အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၈။ ဘုရားသခင်၏ အလိုတော် နောက်လိုက်ခြင်းက မည်သည့်အရာဖြစ်ပြီး စစ်မှန်သော သက်သေခံခြင်းက မည်သည့်အရာနည်း။

၃) ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သောသူ တစ်ဦးဆိုသည်ကား အဘယ်နည်း။ ထို့နောက် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှုက အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုအခါ ယောဘသည် ထကာ၊ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပြပ်ဝပ်လျက် ကိုးကွယ်ပြီး၊ ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘ ၁:၂၀-၂၁)

သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သား နှစ်ယောက်ကိုခေါ်၍ ယဇ်ရှို့စရာ ထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။...ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ မိမိလက်ကို ဆန့်၍ သားကိုသတ်ခြင်းငှါ၊ ဓားကို ကိုင်ယူလေ၏။” (က ၂၂:၂-၃၊ ၉-၁၀)

ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာ ၁၄:၄-၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေရှုသည် သူ၏ကိုယ်ရေးကိုယ်တာအစီအစဉ်များနှင့် ကိုယ့်အကျိုးကိုထည့်သွင်းမစဉ်းစားဘဲ ဘုရားသခင်၏ အလိုတော်ကို လေးနက်စွာ ဆောင်ရွက်ခဲ့သောကြောင့် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည်လည်း ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဖြစ်ခဲ့သည်။ သူကိုယ်တိုင်ပင် ဘုရားဖြစ်သည်မှာ သင်တို့အားလုံး ကောင်းစွာ နားလည်ကြသည်။ (အမှန်အားဖြင့် သူကိုယ်တိုင်က ဘုရားဖြစ်ကြောင်း ဘုရားသခင်သည် သက်သေခံခဲ့သည်။ ငါသည် ဤကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပေးရန်အတွက် ယေရှု၏ အကြောင်းအရာ အချက်အလက်ကို အသုံးပြုရန် ဤအကြောင်းကို ဤနေရာတွင် ဖော်ပြခြင်းဖြစ်ပေသည်။) သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အဓိကထားနိုင်ခဲ့ပြီး၊ ကောင်းကင်ဘုံရှိ အဖဘုရားသခင်ထံသို့ အစဉ်မပြတ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖဘုရားသခင်၏အလိုတော်အတိုင်း ဆောင်ရွက်ခဲ့သည်။ သူဆုတောင်းပြောဆိုခဲ့ပုံမှာ— “အဖဘုရားသခင်၊ ကိုယ်တော်၏အလိုအတိုင်း ဖြစ်စေပါ။ ကျွန်ုပ်၏အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသည် ချည့်နဲ့နိုင်သော်ငြားလည်း လူကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ်ဖြစ်သောလူအတွက် ကိုယ်တော်က အဘယ်ကြောင့် စိုးရိမ်ကြောင့်ကြနေရသနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏အလိုတော်ကိုသာ ပြီးပြည့်စုံစေလိုပြီး၊ ကိုယ်တော်၏ ရည်ရွယ်ချက်များအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုလိုသောအရာကို ကိုယ်တော်ပြုတော်မူပါ။” ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေလိုက်သကဲ့သို့ မချိမဆံ့စိတ်သောကဝေဒနာကို ခံစားခဲ့သည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင်လျှင် မရှိခဲ့ပါ။ တန်ခိုးကြီးမားသောအင်အားတစ်ခုက သူ့အား သူကားစင်တင်ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် ကားစင်တင်ခံခဲ့ရပြီး၊ အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူတို့အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးမြောက်ခဲ့ပြီး၊ သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများ၏အထက်သို့ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုးကို ဆုံးရှုံးခဲ့ပြီး၊ သူ့ကို အရှုံးပေးခဲ့ရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း” ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်၏အလိုတော်အတိုင်း ဘုရားသခင်ရှေ့၌ လိုက်လျောညီထွေသော သူ၏အစေခံမှုကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသောဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ ထိုအမှုတော်ကို ပြီးမြောက်စေရန် သူ့ကို ထမ်းရွက်စေခဲ့သည်။ သူသည် ထိုအရေးကြီးသောအမှုကို ဆောင်ရွက်ပြီးမြောက်ရန် ထိုက်တန်ပြီး လျော်ကန်သင့်မြတ်သောသူ ဖြစ်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” မှ

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင်အပေါ် အစွမ်းကုန် သစ္စာရှိနိုင်ရမည်။ လူတို့ရှေ့တွင် လုပ်ဆောင်သည်ဖြစ်စေ၊ နောက်တွင် လုပ်ဆောင်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်မည်ဖြစ်ကာ ဘုရားသခင်၏ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့ပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်၏လမ်းကိုသာ အစဉ်လျှောက်ပြီး၊ ဘုရားသခင်၏ဝန်ထုပ်ကို အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ သူတို့သည် ဘုရားသခင်၏နှလုံးသားကို သူတို့၏နှလုံးသားအဖြစ် သဘောထားနိုင်ကာ ဘုရားသခင်၏ဝန်ထုပ်ကို သူတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး၊ ရှေ့ရေးနှင့် အကျိုးအမြတ်ကို ထည့်သွင်းမစဉ်းစားတော့ပေ။ ရှေ့ရေးလည်းမရှိ၊ ဘာမျှ မရရှိသည်ပင်လျှင် သူတို့သည် ချစ်တတ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်သည်။ ဘုရားသခင်က ယုံကြည်စိတ်ချရသူများသာ သူ၏ပူပင်သောကနှင့် သူ့ဆန္ဒများကို မျှဝေခံစားပေးနိုင်သည်။ ထို့ပြင် သူတို့၏ ဇာတိခန္ဓာသည် နာကျင်မှုကို ခံစားနေရပြီး အားအင်ချည့်နဲ့နေသော်လည်း သူတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင်ကို ကျေနပ်မှုပေးရန် သူတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သော သူတို့ကို ပို၍ကြီးမားသော ဝန်ထုပ်ကို ပေးသည်။ ဘုရားသခင်က မည်သည့်အမှုအရာအား ဆောင်ရွက်မည်ကို ထိုသူတို့မှတစ်ဆင့် ဖော်ပြသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများဖြစ်ကြကာ သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” မှ

ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သောသူ တစ်ဦးဆိုသည်ကား အဘယ်နည်း။ ထို့နောက် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှုက အဘယ်နည်း။

