အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

တရားစီရင်ခြင်းအားဖြင့် ပြောင်းလဲသည်

၁ သခင့်ကို နှစ်များစွာ ကျွန်ုပ် ယုံကြည်ခဲ့၊ သခင်၏ ဆုလာဘ်များနှင့် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့အတွက် အမြဲ တမ်းတရင်းလေ။ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ကျွန်ုပ် အလုပ်လုပ်ကာ ပင်ပင်ပန်းပန်းလုပ်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ လက်တွေ့ မလုပ်ဆောင်ခဲ့။ ဘုရားသခင်ကို ချစ်သည်ဟု ကျွန်ုပ် ဆိုသော်လည်း၊ စမ်းသပ်မှုများ ကျရောက်သည့်အခါ၊ ကျွန်ုပ်၏ စိတ်နှလုံးက နားလည်မှုလွဲခြင်းများနှင့် ညည်းညူခြင်းများ သိုလှောင်ထားခဲ့။ ဘုရားသခင်နှင့် ငြင်းခုံရင်း၊ ပုန်ကန်လိုသော အရာများစွာ ကျွန်ုပ် ပြောဆိုခဲ့ပေ။ ခရစ်တော်၏ ပလ္လင်တော်ရှေ့မှောက်တွင် တရားစီရင်ခြင်းကို ကြုံခြင်းဖြင့်၊ မိမိကိုယ်ကိုယ် ကျွန်ုပ် မြင်လာခဲ့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့ကို ထိုးဖောက်ဖွင့်ထုတ်သည့် ထက်သော သံလျှပ်တစ်စင်းကဲ့သို့ ဖြစ်ခဲ့ပေ။ ဘုရားသခင်၏ ပြင်းထန်သော တရားစီရင်ခြင်းက ကျွန်ုပ်၏ သူတော်ကောင်း အယောင်ဆောင်ခြင်း၏ အမှန်တရားကို ဖွင့်ချခဲ့။ ကောင်းချီးမင်္ဂလာများရဖို့ ကျွန်ုပ် မိမိကိုယ်ကိုယ် ပြေးလွှားကာ အလုပ်ရှုပ်စေခဲ့သော်လည်း ဘုရားသခင်အပေါ် ကျွန်ုပ်၏ ချစ်ခြင်းအတွက် ဆင်းရဲဒုက္ခခံရသည်ဟု ကျွန်ုပ် ပြောဆိုခဲ့ပေ။ ကျွန်ုပ် မရိုးသားခဲ့သလို၊ ကျွန်ုပ် လုပ်ခဲ့သမျှမှာ ဘုရားသခင်ကို လှည့်ဖြားဖို့နှင့် အရူးလုပ်ဖို့ ဖြစ်ခဲ့ပေ။ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သော်လည်း ဘုရားသခင်နှင့် အပေးအယူများ ကျွန်ုပ် လုပ်မိခဲ့။ အသိစိတ်၊ဆင်ခြင်တုံတရား ကျွန်ုပ် လုံးဝ မရှိခဲ့ပေ။ ဘုရားသခင်ကို ဆိုးရွာစွာ ကျွန်ုပ် နာကျင်စေခဲ့ကာ ကျွန်ုပ်၏ လူသားသဘာဝကို လုံးဝဆုံးရှုံးခဲ့ပြီး နောင်တဖြင့် ကျွန်ုပ် ပြည့်ခဲ့ပေ။ ကျွန်ုပ်၏ အရှက်ကို ဖုံးကွယ်ဖို့ နေရာမရှိဘဲ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ် လဲကျကာ ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံဖို့ ကျွန်ုပ် လိုလားနေခဲ့ပေ။

၂ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အဆုံးစွန်သော အရှက်ရခြင်းနှင့် နာကျင်မှုတို့ကို ဘုရားသခင် ခံစားရ။ လူ၏ နားလည်မှုလွဲခြင်းများနှင့် ညည်းညူခြင်းများကို သူ ခံရကာ လူသား နိုးထဖို့အတွက် တိတ်ဆိတ်စွာ စောင့်ဆိုင်းပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှာ လူသားမျိုးနွယ်က သမ္မာတရားနှင့် အသက် ရရှိဖို့သာ ဖြစ်ပေ။ ဘုရားသခင် လုပ်ဆောင်သည့် တစ်ပတ်တစ်ကုတ် အားထုတ်မှုများကို ယခု ကျွန်ုပ် နားလည်သည့်အတွက် သမ္မာတရားကို လိုက်စားဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ပေ။ တရားစီရင်ခြင်းနှင့် စမ်းသပ်မှုများကို ကြုံခြင်းဖြင့်၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်ရှင်းခံရပေ။ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားအတိုင်း မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းက ဘုရားသခင်ကို နှစ်သက်စေကာ ကျွန်ုပ်၏ စိတ်နှလုံးထဲ အချိုမြိန်ဆုံး ခံစားချက်ပေးပြီး၊ ယခုတွင်မှ တရားစီရင်ခြင်းနှင့် စမ်းသပ်မှုတို့က ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများဖြစ်သည်ကို ကျွန်ုပ် အသိအမှတ်ပြုရပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက အလွန် စစ်မှန် - အဘယ်သို့ ကျွန်ုပ်တို့ ကျေးဇူးတင်ကာ မချီးမွမ်းဘဲ နေနိုင်မည်နည်း။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ဘုရားသခင်ကို ကြေငြာကာ သက်သေခံဖို့အလို့ငှာ ကျွန်ုပ်၏ စိတ်နှလုံးကို ပူဇော်ဖို့ရန် ကျွန်ုပ် လိုလားလျက်နေ။ ဘုရားသခင်၏ တိုက်တွန်းမှုများကို ကျွန်ုပ် ကောင်းစွာ သတိရကာ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်ုပ်၏ တာဝန်ကို သစ္စာရှိရှိ ကျွန်ုပ် ထမ်းဆောင်မည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ် အရေးထားကာ သူ့အတွက် လှပပြီး ထူးကဲသော သက်သေကို ကျွန်ုပ် ခံမည်။ လမ်းက ခက်ခဲကြမ်းတမ်းသော်လည်း၊ ဘုရားသခင်ကို ကျွန်ုပ် ထာဝရ ချစ်ဖို့ ဆန္ဒရှိပေ။

ယခင်က:ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ် စိတ်နှလုံးကို နိုးထစေသည်

နောက်တစ်ခုသို့:ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို အပြစ်မှ ကယ်တင်သည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