အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၄။ ကျွန်မ ၏ဖောက်ပြန်ပျက်စီးမှု အစစ်အမှန်ကို မြင်ခြင်း

လေဟမ်၊ ဂျီယမ်စူး နယ်။

လူနှင့်ပတ်သက်၍ ဘုရားသခင်ထုတ်ဖော်ပြသော နှုတ်ကပတ်တော်များ အနက် ဤစာပိုဒ်ကို ကျွန်မတွေ့ရှိခဲ့ပါသည်၊ “ထိုသူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများဟု ယခင်က ပြောခဲ့သည်။ ရှင်းလင်းရန်အတွက် အကယ်စင်စစ်တွင် ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ ပြယုဂ်ဖြစ်ကြ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ) ဤနှုတ်ကပတ်တော်များသည် ဘုရားမဲ့အာဏာရှင်များကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်ဟု ကျွန်မထင်ခဲ့ပါသည်၊ အဘယ့်ကြောင့်် နည်းဆိုသော် ၎င်းတို့သည်လူများ၏ အတွေးအခေါ်များကို ချောင်ပိတ်ပစ်ပြီး ဘုရားသခင်ကိုမယုံကြည်ဖို့၊ မကိုးကွယ်ဖို့ တင်းတင်းကျပ်ကျပ် ပိတ်ပင် တားဆီးခဲ့ကြသည်။ ဘုရားသခင်ရွေးကောက်ထားသူများကို ရက်ရက် စက်စက် ညှင်းပန်းနှိပ်စက်ခဲ့ကြသည်၊ ဘုရားသခင်၏ အမှုတော်များကို သူတို့လက်လှမ်းမှီနိုင်သမျှ တစစီပြိုကွဲစေပြီး ဖျက်ဆီးပစ်ကြသည်၊ ၎င်းတို့သည်အလွန်ဆိုးသွမ်းသည့်အလုပ်ကို လုပ်ခဲ့ကြသည်၊ စဉ်းလဲပြီး ဘုရားမဲ့ကြသည်၊ အရာရာတိုင်းမှာ ဘုရားသခင်ကိုဆန့်ကျင်ကြသည်။ သို့သော်ငြားလည်း၊ ကျွန်မသည် အသင်းတော်တာဝန်များတွင် ထမ်းဆောင် နေသည့် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးဖြစ်ပါသည်။ ကျွန်မ၌ ပျက်စီးယိုယွင်းနေသည့် စိတ်သဘောထားရှိသော်ငြားလည်း၊ သူတို့ကဲ့သို့ မလိုမုန်းထားစိတအနည်းငယ်မျှပင် မရှိသောကြောင့်၊ မည်ကဲ့သို့ အဆင်းနီသော နဂါးကြီး၏သားသမီး၊ ပြယုဂ်တစ်ခု ဖြစ်နိုင်မည်နည်း။ ၎င်းတို့မှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားမလည်မီကအထိဖြစ်ပြီး၊ ထို့နောက်တွင်မှ ကျွန်မ၏ဇာတိပကတိသည် အဆင်းနီသော နဂါးကြီးနှင့် အတူတူဖြစ်ကြောင်းကို သတိပြုမိလာပြီး၊ ယုံမှားဖွယ်ရာမရှိ အဆင်းနီသော နဂါးကြီး၏ ပြယုဂ်တစ်ခုဖြစ်လာခဲ့ပါသည်။

