အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇၂။ အခြားလူတို့ကို သင့်တင့်လျောက်ပတ်စွာ မည်သို့ဆက်ဆံရမည်ကို ကျွန်မ သင်ယူခဲ့ရသည်၇၂။ အခြားလူတို့ကို သင့်တင့်လျောက်ပတ်စွာ မည်သို့ဆက်ဆံရမည်ကို ကျွန်မ သင်ယူခဲ့ရသည်

စီယွမ်၊ ပြင်သစ်

တစ်နေ့တွင် ကျွန်မတို့အသင်းတော်မှ ညီအစ်ကို ချင်သည် ကျွန်မဆီ ရောက်လာခဲ့ပါသည်။ သူက သူ၏ အားလပ်သည့်အချိန်တွင် သက်သေခံချက် တင်ပြခြင်းကို လက်တွေ့လုပ်ဆောင်ပြီး ဧဝံဂေလိအလုပ်အတွက် သူ၏ ခွန်အားတစ်ချို့ကို ဆက်ကပ်လိုသည်ဟု ပြောခဲ့သည်။ အရင်က ညီအစ်ကို ချင်နှင့် ကျွန်မ၏ အပြန်အလှန်ဆက်ဆံမှုများကြောင့် သူသည် အလွန် မာနထောင်လွှားသော စိတ်သဘောထားရှိသည်ကို ကျွန်မ သိခဲ့သည်။ ထို့ကြောင့် သူနှင့်ပတ်သက်ပြီး ကျွန်မတွင် ကြိုတင်မှန်းဆထားသော ထင်မြင်ချက်နှင့် အမြင်အချို့ ရှိခဲ့သည်။ ထို့အပြင် သက်သေခံသော သူတို့သည် သမ္မာကျမ်းစာ အသိပညာအဆင့် အတန်ငယ် ရှိရမည်ဟု ကျွန်မ တွေးမိခဲ့သည်။ သမ္မာတရားကို သူတို့ ရှင်းရှင်းလင်းလင်း ဆွေးနွေးပြောဆိုနိုင်ရမည်ဖြစ်ပြီး ဧဝံဂေလိ ဝေငှခံရသော သူတို့ မေးသည့် မေးခွန်းများကို ဖြေနိုင်ရပါမည်။ ဤအရည်အချင်းများကို သူ ပိုင်ဆိုင်ခြင်းမရှိဟု ကျွန်မ ခံစားခဲ့ရပြီး၊ ထို့ကြောင့် ထိုအရာကို ကျွန်မ သဘောမတူခဲ့ပါ။ ဤသည်ကို သူမြင်သောအခါ၊ သူက၊ “ကျွန်တော့်ရဲ့ အရည်အချင်းပေါ် အခြေခံပြီး၊ ကျွန်တော် သက်သေခံချက် တင်ပြတာကို လက်တွေ့လုပ်ဆောင်နိုင်တယ်လို့ မထင်ဘူးလား။ ကျွန်တော် သက်သေခံချက် မတင်ပြရင်၊ ကျွန်တော့်ရဲ့ ပင်ကိုအစွမ်းအစကို ဖြုန်းတီးနေမိမယ် မဟုတ်လား” ဟု ပြောခဲ့သည်။ ဤအရာကို ကျွန်မ ကြားသည့်အခါ၊ အလွန်စိတ်ပျက်မိခဲ့ပြီး၊ “သက်သေခံချက် တင်ပြတာက လုပ်ဖို့ လွယ်တဲ့အရာလို့ ရှင်ထင်လား။ ရှင့်မှာ စစ်မှန်တဲ့ ပင်ကိုအစွမ်းအစမရှိရင်၊ ဒီတာဝန်ကို ရှင် ကောင်းကောင်း ဖြည့်ဆည်းနိုင်မယ်လို့ ရှင်ထင်လား။ ရှင့်ကိုယ်ရှင် အရမ်း အထင်ကြီးတာပဲ။ ရှင်က ကိုယ့်ကိုယ်ကိုယ် တကယ်ကို အတိအကျ မတိုင်းတာတတ်ဘူးကိုး” ဟု တွေးမိခဲ့သည်။ ထို့နောက် သူ၏ အခြေအနေကို ပိုင်းခြားသိမြင်မှုရှိဖို့ရန်အလို့ငှာ ညီအစ်ကို မောင်နှမအနည်းငယ်နှင့် ညီအစ်ကို ချင်၏ အခြေအနေကို မိတ်သဟာယပြုခဲ့ကြသည်။ ကျွန်မပြောသည့်အရာကို ကြားပြီးနောက်၊ ညီအစ်ကို မောင်နှမအချို့ကလည်း ညီအစ်ကိုချင်က သူ၏ အပြုအမူများတွင် မာနထောင်လွှားမှုကို ပြသည်ဟု ဆိုကြသည်။ ဤအရာက ညီအစ်ကို ချင်အပေါ် ကျွန်မရှိခဲ့သည့် အမြင်က အမှန်ပင် တိကျမှန်ကန်သည်ကို အတည်ပြုခဲ့သည်။ ကျွန်မသည် သူ့ကို မှန်မှန်ကန်ကန် နားလည်ရန် သမ္မာတရားကို မရှာဖွေဘဲ ညီအစ်ကို ချင်ကို ကျွန်မ သာမန်ကာလျှံကာ မှတ်ချက်ပြုသည့်အချိန်တွင်၊ ကျွန်မက သူ့ကို အရင်းခံအားဖြင့် အခြားသူများနှင့်အတူ ဝေဖန်ပြီး ပေါင်းကြံနေခဲ့သည်ကို ကျွန်မ သတိမပြုမိခဲ့ပါ။

တစ်ကြိမ်တွင် ညီအစ်ကို ချင်နှင့်အတူ ကျွန်မ အစည်းအဝေးတစ်ခုကို တက်ရောက်နေခဲ့ပါသည်။ ကျွန်မတို့ အသင်းတော်အသက်တာကို အသက်ရှင်ကြသည်နှင့်အညီ ဘုရားသခင်၏ မိသားစု ရုပ်ရှင်များကို မည်သို့ကြည့်ရမည်နှင့် ပတ်သက်သည့် အလုပ်စီမံခန့်ခွဲမှုကို ကျွန်မတို့ ဖတ်နေကြချိန်တွင် သူက၊ “ခေါင်းဆောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သမ္မာတရားရဲ့ စစ်မှန်မှု မပိုင်ဆိုင်ကြဘူးလို့ ကျွန်တော် ထင်တယ်ဗျာ။ သူတို့က အစည်းအဝေးတွေမှာ ကျမ်းဟောင်းတရားတွေနဲ့ အယူဝါဒတွေကိုပဲ ဟောကြပြီး ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ ရင်ဆိုင်ရတဲ့ လက်တွေ့ကျတဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်ကြဘူး။ အခု ကျွန်တော်တို့ရဲ့ အစည်းအဝေးမှာ ရုပ်ရှင်ကြည့်နိုင်တာ ကောင်းတယ်ဗျာ။ ဒါက သမ္မာတရားကို နားလည်ဖို့ ကျွန်တော်တို့ကို အကူအညီပေးမှာပဲ” ဟု ပြောခဲ့သည်။ သူက ဆက်လက်ပြီး၊ “အစတုန်းက ဒီတာဝန်ကို ကျွန်တော် ဖြည့်ဆည်းတဲ့အချိန်မှာ အခြေခံသဘောတရားတွေကို နားမလည်ခဲ့တာကြောင့် ကျွန်တော့်မှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် အခု အခြေခံသဘောတရားတွေကို ကျွန်တော် သဘောပေါက်ပြီ။ ဒီတာဝန်ကို ဖြည့်ဆည်းတာ အများကြီး ပိုပြီး ချောချောမွေ့မွေ့ သွားနေသလို ကျွန်တော့်အလုပ်မှာ ရရှိတဲ့ ရလဒ်တွေက အထူးသဖြင့် ကောင်းမွန်တယ်လို့ ခံစားရတယ်...” ဟု ပြောသည်။ ဤအရာကို သူပြောသည်ကို ကျွန်မ ကြားသည့်အခါ၊ ကျွန်မ စိတ်နှလုံးထဲတွင် မနှစ်သက်ခြင်းနှင့် ခုခံခြင်းတို့က ဖြစ်ပေါ်လာခဲ့သည်။ ကျွန်မက၊ “ရှင်က အခွင့်အရေးကို ဖမ်းဆုပ်တဲ့နေရာမှာ တကယ်တော်ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခံရတဲ့ လူရဲ့ မိတ်သဟာယကို ရှင်က ကျွန်မတို့ ခေါင်းဆောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သိမ်ငယ်စေဖို့ သုံးနေတယ်။ တစ်ချိန်တည်းမှာ၊ ကိုယ့်ကိုယ်ကိုယ် သက်သေခံဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကြွားဝါဖို့ ရှင် မမေ့ဘူး။ ရှင်က တကယ်ကို အရမ်းမာနထောင်လွှားပြီး ဆင်ခြင်တုံတရားမဲ့တာပဲ...” ဟု တွေးမိခဲ့သည်။ ထို့နောက်၊ နောက်အစည်းအဝေးတွင် ဆွေးနွေးရမည့် မေးခွန်းငါးခုအပေါ် မည်သို့ အတူတကွ လုပ်ဆောင်မည်ကို ကျွန်မတို့ စတင်ဆွေးနွေးခဲ့ကြသည်။ ဤအခိုက်အတန့်တွင်၊ ညီအစ်ကို ချင်က မေးခွန်းများထဲမှ သုံးခုအား သူတာဝန်ယူရန် ကမ်းလှမ်းခဲ့ပြီး ကျန်ရှိသည့် မေးခွန်းနှစ်ခုအတွက် လူများကို တာဝန်ယူရန် အဆိုပင်ပြုခဲ့သည်။ နောက်အစည်းအဝေးကို တာဝန်ယူရန် အဖွဲ့ခေါင်းဆောင်အတွက် ကျွန်မ စီစဉ်ပေးသည့်အချိန်တွင်၊ သူက အဖွဲ့ခေါင်းဆောင်ကို သံသယရှိသော ပုံစံဖြင့်၊ “ခင်ဗျား ဒါကို ကိုင်တွယ်နိုင်တယ်လို့ ထင်လား။ ခင်ဗျား လုပ်နိုင်လား” ဟု လျင်မြန်စွာ မေးလေသည်။ သူ၏ လေသံမှ ကြည့်ရသည်မှာ သူသာလျှင် အစည်းအဝေးကို တာဝန်ယူနိုင်သည်ဟု ထင်သည့်ပုံ ဖြစ်သည်။ သူ၏ အပြုအမူနှင့် ရင်ဆိုင်ရသည့်အခါ၊ ကျွန်မက၊ “ရှင်က အရမ်းကို ဆင်ခြင်တုံတရားမဲ့တာပဲ။ ရှင်ဒါကို လုပ်နိုင်လား။ ရှင်က ဒီအခွင့်အရေးကို