အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင်၏ အသက်စွမ်းအား၏ ထူးကဲသာလွန်မှု နှင့် ကြီးမြတ်ခြင်း

လင်လင်း၊ ရှန်ဒေါင်းပြည်နယ်

ကျွန်မသည် ဆင်းရဲသော ကျေးလက်မိသားစုတွင် မွေးဖွားလာ ခဲ့ပြီး၊ ကျွန်မ မိသားစုသည် တန်ခိုးအာဏာ သို့မဟုတ် အဆင့်အတန်း ချို့တဲ့ခြင်းကြောင့်၊ ကျွန်မသည် ငယ်ရွယ်စဉ် ကတည်းက အခြား လူများ၏ အထင်သေးခံရပြီး၊ မကြာခဏ အနိုင်ကျင့် ခံခဲ့ရသည်။ ဤအရာဖြစ်သည့်အချိန်တိုင်း ကျွန်မ အလွန်အမင်း အရှက်ရပြီး၊ စိတ်မချေးမြေ့ဖြစ်သည်ဟု ခံစားခဲ့ရသည်၊ ပြီးလျှင် ကျွန်မ၏ ကံကြမ္မာကို ပြောင်းလဲရန် ကယ်တင်ရှင်တစ်ပါး ကြွလာမည့်နေ့ကို ကျွန်မ တောင့်တခဲ့သည်။ ကျွန်မ အိမ်ထောင် ကျပြီးနောက်၊ ဘဝက ခက်ခဲပြီး၊ ကျွန်မ၏သားလေး မကြာခဏ ဖျားနာသောကြောင့် ကျွန်မ အိမ်နီးချင်းများက သခင်ယေရှုကို ယုံကြည်ခြင်း အကြောင်း ကျွန်မကို ပြောခဲ့ကြသည်၊ ပြီးလျှင် သခင်ယေရှုသည် သူတို့၏ ဆင်းရဲဒုက္ခနှင့် ပြဿနာများမှ ညှဉ်းဆဲခံနေရသည့် သူများကို သခင်ယေရှုက ကယ်တင်နိုင် သည်ကို ကျွန်မသိခဲ့ရပြီး၊ အလွန် တို့ထိခံရလေသည်။ ကျွန်မ၏ ကယ်တင်ရှင်ကို နောက်ဆုံးတွင် ရှာတွေ့ခဲ့ပြီဟု ခံစားခဲ့ရ သောကြောင့်၊ ထိုအချိန်မှစကာ ယေရှုကို ယုံကြည်ခဲ့ပြီး၊ ကျွန်မ တတ်နိုင်သမျှ နေရာတိုင်းတွင် စိတ်ပြင်းပြစွာ ဝတ်ပြုအစည်းအဝေး များကို တက်ရောက်ခဲ့ပြီး၊ ဒေသနာများကို နားထောင်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အသင်းတော်များ သည် ပို၍ပင် ယိုယွင်းနေပြီး၊ ယုံကြည်သူများကြားမှ မနာလိုမှုများ၊ အငြင်းပွားမှု များနှင့် လျှို့ဝှက်မကောင်းကြံစည်မှုများသည် ပို၍ပင် ဆိုးလာခဲ့သည်ကို ကျွန်မ နားလည် သဘောပေါက်ခဲ့သည်။ ၎င်းသည် ပို၍ကျယ်ပြန့်သည့် လူ့အဖွဲ့အစည်း နှင့် လုံးဝ မကွာခြားပါ။ ကျွန်မ သည် အလွန် စိတ်မပျက်ဘဲ မနေနိုင်ခဲ့ပါ၊ ပထမတွင် ကျွန်မ ခံစားခဲ့ ရသည့် ယုံကြည်မှုသည် တဖြည်းဖြည်းချင်း လျော့ပါးသွားပြီး၊ ဝတ်ပြုအစည်းအဝေးများကို ကျွန်မ နောက်ထပ် မသွားတော့ပါ။

၂၀၀၀ ခုနှစ်တွင် ညီအစ်မတစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိကို ကျွန်မကို ဟောကြားခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာ သည့် သခင်ယေရှုဖြစ်သည်ကို ကျွန်မ သိရသည့် အချိန်တွင်၊ ကျွန်မ၏ နှလုံးသားထဲမှ ခံစားခဲ့ရသည် ဝမ်းမြောက်ခြင်းကို စကားလုံးများဖြင့် မဖော်ပြနိုင်ပါ။ နေ့စဉ် ကျွန်မ အချိန်ရသည့်အခါ တိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ၏ လက်ထဲ တွင် ဆုပ်ကိုင်ပြီး၊ ငတ်နေသည့်လူတစ်ယောက် အစားစားသကဲ့သို့ ဖတ်ရှုခဲ့ပါသည်။ ဘုရား နှုတ်ကပတ်တော်များထဲရှိ ရိုးသားမှုသည် ကျွန်မကို နွေးထွေးစေပြီးနှစ်သိမ့်ခဲ့သည်။ ကျွန်မအတွက် ဖန်ဆင်းရှင် ၏ စောင့်ရှောက်မှု၊ သနားကရုဏာနှင့် ကယ်တင်ခြင်း တို့ကို ခံစားရပြီး၊ ကျွန်မ၏ ငတ်မွတ်သည့် စိတ်ဝိညာဉ်သည် ရေလောင်း ခြင်း နှင့် အထောက်အပံ့တို့ကို ရရှိခဲ့သည်။ ထို့နောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ မိသားစုကြီး အလယ်တွင် ကျွန်မ အသက်ရှင်နေထိုင်ကာ ဝတ်ပြု အစည်းအဝေး များ တက်ရောက်ပြီး၊ ကျွန်မ၏ ညီအစ်ကိုမောင်နှမ များနှင့်အတူ မိမိ၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ကျွန်မတို့ အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်၏ ရေလောင်းခြင်း နှင့် အထောက်အပံ့များအလယ်တွင် သမ္မာတရား ကို ရှာဖွေ လိုက်စားဖို့ ကြိုးပမ်းခဲ့ ကြသည်၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများ အကြားတွင် ချစ်ခြင်းမေတ္တာရှိပြီး၊ ကျွန်မတို့အားလုံး အချင်းချင်း ကူညီခဲ့ ကြသည်။ စော်ကားခြင်း သို့မဟုတ် ဖိနှိပ်ခြင်းတို့ ရှိဖို့မဆိုထားနှင့်၊ လျှို့ဝှက်မကောင်းကြံစည်ခြင်း၊ လှည့်စားခြင်း သို့မဟုတ် ဆင်းရဲမှုကို အထင်သေးခြင်း နှင့် ကြွယ်ဝမှုကို ချစ်ခြင်းတို့ မရှိပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်တွင် ကျွန်မ ယခင်က မည်သည့်အခါမျှ မတွေ့ကြုံ ဖူးသည့် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်း တစ်ခုကို အမှန်ပင် နှစ်သက်ခံစားခဲ့သည်။ သို့သော်လည်း ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည် သောကြောင့်၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဖမ်းဆီးခံရပြီး၊ လူမဆန်စွာ ညှဉ်းပန်းခံရပြီးနောက် တစ်နှစ်ထောင်ကျခဲ့သည်။ ထိုမှောင်မိုက်သော မကောင်းဆိုးဝါး၏ သားရဲတွင်းတွင် ကျွန်မကို ယုံကြည်မှု နှင့် ခွန်အားတို့ ပေးခဲ့သည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပြီး၊ ၎င်းက စာတန်ကို အောင်မြင်ကျော်လွှားရန် နှင့် သေခြင်းတရား၏ အကန့်အသတ်များ မှ တိုးထွက်နိုင်ရန် ကျွန်မကို တစ်လှမ်းချင်းစီ ဦးဆောင်ခဲ့သည်။

၂၀၀၉ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ညတွင်၊ ကျွန်မ အိပ်ပျော် ခါစအချိန်တွင်၊ ပြင်းထန်သော တံခါးခေါက်သံဖြင့် ရုတ်တရက် နိုးထလာခဲ့သည်။ ကျွန်မ တုံ့ပြန်ဖို့ အချိန်မရမီတွင်၊ ရဲ ၇ယောက် ၈ယောက်က တံခါးကို ဖျက်ချလိုက်ပြီး၊ အခန်းထဲသို့ ဝင်လာခဲ့ သည်။ သူတို့ ဝင်လာသည်နှင့် တပြိုင်နက် “မလှုပ်နဲ့၊ အိပ်ရာထဲကထပြီး ငါတို့နဲ့လိုက်ခဲ့” ဟု အော်ဟစ်လေသည်။ ကျွန်မ အဝတ်အစားများ ဝတ်ဖို့အချိန်မရမီတွင်ပင်၊ ကျွန်မ ကင်မရာနှိပ်သံကို ကြားလိုက်ပြီး ဓာတ်ပုံ အရိုက်ခံလိုက်ရသည်။ ရဲများက စာရွက်တစ်ရွက်မှ မကျန်ဘဲ အိမ်ကို မြေလှန်ရှာဖွေခဲ့သည်။ မကြာမီမှာပင်၊ အိမ်က ဓါးပြများ လှန်လှော မွှေနှောက်ခဲ့သည့်အလား အရှုပ်အထွေးတစ်ခု ဖြစ်သွားခဲ့ သည်။ အရာအားလုံးက ကြမ်းပြင်ပေါ်တွင်ရှိပြီး၊ လမ်းလျှောက်ဖို့ နေရာမရှိပါ။ နောက်ပိုင်းတွင် ရဲသုံးယောက်က အပြင်တွင် စောင့်ဆိုင်းနေသော အလုံပိတ်ကားတစ်စီးထဲသို့ ကျွန်မကို အတင်း အကျပ် ခေါ်ဆောင်သွားခဲ့သည်။