ကျွန်မတို့အသင်းတော်တွင် မိသားစုထဲတွင်ပင် ပုံသေကားကျ ထဲထဲဝင်ဝင် နစ်မြုပ်နေသည့် သင်းထောက်တစ်ပါးရှိပါသည်။ ရလဒ်အနေနှင့်၊ သူမ၏တာဝန်များကို ဖြောင့်မတ်စွာ အပြည့်အဝမထမ်းဆောင်နိုင်ဖြစ်၍၊ အစည်းအဝေးများတက်ဖို့ မကြာခဏမေ့လျော့ခဲ့ပါသည်။ ကျွန်မက သူမနှင့် မိတ်သဟာယဖွဲ့ပြီး “အစ်မရဲ့တာဝန်တွေကို နမော်နမဲ့ဖြစ်တာ၊ တာဝန်မကျေ တာမျိုး မဖြစ်သင့်ဘူး။ အစ်မဟာ အသင်းတော်ရဲ့ သင်းထောက် တစ်ပါးဖြစ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့အသက်တာနဲ့ ပတ်သက်တဲ့ တာဝန်တွေ အစ်မမှာရှိတယ်။ ဘုရားသခင်ကအစ်မကို ဒီလောက်ကြီးမား တဲ့တာဝန်ပေးစေခိုင်းချက်ကို ယုံကြည်အပ်နှံထားတာ၊ အစ်မက ပေါ့ပေါ့ကလေးလုပ်နေရင် ဘုရားသခင်က အစ်မကို စက်ဆုပ်ရွံရှာပြီး မုန်းတီးသွားလိမ့်မယ်” ဟုပြောပြခဲ့ပါသည်။ သူမနှင့် ထိုကဲ့သို့ မိတ်သဟာယဖွဲ့ပြီးသည့် နောက်တွင် ထိုမိတ်သဟာယကို လက်မခံရုံ သာမက၊ ကျွန်မကိုဆင်ခြေပေးဖို့နှင့် ပြန်လည်ချေပဖို့အကြောင်းရှာခဲ့သည်။ ''သူဟာ ဘုရားသခင်ကို လိုလားတောင့်တခြင်းမရှိဘူး။ ဘုရားသခင် ကယ်တင်ချင်တဲ့သူမျိုးမဖြစ်နိုင်ဘူး။ ဖြစ်နိုင်ပါ့မလား'' ဟု ကျွန်မတွေးခဲ့သည်။ “သူမဟာသေချာပေါက် ဘုရားအသုံးပြုဖို့ မသင့်တော်တဲ့ သူတစ်ယောက် ဒါမှမဟုတ် ဘုရားသခင် ဖော်ထုတ်ပြီး သုတ်သင်ဖယ်ရှင်းမဲ့သူမဟုတ်ပါလား” သူမနေရာကိုအစားထိုးဖို့ တစ်ယောက်ယောက်ကို အသင်းတော်ထဲတွင် ကျွန်မစပြီးရှာပါတော့သည်။ သင့်တော်သည့်သူကို တွေ့သည်နှင့် တပြိုင်တည်း သူမကိုဖယ်ရှားဖို့ စီစဉ်ခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သင့်တော်သူတစ်ယောက်မှ မရှိခဲ့ပေ။ သို့နှင့်ပင် သူမနှင့်ထပ်ပြီးမိတ်သဟာယဖွဲ့ဖို့ ဖြစ်လာခဲ့ပါသည်။ ထိုနောက်မှ သူမ၏တာဝန်များကိုထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့ခြင်းများ၊ တာဝန်မကျေပွန်ခဲ့ခြင်းများနှင့် အလေးမထားခြင်းများကို နားလည်လာခဲ့ပြီး ယခင်က အမှားများအတွက် ပြန်လည်ပေးဆပ်ချင်လာခဲ့ပါသည်။ သို့သော်လည်း ကျွန်မအနေဖြင့် မလုံလောက်သေးဟု ထင်နေခဲသည့်အပြင် ထို့နောက်မှာလည်း သူမကို သိပ်ပြီးဘဝင်မကျလှပါ။ တစ်ခါတုန်းက၊ သူနှင့် အနည်းငယ်အလှမ်းဝေးသည့်နေရာမှ ဧည့်ခံတွေ့ဆုံပေးမည့် မိသားစု တစ်စုနှင့် မိတ်သဟာယဖွဲ့ရန် ကျွန်မစေခိုင်းခဲ့ချိန်တွင်၊ သူမငြင်းဆန်ခဲ့ပြီး မသွားချင်ခဲ့ပါ။ သူမထိုသို့ပြောလိုက်သည့်အချိန်တွင် ကျွန်မစိတ်ထဲမှ ဒေါသများ တလိပ်လိပ်တက်လာခဲ့သည်။ “အစ်မရဲ့တာဝန်ကို အစ်မထမ်းဆောင်ဖို့ သိပ်ဇီဇာကြောင်တာပဲ၊ အစ်မလုပ်ချင်တာပဲလုပ်ပြီး၊ မလုပ်ချင်တာကို လျစ်လျူရှုတယ်။ အစ်မမှာ နာခံမှုနည်းနည်းလေး