၂) စစ်မှန်သော နောင်တကို စွမ်းဆောင်ရရှိနိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုယ်မိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများ အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုယ်သိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကိုယ် သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ထို့ကြောင့် လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်— ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏— ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏— သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏ ယုံကြည်သူအားလုံးသည် ၎င်းတို့အပေါ် ကောင်းမွန်သည့် ကံသည် ရုတ်တရက် ရောက်လာလိမ့်မည်ကို မျှော်လင့် ကြသည်။ ၎င်းတို့ မသိလိုက်ခင်တွင်၊ ကောင်းကင်ဘုံ၌ တစ်နေရာ သို့မဟုတ် နောက်တစ်နေရာတွင် ငြိမ်းချမ်းစွာ ထိုင်လျက်သား မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်ဟု ၎င်းတို့အားလုံး မျှော်လင့်ကြလေသည်။ သို့သော် မိမိတို့၏ နှစ်သက်ဖွယ် အတွေးများနှင့်အတူ ဤလူများသည် ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံမှ ကျဆင်းလာသည့် ထိုသို့သော ကောင်းမွန်သည့် အခွင့်အလမ်းကို ရရှိဖို့ သို့မဟုတ် ထိုနေရာရှိ ထိုင်ခုံတစ်ခုပေါ် ထိုင်ဖို့ပင် အရည်အချင်း ပြည့်မီခြင်း ရှိ၊ မရှိကို ဘယ်သောအခါမျှ မသိကြလေပြီဟု ငါပြော၏။ လက်ရှိအချိန်တွင် သင်တို့သည် မိမိတို့ကိုယ်တိုင်နှင့် သက်ဆိုင်သည့် ကောင်းမွန်သော အသိပညာရှိသော်လည်း၊ နောက်ဆုံးသောကာလ၏ ကပ်ဘေးများနှင့် ဆိုးသွမ်းသူတို့အား အနန္တတန်ခိုးရှင် ဘုရားသခင်က အပြစ်ပေးသည့် အချိန်တွင် သူ၏ လက်မှ လွတ်မြောက်ဖို့ သင်တို့ မျှော်လင့်ဆဲ ဖြစ်သည်။ ယင်းမှာ ချိုမြိန်သော အိပ်မက်များရှိခြင်းနှင့် ၎င်းတို့ နှစ်သက်သည်အတိုင်းသာ အရာရာကို လိုချင်ခြင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံရပြီးဖြစ်သော လူအားလုံးတို့၏ ဘုံအင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ တစ်ကိုယ်တည်းဖြစ်သည့် မည်သည့် တစ်ဦးတစ်ယောက်မျှ၏ ထူးထူးကဲကဲ လက်ဖျားခါလောက်သော စိတ်ကူးတစ်ချို့ မဟုတ်ပုံရပေသည်။ ထိုသို့ဖြစ်လျက်ပင်၊ ပြီးလျှင် သင်တို့၏ ဤလွန်ကဲသော စိတ်ဆန္ဒများအပြင် ကောင်းချီးမင်္ဂလာများ ရရှိရန် သင်တို့၏ စိတ်ထက်သန်မှုကို ငါသည် အဆုံးသတ်ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ သင်တို့၏ ဒုစရိုက်အပြစ်များက အတော်များပြားပြီး၊ သင်တို့၏ မနာခံမှုက အစဉ်ကြီးထွားနေသည့်အချက်ကို ထောက်ဆလျှင်၊ ဤအရာများသည် အနာဂတ်အတွက် သင်တို့၏ နှစ်သက်ဖွယ်ဖြစ်သော စီမံချက်များနှင့် မည်သို့ သင့်တော်နိုင်မည်နည်း။ သင်တို့ကို မည်သည့်အရာကမျှ ထိန်းမထားဘဲ အမှားထဲတွင် ဆက်ရှိနေရင်း၊ သင်နှစ်သက်သည့်အတိုင်း ဆက်လက်လုပ်ဆောင်လိုသော်လည်း၊ တစ်ချိန်တည်းတွင် သင်၏အိပ်မက်များ အမှန်တကယ်ဖြစ်လာဖို့ သင် လိုချင်နေဆဲဖြစ်ပါက၊ သင်၏ မိန်းမောခြင်းတွင် ဆက်ရှိပြီး ဘယ်သောအခါမျှ မနိုးထရန် သင့်အား ငါတိုက်တွန်းသည်— အကြောင်းမှာ သင်၏ အိပ်မက်သည် အနှစ်မဲ့သော အိပ်မက်တစ်ခု ဖြစ်ပြီး၊ ဖြောင့်မတ်သော ဘုရားသခင်၏ မျက်မှောက်တွင်၊ သူသည် သင့်ကို ခြွင်းချက်တစ်ခု ဖြစ်စေမည်မဟုတ်ပေ။ သင်သည် သင်၏ အိပ်မက်များကို အမှန်တကယ် ဖြစ်လာဖို့ သက်သက် လိုချင်ပါက၊ ဘယ်သောအခါမျှ အိပ်မက်မမက်နှင့်။ ယင်းထက်၊ သမ္မာတရားနှင့် အမှန်တရားများကို ထာဝစဉ် ရင်ဆိုင်လော့။ ဤသည်မှာ သင် ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ခိုင်လုံသော သတ်မှတ်ချက်များအရ၊ ဤနည်းလမ်း၏ အဆင့်များသည် မည်သည့်အရာများ ဖြစ်ပါသနည်း။

ပထမဦးစွာ၊ သင်၏ ဒုစရိုက်အပြစ်များ အားလုံးကို ကြည့်ရှုပြီး၊ သမ္မာတရားနှင့် မကိုက်ညီသော သင်၌ရှိသည့် မည်သည့် အပြုအမူနှင့် အတွေးများကိုမဆို ဆန်းစစ်လော့။

ဤသည်မှာ သင်တို့ အလွယ်တကူ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး၊ ဉာဏ်စွမ်းဉာဏ်စရှိသည့် လူအားလုံးက ဤအရာကို လုပ်ဆောင်နိုင်သည်ဟု ငါယုံကြည်သည်။ သို့သော်၊ ဒုစရိုက်အပြစ်များနှင့် သမ္မာတရားဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို လုံးဝ မသိရှိသည့် ထိုလူများသည် ခြွင်းချက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အခြေခံကျသော အဆင့်အရ၊ ၎င်းတို့သည် ဉာဏ်စွမ်းဉာဏ်စရှိသူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လက်ခံခြင်းခံရပြီးသော လူများ၊ ရိုးသားသော သူများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြင်းထန်စွာ ကျူးလွန်ခြင်း မရှိသော လူများနှင့် မိမိတို့၏ ဒုစရိုက်အပြစ်များကို အလွယ်တကူ သိမြင်နိုင်သည့် လူများကို ငါပြောနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့နှင့်သက်ဆိုင်၍ ငါတောင်းဆိုသည့် အရာတစ်ခုနှင့် သင်တို့အတွက် ပြီးမြောက်ရန် လွယ်ကူသောအရာတစ်ခု ဖြစ်သော်လည်း၊ ယင်းသည် သင်တို့နှင့် ပတ်သက်၍ ငါ တောင်းဆိုသည့် တစ်ခုတည်းသော အရာမဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ၊ သင်တို့သည် ဤသတ်မှတ်ချက်များအား သီးသန့် ရယ်သွမ်းသွေးကြလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် ယင်းအပေါ် အထင်သေးလိမ့်မည်မဟုတ် သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ်ဟု ငါမျှော်လင့်သည်။ သင်တို့အနေဖြင့်၊ ယင်းကို လေးနက်စွာ သဘောထားပြီး မလွဲချော်သင့်ပေ။

ဒုတိယအနေဖြင့်၊ သင်၏ ဒုစရိုက်အပြစ်များနှင့် မနာခံခြင်း အသီးသီးအတွက်၊ လိုက်လျောညီထွေသော သမ္မာတရားကို သင်တို့ ရှာဖွေသင့်ပြီး၊ ထို့နောက် ထိုပြဿနာများကို ဖြေရှင်းဖို့ ဤသမ္မာတရားများကို အသုံးပြုသင့်ပေသည်။ ယင်းနောက်တွင်၊ သင်၏ ဒုစရိုက်လွန်ကျူးသော လုပ်ရပ်များနှင့် မနာခံသော အတွေးများနှင့် လုပ်ရပ်များကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။

တတိယအနေဖြင့်၊ သင်တို့သည် အမြဲ လိမ္မာပါးနပ်ပြီး စဉ်ဆက်မပြတ် လှည့်ဖြားတတ်သောသူ မဟုတ်ဘဲ၊ ရိုးသားသောသူတစ်ယောက် ဖြစ်သင့်သည်။ (ဤတွင် ငါသည် သင့်တို့အား ရိုးသားသောသူ တစ်ယောက်ဖြစ်ရန် တစ်ဖန် တောင်းဆိုနေခြင်း ဖြစ်သည်။)

သင်သည် ဤအရာသုံးခုလုံးကို ပြီးမြောက်နိုင်ပါက၊ သင်သည် ကံကောင်းထောက်မသောသူများထဲမှ တစ်ဦး— မိမိ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာပြီး ကောင်းမွန်သော အခွင့်အလမ်းကို ရရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်တို့သည် စိတ်မပါသော သတ်မှတ်ချက်များကို လေးလေးနက်နက် သဘောထားကောင်း သဘောထားမည် သို့မဟုတ် ယင်းတို့ကို တာဝန်မဲ့စွာ သဘောထားကောင်း သဘောထားပေမည်။ မည်သို့ပင်ဖြစ်စေ၊ ငါ၏ ရည်ရွယ်ချက်သည် သင်တို့၏ အိပ်မက်များကို ဖြည့်ဆည်းပေးရန်နှင့် သင်၏ စံများကို လက်တွေ့လုပ်ဆောင်စေရန်ဖြစ်ပြီး၊ သင်တို့ကို လှောင်ဖို့ သို့မဟုတ် သင်တို့ကို အရူးလုပ်ဖို့ မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်” မှ

လူတိုင်းသည် အနည်းနှင့်အများ ပြစ်မှားမိကြ၏။ တစ်စုံတစ်ရာက ပြစ်မှားခြင်းဖြစ်သည်ကို သင်မသိသည့်အခါ၊ ယင်းကို မရှင်းလင်းသော စိတ်အခြေအနေတစ်ခုဖြင့် သဘောထားတတ်သည်၊ သို့မဟုတ် သင်သည် သင်၏ကိုယ်ပိုင်အယူအဆများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် သိနားလည်မှု နည်းလမ်းများကို ဖက်တွယ်ဆဲ ဖြစ်ကောင်းဖြစ်မည်— သို့သော် တစ်နေ့တွင်၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်ဖြစ်စေ၊ ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းအားဖြင့်ဖြစ်စေ၊ ဤအရာက ပြစ်မှားခြင်း၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည်ကို သင့်အနေဖြင့် သင်ယူရသည်။ ထိုအခါ သင်၏သဘောထားက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်လုပ်ဆောင်နေသည့်အရာက သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ရင်း၊ သင်သည် သင်၏ကိုယ်ပိုင်စိတ်ကူးများကို စွဲကိုင်နေဆဲ၊ ဆင်ခြင်နေဆဲ၊ ငြင်းခုံနေဆဲ၊ ထွင်နေဆဲ ဖြစ်လိမ့်မည်လော။ ဤသည်၌ ဘုရားသခင်အပေါ် သင်၏သဘောထား ပါဝင်၏။ မည်သည့်သဘောထားဖြင့် ဒါဝိဒ်သည် သူ၏ပြစ်မှားခြင်းများကို ယူမှတ်သနည်း။ နောင်တ— သူသည် ယင်းတို့ကို ကျူးလွန်တော့မည် မဟုတ်ပေ။ သို့ဆိုလျှင်၊ မည်သည့်အရာကို သူလုပ်ဆောင်ခဲ့သနည်း။ သူ့ကို အပြစ်ပေးရန် ဘုရားသခင်ထံ တောင်းဆိုရင်း၊ သူက၊ “ဤအမှားကို ကျွန်ုပ်တစ်ဖန်ပြုမိလျှင်၊ ကျွန်ုပ်ကို ဘုရားသခင်အပြစ်ဒဏ်ပေးပြီး အဆုံးစီရင်တော်မူပါ” ဟု ဆုတောင်းခဲ့သည်။ ယင်းမှာ သူ၏စိတ်ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ ယင်းမှာ စစ်မှန်သော နောင်တဖြစ်ခဲ့သည်။ သာမန်လူတို့က ဤအရာကို စွမ်းဆောင်ရရှိနိုင်သလော။ သာမန်လူတို့အနေဖြင့် ၎င်းတို့သည် ငြင်းခုံဖို့ မကြိုးစားပါက၊ သို့မဟုတ် ဖွင့်ပြောရန်မလိုဘဲ တာဝန်ကို ဝန်ခံပါက ကောင်း၏၊ သို့သော် ၎င်းတို့၏စိတ်နှလုံးတွင် ၎င်းတို့က၊ “မည်သူမျှ ဤအရာအား တစ်ဖန်မတင်ပြဖို့ ငါမျှော်လင့်သည်။ ငါအရှက်ရလိမ့်မည်” ဟု တွေးကြ၏။ ဤသည်မှာ စစ်မှန်သော နောင်တဖြစ်သလော။ အမှန်တကယ် နောင်တရဖို့၊ သင်၏အတိတ်က ဆိုးယုတ်မှုကို သင်ဖယ်ရှားရမည်၊ ယင်းကို ချထားရမည်ဖြစ်ပြီး ထိုသို့သောအရာကို တစ်ဖန်မလုပ်ဆောင်ရ။ ကိုင်း၊ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဆိုးယုတ်မှုကို ဖယ်ရှားကာ ထိုအရာကို မလုပ်ဆောင်ဘဲ မတွေးတောရုံမျှသည် အလုပ်ဖြစ်လိမ့်မည်လော။ ဘုရားသခင်အပေါ် သင်၏သဘောထားမှာ အဘယ်နည်း။ သင့်ကို ယခု ဖော်ထုတ်နေသည့် ဘုရားသခင်ကို သင်သည် မည်သည့်နည်းလမ်းဖြင့် ချဉ်းကပ်မည်နည်း။ (ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ကျွန်ုပ်တို့ လက်ခံပါမည်။) ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်း— ယင်းသည် ထိုအရာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အခြားသော အစိတ်အပိုင်းမှာ သူ၏အပြစ်ဒဏ်ပေးခြင်းကို လက်ခံစဉ်တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်း ဖြစ်သည်။ အပိုင်းနှစ်ပိုင်းလုံးကို