုင်းတစ်ရပ်တွင် ဖော်ပြထားသော ဘုရားသခင်၏ စိတ်နေသဘောထားသာဖြစ်၏။ ဤသည်မှာ ယခင်အဆင့်၊ သို့မဟုတ် နောက်ပိုင်း အဆင့်များတွင် ဖော်ပြထားသော စိတ်နေသဘောထားနှင့် ဖြစ်ခြင်းကို ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ကာလတစ်ရပ်အတွင်း၊ သို့မဟုတ် တည်နေရာတစ်ခုတွင် ချက်ချင်း ပြီးဆုံးနိုင်ခြင်း မရှိဘဲ၊ မတူညီသော အချိန်များနှင့် မတူညီသော နေရာများတွင် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်နှင့်အညီ တဖြည်းဖြည်း နက်ရှိုင်းလာသောကြောင့် ဖြစ်၏။ ဤသည်မှာ အဆင့်များဖြင့် လုပ်ဆောင်ရသော အမှုဖြစ်၍ အဆင့်တစ်ဆင့်တည်းတွင် ပြီးဆုံးခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာတစ်ရပ်လုံးကို သီးခြားအဆင့် တစ်ဆင့်တည်းတွင် မဟုတ်ဘဲ အဆင့်သုံးဆင့်တွင် ပုံဖော်ထား၏။ သူ၏ဖြစ်ခြင်းတစ်ရပ်လုံးနှင့် ဉာဏ်ပညာတစ်ရပ်လုံးကို ဤအဆင့်သုံးဆင့်တွင် ချမှတ်ထား၍ အဆင့်တစ်ဆင့်စီတွင် သူ၏ဖြစ်ခြင်းပါရှိကာ အဆင့်တစ်ဆင့်စီမှာ သူ့အမှု၏ ဉာဏ်ပညာဆိုင်ရာ မှတ်တမ်းဖြစ်၏။...ဤအမှုအဆင့်သုံးဆင့်၏ တစ်ဆင့်စီကို ယခင်အဆင့်၏ အခြေခံအုတ်မြစ်အပေါ်တွင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ကယ်တင်ခြင်းအမှုမှ သီးခြားလွတ်လပ်စွာ လုပ်ဆောင်ခြင်း မဟုတ်ပေ။ လုပ်ဆောင်သည့်ခေတ်နှင့် အမှုအမျိုးအစားတို့မှာ ကြီးမားစွာ ကွဲပြားသော်လည်း လူသားမျိုးနွယ်၏ ကယ်တင်ခြင်းသည် ၎င်း၏ဗဟိုအချက်အချာတွင် ရှိနေဆဲဖြစ်၍၊ ကယ်တင်ခြင်းအမှု၏ အဆင့်တိုင်းသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်း၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားသည်၊ အဆင့်တစ်ခုစီတွင်၊ လူသားအပေါ် သင့်လျော်သည့် သတ်မှတ်ချက်များကို ချမှတ်ထားခဲ့သည်။ ထို့အပြင် ခေတ်များကုန်လွန်ပြီး တိုးတက်လာသည်နှင့်အမျှ လူသားမျိုးနွယ် အားလုံးအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာသည်။ ထို့အတွက်ကြောင့်၊ တစ်ဆင့်ချင်းစီသွားခြင်းဖြင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှုအလုပ်က အထွတ်အထိပ်သို့ ရောက်ရှိလာသည်မှာ လူသားသည် “လူ့ဇာတိထဲတွင် နှုတ်ကပတ်တော်ပေါ်ထွန်းလာခြင်း” ဆိုသည့်အချက်ကို ရှုမြင်လာသည်အထိဖြစ်ပြီး၊ ဤနည်းလမ်းအားဖြင့် လူသားများအပေါ် သတ်မှတ်ချက်များက သာ၍ပင် မြင့်မားလာကာ၊ လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကလည်း သာ၍ပင် မြင့်မားလာသည်။ လူသားသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်လေ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်မှုက သူပြုရန် လိုအပ်သည့် သက်သေခံချက်ဖြစ်ပြီး၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုတွင် သူပြုသည့် သက်သေခံချက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်က ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထို့ပြင် စစ်မှန်သည့် သက်သေခံချက် ရှိနိုင်သည်ဖြစ်စေ မရှိနိုင်သည်ဖြစ်စေ၊ ယင်းတို့သည် လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်နေသည်။ အလုပ်ပြီးမြောက်သည့်အခါတွင်၊ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသားသည် ပိုမိုအဆင့်မြင့်မားသည့် သက်သေခံမှုကို