တောင်မရှိဘူး၊ ပြီးတော့အစ်မကိုပြောသမျှကိုလည်း ပြန်ချေပတယ်။ အစ်မလိုလူမျိုးတွေ အသင်းတော်အတွက် အလကားပဲ။ နှင်ထုတ်လိုက် သင့်တယ်။ တစ်ခုခုဖြစ်လာခဲ့ရင် အဲဒီလိုဖြစ်လာတာဟာ အစ်မတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်လို့သာ ဖြစ်တယ်။ အစ်မလုပ်တဲ့ အလုပ်ကြောင့် အစ်မခံရတာ” ဟု စိတ်ထဲကနေပြောနေမိသည်။ စိတ်ကူးပေါက်သည့်အတိုင်း လူများကို နှင်ထုတ်ခြင်းသည် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီကြောင်းကို သိနေလျက်နှင့်ပင် ထိုအတွေးသည် အလွန် ခိုင်မာပြီးစိတ်ထဲခဏခဏပေါ်ပေါ်လာသည်ကို ကျွန်မ မထိန်းချုပ်နိုင်ဘဲ ဆက်တိုက် စိတ်သောက ရောက်နေခဲ့ကာ ကျွန်မအခြေအနေလည်း အလျင်အမြန် အားပျော့လာခဲ့သည်။ နာကျင်စွာနှင့် ဘုရားသခင်ထံသို့ တိုးဝင်ပြီး ဆုတောင်းဖို့သာ ကျွန်မတတ်နိုင်တော့သည်။ “အို ဘုရားသခင်၊ ဒီအစ်မဟာ ကျွန်မပြောစကားတွေကို နားမထောင်တဲ့ အတွက် သူမကို အမြန်ဆုံးနှင်ထုတ်ပစ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်နေ ပါတယ်။ ဒီအတွေးမှားနေတာကို ကျွန်မသိပါတယ် ဒါပေမဲ့ ကျွန်မမတတ်နိုင်ပါဘူး။ အိုဘုရားသခင်၊ ကျွန်မကိုကယ်မတော်မူပါ၊ ဒီအစ်မကို မှန်ကန်စွာ ချဉ်းကပ်နိုင်စေပါ၊ ကျွန်မအနေနဲ့ ကိုယ်တော့်ကို ဖီဆန်တဲ့ ဘယ်အလုပ်ကိုမျှ မလုပ်မိအောင် မစတော်မူပါ” ထိုသို့ဆုတောင်းပြီးသည့်နောက်မှာ ကျွန်မများစွာ ငြိမ်သက်သွား ပါသည်။ ပြီးနောက်တွင် သူမကိုနှင်ထုတ်ပစ်ချင်သည့် စိတ်များလည်း ယခင်ကကဲ့သို့ မပြင်းထန်တော့ပါ။

ထို့နောက်မှာပင် ဘုရားသခင့်နှုတ်ကပတ်တော်၏ ကျမ်းစာပိုဒ် တစ်ပိုဒ် ကျွန်မစိတ်ထဲပေါ်လာပါသည်၊ “အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များမှာ ငါ့အားခုခံခြင်း၊ ငါ့နှုတ်ကပတ်တော်များ၏အဓိပ္ပါယ်ကို နားလည်သဘောပေါက်နိုင်စွမ်းမရှိခြင်း၊ ငါ့အား မကြာခဏ ဖိစီးနှိပ်စက်ပြီး ငါ့စီမံခန့်ခွဲမှုအား နှောင့်ယှက်ရန်အလို့ငှာ စီမံချက်များကို အသုံးပြုရန် ကြိုးစားခြင်းတို့ဖြစ်သည်။ စာတန်အား အောက်ပါအတိုင်း ပြသထားသည်- အာဏာအတွက် ငါနှင့်အားထုတ်ယှဉ်ပြိုင်ခြင်း၊ ငါရွေးချယ်ထားသည့် လူများကို ပိုင်ဆိုင်လိုခြင်းနှင့် ငါ့လူများကို လှည့်စားရန်အလို့ငှာ မကောင်းသော စကားလုံးများကို ထုတ်ပြန့်ခြင်းတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ) ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကိုအံ့အားသင့်သွားစေပါသည်။ ကျွန်မ၏ ဗျာဒိတ်တော်များသည် အဆင်းနီသော နဂါးကြီးနှင့်ထပ်တူမကျနေပါလား။ သို့သော်လည်း၊ အဆင်းနီသော နဂါးကြီးသည် ကျွန်မ မတတ်နိုင်သည့်အရာများကို တတ်နိုင်စွမ်းရှိသည်။ နောက်ဆုံးသောကာလထဲမှ လူသားများကို ကယ်တင်ရန် အမှုတော်များကို ဘုရားသခင်မည်သို့ လုပ်ဆောင်သနည်းဟု ကျွန်မစဉ်းစားခဲ့သည်၊ ဘုရားသခင်သည် လူသားများကို ကယ်တင်ရန် ဆောင်ရွက်နေသည့်တိုင် အဆင်းနီသော နဂါးကြီးသည် ဒေါသတကြီး ဖိနှိပ်နေဆဲ၊ ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက်ပြီး ဘုရားသခင် ရွေးကောက်ထားသည့်သူများကို ဖိနှိပ်နေဆဲပင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်ကို ဂုဏ်သိက္ခာကျဆင်းစေရန် သွားပုတ် လေလွင့်ပြောကာ ကောလာဟောလများကို သူတတ်နိုင်စွမ်းသမျှ လွှင့်နေသည့်အပြင် လူများ ဘုရားသခင်ကိုယုံကြည်ပြီး နောက်လိုက်သည်ကို နှောင့်ယှက်နေကာ ကယ်တင်ခြင်းခံရမည့် လူများ၏အခွင့်အရေးမှန်သမျှကို ဖယ်ထုတ်ပစ်ဖို့ကြိုးစားနေခဲခြင်းဖြင့် ဘုရားသခင်၏အမှုတော်များကို နှောင့်ယှက်ခဲ့သည်။ ထိုအလုပ်များသည် ကျွန်မလုပ်နေသည့်အရာများနှင့် တစ်ထပ်တည်းမဖြစ်နေပါလား။ ကျွန်မ၏ညီအစ်မတစ်ယောက်ဆီက ချို့ယွင်းချက်တစ်ချို့ကို မြင်လိုက်ရသည့်အခါ၊ သူမ၏အပြစ်ကျူးလွန်ခြင်း များကို သတိမူမိရန်၊ လူများကိုကယ်တင်မည့် ဘုရားသခင့်အလိုတော်ကို နားလည်ပြီး ဘုရားသခင့်အမှုတော်ထဲမှာ ပါဝင်နိုင်ရန် စသည်တို့အတွက် ကျွန်မကမေတ္တာနှင့် မိတ်သဟာယမဖွဲ့ပေးခဲ့ပါ။ ထိုသို့မိတ်သဟာယဖွဲ့ ပေးမည့်အစား သူမ၏ပြစ်မှားခြင်းများကို ချဲ့ကားပြီးအလွန်အကျွံစိစစ်ခဲ့ကာ သူမကိုနှင်ထုတ်ပစ်ချင်သည့် မိမိစိတ်ကို အလိုလိုက်ခဲ့ပြီး သူမကယ်တင်ခြင်း ခံရမည့် အခွင့်အရေးကို ဖျက်ဆီးမိခဲ့ပါသည်။ ကျွန်မသည် လူများကြားထဲမှ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်ကို ပြိုကွဲအောင်၊ ပျက်ဆီးအောင် လုပ်နေခြင်း မဟုတ်ပါလား။ ကျွန်မသည် အဆင်းနီသော နဂါးကြီ:၏ ပြယုဂ်တစ်ခုဖြစ်နေခြင်း မဟုတ်ပါလား။ ကျွန်မဖတ်လိုက်ရသည့် ဒေသနာ တစ်ခုထဲတွင်၊ “ဘုရားသခင်ကို နဂါးနီကြီးဘယ်လို ဖိစီးနှိပ်စက်နေသလဲ၊ ဘုရားသခင်ရွေးကောက်ထားတဲ့သူတွေကို ရက်ရက်စက်စက် နာကျင်စေ သလဲဆိုတာကိုကြည့်ပါ၊ နောက်ပြီး