၁) သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ဓမ္မပညာဆိုင်ရာ အသိပညာသည် သမ္မာတရား ဟုတ်မဟုတ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး၊ သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့်၊ သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် အားလုံးထက် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေပြီး၊ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက၊ အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက၊ ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ထို့ကြောင့် စိတ်ကူးစိတ်သန်းများနှင့် အယူအဆများမှအပ၊ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် အသွေးအသား၊ သင်၏ နံစော်သော အသွေးအသားကလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်ဟု မယူဆသည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် ဂုဏ်ပြု၍ မရနိုင်သကဲ့သို့၊ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်က ယခုပြောသော နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး၊ လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

သမ္မာတရားသည် ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် အသေမဟုတ်ပေ- ယင်းကိုယ်၌က အသက် ဖြစ်သည်၊ အသက်ရှင်သော အရာတစ်ခုဖြစ်ပြီး၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးက ဘဝတွင် လိုက်နာရမည့် စည်းကမ်းဖြစ်ကာ၊ ဘဝတွင် လူသားတစ်ဦး ရှိထားရမည့် စည်းမျဉ်း ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အတွေ့အကြုံမှတဆင့် ဖြစ်နိုင်သမျှ များများ နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်- ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်အနေဖြင့် အသက်ထဲသို့ ဝင်ရောက်သည့်အခါတွင် သူ့အတွက် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိခန္ဓာနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏နေ့စဉ်အသက်တာကို စီမံခန့်ခွဲခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူဝါဒတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်း ရရှိဖို့အလို့ငှာ သူဖြတ်ကျော်ရမည့် လမ်းကြောင်း၊ ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့နာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်အနေဖြင့် သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရား လက်တွေ့အရှိတရားဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို ရှောင်တိမ်းဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် မမောမပန်းသော အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်အလင်းပေးသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ ဖြောင့်မတ်ပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများအားလုံးကို တိုင်းတာသည့် စံနှုန်းမှတ်ကျောက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

