အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅၃့၊၊ ထိရောက်မှုမရှိသော လုပ်ဆောင်မှုများအတွက် အကြောင်းရင်းအမှန်

ဇင်ယီ၊ ရှန်ဇီပြည်နယ်

လွန်ခဲ့သောအချိန်ကာလအနည်းငယ်တုန်းက အသင်းတော် အစည်းအဝေးများသို့ ကျွန်မသွားခဲ့သည့်အခါ ညီအစ်ကိုမောင်နှမများအချို့မှာ ကျွန်မနှင့်အတူ မိတ်သဟာယစည်းဝေး တက်ရောက်ပြီးနောက်တွင် အပျက်သဘောဆောင်လျက် အားနည်းလာပြီး မိမိတို့၏ အားထုတ်မှုကို ဆက်လက်လုပ်ဆောင်ဖို့ရာ လှုံဆော်မှုအားနည်းခဲ့ကြကြောင်း အသင်းတော်ခေါင်းဆောင်များ နှင့် လုပ်ဖော်ဆောင်ဖက်များက ပြောတတ်ကြသည်ကို ကျွန်မ မကြာခဏ ကြားခဲ့ရပါသည်။ အချို့တို့သည် ဘုရားသခင်ကိုယုံကြည်ဖို့ရန် ခက်ခဲလွန်းလှသည်ဟု ခံစားကြရပြီး ဘုရားသခင်ကို နားလည်မှုလွဲခဲ့ကြပါသည်။ အချို့က မိမိတို့သည် ကျွန်မနှင့်မတွေ့ဆုံမီတွင် မိမိတို့၏အခြေအနေမှာ ကောင်းခဲ့ကြပါကြောင်း၊ သို့သော်ကျွန်မကို သူတို့မြင်တွေ့ပြီးနောက်တွင် မိမိတို့အနေဖြင့် ကြီးလေးစွာ ဖိအားပေးခြင်းနှင့် မသက်မသာဖြစ်မှုကို ခံစားခဲ့ကြရပါကြောင်း ပြောဆိုခဲ့ကြသည်ကိုကြားသိရခြင်းအားဖြင့် ကျွန်မသည် စိတ်ဓါတ်ကျဆင်းခဲ့ပြီး ဆိုးဆိုးရွားရွား မှားယွင်းစွာဆက်ဆံမှုခံရလေခြင်းဟု ခံစားခဲ့ရပါသည်။ ကျွန်မအနေဖြင့် သူတို့နှင့်အတူ မိတ်သဟာယဖွဲ့ရန် သွားခဲ့သည့် အခါခါတိုင်း ရက်အတော်ကြာကြာသူတို့နှင့် နေထိုင်ပေးခဲ့သည်။ ထို့အပြင် သူတို့၏ပြဿနာများကို ဖြေရှင်းပေးရန်အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲမှ အခန်းကြီးများအားလုံးကို ပိုက်စိတ်တိုက်ရှာဖွေလျက် မရေမတွက်နိုင်အောင်များပြားသော ကျမ်းပိုဒ်များစွာကို ကိုးကား ပြီး၊ အာခြောက်သည်အထိပြောဆိုနေခဲ့ခြင်း စသည်ဖြင့် ကျွန်မ၏ ကြိုးစား အားထုတ်မှုများသည် ရလဒ်ကောင်းများအဖြစ်ပေါ်ထွက်လာမည်ဟု တစ်ချိန်လုံးစဉ်းစားလာနေခဲ့သည်ဖြစ်၏။ ဤကဲ့သို့သော အကြောင်းအရာများ ဖြစ်လာခဲ့လိမ့်မည်ဟု ဘယ်သောအခါမျှ စိတ်မကူးမိခဲ့ပါ။ အဘယ်ကြောင့် ဤကိစ္စဖြစ်ပေါ်ခဲ့ရပါသနည်း။ ဤမေးခွန်းကို ကျွန်မ၏ အတွေးထဲတွင် စွဲကိုင်လျက် ဘုရားသခင်ထံ ဆုတောင်းခဲ့ပါ၏။ “အို