၃) စစ်မှန်သော နောင်တနှင့် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းတို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

ပေါလုသည် မိမိကိုယ်တိုင်၏ မနာခံခြင်းကို သိရန် မဆိုထားနှင့်၊ မိမိ ကိုယ်တိုင်၏ အနှစ်သာရ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို မသိခဲ့ချေ။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သည့် သူ၏ စက်ဆုပ်ဖွယ် အာခံမှုကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် လွန်ကဲစွာ နောင်တရခြင်းလည်း မရှိခဲ့ပေ။ အကျဉ်းရုံး ရှင်းပြချက်တစ်ခုကိုသာ သူပေးခဲ့ပြီး၊ သူ၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း မရှိခဲ့ပေ။ သူသည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏စိတ်တွင်း ကို မဆန်းစစ်ခဲ့ချေ။ သူသည် အလုပ်လုပ်မြဲ လုပ်နေရရုံမျှနှင့် ရောင့်ရဲခဲ့ပြီး၊ မိမိကိုယ်ကိုယ် သိခြင်းနှင့် သူ၏ စိတ်သဘောထားဟောင်းအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ကိစ္စရပ်များအဖြစ် သူ မမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောဆိုခြင်းမျှဖြင့်၊ သူ၏ ကိုယ်ပိုင် ဩတ္တပ္ပစိတ်အတွက် အခြားသူများကို ကျွန်တစ်ဦးသဖွယ် ထောက်ပံ့ပေးခြင်းမျှဖြင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား နှိပ်စက်ညှဉ်းပန်းမှု မပြုတော့ခြင်းမျှဖြင့် သူသည် ကျေနပ်နေခဲ့သည်။ သူ လိုက်စားခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် အချိန်ပိုင်းမျှသာခံသော အလုပ်ထက် ဘာမျှမပိုပေ၊ သူ လိုက်စားခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မဖွေရှာခဲ့သကဲ့သို့၊ ယခင်က သူနားမလည်ခဲ့သော သမ္မာတရားထဲသို့လည်း သာ၍ နက်ရှိုင်းစွာ တိုးတက်ရန် မကြိုးစားခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် မှားယွင်းသည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကို လက်မခံခဲ့ချေ။ သူ အလုပ်လုပ်နိုင်ခဲ့သည်မှာ သူသည် မိမိကိုယ်တိုင်၏ သဘာဝ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ အာရုံစိုက်မှုမှာ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသာ ဖြစ်ခဲ့သည်။ ထို့အပြင် သူကြိုးပမ်းခဲ့သည့်အရာမှာ ပြောင်းလဲမှု မဟုတ်ပဲ အသိပညာ ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် ဒမာသက်သို့ သွားရာလမ်းပေါ်တွင် ယေရှု၏ ပေါ်ထွန်းခြင်း ရလဒ် လုံးလုံးဖြစ်ခဲ့သည်။ ယင်းမှာ သူသည် မူလက လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့်အရာ မဟုတ်သကဲ့သို့၊ ယင်းမှာ သူ၏ စိတ်သဘောထားဟောင်းကို ပြုပြင်ခြင်းအား လက်ခံပြီးသည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ခဲ့ချေ။ သူသည် မည်သို့ အလုပ်လုပ်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်က အပြစ်များကို မဖြေလွှတ်ခဲ့ဘဲ၊ ထိုအချိန်က အသင်းတော်များအလယ် အချို့သော အခန်းကဏ္ဍ၌ လုပ်ဆောင်ခဲ့ရုံမျှ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော မိမိ၏ စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့် ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိခဲ့သကဲ့သို့ သာ၍ပင် သမ္မာတရား မရှိသောသူတစ်ဦးအနေဖြင့် သူသည် သခင်ယေရှုက လက်ခံသော သူများထဲမှ တစ်ဦး