ပေတရု၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ သူသည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စောဒကတက်ခြင်း စိုးစဉ်းမျှ မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ဆေးခြင်းအပါအဝင်၊ ကြီးစွာသောဒုက္ခနှင့် သူ့အသက်တာအတွင်း ချို့တဲ့မှုများကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အားချစ်ခြင်းကို မပြောင်းလဲနိုင်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်ကို အကြွင်းမဲ့သော ချစ်ခြင်းပင် မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းပင် မဟုတ်ပေလော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ဖြစ်စေ၊ သို့မဟုတ် ကြီးစွာသောဒုက္ခ၌ဖြစ်စေ၊ သင်သည် သေဆုံးသည်အထိ နာခံခြင်းကို ပြီးမြောက်အောင်မြင်ရန် အမြဲတတ်စွမ်းနိုင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးမှ ပြီးမြောက်အောင်မြင်သင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ သန့်စင်မှုပင် ဖြစ်သည်။ အကယ်၍ လူသည် ဤမျှလောက်ထိ ပြီးမြောက်အောင်မြင်နိုင်လျှင်၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ပြင် ဖန်ဆင်းရှင်၏ လိုအင်ကို ဤအရာထက် သာ၍ကျေနပ်စေနိုင်သည့်အရာ ဘာမျှမရှိတော့ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ပေတရုဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် ချီးကျူးခြင်းများနှင့် ပြည့်ပြီး...သူသည် ငါ၏နှုတ်ကပတ်တော်များအား စားသောက်ခြင်းကို အလေးအနက် အာရုံထားခဲ့သည်သာမကဘဲ ငါ၏ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ခြင်းအား သာ၍ပင် အလေးအနက် အာရုံထားခဲ့ပြီး အစဉ်တစိုက်ပင် သူ၏အတွေးများ၌ နှိုင်းချင့်မျှော်ခေါ်ကာ သတိရှိခဲ့သည်၊ ထို့ကြောင့် သူသည် အမြဲပင် သူ၏ဝိညာဉ်ရေး၌ အထူးတလည် ပါးနပ်ချက်ချာခဲ့သည်၊ ထို့ကြောင့် သူလုပ်လေရာရာ၌ ငါ့အား ကျေနပ်စေနိုင်ခဲ့သည်။ သာမန်အသက်တာထဲတွင် သူသည် ကျရှုံးမှု၏ ကွန်များအတွင်းသို့ သက်ဆင်းသွားမည်ကို အလွန်အမင်း ကြောက်ရွံ့သဖြင့် သာ၍ကြီးစွာ ကြိုးပမ်းအားထုတ်ခြင်းငှာ မိမိကိုယ်မိမိ စေ့ဆော်ရန်အတွက် အတိတ်တွင် ကျရှုံးခဲ့သူများ၏ သင်ခန်းစာများအား ပေါင်းစည်းခြင်းကို အလေးအနက် အာရုံထားခဲ့သည်။ ခေတ်ကာလများတစ်လျှောက်တွင် ဘုရားသခင်ကို ချစ်ခဲ့ကြသော လူများအားလုံး၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းကို လက်သင့်ခံခြင်းအား သူအလေးအနက် အာရုံထားခဲ့သည်။ ဤနည်းဖြင့် ပေတရုသည် ငါ၏မျက်မှောက်တော်ထဲတွင် ငါ့ကို အသိကျွမ်းဆုံးသော လူသတ္တဝါဖြစ်လာသည်အထိ သူ၏ကြီးထွားခြင်းတိုးတက်မှုကို အနုတ်သဘောဆောင်သော ကဏ္ဍများထဲသာမက သာ၍အရေးကြီးသည်မှာ အပြုသဘောဆောင်သော ကဏ္ဍများထဲတွင်ပါ အရှိန်မြှင့်ခဲ့သည်။ ဤအကြောင်းကြောင့် ပေတရုသည် သူ့တွင်ရှိသမျှသော အရာအားလုံးကို ငါ၏လက်ထဲသို့ မည်သို့တင်ထားနိုင်သည်ကို စိတ်ကူးကြည့်ရန် မခဲယဉ်းတော့ချေ၊ သူသည် စားခြင်း၊ ဝတ်ဆင်ခြင်း၊ အိပ်စက်ခြင်း၊ သို့မဟုတ် အဘယ်အရပ်တွင် နေထိုင်သည်တို့ကိုပင် မိမိစိတ်ကြိုက် မဆုံးဖြတ်တော့ဘဲ ငါ၏ကြွယ်ဝခြင်းကို ခံစားသည့် အခြေခံအုတ်မြစ်အပေါ်တွင် အရာခပ်သိမ်းကို ငါစိတ်ကျေနပ်အားရရန် လုပ်ဆောင်ခဲ့သည်။ ကြိမ်ဖန်များစွာပင် ငါသည် သူ့ကို စမ်းသပ်မှုအောက်၌ ထားရှိခဲ့ပြီး ထိုအရာမှာ သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင်ပင်လျှင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့၊ သို့မဟုတ် ငါ့အား စိတ်ပျက်လာခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့် အချိန်တွင်ပင်လျှင် သူသည် အားနည်းစိတ်ပျက်သော စိတ်နှလုံး ဖြစ်ထွန်းခြင်း မရှိခဲ့၊ သို့မဟုတ် မျှော်လင့်ချက် ပျက်သုဉ်းသွားခြင်း မရှိခဲ့ဘဲ ငါ့ကို လက်တွေ့ကျသောနည်းလမ်းဖြင့် ချစ်ရန်အလို့ငှာ ယခင်ကအတိုင်းပင် သူ၏အခြေခံသဘောတရားများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ငါသည် သူ့အား ထိုအရာကို ပြောခဲ့စဉ်က သူသည် ငါ့ကို ချစ်ခဲ့သော်ငြားလည်း ငါသည် သူ့ကို မချီးကျူးခဲ့ဘဲ အဆုံးတွင် စာတန်၏လက်ထဲသို့ သူ့ကို ချပစ်ခဲ့လိမ့်မည်ဖြစ်သည်။ သူ၏ဇာတိခန္ဓာထိတိုင် ထွင်းဖောက်ခဲ့ခြင်း မဟုတ်ဘဲ နှုတ်ကပတ်တော်များအားဖြင့် စမ်းသပ်မှုသာဖြစ်သည့် ထိုစမ်းသပ်မှုများအလယ်တွင် သူသည် ငါ့ထံ ဆုတောင်းခဲ့သည်မှာ “အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အင်္သချေသော အရာများအကြားတွင် အနန္တတန်ခိုးရှင် ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသား၊ ဖန်ဆင်းခံသတ္တဝါ၊ သို့မဟုတ် အမှုအရာတို့ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနားကြင်နာမှုကို ပြသရန် အလိုရှိသောအခါ အကျွန်ုပ်၏ နှလုံးသားသည် ကိုယ်တော်၏ သနားကြင်နာမှုကြောင့် ကြီးစွာရွှင်လန်းဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်ချက် ချမှတ်လိုသောအခါ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောကြောင့် ကိုယ်တော့်ဆောင်ရွက်ချက်များ၏ သိမ်မွေ့နက်နဲသော ဆန်းကြယ်မှုကို သာ၍ပင် ခံစားရပါ၏။ အကျွန်ုပ်၏ဇာတိခန္ဓာသည် ဝေဒနာခံစားရသော်ငြားလည်း အကျွန်ုပ်၏ဝိညာဉ်ထဲ၌ သက်သာရာရပါ၏။ ကိုယ်တော်၏ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် ထောမနာမပြုဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင် အကျွန်ုပ်သည် အစဉ်အမြဲပင် အဆင်သင့်ဖြစ်လျက်၊ လိုလားလျက်ပင် ရှိနေပါလိမ့်မည်။ အိုး အနန္တတန်ခိုးရှင်ဘုရား၊ အကျွန်ုပ်အား ကိုယ်တော်ကို တွေ့မြင်ခွင့်ပေးရန် ဧကန်အမှန် အလိုတော်မရှိခြင်း မဟုတ်သည်မှာ သေချာပါသည် မဟုတ်လော။ ကိုယ်တော်၏ တရားစီရင်မှုကို လက်ခံရရှိခြင်းငှာ အကျွန်ုပ်သည် ဧကန်အမှန် မထိုက်တန်ခြင်းမျိုး မဟုတ်သည်မှာ သေချာပါသည် မဟုတ်လော။ အကျွန်ုပ်၏အထဲတွင် ကိုယ်တော်မမြင်တွေ့လိုသော အရာတစ်စုံတစ်ခု ရှိနေခြင်း ဖြစ်နိုင်သလော” ဟူ၍ ဖြစ်သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများအလယ်တွင် ပေတရုသည် ငါ၏ရည်ရွယ်ချက်များကို တိကျမှန်ကန်စွာ နားလည်သဘောပေါက်ခြင်းငှာ မတတ်စွမ်းနိုင်ခဲ့သော်ငြားလည်း ထိုအရာကို သူသည် ငါ၏အသုံးပြုခြင်း ခံရရန်အတွက် (လူသားမျိုးနွယ်သည် ငါ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို မြင်တွေ့စေရန်အလို့ငှာ ငါ၏တရားစီရင်မှုကို ခံယူခြင်းတစ်ခုတည်းပင် ဖြစ်သည်ဖြစ်စေ) သိက္ခာ၊ ပုဂ္ဂိုလ်ရေး ဂုဏ်ရှိန်နှင့်စပ်ဆိုင်သော အရာများအဖြစ် မှတ်ယူခဲ့သည်မှာ ထင်ရှားပြီး၊ ၎င်းမှာ စမ်းသပ်မှုအောက်တွင် ချထားခံရခြင်းကြောင့် စိတ်မချမ်းမြေ့ခြင်းသာဖြစ်သည်။ ငါ၏မျက်မှောက်၌ သူ၏သစ္စာစောင့်သိမှုကြောင့်နှင့် သူ့အပေါ် ငါချပေးသော ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသားမျိုးနွယ်အတွက် နှစ်ထောင်ပေါင်းများစွာတိုင် စံနမူနာတစ်ဦး ဖြစ်လာခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ယောဘသည် သူ၏ စမ်းသပ်မှုများကို ခံရစဉ် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီး အားလုံး သိမ်းယူခြင်းကို ခံခဲ့ရသော်လည်း ရလဒ်အနေဖြင့် သူသည် လဲကျခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသည့်အရာ တစ်စုံတစ်ခုကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများနှင့် သားသမီးများကို အောင်မြင်ခဲ့သည့်အပြင် သူ၏လောကပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ထံမှ ဘုရားသခင်၏ ရုပ်သိမ်းခြင်းကို နာခံခဲ့နိုင်ပြီး ယင်းအဖြစ်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပြီး ချီးမွမ်းနိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုကာလအတွင်း ယောဘ၏ပြုမူပုံဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှုကာလအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှု၌ စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘကို ထိုခိုက်ခဲ့သည်၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် ပို၍ နာကျင်မှုကို ခံစားခဲ့ရသော်လည်း သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်စေခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို နာခံမှုတို့ကို သာမက ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့ကို အသုံးပြုကာ စာတန်အား နောက်ထပ်တစ်ကြိမ် အနိုင်ယူခဲ့ပြီး သူ၏ ပြုမူပုံနှင့် သက်သေခံချက်သည် ဘုရားသခင်၏ ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို နောက်တစ်ကြိမ် ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှု ကာလအတွင်း ယောဘသည် သူ၏လက်တွေ့ပြုမူပုံကို အသုံးပြု၍ ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်အား ကြောက်ရွံ့မှုကို မနုတ်ယူနိုင်ကြောင်း၊ သေခြင်းကို သူရင်ဆိုင်ခဲ့ရခြင်းကြောင့် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စွန့်လွှတ်မည် သို့မဟုတ် ဘုရားသခင်အား စွန့်ပစ်မည် မဟုတ်ကြောင်း စာတန်အား ကြေငြာခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင် ဖြစ်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေပြီး တုန်လှုပ်စေခဲ့သည်၊ စာတန်နှင့် သူ၏ရှင်ခြင်းနှင့် သေခြင်းတိုက်ပွဲ၏ တွန်းအားသည် စာတန်ထဲတွင် နက်နဲသော မုန်းတီးမှုနှင့် မကျေမချမ်းမှုကို ပေါက်ဖွားစေခဲ့သည်၊ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းကြောင့် စာတန်သည် သူ့အား ဆက်၍ မည်သို့မျှ မပြုနိုင်ခဲ့တော့သဖြင့် စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ကာ ယေဟောဝါဘုရားသခင်ရှေ့တွင် သူ့အား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ကြောင်း၊ ဇာတိပကတိကို အောင်မြင်ခဲ့ကြောင်း၊ စာတန်ကို အောင်မြင်ခဲ့ကြောင်းနှင့် သေခြင်းကို အောင်မြင်ခဲ့ကြောင်းကို ဤအရာက ဆိုလိုခဲ့ခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင် ပိုင်ဆိုင်သော လူသားတစ်ဦး အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခု ကာလအတွင်း ယောဘသည် သူ၏ သက်သေခံချက်အပေါ် မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်ပြခဲ့သည်၊ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ အတိုင်းအတာကို ချဲ့ထွင်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ခံရပြီးနောက်တွင် ယောဘထဲ၌ ပို၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု မွေးဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို ပို၍ ရင့်ကျက်ပြီး ဝါရင့်စေခဲ့သည်၊ သူ့ကို ပို၍ သန်စွမ်းစေခဲ့ပြီး သာ၍ ခံယူချက် ကြီးမားစေခဲ့ပြီး သူစွဲမြဲစွာ ဆုပ်ကိုင်ခဲ့သော တည်ကြည်မှု၏ မှန်ကန်ခြင်းနှင့် အဖိုးထိုက်တန်ခြင်းအပေါ် သူ့အား ပို၍ ယုံကြည်မှု ရှိစေခဲ့သည်။ ယောဘအပေါ် ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအပေါ် ဘုရားသခင်၏ စိုးရိမ်မှုအကြောင်း နက်နဲသော နားလည်ခြင်းနှင့် အသိကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အဖိုးထိုက်ခြင်းကို သတိပြုမိစေရန် အခွင့်ပေးခဲ့ပြီး ထိုမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းထဲသို့ ဖြည့်ပေးခဲ့သည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား သူ့ထံမှ ကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင် အနီးသို့ ဆောင်ယူခဲ့သည်။ ယောဘသည်းခံခဲ့သော ဇာတိပကတိ နာကျင်မှုသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည့်အခါ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား ရွေးချယ်စရာ မပေးခဲ့ဘဲ သူ၏ မွေးဖွာရာနေ့ရက်ကိုသာ ကျိန်ဆဲစေခဲ့သည်။ ယင်းကဲ့သို့ ပြုမူပုံမှာ ယခင်ကတည်းက ကြံစည်ထားခဲ့ခြင်း မဟုတ်ဘဲ သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အား အရေးထားခြင်းနှင့် ချစ်ခြင်း၏ သဘောဝအလျောက် ထုတ်ဖော်ခြင်း တစ်ခုပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာခဲ့ပြီး ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းရန် ဆန္ဒမရှိသည့်အပြင် ခံရပ်နိုင်ခြင်းလည်း မရှိသောကြောင့် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အပေါ်၌ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်းတို့ကို သာမက ဘုရားသခင်အား ဆက်ကပ်ခြင်းကို အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဤအချိန်တွင် သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို သာမက ဘုရားသခင်အား ကြောက်ရွံ့ခြင်းကိုလည်း အရေးထားပြီး မြတ်နိုးသည့် အဆင့်အထိ တိုးမြှင့်ခဲ့သည်။ ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့်အရာ တစ်စုံတစ်ခုကိုမျှပြုရန် သူ့ကိုယ်သူ အခွင့်ပေးခဲ့ခြင်း၊ ဘုရားသခင်ကို နာကျင်စေမည့် ပြုမူပုံ တစ်စုံတစ်ခုကိုမျှ သူ့ကိုယ်သူ ခွင့်ပြုခဲ့ခြင်းနှင့် သူ၏ ကိုယ်ပိုင် အကြောင်းရင်းများကြောင့် ဘုရားသခင်အပေါ် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းပင်လျှင် ယူဆောင်လာခြင်းကို သူ့ကိုယ်သူ အခွင့်မပေးခဲ့ခြင်း မရှိပေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်ခဲ့သော်လည်း ဘုရားသခင်အပေါ် ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား အကြွင်းမဲ့ ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ယူလာခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်သည် ယောဘအား ရစေရန် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို သူရရှိခဲ့ပြီး သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းကို အမှန်တကယ် ခံထိုက်သောသူ တစ်စုံတစ်ဦး ဖြစ်လာခဲ့သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်မြင်စေရန်နှင့် ဘုရားသခင်အား သူ၏သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်စေရန် အခွင့်ပေးခဲ့သည်။ ထိုအတွက်ကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် သူ့အား အမှန်တကယ် စုံလင်စေပြီး သူ၏ ဘဝတန်ဖိုးကို မြှင့်တက်စေသည့်အပြင် ဖြစ်ဖူးသမျှထက် ကျော်လွန်စေပြီး စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ဆက်၍ မခံရတော့သည့် ပထဦးဆုံး လူပုဂ္ဂိုလ်တစ်ဦး ဖြစ်စေသည်။ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်၏ စွပ်စွဲခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်၊ ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် စာတန်လက်သို့ အပ်နှံခြင်းကို ခံခဲ့ရပြီး ယောဘသည် ဖြောင့်မတ်ခဲ့ခြင်းကြောင့် သူသည် စာတန်ကို အောင်မြင်ပြီး ရှုံးနိမ့်စေခဲ့သည့်အပြင် သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ဤအချိန်မှစ၍ ယောဘသည် စာတန်လက်ထဲသို့ အပ်နှံခြင်းကို မည်သည့်အခါမျှ ထပ်မံ၍ မခံရမည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့တွင် အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပါဘဲ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲ၌ အသက်ရှင်ခဲ့ရသည်...သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီး သူသည် လွတ်မြောက်ခြင်းကို ရရှိခဲ့လေသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