သမ္မာတရားသည် အပြုသဘောဆောင်သည့် အရာခပ်သိမ်း၏ စစ်မှန်မှု ဖြစ်သည်။ ယင်းက လူ၏အသက်ဖြစ်နိုင်သကဲ့သို့၊ သူ ခရီးနှင်ရာ ဦးတည်ချက်လည်း ဖြစ်နိုင်သည်။ ယင်းက ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့၊ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်လာဖို့၊ ဘုရားသခင်ကို ရိုသေပြီး အရည်အချင်းပြည့်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့၊ ဘုရားသခင်က ချစ်ပြီး သူ၏လက်ခံမှု ရသည့်သူတစ်ဦး ဖြစ်လာဖို့ ဖြစ်စေနိုင်သည်။ ယင်း၏ အဖိုးတန်မှုကို ထောက်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့နှင့် စပ်လျဉ်း၍ မည်သည့် သဘောထားနှင့် အမြင်ရှုထောင့်တို့ ရှိသင့်သနည်း။ ယင်းက အတော်အတန် သိသာထင်ရှားပေသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သူ့အတွက် ရိုသေလေးမြတ်သော နှလုံးသားရှိသည့် သူများအတွက်၊ သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက်သွေးဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားသင့်ပြီး ယင်းတို့ကို စားသောက်သင့်သည်၊ ပြီးလျှင် ပျော်မွေ့သင့်သည်၊ ပြီးလျှင် ယင်းတို့ကို ၎င်း၏အသက်အဖြစ်၊ ၎င်း၏လမ်းခရီးကို ရှေ့ဆက် လျှောက်ရာတွင် ဦးတည်ချက်အဖြစ်၊ ၎င်း၏ အသင့်ဖြစ်သော အကူအညီနှင့် အထောက်အပံ့အဖြစ် လက်ခံသင့်သည်။ လူသည် သမ္မာတရား၏ ထွက်ဆိုချက်များနှင့် သတ်မှတ်ချက်များနှင့်အညီ ရှင်သန်ကာ၊ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသင့်သည်၊ ပြီးလျှင် ယင်းကို လေ့လာ၊ ခွဲခြမ်းစိတ်ဖြာကာ၊ ထင်ကြေးပေးပြီး သံသယ ရှိခြင်းတို့ထက် ၎င်းနှင့်ပတ်သက်၍ ယင်း၏ တောင်းဆိုမှုများ၊ သမ္မာတရားက ၎င်းအား ပေးအပ်သည့် ထွက်ဆိုချက်နှင့် သတ်မှတ်ချက် တစ်ခုချင်းစီကို ကျိုးနွံနာခံသင့်သည်။ သမ္မာတရားသည် လူ၏အရံသင့် အကူအညီ၊ ၎င်း၏အရံသင့် အထောက်အပံ့ဖြစ်ပြီး ၎င်း၏အသက် ဖြစ်နိုင်သည်နှင့်အညီ၊ ၎င်းသည် ရှင်သန်ဖို့၊ ဘုရားသခင်၏တောင်းဆိုမှုများကို ဖြည့်ဆည်းလာဖို့၊ သူ့ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ နှင့် လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများကို နားလည်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိရင်း၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ၎င်း၏နေ့စဉ်အသက်တာတွင် ရှာဖွေဖို့၊ သမ္မာတရားကို ကိုးစားရမည် ဖြစ်သည့်အတွက်၊ လူသည် သမ္မာတရားကို တန်ဖိုးအရှိဆုံးအရာအဖြစ် သဘောထားသင့်သည်။ လူသည် ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားဖို့၊ ကယ်တင်ခြင်းခံရပြီး၊ အရည်အချင်းရှိသည့် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့ကိုလည်း သမ္မာတရားအပေါ် ကိုးစားရမည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊အခြေခံသဘောတရားများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို အလေးမထားပေ (၇)” မှ