ညီအစ်ကို မောင်နှမတွေဆီ ကိုယ့်ကိုယ်ကိုယ် ကြွားဝါဖို့ စင်မြင့်တစ်ခုလိုပဲ သုံးချင်နေတာပဲ။ အားလုံးက အာရုံစိုက်တာကို ရှင်လိုချင်တယ်။ ဒါပေမယ့် ကျွန်မ ခွင့်ပြုမှာမဟုတ်ဘူး” ဟု တွေးခဲ့သည်။ သူ၏ ရည်ရွယ်ချက်ကို ရရှိခြင်းမှ သူ့ကို တားဆီးဖို့ရန်အလို့ငှာ၊ သူတာဝန်ရှိသူမဖြစ်ဖို့ရန် ယင်းကို ပြန်စီစဉ်ဖို့ ကျွန်မ၏လုပ်ပိုင်ခွင့်ဖြင့် ပြောခဲ့သည်။ ညီအစ်ကို ချင်၏ အပြုအမူအားလုံးကို စဉ်းစားကြည့်သည့်အခါ၊သူ့ကို ကျွန်မ၏ စိတ်နှလုံးထဲတွင် လွန်စွာ မနှစ်သက်ခဲ့သလို သူ့အပေါ် ကျွန်မ၏ မလိုမုန်းထားမှုများက ပို၍ ခိုင်မာလာခဲ့သည်။ ကျွန်မသည် သူ၏ မာနထောင်လွှားသော အပြုအမူနှင့်ပတ်သက်ပြီး အကြိမ်ရေအနည်းငယ်ခန့် သူနှင့်အတူ သီးသန့် ဆွေးနွေးခဲ့ပြီးဖြစ်သည်။ သို့သော် သူက ယင်းကို နှုတ်ဖြင့်သာ အသိအမှတ်ပြုခဲ့ပြီး၊ နောက်ပိုင်းတွင် သိသာသည့် ပြောင်းလဲမှုကို ကျွန်မ မတွေ့ခဲ့ရပါ။ ထို့ကြောင့် သူသည် သာမန်ထက်လွန်ကဲသော မာနထောင်လွှားမှုအဆင့်တစ်ခု ရှိသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ သူ ဘယ်တော့မှ ပြောင်းလဲနိုင်မည်မဟုတ်သလို မျှော်လင့်၍မရနိုင်လောက်အောင် ဖြစ်သည်ကို ကျွန်မ ခံစားရသည်အထိ သူက လွန်ကဲစွာ မာနထောင်လွှားခဲ့သည်။ သူသည် အလွန် မာနထောင်လွှားသောကြောင့် သူ၏ လက်ရှိတာဝန်ကို ဖြည့်ဆည်းခြင်းအတွက် အခြေခံအားဖြင့် မသင့်လျော်ဟုပင် ကျွန်မ တစ်ခါတစ်ရံ တွေးမိသည်။ သူ့ကို ကျွန်မ အခြားတစ်ဦးဦးဖြင့်သာ အစားထိုး မိလိမ့်မည်ဖြစ်သည်။

အစည်းအဝေးပြီးသွားပြီး အစည်းအဝေးအတွင်း ကျွန်မ ထုတ်ဖော်ပြခဲ့သည့် အတွေးများနှင့် စိတ်ကူးများကို သုံးသပ်ကြည့်ပြီးနောက်တွင်၊ ကျွန်မ၏ စိတ်နှလုံးက အပြစ်တင်ခြင်းနှင့် လွန်စွာ စိတ်မသက်မသာဖြစ်ခြင်းကို ခံစားခဲ့ရသည်။ ဘုရားသခင်ကို ကျွန်မက၊ “အို ဘုရားရှင်။ ညီအစ်ကို ချင်အပေါ် ကျွန်မ အတွေးတွေနဲ့ မလိုမုန်းထားမှုများစွာ ရှိပါတယ်။ သူ အရမ်း မာနထောင်လွှားတယ်လို့ ကျွန်မ ထင်ပါတယ်။ အခု၊ သူစကားပြောတာကို ကျွန်မ ကြားတဲ့အချိန်တိုင်းမှာ၊ ကျွန်မရဲ့ စိတ်နှလုံးမှာ မနှစ်သက်ခြင်းနဲ့ ခုခံခြင်းတွေ ဖြစ်ပေါ်တယ်။ သူ့ကို ကျွန်မ အစားတောင်ထိုးချင်မိတယ်။ အို ဘုရားရှင်။ ကျွန်မ မှားယွင်းတဲ့ အခြေအနေတစ်ခုထဲ ရှိနေတာကို ကျွန်မ သိပါတယ်။ ဒါပေမယ့်၊ ကိုယ်တော့်ရဲ့ အလိုတော်ကို ကျွန်မ နားမလည်သလို သမ္မာတရားရဲ့ ဘယ်ရှုထောင့်ကို ကျွန်မ ဝင်ရောက်သင့်တယ်ဆိုတာကို မသိပါဘူး။ အို ဘုရားရှင်၊ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” ဟု ဆုတောင်းခဲ့ပါသည်။ ကျွန်မ ဆုတောင်းပြီးသည့်နောက်၊ တရားဒေသနာတစ်ခုမှ စာတစ်ပိုဒ်ကို ကျွန်မ တွေးမိခဲ့သည်။ “ဒီအတွေးမျိုး ခင်ဗျားတို့ရဲ့ စိတ်နှလုံးတွေထဲမှာ တည်ရှိပါသလား။ တစ်ယောက်ယောက်ကို ခင်ဗျားတွေးတဲ့အခါ၊ သူတို့ရဲ့ အားနည်းချက်တွေကို အရင်ဆုံး ခင်ဗျားတွေးတယ်။ ပြီးတော့ သူတို့ ဖောက်ပြန်ပျက်စီးတဲ့ နည်းလမ်းတွေကို အရင်ဆုံး တွေးတယ်။ အဲဒါ မှန်လား။ ဒီလိုနည်းနဲ့ ခင်ဗျား ဆက်တွေးနေရင် အခြားသူတွေနဲ့ ခင်ဗျား ပုံမှန်အတိုင်း ဘယ်တော့မှ အဆင်ပြေပြေနေနိုင်မှာမဟုတ်ဘူး။...ဒါပေမယ့် သူက ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလိုတဲ့ဆန္ဒရှိတာကြောင့် သူ့အထဲက ဖောက်ပြန်ပျက်စီးခြင်းက စတင် ပြောင်းလဲပြီး ပျောက်ကွယ်ဖို ကြာတော့မှာမဟုတ်ဘူး။ ဒါက ဒီကိစ္စကို ကျွန်တော်တို့ ကြည့်ရမယ့်နည်းလမ်းဖြစ်ပြီး ကိစ္စရပ်တွေကို ကြီးထွားတိုးတက်မှု ရူပါရုံတစ်ခုနဲ့အတူ မြင်ရမယ်။လူတစ်ဦးရဲ့ အားနည်းချက်တစ်ခုအပေါ် ကျွန်တော်တို့ အစွဲမထားရဘူး။ အဲဒီနောက် ဒီလူက သူ့ဘဝတစ်ခုလုံးအတွက် ဒီလိုပဲ ဖြစ်မှာပဲ၊ သူက အဲဒီလိုလူမျိုးပဲဆိုပြီး သူ့ကို အမြဲ မရှုတ်ချရဘူး။ ဒါကိုလုပ်တာက သူ့ကို အကဲဖြတ်ပြီး ဘောင်ခတ်လိုက်တာ ဖြစ်သွားမယ်။ လူတွေကို ကယ်တင်ရာမှာ ဘုရားသခင်က လူသားမျိုးနွယ်ဟာ ဒီအတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးပြီးပြီ၊ ဒါကြောင့် သူ့တို့ကို ကယ်တင်ဖို့က အကျိုးမရှိဘူး၊ ဒါဟာ လူသားမျိုးနွယ်ရဲ့ အဆုံးသတ်ပဲဆိုပြီး ဒီပုံစံ မပြောဆိုခဲ့ဘူး။ ဘုရားသခင်က ဒါကို ဒီပုံစံနဲ့ လုံးဝ မမြင်ခဲ့ပါဘူး။ ဒါကြောင့် သမ္မာတရားကို ကျွန်တော်တို့အားလုံး အခု လိုက်စားနေကြတယ်။ ကျွန်တော်တို့အားလုံး သမ္မာတရားကို လိုက်စားဖို့ ဆန္ဒရှိကြတယ်။အနည်းဆုံးတော့ ကျွန်တော်တို့ရဲ့ လိုက်စားမှုကို ဆက်လုပ်ရင် နှစ်အနည်းငယ်အတွင်း အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ သေချာပေါက် ပြောင်းလဲနိုင်မယ်၊ ပြီးတော့ နောက်ဆုံးမှာ စိတ်သဘောထား ပြောင်းလဲမှုကို ကျွန်တော်တို့ လုံးဝ ရရှိနိုင်မှာဖြစ်ပြီး ဘုရားသခင်ရဲ့ စုံလင်စေတာ ခံကြရမယ်ဆိုပြီး ကျွန်တော်တို့ ယုံကြည်ကြတယ်။ ခင်ဗျားတို့အားလုံးမှာ ဒီလိုယုံကြည်ခြင်းမျိုး ရှိကြတယ် မဟုတ်လား။ ခင်ဗျားတို့မှာ ဒီလိုယုံကြည်ခြင်းမျိုးရှိမှတော့၊ ဒါကြောင့် အခြားလူတွေမှာလည်း ဒီလိုယုံကြည်ခြင်းမျိုး ရှိတယ်လို့ ယုံကြည်သင့်တယ်။” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁) တွင်ပါဝင်သော “သာမန် လူလူချင်းဆက်နွယ်မှုများကို တည်ဆောက်ရမည့်နည်းလမ်း) ဤမိတ်သဟာယ စာပိုဒ်က ကျွန်မ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီး ကျွန်မ အရှက်ရမိခဲ့ပါသည်။ ကျွန်မ၏ သဘာဝက မည်မျှ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည်ကို ကျွန်မ မြင်ခဲ့ရသည်။ ကျွန်မတွင် သမ္မာတရားရှိပြီး တစ်ချက်ကြည့်ရုံမျှဖြင့် လူတစ်ဦးကို တိတိကျကျ ကျွန်မ ဝေဖန်နိုင်ကာ သူ၏ အနှစ်သာရကို လုံးလုံးလျားလျား နားလည်နိုင်သကဲ့သို့ ကျွန်မ ပြုမူခဲ့သည်။ တရားဒေသနာထဲက စကားများကို ကျွန်မနှင့် ချိတ်ဆက်ခြင်းဖြင့်၊ ကျွန်မ နားလည်ခဲ့ရသည်။ ညီအစ်ကို ချင်နှင့် ကျွန်မ အပြန်အလှန်ဆက်ဆံမှုများတွင်၊ သူပြောသည့်စကားများနှင့် သူလုပ်သည့်အရာများဖြင့် သူ၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖော်ပြနေခဲ့သည်ကို