သိမ်းပိုက်ခြင်း ခံရပြီး ဖြစ်သည်ဟု သင်ပြောကောင်း ပြောမည်၊ သို့သော် သေခြင်းတိုင်အောင် သင်နာခံနိုင်ပါမည်လော။ မည်သို့သော အလားအလာများ ရှိနေပါလေ့စေ အဆုံးစွန်ထိ နာခံနိုင်ရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားပဲ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို လက်မလွတ်ပဲ ဆုပ်ကိုင်ထားရပါမည်။ နောက်ဆုံးအနေဖြင့် သေခြင်း သို့တိုင် နာခံသော ယောဘ၏ သက်သေ၊ ဘုရားသခင်ကို အထွတ်အထိပ်ချစ်သော ပေတရု၏ သက်သေ တည်းဟူသော သက်သေလက္ခဏာ နှစ်ပါးကို သင်ပိုင်ဆိုင်ဖို့လိုသည်။ အင်္ဂါရပ်တစ်ခု အနေဖြင့် သင်သည် ယောဘကဲ့သို့ ဖြစ်ရပါမည်။ သူသည် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကင်းမဲ့ပြီး အသွေးအသားနာကျင်မှုနှင့် ဝန်းရံ ကြုံတွေ့ နေရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပါ။ ဤသည်မှာ ယောဘ၏ သက်သေ ဖြစ်သည်။ ပေတရုသည်လည်း ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့ပါသည်။ ကားစင်တင်ခံရပြီး သူသေဆုံးချိန်တွင်ပင် ဘုရားသခင်ကို သူချစ်မြဲချစ်ခဲ့၏။ သူ၏ကိုယ်ပိုင်တက်လမ်းကို မငဲ့ကွက်ခဲ့သလို ကြီးကျယ်ခမ်းနားသော မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးအခေါ်များကို မဆည်းပူးခဲ့ပဲ ဘုရားသခင်ကိုသာချစ်ဖို့နှင့် ဘုရားသခင်၏ စီမံချက်အားလုံးကို လိုက်နာဖို့ သူကြိုးစားခဲ့သည်။ ဤသို့သော အရာမှာ သက်သေခံတစ်ဦးဟု သင့်ကိုမသတ်မှတ်ခင်၊ သိမ်းပိုက်ခြင်းခံရပြီး စုံလင်စေခြင်းခံရသူ တစ်ဦး မဖြစ်မီ သင်ပိုင်ဆိုင်ရမည့် စံဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

စစ်မှန်သော သက်သေခံချက်ဟူသည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ ဤနေရာတွင် ပြောဆိုထားသော သက်သေခံချက်တွင် နှစ်ပိုင်းရှိသည်။ တစ်ပိုင်းမှာ သိမ်းပိုက်ခံရပြီးခြင်းကို သက်သေခံခြင်း ဖြစ်ပြီး အခြား တစ်ပိုင်းမှာ စုံလင်ခြင်း ခံရပြီးသည်ကို သက်သေခံခြင်း ဖြစ်သည် (ယင်းမှာ ပင်ကိုအားဖြင့် အနာဂတ်၏ သာ၍ကြီးမားသော စမ်းသပ်ခြင်းများနှင့် ကြီးစွာသော ဆင်းရဲခြင်းများကို လိုက်လျှောက်ခြင်း သက်သေခံချက်ပင် ဖြစ်သည်)။ တစ်နည်းဆိုရလျှင် သင်သည် ကြီးစွာသော ဆင်းရဲခြင်းများနှင့် စမ်းသပ်ခြင်း များ အတောအတွင်း ခိုင်ခံ့စွာ ရပ်တည်ခြင်းငှာ တတ်စွမ်းနိုင်သည် ဆိုပါလျှင် သင်သည် သက်သေခံချက်၏ ဒုတိယအဆင့်ကို ခံခဲ့ပြီးဖြစ်သည်။ ယနေ့တွင် အရေးပါသော အရာမှာ သက်သေခံချက်၏ ပထမအဆင့်ပင် ဖြစ်သည်— တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ စမ်းသပ်ခြင်း ဖြစ်စဉ်တိုင်းတွင် ခိုင်ခံ့စွာ ရပ်တည်ရန် တတ်စွမ်းနိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ သိမ်းပိုက်ခံရပြီးခြင်း၏ သက်သေခံချက်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယနေ့သည် သိမ်းပိုက်ခြင်း၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ (ယနေ့သည် ကမ္ဘာပေါ်ရှိ ဘုရားသခင် အလုပ်၏ အချိန်ကာလဖြစ်သည်ကို သင်သိသင့်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ကမ္ဘာ ပေါ်ရှိ အဓိကအလုပ်သည် သူ့နောက်သို့ လိုက်လျှောက်သော ကမ္ဘာပေါ်ရှိ ဤလူအုပ်စုကို သိမ်းပိုက်ရန် အလို့ငှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုခြင်းပင် ဖြစ်သည်။) သင်သည် သိမ်းပိုက်ခံရပြီး ခြင်းကို သက်သေခံခြင်းငှာ တတ်စွမ်းခြင်း ရှိ၊မရှိ ဆိုသည်မှာ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက် နိုင်ခြင်းရှိ၊ မရှိဟူသည့် အပေါ်တွင် မူတည်နေသည်သာ မကဘဲ သာ၍ အရေးကြီးသည်မှာ သင်သည် ဘုရားသခင် အလုပ်၏ အဆင့်အသီးသီးကို တွေ့ကြုံခံစားရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စစ်မှန်သောအသိပညာရရှိနိုင်စွမ်း ရှိ၊ မရှိနှင့် သင်သည် ဤအလုပ်၏ အရာအားလုံးကို စစ်မှန်စွာ မြင်ခြင်း ရှိ၊ မရှိအပေါ်တွင်လည်း မူတည်နေပေသည်။ အကယ်၍ သင်သည် အဆုံးတိုင်အောင် လိုက်လျှောက်ပါက သင်သည် အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားနိုင်လိမ့်မည် ဆိုခြင်းမှာ မှန်ကန်ခြင်း မရှိပါ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏ ဖြစ်စဉ်တိုင်းတွင် သင်သည် လိုလိုလားလားနှင့် အညံ့ခံရန် တတ်စွမ်းနိုင်ရမည် ဖြစ်ပြီး သင်တွေ့ကြုံခံစားရသည့် အလုပ်၏ အဆင့်အသီးသီးနှင့် ပတ်သက်သည့် စစ်မှန် သော အသိပညာကို ရှိနိုင်စွမ်းရှိရမည် ဖြစ်ကာ ဘုရားသခင် စိတ်သဘောထားကို နာခံခြင်း၊ ထိုစိတ်နေ သဘောထားနှင့် ပတ်သက်သည့် အသိပညာကို ရရှိခြင်းငှာ တတ်စွမ်းနိုင်ရမည် ဖြစ်သည်။ ဤသည်မှာ သင့်အပေါ် သတ်မှတ်ထားသည့် သိမ်းပိုက်ခံရပြီးခြင်း၏ အန္တိမသက်သေခံချက်ပင် ဖြစ်သည်။ သိမ်းပိုက်ခံရ ပြီးခြင်း၏ သက်သေခံချက် ဟူသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်သည့် သင်၏ အသိပညာကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဤသက်သေခံခြင်းအဆင့်သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းအပေါ် သက်သေခံခြင်းဖြစ်သည်မှာ အရေးကြီး၏။ လောကရှိလူတို့ ရှေ့မှောက်တွင် သင်မည်သည့်အရာ ပြုလုပ်ပြောဆိုသည်ဟူသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော် အားလုံးနှင့် သူ၏အလုပ်အားလုံးကို နာခံနိုင်စွမ်းရှိမရှိက အရာခပ်သိမ်းထက် သာ၍အရေးကြီးသည်။ ထို့ကြောင့် သက်သေခံချက်၏ ဤအဆင့်သည် စာတန်နှင့် ဘုရားသခင်၏ ရန်သူများ အားလုံး— ဘုရားသခင်သည် ဒုတိယအကြိမ် လူ့ဇာတိ ခံယူလိမ့်မည် ဆိုခြင်းနှင့် သာ၍ပင် ကြီးမြတ်သော အလုပ်ကို လုပ်ဆောင်ရန် ကြွလာလိမ့်မည် ဆိုခြင်းကို မယုံကြည်ကြသည့်အပြင် ဇာတိပကတိထဲသို့ ဘုရားသခင်၏ ပြန်လာခြင်း၏ အမှန်တရားကို မယုံကြည်သည့် ရန်လိုသောသူများနှင့် မာရ်နတ်များ— ကို ရှေးရှုထားခြင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ယင်းသည် ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းကို မယုံကြည်ကြသော ရန်သူများအားလုံး ဖြစ်ကြသည့် အန္တိခရစ်များ အားလုံးကို ရှေးရှုထားခြင်း ဖြစ်သည်။