ဘုရားသခင် ထွက်ပေါ်လာသည့်ရလဒ်များနှင့်ပတ်သက်ပြီး ကျွန်မ၏ အမှားဖြစ်သည်မှာ သေချာပါသည်။ သို့သော် ဘယ်နေရာမှာ ကျွန်မမှားသွားသည် ဆိုခြင်းကို ကျွန်မ မသိပါ။ ကိုယ်တော်၏ ဦးဆောင်လမ်းပြမှုအတွက် ကျွန်မ ဆုတောင်းပါသည်။ သို့မှသာလျှင် ကျွန်မ ၏အမှားကို ကျွန်မ သတိပြုမိလာပါမည်။ ကိုယ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုကို လက်ခံရရှိဖို့ စောင့်ဆိုင်းဖို့ ကျွန်မ ဆန္ဒရှိပါတယ်။”

ဆုတောင်းပြီးသည့်နောက် ကျွန်မ၏ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယဖွဲ့မှုအပေါ် ပြန်လည်၍ သုံးသပ်ဖို့ရန် စတင်လိုက် ပါတော့သည်။ ကျွန်မအနေဖြင့် ဘုရားသခင်၏အလိုတော်ကို သူတို့နားမလည်ခဲ့သည်ကို တွေ့ရှိသောအခါ သို့မဟုတ် လုပ်ငန်းစီစဉ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သူတို့အနေဖြင့် အချည်းနှီးဖြစ်သော စိတ်ကူးများရှိနေခဲ့ကြသည်ကို တွေ့ရှိရသောအခါတွင် ကျွန်မသည် သူတို့၏မောက်မာမှု သဘောသဘာဝများကို လေ့လာပိုင်းခြားပြီး ထိုမောက်မာမှုများ၏ အကျိုးဆက်ရလဒ်များကို ဝေငှဆွေးနွေးခဲ့ကာ အပြစ်ဒဏ်ပေးခြင်းနှင့် မလွဲမသွေ ရင်ဆိုင်ရမည့်အကြောင်း ပြောပြခဲ့သည်။ အသင်းတော်၏ ရွေးချယ်တင်မြောက်ပွဲဖြစ်စဉ်၌ ဤပြဿနာများ တက်လာနေသည်ကို အကယ်၍ ကျွန်မတွေ့ရှိခဲ့ရသည်ဆိုလျှင် သင့်တော်တဲ့လူတစ်ယောက်ကို မရွေးချယ်နိုင်ခြင်းက အသင်းတော်အလုပ်ကို နှောင့်နှေးစေပြီး ကျွန်မတို့ အစ်ကို၊အစ်မတွေရဲ့ အသက်တာကို ပျက်စီးစေတယ်လို့ ကျွန်မ ပြောလေ့ရှိပါသည်။ ဤနည်းလမ်းအားဖြင့် ဘုရားသခင်က ကျွန်မတို့အား မုန်းတီးရွံရှာလာမည်ဖြစ်ပြီး ကျွန်မတို့သည် ပယ်ရှင်းဖျက်ဆီးခြင်းကို ခံကြရပါလိမ့်မည်။ ညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေချိန်တွင် နှောင့်နှေး နေကြသည်ကို ကျွန်မတွေ့မြင်သောအခါ စံနမူနာအဖြစ် အလုပ်ထုတ်ပစ်ခြင်းခံခဲ့ရသူများအချို့ကို ကျွန်မထုတ်ဖော်လေ့ရှိခဲ့သည်။ သူတို့သည် လိမ်လည်လှည်စားနေသူများ ဖြစ်နေပါကြောင်း ဤကိစ္စသည် ဘုရားသခင်ကို သစ္စာဖောက်နေခြင်းပင်ဖြစ်ကြောင်း အကယ်၍သူတို့အနေဖြင့် နောင်တမရပါက ကျရှုံး ခဲ့ကြသူများကဲ့သို့ တူညီသော