သင်လက်ခံပြီးချိန်တွင်၊ သင်၏စိတ်ဆုံးဖြတ်ချက်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ အနာဂတ်တွင် ထိုသို့သော အခြေအနေများနှင့် ထိုသို့သော ကိစ္စရပ်များကို သင်ကြုံရချိန်တွင်၊ မည်သည့်အရာကို သင်လုပ်ဆောင်လိမ့်မည်နည်း။ စစ်မှန်သော နောင်တမရှိဘဲ၊ ဆိုးယုတ်မှုကို ဖယ်ရှား၍မရနိုင်သကဲ့သို့၊ နေရာမရွေး၊ အချိန်မရွေးတွင်၊ ၎င်းတို့သည် အလားတူ ဆိုးသောအရာကို လုပ်ဆောင်ရင်း၊ အလားတူ ပြစ်မှားခြင်းကို ကျူးလွန်ရင်း၊ အလားတူအမှားကို အထပ်ထပ် အခါခါပြုလုပ်ရင်း၊ အလားတူ ဟောင်းသောလမ်းသို့ ပြန်သွားနိုင်ပေသည်။ ဤအရာက သမ္မာတရားနှင့် ဘုရားသခင်အပေါ် လူသား၏သဘောထားကို ထုတ်ဖော်ပြ၏။ သို့ဆိုလျှင်၊ ပြစ်မှားခြင်းကို လုံးဝစွန့်ပစ်ဖို့ တစ်စုံတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းလော။ တစ်ဦးတစ်ယောက်၌ သမ္မာတရားအပေါ် မှန်ကန်သော သဘောထား ရှိရမည်။ ပြီးလျှင် သမ္မာတရားအပေါ် တစ်စုံတစ်ဦးသည် မည်သည့်သဘောထား ရှိသင့်ပြီး၊ ၎င်းတို့၏ မှန်ကန်သော သဘောထားကို ပြသဖို့ ၎င်းတို့အနေဖြင့် မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤပြဿနာကို တစ်ဖန် အမှတ်မထင် တွေ့ရချိန်တွင်၊ စုံစမ်းနှောင့်ယှက်ခြင်းထဲသို့ လဲကျပါက မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ စကားနှစ်လုံး- “ဝေးဝေး နေပါ” ဟူ၍ ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ တစ်ဦးတစ်ယောက်သည် အလားတူအမှားမျိုးကို တစ်ဖန်ပြုမိပါက ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းခံရဖို့ စိတ်ဆုံးဖြတ်ချက်ကို ချမှတ်ရမည်။ ထိုသို့လုပ်ဆောင်ရန်မှာ အမှုအရာကို လှိုက်လှိုက်လှဲလှဲ မုန်းတီးဖို့၊ ယင်းကို စက်ဆုပ်ဖွယ်အကောင်းဆုံးသောအရာ၊ ဆိုးယုတ်သော အရာတစ်ခု၊ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခု၊ ထာဝရ အစွန်းအထင်းတစ်ခုအဖြစ် မြင်ဖို့ဖြစ်သည်။ သမ္မာကျမ်းစာထဲမှာ- “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သုတ္တံကျမ်း ၂၂:၃) ယင်းမှာ ဉာဏ်တိမ်ခြင်း မဟုတ်— ယင်းသည် မိုက်မဲခြင်းသက်သက်ပင် ဖြစ်သည်။ “ဝေးဝေးနေပါ”— လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုအဖြစ် ယင်းမှာ အဘယ်သို့နည်း။ (ကောင်းပါသည်။) သို့တိုင် ဝေးဝေးနေ၍မရနိုင်သည့် အချိန်များ ရှိသလော။ ထိုအချိန်တွင် သင်သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ထံ လေးနက်စွာ သင်ဆုတောင်းရမည်ဖြစ်ပြီး အမှုအရာများကို စီစဉ်ညွှန်ကြားဖို့ သူ့ကို တောင်းလျှောက်ရမည်။ အချို့သော စမ်းသပ်မှုများသည် စုံစမ်းနှောင့်ယှက်ခြင်းများလည်း ဖြစ်၏။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သောအရာများကို သင့်အပေါ် ကျရောက်ခွင့်ပေးသနည်း။ ယင်းတို့သည် အမှတ်တမဲ့ မဖြစ်ပျက်ပေ— ယင်းတို့သည် ဘုရားသခင်က သင့်ကို စမ်းသပ်နေခြင်းနှင့် စစ်ဆေးနေခြင်း ဖြစ်သည်။ သင့်အတွက် သူစီစဉ်ပေးသည့် အခြေအနေများနှင့် သူပေးသည့် စမ်းသပ်မှုများကို သင်ကျောခိုင်းပြီး သင်၌ ရိုင်းစိုင်းသော သဘောထားတစ်ခုရှိကာ၊ ထိုအခြေအနေများနှင့် စမ်းသပ်မှုများတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအတွက် သင်သည် ဆုမတောင်းသကဲ့သို့ ကြိုးလည်းမကြိုးစား၊ ရှာလည်းမရှာဖွေသည့် ဘုရားသခင်အပေါ် လူသား၏ သဘောထားကို ပြောသည် မဟုတ်လော။ “ထိုသို့သော အတွေးများ ကျွန်ုပ်၌ မရှိသကဲ့သို့ ထိုရည်ရွယ်ချက်လည်း ကျွန်ုပ်၌ မရှိပါ” ဟု ပြောသောသူများ ရှိ၏။ အကယ်၍ သင်၌ ရည်ရွယ်ချက်မရှိပါက၊ ဘုရားသခင်အပေါ် သင်၏သဘောထားမှာ အဘယ်နည်း။ အချို့သော သဘောထားများသည် တမင်သက်သက်ဖြစ်ပြီး ရည်ရွယ်ထားသော်လည်း၊ အချို့မှာ မတော်တဆ ဖြစ်သည်— သင်၏သဘောထားမှာ အဘယ်နည်း။ ရိုင်းစိုင်းပြီး ဘုရားသခင်ကို လေးလေးနက်နက် သဘောမထားသောသူသည် သမ္မာတရားကို ချစ်သောသူ ဖြစ်သလော။ သမ္မာတရားနှင့် ဘုရားသခင်ကို ကလေးကစားစရာများကဲ့သို့၊ ဘာမျှမရှိသည့် လေအဖြစ် သဘောထားသောသူသည် သမ္မာတရားကို ချစ်သောသူမဟုတ်သည်ကို သက်သေပြပေသည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