မြင်ရသည့်အခါ သူသည် ငယ်ရွယ်ပြီး မာနကြီးသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ သူသည် မိမိကိုယ်ကိုယ် သိရှိခြင်း လုံးဝ မရှိဟု ကျွန်မ ခံစားခဲ့ရသည်။ သူက လုံးဝဆင်ခြင်တုံတရားကင်းမဲ့သည့် မာနထောင်လွှားသော လူတစ်ဦးဖြစ်ပြီး ပြောင်းလဲ၍မရနိုင်လောက်အောင် ဖြစ်သည်ဟုပင် ကျွန်မ စိတ်နှလုံးထဲတွင် အကဲဖြတ်ခဲ့သည်။ ယင်းမှာ သူ့ကို ကျွန်မ မျှမျှတတ သို့မဟုတ် မျက်နှာမလိုက်ဘဲ ဘယ်တော့မှ မဆက်ဆံနိုင်ခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်သည် ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာဖြင့် လူတို့ကို ကယ်တင်ပါသည်။ သို့တိုင် ကျွန်မက အချက်တိုင်းတွင် ညီအစ်ကိုချင်ကို ဘောင်ခတ်နေမိခဲ့သည်။ ယခုတွင်၊ ဘုရားသခင်က ကျွန်မကို ဖော်ထုတ်ပြီး ကျွန်မ၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်ခြင်းတို့ကို ရှင်းရှင်းလင်းလင်း မြင်စေခဲ့သည်။ ကျွန်မသည် ကျွန်မ၏ ကိုယ်ပိုင် ရှုထောင့်အမြင်နှင့် ယုံကြည်မှုများကို လူတို့ကို အကဲဖြတ်ရသည့် သမ္မာတရားနှင့် စံများအဖြစ် မှတ်ယူခဲ့သည်။ ကျွန်မ အလွန် ဆင်ခြင်တုံတရား ကင်းမဲလွန်းပါသည်။ ကျွန်မသည် အခြားသူများကို စည်းမျဉ်းများ၊ စံများဖြင့် ရှုမြင်နေပြီး တိုင်းတာနေခဲ့ပါသလား။ လူတို့ကို ကျွန်မ၏ ရှုမြင်ခြင်းနှင့် ဘောင်ခတ်ခြင်း နည်းလမ်းက သမ္မာတရားနှင့် ကိုက်ညီပါသလား။ ကျွန်မသည် လောက်တစ်ကောင်ထက် ပိုနှိမ့်ကျပါသည်။ အခြားလူတို့ကို ကျွန်မ အကဲဖြတ်ပြီး ရှုတ်ချရန် မည်သို့ အရည်အချင်း ရှိခဲ့ပါသနည်း။ ဘုရားနှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင် ကယ်တင်သော လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းနည်းလမ်းဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်၊ သူတို့သည် အပြစ်အနာအဆာ နည်းနည်းမျှမရှိကြသည့် စုံလင်သော လူများ မဟုတ်ကြသလို၊ လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်ကြသည့် လူများမဟုတ်ကြပါ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အသက်တာထဲ ဝင်ရောက်ခြင်းက အရေးကြီးဆုံးဖြစ်သည်”) ကျွန်မတို့ စုံလင်ခြင်းမခံရသေးသလို ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော ကျွန်မတို့၏ အတွေအကြုံမှတဆင့် တဖြည်းဖြည်း ပြောင်းလဲခြင်း ဖြစ်စဉ်ထဲတွင် ကျွန်မတို့ ရှိနေကြဆဲ ဖြစ်သည်။ ကျွန်မတို့၏ တာဝန်များကို ကျွန်မတို့ ဖြည့်ဆည်းကြစဉ်တွင် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ပြနိုင်သော်လည်း သို့မဟုတ် အချို့အပြစ်များကို ကျူးလွန်ကောင်းကျူးလွန်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျွန်မတို့ စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားကြသရွေ့၊ ကျွန်မတို့ ပြောင်းလဲနိုင်ကြလိမ့်မည်ဖြစ်သည်။ သို့သော်၊ ကျွန်မသည် အခြားသူများကို ကြီးထွားတိုးတက်မှုဆီရှေးရှုသည့် အမြင်ဖြင့် မြင်မနေခဲ့ပါ။ ယင်းအစား၊ ကျွန်မ၏ ကိုယ်ပိုင် ရှုထောင့်အမြင်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အခြားသူများကို ကျွန်မ ဘောင်ခတ်နေမိခဲ့သည်။ အမှန်ပင် ကျွန်မသည် အလွန် မာနထောင်လွားနေခဲ့မိပါသည်။

ထို့နောက် နောက်ထပ် ဘုရား၏နှုတ်ကပတ်တော်စာပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပါသည်။ “မည်သည့အခြေခံသဘောအရ ဘုရားသခင်၏ မိသားစုဝင်များကို သင် ဆက်ဆံသင့်သနည်း။ (ညီအစ်ကို မောင်နှမ အယောက်စီတိုင်းကို မျှမျှတတ ဆက်ဆံရပါမည်။) သူတို့ကို သင်တို့ မျှမျှတတ မည်သို့ ဆက်ကြသနည်း။ အယောက်တိုင်းက အသေးအဖွဲ အမှားများနှင့် အားနည်းချက်များ ရှိကြသည့်အပြင် တစ်ဦးချင်းစီအလိုက် ထူးခြားမှုများအချို့ ရှိကြ၊ လူအားလုံးက မိမိကိုယ်ကိုယ် မှန်သည်ဟု ယူမှတ်မှု၊ အားနည်းချက်နှင့် သူတို့ ချို့တဲ့သည့် နယ်ပယ်များ ရှိကြသည်။ သူတို့ကို ချစ်ခင်သော စိတ်နှလုံးတစ်ခုဖြင့် သင် ကူညီသင့်ပြီး၊ စိတ်ရှည်ကာ သည်းခံသင့်သလို သေးငယ်သော အသေးစိတ်အချက်အလက်တိုင်းကအပေါ် လွန်စွာ မကြမ်းတမ်းသင့် သို့မဟုတ် အရေးမပေးလွန်းသင့်ပါ။ ငယ်ရွယ်သောသူ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်သေးသူ၊ သို့မဟုတ် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် များမကြာမီကသာ အစပြုရုံပြုကြသည့်သူများ သို့မဟုတ် သီးသန့် တောင်းဆိုမှုအချို့ ရှိကြသည့် လူတို့နှင့် ပတ်သက်၍၊ ၎င်းတို့ကို သင်က ကျစ်ဆံမြီးများမှ ဖမ်းကိုင်ပြီး ထွက်သွားခွင့်မပေးလျှင်၊ ဤသည်မှာ ကြမ်းတမ်းခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ သင်က ထိုအယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ ပြုလုပ်သည့် မကောင်းမှုကို မသိကျိုးကျွန်ပြုသော်လည်း သင်၏ ညီအစ်ကို မောင်နှမများထဲက သေးငယ်သော အားနည်းချက်များနှင့် အမှားများကို ရှာတွေ့သောအခါ သူတို့ကို ကူညီဖို့ သင်ငြင်းပယ်၏၊ ယင်းအစား ထိုအရာများအပေါ် သင် အရေးပေးလွန်းပြီး သူတို့ကွယ်ရာတွင် သူတို့ကို ဝေဖန်သည်၊ ထိုသို့အားဖြင့် သာ၍ပင်များပြားသော လူများက သူတို့ကို ဆန့်ကျင်၊ ဖယ်ထုတ်ပြီး ဝိုင်းပယ်ဖို့ပင် ဖြစ်စေလေသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်ပါသနည်း။ ဤသည်မှာ သင်၏ ပုဂ္ဂိုလ်ရေး နှစ်သက်မှုများအပေါ် အခြေခံပြီး အမှုအရာများကို လုပ်ဆောင်ခြင်းသာဖြစ်ပြီး၊ လူတို့ကို မျှမျှတတ မဆက်ဆံနိုင်ခြင်း ဖြစ်သည်၊ ဤအရာက ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားတစ်ခုကို ဖော်ပြ၏။ ဤသည်မှာ အပြစ်တစ်ခု ဖြစ်သည်။ လူတို့က အမှုအရာများကို လုပ်ဆောင်သည့်အချိန်တွင် ဘုရားသခင်က စောင့်ကြည့်နေ၏၊ မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ မည်သို့ သင် စဉ်းစားပါစေ၊ သူ မြင်၏။ ဤအခြေခံသဘောတရားများကို သင်သဘောပေါက်လိုလျှင်၊ သမ္မာတရားကို ဦးစွာ သင်နားလည်ရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့် တပြိုင်နက်၊ ဘုရားသခင်၏ အလိုတော်ကို