၁) စစ်မှန်သော နောင်တသည် အဘယ်အရာဖြစ်ပြီး ယင်း၏ သရုပ်သကန်များမှာ အဘယ်နည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ဆန့်ကျင်ဖူးကြပြီး၊ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ပုန်ကန်ဖူးကြသည်။ သို့သော်၊ သင်သည် လူဇာတိခံ ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ နာခံပြီး၊ ဤအခြေအနေမှ သင်၏ သစ္စာစောင့်သိမှုဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေပါက၊ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်ထမ်းဆောင်သင့်သည့် ဝတ္တရားကို ထမ်းဆောင်ပြီး၊ သင်လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက၊ သင်သည် ဘုရားသခင် စိတ်ကျေနပ်စေရန် သင်၏ ပုန်ကန်မှုကို စွန့်ပစ်ရန် လိုလားနေသူ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်သူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ အမှားများကို ကြည့်ဖို့ ခေါင်းမာစွာ ငြင်းဆန်ပြီး မိမိကိုယ်ကိုယ် နောင်တရခြင်းငှာ ရည်ရွယ်ချက်မရှိခဲ့ပါက၊ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် သူ့ကို စိတ်ကျေနပ်စေခြင်းငှာ ရည်ရွယ်ချက် နည်းနည်းမျှမရှိဘဲ သင်၏ ပုန်ကန်တတ်သော အမူအကျင့်ဖြင့် သင် မရမက လုပ်ဆောင်ပါက၊ သင်ကဲ့သို့သော အင်မတန် ခေါင်းမာပြီး ပြုပြင်မရသော လူတစ်ဦးသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသူတစ်ဦး ဘယ်သောအခါမျှ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ သို့ဖြစ်၍၊ သင်သည် ယနေ့တွင် ဘုရားသခင်၏ ရန်သူဖြစ်ပြီး မနက်ဖြန်တွင်လည်း ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ကာ နောက်နေ့တွင်လည်း ဘုရားသခင်၏ရန်သူ ဖြစ်မြဲဖြစ်ပေလိမ့်မည်။ သင်သည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်ဘက်နှင့် ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်လိမ့်မည်။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သင့်ကို မည်သို့ သက်ညှာနိုင်မည်နည်း။ ဘုရားသခင်ကို ဆန့်ကျင်ဖို့ဆိုသည်မှာ လူသား၏သဘာဝတွင် ရှိသော်လည်း၊ သူ၏ သဘာဝကို ပြောင်းလဲခြင်းသည် ကျော်လွှားမရနိုင်သော အလုပ်တစ်ခု ဖြစ်သောကြောင့်မျှဖြင့် လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် “လျှို့ဝှက်ချက်” ကို တမင်တကာ ရှာဖွေရမည်မဟုတ်ပေ။ ထိုသို့ဖြစ်မည်ဆိုပါက၊ အနာဂတ်တွင် သင်၏ ပြစ်တင်ဆုံးမှု သာ၍ ပြင်းထန်လာမည်စိုးသဖြင့်၊ ပြီးလျှင် နောက်ဆုံးတွင် သင်၏ သွေးသားခနွာကို ဘုရားသခင် အဆုံးသတ်ရသည်အထိ၊ သင်၏ကြမ်းကြုတ်သော သဘာဝ ပွင့်ထွက်ပြီး ထိန်းမရနိုင်ဖြစ်လာမည် စိုးသဖြင့်၊ အလွန်နောက်မကျမီ သင်ထွက်သွားသည်က ပိုကောင်းပေမည်။ သင်သည် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဘုရားသခင်ကို ယုံကြည်၏။ သို့သော် နောက်ဆုံးတွင် ကံအကြောင်းမလှသည့် ဖြစ်ရပ်သာ သင့်အပေါ် ကျရောက်ပါက၊ ယင်းသည် အရှက်ရစရာ ဖြစ်မည်မဟုတ်လော။ သင်တို့အနေဖြင့် အခြားအစီအစဉ် ပြုလုပ်သည်က ပိုကောင်းပေလိမ့်မည်ဟု သင်တို့ကို ငါ တိုက်တွန်း၏။ သင်တို့ လုပ်ဆောင်နိုင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ကောင်းပေမည်- ဤလမ်းကြောင်းတစ်ခုသာ ရှိသည်မှာ ဧကန်မုချ မဖြစ်နိုင်။ သမ္မာတရားကို သင်တို့ မရှာဖွေခဲ့ပါက၊ သင်တို့ ဆက်လက်ရှင်သန်ခဲ့ကြမည် မဟုတ်လော။ အဘယ်ကြောင့် သင်သည် ဤနည်းဖြင့် ဘုရားသခင်နှင့် သဘောကွဲလွဲရမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

လူတိုင်းသည် အနည်းနှင့်အများ ပြစ်မှားမိကြ၏။ တစ်စုံတစ်ရာက ပြစ်မှားခြင်းဖြစ်သည်ကို သင်မသိသည့်အခါ၊ ယင်းကို မရှင်းလင်းသော စိတ်အခြေအနေတစ်ခုဖြင့် သဘောထားတတ်သည်၊ သို့မဟုတ် သင်သည် သင်၏ကိုယ်ပိုင်အယူအဆများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် သိနားလည်မှု နည်းလမ်းများကို ဖက်တွယ်ဆဲ ဖြစ်ကောင်းဖြစ်မည်- သို့သော် တစ်နေ့တွင်၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်ဖြစ်စေ၊ ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းအားဖြင့်ဖြစ်စေ၊ ဤအရာက ပြစ်မှားခြင်း၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်ကို သင့်အနေဖြင့် သင်ယူရသည်။ ထိုအခါ သင်၏သဘောထားက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်လုပ်ဆောင်နေသည့်အရာက သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ရင်း၊ သင်သည် သင်၏ကိုယ်ပိုင်စိတ်ကူးများကို စွဲကိုင်နေဆဲ၊ ဆင်ခြင်နေဆဲ၊ ငြင်းခုံနေဆဲ၊ ထွင်နေဆဲ ဖြစ်လိမ့်မည်လော။ ဤသည်၌ ဘုရားသခင်အပေါ် သင်၏သဘောထား ပါဝင်၏။ မည်သည့်သဘောထားဖြင့် ဒါဝိဒ်သည် သူ၏ပြစ်မှားခြင်းများကို ယူမှတ်သနည်း။ နောင်တ- သူသည် ယင်းတို့ကို ကျူးလွန်တော့မည် မဟုတ်ပေ။ သို့ဆိုလျှင်၊ မည်သည့်အရာကို သူလုပ်ဆောင်ခဲ့သနည်း။ သူ့ကို အပြစ်ပေးရန် ဘုရားသခင်ထံ တောင်းဆိုရင်း၊ သူက၊ “ဤအမှားကို ကျွန်ုပ်တစ်ဖန်ပြုမိလျှင်၊ ကျွန်ုပ်ကို ဘုရားသခင်အပြစ်ဒဏ်ပေးပြီး အဆုံးစီရင်တော်မူပါ” ဟု ဆုတောင်းခဲ့သည်။ ယင်းမှာ သူ၏စိတ်ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ ယင်းမှာ စစ်မှန်သော နောင်တဖြစ်ခဲ့သည်။ သာမန်လူတို့က ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ သာမန်လူတို့အနေဖြင့် ၎င်းတို့သည် ငြင်းခုံဖို့ မကြိုးစားပါက၊ သို့မဟုတ် ဖွင့်ပြောရန်မလိုဘဲ တာဝန်ကို ဝန်ခံပါက ကောင်း၏၊ သို့သော် ၎င်းတို့၏စိတ်နှလုံးတွင် ၎င်းတို့က၊ “မည်သူမျှ ဤအရာအား တစ်ဖန်မတင်ပြဖို့ ငါမျှော်လင့်သည်။ ငါအရှက်ရလိမ့်မည်” ဟု တွေးကြ၏။ ဤသည်မှာ စစ်မှန်သော နောင်တဖြစ်သလော။ အမှန်တကယ် နောင်တရဖို့၊ သင်၏အတိတ်က ဆိုးယုတ်မှုကို သင်ဖယ်ရှားရမည်၊ ယင်းကို ချထားရမည်ဖြစ်ပြီး ထိုသို့သောအရာကို တစ်ဖန်မလုပ်ဆောင်ရ။ ကိုင်း၊ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဆိုးယုတ်မှုကို ဖယ်ရှားကာ ထိုအရာကို မလုပ်ဆောင်ဘဲ မတွေးတောရုံမျှသည် အလုပ်ဖြစ်လိမ့်မည်လော။ ဘုရားသခင်အပေါ် သင်၏သဘောထားမှာ အဘယ်နည်း။ သင့်ကို ယခု ဖော်ထုတ်နေသည့် ဘုရားသခင်ကို သင်သည် မည်သည့်နည်းလမ်းဖြင့် ချဉ်းကပ်မည်နည်း။ (ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ကျွန်ုပ်တို့ လက်ခံပါမည်။) ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်း- ယင်းသည် ထိုအရာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အခြားသော အစိတ်အပိုင်းမှာ သူ၏အပြစ်ဒဏ်ပေးခြင်းကို လက်ခံစဉ်တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်း ဖြစ်သည်။ အပိုင်းနှစ်ပိုင်းလုံးကို သင်လက်ခံပြီးချိန်တွင်၊ သင်၏စိတ်ဆုံးဖြတ်ချက်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ အနာဂတ်တွင် ထိုသို့သော အခြေအနေများနှင့် ထိုသို့သော ကိစ္စရပ်များကို သင်ကြုံရချိန်တွင်၊ မည်သည့်အရာကို သင်လုပ်ဆောင်လိမ့်မည်နည်း။ စစ်မှန်သော နောင်တမရှိဘဲ၊ ဆိုးယုတ်မှုကို ဖယ်ရှား၍မရနိုင်သကဲ့သို့၊ နေရာမရွေး၊ အချိန်မရွေးတွင်၊ ၎င်းတို့သည် အလားတူ ဆိုးသောအရာကို လုပ်ဆောင်ရင်း၊ အလားတူ ပြစ်မှားခြင်းကို ကျူးလွန်ရင်း၊ အလားတူအမှားကို အထပ်ထပ် အခါခါပြုလုပ်ရင်း၊ အလားတူ ဟောင်းသောလမ်းသို့ ပြန်သွားနိုင်ပေသည်။ ဤအရာက သမ္မာတရားနှင့် ဘုရားသခင်အပေါ် လူသား၏သဘောထားကို ထုတ်ဖော်ပြ၏။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

အစတွင်၊ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးသည်။ မိမိ၏တာဝန်များကို သစ္စာရှိစွာဖြင့် ကျေပွန်အောင် ထမ်းရွက်ခြင်းကို ဥပမာတစ်ခုအဖြစ် ကြည့်လော့၊ သင်၏တာဝန်များကို ကျေပွန်အောင် ထမ်းရွက်ခြင်းအကြောင်းနှင့် ဘုရားသခင်ကို ဆည်းကပ်ခြင်းအကြောင်း သိနားလည်မှုအချို့ သင်၌ရှိသည်၊ ထို့အပြင် သင်သည် သက်ဆိုင်သော သမ္မာတရားများကို နားလည်သည်၊ သို့ရာတွင် မည်သည့်အချိန်တွင် ဘုရားသခင်ထံ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား သင် ဆက်ကပ်အပ်နှံနိုင်မည်နည်း။ သင်သည် သင်၏တာဝန်များကို အမည်ခံရော လုပ်ဆောင်ချက်ပါ နှစ်ခုလုံးဖြင့် မည်သည့်အချိန်တွင် ကျေပွန်အောင် ထမ်းရွက်နိုင်လိမ့်မည်နည်း။ ဤအရာသည် လုပ်ငန်းစဉ်တစ်ခုကို လိုအပ်လိမ့်မည်။ ဤလုပ်ငန်းစဉ် အတောအတွင်း သင်သည် ဒုက္ခဆင်းရဲများစွာကို ခံစားရနိုင်သည်။ လူအချို့သည် သင့်ကို ကိုင်တွယ်ဖြေရှင်းကြမည်ဖြစ်ပြီး၊ အခြားသူများက သင့်ကို ဝေဖန်ကောင်း ဝေဖန်ကြမည်။ အယောက်တိုင်း၏ မျက်လုံးများသည် သင့်အပေါ် ဒေါက်ထောက် ကြည့်ကြလိမ့်မည်ဖြစ်၍ ထိုအခါမှသာ သင်သည် အမှားပြုလုပ်မိပြီးဖြစ်ကြောင်း၊ ညံ့ဖျင်းစွာ လုပ်ဆောင်ပြီးသူတစ်ဦး အမှန်တကယ် ဖြစ်ကြောင်း၊ သင်၏တာဝန်ကို ဖြည့်ဆည်းမှုတွင် ဆက်ကပ်အပ်နှံမှုမရှိခြင်းသည် လက်မခံနိုင်စရာဖြစ်ကြောင်းနှင့်၊ သင်သည် သတိမမူခြင်းနှင့် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိ၍ မဖြစ်ကြောင်းတို့ကို စတင်နားလည်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေ၍ အမှားတစ်ခုကို သင်ပြုလုပ်မိသောအခါ သင့်ကိုပြစ်တင်ဝေဖန်လိမ့်မည်။ ဤလုပ်ငန်းစဉ်အတောအတွင်း သင်သည် သင့်အကြောင်းနှင့်ပတ်သက်၍ အချို့အရာတို့ကို နားလည်လာလိမ့်မည်ဖြစ်ပြီး၊ သင်သည် အလွန်မစင်ကြယ်ကြောင်း၊ များလွန်းသော ပုဂ္ဂိုလ်ရေးရာ အကြောင်းရင်းများကို သင်လက်သင့်ခံထားပြီး သင်၏တာဝန်များကို ဖြည့်ဆည်းနေချိန်တွင် လွန်ကျူးသော အလိုဆန္ဒများစွာ သင်၌ရှိသည်ကို သိလာလိမ့်မည်။ ဤအရာများ၏ အနှစ်သာရကို သင်နားလည်သွားသည်နှင့် တစ်ပြိုင်နက်၊ သင်သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ပြီး အမှန်တကယ် နောင်တရနိုင်ပေသည်။ ဤနည်းဖြင့်၊ သင်သည် ထိုမစင်ကြယ်မှုများမှ သန့်စင်ခံရနိုင်၏။ အကယ်၍ ဤပုံစံဖြင့် သင်သည် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မကြာခဏ ရှာဖွေပါက၊ ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ခြေချမိလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပို၍သန့်စင်ခြင်းသို့ ရောက်လေလေ၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား အသွင်သဏ္ဌာန်ပြောင်းလဲလေလေ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