လူအချို့တို့သည် ပြုမူဆောင်ရွက်ကြသောအခါ ၎င်းတို့ကိုယ်တိုင်၏ ဆန္ဒများနောက် လိုက်ကြ၏။ ၎င်းတို့သည် အခြေခံသဘောတရားများကို ချိုးဖောက်ကြပြီး ၎င်းတို့၌ သမ္မာတရားမရှိသောကြောင့်သာလျှင် ၎င်းတို့ မာနထောင်လွှားကြခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အမှားလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းသာ ဝန်ခံကြ၏။ ၎င်းတို့၏စိတ်နှလုံးများထဲ၌ “အခြားမည်သူမျှ အရဲစွန့်ခေါင်းမထောင်ကြ၊ ငါသာ ဤသို့ပြု၏၊ ထိုသို့ဖြင့် အဆုံး၌ ငါသည် ခေါင်းခံရ၏။ တုံးလိုက်သည့် ငါပင်။ နောက်တစ်ကြိမ်၌ အရဲစွန့်ခေါင်းထောင်သည့် ဤကိစ္စမျိုး ငါမလုပ်တော့။ အရဲစွန့်ခေါင်းထောင်သော ငှက်တို့သည် အပစ်ခံရ၏” ဟုပင် ညည်းညူတတ်ကြသည်။ ဤသဘောထားကို မည်သို့သဘောရသနည်း။ ဤသည်မှာ နောင်တရသော သဘောထားလော။ (မဟုတ်ပါ။) ယင်းသည် မည်သည့်သဘောထားဖြစ်သနည်း။ ၎င်းတို့ပြုသည့် အမှားမှတစ်ဆင့် ၎င်းတို့သည် ဉာဏ်များလာပြီး လိမ်လည်လှည့်ဖြားလာကြသည်၊ တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်သွားသည် ဆိုပါစို့။ “ထိုကိစ္စက ပျက်ကိန်းမဆိုက်သွားသည်မှာ ငါကံကောင်း၏။ ငါ့ကြောင့် ပျက်ကိန်းဆိုက်သွားပါက ငါသည် ငရဲကျပြီး ဖျက်ဆီးခံရပေလိမ့်မည်။ ငါ့အနေဖြင့် အနာဂတ်တွင် ပို၍သတိထားမှ ရပေတော့မည်။” ၎င်းတို့သည် အမှုအရာကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ သေးသိမ်မှုနှင့် စဉ်းလဲသော အကြံအစည်များကို အသုံးပြုကြပြီး သမ္မာတရားကို မရှာဖွေကြ။ ၎င်းတို့သည် ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ကြပေ၊ ၎င်းတို့သည် နောင်တရရန် မသိကြ။ နောင်တရသောအခါ ပထမဆုံးအပြီးလုပ်ရမည့်အရာမှာ မိမိပြုခဲ့သောအရာကို သိရန်နှင့် မိမိမှားခဲ့သည့်နေရာ၊ ပြဿနာ၏အချုပ်၊ ထို့ပြင် မိမိဖော်ပြခဲ့သော စိတ်သဘောထားတို့ကို နားလည်ရန်ဖြစ်သည်၊ ဤအရာများကို စဉ်းစားသုံးသပ်၍ လက်ခံပြီးနောက် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ နောင်တရသည့် သဘောထားဖြစ်၏။ အကယ်၍ အခြားတစ်ဖက်၌ အကြောင်းအခြင်းအရာကို သင်၏ဆင်ခြင်သုံးသပ်မှုသည် ယခင်ကထက် ပို၍ဉာဏ်များလာပြီး သင်၏နည်းနိဿယများသည်လည်း ပို၍ပါးနပ်လာကာ ပို၍ကွယ်ဝှက်လာသည့်အပြင် ထိုအရာကို ဖြေရှင်းရန် နည်းလမ်းများသည်လည်း သင်၌ပိုများလာသည်ဆိုပါက ပြဿနာသည် လိမ်လည်လှည့်ဖြားခြင်းကဲ့သို့ သိပ်မရိုးရှင်းတော့ပေ။ သင်သည် လက်သီးပုန်းထိုးသော နည်းလမ်းများကို အသုံးပြုနေခြင်းဖြစ်ပြီး သင်၌ သင်ထုတ်ပြောမည် မဟုတ်သော လျှို့ဝှက်ချက်များ ရှိနေ၏၊ ထို့ပြင် သင်လုပ်နေသောအရာသည် ဆိုးယုတ်၏။ ဘုရားသခင်သည် သင့်ကို အလွန်အကျွံ ခက်ထန်ပြီး ဆိုးယုတ်သည်ဟု မြင်၏၊ မိမိမှားထားကြောင်းကို အပေါ်ယံအားဖြင့် ဝန်ခံပြီး ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်းကို လက်ခံသော်လည်း နောင်တရသည့် သဘောထား စိုးစဉ်းမျှပင် မရှိသောသူအဖြစ် မြင်၏။ ဤသို့ဖြစ်ရခြင်းမှာ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ပြီးနောက်တွင်၊ သို့မဟုတ် ထိုဖြစ်ရပ်ဖြစ်ပျက်နေစဉ်တွင် သင်သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမရှိသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်းလည်း မပြုသောကြောင့် ဖြစ်၏။ သင်၏သဘောထားမှာ ပြဿနာ၏အရိပ်အယောင်ကို အခြားသူများ မမြင်ကြစေရန်သာမက အထုပ်၏ချုပ်ရိုးများကိုပင် အခြားသူများ မမြင်ကြစေရန်အလို့ငှာ ထိုပြဿနာကို ကြည့်ကောင်းသော အထုပ်တစ်ခုထဲတွင် ထုပ်ပိုးထားရန်၊ ပြဿနာကိုဖြေရှင်းရန်၊ သို့မဟုတ် ရှောင်တိမ်းရန် စာတန်၏နည်းလမ်းများ၊ နည်းနိဿယများနှင့် ဒဿနအမြင်များကို အသုံးပြုသည့် သဘောထားဖြစ်သည်၊ ဤသို့ဖြင့် အဆုံး၌ သင်သည် သင့်ကိုယ်သင် အတော်အတန် ချက်ချာပါးနပ်သည်ဟု ခံစားရ၏။ ဘုရားသခင်မြင်သည့်အရာမှာ ဤအရာများဖြစ်ပြီး၊ သင့်အနေဖြင့် မိမိအပေါ်သို့ ကျရောက်လာသည့် အမှုအရာရှေ့၌ ဧကန်အမှန် သုံးသပ်ဆင်ခြင်ကာ နောင်တရ၍ မိမိအပြစ်ကို ဝန်ချတောင်းပန်ပြီးသည့်နောက် သမ္မာတရားကို လိုက်ရှာကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နေပုံ မဟုတ်ချေ။ သင်၏သဘောထားသည် သမ္မာတရားကို ရှာဖွေသည့်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သဘောထား မဟုတ်သကဲ့သို့ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို နာခံသည့် သဘောထားလည်း မဟုတ်ဘဲ သင်၏ပြဿနာကို ဖြေရှင်းရန် စာတန်၏ နည်းနိဿယများနှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထားဖြစ်သည်။ သင်သည် အခြားသူများ သင့်အပေါ် မှားယွင်းသည့် ထင်မြင်ချက်တစ်ခုကို ပေးပြီး ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို သင်ခုခံသည်၊ ထို့ပြင် သင့်အတွက် ဘုရားသခင်စီစဉ်ညွှန်ကြားပေးထားသည့် အခြေအနေများကို သင်သည် ထိပ်တိုက်ရင်ဆိုင်ပြီး ခုခံကာကွယ်သည်။ ဤသည်မှာ သင်၏စိတ်နှလုံးသည် ယခင်ကထက် ပို၍ဖုံးပိတ်ထားကြောင်း အဓိပ္ပာယ်ရသည်။ ဘုရားသခင်ကို သင်ဖုံးပိတ်ထားပါက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြင့် အလင်းထဲ၌ သင်နေနိုင်ဦးမည်လော။ မနေနိုင်တော့ပေ၊ သင်သည် သမ္မာတရားကို ရှောင်ဖယ်ပြီး ဘုရားသခင်ကို ရှောင်ဖယ်ထား၏။ ထိုကဲ့သို့သော အခြေအနေသည် လူတို့ထဲ၌ ပျံ့နှံ့နေသလော။ “ဤအကြိမ်၌ ငါသည် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံခဲ့ရ၏။ နောက်တစ်ကြိမ်တွင် ငါ့အနေဖြင့် ပိုသတိထားပြီး ပိုချက်ချာပါးနပ်မှ ရတော့မည်။ ချက်ချာပါးနပ်ခြင်းသည် အသက်တာ၏ အခြေခံအုတ်မြစ်ဖြစ်သည်၊ ထို့အပြင် မချက်ချာမပါးနပ်သော လူတို့သည် ငတုံးများပင်ဖြစ်ကြ၏။” အကယ်၍ သင်သည် သင့်ကိုယ်သင် ထိုကဲ့သို့လမ်းညွှန်ပြီး ဆွပေးနေပါလျှင် ကောင်းကျိုးဖြစ်ပါဦးမည်လော။ သမ္မာတရားကို ရနိုင်ပါမည်လော။ အကြောင်းအခြင်းအရာတစ်ခု သင့်အပေါ်သို့ ကျရောက်လာပြီး သမ္မာတရားကို သင်ရှာဖွေနိုင်သည်ဆိုပါက သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင်နားလည်နိုင်ကာ သမ္မာတရား၏ ထိုရှုထောင့်ကို သင်ရရှိနိုင်ပေသည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့် မည်သည့်အရာကို စွမ်းဆောင်ရရှိနိုင်သနည်း။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသောအခါ ဘုရားသခင့်အလိုတော်၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသည်၊ ထို့ပြင် သင့်အပေါ်သို့ ဤအရာသင့်ရောက်အောင် အဘယ်ကြောင့် ဘုရားသခင်ပြုခဲ့သည်၊ သင့်ထံမှ ထိုသို့သောတောင်းဆိုမှုကို အဘယ်ကြောင့်သူပြုသည်၊ သင့်ကို ထိုကဲ့သို့ဆုံးမရန်နှင့် ပဲ့ပြင်ရန် အခြေအနေများကို အဘယ်ကြောင့်သူစီစဉ်ညွှန်ကြားသည်၊ သင့်ကို ဆုံးမပဲ့ပြင်ရန် ဤအမှုအရာကို အဘယ်ကြောင့်သူအသုံးပြုသည်နှင့် ဤအမှုအရာ၌ အဘယ်ကြောင့်သင်ပြိုလဲသွားပြီး ရှုံးနိမ့်သွားကာ ဖော်ထုတ်ခြင်းခံခဲ့ရသည်တို့ကို သင်နားလည်သွားသည်။ ဤအရာများကို သင်နားလည်နိုင်ပါက သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်မည်ဖြစ်ပြီး အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်နိုင်သည့်အပြင် ဤအချက်အလက်များကို သင်လက်မခံဘဲ မရမက အတိုက်အခံပြုပြီး မရမက တော်လှန်ခုခံနေပါလျှင်၊ သင့်ကိုယ်သင် ဖုံးကွယ်ရန် သင့်ကိုယ်ပိုင် နည်းနိဿယများကို မရမက အသုံးပြုနေပါလျှင်၊ အခြားသူများအားလုံးကို အသွင်အပြင်အမှားနှင့် မရမကရင်ဆိုင်ပြီး ဘုရားသခင်ကို မရမကရင်ဆိုင်နေပါလျှင် သင်သည် သမ္မာတရားကို ထာဝစဉ်ပင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏” မှ

သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်နှလုံး ရိုးသားဖြောင့်မတ်သော သူတို့အပေါ်တွင် သာမန်အားဖြင့် အလုပ်လုပ်ကာ၊ သူသည် လူတို့ဒုက္ခရောက်ပြီး သမ္မာတရားကို ရှာဖွေနေသောအခါ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှမရှိသောသူများကို အရေးစိုက်လိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် အလွန်ရိုးသားသော်လည်း သူ၏စိတ်နှလုံးသည် အချိန်ကာလတစ်ခုကြာ ဘုရားသခင်ကို ကျောခိုင်းထားပါက၊ သူ၌ တိုးတက်ဖို့ ဆန္ဒမရှိ၊ အပျက်သဘောဆောင်သော အခြေအနေထဲသို့ ကျဆင်းပြီး ယင်းမှ သူမထွက်လာပါက၊ သူ၏အခြေအနေကို ဖြေရှင်းဖို့ ဆုမတောင်းသောအခါ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေသောအခါ၊ ထို့အပြင် သူသည် ပူးပေါင်းမလုပ်ဆောင်သောအခါ၊ ထိုသို့သော အခါအားလျော်စွာ မှောင်မည်းလာနေသည့် သူ၏အခြေအနေအတွင်းတွင်၊ သို့မဟုတ် သူ၏ယာယီဆုတ်ယုတ်လာမှုအတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်လိမ့်မည်မဟုတ်။ သို့ဆိုလျှင် လူ့သဘာဝနှင့်ဆိုင်သော အသိမရှိသည့် တစ်စုံတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်က အဘယ်သို့ အလုပ်လုပ်နိုင်မည်နည်း။ ဤသည်မှာ သာ၍ပင် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် ဤလူတို့သည် မည်သည့်အရာ လုပ်သင့်သနည်း။ သူတို့သည် အမှန်တကယ် နောင်တရရမည်။ ပထမအနေဖြင့် သင့်စိတ်နှလုံးက ဘုရားသခင်ထံ ဖွင့်ဟရမည်ဖြစ်ပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို သင်နားလည်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင် လက်တွေ့ကျင့်သုံးနိုင်မည်။ ထို့နောက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နာခံနိုင်ပြီး သင့်ကို တာဝန်ယူစောင့်ရှောက်ရန် ဘုရားသခင်ကို အခွင့်ပေးနိုင်မည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်၏ ချီးမွမ်းခြင်းကို သင်ခံရလိမ့်မည်။ သင်သည် ဦးစွာ သင်၌ရှိသော မာန်မာနနှင့် ပကာသနကို ဘေးဖယ်ပြီး သင့်ကိုယ်ပိုင်အကျိုးအမြတ်များကို စွန့်လွှတ်ရမည်။ ထို့နောက်တွင် သင့်ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တစ်ခုလုံးကို သင့်တာဝန်အပေါ်နှင့် ဘုရားသခင်ကို သက်သေခံခြင်းအလုပ်အပေါ်တွင် ထားရှိလော့။ သင်သည် ဦးစွာ မိမိကိုယ်ကိုယ် အညံ့ခံကာ၊ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ဖွင့်ဟပြီး သင် မြတ်နိုးတန်ဖိုးထားသော အရာများကို ဘေးဖယ်ထားရမည်။ ဘုရားသခင်အား ပန်ကြားချက်များ ပြုလုပ်နေစဉ် ထိုအရာများကို သင် ဆက်လက်ဆုပ်ကိုင်ထားလျှင် သန့်ရှင်းသောဝိညာဥ်တော်၏ အလုပ်ကို သင် ရရှိနိုင်လိမ့်မည်လော။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မှာ အခြေအနေပေါ်တွင် မူတည်ပြီးလျှင်၊ ဘုရားသခင်သည် မကောင်းမှုကို မုန်းပြီး သန့်ရှင်းသော ဘုရားသခင်ဖြစ်သည်။ အကယ်၍ လူတို့သည် ဤအရာများကို အမြဲဖက်တွယ်ထားကာ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံမှ အစဉ်အမြဲ ပိတ်ဆို့ထားပြီး ဘုရားသခင်၏ အလုပ်နှင့် လမ်းညွှန်မှုကို ငြင်းပယ်နေပါက ဘုရားသခင်သည် သူတို့အပေါ် အလုပ်ဆက်လုပ်မည်မဟုတ်ပေ။ ထို့နောက် သင့်ကို ဘုရားသခင် မည်သို့ လမ်းပြသည်ကို ကြည့်လော့၊ သင့်အတွင်းတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ထွက်ပေါ်လာခြင်း ရှိမရှိ၊ သင်၌ ဤအတည်ပြုချက် ရှိခြင်း ရှိမရှိကို ကြည့်လော့။ သင်သည် ပထမဦးဆုံး စစ်မှန်စွာ နောင်တရရမည်၊ လူတိုင်းအတွင်းတွင် ဘုရားသခင် အမှုပြုရမည် သို့မဟုတ် သူသည် ဤအရာ၊ ထိုအရာ လုပ်ဆောင်ဖို့ သင့်ကို အတင်းအကျပ်ပြုလိမ့်မည်ဟူ၍ မဟုတ်ပေ။ သူသည် သင့်ကို အတင်းအကျပ် မလုပ်ခိုင်ပေ။ နတ်ဆိုးများ၏ အလုပ်သည် လူသားများကို ဤအရာ၊ ထိုအရာ လုပ်ဆောင်ဖို့ အတင်းအကျပ်ပြုရန်ဖြစ်ပြီး လူတို့ကို ဝင်ပူးပြီး ထိန်းချုပ်ရန်ပင် ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူးသဖြင့် ညင်သာစွာ အလုပ်လုပ်၏။ သူသည် သင့်ကို တို့ထိပြီး ယင်းကို သင် မခံစားရပေ။ သင်သည် မရည်ရွယ်ဘဲ တစ်စုံတစ်ရာကို နားလည်လာပြီးဖြစ်သည့်အလား သို့မဟုတ် သဘောပေါက်လာပြီးဖြစ်သည့်အလား တကယ်ကို ခံစားရ၏။ ဤသည်မှာ လူတို့ကို သန့်ရှင်းသော ဝိညာဉ်တော် တို့ထိပုံဖြစ်ပြီး ၎င်းတို့ ကျိုးနွံနာခံပါက၊ အမှန်တကယ် နောင်တရနိုင်ကြသည်ကို ၎င်းတို့ မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