သင်ဘုရားသခင်ကို ဘယ်လောက် ဆန့်ကျင်ပြီး တော်လှန်နေလဲ၊ ဘုရားသခင်ရွေးကောက်ထားတဲ့သူတွေနဲ့ ငြိမ်းချမ်းသင့်မြတ်စွာ ပေါင်းသင်းဆက်ဆံဖို့မှာ ဘယ်လိုမစွမ်းဆောင် နိုင်သလဲဆိုတာကို ကြည့်ပါ။ သင်ဟာရန်ငြိုးတွေနဲ့ ပြည့်နှက်နေပြီး အတ္တအလွန်ကြီးတယ်။ သင်ဟာ အဆင်းနီသော နဂါးကြီးနဲ့ ဘာများကွာခြားသေးလို့လဲ။...လူအများစုက သူတို့အထဲမှာ ကွယ်လျှိုး နေတဲ့ အဆင်းနီသော နဂါးကြီးရဲ့အဆိပ်တွေကို သတိမမူမိကြဘူး။ လူတွေက နဂါးနီကြီးဟာ အလွန်ဆိုးဝါးတယ်။ သူတို့မှာသာအာဏာရှိရင်၊ အဆင်းနီသော နဂါးကြီးထက် ပိုပြီးကောင်းအောင်လုပ်နိုင်တယ်လို့ အမြဲတွေးထင်နေကြတယ်၊ ဒါဟာအကြောင်းရင်းအမှန်ဟုတ်ရဲ့လား။ ဒီလိုအခုအချိန်မှာသာ အာဏာရယူလိုက်ရင်၊ အဆင်းနီသော နဂါးကြီးထက် ဘယ်လောက်များကောင်းအောင် ဆောင်ရွက်နိုင်မှာလဲ။ အဆင်းနီသော နဂါးကြီး ထက်ပိုကောင်းအောင် လုပ်နိုင်မှာလား။ အမှန်တော့ အဆင်းနီသော နဂါးကြီး အာဏာဆွဲကိုင်ထားတာဟာ ယိုယွင်းပျက်စီးနေတဲ့ လူသားတွေ အာဏာဆွဲကိုင်ထားတာနဲ့ ဘာမှမကွာခြားပါဘူး။ အဆင်းနီသော နဂါးကြီးသာ လူသန်းပေါင်း ၈၀ကိုသတ်နိုင်ရင်၊ သင်အာဏာရလာတဲ့အခါ သင်ဘယ်လောက်တောင်သတ်ဖြတ်မှာလဲ။ အချို့ကတော့၊ ‘ငါသာအာဏာရရင်၊ ဘယ်သူ့ကိုမှ ငါမသတ်ဘူး’ လို့ပြောကြတယ်။ သင်ဒီလိုပြောနေချိန်မှာ၊ တစ်စုံတစ်ယောက်က မတ်တတ်ထရပ်ပြီး သင့်ကိုကျိန်ဆဲတဲ့အခါ၊ သင်ဒေါသထွက်ပြီး ‘ကောင်းပြီ၊ ငါတစ်ယောက်တည်းပဲသတ်မယ်၊ ချွင်းချက်လေးတစ်ခု ထားလိုက်မယ်။’ လို့ သင်ပြောလိမ့်မယ်။ လူတစ်စုက သင့်ကိုထပြီးပုန်ကန်ကြတဲ့အခါ၊ ‘လူတစ်စုကိုသတ်တာ ဘယ်လောက်မှမရှိပါဘူး၊ အဆင်းနီသော နဂါးကြီးက သန်း၈၀တောင်သတ်တာ၊ ငါကလူတစ်စုလေးပဲသတ်တာ၊ အဆင်းနီသော နဂါးကြီးထက်အများကြီးနည်းတယ်’ လို့ သင်ပြောလိမ့်မယ်။ အယောက်၁၀သန်းလောက် ထပြီးသင့်ကိုပုန်ကန်တဲ့အခါ၊ သင်ပြောမယ် ‘၁၀သန်းလည်း ငါသတ်လို့ရပါတယ်၊ ဘာကြောင့်လည်းဆိုရင် ငါမသတ်ရင် ငါ့အာဏာဘယ်လိုတည်မြဲနိုင်ပါ့မလဲ’ ဒီပြဿနာကို သင်မမြင်ဘူးလား။ သင့်မှာဘာအာဏာမှမရှိရင်၊ သင်ဘာဆိုးတာမှမလုပ်ဘူး၊ ဒါပေမယ့် သင့်မှာအာဏာရှိလာတဲ့အခါ သင်ဆိုးသွမ်းတဲ့အလုပ်တွေ မလုပ်ပါဘူးဆိုတဲ့ အာမခံချက်မရှိဘူး။ ဘာကြောင့်လဲဆိုရင် လူတွေရဲ့သဘာဝတွေဟာ အတူတူတွေချည်းမို့ပဲ” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၃) တွင်ပါဝင်သေ “ဘုရားသခင်၏ လူသားကို စုံလင်စေခြင်း်၌ လူများ ပူးပေါင်းဆောင်ရွက်သင့်သည့်နည်းလမ်း”) ဘုရားသခင် နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပြခြင်းနှင့် အလင်းပေးခြင်းတို့အပြင် ဤဒေသနာ၏ ဆန်းစစ်ပေးမှု စသည်တို့ကြောင့် ကျွန်မသည် အဆင်းနီသော နဂါးကြီး၏ပြယုဂ်တစ်ခု ဖြစ်ကြောင်း ကိုလည်းကောင်း၊ ကျွန်မ၏ ယိုယွင်းနေသည့်ဇာတိပကတိသည် အဆင်းနီသော နဂါးကြီး၏ ဇာတိပကတိနှင့် ထူးမခြားနားဖြစ်သည် ကို လည်းကောင်း ကျွန်မကိုယ်ကျွန်မ ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့ ရပါသည်။ ကျွန်မ၏ ညီအစ်မတစ်ယောက်က သမ္မာတရားကို ရှင်းရှင်း လင်းလင်း နားမလည်သေးသည့်အခါ၊ ပေါ့ပေါ့ဆဆ ဖြစ်နေသည့်အခါ၊ သူမတာဝန်များကိုမကျေသည့်အခါမှာ သူမကို ချစ်သောစိတ်ဖြင့် မကူညီပေးခဲ့ဘဲ၊ လေသံမာမာဖြင့် အထက်စီးကနေ ပြောခဲ့မိသည်။ သူမကပြန်ချေပသည့်အခါ၊ မလိုက်နာသည့်အခါ၊ ကျွန်မအစီအစဉ်ကို မနာခံသည့်အခါ၊ ကျွန်မဒေါသထွက်ပြီး ဘုရားသခင်၏နှင်ထုတ်ခြင်း၊ ပယ်ထုတ်ခြင်း ခံသင့်သူတစ်ယောက်ဟု ကျွန်မအပြစ်တင်ရှုတ်ချခဲ့သည်၊ ကျွန်မ၏ နှလုံးသားထဲမှာ မကောင်းသောရည်ရွယ်ချက်များ ပေါ်ပေါက်လာပြီး အသင်းတော်မှနေ နှင်ထုတ်ချင်စိတ်များဖြစ်ခဲ့သည်။ “ကိုယ့်ကိုယ်ကိုသာချီးမြှောက်” တဲ့ “နာခံသောသူတွေ ကြီးပွားပြီး၊ မနာခံတဲ့သူတွေ ပျက်စီးမယ်” “ကြီးသည့်အမှုကြီးသထက်ကြီးအောင်” “အပြစ်မဲ့သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း” စသည့် အဆင်းနီသော နဂါးကြီး၏ လမ်းစဉ်အတိုင်း ကျွန်မပြုမူနေမိခြင်း မဟုတ်ပါလား။ ထိုအချက်များအားလုံးသည် အဆင်းနီသော နဂါးကြီး၏ အဆိပ်အတောက်ဖြစ်စေသည့် သာဓကများသာဖြစ်ပါသည်။ အဆင်းနီသော နဂါးကြီးသည် အပြစ်မဲသည့်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ လူများကို မရေမတွက်နိုင်လောက်အောင် သတ်ဖြတ်ခဲ့သည်၊ သူသည် လူများ၏ အသက်နှင့်ပတ်သက်လျှင် တန်ဖိုးထားခြင်းမရှိပါ။ ပြီးနောက်တွင် သူနှင့် အလိုမတူလျှင်ဖြစ်စေ၊ သူ့စကားကို မနာခံလျှင်ဖြစ်စေ၊ သူ့အား တစ်နည်းတစ်ဖုံ စော်ကားမိသူများကို ဖြစ်စေ သတ်ဖြတ်ပစ်ပါသည်။ ကျွန်မ၌သာ အာဏာရှိလျှင်၊ အဆင်းနီသော နဂါးကြီးနှင့် တစ်ပုံစံတည်းသာလျှင် ဖြစ်ပါမည်၊ ပြီးနောက်တွင်ကျွန်မ မပြုသည့် မကောင်းမှုဟူ၍ ရှိမည် မဟုတ်သည့်အပြင်၊ ကျွန်မသည် ဉပဒေကို လက်တစ်လုံးခြားလုပ်နေမည်သာ ဖြစ်ပါသည်။ အသင်းတော်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းအစီအစဉ်များ၊ ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်မှုများကြောင့်သာ မဟုတ်ခဲ့လျှင်၊ ကျွန်မညီအစ်မအပေါ် မကောင်းတာတခုခုလုပ်မိပြီး နေခဲ့လောက်ပြီ ဖြစ်ပါသည်။ ကျွန်မ၏ထိုကဲ့သို့သောအတွေးများ၊ စိတ်ကူးများကို မြင်ခဲ့ရပြီးနောက်၊ အဆင်းနီသော နဂါးကြီး၏လုပ်ရပ်ကဲ့သို့ အပြစ်မဲ့သည့်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မိရန် ကျွန်မမှာ အာဏာနှင့် ရာထူးမရှိပေလို့သာဖြစ်သည်ဟု ကျွန်မမြင်ခဲ့ရသည်။ ဘုရားသခင်၏အသိဉာဏ်ပွင့်စေခြင်းနှင့် လမ်းညွှန်မှုများက ကျွန်မ၏အကျည်းတန်သည့် ရန်ငြိုးထားတတ်သည့် ဇာတိပကတိကို သိမြင်လာစေခဲ့ပြီး၊ ဤသည်မှာ ကျွန်မကို နောင်တရဖို့အခွင့်အရေးပေးသည့် ဘုရားသခင်၏ စီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ပင် ဖြစ်ပါသည်။ ကျွန်မ၏စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်ကာ၊ ကျွန်မ၏လုပ်ရပ်များကိုလည်း မုန်းတီးပြီး နောင်တရမိပါသည်။

ဤအတွေ့အကြုံသည် ကျွန်မ၏ယိုယွင်းပျက်စီးနေသည် ဇာတိပကတိကို နားလည်လာစေခဲ့ပါသည်။ ကျွန်မသည် ဆင်ခြင်တုံတရားမရှိသည့် အကောင်းအဆိုးမပိုင်းခြားတတ်သည့်၊ အဆင်းနီသော နဂါးကြီး၏ သားသမီးတစ်ယောက် သေချာပေါက်ဖြစ်နေခဲ့ပါသည်။ သို့သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော် မည်သို့ပင်စူးရှသည်ဖြစ်စေ၊ သို့မဟုတ် လူ့စိတ်ကူးနဲ့ကိုက်ညီညီ မညီညီ၊ ဖွင့်ဆိုချက်တိုင်းသည် ထာဝရ၊ မပြောင်းလဲသောသမ္မာတရားဖြစ်ပြီး၊ တစ်နေ့နေ့တစ်ချိန်ချိန်၌ ယိုယွင်းနေသည့် လူ့သဘာဝကို လုံးလုံးလျားလျား လက်ခံယုံကြည် လာစေမည်။ အိုဘုရားသခင်၊ ကျွန်မရဲ့တာဝန်တွေကို ကိုယ်တော့်ရဲ့ကယ်တင်ခြင်း ကရုဏာတော်အတွက် ကောင်းကောင်းမွန်မွန် ပြန်လည်ပေးဆပ်ချင်ပါတယ်၊ ကျွန်မရဲ့ညီအစ်ကိုမောင်နှမတွေနဲ့ အတိတ်က အမှားတွေအတွက် ပြန်လည်သင့်မြတ်ချင်ပါတယ်၊ ပြီးနောက်မှာ ကျွန်မရဲ့ အတိတ်က အမှားတွေကို ပြင်ဆင်ပြီး ကိုယ်တော်နှစ်သက်တဲ့ လူသစ်တစ်ယောက်ဖြစ်ချင်ပါတယ်။

ယခင်က:ကျွန်တော့်ဝိညာဉ်ကို လှည့်စားခဲ့သည်မှာ အဘယ်အရာနည်း

နောက်တစ်ခုသို့:ကြီးကြပ်ကွပ်ကဲခြင်းအားလုံးခံယူရန် ကျွန်မဆန္ဒထားရှိသည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