စိတ်သဘောထား၌ ပြောင်းလဲမှုသည် အမျိုးမျိုးသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများကို သတိပြုခြင်းမှ စတင်ပေသည်။ လူတစ်ဦးသည် ဤအရာကို စတင် သတိမပြုမိပါက၊ လူတစ်ဦးသည် လက်တွေ့အရှိတရား၏ ဤသွင်ပြင်လက္ခဏာထဲသို့ မဝင်ရောက်သေးပါက၊ မိမိ၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုဆိုသည်မှာ စဉ်းစားစရာ မလိုပေ။ ဤသို့ဆိုလျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် မဖြစ်နိုင်သောကြောင့် လူတို့အများစုက ၎င်းတို့၏တာဝန်ကို လုပ်ဆောင်နေစဉ်ကာလတစ်လျှောက်တွင် ဆောင်ရွက်ရသော အခန်းကဏ္ဍမှာ အဘယ်နည်း။ မိမိတို့ကိုယ်ကို အားထုတ်ကြိုးပမ်းခြင်း၊ တာဝန်များနှင့် အလုပ်များနေခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်နေကြသော်လည်း အများစုမှာ ပင်ပန်းကြီးစွာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းတို့သည် စိတ်ရွှင်နေသောအခါတွင် ပို၍ အားစိုက်ထုတ်သည်၊ အလွန်အမင်း စိတ်ရွှင်မှုမရှိသောအခါတွင် လျော့၍ အားစိုက်ထုတ်ကြသည်။ ထိုသို့ပြုပြီးနောက်တွင် ဤအရာကို ၎င်းတို့ဆင်ခြင်တွေးတောကြပြီး အနည်းငယ် စိတ်မကောင်းဖြစ်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် အနည်းငယ်ပို၍ အားစိုက်ထုတ်ပြီး နောင်တရပြီးဖြစ်သည်ဟု အထင်ရောက်ကြသည်။ အမှန်တကယ်တွင် ဤသည်မှာ စစ်မှန်သော ပြောင်းလဲမှုမဟုတ်ပေ။ ဤသည်မှာ စစ်မှန်သော နောင်တရခြင်းမဟုတ်ပေ။ စစ်မှန်သော နောင်တရခြင်းသည် သင်၏အပြုအမူမှ စတင်သည်။ သင်၏အပြုအမူတွင် အပြောင်းအလဲတစ်ခုရှိလျှင်၊ သင့်ကိုယ်သင် စွန့်လွှတ်နိုင်ပြီး အမှုအရာများကို ထိုနည်းဖြင့် မလုပ်ဆောင်တော့လျှင်၊ သင်၏လုပ်ရပ်များသည် အခြေခံသဘောတရားများနှင့် ညီသည့်ပုံပေါ်လျှင်၊ ပြောဆို၊ ပြုမူရာတွင် အခြေခံသဘောတရားများကို တဖြည်းဖြည်းချင်းဖြင့် အခြေခံနိုင်လျှင် ဤသည်မှာ စိတ်သဘောထားပြောင်းလဲမှု၏ အစဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

လူအချို့သည် ၎င်းတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းတွင် ဟန်ဆောင်၍သာ လုပ်ပြနေကြ၏- “အယောက်တိုင်းက ၎င်းတို့ လှည့်ဖြားတတ်ကြသည်ဟု ပြောနေကြသည်၊ ထို့ကြောင့် ကျွန်ုပ်လည်း ပြောမည် မပြောပါက ကသိကအောက်ဖြစ်လိမ့်မည်။” ၎င်းတို့သည် ယင်းကို ဂုဏ်ယူဝင့်ကြွားစရာဖြစ်သည့်အလား ရွှင်ပျစွာ ပြောကြသည်။ ဤသည်မှာ ဟန်ဆောင်လုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဟန်ဆောင်လုပ်ပြခြင်းမှ လာသည့် ဤအသိပညာတွင် အကြွေးတင်ရှိခြင်း တစ်စုံတစ်ရာ ရှိသလော။ မရှိပေ။ ၎င်းတို့အနေဖြင့် ၎င်းတို့ကိုယ်တိုင်၏ လှည့်ဖြားတတ်ခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို မည်မျှ သတိပြုမိသည်ဖြစ်စေ၊ ယင်းသည် မှန်ကန်သော သတိပြုမိခြင်း မဟုတ်။ ယင်းသည် မှန်ကန်သော သတိပြုမိခြင်း မဟုတ်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ ၎င်းတို့၏ သတိပြုမိခြင်းမှာ ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်ရှိုင်းသောနေရာမှ လာသည့် မိမိတို့ကိုယ်ကိုယ်အပေါ် မှန်ကန်သော ထုတ်ဖော်ချက်နှင့် မုန်းတီးမှု မဟုတ်ပေ။ ၎င်းတို့သည် မကောင်းသည့် အရာတစ်ခုတစ်လေကို လုပ်ဆောင်သည့်အခါ မည်သည့် မုန်းတီးမှုမျှ၊ မည်သည့် အကြွေးတင်ရှိခြင်း အသိစိတ်မျှ မခံစားရပေ။ ဘုရားသခင်ကို လိမ်လည်လှည့်စားဖို့ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားစော်ကားဖို့ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ဖို့ ၎င်းတို့ ကြိုးစားကြသည့်အခါ မည်သည့် အကြွေးတင်ရှိခြင်းမျှ ၎င်းတို့ မခံစားရသကဲ့သို့ အခြားလူတို့ကို ၎င်းတို့ လိမ်လည်လှည့်စားသည့်အခါတွင်လည်း မခံစားရပေ။ အကြွေးတင်ရှိခြင်းကို ၎င်းတို့ မခံစားရပါက၊ ၎င်းတို့ နောင်တရှိနိုင်စွမ်း ရှိကြသလော။ ပြီးလျှင် နောင်တမရှိသော လူတို့သည် နောင်တရနိုင်သလော။ နောင်တမရသော လူတို့သည် ပြောင်းလဲပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဇာတိပကတိ၏ အကျိုးစီးပွားများကို ငြင်းပယ်နိုင်သလော။ ၎င်းတို့ မငြင်းပယ်နိုင်ပေ၊ ဤသည်မှာ စိတ်နှလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်သည်။ လူအချို့သည် အတွင်းကျိတ် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် သိရှိပြီး နောင်တရကြသည်။ ယင်းကို ၎င်းတို့၏ နှုတ်က မပြောသော်လည်း၊ ၎င်းတို့ အရှက်ရကြသည်၊ ၎င်းတို့ လိမ်ညာမိပြီးဖြစ်သည်ကို ၎င်းတို့ ခံစားရပြီး မိမိတို့ကိုယ်ကိုယ် အခြားသူများအား အတင်းအကျပ်ပြောခိုင်း၍ မရနိုင်ကြပေ၊ ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့သည် လှည့်ဖြားတတ်ပြီး မကောင်းကြကြောင်း၊ ၎င်းတို့သည် တည်ကြည်မှုရှိသည့် သူတစ်ဦးမဟုတ်ကြောင်း၊ ၎င်းတို့သည် လုံးဝ အစစ်အမှန်မဟုတ်သကဲ့သို့ လှည့်ဖြားတတ်ကြောင်း၊ ၎င်းတို့သည် ညီအစ်ကို မောင်နှမများကို လှည့်ဖြားနေကြပြီး ဘုရားသခင်ကို လှည့်ဖြားနေကြကြောင်း သိကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မုန်းတီးကြပြီးနောက် နောင်တရကြသည်။ အယောက်တိုင်းသည့် တူညီသည့် သဘာဝဗီဇ အနှစ်သာရရှိသော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ယုတ်ညံ့မှုကို ၎င်းတို့ ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် အရှက်ရကြသည်၊ ဘုရားသခင် ထုတ်ဖော်ပြသည့် အရာတိုင်းအား မှန်ကန်ကြောင်း အသိအမှတ်ပြုကြပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို စတင်လက်ခံကြသည်။ ၎င်းတို့သည် ၎င်းတို့ စိတ်နှလုံးများ၏ နက်ရှိုင်းသော နေရာများတွင် စစ်မှန်သော နောင်တကို ခံစားကြရသည်။ ဤသည်မှာ စစ်မှန်သော သိမြင်နားလည်ခြင်းနှင့် အသိပညာ ဖြစ်သည်။ ထိုအတောအတွင်း၊ စစ်မှန်သော သိမြင်နားလည်ခြင်း မရှိသောသူတို့သည် အချို့သော လုပ်ရိုးလုပ်စဉ်များကို ပြက်လုံးတစ်ခုကို ပြောနေကြသည့်အလား သို့မဟုတ် ကလေးကဗျာတေးတစ်ခုကို သီဆိုနေသည့်အလား အဖန်ဖန် ပြုလုပ်နိုင်၏။ ဤသည်တို့မှာ အသည်းစွဲ စကားရပ်များသာ ဖြစ်၏။ ၎င်းတို့၏ လှည့်ဖြားမှုများက လူတို့ကို အနည်းငယ် ငိုကြွေးစေသော်လည်း ၎င်းတို့အဖို့ ယင်းသည် မည်သည့်အဓိပ္ပယ်မျှ မရှိပေ။ ဤကဲ့သို့သော လူများစွာ ရှိသလော။ ဤကဲ့သို့သော လူများသည် အလှည့်ဖြားတတ်ဆုံးသော သူများ ဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