ကျွန်မကို ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက်၊ သူတို့က ကျွန်မကို နံရံတစ်ခုကို မျက်နှာမူပြီး အတင်းအကျပ် မတ်တပ်ရပ် ခိုင်းခဲ့သည်။ ရဲအရာရှိတစ်ဦးက ကျွန်မကို ခက်ထန်သောလေသံဖြင့် “အနန္တတန်ခိုးရှင်ဘုရားသခင်မှာ မင်းရဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး ငါတို့ကို အမှန်အတိုင်း ပြောစမ်း။ အသင်းတော်မှာ မင်းရဲ့ အခန်း ကဏ္ဍက ဘာလဲ။ မင်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ။ သူ ဘယ်မှာ လဲ။ ငါတို့ကို အားလုံးပြောပြစမ်း” ဟု စစ်မေးခဲ့သည်။ ကျွန်မက အကြောက်အလန့်မရှိဘဲ “ငါဘာမှမသိဘူး” ဟု ပြော လိုက်သည်။ သူတို့၏ ခံပြင်းမှုက ရုတ်ချည်း ဒေါသူပုန်ထခြင်း အဖြစ် ပြောင်းလဲ သွားလေသည်။ ကျွန်မကို အော်ဟစ်ဆဲရေးပြီး “မင်း ငါတို့ကို ပြောရင်၊ ငါတို့မင်းကို လွှတ်ပေးမယ်၊ ဒါပေမဲ့ မပြောလို့ကတော့၊ မင်းကို သေတဲ့အထိရိုက်မယ်” ဟု ရက်ရက်စက်စက် ခြိမ်းခြောက် ရင်း ကန်ကျောက်ခဲ့ကြသည်။ သူတို့ စကားပြောရင်း ကျွန်မကို ချုပ်တန်းကြီးတစ်ခုပါသည့် သတ္တုထိုင်ခုံတစ်ခုထဲသို့ တွန်းထည့်ခဲ့ ပြီးနောက်၊ မလှုပ်ရှားနိုင်အောင် ပိတ်ချုပ်ထားခဲ့သည်။ ဤ ဆိုးယုတ်သောရဲများသည် ထိုကဲ့သို့အင်အားပြခြင်းတစ်ခုဖြင့် ကျွန်မကို ဖမ်းဆီးသကဲ့သို့၊ ကျွန်မဆီကို ဦးတည်နေကြသည့် ရက်စက်ကြမ်းကြုတ် သရဲမရဲစီးသည့်ပုံစံများနှင့် ဒေါသထွက်သော စိမ်းစိမ်းအကြည့်များ၊ ပြီးလျှင် ခိုကိုးရာမဲ့သော မိန်းကလေး တစ်ယောက် ဖြစ်သည့် ကျွန်မကို အလွန့်အလွန် ဆိုးရွားသည့် ပြစ်မှုတစ်ခု ကျူးလွန်ခဲ့သည့်အလား ဆက်ဆံကြပုံ တို့ကို မြင်လျက်၊ ကျွန်မ မပူပန် မကြောက်လန့်ဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မက “သူတို့ ငါ့ကို ညှဉ်းဆဲဖို့ ဘယ်လိုစီစဉ်ထားသလဲ။ သူတို့ငါကို တကယ့်ကို နှိပ်စက်တယ်၊ ရိုက်နှက်တယ်ဆိုရင်၊ ငါဘာလုပ်ရမလဲ” ဟု တွေးမိ သည်။ ကျွန်မက “အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်မရဲ့ ဝိညာဉ် အသက်တာက တကယ့်ကို အရမ်းသေးငယ်လွန်းတယ်၊ ပြီးတော့ စာတန်ရဲ့ ဆိုးယုတ်တဲ့ အင်အားစု ရဲ့ ဝန်းရံခံရပြီး ကျွန်မ ကြောက်လန့်လာပါတယ်။ ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အားတို့ ပေးဖို့ ကိုယ်တော့်ကို ကျွန်မ အနူးအညွတ်တောင်းပန်ပါတယ်။ စာတန်နဲ့ ဒီမကောင်းဆိုးဝါး တွေကို ကျွန်မ ဦးမညွှတ်ဖို့ နဲ့ ကိုယ်တော့်အတွက် ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်ပြီး သက်သေခံဖို့ ကျွန်မကို ကွယ်ကာပါ။” ဟု ဘုရားသခင်ကို ကျွန်မ၏ စိတ်နှလုံးထဲမှ ထိတ်ထိတ်ပျာပျာ ဆုမတောင်းဘဲ မနေနိုင်ခဲ့ပါ။ ဤအချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ သတိရမိခဲ့သည်၊ “သင့်ပတ်ဝန်းကျင်တွင်ရှိသော အရာအားလုံးသည် ငါ၏အခွင့်အား ဖြင့်သာဖြစ်ကြောင်း သင်သိသင့်၏၊ အားလုံးကို ငါစီစဉ်ထားရှိ၏။ ရှင်းရှင်းလင်းလင်း တွေ့မြင်ပြီး သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ့စိတ်နှလုံးအလိုကို ဖြည့်ဆည်းလော့။ မကြောက် နှင့်။ ဗိုလ်ခြေများ၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့် အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင့်ကို ထောက်မ ပေးပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။” (နှုတ်ကပတ်တော် သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ) မှန်ပါသည်၊ ထိုနေ့က ကျွန်မအပေါ် ဖြစ်နေသမျှ အရာအားလုံးသည် ဘုရားပလ္လင်တော် ၏ ခွင့်ပြုချက် ရှိထားသည်။ ထို့ကြောင့် ကျွန်မက မကောင်းဆိုးဝါး၏ သားရဲတွင်း တွင် ပိတ်မိနေပြီး၊ ရက်စက် ကြုမ်းကြုတ်သော ဘီလူးသရဲစီးသည့် မိစ္ဆာတစ်သိုက်ကို ရင်ဆိုင်ခဲ့ရ သော်လည်း၊ ကျွန်မ တစ်ယောက် တည်း တိုက်ခိုက်နေခြင်း မဟုတ်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မနှင့် အတူရှိနေခဲ့သည်။ သူ့ကို ကျွန်မ မှီခိုနိုင်ပြီး၊ သူသည် ကျွန်မ၏ ခိုင်မာသော အထောက်အပံ့ ဖြစ်သောကြောင့် ကျွန်မမှာ မည်သည့်အရာကို ကြောက်ရမည်နည်း။ ဤအရာများကို တွေးရင်း၊ ကျွန်မ ကြောက်ရွံ့ခြင်း နှင့် စိုးရိမ်ခြင်းတို့ကို နောက်ထပ် မခံစားရ တော့ပါ၊ ကျွန်မမှာ စာတန်ကို အဆုံးထိ တိုက်ပွဲဝင်ဖို့ ခွန်အားရှိခဲ့ သည်၊ ပြီးလျှင် ကျွန်မအသက်ကို ပေးရလျှင်ပင် ဘုရားသခင်အတွက် ခိုင်မာစွာရပ်တည်ပြီး၊ သက်သေခံ မည်ဟု ကျိန်ဆိုခဲ့ပါသည်။