အကျိုးရလဒ်ကို သူတို့ရရှိလိမ့်မည် ဖြစ်ကြောင်း ကျွန်မပြောပြခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ခရစ်ယာန်များကို ရူးနှမ်းသော ဖမ်းဆီးမှုများနှင့် ညှဉ်းဆဲမှုများကြောင့် ညီအစ်ကို မောင်နှမအချို့တို့သည် အပြင်ထွက်ဖို့နှင့် ဧဝံဂေလိတရား ဝေငှဖို့ရန် ဆန္ဒ မရှိကြသောအခါ သူတို့သည် ဘုရားသခင်အား မနာခံခြင်း၊ အာခံခြင်းဖြစ်ကြောင်း သူတို့ကို ကျွန်မပြောပြခဲ့သည်။ ကျွန်မ စိတ်အစဉ်တွင် ထိုသို့သော မြင်ကွင်းပုံများ တစ်ခုပြီးတစ်ခု ရှင်းလင်းစွာ ထင်းကနဲ ထင်းကနဲ ပေါ်ထွက်လာသည်။ အိုဘုရားသခင်။ သူတို့၏ ပြဿနာများကို ဖြေရှင်းရာ၌ သမ္မာတရားကို အသုံးပြုခြင်းမှာ မည်သို့ဖြစ်နေပါသနည်း။ ကျွန်မအနေဖြင့် ခြောက်လန့်မှုသက်သက်ကိုသာ အသုံးပြုခဲ့ပါသည်။ တရားဟောချက်တစ်ပုဒ်မှ အောက်ပါအပိုဒ်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိခဲ့ပါသည်- “ဘုရားသခင်၏ အလိုတော်နှင့် ညီသော အစေခံခြင်းက တောင်းဆိုနေသည်မှာ အရာခပ်သိမ်းနှင့် ကိစ္စရပ်တိုင်း၌ ဘုရားသခင်ကို ချီးမြောက်သင့်ကြောင်း၊ ဘုရားသခင်အတွက် သက်သေခံသင့်ကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့် လိုက်လျောညီထွေ ဖြစ်နေသင့်ကြောင်း၊ ဘုရားသခင်၏တောင်းဆိုမှုများနှင့် လိုက်လျော်ညီထွေဖြစ်သင့်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ သူတစ်ပါးကိုလည်း လုပ်ဆောင်ခွင့် ပေးသင့်ပါကြောင်းပင်ဖြစ်၏။ ကျွန်မတို့အနေဖြင့် လူတို့ကို နိယာမသဘောတရားများ၊ စည်းမျဉ်းဉပဒေများနှင့် လူတို့၏ဆောင်ပုဒ်စကားများအတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်စေခြင်းမပြုသင့်ပါ။ သင်၏ ဆက်သွယ်ပြောဆိုမှုသည် လူတို့ကို ဘုရားသခင်ရှေ့သို့လာပြီး ဘုရားသခင်၏အလိုတော်ကို နာခံခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ပြုမူပြီး အဆုံးတွင် ဘုရားသခင်ကိုသိလာပြီး ဘုရားသခင်အားနာခံခြင်းတို့ဖြစ်စေအောင် ပြုလုပ်နိုင်ရမည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ထိုအခိုက်အတန့်တွင် ရုတ်တရက် ဖြစ်သော ဖွင့်ပြခြင်းတစ်ခုကို ကျွန်မလက်တွေ့ကြုံခဲ့ရပါသည်။ ခေါင်းဆောင်များအဖြစ် လုပ်ဆောင်သည့်သူများအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းခြင်းမှာ ကိုယ်တော်ကိုချီးမြောက်ရန်နှင့် သက်သေခံရန်ဖြစ်ပြီး ညီအစ်ကို မောင်နှမများ၏ အနေအထားများနှင့် သူတို့ပြဿနာများ၏ အတိမ်အနက်ကို ထောက်ပြနိုင်စွမ်းရှိရမည်။ ပြီးမှသူတို့အနေဖြင့် လူသားများအတွက် ဘုရားသခင်၏ပန်ကြားမှုများနှင့် အတူ ကိုယ်တော်၏ အလိုတော်နှင့်အညီ ရှင်းလင်းသည့် မိတ်သဟာယကို ဆက်ဆို ဝေမျှပေးသင့်ပေသည်။ သို့မှသာလျှင် ညီအစ်ကိုမောင်နှမများအနေဖြင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိလာမည့်ဖြစ်ပြီး နောက်ဆုံးတွင် ဘုရားသခင်ကို နားလည်ခြင်းနှင့် နာခံခြင်းကို ရရှိနိုင်စွမ်းရှိလာကြပါမည်။ သို့သော် ကျွန်မအနေဖြင့် ညီအစ်ကိုမောင်နှမများ၏ အရေးကိစ္စများကိုဖြေရှင်းပေးဖို့ ကြိုးစားခဲ့ရာ၌ သူတို့၏ သဘောသဘာဝများ၊ သူတို့၏လုပ်ဆောင်မှု နည်းလမ်းများ ကိုလည်း ကျွန်မ မနားတမ်းဖြိုပစ်ခဲ့ပြီး သူတို့ကို ကိုယ်ကိုကိုယ် သိကြဖို့တွန်းအား‎ပေးရန် ကြိုးစားရင်း မှ သူတို့ကို ခြိမ်းခြောက်ဖို့ သူတို့လုပ်ဆောင်မှုများ၏ အလားအလာရှိသော အကျိုးဆက်များကိုလည်း ပျိုးထောင်ပေးခဲ့ပါသည်။ ကျွန်မအနေဖြင့် ဘုရားသခင်၏အလို‎တော် သို့မဟုတ် ဘုရားသခင်၏အမြင်ရှုထောင့်များ သို့မဟုတ် မျှော်လင့်ခြင်းများ နှင့်ပတ်သက်၍ ကိစ္စတစ်ခုအဖြစ် ရှားတောင့်ရှားခဲသာ ပြောဆို ဖြစ်ခဲ့ပါသည်။ ကျွန်မ၏ ညီအစ်ကို မောင်နှမများ အခြေအနေများအပေါ် မိတ်သဟာယဖွဲ့ရာ၌လည်း သမ္မာတရားကို ရှားတောင့်ရှားခဲ အသုံးပြုဖြစ်ခဲ့ပါသည်။ ယင်းသည် ဘုရားသခင်၏ အလိုတော်ကို သိမြင်လာဖို့ တတ်စွမ်းနိုင်ခြင်းမရှိသည့် အနေအထားကိုလည်းကောင်း၊ မိမိကိုယ်ကို အမှန်တကယ် နားလည်နိုင်စွမ်းမရှိသည့် အနေအထား ကိုလည်းကောင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းအမှု၏ လေးနက်သောရည်ရွယ်ချက်နှင့် လူသားများအပေါ်ထားရှိသော ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို မြင်တွေ့ခြင်းငှာ တတ်စွမ်းနိုင်မှု လျော့နည်းလာသည့် အနေအထားကိုလည်းကောင်း၊ သူတို့ထံသို့ ခေါ်ဆောင်လာခဲ့ပေတော့သည်။ အကျိုးရလဒ်အနေဖြင့် သူတို့သည် တက်ကြွလုပ်ဆောင်မှုကင်းသော အနေအထား၌သာ အသက်ရှင်ခဲ့ ကြပါတော့သည်။ ဤပွိုင့်သို့ ရောက်ရှိလာခဲ့သည့်အခါကျမှသာလျှင် ကျွန်မသည် မိမိ၏ကိုယ်ပိုင်ဆန္ဒများအတွက်သာ မျက်ကန်းနာခံမှုထဲမှ လုပ်ဆောင်နေခဲ့ကြောင်း သိရှိခဲ့လိုက်ရပါတော့သည်။ ကျွန်မသည် ဘုရားသခင်ကို ဆန့်ကျင်နေခဲ့ပါသည်တကား။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို ဤနည်းလမ်းအတိုင်းဦးဆောင်ခြင်းဖြင့် ကျွန်မသည် သူတို့အား ဘုရားသခင်ကို နားလည်ခြင်းနှင့် နာခံခြင်းထဲတွင် ကူညီပေးဖို့ရန် မတတ်စွမ်းနိုင်ခဲ့သည်သာမကတကယ်တမ်းတွင် သူတို့တစ်တွေအား ဘုရားသခင်ကို နားလည်မှုလွဲမှားနေစေခဲ့ပြီး ဘုရားသခင်နှင့် ပို၍ပို၍ ပဋိပက္ခဖြစ်နေစေခဲ့ လေတော့သည်။ ဤနည်းလမ်းအားဖြင့် သူတို့သည် ဘုရားသခင်နှင့် ပို၍ပို၍ဝေးကွာလာခဲ့ကြပြီး အပြစ်ဒုစရိုက်များကို သာ၍သာ၍ ကျူးလွန်လာခဲ့ကြပါလေတော့သည်။ ၎င်းသည် အသင်းတော်၏ လုပ်ငန်းဆောင်တာများကို ဆိုးဆိုးဝါးဝါးပျက်စီးစေသည်သာမက ကျွန်မ၏ညီအစ်ကိုမောင်နှမများ အသက်တာထဲသို့ဝင်ရောက်ရာ၌လည်း အတားအဆီးဖြစ်ခဲ့ပါသည်။ ထိုသို့ဖြစ်လာခဲ့ပြီးမှ ကျွန်မညီအစ်ကို မောင်နှမများကို ကူညီမစရန်အတွက် အဓိက အကျဆုံး သော့ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်၍ ဖတ်ရှုခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သူတို့အား ဘုရားသခင်၏အလိုတော်ကို နားလည်သဘောပေါက်လာရန် ကူညီဖို့သော်လည်းကောင်း၊၊ ဘုရားသခင်၏ ကယ်တင်ခြင်းဆိုင်ရာ လေးနက်သော ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန် ကူညီဖို့သော်လည်းကောင်း ၊ သူတို့ပြဿနာများ၏ အရင်းအမြစ်များနှင့် သူတို့၏ စာရိတ္တပျက်စီးမှု အတိမ်အနက်ကို သိနားလည်လာရန် ကူညီဖို့သော်လည်းကောင်း၊ ဤသို့ပြုခြင်းဖြင့် သူတို့ကိုယ်သူတို့ မုန်းတီးတတ်လာရန် ကူညီဖို့သော်လည်းကောင်း၊ ဘုရားသခင်၏တောင်းဆိုမှုများနှင့်အညီ ပြုမူလာတတ်ရန်ကူညီဖို့သော်လည်းကောင်း၊ နောက်ဆုံးတွင် ဘုရားသခင်ကို သိကျွမ်းလာရန်နှင့် နာခံတတ်လာရန် ကူညီဖို့သော်လည်းကောင်း ဖြစ်ကြောင်း ကျွန်မသိရှိလာပါတော့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အစေခံခြင်း၏ အဓိပ္ပါယ်အစစ်အမှန် ဖြစ်ပြီး ဤကဲ့သို့သော အစေခံခြင်းမျိုးသည်သာလျှင် ဘုရားသခင်အလိုတော်နှင့် ဟပ်စပ် လျက်ရှိပါသည်။