အန္တိခရစ်တို့၏ လမ်းကြောင်းနောက် လိုက်သည့်သူများ၌ နောင်တရရန် မျှော်လင့်ချက်နှင့် အခွင့်အရေးတို့ ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ အန္တိခရစ်စိတ်သဘောထားကို ဖယ်ရှားနိုင်စွမ်း ရှိကြ၏၊ သို့သော်လည်း အန္တိခရစ်များကမူ သမ္မာတရားကို လက်မခံနိုင်ကြသောကြောင့်၊ ၎င်းတို့ကို ပွင့်လင်းပြီး ရိုးသားရန်နှင့် ၎င်းတို့ပြောစရာရှိသည့်အရာကို တွေးတောမနေဘဲ၊ သို့မဟုတ် စီမံပြုပြင်မနေဘဲ တိုက်ရိုက်ပြောရန် သင့်အနေဖြင့် ၎င်းတို့ကို မည်သို့ပင်ပြောသည်ဖြစ်စေ ထိုသို့ လုပ်ဆောင်လိုက်ပါက ၎င်းတို့အတွက် ပို၍ဆိုးသွားမည့်အလား ၎င်းတို့ခံစားရပြီး ယင်းသည် အလုပ်မဖြစ်ကြောင်း၊ မိုက်မဲမှုတစ်ခုသာ ဖြစ်ကြောင်း ၎င်းတို့ခံစားကြရသည်။ ၎င်းတို့မည်မျှကြိုးစားပါစေ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ ထိုအရာသည် အန္တိခရစ်တစ်ဦးဖြစ်သည်။ ယင်းသည် ကွဲပြားခြားနားချက် ဖြစ်သည်။ သမ္မာတရားကို မည်သို့ဆွေးနွေးပြောဆိုပါစေ အန္တိခရစ်တို့ကဲ့သို့ လူများက ၎င်းတို့သည် သမ္မာတရားနှင့်အညီ မပြုမူခဲ့ကြောင်းနှင့် ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိကြောင်းတို့မျှသာ ဝန်ခံကြသည်။ သို့ရာတွင် ၎င်းတို့၏ဝန်ခံချက်သည် အသုံးမတည့်သကဲ့သို့ ဤအရာကို ၎င်းတို့၏လက်ခံခြင်းသည်လည်း အသုံးမတည့်ပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ၊ ထို့ကြောင့် ၎င်းတို့သည် ပြောင်းလဲနိုင်စွမ်းမရှိကြ၊ ဘုရားသခင်ကလည်း ၎င်းတို့အား ကယ်တင်မည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို ကြားသည့်အခါ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားနှင့် ထိုလူအချို့က ၎င်းတို့၏စိတ်နှလုံးထဲတွင် ယင်းတို့ကို အမှတ်ရပြီး စိတ်နှလုံးထဲ၌ အတွေးပေါက် သွားကြသည်။ “ဤသို့လျှင် ယင်းမှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားပင် ဖြစ်နေသည်တကား။ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ခြင်းဆိုသည်မှာ ထိုအရာပင် ဖြစ်တော့သည်တကား— ဤအရာက အမှန်တကယ် စိုးရိမ်စရာပင်တည်း။ ငါ၌ ထိုအခြေအနေမျိုးရှိနေပြီး ယင်းသည် ငါပြုမူသည့်ပုံစံ ဖြစ်သည်။ ငါ၌ ထိုအနှစ်သာရမျိုး ရှိနေ၏— ငါသည် ထိုသို့သောလူစားမျိုး ဖြစ်နေတော့သည်တကား။” ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ မည်သို့ပြောင်းလဲနိုင်ပုံ၊ မိမိတို့၏အန္တိခရစ် စိတ်သဘောထားမှ မည်သို့လွတ်မြောက်နိုင်ပုံ၊ ယင်းနှင့် မည်သို့မျှသက်ဆိုင်စရာ၊ သို့မဟုတ် ပတ်သက်စရာ မလိုတော့ဘဲ နေနိုင်ပုံနှင့် အန္တိခရစ်တို့၏ လမ်းကြောင်းကို မည်သို့မလျှောက်ဖို့တို့ကို အချိန်ယူ စဉ်းစားလိမ့်မည် ဖြစ်သည်။ အလုပ်၌၊ အသက်တာ၌၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ ဝင်ရောက်မှု၌၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုကိစ္စများတို့အပေါ် ၎င်းတို့၏ သဘောထား၌၊ ဘုရားသခင်က ၎င်းတို့ကို ပေးအပ်ထားသည့် အရာများကို ကိုင်တွယ်ဖြေရှင်းရာ၌ လုပ်ရပ်တစ်ခုသည် အန္တိခရစ်တစ်ဦး၏လုပ်ရပ် ဟုတ်မဟုတ်ကို ၎င်းတို့ ဆင်ခြင်တွေးတောလိမ့်မည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားက ၎င်းတို့၌ ထုတ်ဖော်ခံရသည့်အခါတွင် ၎င်းတို့သည် ယင်းကို မုန်းတီးလိမ့်မည်ဖြစ်ပြီး ယင်းကို ထုတ်ဖော်ပြီးသည့်နောက်တွင် နောင်တရကြလိမ့်မည်။ ၎င်းတို့၏အမုန်းတရားနှင့် နောင်တတို့သည် ၎င်းတို့၏ အသက်ဝင်ရောက်မှုကို မည်သို့အကျိုးဖြစ်စေမည်နည်း။ တစ်နှစ် နှစ်နှစ်အတွင်းတွင် အလုပ်၌ရော ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ ဝင်ရောက်မှု၌ပါ ၎င်းတို့သည် အန္တိခရစ်၏ စိတ်သဘောထားကို ဖြည်းဖြည်းချင်း ဖယ်ရှားလိမ့်မည်ဖြစ်ပြီး ယင်းကို ရုန်းကန်တိုက်ခိုက်ကြလိမ့်မည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် မည်သို့မျှမတတ်နိုင်ဘဲ ဂုဏ်အဆင့်အတန်းအတွက် အမှုအရာများကို ပြုလုပ်လိုဆဲ၊ ပြောဆိုလိုဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့ပြောပြီးလျှင်ပြောပြီးချင်း ၎င်းတို့သည် မိမိတို့ကိုယ်ကို မုန်းတီးလိမ့်မည်ဖြစ်လင့်ကစား ထိုကဲ့သို့သော အရေးကိစ္စများ နောက်တစ်ကြိမ် ပေါ်ပေါက်လာသည့်အခါတွင်လည်း ထိုသို့ပင် တစ်ဖန် လုပ်ဆောင်ကြလိမ့်မည်၊ ပြီးနောက်တွင် တစ်ဖန် နောင်တရကြမည်ဖြစ်ကာ အစဉ် တဝဲလည်လည်ဖြစ်နေလိမ့်မည်။ ဤတဝဲလည်လည်ဖြစ်ခြင်းက မည်သည့်အရာကို သက်သေပြသနည်း။ ၎င်းတို့သည် ဝင်ရောက်မှု၌ ရှိကြသည်ကို သက်သေပြနေသည်။ ထိုကဲ့သို့သော တဝဲလည်လည်ဖြစ်ခြင်း ဖြစ်စေ၊ ဝင်ရောက်မှုဖြစ်စေ၊ ဒုံရင်းပြန်ဆိုက်ခြင်းဖြစ်စေ မရှိပါက အသက်လည်း မရှိပေ။ တဝဲလည်လည်ဖြစ်ခြင်းက လူတစ်ယောက်ရှိ အသက်သည် နိုးကြားထကြွနေကြောင်း၊ ၎င်းတို့၌ အသက်နှင့် အခြေခံအုတ်မြစ်တစ်ခုရှိနေကြောင်း သက်သေပြသည်။ လူအချို့၌ ခံစားချက်များ လုံးဝမရှိသကဲ့သို့ နာကျင်မှု၊ သို့မဟုတ် သာယာမှုလည်း မရှိကြပေ၊ ပြီးလျှင် ဤအရာကို ၎င်းတို့အား မိတ်သဟာယပြုသည့်အခါတွင် ၎င်းတို့က ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိကြောင်း၊ ၎င်းတို့သည် အန္တိခရစ်တို့၏လမ်းကြောင်းကို လျှောက်ပြီးဖြစ်ကြောင်း ဝန်ခံကြသည်။ ၎င်းတို့ပြောသည့်အရာက အတော်အတန် ကောင်းမွန်သော်လည်း ဝင်ရောက်မှုနှင့် ပတ်သက်ပါက ၎င်းတို့၌ တိုက်လိုခိုက်လိုစိတ်မရှိပေ။ ၎င်းတို့အနေဖြင့် မိမိတို့၏ အန္တိခရစ် စိတ်သဘောထားကို ဆန့်ကျင်တိုက်ခိုက်ခဲ့ခြင်း ရှိမရှိ၊ မိမိတို့၏ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းဖို့အလို့ငှာ ၎င်းတို့သည် စကားပြောသည့်အခါတွင် စိတ်ထဲ၌ မိမိတို့ကိုယ်ကို အပြစ်တင်ခြင်း ရှိမရှိ၊ ပြောပြီးနောက်တွင် ၎င်းတို့နောင်တရခြင်း ရှိမရှိ၊ ယင်းကို သတိပြုမိပြီးသည့်နောက် ၎င်းတို့က နောက်တစ်ခါ စကားပြောသည့်အခါ ယင်းကို ထိန်းချုပ်ဖို့ ကြိုးစားအားထုတ်ခြင်း ရှိမရှိ၊ ဤအခြေအနေများသည် ၎င်းတို့ထဲ၌ တည်ရှိနေခြင်း ရှိမရှိတို့ကို ၎င်းတို့အား မေးကြည့်လော့။ အပြောသမားများက “ကျွန်ုပ်မသိပါ— ကျွန်ုပ်၌ ထိုအရာအားလုံးရှိ၏” ဟု ပြောကြလိမ့်မည်။ ၎င်းတို့၌ အားလုံးရှိသည်ဟု ၎င်းတို့သဘောတူသော်လည်း ဤအရာကို ဝန်ခံပြီးသည့်နောက် အသေးစိတ်ကျသည့် ဝင်ရောက်မှု၊ သို့မဟုတ် ၎င်းတို့၏ အခြေအနေအတိအကျနှင့် စပ်လျဉ်း၍ မည်သည့်အရာမျှ မရှိပေ။ အမှန်တကယ် ဝင်ရောက် ထားသည့်သူများကမူ စိတ်သောကရောက်လိမ့်မည်။ “ကျွန်ုပ်၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်ကို ကျွန်ုပ်သိပါ၏။ ယင်းကို ကျွန်ုပ် အဘယ်ကြောင့် ဖယ်ရှား၍မရသနည်း။ အလွန်ခက်လှ၏။ ယင်းက ပြောင်းလဲဖို့ရန် လွယ်ကူသည့်အရာ မဟုတ်ပါတကား။” မလွယ်ကူပါဟု ၎င်းတို့ပြောဆိုခြင်းက မည်သည့်အရာကို သက်သေပြသနည်း။ ၎င်းတို့အတွင်းထဲ၌ ၎င်းတို့သည် ဝင်ရောက်နေကြောင်း၊ တိုက်ခိုက်နေကြောင်းနှင့် ၎င်းတို့၏ အခြေအနေသည် ဆက်တိုက်ပြောင်းလဲခြင်းကို ကြုံနေရကြောင်းတို့ကိုပင် ဖြစ်သည်။ ဤနည်းအားဖြင့် အခြေအနေများသည် နည်းနည်းချင်း တိုးတက်လာလိမ့်မည် ဖြစ်ပြီး ၎င်းတို့သည် နောက်ဆုံးတွင် အောင်မြင်လိမ့်မည်။ ဤသည်မှာ မလွယ်ကူပေ။ ယင်းက သေလုမြောပါးဖြစ်နေသူကို ကယ်တင်နေသကဲ့သို့ ဖြစ်သည်— လုပ်၍ရသမျှကို လုပ်၏။ လူတစ်ဦးသည် အသက်ရနိုင်စွမ်း ရှိနေသေးပါက ၎င်းတို့၏ ခန္ဓာကိုယ်တွင် အသက်လက္ခဏာများ စဉ်ဆက်မပြတ် ရှိနေဦးမည်ဖြစ်သည်၊ လုံးလုံး သေဆုံးသွားသည့်သူ တစ်ယောက်ကမူ မည်သည့်အရာကိုပင် သင်လုပ်ဆောင်ပါစေ တုံ့ပြန်မည် မဟုတ်ပေ။ ၎င်းတို့သည် လုံးဝသေဆုံးနေပြီး သိစိတ် မရှိကြပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (၂)” မှ

အတိတ်က လူအချို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားအချို့ကို ထုတ်ဖော်ပြကြသည်- ၎င်းတို့သည် အကြောင်းမဲ့ ထင်ရာမြင်ရာပြုကြသည်၊ ယင်းမှာ ၎င်းတို့ပြောသည့်အတိုင်း လုပ်နိုင်လျှင်လုပ်၊ မလုပ်နိုင်ရင်ထွက်ဟုသာ အမြဲတမ်း ဖြစ်သည်။ သို့ရာတွင် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းမှတစ်ဆင့်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့နှင့်မိတ်သဟာယ ဝေမျှခြင်းမှတစ်ဆင့်၊ ပြန်လည်နေရာချခံရခြင်း သို့မဟုတ် အစားထိုး ခံရခြင်းတို့မှတစ်ဆင့်၊ ဆုတ်ဆိုင်းမှုအကြီးစားအချို့ကို ခံစားရခြင်းအားဖြင့်၊ အချိန်အတန်ကြာ အပျက်သဘောဆောင်ပြီး၊ “မည်သည့်အရာဖြစ်ပါစေ၊ ကျွန်ုပ်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းကို ဦးစားပေးဖို့ လိုသေးသည်။ ကျွန်ုပ်သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေသော်လည်း၊ အန္တိခရစ်အဖြစ် အမျိုးအစားသတ်မှတ် မခံရသေးသောကြောင့်၊ ကျွန်ုပ်၏ယုံကြည်မှု၌ ကျွန်ုပ်သည် ကောင်းမြတ်ရမည်၊ အလွန်စိတ်အားထက်သန်စွာ ကျွန်ုပ် လိုက်စားရမည်။ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတွင် အမှားတစ်စုံတစ်ရာမျှ မရှိ။” ဟု တွေးလျက်၊ နည်းနည်းချင်း၊ ၎င်းတို့သည် မိမိတို့ဘာသာ ပြောင်းလဲလာပြီး၊ ထို့နောက်တွင် ၎င်းတို့ နောင်တရကြသည်။ ၎င်းတို့ထဲတွင် သရုပ်သကန်ကောင်းများရှိသည်၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် ၎င်းတို့သည် သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေပြီး အခြားသူများနှင့် ထိတွေ့သည့်အချိန်တွင်လည်း သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေကြလေသည်။ အချက်တိုင်းတွင် ၎င်းတို့သည် သာ၍ ကောင်းမွန်သော ဦးတည်ချက်ကို ရှေးရှုနေကြသည်။ သို့ဆိုလျှင် ၎င်းတို့ ပြောင်းလဲပြီးဖြစ်သည် မဟုတ်သလော။ ဤသည်မှာ အန္တိခရစ်၏လမ်းကြောင်းကို လျှောက်ခြင်းမှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်း လမ်းကြောင်းသို့ ပြန်လှည့်ခြင်း ဖြစ်သည်။ ၎င်းတို့အတွက် မျှော်လင့်ချက်ရှိသည်၊ ၎င်းတို့တွင် အလားအလာရှိသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ပြောင်းလဲနိုင်ကြသည်။ ၎င်းတို့သည် တစ်ချိန်က အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ကို ပြသခဲ့သောကြောင့် သို့မဟုတ် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ခဲ့သောကြောင့် ထိုသို့သော သူတို့ကို အန္တိခရစ်များအဖြစ် သင် အမျိုးအစား သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်ပေ။ အန္တိခရစ်များသည် နောင်တမရကြပေ၊ ၎င်းတို့ထံတွင် အရှက်မရှိကြပေ၊ ထို့အပြင် ၎င်းတို့၏ စိတ်သဘောထားများသည် ခက်ထန်ကြမ်းတမ်းပြီး ဆိုးယုတ်သည်၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို အဆုံးစွန်သော အတိုင်းအတာအထိ ရွံရှာမုန်းတီးကြသည်။ ၎င်းတို့၏ အစွန်းရောက် ရွံရှာမုန်းတီးခြင်းက မည်သည့်အရာကို သတ်မှတ်သနည်း။ ၎င်းတို့သည် မည်သည့်အခါမျှ နောင်တမရနိုင်ဟု ဖြစ်သည်။ ၎င်းတို့သည် ထိုအတိုင်းအတာအထိ သမ္မာတရားကို ရွံရှာမုန်းတီးပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော၊ ပြီးလျှင် နောင်တရနိုင်သလော။ မဖြစ်နိုင်ပေ။ နောင်တရနိုင်သူများနှင့်ပတ်သက်၍ သေချာသည့်အရာ တစ်ခုရှိပါက၊ ယင်းမှာ ၎င်းတို့သည် အမှားများ ပြုခဲ့သော်လည်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်ကြသည်၊ ၎င်းတို့သည် ဘုရားသခင် ပြောကြားသည့် သမ္မာတရားများကို လက်ခံနိုင်စွမ်း ရှိကြသည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ကိုယ်တိုင်၏ နီတိများအဖြစ်ခံယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အသက်တာများ၏ စစ်မှန်မှု အဖြစ်ပြောင်းလျက်၊ ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားနိုင်စွမ်း ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည်၊ ပြီးလျှင် စိတ်ထဲတွင် ယင်းကို ရွံရှာမုန်းတီးခြင်း မရှိကြချေ။ ဤသည်မှာ ကွာခြားချက် မဟုတ်သလော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (၁)” မှ