ထို့နောက်တွင် ရဲများက ညှဉ်းပန်းခြင်းအားဖြင့် ကျွန်မထံမှ ခံဝန်ချက်တစ်ခုကို ညှစ်ယူဖို့ စတင်ကြိုးစားခဲ့ကြသည်။ ပထမနေ့ ၏ နံနက်တွင် သူတို့က ကျွန်မကို လက်ထိပ်ခတ်လိုက်ပြီး၊ ရဲများက သွေးစစ်ရန် ကျွန်မကို ခေါ်သွားသည့်အခါ၊ ကျွန်မကို အတင်းအကျပ် ဆွဲခေါ်သောကြောင့်လက်ထိပ်၏ အစွန်း ထက်ထက်များက ကျွန်မ၏ အသားထဲကို နစ်ဝင်သွား ခဲ့သည်။ မကြာမီတွင် ကျွန်မ လက်ကောက်ဝတ်မှ အရေပြားသည် ပေါက်ပြဲသွားပြီး၊ နာကျင်မှု သည် စူးရှပြီး ပြင်းထန်ခဲ့သည်။ ထို့နောက်တွင် သူတို့က ကျွန်မကို အခန်းအပူပေးသည့် ရေနွေးပိုက်တစ်ခုတွင် လက်ထိပ်ခတ်ထား ခဲ့ပြီး၊ ကျွန်မ ထွက်ပြေးမည်ကို ကြောက်လျက် လက်ထိပ်ကို အလွန်အမင်း တင်းကျပ်ထားသည်မှာ ကျွန်မ၏ လက်ကောက်ဝတ် များသည် သွေးသံတရဲရဲဖြစ်အောင် ကြိတ်ချေခံခဲ့ရသည်။ ဤဆိုးယုတ်သောရဲများက အသင်းတော် အချက်အလက်များ ထုတ်ပြောဖို့ ကျွန်မကို အတင်းအကျပ်စေခိုင်းရန် အချည်းအနှီး ကြိုးပမ်းအားထုတ်ကြလျက် မကြာခဏ စစ်ကြောခဲ့သော်လည်း၊ အခေါက်တိုင်း ကျွန်မ မသိကြောင်းကိုသာ ပြောခဲ့သောကြောင့် သူတို့ အမျက်ခြောင်းခြောင်းထွက်ပြီး၊ ဒေါသထွက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က ဒေါသတကြီး လျှောက်လာပြီး၊ ကျွန်မ၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သည်။ ကျွန်မက ရုတ်ချည်းမူးဝေ သွားပြီး၊ သတိလစ်လုနီးပါး ဖြစ်သွားကာ၊ ကျွန်မ၏ သွားဖုံးများ၌ သွားများနဲ့ကုန်ပြီး၊ မျက်ရည်များသည် ကျွန်မ၏ မျက်လုံးများမှ အလိုအလျောက် စီးဆင်းလာခဲ့သည်။ ကျွန်မ ငိုနေသော်လည်း စကားပြောဖို့ ငြင်းဆန်နေဆဲဖြစ်သည်ကို ရဲအရာရှိ မြင်သည့် အချိန်တွင်၊ သူက ဒေါသူပုန်ထလျက် မျက်နှာရှုံ့မဲ့ ပြီးနောက်၊ ကျွန်မ နဖူးပေါ်မှ ဆံချည်မျှင်အချို့ကို ရက်စက်စွာ ဆုပ်ကိုင်ပြီး၊ သူ့လက်ဖြင့်လိမ်ဆွဲကာ နာကျင်စေခဲ့သည်၊ ထို့နောက် ကျွန်မ၏ နောက်စေ့ကို နံရံသို့ အတင်းအကျပ် ပစ်ဆောင့်လိုက်သည်။ ဤရက်စက်သော ဆောင့်ချက်က ကျွန်မကို မူးဝေ စေပြီး၊ ကျွန်မ၏ နားများကို အူထူသွားစေသည်။ သူ၏ ဒေါသက အာသာမပြေသေးဘဲ ကျွန်မကို တစ်ခါတည်း အကြိမ် တော်တော်များများ ပါးရိုက်ပြီး “မင်းကိုငါ ငိုအောင် လုပ်မယ်။ ဒါ နင်စကားမပြောလို့ ရတဲ့ဟာပဲ” ဟု ဒေါသတကြီး အော်ဟစ်ခဲ့သည်။ သူက စကားပြောရင်း၊ ကျွန်မ၏ ခြေထောက်ကို သူ့ဖိနပ်ဖြင့် ကြမ်းကြုတ်ရက်စက်စွာ ဆောင့်နင်း ခဲ့သည်။ ဤမကောင်းဆိုးဝါး များ၏ ရက်စက်သော ရိုက်နှက်ခြင်း များနှင့် ညှဉ်းဆဲခြင်းများကို ခံရပြီးနောက်၊ ကျွန်မသည် တစ်ကိုယ်လုံး နာကျင်ပြီး၊ ခွေယိုင်နေသည်၊ ကျွန်မ မလှုပ်မယှက်ဖြင့် သေတော့မည့်အလား ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေခဲ့သည်။ ကျွန်မ၏ အခြေအနေကို မြင်လျက်၊ ရဲများက သူတို့ထွက်ရာလမ်း တွင် တံခါးဆောင့်ပိတ်ကာ ဆဲရေးတိုင်းထွာစကားများ တစ်သီ တစ်တန်းကြီး ပြောပြီး၊ အလျင်အမြန် ထွက်သွားကြသည်။ နေ့လည်တွင် သူတို့က ကျွန်မထံမှ အသင်းတော် အချက် အလက်များ ထုတ်ပြောရန် အတင်းအကျပ်ခိုင်းဖို့ ကြိုးစားရင်း ကျွန်မကို ထိုနည်းတူ ရက်စက်သော ရိုက်နှက်ခြင်းများကို ပို၍ ခံစားစေခဲ့သည်။ ဤသို့ အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် ကျွန်မ မူးဝေပြီး၊ အော့ချင်အန်ချင် လာသည်။ ပြီးလျှင် ကျွန်မ၏ ခန္ဓာကိုယ်သည် တကယ့်ကို တစ်စစီပြိုကွဲဖို့ အဆင်သင့်ဖြစ်နေသည့်အလား အလွန် နာကျင်လေသည်။ ကျွန်မ အချိန်မရွေး သေသွားနိုင်သည့်အလား ခံစားခဲ့ရသည်။ သို့သော်လည်း ဤဆိုးယုတ်သောရဲများသည် သူတို့၏ စစ်မေးခြင်း ကို တစ်စက်မျှ မလျှော့ခဲ့ပါ။ လူသားဆန်မှု လုံးဝချို့တဲ့စွာဖြင့် သူတို့က ကျွန်မ၏ ခြေထောက်ကို မီးမြှိုက်ရန် မီးခြစ်ကို အသုံးပြုခဲ့ပြီး မီးလောင်ဖုကြီးနှစ်ခု ချက်ခြင်းထွက်လာ စေခဲ့သည်။ အလွန်ပင်နာကျင်ပြီး ငိုယိုခြင်းကို ကျွန်မ မရပ်တန့်နိုင် ခဲ့ပါ။ နာကျင်စွာဖြင့် ကျွန်မ ကြမ်းပြင်ပေါ်ထိုင် ချလိုက်ပြီး၊ ဤဆိုးယုတ်သောရဲများကို ကြည့်လိုက်သည်၊ သူတို့ တစ်ယောက် ချင်းစီသည် ကျွန်မကို တစ်စစီ ဆွဲဖြဲလိုခြင်းသာရှိပြီး မြေအောက် ကမ္ဘာမှ မကောင်းဆိုဝါး များကဲ့သို့ လူမဆန်သော ဒေါသူပုန်ထခြင်း ဖြင့် စိန်းစိန်းဝါးဝါး ကြည့်နေပြီး၊ ကျွန်မ မထိန်းနိုင်တော့ဘဲ အားလျော့လာခဲ့သည်။ ဘုရားသခင်ကို ကျွန်မ တိတ်ဆိတ်စွာ ညည်းညူခဲ့ပါသည်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဒီဆိုးယုတ်တဲ့ ရဲတွေ ကျွန်မကို ညှဉ်းဆဲတာ ဘယ်တော့ ရပ်ကြမလဲ။ ကျွန်မ နောက်ထပ် ဆက်ပြီး တကယ့်ကို သည်းမခံနိုင်တော့ပါဘူး။” ကျွန်မ အလွန်အားနည်း သည်မှာ ပြိုလဲကျလု နီးပါးဖြစ်နေပြီး၊ “သူတို့ကို ငါတစ်ခုလောက် ပြောလိုက်ရင် ဘာဖြစ်မလဲ။ ဒါဆိုရင် ငါလည်း ဒုက္ခမခံရ တော့ဘူး...” ဟူ၍သာ တွေးနေမိခဲ့သည်။ ထို့နောက် ကျွန်မက “ငါတစ်ခုပြောမိရင်တောင်၊ ငါဟာ ယုဒတစ်ယောက် ဖြစ်ပြီး၊ အဲဒါဟာ ဘုရားသခင်ကို ငါက သစ္စာဖောက်တယ်လို့ ဆိုလိုတာ ဖြစ်တယ်” ဟု ချက်ချင်း တွေးမိခဲ့သည်။ ခါးသီးသော ရုန်းကန်မှုက ကျွန်မ၏ စိတ်နှလုံးထဲတွင် သဲကြီးမဲကြီး ဖြစ်ပေါ် နေပြီး၊ ထိုအချိန်တွင် ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်ရခဲ့သည်၊ “လူခပ်သိမ်းအား ပျော်ရွှင်စေမည့်အရာ၊ လူခပ်သိမ်းအတွက် အကျိုးရှိမည့် အရာနှင့် သင်၏ခရီးလမ်းဆုံး အတွက် အကျိုးရှိမည့်အရာကို သင်လုပ်သင့်သည်။ သို့မဟုတ်ပါက ဘေးဒုက္ခ အလယ်တွင် ခံစားရမည့်သူမှာ အခြားမည်သူမျှ မဟုတ်ဘဲ သင်သာလျှင်ဖြစ်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက် သော ကောင်းမှုများကို ပြင်ဆင်လော့”) “သို့ရာတွင် ဆင်းရဲဒုက္ခ ကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာ စောင့်သိမှု မရှိခဲ့သူများအား ငါသည် နောက်ထပ် သနား ကြင်နာမှု ပေးတော့ မည်မဟုတ်၊ ငါ၏သနားကြင်နာမှုသည် ယခုအထိသာ အကျုံးဝင် ကြောင်းကို ငါရှင်းလင်းစေမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ သူတို့မိတ်ဆွေ များ၏အကျိုးအပေါ် သစ္စာဖောက်သူများနှင့် သာ၍ပင် ငါပတ်သက် ဆက်နွှယ်လိုခြင်းမရှိ။ သူသည် မည်သူဖြစ်စေ ဤသည်မှာ ငါ၏ စိတ်နေသဘောထားပင် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင် အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ရုတ်ချည်း လျှပ်တပြက် နားလည်သဘောပေါက်မှု တစ်ခု ဖြစ်ခဲ့သည်။ ကျွန်မ၏ ယခင် အတွေး များအားဖြင့် ကျွန်မ မထိတ်လန့်ဘဲ မနေနိုင်ခဲ့ပါ။ ကျွန်မက “စာတန်ရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းက ဒီနေ့ ငါ့အပေါ် ကျရောက်ခဲ့ပြီး ဒီနတ်ဆိုးတွေကို အောင်မြင်ကျော်လွှားဖို့ ကိုယ်တော့်ကို ဘယ်လို မှီခိုပြီး၊ ကိုယ်တော့်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ကာ၊ သက်သေခံ ဖို့ထက်၊ အဲဒီအစား ငါ့ခန္ဓာကိုယ်အတွက် စိုးရိမ်ခဲ့တယ်။ ဒါဟာ ငါ့ကို အတ္တကြီးပြီး၊ စက်ဆုပ်ဖွယ် မကောင်းစေဘူးလား။ ဘုရားသခင်က ဖြောင့်မတ်ပြီး၊ သန့်ရှင်းတယ်၊ ပြီးတော့ ငါသာ ငါ့ညီအစ်ကို မောင်နှမတွေကို သစ္စာဖောက်ပြီး၊ မနှစ်မြို့ဖွယ် ယုဒတစ်ယောက် ဖြစ်လာခဲ့ရင်၊ ငါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပြစ်မှား စော်ကားပြီး၊ အဲဒီနည်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပျက်စီးခြင်းဆီ တွန်းပို့နေတာ မဟုတ်ဘူးလား။ ဒီနေ့ ငါ့ကို နှိပ်စက်ဖို့ ဒီဆိုးယုတ်တဲ့ ရဲတွေကို ခွင့်ပြုခြင်းမှာ ဘုရားသခင်ရဲ့ အလိုတော်က ငါ့နှလုံးသားက ဘုရားသခင်ဘက်ကို ပိုလှည့်နိုင်ဖို့၊ ဘုရားသခင်အပေါ် ငါ့သစ္စာစောင့် သိခြင်းကို ထိန်းနိုင်ဖို့၊ ဘုရားသခင် အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး၊ သက်သေခံဖို့အတွက် တရုတ်ကွန်မြူနစ် ပါတီ အစိုးရရဲ့ ဘုရားသခင်ကို သွေးရူးသွေးတန်း ခုခံခြင်း နဲ့ ဘုရားသခင်ကို ရန်သူတစ်ပါး ဖြစ်စေခြင်းတို့ရဲ့ ဘီလူးသရဲစီးတဲ့ အနှစ်သာရကို ငါ့ကို ရှင်းရှင်း လင်းလင်း မြင်စေဖို့ ဖြစ်တယ်။” ဟု ပြန်လည် သုံးသပ် မိသည်။ ဤသုံးသပ်ချက်များ ရရှိလာလျက်၊ ကျွန်မ၏ မနာခံခြင်း အတွက် နောင်တရခြင်းနှင့် အပြစ်ရှိသောစိတ် တို့ကို ခံစားခဲ့ရသည်။ ဘုရားသခင်ကို ဝန်ချတောင်းပန်ဖို့ ကျွန်မ ဆန္ဒရှိခဲ့သည်။ ရဲများက ကျွန်မကို မည်သို့ ထိခိုက်သည်ဖြစ်စေ၊ သို့မဟုတ် ညှဉ်းပန်းသည် ဖြစ်စေ ကျွန်မ၏ ခန္ဓာကိုယ်ကို အလိုဖြည့်ဖို့ ကျွန်မ ငြင်းဆန်မည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြား မှုများနှင့် စီစဉ်မှုများကိုသာ ကျွန်မ နာခံလိုသည်။ ဆင်းရဲဒုက္ခအားလုံးကို ခံလိုသည်။ ကျွန်မ၏ လုပ်ဆောင်ချက်များမှ တစ်ဆင့် သူ့ကို ကျွန်မ၏ သစ္စာစောင့် သိမှုအား သက်သေပြဖို့ ဘုရားသခင်အတွက် ခိုင်မာစွာ ရပ်တည်ကာ၊ သက်သေခံလိုပါသည်။ ၎င်းမှာ ကျွန်မ၏ အသက် ကိုပင် ပေးဆပ် ရပါက၊ ကျွန်မသည် ယုဒတစ်ယောက် ဖြစ်လာပြီး၊ ဘုရားသခင်ကို သစ္စာဖောက်မည် မဟုတ်ပါ။ ကျွန်မအတွင်း၌ ထွက်သက်တစ်ခု ရှိနေသမျှ ကာလပတ်လုံး၊ စာတန်ကို ကျွန်မ လုံးဝ အလျှော့ပေးမည် မဟုတ်၊ အရှုံးပေးမည် မဟုတ်ပါ။ ထိုညနေတွင် ဤဆိုးယုတ်သောရဲ များက ကျွန်မ၏ ခြေထောက်ကို ဆန့်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ဖို့ အမိန့်ပေးခဲ့ ပြီးနောက်၊ ကျွန်မ၏ နောက်ကျောတွင် လက်ထိပ်ခတ် ပြီး၊ ကျွန်မ၏ လက်များကို အတင်းအကျပ် မကာ၊ လေပေါ်မြှောက် ထားလေသည်၊ ပြီးလျှင် ကျွန်မ၏ လက်များနှင့် ဒဏ်ရာရထားပြီး ဖြစ်သည့် လက်ကောက်ဝတ်တို့တွင် ပြင်းထန်သော နာကျင်မှုတစ်ခု ကို ချက်ချင်းခံစား ခဲ့ရသည်။ ရဲများက ဒေါသကြီးစွာထွက်ပြီး၊ ကျွန်မ၏ ခန္ဓာကိုယ် တစ်ခုလုံး အေးစိမ့်သော လေစီးကြောင်း တိုက်ခတ်စေလျက် ပန်ကာကို အရှိန်မြှင့်တင်ကာ၊ ကျွန်မဆီသို့ လွှတ်ထားသည်။ ကျွန်မ အလွန်ချမ်းလှသည်မှာ အဆက်မပြတ် ခိုက်ခိုက်တုန်နေပြီး၊ ကျွန်မ၏ သွားများက ရိုက်ခတ်နေသည်။ လက်ရှိတွင် ကျွန်မ ဓမ္မတာ လာနေပြီး၊ ကျွန်မ၏ အမျိုးသမီး လစဉ် သုံးပစ္စည်းကို လဲခွင့်ပေး မည့်အစား၊ ဤဆိုးယုတ်သောရဲ များက ဘောင်းဘီထဲမှာပဲ ဆင်းစေ ခြင်းဖြင့် ဖြေရှင်းဖို့ အမိန့်ပေးခဲ့သည်။ သို့သော်လည်း ၎င်းဖြင့်ပင်၊ ဤဆိုးယုတ်သောရဲ များက မရပ်ခဲ့ကြပါ။ သူတို့က ပျော့သော သစ်ကိုင်း တုတ်ချောင်း တစ်ချောင်းကို ယူလာ ပြီး၊ ရိုက်ချက် တစ်ခုစီက သွေးသံရဲရဲ အရှိုးရာတစ်ခု ကျန်ရစ်စေ လျက် ကျွန်မကို နေရာအနှံ့ ရိုက်ကြသည်။ ၎င်းက အလွန်နာကျင်စေ သည်မှာ ကျွန်မက လွတ်ရာ ငုံ့ရှောင်ဖို့ ကြိုးစားသော်လည်း၊ ကျွန်မက ရိုက်ချက်များကို ရှောင်တိမ်းနေ သည်ကို သူတို့မြင်သည့် အချိန်တွင်၊ ရဲများက “မင်းအခုစကားပြော မလား ကြည့်ကြတာပေါ့၊ မင်းကို ဒီည မသန်မစွမ်းထိခိုက်ဒဏ်ရာ ရသူတစ်ယောက် ဖြစ်အောင် လုပ်ပစ်မယ်” ဟု ပြောလျက် ကျွန်မကို ပို၍ပင် ရက်စက် ကြမ်းကြုတ်စွာ ရိုက်နှက်ခဲ့သည်။ ဤဆိုးယုတ်သော ရဲများ၏ ရက်စက်ကြမ်းကြုတ်ပြီး၊ ဆိုးယုတ်မှုတို့က မသတီစရာ ကောင်းသော် လည်း ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှု တို့ကြောင့်၊ ၎င်းတို့ကို ကျွန်မ မကျိုးနွံခဲ့ပါ၊ ပြီးလျှင် ထိုစစ်မေးခြင်း အချိန်တွင် သူတို့ မည်သည့်အရာမျှ မရရှိခဲ့ပါ။

လူမဆန်စွာ စစ်မေးသည့် ရက်အနည်းငယ်အတွင်း နိုင်ငံတော် လုံခြုံရေး တပ်မဟာမှ ရဲအရာရှိတစ်ယောက်က “ရဲကောင်း” တစ်ယောက်အဖြစ် မပြတ်ဟန်ဆောင်လျက်၊ အနုနည်းများဖြင့် ကျွန်မအား အသင်းတော်ကို သစ္စာဖောက်စေဖို့ အချည်းနှီးကြိုးစား ခဲ့သည်။ သူ့မှာ ချိုသာသော နူးညံ့သိမ်မွေ့ သည့် မျက်နှာအမူအရာ ရှိပြီး၊ ကျွန်မကို ရေလောင်းထည့်ပေးသည်၊ ပန်းသီးတစ်လုံး ယူလာပေးပြီး၊ ကြင်နာမှု အတုအယောင်ဖြင့် “ဒီလောက် ငယ်ရွယ်တဲ့ အရွယ်မှာ ဒီလို ဒုက္ခခံဖို့ဆိုတာ တကယ့်ကို ဝမ်းနည်းစရာဘဲ။ ငါတို့သိချင်တာသာ ပြောလိုက်စမ်းပါ၊ ပြီးတော့ အဲဒါက ရပ်လို့ရပါတယ်။ မင်းအိမ်ပြန်နိုင်တယ်။ မင်းယောက်ျားနဲ့ သားတို့က မင်းကိုတွေ့ဖို့ မျှော်လင့်နေကြတယ်” ဟု ပြောလိုက်သည်။ သူက သဘောကောင်းပုံရသည်ဟု ကျွန်မ နဂိုက တွေးမိခဲ့ သော်လည်း သူသည် ၎င်းတို့အားလုံးထက် ပို၍ ရက်စက် ကြမ်းကြုတ်ပြီး၊ အန္တရာယ်ပြုမည့်လက္ခဏာ ရှိလေသည်။ ကျွန်မက သူ့ကို ပြောမည် မဟုတ်သည်ကို သူတွေ့ချိန်တွင်၊ သူ၏တကယ့် လူမဆန်သည့် သဘာဝကို လုံးလုံး ထုတ်ဖော်ပြလျက်၊ သူ့မျက်နှာ အမူအရာက ကြမ်းကြုတ်ရက်စက်သည့် မာန်ဖီခြင်း တစ်ခုသို့ ပြောင်းလဲသွားပြီး၊ ကျွန်မကို ပို၍ပင် ရက်စက်စွာ နှင့် သနားညှာတာမှုကင်းမဲ့စွာ စတင် ညှဉ်းပန်းတော့သည်။ သူက ကျွန်မကို ရဲစခန်း လူသွားစင်္ကြန်လမ်းမ ထဲသို့ ခေါ်သွားပြီး၊ အလွန် အေးစက်သည့် လေထဲတွင် နှစ်နာရီကြာ ထောင့်တစ်ထောင့်၌ တစ်ယောက်တည်း အတင်းအကျပ် ထိုင်စေခဲ့ ပြီးနောက် သူပြန်လာပြီး ကျွန်မကို အော်ဟစ်ခဲ့သည်၊ ကျွန်မက သေချာ ကျယ်ကျယ် မဖြေဟု သူထင်သောကြောင့် ကျွန်မ၏ ခြေထောက် များကို ဆန့်စေပြီး ကျွန်မ၏ ဒူးခေါင်းများကို ရက်စက် ကြမ်းကြုတ်စွာ ဆောင့်နင်းချပြီးနောက်၊ ကျွန်မ၏ နောက်ကျော တွင် လက်ထိပ်ခတ်ထားသည့် ကျွန်မ၏ လက်များမှ ကြမ်းတမ်းစွာ ဆွဲမလိုက်သည်။ ကျွန်မ၏ ခါးမှ ဂျွတ်ခနဲမြည်သံတစ်ခု ကြားလိုက် ပြီးနောက် နှလုံးသားကို တစ်စစီဆွဲဖဲ့သကဲ့သို့ မခံမရပ်နိုင်သော နာကျင်မှုကို ကျွန်မခံစားရပြီး၊ အော်ဟစ်ခဲ့သည်၊ ထို့နောက်တွင် ကျွန်မ၏ ခါးမှ ခံစားမှု အားလုံးပျောက်သွားခဲ့သည်။ ကျွန်မ၏ အော်သံက ဤနတ်ဆိုးကို ပို၍ ဒေါသူပုန်ထစေမည်ဟု ကျွန်မ မည်သည့်အခါမျှ စိတ်မကူးခဲ့မိပါ။ သူက သူ့လက်ပါးစေများထဲမှ တစ်ဦးကို “သူထပ်မအော်အောင် အဝတ်စုတ်တစ်ခုယူပြီး၊ သူ့ပါးစပ် ထဲ သိပ်ထည့်ထားစမ်း” ဟု အပြင်းအထန် အော်ဟစ်လိုက်သည်။ သူတို့က နံစော်ပြီး၊ ညစ်ပတ်ပေရေသော အဝတ်စုတ် တစ်ခုကို ယူလာပြီး ကျွန်မ၏ ပါးစပ်ထဲသို့ သိပ်ထည့်လိုက်သည်မှာ ကျွန်မကို အန်ချင်စေသည်။ သူက ထိုအဝတ်စုတ်ကို ကျွန်မ ပါးစပ်ထဲ ဆက်လက် သိပ်ထည့်ရင်း “အဲဒါကို မင်းသွားတွေနဲ့ ကိုက်ထား။ အဝတ်စုတ်ကို ယောင်လို့တောင် ပစ်မချမိစေနဲ့။” ဟု ကျွန်မကို အော်ဟစ်ခဲ့သည်။ ဤမသတီစရာကောင်းသော တိရိစ္ဆာန်များဖြင့် ရင်ဆိုင်ရလျက်၊ ကျွန်မ၏ နှလုံးသားထဲတွင် ခါးသီးသော အမုန်း တရားမှလွဲပြီး မည်သည့်အရာမျှ မရှိပါ။ သူတို့ကို ကျွန်မ မုန်းလွန်း အားကြီးသောကြောင့် ကျွန်မမှာ မျက်ရည်တစ်စက်မျှ မကျန်တော့ပါ။ ထို့နောက် ဤဆိုးယုတ်သောရဲအရာရှိက ကျွန်မကို ဆက်လက် စစ်မေးခဲ့ပြီး၊ ကျွန်မက သူ့ကို ပြောဦးမည် မဟုတ်သည်ကို တွေ့သည့် အချိန်တွင်၊ သူက ကျွန်မ၏ လက်ထိပ် ခတ်ထားသည့် လက်များကို လေထဲသို့ ဆွဲမရင်း ကျွန်မ၏ ခြေထောက်များကို တစ်ဖန် ဖိထား ခဲ့သည်။ ၎င်းက အလွန်နာကျင် လှသည်မှာ ကျွန်မ ချွေးစေး များ ထွက်လာပြီး၊ တစ်ဖန် အလိုအလျောက် အော်မိပြန်သည်။ ကျွန်မ စကားပြောဦးမည် မဟုတ်သည်ကို သူတွေ့သည့် အချိန်တွင် “သူ့ကိုခေါ်သွားတော့” ဟု သူ့လက်ပါးစေများကို ပြောလိုက်သည်။ ဆိုးယုတ်သောရဲ နှစ်ယောက်သည် ကျွန်မကို မြေပေါ်မှ ချီမလိုက် သော်လည်း ဤအချိန်တွင် ကျွန်မ၏ ခါးက မတ်မတ် မရပ်နိုင် တော့ပါ။ ကျွန်မမှာ ခါးကုန်းပြီး တစ်လှမ်းချင်း ဖြည်းညှင်းစွာ လမ်းလျှောက်ခဲ့ရသည်။ အလွန်အမင်းနာကျင်မှုလျက်ဖြင့် အားနည်း ခြင်း၊ မျှော်ကိုးရာ မဲ့ခြင်း အပြင်၊ ခိုကိုးရာမဲ့ခြင်းတို့က ကျွန်မ၏ စိတ်ထဲသို့ တွယ်ကပ်လာခဲ့သည်။ ကျွန်မ နောက်ထပ် မည်မျှ တောင့်ခံနိုင် မည်ကို မသိခဲ့ပါ၊ ထို့ကြောင့် ကျွန်မ သေရမည် ဆိုလျှင်ပင် သူ့ကို သစ္စာမဖောက်ဖို့ရာ အနန္တတန်ခိုးရှင် ဘုရားသခင် ၏ ကွယ်ကာမှု အတွက် အော်ခေါ်လျက် ကျွန်မ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို မကြာခဏ ဆုတောင်းခဲ့သည်။