ကျွန်ုပ်၏တာဝန်ယူမှုများ ထိရောက်မှု မရှိခဲ့ရခြင်း၏ အကြောင်းရင်းအမှန်ကို ပြသပေးခြင်းအတွက် ဘုရားသခင်အား ကျေးဇူးတော် ချီးမွမ်းပါ၏။ ထိုအချိန်မှစပြီး ကျွန်မ၏ ညီအစ်ကိုမောင်နှမများ၏ အနေအထား အပေါ် အခြေခံသည့် ဆက်နွှယ်မှုရှိသော သမ္မာတရားများအား ရှာဖွေဖော်ထုတ်ခြင်းကိုလည်းကောင်း၊ သူတို့ပြဿနာများ၏ အတိမ်အနက်သည် ဘာဖြစ်ခဲ့သည်ဆိုသည်ကို ဖမ်းဆုပ်တတ်ရန်ကြိုးပမ်းရာတွင်လည်းကောင်း၊ ပြီးနောက်တွင် ဘုရားသခင်၏အလိုတော်နှင့်အညီ မိတ်သဟာယကို မျှဝေပေးခြင်းနှင့် ကိုယ်တော်၏ နှုတ်ကပတ်တော် အပေါ်မှာ အခြေခံသော လူသားမျိုးနွယ်အတွက် ကိုယ်တော်၏တောင်းဆိုမှုများကို မျှဝေပေးရာတွင်လည်းကောင်း ကျွန်မသတိကြီးစွာထား၍ အစပြုလာခဲ့ပါသည်။ ကျွန်မအနေဖြင့် ဘုရားသခင်သည် မိမိတောင်းဆိုထားသည့် နည်းလမ်းအတိုင်း ကျွန်ုပ်တို့ကို ပြုမူစေလိုခဲ့ရသည့်အကြောင်းတရား၊ မိမိတို့အတွက် ကိုယ်တော်၏ လေးနက်သော ရည်ရွယ်ချက်များမှာ ဘာတွေများဖြစ်ခဲ့ပါကြောင်း၊ မည်ကဲ့သို့သော သက်‎ရောက်မှုမျိုးကို ရရှိရန်အတွက် ကိုယ်တော်သည် မျှော်မှန်းထားခဲ့ကြောင်း၊ နှင့် ကိုယ်တော်၏အလိုတော်နှင့်အညီ ဖြစ်ဖို့ရန် မိမိတို့အနေဖြင့် ဘုရားသခင်နှင့်အတူ မည်ကဲ့သို့ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း စသည်တို့နှင့် ပက်သက်ပြီး ကျွန်မပြောဆိုခဲ့ပါသည်။ ဤနည်းလမ်းအတိုင်းနောက်ပိုင်းတွင် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာများကို ကျွန်မမြင်တွေ့လာရပါတော့သည်။ ကျွန်မ၏ ညီအစ်ကို မောင်နှမများသည် ဘုရားသခင်၏ အလိုတော်ကို စတင်၍ နားလည် သဘောပေါက်လာပြီး ဘုရားသခင်၏ ကယ်တင်ခြင်း အကြောင်းကို သက်သေခံလာကြသည်။ လူတို့အတွက် ဘုရားသခင် ပေးဆပ်ခဲ့သော အဖိုးအခသည် လူ့ဉာဏ်၏ နားလည်သဘောပေါက်နိုင်စွမ်းဖြင့် ဉာဏ်မမီနိုင်ကြောင်းကို သူတို့အနေဖြင့် စတင်သိရှိလာကြပါသည်။ သူတို့သည် မိမိတို့၏ ပုန်ကန်ဆန့်ကျင်တတ်သော သဘောသဘာဝများနှင့်ပတ်သက်၍ သဘောပေါက်ခြင်းအချို့ရှိလာဖို့ စတင် လာခဲ့ကြပြီး သမ္မာတရားကို လိုက်လျှောက်ဖို့ ဆန္ဒ ရှိလာကြကာ မိမိတို့တာဝန်များ ကျေပွန်ရန်အတွက်လည်း လှုံ့ဆော်မှု ခံစားလာခဲ့ကြသည်။