နိနေဝေဘုရင်က ဤသတင်းကိုကြားသည့်အခါ သူ၏ရာဇပလ္လင်မှ ထပြီး သူ၏ဝတ်လုံကို ချွတ်၍ လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လိုက်သည်။ ထို့နောက် မြို့ထဲရှိ မည်သူကမျှ ဘာကိုမျှ မမြည်းရ၊ သိုးများကိုဖြစ်စေ၊ နွားများကိုဖြစ်စေ၊ အခြားခြံမွေးတိရစ္ဆာန်များကိုဖြစ်စေ အစာမကျွေး၊ ရေမတိုက်ရဟု သူကြေညာခဲ့သည်။ လူဖြစ်စေ၊ ခြံမွေးတိရစ္ဆာန်ဖြစ်စေ လျှော်တေအဝတ်ကို ဝတ်ကြပြီး လူတို့သည် ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြရန် သူကြေညာခဲ့သည်။ လူတိုင်းသည် မိမိတို့၏ ဆိုးယုတ်သောလမ်းများကို ရှောင်ပြီး မိမိတို့လက်များထဲက အဓမ္မအမှုများကို စွန့်ပစ်ဖို့ရန်လည်း ဘုရင်ကြီးက ကြေညာခဲ့သည်။ ဤလုပ်ရပ်တသီတသန်းကို အကဲဖြတ်ရလျှင် နိနေဝေဘုရင်၏စိတ်နှလုံးထဲ၌ စစ်မှန်သောနောင်တ ရှိခဲ့သည်။ မိမိ၏ရာဇပလ္လင်ပေါ်မှ ထခြင်း၊ မိမိ၏ဘုရင်ဝတ်လုံကို ပစ်ခြင်း၊ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာထဲ၌ ထိုင်နေခြင်းစသည့် နိနေဝေဘုရင်ပြုလုပ်ခဲ့သည့် လုပ်ရပ်တသီတသန်းကြီးက သူသည် မိမိ၏တော်ဝင်ဂုဏ်ဒြပ်ကို ဘေးဖယ်ထားပြီး သာမန်ပြည်သူများနှင့်အတူ လျှော်တေအဝတ်ကို ဝတ်ဆင်သည်ဟု လူတို့ကို ပြောလိုက်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ နိနေဝေဘုရင်သည် ယေဟောဝါဘုရားသခင်ထံမှ ကြေညာချက်ကို ကြားပြီးနောက် သူ့လက်ထဲရှိ သူ၏ဆိုးယုတ်သောလမ်း၊ သို့မဟုတ် အဓမ္မအမှုကို ဆက်လုပ်ဖို့ သူ၏တော်ဝင်နေရာကို မယူထားခဲ့ပေ။ စင်စစ်အားဖြင့် သူကိုင်စွဲထားသည့် သြဇာအာဏာကို ဘေးချထားပြီး ယေဟောဝါဘုရားသခင်ရှေ့မှာ နောင်တရခဲ့သည်။ ဤအချိန်ခဏ၌ နိနေဝေဘုရင်သည် ဘုရင်တစ်ပါးအနေနှင့် နောင်တရခြင်းမဟုတ်ပေ။ သူသည် ဘုရားသခင်၏ သာမန်အုပ်စိုးခံတစ်ယောက်အနေနှင့် သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ရန် ဘုရားသခင်ရှေ့ကို လာခဲ့ခြင်းပင်ဖြစ်သည်။ ထိုမျှမက သူပြုခဲ့သည့်ပုံစံအတိုင်း ယေဟောဝါဘုရားသခင်ရှေ့၌ မိမိတို့၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ရန် တစ်မြို့လုံးကို သူပြောခဲ့သည်။ ထို့ပြင် သူ့ထံ၌ မည်သို့လုပ်မည်ဆိုသည့် သတ်သတ်မှတ်မှတ် အစီအစဉ်တစ်ခုရှိခဲ့သည်။ ကျမ်းစာထဲ၌ မြင်ရသည့်အတိုင်းပင်ဖြစ်သည်- “လူဖြစ်စေ၊ သားရဲတိရစ္ဆာန် ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။...ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှ လည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။” မြို့ကို အုပ်ချုပ်သူအနေနှင့် နိနေဝေဘုရင်သည် အမြင့်ဆုံးသော ဂုဏ်ဒြပ်နှင့် အာဏာကိုပိုင်ဆိုင်ပြီး သူဆန္ဒရှိသည့် ဘယ်အရာကိုမဆို လုပ်နိုင်သည်။ ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ရင်ဆိုင်ရသည့်အခါ သူသည် ဤကိစ္စကို လျစ်လျူရှု၍ ရနိုင်သည်၊ သို့မဟုတ် သူ့အပြစ်ကိုသာလျှင် နောင်တရပြီး ဝန်ခံလိုက်၍ရသည်။ မြို့ထဲရှိလူတို့က နောင်တရဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ သူ့အနေဖြင့် ထိုကိစ္စကို လုံးဝလျစ်လျူရှု၍ ရနိုင်ခဲ့သည်။ သို့သော်လည်း နိနေဝေဘုရင်က ဤကဲ့သို့ လုံးဝမလုပ်ခဲ့ပေ။ သူသည် မိမိ၏ရာဇပလ္လင်မှ ထ၍ ပြာများနှင့် လျှော်တေအဝတ်ကို ဝတ်ဆင်ကာ ယေဟောဝါဘုရားသခင်ရှေ့၌ သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရခဲ့ရုံသာမကဘဲ မြို့ထဲရှိလူတို့နှင့် ခြံမွေးတိရစ္ဆာန်များ အားလုံးကိုလည်း ထိုကဲ့သို့လုပ်ရန် သူအမိန့်ထုတ်ခဲ့သည်။ “ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။” ဟူ၍ပင် လူတို့ကို သူအမိန့်ထုတ်ခဲ့သည်။ ဤလုပ်ရပ်တသီတသန်းအားဖြင့် နိနေဝေဘုရင်သည် အုပ်ချုပ်သူတစ်ယောက် လုပ်သင့်သည်ကို အမှန်တကယ် အထမြောက်အောင် လုပ်ခဲ့သည်။ သူ၏လုပ်ရပ်တသီတသန်းကြီးသည် လူ့သမိုင်းထဲရှိ မည်သည့်ဘုရင်အတွက်မဆို စွမ်းဆောင်နိုင်ဖို့ရန် ခဲယဉ်း၏၊ စင်စစ်အားဖြင့် အခြားမည်သည့်ဘုရင်မျှ ထိုအရာတို့ကို မစွမ်းဆောင်နိုင်ခဲ့ချေ။ ဤလုပ်ရပ်များကို လူ့သမိုင်း၌ မကြုံစဖူးသည့်အရာများဟု ခေါ်ဆိုနိုင်ပြီး ၎င်းတို့သည် လူသားမျိုးနွယ်၏ အောက်မေ့ခြင်းခံရဖို့နှင့် အတုယူခြင်းခံရဖို့ ထိုက်တန်ပေသည်။ လူ့သမိုင်းအစအဦးကတည်းက ဘုရင်တိုင်းသည် ဘုရားသခင်ကို ခုခံရန်နှင့် ဆန့်ကျင်ရန်အတွက် မိမိတို့၏အုပ်စိုးခံလူများကို ဦးဆောင်ခဲ့သည်။ မိမိတို့၏ ဆိုးညစ်မှုအတွက် ရွေးနုတ်ခြင်းကို ရှာဖွေကာ ယေဟောဝါဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရယူပြီး ဖြစ်အံ့ဆဲဆဲ အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့အလို့ငှာ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးရန် မည်သူကမျှ မိမိတို့၏အုပ်စိုးခံလူများကို ဦးမဆောင်ခဲ့ပေ။ သို့သော်လည်း နိနေဝေဘုရင်ကမူ သူ၏အုပ်စိုးခံလူများကို ဘုရားသခင်ထံ လှည့်ပြန်ဖို့၊ မိမိတို့၏ သက်ဆိုင်ရာ ဆိုးယုတ်သောလမ်းများကို ထားခဲ့ပြီး မိမိတို့လက်ထဲရှိ အဓမ္မအမှုကို စွန့်လွှတ်ဖို့ ဦးဆောင်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ရာဇပလ္လင်ကိုလည်း ဘေးချိတ်ထားနိုင်ခဲ့သည်။ အပြန်အလှန်အနေနှင့် ယေဟောဝါဘုရားသခင်သည် စိတ်ပြောင်းသွားပြီး နောင်တရခဲ့ကာ သူ၏အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မြို့သားတို့ကို အသက်ရှင်ခွင့်ပေး၍ ဖျက်ဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့၏။ ဘုရင်ကြီး၏ လုပ်ဆောင်ချက်များကို လူ့သမိုင်းထဲ၌ ရှားပါးသည့် ဆန်းကြယ်မှုဟူ၍သာ ခေါ်ဆိုနိုင်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က ဘုရားသခင်ရှေ့၌ မိမိတို့၏အပြစ်များကို ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့၏ စံပြတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဤ “ဆိုးယုတ်သည့်လမ်း” က ဆိုးယုတ်သည့် လုပ်ရပ်တချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ထိုအစား လူတို့၏အပြုအမူပေါက်ဖွားလာသည့် ဆိုးယုတ်သည့်အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ “မိမိ၏ ဆိုးယုတ်သည့်လမ်းကို ရှောင်ခြင်း” ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မျှ နောက်ထပ်ကျူးလွန်တော့မည်မဟုတ်ဟု ဆိုလိုသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤဆိုးယုတ်သည့်လမ်းကို ဘယ်တော့မျှ နောက်ထပ်ပြုမူတော့မည် မဟုတ်ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် အခြေခံမူတို့သည် အားလုံးပြောင်းလဲသွား၏။ သူတို့၏နှလုံးသားတွင် သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိရန် ဤနည်းလမ်းများနှင့် အခြေခံမူများကို ဘယ်တော့မျှ ထပ်မံအသုံးပြုမည် မဟုတ်တော့ပေ။ “မိမိတို့လက်များထဲက အဓမ္မအမှုများကို စွန့်လွှတ်သည်” ဆိုသည့်အထဲ၌ “စွန့်လွှတ်” ဟူသည်မှာ လွှတ်ချဖို့၊ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝဖြတ်တောက်လိုက်ပြီး ဘယ်တော့မျှ နောက်ပြန်မလှည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေမြို့သားတို့သည် သူတို့လက်ထဲမှ အဓမ္မအမှုများကို စွန့်လွှတ်ခဲ့သည့်အခါ ဤအချက်က သူတို့၏ စစ်မှန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုသည်။ ဘုရားသခင်သည် လူတို့၏အပြင်ပန်းနှင့် သူတို့၏နှလုံးသားကိုလည်း လေ့လာကြည့်ရှုသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားထဲရှိ စစ်မှန်သည့် နောင်တကို မေးခွန်းမထုတ်ဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ဆိုးယုတ်သည့်လမ်းများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှ အဓမ္မအမှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ၏နှလုံးသားကို သူပြောင်းလဲခဲ့သည်။ ဆိုလိုသည်မှာ ဤလူတို့၏ အနေအထိုင်၊ အပြုအမူနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းအမျိုးမျိုးအပြင် သူတို့၏နှလုံးသားထဲရှိ မှန်ကန်သည့် ဝန်ခံခြင်းနှင့် နောင်တတို့သည် ဘုရားသခင်အား သူ၏နှလုံးသားကို ပြောင်းလဲစေဖို့၊ သူ၏ရည်ရွယ်ချက်များကို ပြောင်းလဲစေဖို့၊ သူ၏ဆုံးဖြတ်ချက်ကို ရုပ်သိမ်းပြီး သူတို့ကို ပြစ်ဒဏ်မခတ်ဖို့၊ သို့မဟုတ် မဖျက်ဆီးဖို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နိနေဝေမြို့သားတို့သည် မတူညီသည့် အဆုံးသတ်ကို ရရှိခဲ့သည်။ သူတို့၏ ကိုယ်ပိုင်အသက်ကို သူတို့ပြန်လည်ရွေးနုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့ကို ရယူနိုင်ခဲ့၏၊ ထိုအချိန်တွင် ဘုရားသခင်က သူ၏အမျက်ဒေါသကိုလည်း ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

မည်သည့်အရာကို ပေတရု နောင်တအရဆုံး ဖြစ်ခဲ့သနည်း။ “ကိုယ်တော်သည် ခရစ်တော်တည်း ဟူသော အသက်ရှင်တော်မူသည့် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ပေတရုက ပြောပြီးသည့်နောက် မကြာမီတွင်၊ (ဤသို့ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားသော်လည်း) ယေရှုက နောက်ထပ်မေးခွန်းတစ်ခုကို ပေတရုအား မေးခဲ့သည်။ ယေရှုက သူ့ကို၊ “ပေတရု။ ငါ့ကို သင် ချစ်ဖူးသလော” ဟု မေးခဲ့သည်။ ကိုယ်တော် ဆိုလိုသည့်အရာကို ပေတရုက နားလည်ခဲ့ပြီး၊ “သခင် တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးသည်ကို ကျွန်ုပ် ဝန်ခံပါ၏” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို လူတို့သည် မချစ်ကြလျှင်၊ ကမ္ဘာမြေပေါ်ရှိ သားတော်ကို သူတို့ အဘယ်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ခမည်းတော်ဖြစ်သော ဘုရားသခင်က စေလွှတ်လိုက်သည့် သားတော်ကို မချစ်လျှင်၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို ၎င်းတို့ မည်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ကမ္ဘာမြေပေါ်ရှိ သားတော်ကို အမှန်ချစ်ကြလျှင်၊ ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို သူတို့ အမှန်ချစ်ကြပေသည်” ဟု ပြောခဲ့သည်။ ဤစကားများကို ပေတရု ကြားသည့်အခါ၊ သူ လိုအပ်နေခဲ့သည့် အရာကို သူ နားလည်ခဲ့သည်။ သူသည် “တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ဖခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးပါ” ဆိုသော သူ၏ စကားများနှင့်ပတ်သက်၍ မျက်ရည်များကျသည်အထိ သူ အမြဲ နောင်တရခဲ့သည်။ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက်ကြွခြင်း ပြီးနောက်တွင်၊ ဤစကားများအပေါ် သာ၍ပင် နောင်တရ၍ ဝမ်းနည်းကြေကွဲမှုကို သူခံစားခဲ့သည်။ အတိတ်က သူ၏ အလုပ်နှင့် သူ၏ မျက်မှောက် ဝိညာဉ်အသက်တာကို ပြန်အမှတ်ရလျက်၊ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းခဲ့ခြင်းနှင့် ဘုရားသခင်၏ စံနှုန်းများနှင့် မကိုက်ခဲ့ခြင်းကြောင့် နောင်တရ၍ အကြွေးတင်ရှိခြင်းကို အမြဲခံစားရရင်း ယေရှု၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် မကြာခဏ သူလာလေ့ရှိခဲ့သည်။ ဤပြဿနာများက သူ၏ အကြီးမားဆုံးသော ဝန်ထုပ်များ ဖြစ်လာခဲ့သည်။ သူက၊ “ကျွန်ုပ်၌ ရှိသမျှအရာအားလုံးနှင့် ကျွန်ုပ်၏ ဖြစ်တည်မှုအားလုံးကို ကိုယ်တော့်ထံ တစ်နေ့ ကျွန်ုပ်ဆက်ကပ်ပါမည်၊ ပြီးလျှင် အဖိုးအတန်ဆုံး မည်သည့်အရာကိုမဆို ကိုယ်တော့်အား ကျွန်ုပ် ပေးပါမည်” ဟု ပြောခဲ့သည်။ သူက၊ “ဘုရားသခင်။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ ဘဝသည် ဘာမျှထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်ကိုယ်ခန္ဓာသည်လည်း ဘာမျှထိုက်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ကိုယ်တော်၌ ယုံကြည်ခြင်းရှိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကိုယ်တော့်အတွက် ချစ်ခြင်းရှိပါ၏။ ဤအရာနှစ်ခုသာ ကျွန်ုပ် ကိုယ်တော့်ကို ပေးဖို့ရှိပြီး အခြားမည်သည့်အရာမျှ မရှိပါ” ဟု ပြောခဲ့သည်။ ယေရှု၏ စကားများအားဖြင့် ပေတရု အလွန်ခွန်အားရခဲ့သည်၊ အဘယ့်ကြောင့် ဆိုသော် ယေရှု ကားစင်တင်မခံရမီတွင်၊ ပေတရုကို သူက၊ “ငါသည် ဤလောကနှင့် မစပ်ဆိုင်၊ ပြီးလျှင် သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်ပေ” ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင်၊ ကြီးမားသည့် နာကျင်မှုကို ခံစားရသည့်အခြေအနေအထိ ပေတရုရောက်ရှိသည့်အချိန်တွင်၊ ယေရှုက သူ့ကို၊ “ပေတရု၊ သင် မေ့လျော့ပြီလော။ ငါသည် ဤလောကနှင့် စပ်ဆိုင်ခြင်းမရှိ၊ စောစီးစွာ ငါ ထွက်ခွာခဲ့သည်မှာ ငါ၏ အမှုအတွက်သာ ဖြစ်သည်။ သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်၊ သင် အမှန်တကယ် မေ့လျော့သွားပြီလော။ သင့်ကို ငါ နှစ်ကြိမ် ပြောပြီးဖြစ်သည်၊ သင် အမှတ်မရသလော” ဟု သတိရစေခဲ့သည်။ ဤအရာကို ကြားသည့်အခါ၊ ပေတရုက၊ “ကျွန်ုပ် မမေ့လျော့ပါ” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “တစ်ခါက သင်သည် ပျော်စရာအချိန်တစ်ခုနှင့် ငါ၏ ထံပါး၌ အချိန်ကာလတစ်ခုကို ငါနှင့်အတူ ကောင်းကင်ဘုံတွင် ကုန်ဆုံးခဲ့သည်။ သင် ငါ့ကို လွမ်းဆွတ်သတိရပြီး ငါ သင့်ကို လွမ်းဆွတ်မိသည်။ ငါ့အမြင်တွင် ဖန်ဆင်းခြင်းများက ဖော်ပြရန်မထိုက်သော်လည်း၊ အပြစ်ကင်းစင်ပြီး ချစ်ဖွယ်ကောင်းသူ တစ်ဦးကို ငါ အဘယ်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ ငါ၏ ကတိကို သင် မေ့လျော့ပြီလော။ ကမ္ဘာမြေပေါ်တွင် ငါ၏ စေခိုင်းသည့် တာဝန်ကို သင် လက်ခံရမည်။ သင့်ကို ငါ အပ်ခဲ့သည့် အလုပ်ကို သင် ဖြည့်ဆည်းရမည်။ ငါ၏ ထံပါးတွင် ရှိဖို့ရန် တစ်နေ့ သင့်ကို ငါ ဧကန်မုချ ဦးဆောင်လမ်းပြမည်” ဟု ပြောခဲ့သည်။ ဤအရာကို ကြားပြီးနောက်တွင်၊ ပေတရုသည် သာ၍ပင် ခွန်အားရခဲ့ပြီး သာ၍ပင် ကြီးမားသော လှုံ့ဆော်မှုကို ရရှိခဲ့သည်မှာ ကားတိုင်ပေါ် သူရှိခဲ့ချိန်တွင်၊ “ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်ပါ။ ကျွန်ုပ်ကို သေဖို့ ကိုယ်တော်စေခိုင်းလျှင်ပင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်သေးပါ။ ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော် မည်သည့်နေရာတွင် စေလွှတ်ပါစေ၊ ကိုယ်တော်၏ အတိတ်က ကတိများကို ကိုယ်တော် ပြည့်စုံစေသည်ဖြစ်စေ၊ မပြည့်စုံစေသည်ဖြစ်စေ၊ နောက်ပိုင်းတွင် ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ပါ၏” ဟု ပြောနိုင်ခဲ့လေသည်။ သူ ဆုပ်ကိုင်ခဲ့သည်မှာ သူ၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော ချစ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” မှ

အရှေ့သို့- ၃) လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းမှု မရှိဘဲ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်းတို့ကို မရရှိနိုင်သည့် အကြောင်းအရင်း

နောက်တစ်ခုသို့- ၂) စစ်မှန်သော နောင်တကို စွမ်းဆောင်ရရှိနိုင်သည့်နည်းလမ်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄) ၎င်းတို့သည် သမ္မာကျမ်းစာကို စွဲကိုင်ပြီး ကိုးကွယ်ပါက၊ ထာဝရအသက်ကို မရရှိနိုင်မည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။...

၁) ကျေးဇူးတော်ခေတ်၌ နောင်တလမ်းခရီးနှင့် နောက်ဆုံးသော ကာလ၌ ထာဝရအသက်လမ်းခရီးတို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောင်တရရှိရေး ဧဝံဂေလိတရားကို ကျေးဇူးတော်ခေတ်၌ ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း...

၁) သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ ယေရုရှလင်မြို့သားဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊ ရှေးဟောင်းတို့မှဆက်ခံသော...

၃) ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် သူ၏တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် လူသားကို အသုံးမပြုဘဲ၊ လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရသည့်အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်