သင် သဘောပေါက်နိုင်သည်၊ သမ္မာတရားကို သင် နားမလည်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို သေချာပေါက် နားလည်လိမ့်မည်မဟုတ်။ လူတို့ကို မည်သို့ ဆက်ဆံရမည်ကို သမ္မာတရားက သင့်အား ပြောပြပြီး၊ ဤအရာကို သင်နားလည်သည်နှင့်တပြိုင်နက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ လူတို့ကို မည်သို့ ဆက်ဆံရမည်ကို သင် သိလိမ့်မည်။ အခြားသူများကို သင်မည်သို့ ဆက်ဆံရမည်ဆိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှင်းရှင်းလင်းလင်း ပြသထားပြီး ညွှန်ပြထား၏၊ လူသားမျိုးနွယ်ကို ဘုရားသခင် ဆက်ဆံသည့် သဘောထားမှာ ၎င်းတို့ အချင်းချင်းဆက်ဆံရာတွင် လူတို့ ခံယူသင့်သည့် သဘောထား ဖြစ်သည်။ လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် မရင့်ကျက်သည့် ဝိညာဉ်ရေးအသက်တာကို ပိုင်ဆိုင်ကြသည်၊ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ လူအချို့တို့၏ သဘာဝနှင့် အနှစ်သာရတို့က သိပ်မဆိုးလှပါ သို့မဟုတ် မလိုမုန်းထားမှု မရှိပါ၊ ယင်းမှာ သူတို့က အတိုင်းအတာတစ်ခုအထိ မသိနားမလည်ကြ သို့မဟုတ် အရည်အချင်း ချို့တဲ့ကြခြင်း သက်သက်ဖြစ်သည်၊ သို့မဟုတ် လူမှုအဖွဲ့အစည်းအားဖြင့် သူတို့ အလွန်များစွာ ညစ်ညမ်းမှုခံရပြီးခြင်း ဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲ ၎င်းတို့ မဝင်ရောက်ကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာအချို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်အချို့ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော်၊ ဘုရားသခင်၏ ရှုထောင့်အမြင်မှ၊ ထိုကိစ္စရပ်များမှာ အရေးမကြီးပေ၊ သူက လူတို့၏ စိတ်နှလုံးများကိုသာ ကြည့်သည်။ သမ္မာတရား၏ စစ်မှန်မှုထဲ ဝင်ရောက်ဖို့ ၎င်းတို့ စိတ်ဆုံးဖြတ်လျှင်၊ မှန်သော ဦးတည်ချက်ကို သူတို့ ဦးတည်နေခြင်းဖြစ်ပြီး၊ ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည်၊ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ပေးသည့် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေပါ၏။ ၎င်းတို့ အရဲစွန့်လိုက်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်က သူတို့ကို ရိုက်ချက်တစ်ချက်ဖြင့် လှဲလိုက်ခြင်း သို့မဟုတ် သူတို့ကို ရိုက်ခြင်း မဟုတ်ပေ၊ ဘုရားသခင်သည် လူတို့ကို ဤသို့ လုံးဝ မဆက်ဆံဖူးပေ။ ဤသို့ဆိုသော်ငြားလည်း၊ လူတို့က အချင်းချင်း ထိုသို့သော ပုံစံဖြင့် အချင်းချင်း ဆက်ဆံကြလျှင်၊ ဤအရာက သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်သရုပ်သကန်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြရှုလေ့လာရမည်။ မတူညီသော လူတို့ကို ဆက်ဆံနည်း အမျိုးမျိုး ဘုရားသခင်တွင် ရှိပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အများကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤအရာများ၏ သမ္မာတရားကို သင် နားလည်ရမည်။ ဤသမ္မာတရားများကို သင်နားလည်သည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့ကို သင် ယခု တွေ့ကြုံနိုင်ပေသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိဖို့အလို့ငှာ၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ကို မည်သို့ ဆက်ရမည့်နည်းလမ်း၏ အခြေခံသဘောတရားများနှင့် လမ်းကြောင်းကို အလွန်ရှင်းလင်းစွာ ဖော်ပြခဲ့ပါသည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သော လူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ မုန်းတီးမှု၊ ကျိန်ဆဲခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့ဖြင့် ပြည့်နေသည်ကိုလည်း ၎င်းတို့က ရှင်းပြသည်။ ဝိညာဉ်အသက်တာ သေးနုတ်သူ၊ အရည်အချင်း ချို့တဲ့ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ချွတ်ယွင်းချက်မျိုးစုံရှိသော သူတို့အတွက်မူ၊ သူတို့ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လိုက်စားဖို့ လိုလားနေကြသရွေ့၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ကြသရွေ့၊ သူတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ ချစ်ခြင်းမေတ္တာ၊ ကရုဏာနှင့် ကယ်တင်ခြင်းနှင့်ဆိုင်သော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ လူတစ်ဦးချင်းစီကို ဘုရားသခင် ဆက်ဆံပုံနှင့် စပ်လျဉ်း၍ ဘုရားသခင်ထံတွင် အခြေခံသဘောတရားများနှင့် စံများ ရှိသည်ကို ကျွန်မ မြင်ခဲ့ရသည်။ ဘုရားသခင်ချစ်သော သူတို့ကို ကျွန်မတို့ ချစ်ဖို့နှင့် ဘုရားသခင် မုန်းသော သူတို့ကို ကျွန်မတို့ မုန်းဖို့ ဘုရားသခင် အလိုရှိပါသည်။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သည့် ညီအစ်ကို မောင်နှမများကို ကျွန်မတို့ သည်းခံပြီး ခွင့်လွှတ်ပေးရမည်။ သူတို့ကို နောင်တရဖို့နှင့် ပြောင်းလဲဖို့ အခွင့်အရေး ပေးရပါမည်။ သူတို့သည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ပြသည့်အခါ ကျွန်မတို့သည် သူတို့ကို တစ်ချက်တည်းဖြင့် အလဲထိုးလိုက်၍ မရပါ။ ဤသည်မှာ ဘုရားသခင်၏အလိုတော်ဖြစ်ဖို့ မဆိုထားနှင့်။ လူတို့ကို ဆက်ဆံခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အခြေခံသဘောတရားများ၊ နည်းလမ်းများနှင့် မကိုက်ညီသောကြောင့်ဖြစ်သည်။ ညီအစ်ကို ချင်က သူ၏ တာဝန်များအပေါ် ဝန်ထုပ်ကို မိမိဘာသာ ယူခဲ့ပုံ၊ တာဝန်သိစိတ်တစ်ခု သူ့ထံတွင် ရှိပုံနှင့် လက်တွေ့ကျသော အလုပ်အချို့ကို သူလုပ်နိုင်ခဲ့ပုံတို့ကို ကျွန်မ စတင်တွေးမိခဲ့သည်။ သူ၏ အားသာချက်များနှင့် ကောင်းမှုတို့ကို ကျွန်မ ဘယ်သောအခါမျှ အပြည့်အဝ မစဉ်းစားခဲ့ဖူးပါ။ ယင်းအစား၊ သူ၏ ဖောက်ပြန်ပျက်စီးခြင်းအပေါ် ကျွန်မ အစွဲကြီးခဲ့ပြီး လက်မလွှတ်ခဲ့သလို သူ့ကို အကဲဖြတ်ပြီး ရှုတ်ချခဲ့သည်။ ကျွန်မ၏ သဘာဝမှာ အမှန်တကယ် မလိုမုန်းထားမှု ရှိခဲ့ပေသည်။