ဘုရားသခင်နောက်လိုက်နေစဉ်တွင်၊ ၎င်းတို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှုတို့ကြောင့်နှင့် ၎င်းတို့၏ အမျိုးမျိုးသော စိတ်သဘောထားများကြောင့်၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် မနာခံသောသူများအဖြစ် မကြာခဏ ထုတ်ဖော်ပြကြပြီး၊ ဘုရားသခင်ကို နားလည်မှုလွဲကြ၏၊ သို့မဟုတ် ဘုရားသခင်ကို မကျေမချမ်းနိုင်ပင် ဖြစ်ကြသည်။ ၎င်းတို့သည် လမ်းလွဲသွားကြပြီး အချို့မှာ အပျက်သဘောပင် ဆောင်လာကြကာ ဘုရားသခင်ကို မကျေမချမ်းဖြစ်ရင်းနှင့် ၎င်းတို၏ ယုံကြည်ခြင်းကို ဆုံးရှုံးရင်း ၎င်းတို့၏ အလုပ်တွင် ပေါ့လျော့လာကြ၏။ လူတို့၏ အသက်တာများ၏ အမျိုးမျိုးသော အဆင့်များတွင် မနာခံသော အပြုအမူများ မကြာခဏ ထွက်ပေါ်တတ်၏။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ရှိပြီး သူအမှုပြုနေသည်ကို သိသော်လည်း၊ တစ်ခါတစ်ရံ ထိုအချက်ကို နားမလည်နိုင်ကြချေ။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ကျိုးနွံနာခံနိုင်ကြသော်လည်း၊ ယင်းကို စိတ်ထဲတွင် တကယ်ကို လက်မခံနိုင်ကြချေ။ စိတ်ထဲတွင် ၎င်းတို့ လက်မခံနိုင်သည်ကို မည်သည့်အရာက ပေါ်လွင်စေသနည်း။ ဤအရာ သိသာထင်ရှားသည့် နည်းလမ်းတစ်ခုမှာ အရာရာကို သိသော်လည်း၊ ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို တကယ်ကို ဘေးဖယ်မထားနိုင်သကဲ့သို့ ၎င်းတို့၏ အမှားများကို ဝန်ခံပြီး၊ “ဘုရားသခင်၊ ကျွန်ုပ် မှားခဲ့ပါတယ်။ ကျွန်ုပ် ထိုသို့ နောက်ထပ် ပြုမူတော့မည် မဟုတ်ပါ။ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်ကို ရှာဖွေပြီး ကျွန်ုပ်အား ကိုယ်တော် လုပ်စေချင်သည့်အတိုင်း လုပ်ဆောင်ပါမည်။ ကိုယ်တော့်ကို ကျွန်ုပ် အလေးဂရုပြုလေ့ မရှိခဲ့ပါ။ ကျွန်ုပ်သည် မရင့်ကျက်ခဲ့ပါ၊ မနာခံခဲ့သကဲ့သို့ မိုက်မဲခဲ့ပါသည်။ ယင်းကို ယခု ကျွန်ုပ် သိပါ၏” ဟု ပြောဖို့ ဘုရားသခင်ရှေ့သို့ မလာနိုင်ကြချေ။ လူတို့သည် မည်သို့ သဘောထားဖြင့် ၎င်းတို့၏ အမှားများကို ဝန်ခံကြသနည်း။ ( ၎င်းတို့ ပြောင်းလဲမှုတစ်ခု ပြုလုပ်ချင်ကြပါသည်။) လူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရားတို့ ရှိပြီး သမ္မာတရားကို တမ်းတသော်လည်း၊ ၎င်းတို့၏ အမှားများတွင် ပြောင်းလဲမှုတစ်ခု ပြုလုပ်ဖို့ မည်သည့်အခါတွင်မျှ မသိရှိဘဲ၊ ထိုအစား အတိတ်သည် အတိတ်ဖြစ်သည်ဟု ယုံကြည်ပြီး၊ ၎င်းတို့ မည်သည့်အခါတွင်မျှ မမှားယွင်းဟု သေချာစွာခံစားကြရပါက၊ ဤအရာက မည်သည့် စိတ်သဘောထားမျိုးကို ပြသနည်း။ မည်သည့် အပြုအမူမျိုးနည်း။ ထိုသို့သော အပြုအမူ၏ အနှစ်သာရမှာ အဘယ်နည်း။ ထိုသို့သော လူတို့သည် ခက်ထန်ကြပြီး မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ယင်းမှာ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော လူတို့ကို ဘုရားသခင် မနှစ်သက်ပေ။ နိနေဝေမြို့သားများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပထမဦးဆုံး ဖော်ပြချိန်တွင် ယောနက မည်သည့်အရာကို ပြောခဲ့သနည်း။ (“အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။” (ယောန ဝတ္ထု ၃:၄)) ဤစကားများကို နိနေဝေမြို့သားများက မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးတော့မည်ကို ၎င်းတို့ သိခဲ့သည်နှင့် တစ်ပြိုင်နက်၊ လျော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ခဲ့ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ အပြစ်များကို ဝန်ချရန် အလျင်အမြန် ဆောင်ရွက်ခဲ့ကြသည်။ ဤသည်မှာ နောင်တရဖို့ဟု ဆိုလိုသောအရာ ဖြစ်သည်။ ထိုသို့သော နောင်တသည် လူသားအား အလွန်ကြီးမားသော အခွင့်အရေး ပေး၏။ ယင်းမှာ မည်သည့် အခွင့်အရေး ဖြစ်သနည်း။ ယင်းသည် ဆက်လက် အသက်ရှင်ဖို့ အခွင့်အရေး ဖြစ်သည်။ ထိုသို့သော နောင်တမရှိဘဲနှင့်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင်ဖြစ်စေ ကယ်တင်ခြင်းအတွက် သင်၏ ရှာဖွေခြင်းတွင် ဖြစ်စေ၊ သင့်အတွက် ဆက်လက် ရှေ့ဆက်ဖို့ ခက်ခဲပေမည်။ အဆင့်တိုင်းတွင်၊ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေချိန်ဖြစ်စေ ရိုက်နှက်ဆုံးမနေချိန်ဖြစ်စေ၊ သို့မဟုတ် သင့်ကို သူ သတိပေးပြီး တိုက်တွန်းနေချိန်တွင်ဖြစ်စေ၊ သင်နှင့် ဘုရားသခင်ကြားတွင် သဘောကွဲလွဲမှု ဖြစ်ပေါ်ခဲ့သော်လည်း သင်သည် သင်၏ စိတ်ကူးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို ဖက်တွယ်သရွေ့၊ သင်၏ ခြေလှမ်းများ ရှေ့သို့ ဦးတည်သော်လည်း၊ သင်နှင့် ဘုရားသခင်ကြားရှိ သဘောကွဲလွဲမှု၊ သူနှင့်သက်ဆိုင်သည့် သင်၏ နားလည်မှုလွဲခြင်းများနှင့် မကျေမချမ်းဖြစ်ခြင်း၊ ပြီးလျှင် သင်၏ ပုန်ကန်မှုတို့သည် ပြုပြင်ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ သင်သည် ပြောင်းလဲမှုတစ်ခု မပြုလုပ်ပါက၊ ဘုရားသခင်သည် သူ၏ အခန်းကဏ္ဍအတွက် သင့်ကို