ထို့နောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ကျွန်မ၏ အားနည်းချက်ကို လုံးလုံး နားလည်သဘောပေါက်ပြီး၊ ကျွန်မကို တစ်ချိန်လုံး တိတ်တဆိတ် သနားကရုဏာထားရှိကာ၊ ကွယ်ကာ နေခဲ့သည်ကို ကျွန်မ တွေ့ခဲ့သည်။ ဤဆိုးယုတ်သောရဲများက ကျွန်မကို စစ်မေးဖို့ တစ်ဖန်လာသည့် အချိန်တွင်၊ သူတို့က ကျွန်မကို “မင်းစကားမပြောရင်၊ ငါတို့ မင်းကို နောက်တစ်နေရာကို ခေါ်သွားပြီး လျှပ်စစ်ကုလားထိုင်မှာ ထိုင်ခိုင်းမယ်။ ငါတို့ ပါဝါဖွင့် လိုက်တာနဲ့၊ မင်း မေ့သွားပြီး၊ မင်းမသေရင်တောင်၊ မသန် မစွမ်း ဖြစ်လိမ့်မယ်” ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုဆိုးယုတ်သော ရဲအရာရှိ ၏ စကားများကို ကြားလျက်၊ ကျွန်မ မကြောက်ဘဲ မနေနိုင်ခဲ့ပါ။ ထိုကဲ့သို့သော လူမဆန်သည့် ဆက်ဆံမှုကို ကျွန်မ အမှန်တကယ် တောင့်မခံနိုင်ဟု တွေးမိသောကြောင့် ဘုရားသခင်ထံ ကျွန်မ အဆောတလျင် ဆုတောင်းခဲ့ပြီး၊ ထိုအခိုက်အတန့်တွင် ဘုရားသခင် ၏နှုတ်ကပတ်တော်များကို ကျွန်မ အမှတ်ရခဲ့ပါသည်။ “လူတို့သည် ၎င်းတို့၏ဘဝကို ဆက်ကပ် ပူဇော်ရန် အဆင်သင့်ရှိသည့်အခါ အရာခပ်သိမ်းသည် မပြောပ လောက်သော အရာများဖြစ်သွား၍ မည်သူမျှ ၎င်းတို့ထက် တစ်ပန်းသာ၍ မရနိုင်ပေ။ မည်သည့်အရာသည် အသက်ထက် သာ၍အရေးကြီး နိုင်သနည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော် များနှင့်သက်ဆိုင်သော နက်နဲမှု များ၏ အနက်ဖွင့်ဆိုချက်) မှန်ပါသည်၊ ကျွန်မ၏ အသက်သည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိသည်။ ဘုရားသခင်သည် ၎င်းကို ထိန်းချုပ်ပြီး၊ အုပ်စိုးသည်၊ ပြီးလျှင် ကျွန်မ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ရဲများပေါ်တွင် မမူတည်ပါ။ ကျွန်မ၏ အသက်ကို အမှန်တကယ် စွန့်စားပါက၊ စာတန်ကို ကျွန်မ အောင်မြင်နိုင်သည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် ယုံကြည်မှုဖြင့် ပြည့်ပြီး၊ ကျွန်မ၏ အသက်ကို ဘုရားသခင်၏ လက်တော်ထဲ ထည့်ဖို့ နှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို နာခံဖို့ ကျွန်မ၏ အသက်ကို စွန့်စားရန် ဆန္ဒရှိခဲ့ပါသည်။ ထို့နောက်တွင်ပင် ထိုဆိုးယုတ်သောရဲများက လျှပ်စစ်ထိုင်ခုံသည် အမှန်တကယ် ပျက်ပြီး၊ ပါဝါဖွင့်၍မရဟု ပြောသည်ကို ကျွန်မကြားရမည်ဟု ကျွန်မ တစ်ခါမှ စိတ်မကူးခဲ့ပါ။ ထိုအခိုက်အတန့်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မနှင့် အချိန်တိုင်းတွင် အတူရှိနေသည်ဟု ကျွန်မ နက်ရှိုင်းစွာ ခံစားခဲ့ရသည်။ ကျွန်မသည် မကောင်းဆိုးဝါး များ၏ သားရဲတွင်းတစ်ခုတွင် ရှိနေခဲ့သော်လည်း၊ ဘုရားသခင်က ကျွန်မအပါးတွင် ဆက်ရှိနေခဲ့သည်။ ကျွန်မကို ဆင်းရဲဒုက္ခ တွေ့ကြုံ ခံစားခွင့်ပြုခဲ့သော်လည်း၊ ဤဆိုးယုတ်သော မကောင်းဆိုးဝါးများ အား ကျွန်မ၏ အသက်ကို ယူခွင့်မပြုခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူ၏ အံ့သြလောက်သော ကွယ်ကာမှုနှင့် ကျွန်မကို ရုန်းထွက်လွတ်မြောက်ခွင့် ပြုခြင်း တို့အတွက် ကျေးဇူးတငဲ့သည်။ ကျွန်မ၏ ယုံကြည်မှုသည် ပြတ်သားလာပြီး၊ ဘုရားသခင်အတွက် ခိုင်မာစွာရပ်တည်ဖို့နှင့် သက်သေခံဖို့ မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံရန် ကျွန်မ ဆန္ဒရှိခဲ့သည်။ ဤသွေးရူးသွေးတန်းဖြစ်သော ဆိုးယုတ်သည့်ရဲများက ကျွန်မကို စားဖို့သောက်ဖို့ သို့မဟုတ် အိပ်စက်ဖို့ ခွင့်မပြုဘဲလျက်၊ ခြောက်ရက်နှင့် ငါးညကြာအောင် ညှဉ်းပန်းပြီး၊ စစ်ဆေးမေးမြန်းခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ရာဇဝတ်သားများနှင့် လူဆိုးများ တစ်အုပ်သာ ဖြစ်ကြောင်း ဤအရာက ကျွန်မကို သိသာထင်ရှားစွာ တွေ့မြင် စေသည်။ သူတို့လက်တွင်း၌ ရှိရခြင်းက ရက်စက်၊ ကြမ်းတမ်းသော နတ်ဆိုးများ၏ လက်တွင်း၌ရှိခြင်းကို ဆိုလိုပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုတို့ မရှိပါက၊ သူတို့က ကျွန်မကို သေသည်အထိ ညှဉ်းပန်းကြမည် ဖြစ်သည်။ ဤဆိုးယုတ်သောရဲများက ကျွန်မကို စားဖို့ သောက်ဖို့ သို့မဟုတ် ရက်အတော်များများ အိပ်ဖို့ ခွင့်မပြုဘဲ၊ ကျွန်မကို နည်းမျိုးစုံဖြင့် နှိပ်စက်သော်ငြားလည်း၊ ကျွန်မ ရေငတ်သည်၊ ဆာလောင်သည် သို့မဟုတ် ပင်ပန်းသည်ဟု မည်သည့်အခါမျှ မခံစားခဲ့ရပါ။ နိုင်ငံတော်လုံခြုံရေး တပ်မဟာ အရာရှိများက ငယ်ရွယ်သောသူ တစ်စုံတစ်ယောက်က ရက်ပေါင်းများစွာ ကျော်ဖြတ်နိုင်သည်ကို သူတို့ မမြင်ဖူးဟု ပြောခဲ့သည်။ ဤသည်မှာ ကျွန်မကို အသက်ဖြင့် ထောက်ပံ့ပြီး၊ အဆုံးအထိ အလျှော့မပေးဖို့ ခွန်အားကို ပေးလျက် ကျွန်မ၏ သွေးသားအခွံကို အားပေးသည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကြီးမားသော အသက်စွမ်းအားဖြစ်သည်ကို ကျွန်မ နက်ရှိုင်းစွာ နားလည်သဘောပေါက်ခဲ့သည်။ သခင်ယေရှု ပြောခဲ့ သည့်အတိုင်းပင်ဖြစ်သည်။ “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကို မွေးရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) အနန္တတန်ခိုးရှင် ဘုရားသခင် ၏ နှုတ်ကပတ်တော်များက ပြောသည်မှာ “ဘုရားသခင်သည် သူ၏စွမ်းအားနှင့် သြဇာအာဏာ တို့ကို အရင်းခံ၍ အရာအားလုံးကို စည်းစနစ်ကျနစေခြင်းဖြင့် သက်ရှိသက်မဲ့ အရာအားလုံးကို သူ၏အသက်ကိုအသုံးပြု၍ ထောက်ပံ့သည်။ ယင်းမှာ မည်သူမျှ စိတ်ကူး၍မရနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် သမ္မာတရား ဖြစ်ပြီး၊ ဤနားမလည် နိုင်သော သမ္မာတရားများသည် ဘုရားသခင် ၏ အသက်စွမ်းအား အတွက် သက်သေခံချက်နှင့် ၎င်း၏ သရုပ်သကန်ပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”)