ထို့နောက်တွင်ပင် ဘုရားနှုတ်ကပတ်တော်များ၏ စာတစ်ပိုဒ်ကို ကျွန်မ တွေးမိခဲ့သည်။ “အာဒံနှင့် ဧဝတို့ကို ဘုရားသခင်ဆက်ဆံသည့်နည်းလမ်းနှင့် သဘောထားသည် လူသားမိဘများက သူတို့သားသမီးအပေါ် အလေးထားမှုနှင့် ဆင်တူသည်။ ဤသည်မှာ လူသားမိဘများသည် သူတို့၏ကိုယ်ပိုင် သားများနှင့် သမီးများကို ချစ်သည့်၊ ကြည့်ရှုစောင့်ရှောက်သည့်၊ ဂရုစိုက်သည့်ပုံစံနှင့်လည်း ဆင်တူသည်။ စစ်မှန်၍ မြင်နိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်၏။ သူ့ကိုယ်သူ မြင့်မားပြီးအစွမ်းထက်သည့် နေရာတွင်ထားမည့်အစား ဘုရားသခင်သည် လူသားအတွက် အဝတ်ပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားရေဝတ်လုံက သူတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ သူတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အတိုပြောရလျှင် လူ့ကိုယ်ခန္ဓာကို ပတ်ခြုံဖို့အသုံးပြုသည့် ဤအဝတ်အစားသည် ဘုရားသခင် ကိုယ်တိုင် သူ၏လက်နှင့်လုပ်ထားခြင်းဖြစ်သည်။ လူများ စိတ်ကူးထင်မြင်သကဲ့သို့ အတွေးနှင့် သို့မဟုတ် ထူးဆန်းသည့် နည်းလမ်းများနှင့် ဖန်ဆင်းလိုက်ခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် မလုပ်နိုင်သည့်အရာ၊ မလုပ်သင့်သည့်အရာဟု ထင်ထားသည့်အရာတစ်ခုကို အမှန်တကယ် လုပ်ခဲ့သည်။ ဤသည်မှာ ပြောရန်ပင် မထိုက်တန်ဟု အချို့က ထင်ကောင်းထင်နိုင်သည့် ရိုးရှင်းသောအရာ ဖြစ်နိုင်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်နောက်လိုက်သော်လည်း ယခင်က ဘုရားသခင်နှင့်ပတ်သက်ပြီး မပြတ်သားသည့် အယူအဆရှိနေသူများအားလုံးကို သူ၏စစ်မှန်ခြင်းနှင့် ချစ်ခြင်းနှင့်ပတ်သက်၍ ထိုးထွင်းအမြင် ရစေရန်၊ သူ၏ သစ္စာရှိပြီး နှိမ့်ချသောသဘောကို တွေ့မြင်စေရန်ဖြစ်သည်။ မိမိတို့ကိုယ်မိမိ မြင့်မားပြီး အစွမ်းရှိသည်ဟု ထင်နေကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့်လူများကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့၌ အရှက်ရလျက် သူတို့၏ထောင်လွှားသော ခေါင်းများကို ကိုင်းညွှတ်စေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)”) ဘုရားနှုတ်ကပတ်တော်များ တစ်ခုချင်းစီက ကျွန်မ စိတ်နှလုံးကို နွေးထွေးစေခဲ့သည်။ လူတို့အတွက် ဘုရားသခင်၏ ပူပန်မှုနှင့် ကိုယ်ချင်းစာမှုတို့ကို ကျွန်မ ခံစားခဲ့ရပြီး သူ၏ ဂရုစိုက်ခြင်းနှင့် စာနာမှုတို့က စစ်မှန်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ အာဒံနှင့် ဧဝတို့က ဘုရားသခင်၏ အမိန့်တော်ကို မနာခံဘဲ ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားသုံးခဲ့သည့်အချိန်တွင်၊ သူတို့ထံမှ ဘုရားသခင် ပုန်းကွယ်ခဲ့ပြီး သူတို့ကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့သော်လည်း၊ သူတို့ကို ဘုရားသခင် သနားလျက်ရှိခဲ့ပြီး သူတို့ ဝတ်ဆင်ဖို့ သားရေမှ အဝတ်ကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးပေးခဲ့သည်။ ဘုရားသခင်သည် အမှန်ပင် ချစ်ဖွယ်ဖြစ်ပြီး သူ၏ စိတ်သဘောထားက အမှန်ပင် လှပကာ ကောင်းမြတ်ပါသည်။ ဖောက်ပြန်ပျက်စီးသော လူများနှင့် အပြစ်ကျူးလွန်သော လူတို့အပေါ် သူ၏ သဘောထားမှာ သည်းခံခြင်း ဖြစ်သည်။ သူ၏ သနားကရုဏာကြောင့်၊ လူ၏ မသိနားမလည်မှု၊ အားနည်းချက်နှင့် မရင့်ကျက်ခြင်းတို့ကို သူ ခွင့်လွှတ်နိုင်သည်။ သူက လူကို နောင်တရဖို့ အချိန်နှင့် အခွင့်အရေး ပေးသည်။ စောင့်ဆိုင်းနေစဉ်တွင်၊ လူသား ဝင်ရောက်ဖို့ရန်အတွက် သမ္မာတရားဖြင့် လူသားကို အဆက်မပြတ် သူထောက်ပံ့ပေးသည်။ လူကို ဘုရားသခင်၏ ကယ်တင်ခြင်းသည် အလွန် စစ်မှန်ပါသည်။ ဘုရားသခင်သည် သစ္စာရှိပြီး လူသားအတွက် သူ၏ ချစ်ခြင်းမေတ္တာမှာ စစ်မှန်သည်။ အတုအယောင် သို့မဟုတ် ဟန်ဆောင်ထားသောအရာ လုံးဝမဟုတ်ဘဲ အမှန်တကယ်ရှိပြီး သိသာသည်။ ဤအကြောင်းကို ကျွန်မ တွေးသည့်အခါ၊ မျက်ရည်များက ကျွန်မ မျက်လုံးများတွင် ပြည့်လျှံလာပြီး စစီးလာခဲ့သည်။ ကျွန်မ၏ အတွေ့အကြုံများအားလုံးအပေါ် ကျွန်မ စတင် သုံးသပ်ခဲ့ပါသည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ကိုက်ညှိရသည့် အလုပ်တွင်၊ အခြေခံသဘောတရားများထဲ ကျွန်မ မဝင်ရောက်ခဲ့သည့်အတွက်၊ အသင်းတော်၏ လုပ်ငန်းကို ကြားဖြတ်ပြီး နှောင့်ယှက်သည့် အရာအချို့ကို ကျွန်မ လုပ်ခဲ့မိသည်။ သို့သော်၊ ဘုရားသခင်က ကျွန်မကို မဖယ်ရှားခဲ့ပါ သို့မဟုတ် အပြစ်မပေးခဲ့ပါ။ ယင်းအစား၊ အခြေခံသဘောတရားများအရ ကျွန်မ၏ တာဝန်များကို ကျွန်မ ဖြည့်ဆည်းနိုင်ဖို့ရန်အလို့ငှာ မိမိကိုယ်ကိုယ် သုံးသပ်စေဖို့၊ နောင်တရပြီး ပြောင်းလဲစေဖို့ရန် ကျွန်မ၏ ညီအစ်ကို မောင်နှမများ ရေးသားခဲ့သည့် အစီရင်ခံစာကို ဘုရားသခင် အသုံးပြုခဲ့သည်။ ကျွန်မ အပျက်သဘောဆောင်ပြီး အားနည်းသည့်အခါ၊ ကျွန်မကို နှစ်သိမ့်ပြီး အားပေးဖို့ သူ၏ နှုတ်ကပတ်တော်များကို ဘုရားသခင် အသုံးပြုခဲ့သည်။ ကျွန်မကို ကြီးမားစွာ ခွန်အားရှိစေခဲ့သည့် သူ၏ အလိုတော်ကို ကျွန်မနှင့်အတူ ပြောဆိုဆွေးနွေးဖို့ ကျွန်မဘေးက ညီအစ်ကို မောင်နှမများကိုလည်း သူ တို့ထိခဲ့ပါသည်။ ကျွန်မ အပြစ်များ ကျူးလွန်မိသည့်အချိန် သို့မဟုတ် ကျွန်မ၏ အလုပ်တွင် အမှားများ လုပ်မိသည့်အချိန်၊ နားလည်မှုလွဲမှားခြင်းများကို ကျွန်မ သိုထားခဲ့ပြီး ဘုရားသခင်ကို သတိထားနေခဲ့ရကာ ကျွန်မ အလုပ်တွင် အပျက်သဘောဆောင်လာခဲ့ပြီး ပေါ့ဆလာမိသည့် အချိန်များအတွင်းတွင်၊ သူ၏ အလိုတော်ကို ကျွန်မ နားလည်နိုင်ဖို့ရန် သူ၏ နှုတ်ကပတ်တော်များဖြင့် ကျွန်မကို ဘုရားသခင်က ဉာဏ်အလင်းပေးကာ လမ်းပြခဲ့ပြီး သူ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို ကျွန်မ မြင်ခဲ့ရပါသည်။ ထို့နောက် ကျွန်မသည် အပျက်သဘောဆောင်ခြင်းနှင့် နားလည်မှုလွဲခြင်းတို့ကို နောက်တွင်ချန်ရစ်နိုင်ခဲ့ပါသည်....