ပြုလုပ်ရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏အလုပ် အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည်။ ယခင်က၊ လူသားသည် ပညတ်တော်များ၊ ဥပဒေသများနှင့်အညီ လိုက်နာရန်လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံပြီး စိတ်နှိမ့်ချရန်လည်း လိုအပ်ခဲ့သည်။ ယနေ့တွင်၊ လူသားအနေဖြင့် ဘုရားသခင်၏ စီစဉ်မှုအားလုံးကို လိုက်နာရန်လိုအပ်ပြီး၊ ဘုရားသခင်အပေါ်ထားသော အမြင့်ဆုံး ချစ်ခြင်းမေတ္တာကို ရရှိထားရန် လိုအပ်သည်၊ ထို့ပြင် နောက်ဆုံး၌ ဆင်းရဲဒုက္ခခံရစဉ်တွင်ပင် ဘုရားသခင်ကို ဆက်လက်ချစ်မြတ်နိုးရန် လိုအပ်သည်။ သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးတွင်၊ ဤအဆင့်သုံးဆင့်မှာ ဘုရားသခင်က လူသားအပေါ် တစ်ဆင့်ပြီးတစ်ဆင့် ပြဋ္ဌာန်းထားသော သတ်မှတ်ချက်များဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်တစ်ဆင့်စီသည် ယခင်အဆင့်ထက် ပိုနက်နဲလာပြီး၊ အဆင့်တစ်ဆင့်စီတွင် လူသားအပေါ် သတ်မှတ်ချက်များက ယခင်အဆင့်ကထက်ပို၍ လေးနက်လာသည်။ ဤနည်းအားဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးက တဖြည်းဖြည်းနှင့် ပုံစံကျလာသည်။ ယင်းမှာ အတိအကျအားဖြင့် လူသားအပေါ် သတ်မှတ်ချက်များသည် ပို၍ပို၍မြင့်မားလာပြီး လူသား၏ စိတ်သဘောထားသည် ဘုရားသခင် အလိုတော်ရှိသော စံညွှန်းများနှင့် သာ၍သာ၍ နီးစပ်လာသောကြောင့်ဖြစ်သည်။ ထို့နောက်တွင်သာ လူသားမျိုးနွယ်တစ်ရပ်လုံးသည် စာတန်၏လွှမ်းမိုးမှုမှ တစ်ဖြည်းဖြည်း ထွက်ခွာလာပြီး၊ ဘုရားသခင်၏ အလုပ်သည် အဆုံးသို့ လုံးလုံးလျားလျားရောက်သောအခါ လူသားမျိုးနွယ်တစ်ရပ်လုံးကို စာတန်၏လွှမ်းမိုးမှုမှ ကယ်တင်ပြီးဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

အမှုအဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ဆူတည်းကသာ ဆောင်ရွက်ခဲ့၏။ ဤသည်မှာ အကြီးမားဆုံးသော ရူပါရုံဖြစ်၍ ဘုရားသခင်ကို သိရှိခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို ဘုရားသခင် ကိုယ်တိုင်သာလျှင် ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်၍ မည်သည့်လူသားမျှ သူ့ကိုယ်စား ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သာလျှင် သူ၏အမှုကို အစမှ ယနေ့တိုင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုလိုသည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်ကို ကွဲပြားသည့်ခေတ်များ၊ ကွဲပြားသည့် တည်နေရာများတွင် လုပ်ဆောင်ခဲ့သော်လည်း၊ ထို့အပြင် တစ်ခုစီ၏အမှုသည် ကွဲပြားသော်လည်း၊ ဤသည်မှာ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့သည့် အမှုအားလုံးဖြစ်၏။ ရူပါရုံအားလုံးတွင် ဤသည်မှာ လူသားအနေဖြင့် သိသင့်သည့် အကြီးမားဆုံးသော ရူပါရုံဖြစ်ကာ၊ လူသားအနေနှင့် ဤသည်ကို လုံးဝနားလည်နိုင်ပါက သူသည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ယခင်က:ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်

နောက်တစ်ခုသို့:ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်သည် လူတို့ကိုကယ်တင်ခြင်းနှင့် စုံလင်စေခြင်းအတွက် မည်ကဲ့သို့ တဖြည်းဖြည်း နက်နဲလာသနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