ထို့နောက်တွင် ရဲများက အကြမ်းနည်းများ အလုပ်မဖြစ် သည်ကို မြင်သည့်အချိန်တွင် အနုနည်းများ သုံးကြည့်ရန် ဆုံးဖြတ်ခဲ့ ကြသည်။ နိုင်ငံတော် လုံခြုံရေး တပ်မဟာ ဌာန အကြီးအကဲက ကျွန်မကို စစ်မေးဖို့ ကိုယ်တိုငလာခဲ့သည်။ သူက မျက်နှာချိုသွေး လျက်ဖြင့် ကျွန်မ၏ လက်ထိပ်များကို အသာအယာ ချွတ်လိုက်ပြီး၊ ကျွန်မကို ထိုင်ဖို့ ဖိတ်ခေါ်ကာ၊ “နူးညံ့” သည့် အသံဖြင့်၊ “မင်းက အရမ်းမိုက်မဲ တာပဲ။ မင်းက အသင်းတော်မှာ အရာရှိ၊ အာဏာပိုင်မျိုး တစ်ခုမှ မဟုတ်ဘူး။ သူတို့က မင်းကို သစ္စာဖောက်လိုက်ပြီး၊ မင်းက သူတို့ကိုယ်စား ဒီမှာ ခုခံနေတာ။ အဲဒါ တကယ်ရော တန်ရဲ့လား။ အဲဒီအပြင် မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တယ် ဆိုရင်၊ အနာဂတ်မှာ မင်းရဲ့သားက တက္ကသိုလ်ဝင်ဖို့ စာမေးပွဲစစ်တာ၊ စစ်တပ်ထဲဝင်ဖို့ ဒါမှမဟုတ် အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်လာဖို့ တွေကနေ ကန့်သတ်ခံရမယ်။ ပြီးတော့ မင်းရဲ့ခင်ပွန်းက မင်းအတွက် ဂရုမစိုက်ဘူး။ သူက တစ်ယောက်ယောက်ကို ရှာတွေ့ပြီး မင်းကို စွန့်ပစ်ခဲ့ပြီးလောက်ပြီ။...တကယ်တော့ မင်းအခြေအနေ အကြောင်း အားလုံးကို ငါတို့က သိပြီးသားပါ။ မင်းက ငါတို့ကို ဘာမှ မပြောရင် တောင်၊ မင်းကို ငါတို့က ဘာပဲဖြစ်ဖြစ် ပြစ်မှုတစ်ခုနဲ့ စွဲချက်တင် နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံလေ။ ဘာဖြစ်မယ်ဆိုတာကို ငါတို့က ဆုံးဖြတ်တယ်။ မင်းကို ဘယ်နှစ်ရက် ကြာအောင် ထိန်းသိမ်းဖို့လည်း ငါတို့က ဆုံးဖြတ် တယ်။ မင်းဒီမှာ သေသွားရင်တောင်၊ ငါတို့ကို ဘာမှ အမှုမပတ်ဘူး၊ ဒါကြောင့် မင်းလည်း ဝန်ခံလိုက်။ တရုတ်ပြည်က တခြားနိုင်ငံတွေနဲ့ ကွဲပြားတယ်။ မင်းက ငါတို့ကို ဘာမှ မပြောဘူးဆိုရင်တောင်၊ ငါတို့က မင်းကို ပြစ်မှုတစ်ခုနဲ့ စွဲချက်တင်ပြီး စီရင်ချက်ချလို့ရတယ်” ဟု ပြောခဲ့သည်။ ကျွန်မကို ကြင်နာမှုဖြင့် သွေးဆောင် ဖြားယောင်ဖို့ ကြိုးစားနေသည့် ကွဲပြားသည့်နည်းလမ်းများကို ကြားလျက်၊ ကျွန်မစိတ်နှလုံးက အားတက်လာလိုက် ပြန်ကျသွား လိုက်ဖြစ်ပြီး၊ ကျွန်မမှာ အလွန်အမင်း စိတ်မချမ်းမြေ့ ဖြစ်ရလေသည်။ ကျွန်မ မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိသောကြောင့် ကျွန်မ၏ စိတ်နှလုံးထဲမှ အော်ခေါ်ခဲ့သည်၊ “အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကျွန်မရဲ့ ဝိညာဉ်အသက်တာက အရမ်း သေးငယ်ပြီး ကျွန်မ ချို့တဲ့တာတွေ အရမ်းများတာကို ကိုယ်တော် သိပါတယ်။ ဒီလို အခြေအနေမျိုးကို ဘယ်လို တွေ့ကြုံခံစားရမယ်၊ ရင်ဆိုင်ရမယ် ဆိုတာကို ကျွန်မ မသိပါဘူး။ ကိုယ်တော့် လမ်းပြမှုအတွက် ကျွန်မ အနူးအညွတ်တောင်းပန် ပါတယ်။” ထိုအချိန်တွင် ဘုရား နှုတ်ကပတ်တော်များ၌ လမ်းညွှန်မှု ကို ကျွန်မ တစ်ဖန် ရှာတွေ့ခဲ့ သည်။ “အချိန်တိုင်းတွင်၊ ငါ၏လူတို့ သည် ငါ့အိမ်၏ဂိတ်တံခါးကို ငါ့အတွက် ကာကွယ်ရင်း စာတန်၏ စဉ်းလဲသည့် အကြံအစည် များကို သတိထားကြရမည်၊...ယင်းက စာတန်၏ ထောင်ချောက် ထဲသို့ ကျဆင်းခြင်းမှ သင်တို့ကို တားဆီး လိမ့်မည်၊ ထိုသို့ကျသွား သည့်အချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျလိမ့် မည်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ) “ငါ၏အကျိုးအဘို့ငှာ သင်သည် တစ်စုံတစ်ရာ သော မှောင်မိုက် စွမ်းအားတို့ကိုလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို ကိုးစားလော့။ စာတန်၏ ပူးပေါင်းကြံစည်ခြင်းကို အမြစ်တွယ်စေရန် ခွင့်မပြုနှင့်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ) ဘုရား နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်နှလုံးကို အားတက်စေခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့ သည်။ ကျွန်မက “မှန်တာပေါ့။ ဒါဟာ စာတန်က ငါ့ကို လှည့်စားဖို့နဲ့ လှည့်ဖြားဖို့အတွက် စိတ်ခံစားချက်ဆိုင်ရာ ငါးမျှားချိတ်ကို အသုံးပြု နေတာဖြစ်တယ်။ သူ့လှည့်ကွက်တွေကို ငါ ထိုးဖောက်မြင် သင့်တယ်၊ အသိပညာနဲ့ အနိုင်ယူပြီး၊ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ခွင့် မပေးသင့်ဘူး။ အရာအားလုံးနဲ့ အရေးကိစ္စ အားလုံး တို့က ဘုရားလက်တော်ထဲမှာ ရှိတယ်။ ငါဟာ ထောင်ထဲမှာ ထိုင်ရတာ ကြာလွန်းလို့ သံတိုင်တွေ သံချေးကိုက် သွားခဲ့ရင်တောင်၊ စာတန်ကို ငါဘယ်တော့မှ အရှုံးမပေးရဘဲ၊ ဘုရားသခင်ကို ဘယ်တော့မှ သစ္စာမ ဖောက်ရဘူး” ဟု မိမိဘာသာ တွေးမိသည်။ ယခုအခါတွင် လုပ်ဆောင်ရမည့်အရာနှင့် ပတ်သက်ပြီး ကျွန်မ များစွာပို၍ ရှင်းလင်း လာခဲ့သည်။ သူ၏ ရန်စခြင်းများနှင့် စုံစမ်း နှောင့်ယှက်ခြင်းများကို ရင်ဆိုင်ရာတွင်၊ ကျွန်မ တိတ်တဆိတ် ထိုင်ကာ၊ ဆုတောင်းပြီး ဘုရားသခင်၏ မျက်မှောက်တော်တွင် ကျွန်မ၏ စိတ်နှလုံးကို ဆိတ်ငြိမ်စေခဲ့သည်။ ထို့နောက် ကျွန်မက “ နင့်ကို ငါတရားစွဲမယ်။ နင့်က ခံဝန်ချက် တစ်ခုရဖို့ ငါ့ကိုနှိပ်စက်ဖို့ ကြိုးစားရုံတင်မကဘူး၊ ပြစ်မှုတစ်ခု အတွက်လည်း ငါ့ကို မှားမှားယွင်းယွင်း စွပ်စွဲတယ်” ဟု သူ့ကို ဒေါသတကြီး ပြောလိုက် သည်။ အန္တရာယ်ပြုနိုင်သည့် လက္ခဏာရှိသော ခပ်တိုးတိုး ရယ်သံဖြင့် သူက “ကောင်းပြီလေ၊ ငါ မင်းကို မရိုက်ခဲ့ပါဘူး။ ဆက်လုပ်စမ်းပါ၊ တရားစွဲစမ်း။ ဒါက တရုတ်ကွန်မြူနစ်ပါတီ ရဲ့ နိုင်ငံဖြစ်တယ်။ ဘယ်သူကမှ မင်းဘက်က ပြောပေးမှာမဟုတ်ဘူး” ဟု ပြောလိုက်သည်။ သူ့စကားများ က ကျွန်မအား ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရကို ကျွန်မ၏ အရိုးစွဲအောင် စက်ဆုပ်ရွံရှာစေခဲ့သည်။ ပြီးလျှင် ဤနတ်ဆိုးအိုက တရားဥပဒေ သို့မဟုတ် အကျင့်သိက္ခာ အတွက် တကယ့်ကို လုံးဝ အလေးထားမှု မရှိပါ။ ထို့နောက်တွင် သူသည် ကျွန်မ ညီအစ်ကိုမောင်နှမများ၏ သက်သေခံကတ်ပြား တစ်ပုံကြီးကို မည်သူမည်ဝါတို့ဖြစ်ကြောင်း ကျွန်မကို ဖော်ထုတ်ပြစေရန်အတွက် ယူဆောင်လာခဲ့ပြီး ကျွန်မက သူတို့ကို သစ္စာဖောက်နိုးနိုး အချည်းနှီး မျှော်လင့်လျက်ဖြင့် သူတို့ကို ကျွန်မ သိမသိ မေးမြန်းလေသည်။ ကျွန်မက “ငါ သူတို့ တစ်ယောက်မှကို မသိဘူး” ဟု ခါးသီးစွာ ဖြေခဲ့သည်။ ၎င်းကို သူကြားသည့် အချိန်တွင်၊ သူ့မျက်နှာ ဒေါသူပုန် ထခြင်းဖြင့် ရဲတွတ် သွားသည်။ ကျွန်မက သူ့ကို မည်သည့်အရာမျှ အမှန်တကယ် မပြောမည်ကို သူမြင်ပြီး၊ ဒေါသတကြီး ထွက်သွား ခဲ့သည်။ ထို့နေ့လည်တွင် သူတို့က ကျွန်မကို ထိန်းသိမ်းရေးစခန်းသို့ ခေါ်ဆောင်သွားပြီး၊ “ထိန်းသိမ်းရေးစခန်းမှာ မင်းကို ရေနားမှာ ဆောင့်ကြောင့် ထိုင်ခိုင်းပြီး၊ ကြက်သွန်ဖြူနွှာခိုင်းမယ်၊ အဲဒါ ရက်နည်းနည်းလောက်ကြာပြီးရင် နင့်လက်တွေ ရိကုန်လိမ့်မယ်” ဟု ပြောလျက် ကျွန်မကို ရက်ရက်စက်စက် ခြိမ်းခြောက်ခဲ့သည်။ သူတို့က စကားပြောရင်း မာနထောင်လွှားကာ သရော်ပြုံးပြုံးပြီး ရယ်ကြသည်။ သူတို့၏ လူမဆန်သော မျက်နှာအမူအရာများတွင်၊ စာတန်၏ ရက်စက်ပြီး ကြောက်စရာကောင်းသည့် ဘီလူးသရဲစီး သော စရိုက်ကို ကျွန်မ မြင်ခဲ့သည်။