။ ဤအရာကို ဘုရားသခင်က ကျွန်မအပေါ် အချိန်အကြာကြီးကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်သည် မဟုတ်ပါလား။ ကျွန်မအတွက် ဘုရားသခင်၏ အကန့်အသတ်မဲ့ ချစ်ခြင်းမေတ္တာကို ကျွန်မ မြင်ရသည့်အချိန်တွင်၊ ကျွန်မ၏ ခေါင်းမာပြီး ထုံနေသည့် စိတ်နှလုံးက ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာအားဖြင့် အရည်ပျော်သွားခဲ့သည်။ ဘုရားသခင်ထံ နောင်တနှင့်ဆိုင်သော ဆုတောင်းချက်တစ်ခု ကျွန်မ တောင်းလျှောက်ခဲ့ပါသည်။ “အို ဘုရားရှင်။ ကိုယ်တော့်ကို အဖန်ဖန် ကျွန်မ မနာခံခဲ့ဘဲ အာခံခဲ့မိပါတယ်။ ဒါပေမယ့်၊ ကိုယ်တော်က ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်ခြင်းနဲ့ ကျွန်မကို ဆက်ဆံနေဆဲပဲဖြစ်သလို ကျွန်မရဲ့ အားနည်းချက်တွေအတွက် နားလည်မှုကို ကိုယ်တော် ပြတယ်။ တစ်ချိန်ပြီးတစ်ချိန်၊ ကျွန်မကို ဉာဏ်အလင်းပေးဖို့၊ လမ်းပြဖို့၊ အားပေးဖို့နဲ့ ထောက်ပံ့ဖို့ နှုတ်ကပတ်တော်တွေကို ကိုယ်တော် အသုံးပြုခဲ့တယ်။ ဒီနေ့အထိ ကျွန်မကို ခြေတစ်လှမ်းချင်း ကိုယ်တော် ဦးဆောင်ခဲ့တယ်။ ကျွန်မကို ကယ်တင်ရာမှာ ကိုယ်တော့်ရဲ့ ဂရုစိုက်မှု နဲ့ အားထုတ်မှုတွေ အလွန်များစွာ အသုံးခံဖို့ ကျွန်မ မထိုက်တန်ပါဘူး။ အို ဘုရားရှင်။ ကျွန်မအတွက် ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ပြောမပြတတ်အောင်ပါပဲ။ ကျွန်မ ပြောင်းလဲဖို့ ကိုယ်တော် သည်းခံစွာ စောင့်ဆိုင်းနေတုန်းမှာ၊ ကျွန်မကို နောင်တရဖို့ အခွင့်အရေးတွေ ကိုယ်တော် ပေးခဲ့တယ်။ ကျွန်မ ဆန္ဒရှိသမျှက၊ ခုချိန်ကစပြီး၊ ကိုယ်တော့်ရဲ့ အလိုတော်နဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကျွန်မ လက်တွေ့လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ကိုယ်တော့်ကို အမှန်တကယ် ယုံကြည်ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်မ ဆက်ဆံရာမှာ သမ္မာတရားရဲ့ အခြေခံသဘောတရားတွေအပေါ် မှီခိုဖို့ ကျွန်မ ဆန္ဒရှိပါတယ်။”

ထို့နောက်၊ တရားဒေသနာတစ်ခုထဲက နောက်ထပ်စာပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပါသည်။ “ဥပမာအနေနဲ့၊ ခင်ဗျားဟာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ညီအစ်ကို မောင်နှမတွေအတွက် ခင်ဗျားက တာဝန်ရှိသင့်တယ်။ သမ္မာတရားကို မလိုက်စားသလို မှန်တဲ့လမ်းကြောင်းနောက် မလိုက်တဲ့ ညီအစ်ကို ဒါမှမဟုတ် ညီအစ်မ တစ်ဦးရှိတယ်ဆိုပါစို့။ ခင်ဗျား ဘာလုပ်သင့်သလဲ။ ဒီလူကို သင် ကူညီရပါမယ်။ ဒီအကူအညီက သူတို့ကို ပြုပြင်တာနဲ့ သူတို့ကို ကိုင်တွယ်ဖြေရှင်းတာတွေ ပါဝင်တယ်။ ပြစ်တင်တာနဲ့ ဝေဖန်တာတွေ ပါတယ်။ ဒါက ကူညီဖို့ နည်းလမ်းပဲ။ ဒါတွေအားလုံးက ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ သူတို့ကို ချော့ပေးဖို့ ဒါမှမဟုတ် ဆွေးနွေးတိုင်ပင်တဲ့လေသံကို သုံးဖို့ လိုသလား။ သေချာပေါက်လိုတာမျိုး မဟုတ်ပါဘူး။ သူတို့ကို ပြုပြင်ဖို့ နဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုရင် လုပ်လိုက်ပါ။ ဖော်ထုတ်သင့်တဲ့အရာကို ဖော်ထုတ်ပါ။ ဒါက ဘာကြောင့်လဲဆိုရင် ခင်ဗျားက ခေါင်းဆောင်နဲ့ အမှုတော်ဆောင်တစ်ယောက် ဖြစ်လို့ပါပဲ။ ခင်ဗျား မကူညီရင် ဘယ်သူ ကူညီမှာလဲ။ ဒါက ခင်ဗျား ဖြည့်ဆည်းရမယ့် တာဝန်ဖြစ်တယ်။” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၆) တွင်ပါဝင်သေ “ကယ်တင်ခြင်း ရရှိဖို့နှင့် စုံလင်ခံရစေဖို့ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရမည့်နည်းလမ်း”) ဤမိတ်သဟာယမှ၊ သမ္မာတရား၏ စစ်မှန်မှု ရှိသည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်တစ်ဦးက သူ၏ ညီအစ်ကို မောင်နှမတို့ကို အခြေခံသဘောတရားများဖြင့် ဆက်ဆံသည်ကို ကျွန်မ သင်ယူခဲ့ရသည်။ သူ၏ တာဝန်မှာ မည်သည့်အရာဖြစ်သည်၊ သူ့ကို စေခိုင်းထားသည့်အရာက မည်သည့်အရာဖြစ်သည်တို့ကို သူသိသည်။ လူတို့ကို သူတို့၏ သဘာဝနှင့် အနှစ်သာရများအရ ကိုင်တွယ်ဖြေရှင်းဖို့ သမ္မာတရား၏ အခြေခံသဘောတရားများအပေါ် သူ မှီခိုနိုင်သည်။ သူသည် လူတို့ကို သူတို့၏ ဖောက်ပြန်ပျက်စီးခြင်းများနှင့် ချွတ်ယွင်းချက်များအပေါ် အခြေခံပြီး လက်တွေ့ကျကျ ကူညီနိုင်သည်။ သူတို့ကို မည်သည့်အချိန်တွင် ချစ်သော စိတ်နှလုံးဖြင့် ကူညီသင့်သည်၊ မည်သည့်အချိန်တွင် တင်းတင်းကျပ်ကျပ် သူတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ပေးရမည်ဆိုသည်နှင့် သူတို့ကို မည်သည့်အချိန်တွင် ပြစ်တင်မောင်းမဲရမည်တို့ကို သူ သိသည်။ သူသည် သင့်လျော်စွာ ပြုမူနိုင်သည်။ အခြေခံသဘောတရားများ ရှိပြီး ဖောက်ပြန်ပျက်စီးခြင်းများကို ဖော်ပြကြသည့် ညီအစ်ကို မောင်နှမများကို ရန်သူများကဲ့သို့ တစ်ဖက်သတ် သူ ဆက်ဆံလိမ့်မည်မဟုတ်ပါ။ ညီအစ်ကိုချန်ကို ကျွန်မ ဆက်ဆံခဲ့ပုံကို ကျွန်မ နောက်တဖန် စတွေးကြည့်ခဲ့သည်။ သူ၏ မာနထောင်လွှားသော စိတ်သဘောထားကို သူ ထုတ်ဖော်ပြသည်ကို ကျွန်မ မြင်သည့်အချိန်တွင်၊ လက်တွေ့ကျသော ပုံစံဖြင့် သူ့ကို ကျွန်မ မကူညီခဲ့၊ အားမပေးခဲ့ပါ။ သူ၏ သဘာဝနှင့်ဆိုင်သော အနှစ်သာရကို သိဖို့ သို့မဟုတ် သူ၏ မာနထောင်လွှားသော စိတ်သဘောထား မပြောင်းလဲလျှင် အန္တရာယ်များသော အကျိုးဆက်များကို ရှင်းရှင်းလင်းမြင်ဖို့ သူ့ကို ကူညီဖို့ရန်အလို့ငှာ သူ၏ မာနထောင်လွှားသော သဘာဝကို ကျွန်မ စိတ်ဖြာလေ့လာခြင်းမပြုခဲ့ပါ။ ယင်းအစား၊ တစ်ဖက်သတ် အကဲဖြတ်ခဲ့ပြီး သူ့ကို ဖယ်ကာ ရှုတ်ချခဲ့သည်။ သူ့နောက်ကွယ်တွင် သူနှင့် ပတ်သက်သည့် မလိုမုန်းထားမှုများကိုပင် ကျွန်မ ဖြန့်ဝေခဲ့သည်။ သူ့ကို ချစ်သော စိတ်နှလုံးဖြင့် ဆက်ဆံပေးဖို့ မပြောနှင့်၊ စိတ်ရှည်ခြင်း သို့မဟုတ် သည်းခံခြင်း တစ်ခုတစ်လေကိုမျှ ကျွန်မ မပြသခဲ့ပါ။ ဤအခိုက်အတန့်တွင်၊ ဤညီအစ်ကိုကို ကျွန်မ ဆက်ဆံရာတွင် ကျွန်မတွင် သမ္မာတရား၏ အခြေခံသဘောတရားများ မရှိခဲ့သလို ကျွန်မ၏ ဝတ္တရားနှင့် တာဝန်များကို ကျွန်မ မဖြည့်ဆည်းခဲ့သည်ကို ကျွန်မ မြင်ခဲ့ရသည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ကျွန်မ တွေ့ရှိခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ ညီအစ်ကို ချန်ဆီ ကျွန်မသွားပြီး တွေ့ခဲ့ပါသည်။ သူ၏ ပြဿနာများကို ကျွန်မ ထောက်ပြခဲ့ပြီး ကျွန်မ၏ အကူအညီနှင့် အထောက်အပံ့များကို ပေးခဲ့သည်။ တစ်ချိန်တည်းတွင်၊ သူ့ကိုလည်း