သုတ်သင်ဖယ်ရှင်းလိမ့်မည် ဖြစ်သည်။ သင်သည် လက်ရှိ တာဝန်ကို လက်မလွှတ်သေးသကဲ့သို့၊ ယင်းကို ထိန်းသိမ်းနိုင်သော်လည်း၊ သင်သည် ဘုရားသခင်၏ စေခိုင်းချက်ကို လက်ခံပြီးဖြစ်ကာ ယင်းကို သစ္စာစောင့်သိသော်လည်း၊ သင်နှင့် ဘုရားသခင်ကြားတွင် ဖြစ်ပေါ်ပြီးဖြစ်သည့် သဘောထားကွဲလွဲမှု အထုံးတစ်ခုသည် သင်နှင့်ကပ်လျက် အစဉ်ထာဝရ ကျန်နေလိမ့်မည် ဖြစ်သည်။ ယင်းကို သင် မဖြေပါက၊ သို့မဟုတ် လက်မလွှတ်ပါက၊ ယင်းအစား ဘုရားသခင်သည် မှားကာ သင်သည် မတရားဆက်ဆံခံရခဲ့သည်ဟု ဆက်လက်ယုံကြည်ပါက၊ ဤသည်မှာ သင်သည် ပြောင်းလဲမှုတစ်ခု မလုပ်ရသေးသည်ဟု ဆိုလိုပေသည်။ ဘုရားသခင်သည် လူတို့အတွက် ပြောင်းလဲခြင်းတစ်ခု ပြုလုပ်ခြင်းအပေါ် ထိုသို့သော အရေးပါမှု အဘယ်ကြောင့် ထားရှိသနည်း။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးသည် ဖန်ဆင်းရှင်ကို မည်သည့် သဘောထားဖြင့် အလေးထားသင့်သနည်း။ ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်သည် မှန်ကန်သည်ဟု အသိအမှတ်ပြုသော သဘောထားတစ်ခု ဖြစ်သည်။ ဤအရာကို သင် အသိအမှတ်မပြုပါက၊ ဖန်ဆင်းရှင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဆိုသည်မှာ သင့်အဖို့ အနှစ်သာရမဲ့သော စကားများသာ ဖြစ်လိမ့်မည်။ ယင်းတို့သည် သင့်အဖို့ အနှစ်သာရမဲ့သော စကားများသာ ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို ကယ်တင်နိုင်လိမ့်ဦးမည်လော။ သူ ကယ်တင်နိုင်လိမ့်မည် မဟုတ်။ သင်သည် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။ ဘုရားသခင်သည် သင်ကဲ့သို့သော လူများကို မကယ်တင်ပေ။ “လူတို့ နောင်တရဖို့နှင့် ပြောင်းလဲမှုတစ်ခု ပြုလုပ်ဖို့ ၎င်းတို့ သိရှိရန် ဘုရားသခင် တောင်းဆိုသည်။ ကောင်းပြီ၊ အမှုအရာများစွာတွင် ကျွန်ုပ်သည် ပြောင်းလဲမှုတစ်ခု မပြုလုပ်သေးပါ။ ယင်းကို လုပ်ဆောင်ဖို့ ကျွန်ုပ်၌ အချိန်ရှိသေးပါသလား” ဟု ပြောသောသူ အချို့ရှိ၏။ အချိန်ရှိပါသေးသည်။ ထို့အပြင်၊ အချို့က “မည်သည့်အရာများတွင် ပြောင်းလဲမှုတစ်ခုကို ကျွန်ုပ် ပြုလုပ်ရမည်နည်း။ အတိတ်က အရာများသည် ကုန်လွန်သွားပြီဖြစ်သကဲ့သို့ မေ့လျော့ခံရပေသည်” ဟု ပြောကြသည်။ သင်၏ စိတ်သဘောထားသည် တစ်နေ့အတွက်ပင် မပြောင်းလဲပါက၊ သင်၏ လုပ်ရပ်များတွင် မည်သည့်အရာက သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ မည်သည့်အရာက ဘုရားသခင်နှင့် မကိုက်ညီသည်ကို သင်၏ သိရှိလာခြင်းမရှိဘဲ နေ့ရက်တစ်ရက်ပင် ကုန်လွန်သွားပါက၊ သင်နှင့် ဘုရားသခင်ကြား တည်ရှိသော ထိုအထုံးသည် မဖြေရသေးပေ။ ဤပြဿနာကို မဖြေရှင်းရသေးသကဲ့သို့ ယင်းသည် မကုန်လွန်သေးပေ။ ဤစိတ်သဘောထားသည် သင့်အတွင်းတွင် ရှိ၏။ ဤအတွေး၊ ရှုထောင့်နှင့် သဘောထားတို့သည် သင့်အတွင်းတွင် ရှိ၏။ မှန်ကန်သော အခြေအနေများ ဖြစ်ပေါ်လျှင်ဖြစ်ပေါ်ချင်း၊ သင်၏ ဤရှုထောင့်သည် နောက်တစ်ဖန် ထွက်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်နှင့် သင်၏ သဘောကွဲလွဲမှုသည် ပြန်ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ အတိတ်ကို သင် ပြင်ကောင်းပြင်မည် မဟုတ်သော်လည်း၊ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကို သင် ပြုပြင်ရမည်။ ယင်းတို့ကို မည်သို့ ပြုပြင်ရမည်နည်း။ သင်သည် အပြောင်းအလဲတစ်ခု ပြုလုပ်ရမည်ဖြစ်ပြီး သင်၏ စိတ်ကူးများနှင့် ရည်ရွယ်ချက်များကို ဘေးဖယ်ထားရမည်။ ဤအကြံ သင်၌ ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်၌ရှိသော သဘောထားမှာလည်း အလိုအလျောက် ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်လိမ့်မည်။ သို့သော်၊ အနည်းငယ် သာ၍ တိကျစွာ ပြောရလျှင်၊ ဤအရာသည် ဖန်ဆင်းရှင်‌ဖြစ်သည့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများ၌ အပြောင်းအလဲတစ်ခု ပြုလုပ်နေကြသည့် လူတို့ကို အမှန်တကယ် ရည်ညွှန်းပေသည်။ ယင်းသည် ဖန်ဆင်းရှင်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟူသော အမှန်တရားကို သတိပြုခြင်းနှင့် အတည်ပြုခြင်းတစ်ခု ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် ပြောင်းလဲနိုင်ပါက၊ မှန်ကန်သည်ဟု သင် ထင်သောအရာများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က စုပေါင်း၍မှန်ကန်သည်ဟု ထင်သောအရာများကို သင် ဘေးဖယ်ထားနိုင်သည်ဟု ဤအရာက ပြ၏၊ ပြီးလျှင် ယင်းအစား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး အပြုသဘောဆောင်သော အရာများဖြစ်သည်ကို သင် အသိအမှတ်ပြုနေခြင်း ဖြစ်သည်။ ဤသဘောထားမျိုး သင်၌ ရှိနိုင်ပါက၊ ယင်းသည် ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သူ၏အနှစ်သာရတို့နှင့် သက်ဆိုင်သော သင်၏ အသိအမှတ်ပြုခြင်းအား သက်သေပြပေသည်။ ဤသည်မှာ ဤပြဿနာကို ဘုရားသခင် ရှုမြင်ပုံ ဖြစ်ပြီး၊ ထို့ကြောင့် ယင်းကို အထူးသဖြင့် အရေးကြီးသည်ဟု သူ ယူဆလေသည်။...