ထိန်းသိမ်းရေးစခန်းတွင် တစ်လကြာ ထိန်းသိမ်းခံရပြီး နောက်၊ ကျွန်မ ယွမ်၂သောင်းပေးလျှင် အိမ်ပြန်နိုင်သည်ဟု ရဲများက ပြောခဲ့ သည်။ ကျွန်မမှာ ထိုပိုက်ဆံ မရှိဟု ပြောပြီး၊ စျေးဆစ်သည့်အလား၊ ၁သောင်းဖြစ်ပါကလည်း ရသည်ဟု သူတို့က ပြောခဲ့သည်။ ကျွန်မမှာ တစ်ပြားမှ မရှိကြောင်း ပြောသည့် အချိန်တွင်၊ သူတို့၏ မခံမရပ် နိုင်ခြင်းက ရုတ်ချည်း ဒေါသအဖြစ် ပြောင်းသွားပြီး၊ သရော်ပြုံးဖြင့် “မင်းမှာ ပိုက်ဆံတစ်ပြားမှ မရှိရင်၊ အဲဒါက မင်းအတွက် အလုပ် ကြမ်းကတစ်ဆင့် ပညာပေးပဲ။ မင်းထွက်လာတဲ့အချိန်မှာ၊ မင်း ယောက်ျားကတောင် မင်းကို လိုချင်တော့မှာ မဟုတ်ဘူး။” ဟု ပြောခဲ့သည်။ ကျွန်မက “အဲဒါဆိုလည်း ရပါတယ်။ ငါ ဂရုမစိုက် ဘူး” ဟု ပြတ်ပြတ်သားသား ပြောခဲ့သည်။ ထို့ကြောင့် နောက် တစ်ကြိမ် မတွေးဘဲ သူတို့က ကျွန်မကို “ငြိမ်ဝပ်ပိပြားမှု နှောင့်ယှက်ခြင်း” နှင့် “တရားဥပဒေ စိုးမိုးရေး နှောင့်ယှက်ခြင်း” ပြစ်မှုများဖြင့် စွဲချက်တင်ခဲ့ပြီး၊ အလုပ်ကြမ်းမှတစ်ဆင့် ပညာပေး တစ်နှစ် စီရင်ချက်ချခဲ့သည်။ ဤအရာက တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် လူ့အသက်များ အတွက် မည်သည့် အလေးထားမှုမျှ မရှိသည့် ဘုရားသခင်၏ ရန်သူတစ်ပါးဖြစ်စေသည့် ဆိုးယုတ်သော နတ်ဆိုးတစ်ကောင် ဖြစ်သည်ကို ကျွန်မကို ပို၍ပင် သိသာထင်ရှားစွာ ပြသခဲ့သည်။ ဘုရားသခင်ကို အသေအကြေတိုက်ခိုက်မည့် ရန်သူတစ်ယောက် အဖြစ် ရှုမြင်သည့် မကောင်းဆိုးဝါးများ အုပ်စိုး သည့် ကမ္ဘာမြေပေါ်မှ ဤငရဲတွင်၊ အာဏာရထားသည့် ပါတီသည် ကြီးမြတ်သော အာဏာနှင့် တရားဥပဒေ ဖြစ်သည့်နေရာတွင် ၎င်း၏ တန်ခိုးအာဏာအောက် အသက်ရှင်သန်သူများ၌ ဘာသာရေး လွတ်လပ်ခွင့် တစ်စုံတစ်ခုမျှ ရှိဖို့ မဆိုထားနှင့်၊ မည်သည့် လူ့အခွင့်အရေး သို့မဟုတ် လွတ်လပ်မှု လုံးဝ မရှိပါ။ ထိုအချိန်တွင် ကျွန်မသည် အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်များကို သတိမရဘဲ မနေနိုင်ခဲ့ပါ။ “ယင်းသည် သင်တို့၏ ရင်ဘတ်ကို ဖောင်းကြွစေသော အမုန်းတရား ကို ခြွင်းချန်ခြင်း မရှိဘဲ ဖွင့်ချပြောဆိုရန်၊ ထိုမှိုတက် နေသော ရောဂါပိုးများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်၊ နွားထီး သို့မဟုတ် မြင်းတစ်ကောင်၏ ဘဝနှင့် ကွာခြားခြင်းမရှိသည့် ဤအသက်တာကို သင်တို့ စွန့်ခွာနိုင်ရန်၊ ကျွန်အဖြစ် ထပ်ဖြစ်မနေတော့ရန်၊ အဆင်း နီသော နဂါးကြီး၏ စိတ်ကြိုက် နင်းခြေခြင်းနှင့် အမိန့်ပေးစေခိုင်းခြင်းကို မခံရတော့ရန် ဖြစ်သည်။ သင်တို့ သည် ဤကျရှုံးသော တိုင်းနိုင်ငံနှင့် သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် ကောက်ကျစ် ယုတ်မာသည့် အဆင်းနီသော နဂါးနီကြီးနှင့်လည်း သက်ဆိုင်တော့ မည် မဟုတ်၊ သင်တို့သည် ၎င်း၏ ကျွန်ပြုခြင်းလည်း ခံရတော့မည် မဟုတ်။ မာရ်နတ်၏ အသိုက်သည် ဘုရားသခင်၏ အပိုင်းပိုင်း ဖြစ်အောင် ဆုတ်ဖြဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ နံဘေးတွင် ရပ်တည်ရကြလိမ့်မည်— သင်တို့သည် ဘုရား သခင်နှင့် သက်ဆိုင် ကြပြီး ဤကျွန်များ၏ အင်ပါယာနှင့် သက်ဆိုင်ခြင်းမရှိပေ။ ဘုရားသခင်သည် ကြာမြင့်စွာ ကတည်းက ဤအမိုက်မှောင် လူမှုအဖွဲ့အစည်းကို သူ၏ အရိုးများထိတိုင်အောင် ရွံရှာနေခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် အံသွားခဲကြိတ်လျက် ဤဆိုးညစ်၍ ကောက်ကျစ်ယုတ်မာကာ အိုသော မြွေအပေါ် သူ၏ ခြေအား အင်မတန်မှပင် ချချင်နေလေသည်၊ ထိုသို့အားဖြင့် ယင်းမြွေသည် မည်သည့်အခါမျှ ပြန်လည် ထကြွခြင်း မပြုရန်နှင့် လူသားအား နောက်တစ်ဖန် မည်သည့်အခါမျှ နှိပ်စက်ညှဉ်းပန်းခြင်း မပြုရန် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းမြွေ၏ အတိတ်က လုပ်ရပ်များကို လွတ်ငြိမ်းခွင့် ပေးမည်မဟုတ်၊ လူသားအား ၎င်း၏ လှည့်ဖြားမှုကို သည်းခံလိမ့်မည် မဟုတ်၊ ခေတ်ကာလများ တစ်လျှောက်မှ ၎င်း၏ အပြစ်များ တစ်ခုချင်းစီ တိုင်းအတွက် ဆပ်ပေးစေလိမ့်မည်။ ဘုရားသခင်သည် ဆိုးညစ်မှု အားလုံး၏ ဤခေါင်သူကြီး အား အနည်းငယ်မျှပင် သက်ညှာပေးလိမ့်မည် မဟုတ်၊ သူသည် ၎င်းကို ရှင်းရှင်း ဖျက်ဆီးပေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)”) ထိုအခိုက်အတန့်တွင် တရုတ်အစိုးရသည် အမှန်တကယ် မည်မျှ ကောက်ကျစ်ပြီး၊ စဉ်းလဲကာ၊ လိမ်လည်လှည့်ဖြားသည်ကို မြင်ရသောကြောင့် ကျွန်မမှာ ဝမ်းနည်းခြင်း နှင့် ဒေါသနှစ်မျိုးလုံးဖြင့် ပြည့်နေခဲ့သည်။ “ဘာသာတရားယုံကြည်မှု လွတ်လပ်ခွင့်၊ နိုင်ငံသားများ၏ တရားဝင် လူ့အခွင့်အရေးများနှင့် အကျိုးစီးပွား များကို ကာကွယ် ပေးခြင်း” ဆိုသည့် ဆောင်ပုဒ်များအား လိုက်နာသည်ဟု ၎င်းက အခိုင်အမာဆိုသော်လည်း၊ အမှန်တကယ်တွင်မူ ဘုရားသခင်၏ အမှုတော်ကို ၎င်းက မရိုးမဖြောင့် နှောင့်ယှက်ပြီး ဖျက်ဆီးကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူများအား ၎င်းနှစ်သက် သည့် မည်သည့်အချိန်တွင်မဆို ဖမ်းဆီး၊ ရိုက်နှက်၊ ဒဏ်ငွေတပ်ကာ သတ်ဖြတ်ပြီး၊ လူများကို ဘုရားသခင်ကို ငြင်းပယ်ရန်၊ သစ္စာဖောက်ရန် နှင့် ၎င်း၏ မှောင်မိုက်သော အုပ်ချုပ်မှုကိုနာခံဖို့ ရက်ရက်စက်စက် အတင်းအကျပ် စေခိုင်းသည်။ လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းတော် မူခဲ့ပြီး၊ ဘုရားသခင်ကို ယုံကြည်ရန် နှင့် ကိုးကွယ်ရန်မှာ သဘာဝကျပြီး မှန်ကန်သော်လည်း ဖောက်ပြန်ရေးဝါဒီဖြစ်သည့် တရုတ်ကွန်မြူနစ်အစိုးရက စစ်မှန်သော ဘုရားသခင် ကြွလာခြင်းကို မောင်းထုတ်ရန် ကြိုးစားလျက် ကောင်းကင်ဘုံနှင့် သဘာဝ တရားတို့ကို ဆန့်ကျင် လေသည်။ ၎င်းက ဘုရားသခင်ကို ယုံကြည်သူများအား ခြိမ်းခြောက်မှုများ၊ မက်လုံးများ၊ မှားယွင်းသော သက်သေခံ ချက်များ၊ အတင်းအဓမ္မယူ ထားသည့် ခံဝန်ချက်များနှင့် ညှဉ်းပန်းမှု တို့ကို အသုံးပြုလျက် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သည်။ ၎င်း၏ ပြစ်မှုများသည် အလွန်ယုတ်မာကာ၊ ကြောက်မက်ဖွယ်ကောင်းပြီး၊ မုန်းတီးဖွယ် ကောင်းသည်။ ၎င်း၏ ယုတ်ညံ့မှု နှင့် ဆိုးယုတ်မှုတို့က ၎င်းအား ကျွန်မကို ပြင်းပြင်း ထန်ထန် စက်ဆုပ်ရွံရှာစေပြီး၊ ၎င်းနောက်ကို မလိုက်မီ သေဖို့ကိုသာ ပို၍ စိတ်ပိုင်းဖြတ်လာပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ရန် နှင့် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်ရန် ကျွန်မ၏ ယုံကြည်မှု နှင့် စိတ်ပိုင်းဖြတ်မှုတို့သည် ခါတိုင်းထက် ပို၍ ခိုင်မာပြတ်သား လာခဲ့သည်။