ကျွန်မ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခဲ့သည်။ လိုက်စားမှုအပေါ် သူ၏ မမှန်ကန်သော ရှုထောင့်အမြင်များနှင့် သူလျှောက်နေခဲ့သည့် လမ်းကြောင်းအမှားကို ကျွန်မ စိတ်ဖြာလေ့လာခဲ့သည်။ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရနှင့် ပုန်ကန်ပြစ်မှားမှုကို ခွင့်မပြုသည့် သူ၏ စိတ်သဘောထားအကြောင်းကိုလည်း သူနှင့်အတူ ကျွန်မ မိတ်သဟာပြုခဲ့ပါသည်။ ဘုရားသခင်ကို သူ၏ လမ်းပြမှုအတွက် ကျေးဇူးတင်ပါသည်။ သူနှင့်အတူ ကျွန်မ၏ ပြောဆိုဆွေးနွေးခြင်းမှတဆင့်၊ ညီအစ်ကို ချင်သည် သူ၏ ကိုယ်ပိုင် မာနထောင်လွှားသော သဘောနှင့် သူဖော်ပြခဲ့သည့် ဖောက်ပြန်ပျက်စီးခြင်းတို့နှင့်ဆိုင်သော သိနားလည်မှုအချို့ ရရှိခဲ့သည်။ သူက၊ “ကျွန်တော် အရမ်း မာနထောင်လွှားတာ သိပေမယ့်၊ မကြာခဏ အဲဒါကို နှုတ်နဲ့ပဲ အသိအမှတ်ပြုခဲ့တယ်။ အဲဒါကို ကျွန်တော် တကယ်မုန်းဖို့ မပြောနဲ့၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင် မာနထောင်လွှားတဲ့ သဘာဝကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း စိတ်ဖြာမလေ့လာခဲ့ဖူးဘူး။ ဒီနေ့ ခင်ဗျားက ကျွန်တော့်ကို ဒီအရာတွေ ထောက်ပြခြင်းအားဖြင့်ပဲ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အခြေအနေက အရမ်းကို ဆိုးပြီး အန္တရာယ်များတယ်ဆိုတာ ကျွန်တော် ရှာတွေ့ခဲ့ရတယ်။ ဘုရားသခင်က ကျွန်တော့် နှလုံးသားထဲမှာ မရှိသလို ဘယ်သူ့ကိုမှ ကျွန်တော် မရိုသေဘူး။ ကျွန်တော် စွမ်းဆောင်နိုင်တယ်လို့ အမြဲ ခံစားရတယ်။ အထူးသဖြင့် အလုပ်က ရလဒ်တွေ ရလာတဲ့အခါ၊ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ကျွန်တော် ခိုးယူရုံသာမက၊ ကျွန်တော်ကသိပ်တော်တဲ့လူတစ်ယောက်ဖြစ်တယ်လို့ ခံစားရတာကြောင့် ပိုပြီးတောင် မာနထောင်လွှားပြီး စိတ်ကြီးဝင်တယ်လေ။ ကျွန်တော်က အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ရှိနေပြီး မကောင်းတဲ့ လုပ်ရပ်တွေ လုပ်နေသလို ဘုရားသခင်ကို ကျွန်တော် အာခံနေမိတာပဲ။ ဒီနေ့၊ ခင်ဗျားရဲ့ သတိပေးမှုနဲ့ အကူအညီတွေက ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့၊ နောင်တရပြီး ပြောင်းလဲဖို့ အခွင့်အရေး ပေးခဲ့တယ်....” ဟု ပြောခဲ့သည်။ သူ ဤအရာ ပြောသည်ကို ကျွန်မ ကြားရသည့်အခါ၊ ကျွန်မ၏ စိတ်နှလုံးကို တကယ်တို့ထိခဲ့ပါသည်။ ကျွန်မ၏ တာဝန်များကို ကျွန်မ ကောင်းကောင်းမွန်မွန် မဖြည့်ဆည်းခဲ့သလို ကျွန်မတွင် သနားကြင်နာသော စိတ်နှလုံး မရှိဟု ကျွန်မ နက်နက်ရှိုင်းရှိုင်းခံစားခဲ့ရသည်။ ကျွန်မ၏ ညီအစ်ကိုကို အကူအညီ သို့မဟုတ် ထောက်ပံ့မှု ကျွန်မ မပေးခဲ့ပါ။ ယင်းအစား သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို မလွတ်တမ်းအသုံးချပြီး သူ့ကို ရှုတ်ချခဲ့သည်။ မာနထောင်လွှားပြီး မလိုမုန်းထားသော သဘာဝ ကျွန်မတွင်ရှိသည်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေပြီး ကျွန်မ၏ အဓိပ္ပါယ်မဲ့သော အမြင်များကို ပြုပြင်ပေးလျက် ကျွန်မကို ကယ်တင်ခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ဖြစ်သည်။ အထက်ပါ တရားဒေသနာ စာပိုဒ်ထဲတွင် ကျွန်မ ဖတ်ခဲ့ရပါသည်။ “သမ္မာတရားကို အမှန်တကယ် ချစ်ပြီး စုံလင်ခံရခြင်းအဖြစ်ကို လိုက်စားဖို့ ဆန္ဒရှိသူတွေအားလုံးဟာ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ထင်တဲ့ စိတ်သဘောထားရှိကြတယ်လို့ဆိုနိုင်ပါတယ်။ သမ္မာတရားကို သူတို့ လက်ခံနိုင်ပြီး ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းတွေကို လက်ခံနိုင်သရွေ့၊ ပြီးတော့ ဘယ်လိုအခြေအနေပဲဖြစ်ပါစေ သမ္မာတရားကို အကြွင်းမဲ့ နာခံနိုင်သရွေ့၊ ဒီလိုလူတွေက ကယ်တင်ခြင်းကို ရရှိနိုင်ပြီး စုံလင်ခံရနိုင်ပါတယ်။ အမှန်မှာတော့၊ ကောင်းမွန်တဲ့ အရည်အချင်းရှိပြီး မာနထောင်လွှားမှုမရှိတဲ့ စိတ်ဆန္ဒရှိတဲ့ လူတွေဆိုတာ မရှိပါဘူး။ ဒါက အမှန်တရားတစ်ခုပါ။ ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေက ပိုင်းခြားသိမြင်နိုင်ရပါမယ်။ တစ်ယောက်ယောက်ကို လူကောင်းမဟုတ်သလို၊ သူတို့က လွန်လွန်ကဲကဲ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တာကြောင့်ပဲ ကယ်တင်မရနိုင်တဲ့သူတစ်ယောက်လို၊ စုံလင်မခံရနိုင်တဲ့သူတစ်ယောက်လို သူတို့ ဘောင်ခတ်ရမှာမဟုတ်ပါဘူး။ လူတစ်ယောက်က ဘယ်လောက်ပဲ လွန်လွန်ကဲကဲ မာနထောင်လွှားပါလေ့စေ၊ အရည်အချင်း ကောင်းတဲ့ လူတွေဖြစ်ပြီး သမ္မာတရားကို လိုက်စားနိုင်သရွေ့၊ သူတို့ဟာ ဘုရားသခင် စုံလင်စေချင်တဲ့ လူတွေဖြစ်ပါတယ်။ လူတွေကို ဘုရားသခင် စုံလင်စေခြင်းရဲ့ မှတ်ကျောက်က အဓိကအားဖြင့် လူကောင်းတစ်ဦးဖြစ်တာ၊ အရည်အချင်းကောင်း ရှိတာ နဲ့ သမ္မာတရားကို လိုက်စားမှုရှိတာတွေ ဖြစ်တယ်။ လူတစ်ဦးရဲ့ အရည်အချင်းက အရမ်းညံ့ဖျင်းပြီး သမ္မာတရားကို သူတို့ စဉ်ဆက်မပြတ် နားမလည်နိုင်ရင်၊ သူတို့ရဲ့စိတ်သဘောထားက အလွန်အမင်း အောက်ကျို့တတ်ပြီး လုံးဝ မာနမထောင်လွှားရင်တောင်၊ သူတို့က ဘာအတွက်မှ အသုံးမဝင်သလို စုံလင်ခံရဖို့ မထိုက်တန်ပါဘူး။ ဒီအချက်နဲ့ပတ်သက်ပြီး၊ ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်ဖို့ လိုပါတယ်။ လူတစ်ယောက်ရဲ့ အရည်အချင်းက ကောင်းပြီး သူတို့မှာ စိတ်ဆန္ဒရှိသလို မာနမထောင်လွှားဘဲ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မထင်ရင်၊ အဲဒီလိုလူ မရှိတဲ့အတွက် အဲဒါက လုံးဝအယောင်ဆောင်ခြင်းတစ်ခု ဒါမှမဟုတ် ဟန်ဆောင်ထားတဲ့ အပေါ်ယံ အသွင်အပြင် ဖြစ်ပါတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်ထင်တဲ့ သဘောသဘာဝရှိတယ်ဆိုတာ သိရပါမယ်။ ဒါက ငြင်းလို့မရတဲ့ အချက်တစ်ခုပါ။” ((အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ဤမိတ်သဟာယက မာနထောင်လွှားသော စိတ်ရှိသည့် လူတို့ကို ကျွန်မ မည်သို့ဆက်ဆံရမည်ကို ရှင်းရှင်းလင်းလင်း နားလည်ရန် ကူညီပါသည်။ မာနထောင်လွှားသော စိတ်သဘောထားရှိသူတို့အတွက် ပြောင်းလဲဖို့ရန်မှာ ဖြစ်နိုင်ပြီး အဓိကသော့ချက်မှာ သမ္မာတရားကို သူတို့ လိုက်စားပြီး