............

နောက်ဆုံးသော ကာလ၏ သက်သေခံချက်မှာ သင်သည် စုံလင်ခြင်း ခံရခြင်းငှာ တတ်စွမ်း နိုင်ခြင်း ရှိ၊ မရှိကို သက်သေခံခြင်း ဖြစ်သည်— ဆိုလိုသည်မှာ နောက်ဆုံးသော သက်သေခံချက်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်မှ ပြောကြားသည့် နှုတ်ကပတ်တော်များ အားလုံးကို နားလည်သဘောပေါက်ပြီးသောအခါ သင်သည် ဘုရားသခင်အား သိကျွမ်းခြင်းကို ပိုင်ဆိုင်လာပြီး သူ့အပေါ် ကျိန်းသေလာသည်၊ သင်သည် ဘုရားသခင်၏ နှုတ်မှ နှုတ်ကပတ်တော်များ အားလုံးကို လက်တွေ့အသက်ရှင်ပြီး ဘုရားသခင်မှ သင့်အား တောင်းဆိုသော အခြေအနေများကို စွမ်းဆောင်ရရှိခြင်း ဖြစ်သည်— ပေတရု၏ အမူအကျင့်နှင့် ယောဘ၏ ယုံကြည်ခြင်းကဲ့သို့ဖြစ်သည့် သေသည်တိုင်အောင် နာခံနိုင်ခြင်း၊ ဘုရားသခင်ထံသို့ မိမိကိုယ်မိမိ လုံးလုံးလျားလျားပင် ပေးဆပ်နိုင်ခြင်းနှင့် စံသတ်မှတ်ချက်နှင့်ညီသော လူသား၏ ပုံရိပ်ကို အဆုံးတွင် စွမ်းဆောင်ရရှိခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရပြီးနောက် သိမ်းပိုက်ခြင်း နှင့် စုံလင်ခြင်းတို့ ခံရပြီးသော တစ်စုံတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။ ဤသည်မှာ အဆုံးတွင် စုံလင်ခြင်း ခံရပြီးသော သူတစ်ယောက်မှ ခံသင့်သည့် သက်သေခံချက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)” မှ