လူတို့သည် ၎င်းတို့၏ သင့်တော်သောနေရာတို့တွင် နေရန် ပျက်ကွက်သည့်၊ ၎င်းတို့ ပြီးမြောက်ရမည့်အရာကို ပျက်ကွက်သည့် ကိစ္စများတွင်၊ တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်တွင် ပျက်ကွက်လျှင် ယင်းသည် ၎င်းတို့၏ စိတ်တွင် အဆက်မပြတ်လွှမ်းမိုးနေသောအရာ ဖြစ်လာလိမ့်မည်။ ဤသည်မှာ အလွန့်အလွန် လက်တွေ့ကျသော ပြဿနာဖြစ်ပြီး ဖြေရှင်းမှဖြစ်မည့် အရာဖြစ်သည်။ ထို့ကြောင့် ဤအရာကို မည်သို့ဖြေရှင်းရမည်နည်း။ လူတို့တွင် မည်သည့်သဘောထားမျိုး ရှိရမည်နည်း။ အခြားအရာများအားလုံး မပြုလုပ်မီတွင် ၎င်းတို့သည် မိမိတို့ကိုယ်မိမိ ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိရမည်။ ဤပြုပြင်ပြောင်းလဲရန် ဆန္ဒရှိမှုကို မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ နှစ်နှစ်ဆယ်ကြာ ခေါင်းဆောင်တစ်ယောက်ဖြစ်နေခဲ့သောသူတစ်ယောက်သည် အစွမ်းအစညံ့ဖျင်းသောကြောင့်လည်းကောင်း၊ အလုပ်နှင့် မသင့်တော်သောကြောင့်လည်းကောင်း၊ တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိသောကြောင့်လည်းကောင်း လူစားလဲခံရသည် ဆိုပါစို့။ လူစားလဲခံရပြီးနောက်တွင် ၎င်းသည် အလွန်အမင်း အပျက်သဘောဆောင်လာသည်။ ဤအပျက်သဘောဆောင်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ လူစားလဲခံရပြီးနောက်တွင် ၎င်းသည် လက်ခံနိုင်လောက်သည့် စံသတ်မှတ်ချက်အထိ တာဝန်ကို ထမ်းဆောင်နိုင်ဆဲဖြစ်လျှင်၊ သစ္စာရှိပြီး နာခံမှုရှိလျှင်၊ ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိလျှင် ၎င်းသည် မည်သို့ပြုလုပ်သင့်သနည်း။ မည်သို့ပြုမူသင့်သနည်း။ ရှေးဦးစွာ ၎င်းသည် “ဘုရားသခင်လုပ်ဆောင်ခဲ့သည်မှာ မှန်ကန်သည်။ ငါ၏အစွမ်းအစသည် အလွန်ပင် ညံ့ဖျင်းသည်။ ဤနှစ်များတစ်လျှောက်တွင် တကယ့်အလုပ်ကို ငါမလုပ်ဆောင်ခဲ့ဘဲ ယင်းအစား ဘုရားအိမ်တော်၏ အမှုနှင့် ညီအစ်ကိုမောင်နှမတို့၏ အသက်ဝင်ရောက်မှုကိုသာ နှောင့်နှေးစေခဲ့သည်။ ဘုရားသခင်က ငါ့ကို ချက်ချင်း မထုတ်ပယ်ခဲ့သည်မှာ ငါကံကောင်း၏။ ဤအချိန်တစ်လျှောက်လုံးတွင် ငါ၏ရာထူးကို ကိုင်စွဲလျက်၊ အလွန်ကောင်းမွန်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် မိမိကိုယ်ကို ယုံကြည်လျက်ဖြင့် ငါသည် အမှန်တကယ်ပင် အလွန်အရှက်ကင်းမဲ့ခဲ့သည်” ဟု ပြောသင့်သည်။ မိမိကိုယ်ကို ရွံ့မုန်းခြင်းနှင့် နောင်တရခြင်းအသိစိတ်တို့ကို ခံစားနိုင်ခြင်းသည် ပြုပြင်ပြောင်းလဲရန် လိုလားမှုရှိသည့် ဖော်ပြချက်တစ်ခု ဟုတ်သလော၊ မဟုတ်သလော။ ပထမဦးစွာ ၎င်းသည် ဤသို့ လက်တွေ့လုပ်ဆောင်နိုင်ပါက ၎င်းသည် ဆန္ဒရှိသည်ဟု အဓိပ္ပာယ်ရသည်။ ဒုတိယအနေဖြင့် ၎င်းက “ငါသည် အစွမ်းအစ ညံ့ဖျင်းပြီး ယခင်က ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့။ ဤသို့ဆိုလျှင် ယခုတွင် မည်သည့်အရာကို ငါလုပ်ဆောင်နိုင်မည်နည်း။ လူတစ်ဦး၏ ယုံကြည်ခြင်း၌ ၎င်း၏ တာဝန်တွင် ခေါင်းဆောင်ဖြစ်ခြင်းတစ်ခုသာ ပါဝင်သည်မဟုတ်။ မည်သည့်အရာကို ငါလုပ်ဆောင်နိုင်သည်ဖြစ်စေ ငါလုပ်ဆောင်သင့်သည်။ ဆောင်းပါးများကို ရေးနိုင်လျှင် ဆောင်းပါးများကို ငါရေးသင့်သည်။ လူသစ်များကို ငါရေလောင်းနိုင်လျှင် လူသစ်များကို ငါရေလောင်းသင့်သည်။ လူသားမျိုးနွယ်က ၎င်းတို့၏ တာဝန်ကို လက်ခံနိုင်လောက်သည့် စံသတ်မှတ်ချက်တစ်ခုအထိ ထမ်းဆောင်ရန် ဘုရားသခင်က တောင်းဆိုသည်။ ထို့ကြောင့် ဤသို့ဖြစ်အောင်လည်း ငါလုပ်ဆောင်သင့်သည်” ဟု ပြောဆိုလျှင် ဤသည်မှာ ယင်းဆန္ဒရှိမှုနှင့် သက်ဆိုင်သည့် အခြားဖော်ပြချက်တစ်ခုဖြစ်သည်။ နောက်တစ်ခုတွင် ၎င်းက “ငါခေါင်းဆောင်ဖြစ်ခဲ့သော ဤနှစ်များအားလုံးတွင် ငါသည် ဂုဏ်အဆင့်တန်းကောင်းချီးကို ရရန်လည်းကောင်း၊ အယူဝါဒကို ဟောပြောရန်လည်းကောင်း၊ အယူဝါဒနှင့် မိမိကိုယ်ကို ဆင်မြန်းရန်လည်းကောင်း အစဉ်သဖြင့် ကြိုးပမ်းခဲ့သည်။ အသက်ဝင်ရောက်မှုအတွက် ငါမကြိုးပမ်းသကဲ့သို့ နာခံခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကိုလည်း ငါနားမလည်ခဲ့။ ငါလူစားလဲခံရသည့် ယခုအချိန်မှသာ ငါသည် မည်မျှအရည်အချင်းမပြည့်မီဘဲ လိုအပ်မှုရှိနေသည်ကို မြင်ရသည်။ ဘုရားသခင်က မှန်ကန်သည့်အရာကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ငါလိုက်နာရမည်။ ယခင်က ငါ့တွင် ဂုဏ်အဆင့်အတန်းရှိပြီး လူတို့က ငါ့ကို ကောင်းမွန်စွာ ဆက်ဆံကြသည်။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ငါ့ကို ဝန်းရံကြသည်။ ယခုတွင်မူ မည်သူကမျှ ငါ့ကို သတိမပြုမိကြ၊ ငါသည် မုန်းတီးရွံရှာပြီး စွန့်ပစ်ခြင်းကို ခံရ၏။ ဤအရာသည်လည်း ငါခံထိုက်သောအရာဖြစ်သည်။ ငါနှင့် ထိုက်တန်သော အပြစ်ဒဏ်ဖြစ်သည်။ ထို့အပြင် ဖန်ဆင်းခံသက်ရှိတစ်ဦးသည် ဘုရားသခင်ရှေ့တွင် မည်သို့လျှင် ဂုဏ်အဆင့်အတန်းတစ်စုံတစ်ရာရှိနိုင်မည်နည်း။ ဂုဏ်အဆင့်အတန်းသည် အဆုံးမဟုတ်သကဲ့သို့ ပန်းတိုင်လည်း မဟုတ်။ ဘုရားသခင်က ငါ့ကို တာဝန်ပေးစေခိုင်းခဲ့သည့်အရာသည် ငါ၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်ပြီး ငါတတ်နိုင်သမျှကို ငါလုပ်ဆောင်သင့်၏။ အခြားတစ်ဖက်တွင် ဘုရားသခင်၏ စီစဉ်မှုများနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအပေါ် နာခံသည့်သဘောထားတစ်ခု ငါ၌ ရှိသင့်သည်။ နာခံခြင်းသည် ခက်ခဲနိုင်သော်လည်း ငါနာခံဖို့ လိုအပ်သည်။ ဘုရားသခင်လုပ်ဆောင်သည့်အရာမှာ မှန်ကန်သည်။ ငါ၌ ဆင်ခြေများ ထောင်ပေါင်း၊ သောင်းပေါင်းများစွာ ရှိသည်ဆိုလျှင်ပင် မည်သည့်အရာမျှ အမှန်တရားဖြစ်မည်မဟုတ်။ နာခံခြင်းက ငါ့အတွက် ပို၍ကောင်း၏” ဟု ပြောဆိုနိုင်သည်။ ခြွင်းချက်မရှိဘဲ ဤအရာအားလုံးသည် ပြုပြင်ပြောင်းလဲရန် လိုလားမှု၏ ဖော်ပြချက်များဖြစ်သည်။ လူတစ်ယောက်သည် ဤအရာအားလုံးကို ပိုင်ဆိုင်လျှင် ဘုရားသခင်က ထိုကဲ့သို့သောသူကို မည်သို့အကဲဖြတ်နိုင်သနည်း။ ဤသူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူဖြစ်သည်ဟု ဘုရားသခင်က ဆိုလိမ့်မည်။ ဤအကဲဖြတ်ချက်က မြင့်မားသလော။ (မြင့်မားပါသည်။) ယင်းသည် အလွန်အကျွံမြင့်မားခြင်းမဟုတ်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်းသက်သက်သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် စံသတ်မှတ်ချက်ကို မမီပေ— သို့သော် ဤသို့သောလူမျိုးနှင့်ပတ်သက်လျှင် ယင်းမှာ သေးငယ်သော အောင်မြင်မှု မဟုတ်ပေ။ ဤနောက်တွင် သင်၏ အားထုတ်လိုက်စားမှုကို မည်သို့လုပ်ဆောင်မည်၊ သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ချက်ကို ပြောင်းလဲသွားအောင် မည်သို့ပြုလုပ်မည်ဆိုသည်မှာ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

အရှေ့သို့- ၁) စစ်မှန်သော နောင်တသည် အဘယ်အရာဖြစ်ပြီး ယင်း၏ သရုပ်သကန်များမှာ အဘယ်နည်း

နောက်တစ်ခုသို့- ၁) ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ဘုရားသခင်သည် အဘယ်ကြောင့် လူများကို ရိုးသားဖို့ တောင်းဆိုပါသနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁) ခရစ်တော် အယောင်ဆောင်သောသူတစ်ဦးကို မည်သို့ ခွဲခြားနိုင်သနည်း၊ ပြီးလျှင် သူ၏ ဝိသေသလက္ခဏာများမှာ အဘယ်နည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊...

၅) ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ရပ်သည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို စုံလင်စေသည်ဟု ဆိုထားသည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်...

၁) ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို သိရှိသည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့်...

၅) ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်