လက်ခံနိုင် မခံနိုင် ဆိုသည့်အရာ ဖြစ်ကြောင်း ကျွန်မ သင်ယူခဲ့ရသည်။ သမ္မာတရားကို သူတို့ လက်ခံနိုင်လျှင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံနိုင်လျှင်၊ သူတို့ လုံးဝ ပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်ပါသည်။ ယခုတွင် ညီအစ်ကို ချင်၏ အခြေအနေကို နောက်ထပ် ဆန်းစစ်မှုတစ်ခု ကျွန်မ လုပ်သည့်အခါ၊ သူ ငယ်ရွယ်စဉ်ကတည်းက ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်ခဲ့သလို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတွေကို များစွာတွေ့ကြုံခြင်း မရှိခဲ့သည်ကို ကျွန်မ နားလည်ခဲ့ရပြီး၊ သူ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားကို ဖော်ပြခြင်းမှာ တကယ်ကို သာမန်ဖြစ်သည်။ ကျွန်မတို့သည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခဲ့ရပြီး ကျွန်မတို့၏ မာနထောင်လွှားသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် ကျွန်မတို့ ရှိကြသည်။ ထို့ကြောင့် ထင်ရှားကျော်ကြားမှုကို ကျွန်မတို့ ရှာဖွေဖို့နှင့် ကြွားဝါဖို့ နှစ်သက်ကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားတို့၏ ဘုံစရိုက်လက္ခဏာတစ်ခု ဖြစ်သည်။ ကျွန်မသည်လည်း တစ်ခါတစ်ရံ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်ခြင်းတို့ကို ဖော်ပြခဲ့သည် မဟုတ်ပါလား။ ကျွန်မကိုယ်တိုင်က ပြောင်းလဲနိုင်ပြီး သူကတော့ မပြောင်းလဲနိုင်ဟု အဘယ်ကြောင့် ကျွန်မ ခံစားပါသနည်း။ ကျွန်မကိုယ်တိုင်အတွက် ကျွန်မ ချမှတ်သည့် စံများက သူ့အတွက် ကျွန်မ ချမှတ်သည့် စံများထက် အဘယ်ကြောင့် နိမ့်ကျရပါသနည်း။ ဤအရာက သူ့ထက် ကျွန်မ ပိုမို မာနထောင်လွှားသည်ဟု ဆိုလိုသည် မဟုတ်ပါလား။ ယင်းမှာ သူ့ကို ဆက်ဆံဖို့ မျှတသည့် နည်းလမ်းမဟုတ်ပါ။ ဤအရာကို ကျွန်မ နားလည်သည့်အခါတွင်၊ ညီအစ်ကို ချန်ကို ဆန့်ကျင်ထားရှိခဲ့သည့် ကျွန်မ၏ ဘက်လိုက်မှုနှင့် မလိုမုန်းထားမှုတို့ကို ကျွန်မ လက်လွှတ်နိုင်ခဲ့ပါသည်။ သူ့သဘာဝ၏ အနှစ်သာရမှာ မဆိုးသည်ကို ကျွန်မ ခံစားခဲ့ရသည်။ သမ္မာတရားကို လိုက်စားဖို့ စိတ်ဆုံးဖြတ်ချက် သူ့မှာရှိခဲ့ပြီး သူ၏ မာနထောင်လွှားသော စိတ်သဘောထားက အနည်းငယ် ပိုပြင်းထန်သည်ဆိုရုံမျှသာ ဖြစ်သည်။ ပြီးလျှင် သူ့ကို ချစ်ခင်သော စိတ်နှလုံးဖြင့် ကျွန်မ ကူညီသင့်ပြီး ကျွန်မ၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်ကို ကျွန်မ နားလည်ခဲ့ပါသည်။

ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤအတွေ့အကြုံမှ၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း အသက်ရှင်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ အခြေခံသဘောတရားများနှင့်အညီ အခြားသူတို့ကို မဆက်ဆံကြသူများနှင့် အခြားလူတို့၏ အားသာချက်များနှင့် အားနည်းချက်များအပေါ် မှန်ကန်သော ချဉ်းကပ်မှု မပြုနိုင်သူများသည် အခြားသူတို့ကို တရားမျှတသည့် ပုံစံဖြင့် မဆက်ဆံနိုင်ကြသည်ကို ကျွန်မ သင်ယူခဲ့ရပါသည်။ သူတို့သည် မိမိတို့၏ ညီအစ်ကို မောင်နှမများကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ယူဆောင်ကြလိမ့်မည်သာမက၊ သူတို့၏ အသက်တာထဲ ဝင်ရောက်မှုကိုလည်း နှောင့်နှေးစေကြလိမ့်မည်ဖြစ်သည်။ သူတို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်ရင်း အခြားသူများကိ စိတ်အနှောင့်အယှက်ပေးနိုင်သည်၊ သို့မဟုတ် သူတို့ကို အပြစ်ပေးနိုင်သည်။ ဤအချိန်အတောအတွင်း ကျွန်မအပေါ် ဆောင်ရွက်ခဲ့သည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်မ၏ ပုန်ကန်တတ်သော စိတ်သဘောထား၌ ကျွန်မ အသက်ရှင်ခဲ့ပြီး ကျွန်မ၏ ညီအစ်ကိုကို သမ္မာတရား၏ အခြေခံသဘောတရားနှင့်အညီ မဆက်ဆံနိုင်ခဲ့ချိန်တွင်၊ ကျွန်မကို အချိန်မီ ကယ်တင်ပြီး ကျွန်မ၏ ကိုယ်ပိုင် မာနထောင်လွှားပြီး မလိုမုန်းထားသော စိတ်သဘောထားကို သတိပြုမိစေဖို့ ဘုရားသခင်က သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မဆိုင်းမတွ ကျင့်သုံးခဲ့သည်။ ဘုရားသခင်ဆီကျွန်မ ပြန်လာသည့်အချိန်၊ မိမိကိုယ်ကိုယ် ဘေးဖယ်ထားပြီး သမ္မာတရားကို ရှာဖွေသည့်အချိန်တွင် ဘုရားသခင်၏ လမ်းပြမှုနှင့် ဦးဆောင်မှုတို့ကို ကျွန်မ ရရှိခဲ့ပါသည်။ လူတို့ကို အခြေခံသဘောတရားဖြင့် မည်သို့ ဆက်ဆံရမည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်မ နားလည်ခဲ့သည်။ ညီအစ်ကို ချင်ကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ကျွန်မ ဆက်ဆံသည့်အခါ၊ ဝိညာဉ်ရေးရာ အေးချမ်းမှုနှင့် တည်ငြိမ်မှုတို့ကို ကျွန်မ အမှန်တကယ် တွေ့ကြုံခဲ့ရသည်။ ထို့အပြင်၊ ကျွန်မ၏ ကိုယ်ပိုင် ချွတ်ယွင်းချက်များကို ဖာထေးဖို့ရန် ညီအစ်ကို၏ အားသာချက်များမှ ကျွန်မ ရှာတွေ့နိုင်ခဲ့ပြီး သင်ယူနိုင်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ ချိုမြိန်မှုကို ကျွန်မ မြည်းစမ်းခဲ့ရပါသည်။ သမ္မာတရားအချို့ကို ကျွန်မကို နားလည်ခွင့်ပေးပြီး ကျွန်မ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့် မပြည့်စုံခြင်းများကို သိနားလည်မှုအချို့ ရရှိခွင့်ပေးခဲ့သည်မှာ ဘုရားသခင်၏ အမှုတော်နှင့် လမ်းပြမှုတို့ ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် သမ္မာတရား၏ အခြေခံသဘောတရားနှင့်အညီ အခြားလူတို့ကို ဆက်ဆံခြင်းမှာ အလွန်အရေးကြီးသည်ကို ကျွန်မ အမှန်တကယ် ခံစားမိပါသည်။ ကျွန်မသည် ကျွန်မ၏ တာဝန်များကို ဖြည့်ဆည်းသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်လက် လက်တွေ့လုပ်ဆောင်ရန် နှင့် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်အညီ ကျွန်မ၏ ညီအစ်ကို မောင်နှမတစ်ဦးချင်းစီကို ဆက်ဆံရန်သာ ကျွန်မ ဆန္ဒရှိပါသည်။

ယခင်က:ဘုရားသခင်၏ စိတ်နှလုံးတော်က အယူအဆလွဲများကို ပယ်ရှင်းနိုင်သည်ကို သိနားလည်ခြင်း

နောက်တစ်ခုသို့:သမ္မာတရားကိုနားလည်ခြင်းဖြင့်သာ မိမိကိုယ်ကို စစ်မှန်စွာ သိမြင်ခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