ဘုရားသခင်အတွက် ထူးကဲစွာသက်သေခံခြင်းသည် လက်တွေ့ကျသောဘုရားသခင်ကို နားလည်ခြင်းရှိ၊ မရှိနှင့် အဓိကအားဖြင့် ဆက်စပ်နေပြီး၊ သာမန်သာမဟုတ်ဘဲ ပုံမှန်ဖြစ်သော ဤပုဂ္ဂိုလ်ရှေ့တွင် နာခံနိုင်ခြင်းရှိ၊ မရှိသာမက သေသည့်တိုင်အောင် နာခံမှု ရှိနိုင်သလော ဆိုသည်နှင့်ပင် အဓိကဆက်စပ်နေသည်။ ဤနာခံမှုအားဖြင့် ဘုရားသခင်အတွက် အမှန်တကယ် သက်သေခံလျှင် သင့်ကို ဘုရားသခင်က ရရှိပြီဟု ဆိုလိုသည်။ သေသည့်တိုင်အောင် နာခံနိုင်ခြင်း၊ ဘုရားသခင်ရှေ့တွင် ညည်းညူမှုများ မရှိခြင်း၊ စီရင်ဆုံးဖြတ်ခြင်းများ မလုပ်ဆောင်ခြင်း၊ အသရေပျက်အောင် လုပ်ကြံပြောဆိုမှု မရှိခြင်း၊ ထင် မြင်ယူဆမှုများမရှိခြင်းနှင့် အခြားရည်ရွယ်ချက်များမရှိခြင်းတို့သည် ဘုရားသခင်အား ဘုန်းတော် ထင်ရှားမှု ရရှိစေပါလိမ့်မည်။ လူများက အထင်အမြင်သေးခံရသော သာမန်ပုဂ္ဂိုလ်တစ်ဦးရှေ့တွင် နာခံခြင်းနှင့် အခြားထင်မြင်ယူဆချက်များမရှိဘဲ သေသည့် တိုင်အောင် နာခံနိုင်ခြင်းတို့သည် စစ်မှန်သော သက်သေခံခြင်း ဖြစ်သည်။ လူတို့ဝင်ရောက်ရန် ဘုရားသခင်လိုအပ်သော လက်တွေ့ကျခြင်းသည် သူ့ နှုတ်ကပတ်တော်များအား သင်နာခံနိုင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ကြံနိုင်ခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ရှေ့တွင် ပြပ်ဝပ်ကိုးကွယ်နိုင်ခြင်းနှင့် သင်၏ပျက်စီးခြင်းကို သင်သိနိုင်ခြင်း၊ သူ၏ရှေ့တွင် သင့်နှလုံးသားကို ဖွင့်ဟနိုင်ခြင်းနှင့် အဆုံးတွင် သူ့နှုတ်ကပတ်တော်များအားဖြင့် သူ၏ရရှိခြင်းကို ခံရခြင်းတို့ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက သင့်ကို အောင်နိုင်ပြီး ဘုရားသခင်အား အပြည့်အဝနာခံစေရန် သင့်ကို လုပ်ဆောင်သောအခါ ဘုရားသခင်သည် ဘုန်းတော်ထင်ရှားသည်။ ဤအရာအားဖြင့် ဘုရားသခင်က စာတန်ကို အရှက်ရစေပြီး သူ့အလုပ်ကို ပြီးမြောက်စေသည်။ လူ့ဇာတိခံသောဘုရားသခင်၏ လက်တွေ့ကျခြင်းအား မည်သည့်ထင်မြင်ယူဆချက်များမှ သင့်တွင် မရှိသောအခါ၊ ဆိုလိုသည်မှာ သင်သည် ဤစုံစမ်းခြင်းတွင် ခိုင်မာစွာ ရပ်တည်သောအခါ၊ သင်သည် ကောင်းသောသက်သေခံခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏လက်တွေ့ကျခြင်းကို အကြွင်းမဲ့နာခံနိုင်သောသူများသည် ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများဖြစ်သည်” မှ

ဘုရားသခင်လာချိန်တွင်လူတို့သည် သူ၏ဘုန်းတန်ခိုးနှင့် သူ၏အမျက်တော် ကိုနှစ်သက်မွေ့လျော်သင့်သည်။ သို့သော်သူ၏နှုတ်ကပတ်တော်စကားများသည် မည်မျှပင်ပြင်းထန်စေကာမူသူသည် လူသားမျိုးနွယ်တို့ကို ကယ်တင်ရန်နှင့်စုံလင်စေရန်လာ ခဲ့ခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် သူတို့လုပ်ဆောင်သင့်သော တာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်ကာ စစ်ဆေးမှုတို့အလယ်တွင် ဘုရားသခင် အတွက် သက်သေအဖြစ် ရပ်တည်သင့်ပါသည်။ စစ်ကြောစုံစမ်းမှုတိုင်းတွင် သူတို့သက်သေခံမည့်အချက်တို့ကိုကိုင်စွဲထားသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲသော သက်သေတစ်ဦးအဖြစ်သက်သေခံသင့်ပါသည်။ ထိုသူသည်အနိုင်ရကျော်လွှားနိုင်သူ တစ်ဦးဖြစ်သည်။ ဘုရားသခင်သည်သင့်ကိုမည်မျှပင်စစ်ဆေးစေကာမူ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့်ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်အတွက် ယုံကြည်ချက်ကို မည်သည့်အခါမျှဆုံးရှုံးမသွားပေ။ သင်သည်လူတို့ လုပ်သင့်သည့် အရာကိုလုပ်လေသည်။ ဤအချင်းအရာသည် ဘုရားသခင်မှ လူသားကိုလုပ်စေလိုသောအရာဖြစ်ပြီး၊ လူ့နှလုံးသားကိုဘုရားသခင်ထံသို့ အပြည့် အဝပြန်လည်ပေးအပ်ကာ အချိန်ကာလတိုင်းတွင် သူ့ထံသို့ ပြန်လှည့်လာသင့်ပါသည်။ ထိုသူသည် အောင်မြင်သောသူ တစ်ဦးဖြစ်သည်။ အောင်မြင်သောသူများဟု ဘုရားသခင်ရည်ညွှန်းခေါ်ဆိုသူများသည် သက်သေခံနိုင်သေးသောသူ၊ သူတို့၏ မိမိကိုယ်ကိုမိမိယုံကြည်မှုကို ထိန်းသိမ်းထားနိုင်သေးသူနှင့် စာတန်၏စွမ်းအားနှင့် စာတန်၏ဝန်းရံမှု အောက်၊ တနည်းအားဖြင့် အမှောင်စွမ်းအားအတွင်း၌ပင်လျှင် ဘုရားသခင်အား ကိုးကွယ်ယုံကြည်မှုပြုနိုင်သူများဖြစ်သည်။ အကယ်၍သင်သည် ဘာဖြစ်ဖြစ် သန့်စင်သော နှလုံးသားနှင့် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းမေတ္တာကို ဆက်လက်ထိန်းသိမ်း ထားနိုင်လျှင် ဘုရားသခင်ရှေ့တော်မှောက်၌ သက်သေအဖြစ်ရပ်တည်ခြင်းဖြစ်ပြီး၊ ဤအခြင်းအရာသည်ကား ဘုရားသခင်မှ အောင်မြင်သောသူဟု ရည်ညွှန်းသည့် အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်” မှ