ကျွန်မ၏ လက်တွေ့အတွေ့အကြုံများအားဖြင့် ဘုရားသခင့် မေတ္တာတော်၏ တကယ့်စစ်မှန်သော သဘောသဘာဝများနှင့်ပတ်သက်၍ နက်နဲသောသိရှိခံစားခြင်းတစ်ခုကို ကျွန်မရရှိလာခဲ့လေသည်။ ကျွန်မအနေဖြင့် မိမိ အလိုဆန္ဒအတိုင်း လုပ်ဆောင်ခဲ့သည့်အခါ ကိုယ်တော်ကိုအစေခံခြင်းအမှု၌ ဘုရားသခင်ကို ဆန့်ကျင်နေခဲ့စဉ်က ဘုရားသခင်သည် ကျွန်မ၏ အဆင့်မမီမှုများ၊ အားနည်းမှုများကို လျင်မြန်စွာ ဖော်ပြခဲ့ပြီး လုပ်ငန်းခွင်မှားယွင်းမှုများကိုလည်း ပြုပြင်ပေးခဲ့ပါသည်။ ထိုသို့မဟုတ်ပါက ကျွန်မ၏ လုပ်ဆောင်မှုများသည် ညီအစ်ကိုမောင်နှမများကို မည်သည့်နေရာဆီသို့ဦးဆောင်ခေါ်သွားနေခဲ့မည်ကို ကျွန်မ အနေဖြင့် အမှန်တကယ်မသိပါ သို့မဟုတ် သူတို့ထံသို့ဘေးအန္တရာယ် မည်မျှသယ်ဆောင်လာခဲ့မည်ကိုပင် မသိတော့ပါ။ ကျွန်မသည် ဘုရားသခင်၏ ရှေ့တော်သို့လာရောက်ပြီး ကျေးဇူးချီးမွမ်းခြင်း၏ ပဌနာကို တင်လှူပူဇော်ပါသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ စစ်မှန်၍ မှန်ကန်သောလုပ်ရပ်များအတွက် ကိုယ်တော့်ကိုကျေးဇူးတင်ပါသည်။ ထိုအမှုအရာများက ကျွန်ုပ်အပေါ် သွန်းလောင်းသော ကိုယ်တော်၏ အံ့ဩဘွယ်ရာ အမှုများနှင့် ကယ်တင်ခြင်းကို မြင်တွေ့စေပါသည်။ ယခုမှစ၍ သမ္မာတရားအပေါ် နှစ်ဆတိုး၍ဆက်ကပ်ဖို့နှင့်ကိုယ်တော်၏ တောင်းဆိုမှုများကို နားလည်နိုင်ရန်အတွက် ပို၍ကြိုးစားအားထုတ်ပါမည်အကြောင်း ကျွန်ုပ် ကတိသစ္စာဆိုပါ၏။ သို့မှသာလျှင် ကိုယ်တော်၏ အလိုတော်ကို ရှာဖွေ ဆုတ်ကိုင်နိုင်ပြီး အရာရာ၌ ကိုယ်တော်၏ဆန္ဒတော်နှင့်အညီ လုပ်ကိုင်နိုင်ကာ ကိုယ်တော်၏ အလိုတော်နှင့်အညီ အစေခံခြင်းအမှုကို ဆောင်ရွက်နိုင်ပါမည်။’’

ယခင်က:စစ်မှန်သောမိတ်ဖက်ပြုခြင်း

နောက်တစ်ခုသို့:ကျွန်မ၏ ကြိုးစားအားထုတ်ခြင်း နောက်ကွယ်မှ လျှို့ဝှက်ချက်များ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