ဖြစ်လာနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သင့်ကိုယ်သင် သိရှိခြင်းသည် အသက်ထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သည့် အရေးအပါဆုံးနှင့် အခြေခံအကျဆုံးသော ကိစ္စရပ် ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို လူတို့ယုံကြည်ကြသည့်အခါ ဖြေရှင်းသင့်သည့် ပထမဆုံးကိစ္စရပ်လည်း ဖြစ်သည်။ မိမိတို့ကိုယ်ကို မသိရှိသောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြချေ။ ၎င်းတို့၏ ယုံကြည်ခြင်းသည် ကောင်းချီးခံစားရဖို့အတွက်မျှ ဖြစ်သည်။ ဤအရာကို အဘယ်ကြောင့် ငါပြောရသနည်း။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်တွင်၊ သခင်ယေရှု ပြောခဲ့သည်မှာ- “ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။ ထို့ကြောင့် နောင်တရကြလော့။” (ရှင်မဿဲခရစ်ဝင် ၄:၁၇) ယနေ့တွင်၊ သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ၊ ယခုအချိန်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတို့အတွက် ကောင်းကင်နိုင်ငံတော်ထဲသို့ လက်ခံခြင်းခံရမည့် အချိန်ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် လူတို့ ဖြေရှင်းသင့်သည့် ပထမဆုံးသော ပြဿနာမှာ အဘယ်နည်း။ စစ်မှန်သော နောင်တ ဖြစ်သည်။ လူတို့သည် စစ်မှန်သော နောင်တ ရနိုင်စွမ်းမရှိပါက၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ၎င်းတို့ မဝင်ရောက်နိုင်၊ အပြတ်ဖြစ်၏။ အမှန်တကယ် နောင်တရဖို့၊ ပထမဦးစွာ သင့်ကိုယ်သင် သိရမည်။ လူတို့သည် မိမိတို့ကိုယ်ကို သာ၍ သိလေလေ၊ စစ်မှန်သော နောင်တနှင့် စစ်မှန်သော ပြောင်းလဲခြင်းကို ရနိုင်စွမ်း ရှိလာလေလေဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိရှိကြပါက၊ အမှန်တကယ် နောင်တမရနိုင်ကြသကဲ့သို့၊ အမှန်တကယ်ပြောင်းလဲဖို့ ၎င်းတို့အတွက် မဖြစ်နိုင်။ ထို့ကြောင့်၊ မိမိကိုယ်ကို သိရှိခြင်းသည် အမှန်တကယ် နောင်တရဖို့နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ ဖြေရှင်းရမည့် ပထမဆုံး ပြဿနာ ဖြစ်သည်။ အယောက်တိုင်းက ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ချင်ကြ၏၊ သို့သော်လည်း ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းက ဘာသာရေးသမားများ၏ ယုံကြည်ခြင်းကဲ့သို့ဖြစ်ပါက ဤသည်မှာ ဖြစ်နိုင်သလော။ ဘာသာရေးသမားများသည် ဘုရားသခင်အတွက် အသုံးခံရင်း၊ ဧဝံဂေလိတရား ဖြန့်ဝေရင်းနှင့် သခင့်ကို သက်သေခံရင်း၊ ၎င်းတို့၏ တစ်ဘဝလုံးကို ကုန်ဆုံးစေကြပြီး ၎င်းတို့၏ အပြစ်များကို ဝန်ချရင်းနှင့် ခွင့်လွှတ်ခြင်းအတွက် တောင်းလျှောက်ရင်း သခင့်ထံ မကြာခဏ ဆုတောင်းကြသည်။ သို့သော် နောက်ဆုံးတွင်၊ ၎င်းတို့ အမှန်တကယ် နောင်တရကြသလော။ မရကြပေ။ ၎င်းတို့၏ အပြုအမူများစွာက ကောင်းမွန်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ၎င်းတို့မသိကြသကဲ့သို့ ဆက်လက် လိမ်ညာကြကာ မကြာခဏ အပြစ်ပြုကြသည်- ယင်းက ၎င်းတို့သည် အမှန်တကယ် လုံးဝနောင်တမရကြသေးသည်ကို ပြပေသည်။ လူသားမျိုးနွယ်၏ နက်နဲသော ဖောက်ပြန်ပျက်စီးခြင်းသည် အဓိကအားဖြင့် သူ၏လိမ်ညာမှုများ၊ ဘုရားသခင်ကို လှည့်စားဖို့ သူ၏ကြိုးပမ်းမှုများနှင့် ဘုရားသခင်ကို သူ၏ဆန့်ကျင်ခြင်းများတွင် သိသာထင်ရှား၏။ သူသည် စစ်မှန်စွာ ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်လာပြီးချိန်၊ သူမလိမ်ညာသည့်အချိန်၊ သို့မဟုတ် ဘုရားသခင်ကို လှည့်စားဖို့ မကြိုးစားသကဲ့သို့ စိတ်နှလုံးနှင့် ရိုးသားမှုတို့ဖြင့် ဘုရားသခင်ကို ကိုးကွယ်သည့်အချိန်တွင်သာ စစ်မှန်သော နောင်တကို စွမ်းဆောင်ရရှိ၏။ သို့ဆိုလျှင် ဘာသာရေးသမားများသည် မကြာခဏ နောင်တရပြီး ၎င်းတို့၏ အပြစ်များကို သခင့်ထံ ဝန်ချကြသော်လည်း၊ အဘယ်ကြောင့် အမှန်တကယ် နောင်တမရနိုင်သကဲ့သို့ မပြောင်းလဲနိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရကို မသိကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ် တည်ရှိသည့်နေရာ ဖြစ်သည်။ ၎င်းတို့ လိမ်ညာသည်၊ ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ကြသည်ကို မြင်ရလျက်၊ လူတို့သည် ဘုရားသခင်ထံ ဝန်ချခြင်းတွင် မရမက လုပ်ဆောင်ကြသည့်အခါ၊ ဤသည်ကို မိမိတို့ကိုယ်ကို သိရှိခြင်းအဖြစ် မမှတ်ယူပေ။ ဤသည်မှာ ၎င်းတို့ အပြစ်၏ အမှန်တရားကို ရှုမြင်ခြင်းနှင့် ၎င်းတို့ အပြစ်နှင့်ပြည့်သည်ကို ဝန်ခံ‌ခြင်းထက် ဘာမျှမပိုပေ။ ထိုအတောအတွင်းတွင်၊ ဤအပြစ်များကို ၎င်းတို့ကျူးလွန်နိုင်စွမ်း၏ အနှစ်သာရနှင့် အရင်းအမြစ်၊ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို လိမ်ညာပြီး လှည့်စားဖို့ ကြိုးစားကြသည်ဆိုသည်နှင့်ဆိုင်သော ပဓာနကျသည့် မေးခွန်းများသည် ၎င်းတို့ကို မိမိတို့ကိုယ်ကိုနှင့်ဆိုင်သော စစ်မှန်သည့် အသိပညာနှင့် စစ်မှန်သော နောင်တတို့ကို ရရှိနိုင်စွမ်းမရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့အဖို့ မြင်မရနိုင် ဖြစ်မြဲဖြစ်လေသည်။ ထို့ကြောင့် ဘာသာရေးသမားများက သခင့်ထံ မည်သို့ဆုတောင်းပြီး ၎င်းတို့၏ အပြစ်များကို ဝန်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ အမှန်တကယ် မသိကြချေ။ သင့်ကိုယ်သင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာသည် မည်သည့်အပြစ်များအား သင် ကျူးလွန်မိပြီးဖြစ်သည်ကို ခွဲခြားနိုင်ခြင်းသာ မဟုတ်ပေ။ အဓိက အရေးပါသည့်အရာမှာ သင့်အပြစ်များ၏ အရင်းအမြစ်နှင့် အနှစ်သာရ၊ လူသား၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သည့်နေရာမှ လာသည်ဆိုသည်နှင့် သန့်စင်စေခြင်းခံရဖို့ ယင်းတို့ကို မည်သို့ဖြေရှင်းသင့်သည်ဆိုသည်တို့နှင့် ပတ်သက်၍ ရှင်းလင်းမှုရှိခြင်း ဖြစ်သည်။ ထိုသို့သော ကိစ္စရပ်များက လူတို့အဖို့ မရှင်းလင်းသည့်အပြင် ၎င်းတို့ အပြစ်ပြုမိပြီဟုသာ ၎င်းတို့ ဝန်ခံကြပါက၊ ၎င်းတို့ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့မဆိုထားနှင့် မည်သည့်အရာကိုမျှ ဖြေရှင်း၍မရနိုင်ပေ။ လူအချို့က၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ပြီး စည်းဝေးပွဲကို ပုံမှန်ကျင်းပပါသည်။ ထို့နည်းတူပင် ကျွန်ုပ်တို့၏ တာဝန်များကိုလည်း ကျွန်ုပ်တို့ ထမ်းဆောင်ကြပါ၏။ ဤအရာကို စစ်မှန်သော နောင်တအဖြစ် မှတ်ယူ၍ရသလော၊ မရသလော။ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ ဝင်ရောက်နိုင်ပါသလော” ဟု ပြောကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာ ပြောသနည်း။ လူတို့က မိမိတို့ကိုယ်ကို သိရှိပြီး ၎င်းတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ကြိုးပမ်းရရှိသည့်အခါမှသာ၊ ဤအရာကို စစ်မှန်သော ပြောင်းလဲမှုဟု မှတ်ယူပြီး ထိုအခါမှသာလျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ ၎င်းတို့ဝင်ရောက်နိုင်ကြောင်း ပြောသည်။ လူသား၏ ဆိုးယုတ်သော သဘာဝက မည်သည့်အရာဖြစ်သည်၊ ဤဆိုးယုတ်သော သဘာဝအတွင်းတွင် မည်သည့်အရာ ပါရှိသည်၊ လူတို့၌ ဆိုးယုတ်သော သဘာဝတစ်ခုရှိသည့်အခါ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်ကို ၎င်းတို့ နာခံပြီး ကြောက်ရွံ့ကာ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်း ရှိမရှိဆိုသည်တို့နှင့် ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ရှင်းလင်းပေ၏။ လူတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ မိမိတို့ကိုယ်ကို သိရှိခြင်းအပေါ် အာရုံမစိုက်ကြပါက၊ ၎င်းတို့သည် အမှန်တကယ် နောင်တမရနိုင်ပေ။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ယနေ့တွင်၊ သင်သည် သင့်ကိုယ်သင် သိရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုအချို့ကို အခြေခံအားဖြင့် တွေ့မြင်ထားပြီး ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကို မသိရှိပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးကျူးလောက်စရာ ဖြစ်သည်ဟု တွေးရန် သေချာသည်ကို သင် မြင်ရသည်။ ၎င်းတို့သည် ဆက်လက် မာနထောင်လွှားကာ စိတ်ကြီးဝင်ကြလိမ့်မည်၊ မရိုးဖြောင့်ကြသကဲ့သို့ လှည့်ဖြားကြလိမ့်မည်ဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်ကာ ယုတ်ညံ့ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့နှစ်သက်သည့် အရာများကို လိုက်စားကြဆဲဖြစ်လိမ့်မည်ဖြစ်ပြီး၊ မှားယွင်းသော လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းကြလိမ့်မည်။ စစ်မှန်သော နောင်တမှာ လူတို့က မိမိတို့ကိုယ်ကို အမှန်တကယ် သိကြသည့်အခါတွင်သာ ဖြစ်ပေါ်၏။ စစ်မှန်သော နောင်တ၏ သရုပ်သကန်များစွာ ရှိ၏။ ယင်းတို့သည် အဓိကအားဖြင့်- ၁) မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကင်းမဲ့စေခြင်း၊ ၂) မှားယွင်းသော လက်တွေ့လုပ်ဆောင်မှုများ၊ အမြင်များ၊ အယူအဆများနှင့် အတိတ်၏ အမှုအရာများအား လုပ်ဆောင်ခြင်းနည်းလမ်းများကို ပြုပြင်ခြင်းတို့ ပါဝင်သည်။ ဤသည်တို့မှာ စစ်မှန်သော နောင်တ၏ သရုပ်သကန်များ ဖြစ်သည်။ စစ်မှန်သော နောင်တမှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ အညွှန်းအပြင်၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် စမှတ်လည်း ဖြစ်၏။ အမှန်တကယ် နောင်တရသောသူတို့သာ လူ့ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခြေချနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်နိုင်ကာ၊ ထိုအခါတွင်မှ ၎င်းတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိနိုင်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်ပေသည်။ စစ်မှန်သော နောင်တ မရှိလျှင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဆက်လက်ဖြစ်တည်လိမ့်မည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ မှားယွင်းသော နည်းစနစ်များသည် ဆက်လက်တည်ရှိလိမ့်မည်၊ အိုဟောင်းသော အရာများကို ၎င်းတို့ ဖက်တွယ်ကြလိမ့်ဦးမည်၊ အမှုအရာများကို ၎င်းတို့မြင်သည့် နည်းလမ်းသည် စာတန်၏ရှုထောင့် ဖြစ်လိမ့်ဦးမည်ဖြစ်ပြီး ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဖာရိရှဲတို့၏ လမ်းကြောင်းဖြစ်ဖို့ သေချာလိမ့်မည်- ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြလိမ့်မည်။ ထိုသို့သော လူတို့သည် ကယ်တင်မခံရနိုင်ပေ။ သခင်ယေရှု ပြောခဲ့သည်မှာ- “ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။ ထို့ကြောင့် နောင်တရကြလော့။” (ရှင်မဿဲခရစ်ဝင် ၄:၁၇) အမှန်တကယ် နောင်တရသောသူတို့သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သည်။ အမှန်တကယ် နောင်တမရသောသူများ မဝင်ရောက်နိုင်၊ ၎င်းတို့သည် ဖယ်ရှားသုတ်သင်ခံရမည့်သူများ ဖြစ်သည်။ ဤအကြောင်းကြောင့် စစ်မှန်သော နောင်သည် အဆုံးစွန် အရေးပါမှု ရှိ၏။ စစ်မှန်သော နောင်တကို ကြိုးပမ်းရရှိခြင်းအတွက် အဓိက သတ်မှတ်ချက်များမှာ အဘယ်နည်း။ အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ သင့်ကိုယ်သင်သိရှိခြင်းဖြစ်၏။ သင့်ကိုယ်သင် သိရှိခြင်းအားဖြင်သာ သင်သည် စစ်မှန်သော နောင်တကို ရရှိနိုင်ပြီး သင့်ကိုယ်သင် သိရှိခြင်းအားဖြင့်သာ သင်၏ဖောက်ပြန်ပျက်စီးခြင်းက သန့်ရှင်းစေခြင်းကို ခံရနိုင်သည်။ စစ်မှန်သော နောင်တကို ရရှိဖို့၊ သင်သည် သင့်ကိုယ်သင် သိရှိခြင်းအပေါ် အာရုံစိုက်ရမည်။ လူတို့သည် မိမိတို့ကိုယ်ကို မသိရှိကြပါက- ၎င်းတို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းက မရေရာသော ယုံကြည်ခြင်းဖြစ်ပါက- ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းသည် အစည်းအဝေးသို့ သွားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ၎င်းတို့၏ တာဝန်ကို နေ့စဉ် ထမ်းဆောင်ခြင်းအားဖြင့် သန့်ရှင်းစေခြင်းကို ခံရနိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရားကို ရရှိနိုင်လိမ့်မည်လော။ မဖြစ်နိုင်ချေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း မိမိတို့ကိုယ်ကို မသိရှိကြပါက- ၎င်းတို့သည် အစဉ်ပင် နားဝေတိမ်တောင်ဖြစ်နေပါက- စစ်မှန်သော နောင်တ မရှိနိုင်ပေ။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- စစ်မှန်သော နောင်တကို မည်သို့ စွမ်းဆောင်ရရှိနိုင်သနည်း။

နောက်တစ်ခုသို့- ရိုးသားသော လူတစ်ဦးဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်သည် အဘယ်ကြောင့် လူများကို ရိုးသားဖို့ တောင်းဆိုပါသနည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို အဓိကအားဖြင့် ထုတ်ဖော်ပြသည့် ပုံပန်းသွင်ပြင်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

ဘာသာရေးလောက၏ ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်မှုတို့ကို ခံစားရသူတစ်ဦး၏ အကျိုးဆက်များနှင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည်...

စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို သုံးပါးတစ်ဆူ ဘုရားသခင်အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဘုရားသခင်ကို အာခံခြင်းနှင့် ပြစ်မှားပြောဆိုခြင်းဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- သုံးပါးတစ်ဆူ ဘုရားသခင်သည် ဤစကြဝဠာကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေဟု သင်တို့ကို ငါ ပြောပါရစေ။...

ဘာသာရေးလောကသည် ခရစ်တော်ကို အမြဲ ဆန့်ကျင်ခဲ့၊ ငြင်းပယ်ခဲ့ပြီး ပြစ်တင်ရှုတ်ချခဲ့ရသည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်