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတွေ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘက စုံစမ်းခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။ ဥပမာ - သင်က သင့်ညီအစ်ကို မောင်နှမတွေအပေါ်ကို မကောင်းမြင်နေသည်။ သင်ပြောချင်နေသည့် စကားလုံးများ ရှိနေသည်။ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရနိုင်သည့် စကားလုံးများရှိနေသည်။ သို့သော်လည်း သူတို့ကို သင်မပြောလျှင် စိတ်မသက်မသာ ခံစားရလိမ့်မည်။ ဤအချိန်မှာ သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်။ “ငါ ပြောမလား၊ မပြောဘူးလား။” ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် သင်ကြုံရသမျှ အရာအားလုံးမှာ တိုက်ပွဲတစ်ခုရှိသည်။ သင့်အတွင်းမှာ တိုက်ပွဲတစ်ခုရှိနေလျှင် သင့်အတွင်းမှာ ဘုရားသခင် လုပ်ဆောင်သည့် အမှန်တကယ် လက်တွဲလုပ်ဆောင်မှုနှင့် အမှန်တကယ် ဒုက္ခခံစားခြင်းတို့ကို ကျေးဇူးတင်လိုက်ပါ။ အဆုံး၌ သင့်အတွင်းမှာ ပြဿနာကို ဘေးဖယ်ထားနိုင်လိုက်ပြီး ဒေါသသည် သဘာဝအလျောက် ပျက်ပြယ်သွားသည်။ ဤကဲ့သို့အရာမျိုးသည် ဘုရားသခင်နှင့်အတူ သင်၏ လက်တွဲလုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ ပြင်ပပုံပန်းသဏ္ဌာန်မှာ အလွန်အရေးကြီးသည့်ကိစ္စဟု ထင်စရာမရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတွေအပေါ်မှာ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိတဲ့ အချိန်ပင်ဖြစ်သည်။ လက်ရှိအချိန်မှာ သင်က ကြီးမားသည့် အရာများ ဘာမျှမဖြစ်။ ကြီးမားသည့် သက်သေခံမှုများ မရှိ။ သို့သော်လည်း သင်၏ နေ့စဉ်အသက်တာ အသေးစိတ်သည် ဘုရားသခင်အပေါ် သက်သေခံခြင်းနှင့် ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ အနိမ့်ကျဆုံး အရည်အချင်းရှိသူတို့မှာ သူလုပ်ဆောင်ခဲ့သည့် ကြီးမြတ်သော လုပ်ဆောင်မှုကို လူများက မြင်မည်ဖြစ်သည်။ လူများက ဘုရားသခင်ကို သိလာပြီး၊ စာတန်ကို အောင်နိုင်သူများဖြစ်လာကာ၊ ဘုရားသခင်ကို အတိုင်းအတာ တစ်ခုအထိ သစ္စာရှိလာကြသည်။ ဤကဲ့သို့ လူအုပ်စုများထက် အဘယ်အရာမျှ ပိုမိုကောင်းမွန်သည့် ကျောထောက်နောက်ခံ မဖြစ်တော့ပေ။ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

ယနေ့ လူ့ပြင်ပသဘောတွင် စုံလင်စေခြင်း သို့မဟုတ် ပြောင်းလဲမှုနှင့် သင်၏အရည်အသွေး တိုးတက်မှုတို့ကို ရှာဖွေနိုင်သော်လည်း ပင်မအရေးကြီးသောအရာမှာ ယနေ့ဘုရားသခင် လုပ်ဆောင်သောအရာအားလုံး အဓိပ္ပါယ်ရှိပြီး အကျိုး ကျေးဇူးရှိသည်ကို နားလည် သဘောပေါက်ဖို့ ဖြစ်သည်။ ထိုအရာက ညစ်ညမ်းသောမြေတွင် ရှင်သန်သော သင့်အား ညစ်ညမ်းသောအရာများကို ဖယ်ရှား ခါထုတ်နိုင်စေမည် ဖြစ်သည်။ စာတန်၏ လွှမ်းမိုးမှုကို အနိုင်ယူပြီး စာတန်၏ မှောင်မိုက်လွှမ်းမိုးမှုကို အနိုင်ရ ကျော်လွှားနိုင်စေကာ ဤအရာများကို အလေးထား ရင်းဖြင့် ညစ်ညမ်းသောမြေ၌ ကွယ်ကာခြင်းကို သင်ရရှိမည်ဖြစ်သည်။ နောက်ဆုံးမှာ မည်သို့သော သက်သေကို သင်ပြဖို့လိုအပ်မည်နည်း။ ညစ်ညမ်းသော မြေမှာ သင်ရှင်သန်သော်လည်း သန့်ရှင်းသူ ဖြစ်လာနိုင်စွမ်းရှိပြီး နောက်ထပ် ညစ်ညမ်းခြင်း မသန့်စင်ခြင်း မရှိတော့ပါ။ သင့်အနေဖြင့် စာတန်၏ ပိုင်နက်မှာ အသက်ရှင်သော်လည်း သင့်ကိုယ်သင် စာတန်၏လွမ်းမိုးမှုမှ ရှောင်ထွက်သွားနိုင်ပြီး စာတန်က ပိုင်ဆိုင်ခြင်း နှောင့်ယှက်နိုင်ခြင်း မရှိတော့ပါ။ အနန္တတန်ခိုးရှင်၏ လက်ထဲ သင်အသက်ရှင်နေခြင်း ဖြစ်သည်။ ဤသည်မှာ သက်သေ၊ စာတန်နှင့် တိုက်ခိုက်သော တိုက်ပွဲကို အောင်နိုင်ခြင်း သက်သေဖြစ်သည်။ စာတန်ကို သင်စွန့်ပယ်နိုင်ပြီး သင့်အသက်ရှင်သန်မှုက စာတန်ကို မဖော်ညွှန်းတော့ပါ။ သို့သော် လူကိုဖန်ဆင်းချိန် ဘုရားသခင်က လူကိုပိုင်ဆိုင်စေချင်သည့် အရာဖြစ်သော သာမန် လူ့သဘောသဘာဝ၊ သာမန် ဆင်ခြင် တုံတရား၊ သာမန်အသိအမြင်၊ ဘုရားသခင်ကိုချစ်ဖို့ သာမန် ဆုံးဖြတ်ချက်နှင့် ဘုရားသခင်အား သစ္စာရှိမှု တို့ကို သင်ဖော်ညွှန်းလာသည်။ ဤသို့သောအရာမှာ ဘုရားသခင် ဖန်ဆင်းထားသူတစ်ဦးမှ သယ်ပိုးရသည့် သက်သေဖြစ်သည်။ သင်က “ကျွန်ုပ်တို့ ညစ်ညမ်းသည့်မြေမှာ ရှင်သန်ကြသည်။ သို့သော် ဘုရားသခင်၏ ကွယ်ကာမှု၊ ဦးဆောင်မှုနှင့် သူကျွန်ုပ်တို့ကို သိမ်းပိုက်ခြင်း တို့ကြောင့် စာတန်၏ လွှမ်းမိုးမှုမှ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ရုန်းထွက်ခဲ့ကြပြီး ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ နာခံနိုင်ကြသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်း၏ အကျိူးရလဒ်ဖြစ်ပြီး ကျွန်ုပ်တို့ ကောင်းခြင်းကြောင့် သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့ အလိုလို ချစ်ကြခြင်းကြောင့် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ယနေ့ အုပ်စိုးမှုကို ခံကြရခြင်းဖြစ်ပြီး သူ့ကို သက်သေခံပြီး အစေခံနိုင်ကြခြင်း ဖြစ်သည်။ ထို့အပြင် သူကျွန်ုပ်တို့ကို ရွေးပြီး ကွယ်ကာခဲ့သည့်အတွက် စာတန်၏ပိုင်နက်မှာ ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရပြီး ညစ်ညမ်းမှုများကို နောက်ချန်ရစ်ကာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် သန့်စင်ခံရခြင်းဖြစ်သည်” ဟု ဆိုနိုင်ပါသည်။ ဖြည့်စွက်ချက်အနေဖြင့် ပြောရလျှင် အပြင်ပိုင်း သင့်အသက် ရှင်မှုက သာမန်လူ့သဘောသဘောဝ၏ ထိန်းကွပ်မှုကို သင်ခံရကြောင်း ဖော်ပြပါသည်။ သင်၏အပြောအဆိုတွင် ဆင်ခြင်တုံတရားရှိပြီး သင်သည် သာမန်ပုဂ္ဂိုလ်တစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်သည်။ “ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ ပုံရိပ်မဟုတ်ပေဘူးလား။ ညီမငယ်များ၏ အကျင့်စရိုက်က ညီမငယ်နှင့်မတူ၊ ညီအစ်ကိုများ၏ အကျင့်စရိုက်က ညီအစ်ကိုနှင့်မတူ၊ ၎င်းတို့တွင် သန့်ရှင်းသူတို့၏ သင့်တယ် လျောက်ပတ် သော အကျင့်စရိုက်များ မရှိကြပါ” ဟု သင့်ကိုသူတစ်ပါးမြင်ချိန် မဆိုစေသင့်ပါ။ “ဘုရားသခင်က သူတို့ကို မောဘ၏ အမျိုးအနွယ်များ ဖြစ်သည်ဟု ဆိုသည်မှာ အံ့သြစရာမရှိပါ။ သူတို့က လုံးဝအမှန်ပင် ဖြစ်နေကြသည်ပဲ” ဟု သူတို့မဆိုသင့်ပါ။ အကယ်၍ လူများကသင့်ကို ကြည့်ပြီး “ဘုရားသခင်က သင့်ကို မောဘအမျိုးအနွယ် ဖြစ်သည်ဟုဆိုသော်လည်း သင်၏အသက်ရှင်မှုက စာတန်၏လွှမ်းမိုးမှုကို သင် နောက် ချန်ခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနေသည်။ ထိုအရာတွေက သင့်အထဲမှာ ထင်ကျန်နေဆဲ ဖြစ်သော်လည်း ၎င်းတို့ကို သင်ကျောခိုင်းနိုင်ခဲ့ပြီပဲ” ဟု ဆိုကြလျှင် သင်ဟာ လုံးဝသိမ်းပိုက်ခြင်း ခံရပြီးသူဖြစ်ကြောင်း ပြနေပါသည်။ သိမ်းပိုက်ခြင်းခံရပြီး ကယ်တင်ခြင်းခံရသော သင်က “မှန်ပါသည်။ ကျွန်ုပ်တို့သည် မောဘ၏ မျိူးနွယ်ဆက်များ ဖြစ်သော်လည်း ဘုရားသခင်အားဖြင့် ကယ်တင်ခံရပြီးဖြစ်သည်။ မောဘအမျိုးအနွယ်များ စွန့်ပစ်ခံရပြီး ကျိန်ခြင်းခံရကာ တစ်ပါးအမျိုးသားတို့အလယ်မှာ ဣသရေလူမျိူးများမှ နယ်နှင်ဒဏ် ပေးခံရလေ့ ရှိကြသော်လည်း ယနေ့ ကျွန်ုပ်တို့ကို ဘုရားသခင် ကယ်တင်ခဲ့ပြီဖြစ်သည်။ လူအားလုံးထဲတွင် ကျွန်ုပ်တို့သည် အပျက်ဆီးဆုံးသော သူများဖြစ်ကြသည်မှာ မှန်ပါသည်၊ ဤသည်မှာ ဘုရားသခင်၏ ထုံးဖွဲ့ချက်ဖြစ်ပြီး မှန်ကန်ကာ အားလုံးငြင်းမရသည့် အချက်ဖြစ်သည်။ သို့သော် ယနေ့တွင် ထိုလွှမ်းမိုးမှုမှ ကျွန်ုပ်တို့ လွတ်မြောက်ခဲ့ပြီဖြစ်သည်။ ဘိုးဘေးများကို ကျွန်ုပ်တို့ မုန်းတီးစက်ဆုပ်ကြပြီး ကျွန်ုပ်တို့ ဘိုးဘေး များကို ကျောခိုင်းစွန့်ခွာပြီး လုံးဝစွန့်လွတ်ကာ ဘုရားသခင်၏ အစီအမံအားလုံးကို လိုက်နာပြီး ဘုရားသခင်၏ အလိုအတိုင်း ပြုမူကျင့်ကြံကာ သူ၏ ပြဌာန်းချက်များကို လုပ်ဆောင်ရင်း ဘုရားသခင်၏ အလိုကို ပြည့်ဝ စေချင်ကြပါသည်။ မောဘက ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပါသည်။ ဘုရားသခင်၏ အလိုအတိုင်း သူမလုပ်ဆောင်ခဲ့ပဲ ဘုရားသခင်၏ မုန်းတီးမှုကို ရရှိခဲ့သည်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ နှလုံးသားကို စောင့်ရှောက်ရမည်ဖြစ်ပြီး ယနေ့ ဘုရားသခင်၏ အလိုကို နားလည်သော ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ကို သစ္စာမပျက်နိုင်ကြသကဲ့သို့ ကျွန်ုပ်တို့၏ ဘိုးဘေးဟောင်းများကို စွန့်ပယ်ရမည် ဖြစ်သည်” ဟု ဆိုမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