၂၀၂၀ ခုနှစ် သြဂုတ်လတွင် ကျွန်မ၏ အပြစ်ဒဏ်ကို ကျခံပြီးနောက် ကျွန်မ လွတ်လာခဲ့သည်။ ကျွန်မ၏ အပြစ်ဒဏ်ကျခံ နေစဉ် ကျွန်မ၏ ခင်ပွန်းသည်လည်း တစ်နှစ်ကြာ ရဲများ၏ စောင့်ကြပ်ခြင်းအောက်တွင် ရှိခဲ့သည်ကို ကျွန်မ အိမ်သို့ပြန်သည့် အချိန်တွင် သိခဲ့ရသည်။ ထိုနှစ်အတွင်း၊ ညနေပိုင်းတွင် အရပ်ဝတ်ရဲ များသည် ကျွန်မတို့၏ အိမ်အနောက်မှ၊ သူ့ကို စောင့်ကြည့်ပြီး နေအိမ်ကို စောင့်ကြပ်ကာ၊ ကျွန်မ၏ ခင်ပွန်းကို အိမ်ပြန်ဖို့ သို့မဟုတ် သူလုံခြုံစိတ်ချရသည်ဟု ခံစားနိုင်သည့် နေရာတစ်ခု ရရှိဖို့ မဖြစ်နိုင်စေလျက်၊ သူ၏ လုပ်ရပ်များကို ထောက်လှမ်းခဲ့သည်။ နေ့အချိန်တွင် သူက ပြင်ပတွင် အလုပ်လုပ်ရပြီး၊ ညပိုင်းတွင် ကျွန်မတို့၏ အိမ်အနီးမှ ထင်းပုံတွင် အိပ်ခဲ့ရကာ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ မဖြစ်နိုင်ခဲ့ပေ။ ကျွန်မ လွတ်လာပြီးနောက်၊ ထိုရဲလက်ပါးစေများသည် ကျေးရွာထဲတွင် ကျွန်မအကြောင်း ကောလာဟလများကိုလည်း ဖြန့်ဝေထားကာ၊ ကျွန်မကို စွန့်ပစ်ရန် တစ်ရွာလုံးကို လှုံ့ဆော်ထားပြီး၊ ကျေးရွာ အမျိုးသမီးများအဖွဲ့၏ ဒါရိုက်တာကို ကျွန်မကို စောင့်ကြည့်ဖို့ စေလွှတ်ခဲ့သည်ကို ကျွန်မ သိခဲ့ရသည်။ ကျွန်မ မြို့မှ မထွက်မည့်အကြောင်း ကတိပေးခြင်း ဖော်ပြချက်တစ်ခုကို လည်း ကျွန်မကို သူတို့ ရေးခိုင်းခဲ့သည်။ ကျွန်မကို ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် အားလုံးမှ သူတို့ ပိတ်ပင်ခဲ့သည်။ နေအိမ်တွင် တစ်လကြာနေပြီးနောက်၊ စစ်ဆေး မေးမြန်းရန်အတွက် နိုင်ငံတော် လုံခြုံရေးတပ်မဟာသို့ သွားရန် ရဲအရာရှိ ၃ ယောက် ၄ ယောက်က တစ်ဖန် အတင်းအကျပ် စေခိုင်းခဲ့ သည်။ သူတို့က ကျွန်မကို သတ္တုထိုင်ခုံတွင် တစ်ဖန် သော့ခတ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်း သတင်း အချက်အလက် များကို ကျွန်မအား အတင်းအကျပ် ပြောခိုင်းဖို့ ကြိုးစားကြသည်။ ကျွန်မ၏ မိသားစုက ကျွန်မကို ထုတ်ရန် လာရောက်ကြသည့် အချိန်တွင်၊ သူတို့က “မင်းတို့က သူ့ကို လွှတ်စေချင်ရင်၊ ယွမ် ၂၀၀၀၀ ဒဏ်ငွေ ပေးဖို့လိုတယ်၊ ဒါမှမဟုတ် သူ့ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်း သတင်း အချက် အလက်တွေ ငါတို့ကို ပြောခိုင်း။ မဟုတ်လို့ကတော့ သူက အလုပ်ကြမ်းကတစ်ဆင့် ပညာပေး ငါးနှစ် ထောင်ဒဏ် ပြစ်ဒဏ် ကျခံရမယ်” ဟု မောက်မာစွာ ပြောကြသည်။ ကျွန်မ၏ မိသားစုတွင် ထိုမျှများပြားသော ပိုက်ဆံ မရှိသောကြောင့် သူတို့က အကူအညီမဲ့စွာဖြင့် စိတ်ပျက်လက်ပျက် အိမ်ပြန်ခဲ့ကြရသည်။ ဤမကောင်းဆိုးဝါးများသည် ကျွန်မအား ဘုရားသခင်ကို အတင်းအကျပ် သစ္စာဖောက်ခိုင်းဖို့ သူတို့၏ ဖမ်းဆီးမှုကို တစ်ဖန် အသုံးပြုလိုသည်ကို ကျွန်မ သိသောကြောင့် ကျွန်မ၏ စိတ်နှလုံး ထဲတွင် ဆုတောင်းခြင်း၌ ဘုရားသခင်ကို ကျွန်မ အဆောတလျင် ခေါ်ခဲ့သည်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်မ ကိုယ်တော့်ကို သစ္စာဖောက်အောင် အတင်းအကျပ် စေခိုင်းဖို့ အချည်းနှီး မျှော်လင့်ရင်း စာတန်က ဒီနေ့မှာ ထပ်လှည့်စား နေပေမဲ့၊ သူတို့ ကျွန်မကို အရူးလုပ်ခွင့် ကျွန်မ မပေးပါဘူး။ ကျွန်မ အလုပ်ကြမ်း ဘယ်နှစ်နှစ် လုပ်ရပါစေ၊ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မ သက်သေရပ်တည်ပါ့မယ်” ကျွန်မ မည်မျှ ဒုက္ခခံရပါစေ သက်သေ ရပ်တည်ဖို့ ကျွန်မ၏ စိတ်နှလုံးထဲတွင် ကျမ်းသစ္စာ ကျိန်ဆိုလိုက် သည်နှင့် ဘုရားသခင်၏ အံ့သြလောက်သော အမှုတော်များကို ကျွန်မ တွေ့မြင်ခဲ့ရသည်။ ဤဆိုးယုတ်သော ရဲများက သူတို့၏ စစ်မေးခြင်းမှ မည်သည့်အရာမျှ ရရှိမည် မဟုတ်သည်ကို တွေ့မြင် သည့် အချိန်တွင်၊ ထိုညနေတွင် သူတို့ ကျွန်မကို လွှတ်ပေးခဲ့သည်။ ကျွန်မအတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးခြင်း နှင့် စာတန်၏ လက်တွင်းမှ ကျွန်မကို တစ်ဖန် ကယ်တင်ခြင်း တို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်သော ညှဉ်းပန်း နှိပ်စက်ခြင်းအလယ်တွင်၊ ကျွန်မ၏ အသက်ဖြင့် ကျဉ်းထဲ ကျပ်ထဲမှ လွတ်လာမည်ဟု ကျွန်မ မည်သည့်အခါမျှ စိတ်မကူး ဝံ့ခဲ့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်များ၏ လမ်းပြမှု မရှိဘဲ၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏စောင့်ရှောက်မှုနှင့် ကွယ်ကာမှု တို့ မရှိဘဲ၊ ပြီးလျှင် ဘုရားသခင်က ကျွန်မကို ပေးသည့် အဆုံးမရှိသော ခွန်အားများမရှိဘဲ၊ ကျွန်မ၏ အားနည်းသော အသက်ကို ဤလူမဆန်သော မကောင်းဆိုးဝါးများက အချိန်မရွေး သတ်ပစ်ကာ၊ ဝါးမြိုနိုင်ခဲ့ပြီး၊ စာတန်ရှေ့တွင် ကျွန်မ မည်သည့် အခါမျှ ခိုင်မာစွာ ရပ်တည်နိုင်ခဲ့မည် မဟုတ်ပါ။ ဤအရာက ကျွန်မကို အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်များ၏ သြဇာအာဏာ နှင့် တန်ခိုးတို့ကို အမှန်တကယ် နားလည် သဘောပေါက် စေခဲ့ကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အသက်စွမ်းအား၏ ထူးကဲသာလွန် ခြင်း နှင့် ကြီးမြတ်ခြင်းတို့ကို ခံစားခွင့်ပြုခဲ့ပြီး၊ ကျွန်မအတွက် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ကိုယ်ကျိုးမငဲ့သော အသက်ထောက်ပံ့မှုတို့ကို တွေ့ကြုံခံစားစေခဲ့သည်။ စာတန်၏ စုံစမ်း နှောင့်ယှက်မှုကို မကြာခဏ အောင်မြင်ကျော်လွှားနိုင်ရန်၊ ကျွန်မ၏ သေခြင်းတရားက ကြောက်ရွံ့ခြင်းမှ ထိုးထွက်နိုင်ရန် နှင့် ကမ္ဘာမြေ ပေါ်ရှိ ထိုငရဲမှ ထွက်ပေါ်လာစေရန် မကြာခဏ ဦးဆောင်ခဲ့သူမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သည်။ လူသားမျိုးနွယ်အတွက် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ချစ်ခြင်း မေတ္တာသည်သာလျှင် စစ်မှန်ကြောင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သာလျှင် ကျွန်မ မှီခိုအားထားနိုင်ကြောင်း နှင့် သူသည် ကျွန်မ၏ တစ်ခုတည်းသော ကယ်တင်ခြင်းဖြစ်ကြောင်း တို့ကို ကျွန်မ နက်ရှိုင်းစွာ တွေ့ကြုံခံစား ခဲ့ရသည်။ စာတန်ကို စွန့်ပစ်ပြီး ငြင်းပယ်ရန်၊ သမ္မာတရားကို ရှာဖွေလိုက်စားရန် နှင့် အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို ထာဝရလိုက်ကာ၊ အသက်တာတွင် တောက်ပပြီး မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရန် ကျွန်မ သေသည်အထိ စောင့်ထိန်း မည့် သစ္စာတစ်ခု ဆိုခဲ့သည်။

အောက်ခြေမှတ်စု(များ)-

၁။ “ဆိုးညစ်မှု အားလုံး၏ ဤခေါင်သူကြီး” သည် အိုသော မာရ်နတ်ကို ရည်ညွှန်းသည်။ ဤစကားစုသည် အလွန်အမင်း မနှစ်သက်ခြင်းကို ဖော်ပြသည်။

ယခင်က:ဘုရားသခင်သည် ဘဝတွင် ကျွန်မ၏ ခွန်အားဖြစ်သည်

နောက်တစ်ခုသို့:မကောင်းဆိုးဝါးများ၏ ရက်စက်မှုကို အောင်မြင်ကျော်လွှားဖို့ ဘုရားသခင်က ကျွန်မကို လမ်းပြသည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