ဘုရားသခင်သည် လူတို့၏ဘဝ ဖြစ်လာသည်နှင့် တပြိုင်နက်တွင် သူတို့သည် ဘုရားသခင်အား မစွန့်ခွာနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ပင် မဟုတ်ပါလား။ ဤထက် ကြီးမြတ်သော သက်သေခံချက် မရှိတော့ပါ။ ဘုရားသခင်သည် အဆင့်တစ်နေရာအထိ လုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ လူတို့ကို အစေခံရန်၊ ပြစ်တင်ဆုံးမခြင်းခံရန် သို့မဟုတ် အသေခံရန် ပြောခဲ့သည်။ လူတို့သည်လည်း ကတိထားပြီးနောက် နောက်ပြန် မဆုတ်ကြတော့ပေ။ ထိုအချက်က ဘုရားသခင်သည် လူတို့ကို အောင်မြင်ခဲ့ကြောင်းကို ပြသနေသည်။ သမ္မာတရားရှိသောသူများသည် သူတို့၏ လက်တွေ့အတွေ့အကြုံများတွင် သူတို့၏ သက်သေခံချက်များ၌ ခိုင်မာစွာ ရပ်တည်နိုင်ပြီး၊ သူတို့၏နေရာ၌ ခိုင်မာစွာရပ်တည်နိုင်ကာ၊ ဘုရားသခင်၏ ဘေးတွင် ရပ်တည်နိုင်၍ နောက်သို့ပြန်ဆုတ်ခြင်း အလျှင်းမရှိဘဲ၊ ဘုရားသခင်ကို ချစ်သောသူများနှင့် ပုံမှန်ဆက်ဆံနိုင်ပြီး၊ တစ်စုံတစ်ခုဖြစ်သောအခါ ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်သောသူများ၊ သေသည်အထိ ဘုရားသခင်ကို နာခံနိုင်သောသူများဖြစ်သည်။ လက်တွေ့ဘဝတွင် သင်၏လက်တွေ့လုပ်ဆောင်မှုနှင့် ထုတ်ဖော်မှုတို့သည် ဘုရားသခင်အတွက် သက်သေခံချက်ပင် ဖြစ်သည်။ ယင်းသည် လူ၏လက်တွေ့ကျင့်သုံးခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် လူ၏ သက်သေခံချက်လည်း ဖြစ်သည်။ ထို့ပြင် ယင်းသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို စစ်မှန်စွာ မွေ့လျော်ခြင်းဖြစ်သည်၊ သင်သည် ဤအဆင့်အထိတွေ့ကြုံခဲ့ပြီးသောအခါ ထိုက်သင့်သော အကျိုးဆက်ကို ရရှိပြီးဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

ယခင်က:လူတစ်ဦးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်ပါက ယင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှု ဖြစ်ပါသလော။

နောက်တစ်ခုသို့:တရုတ် ကွန်မြူနစ် အစိုးရသည် အဘယ်ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်၊ ဖိနှိပ်ပြီး ဖြိုခွင်းသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