ဘုရားသခင်၏ သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင်၊ ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြသည်။ သူ၏ သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်သည် လူသားမျိုးနွယ်၏ အပြုသဘောဆောင်သည့် အရာမျိုးစုံနှင့်သက်ဆိုင်သည့် အနှစ်ချုပ်များနှင့် လူသားမျိုးနွယ် အသိအမှတ်ပြုသည့် ထွက်ဆိုချက်များအပေါ် အခြေမခံထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ် ရပ်တည်သင့်သည့် အခြေခံအုတ်မြစ်နှင့် ဥပဒေသတို့ဖြစ်ပြီး၊ လူသားမျိုးနွယ်မှ အစပြုဖြစ်ပေါ်လာသည့် သက်ဝင်ယုံကြည်မှု ဆိုသောအရာများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ထိုအရာများကို သူလက်သင့်မခံပေ၊ သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ် သို့မဟုတ် အခြေခံ အကြောင်းအရင်း ဖြစ်ဖို့ဆိုသည်မှာ ပို၍ နည်းသေးပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူ၏စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို ဖော်ပြသည်။ သူ့၌ ဘုရားသခင်၏ အနှစ်သာရရှိသည့်အတွက်၊ ဘုရားသခင်၏ ဖော်ပြချက်အားဖြင့် ဖြစ်ပေါ်စေခဲ့သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား ဖြစ်ပြီး သူသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ထိုနှုတ်ကပတ်တော်များကို မည်သည့် နေရာထားပါစေ၊ သို့မဟုတ် မည်သို့ သတ်မှတ်ပါစေ၊ သို့မဟုတ် မည်သို့ ရှုမြင်ပါစေ၊ သို့မဟုတ် မည်သို့ နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဆိုသည့်အချက်က မည်သည့်အခါမျှ မပြောင်းလဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှ ပြောကြားပြီးဖြစ်ပါစေ၊ ဤဖောက်ပြန်ပျက်စီးပြီး အပြစ်ရှိသော လူသားမျိုးနွယ်သည် ယင်းတို့ကို မည်မျှ ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ပါစေ၊ ယင်းမှာ ပြောင်းလဲ၍မရနိုင်ဟူသည် အမှန်တရားက ဆက်လက်တည်ရှိနေသည်။ ဤအခြေအနေများ၌ပင်၊ လူသားမျိုးနွယ်တို့ တန်ဖိုးထားသည့် ယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများ ဆိုသည့်အရာများသည် အပြုသဘောဆောင်သည့် အရာများ ဖြစ်မလာနိုင်ဘဲ၊ သမ္မာတရားလည်း ဖြစ်မလာနိုင်ပေ။ ဤသည်မှာ မပြောင်းလဲနိုင်ပေ။ ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ထုံးတမ်းအစဉ်အလာ ရိုးရာယဉ်ကျေးမှုနှင့် ဖြစ်တည်မှုနည်းလမ်းတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အမြဲတမ်း သမ္မာတရားဖြစ်သည်။ ဤ၌ မည်သည့် အမှန်တရား တည်ရှိသနည်း။ လူသားမျိုးနွယ် အကျဉ်းရုံးထားသည့် ဆိုရိုးများအားလုံးသည် စာတန်၌ အစပြုလာလေသည်- ၎င်းတို့သည် လူတို့၏ စိတ်ကူးများနှင့် အယူအဆများ ဖြစ်သည်၊ လူတို့၏ သွေးဆူခြင်းမှပင် ပေါ်ပေါက်လာ၍ အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ အခြေခံ သဘောတရားများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့ကို အုပ်စိုးပြီး၊ ၎င်းတို့ကို ဘုရားသခင်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်၊ ပြီးလျှင် ဘုရားသခင် တစ်ပါးတည်းသာလျှင် ယင်းတို့၏မူလဇစ်မြစ်ကို သိထားသည်။ သူသည် ၎င်းတို့၏ မူလဇာစ်မြစ်များနှင့် ၎င်းတို့၏ အရင်းအမြစ်များသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သည်တို့ကို သိထားသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသည့် အရာခပ်သိမ်း၏ အဓိပ္ပာယ်သတ်မှတ်ချက်များသာလျှင် အမှန်ကန် အတိကျဆုံး ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ် အတွက် သတ်မှတ်ချက်များသာလျှင် လူသားမျိုးနွယ်အတွက် တစ်ခုတည်းသော စံနှုန်း- လူသားမျိုးနွယ် ဘဝရပ်တည်သင့်သည့် တစ်ခုတည်းသော မှတ်ကျောက်များဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားသည် မည်သည့်အရာဖြစ်သည်နှင့် စပ်လျဉ်း၍” မှ

သခင့်ကို ယုံကြည်ကြသည့် ဘာသာတရားထဲတွင် ရှိသူတို့သည် ကျမ်းစာမှ လူသိများသည့် ကျမ်းပိုဒ်အနည်းငယ်ကို အာဂုံဆောင်ခြင်းအပေါ် အာရုံစိုက်ကြသည်။ လူတစ်ဦးက အာဂုံဆောင်လေလေ၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝလာလေလေဖြစ်ပြီး လူတိုင်းက ၎င်းတို့ကို လေးစားလေလေ ဖြစ်သည်။ ၎င်းတို့သည် ဂုဏ်သတင်းကြီးပြီး မြင့်မားသော ရာထူးတစ်ခု ရှိကြသည်။ အမှန်တွင်၊ တကယ့် ဘဝတွင်၊ လောကအပေါ်၊ လူသားမျိုးနွယ်အပေါ်နှင့် ကွဲပြားသောလူစား အားလုံးတို့အပေါ် ၎င်းတို့၏အမြင်သည် လောကီလူတို့၏ အမြင်နှင့် တူညီပေသည်၊ ယင်းသည် မပြောင်းလဲသေးပေ။ ဤအရာက တစ်စုံတစ်ခုကို သက်သေပြ၏- ၎င်းတို့ အာဂုံဆောင်ပြီးဖြစ်သည့် ကျမ်းပိုဒ်များသည် ၎င်းတို့၏ အသက် တကယ်ကို ဖြစ်မလာကြသေးပေ။ ယင်းတို့သည် သဘောတရားများနှင့် ဘာသာရေးအယူဝါဒ တစ်ပုံတစ်ခေါင်းမျှ ဖြစ်ပြီး ၎င်းတို့၏ အသက်တာကို မပြောင်းလဲသေးသည်မှာ ပေါ်လွင်ထင်ရှားပေသည်။ သင် လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘာသာရေးသမားများ လိုက်လျှောက်သည့် လမ်းကြောင်းနှင့် တူပါက၊ ယင်းသည် သင့်ကို ခရစ်ယာန်ဘာသာကို ယုံကြည်သူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သူ၏ အမှုကို တွေ့ကြုံနေခြင်း မဟုတ်ပေ။ အချိန်ကြာမြင့်စွာ ဘုရားသခင်ကို မယုံကြည်ကြသေးသူတို့သည် မိမိတို့၏ စကားက အခြေအမြစ်ရှိသော ယုံကြည်ကြပြီးသူများကို လေးစားကြသည်။ ၎င်းတို့သည် ထိုသို့သော လူများ နှစ်နာရီ သို့မဟုတ် သုံးနာရီ အေးအေးဆေးဆေး ထိုင်နေပြီး စကားပြောနိုင်သည်ကို မြင်ကြ၏။ ထိုသူတို့ထံမှ ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် စကားအသုံးအနှုန်းများအပြင်၊ လူတစ်ဦး စကားပြောပုံနှင့် ကိုယ်ဟန်အနေအထားရှိပုံတို့ကို ၎င်းတို့ စတင်သင်ယူကြ၏။ ထို့နောက် ၎င်းတို့သည် ဝိညာဉ်ရေးရာ စကားများနှင့်ဆိုင်သည့် စာပိုဒ်အနည်းငယ်ကို အလွတ်ကျက်မှတ်ကြပြီး၊ ထိုသို့ဖြင့် တစ်နေ့တွင် ထိုင်ကာ အတောမသတ် စကားပြောကောင်းစွာနှင့် အချိန်ယူ၍ အသေးစိတ်ရှင်းပြဖို့ ၎င်းတို့အတွက် ၎င်းတို့၏ ယုံကြည်မှုနှစ်ကာလများက အရေအတွက် လုံလောက်သည်အထိ ဆက်လက်လုပ်ဆောင်ကြလေသည်။ သို့သော် လူတစ်ဦးက သေချာစွာ နားထောင်ပါက၊ ယင်းသည် အဓိပ္ပာယ်မရှိသောစကားသာ၊ အနှစ်မဲ့သော စကားများသာ၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများမျှသာ ဖြစ်၏။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ရော အခြားသူများကိုပါ လိမ်လည်လှည့်စားနေကြသည့် ဘာသာရေး လူလိမ်များ ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ဝမ်းနည်းဖွယ်ပါတကား။ သင်သည် တစ်ကြိမ် နင်းလျှောက်ပြီးသည်နှင့်၊ ပျက်စီးခြင်း ဖြစ်စေသကဲ့သို့ နောက်ပြန်လှည့်ဖို့ ခက်ခဲသည့် ထိုလမ်းကြောင်းကို မလိုက်လျှောက်ရ။ ထိုသို့သော အရာများကို တန်ဖိုးထားဖို့၊ ယင်းတို့ကို မိမိ၏ ဘဝအဖြစ် ခံယူဖို့နှင့် မိမိသွားသည့် နေရာတိုင်းတွင် အခြားသူများနှင့်ယှဉ်၍ မိမိကိုယ်ကိုယ် တိုင်းတာဖို့ ယင်းတို့ကို အသုံးပြုရန်၊ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားတစ်ခုထက် ကျော်လွန်၍၊ ဝိညာဉ်ရေးရာ သဘောတရားများနှင့် သူတော်ကောင်းယောင်ဆောင်ခြင်း အရိပ်လက္ခဏာများ အချို့ ရှိဖို့ဆိုသည်မှာ ဤလူသည် စက်ဆုပ်စရာမျှ ဖြစ်သည်မဟုတ်ဘဲ လွန်လွန်ကဲကဲ စက်ဆုပ်စရာ၊ ရွံရှာဖွယ်ဖြစ်ပြီး အရှက်ကင်းမဲ့ကာ အခြားသူများသည် ၎င်းတို့ကို မကြည့်နိုင်ကြပေ။ ထို့ကြောင့်၊ တစ်ချိန်က သခင်ယေရှုနောက် လိုက်ခဲ့ကြသူများ၏ ဂိုဏ်းဂဏကို ယခုတွင် ခရစ်ယာန်ဘာသာဟု ခေါ်ဆိုသည်။ ယင်းသည် ဂိုဏ်းဂဏတစ်ခုဖြစ်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင်၊ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ်ကို တင်းတင်းကျပ်ကျပ် လိုက်နာကြသည်ထက် ပိုမလုပ်ကြချေ။ ၎င်းတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှု လုံးဝ မရှိသကဲ့သို့၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများ မဟုတ်ကြပေ။ ၎င်းတို့ လိုက်စားမှုသည် ဘုရားသခင်ထံမှလာသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက် မဟုတ်ဘဲ၊ ယင်းအစား ၎င်းတို့သည် ဖာရိရှဲများဖြစ်ဖို့ ကြိုးစားကြပြီး ဘုရားသခင်ကို ရန်လိုကြသည်၊ ဤသည်တို့မှာ ခရစ်ယာန်ဘာသာဟု ယခု သတ်မှတ်ထားသည့် လူစု ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

သခင့်ကို ယုံကြည်သည့် ဘာသာတရားမှလူများသည် “ခရစ်ယာန်ဘာသာ” အဖြစ် မည်ကဲ့သို့ ယုတ်လျော့သွားကြရသနည်း။ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်၏အိမ်တော်၊ ဘုရားသခင်၏အသင်းတော်၊ ဘုရားသခင့်အမှု၏ အပြုခံအဖြစ်ထက် ဘာသာရေးအုပ်စုအဖြစ် အမျိုးအစားသတ်မှတ်ထားသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့၌ တရားသေလက်ခံထားသော ဝါဒရှိသည်၊ ၎င်းတို့သည် ဘုရားသခင်လုပ်ဆောင်သည့်အမှုနှင့် ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များကို စာအုပ်တစ်အုပ်ထဲသို့၊ သင်ကြားရေး စာရွက်စာတမ်းများထဲသို့ စုစည်းပြုစုပြီး ထို့နောက်တွင် ဓမ္မပညာလေ့လာသူမျိုးစုံကို ဝင်ရောက်ခွင့်ပြုဖို့နှင့် လေ့ကျင့်ပေးဖို့ ကျောင်းများဖွင့်ကြသည်။ ဤဓမ္မပညာလေ့လာသူများသည် သမ္မာတရားကို လေ့လာနေကြခြင်း ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လေ့လာနေကြခြင်း ဖြစ်သနည်း။ ဘုရားသခင်၏အမှုတော်နှင့်ဖြစ်စေ၊ ဘုရားသခင်ပြောကြေားသည့် သမ္မာတရားများနှင့်ဖြစ်စေ မည်သို့မျှ မသက်ဆိုင်သည့် ဓမ္မပညာဆိုင်ရာ အသိပညာကို လေ့လာနေကြခြင်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် ခရစ်ယာန်ဘာသာသို့ ယုတ်လျော့သွားအောင် မိမိတို့ကိုယ်ကို ပြုနေကြခြင်း ဖြစ်သည်။ ခရစ်ယာန်ဘာသာသည် မည်သည့်အရာကို ထောက်ခံသနည်း။ အသင်းတော်တစ်ပါးသို့ သင်သွားလျှင် ဘုရားသခင်ကို သင်ယုံကြည်လာသည်မှာ မည်မျှကြာပြီနည်းဟု လူများက သင့်ကို မေးကြလိမ့်မည်ဖြစ်ပြီး သင်သည် စရုံသာရှိသေးကြောင်း ပြောသည့်အခါ ၎င်းတို့က သင့်ကို လျစ်လျူရှုလိမ့်မည်။ သို့ရာတွင် သင်သည် သမ္မာကျမ်းစာကို ဆုပ်ကိုင်ပြီး ဝင်သွားကာ “ကျွန်ုပ်သည် အကြင်မည်သော ဓမ္မပညာသင်ကျောင်းမှ ပူပူနွေးနွေး ဘွဲ့ရထားသည်” ဟု ပြောလျှင် ၎င်းတို့က သင့်ကို ဂုဏ်သရေရှိလူကြီးမင်းများထိုင်ရာ၌ ထိုင်ခိုင်းကြလိမ့်မည်။ ဤသည်မှာ ခရစ်ယာန်ဘာသာ ဖြစ်သည်။ တရားဟောစင်မြင့်တွင် မတ်တပ်ရပ်သည့် ထိုအရေးပါအရာရောက်သူများ အားလုံးတို့သည် ဓမ္မပညာကို လေ့လာထားပြီးဖြစ်ကာ ဓမ္မကျောင်းတွင် လေ့ကျင့်သင်ကြားထားပြီး ၎င်းတို့၌ ဓမ္မပညာဆိုင်ရာ အသိပညာနှင့် သဘောတရားတို့ ရှိကြသည်- ၎င်းတို့သည် အခြေခံအားဖြင့် ခရစ်ယာန်ဘာသာ၏အဓိကမဏ္ဍိုင် ဖြစ်သည်။ တရားဟောစင်မြင့်ပေါ်တွင် တရားဟောကြားဖို့၊ လှည့်ပတ်သွားလာ၍ ဧဝံဂေလိတရားဟောကြားပြီး အလုပ်လုပ်ဖို့ ထိုသို့သောလူများကို ခရစ်ယာန်ဘာသာက လေ့ကျင့်ပေးထားသည်။ ခရစ်ယာန်ဘာသာ၏ တန်ဖိုးသည် ဒေဿနာများကို ဟောကြားသည့် ဤဓမ္မပညာကျောင်းသားများ၊ ဤသင်းအုပ်ဆရာများနှင့် ဓမ္မပညာရှင်များကဲ့သို့ အင်မတန် တတ်နိုင်စွမ်းသည့်လူများ၌ တည်ရှိသည်ဟု တွေးထင်ကြသည်၊ ၎င်းတို့သည် သူတို့၏ အရင်းအနှီးဖြစ်လေသည်။ အသင်းတော်တစ်ပါး၏ သင်းအုပ်ဆရာသည် ဓမ္မကျောင်းတစ်ခုမှ ဘွဲ့ရခဲ့ကာ သမ္မာကျမ်းစာကို အသေးစိတ်ရှင်းပြရာ၌ ကျွမ်းကျင်ပြီး ဝိညာဉ်ရေးရာ စာအုပ်အချို့ကို ဖတ်ရှုပြီးဖြစ်၍ အသိပညာအနည်းငယ်ရှိကာ စကားအရာ၌ ကျွမ်းကျင်ပါက ထိုအသင်းတော်သည် စည်ပင်ဖွံ့ဖြိုးပြီး အခြားအသင်းတော်များထက် သာလွန်ကောင်းမွန်သည့် ဂုဏ်သတင်းရှိသည်။ ခရစ်ယာန်ဘာသာရှိ ဤလူများသည် မည်သည့်အရာကို ထောက်ခံအားပေးသနည်း။ အသိပညာပင်တည်း။ ဤအသိပညာသည် မည်သည့်နေရာမှ လာသနည်း။ ယင်းကို ရှေးကာလများကတည်းက လက်ဆင့်ကမ်းပေးလာခဲ့ကြခြင်းဖြစ်သည်။ ရှေးကာလများတွင် သမ္မာကျမ်းစာရှိခဲ့ပြီး ယင်းကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ကြကာ မျိုးဆက်တစ်ခုချင်းစီက ယင်းကို ဖတ်ရှုပြီး သင်ယူကြသည်မှာ ယနေ့ခေတ်အထိ ဖြစ်သည်။ လူတို့သည် လူများ လေ့လာပြီး သင်ယူနိုင်ဖို့ သမ္မာကျမ်းစာကို အပိုင်းအမျိုးမျိုးခွဲပြီး ထုတ်ဝေမှုမျိုးစုံ ဖန်တီးခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့သင်ယူသည့်အရာမှာ သမ္မာတရားကို မည်သို့နားလည်ဖိုနှင့် ဘုရားသခင်ကို မည်သို့သိကျွမ်းဖို့ မဟုတ်သကဲ့သို့၊ ဘုရားသခင်၏အလိုတော်ကို မည်သို့နားလည်ဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းတို့ ကြိုးပမ်းရရှိဖို့ မဟုတ်ပေ။ ထိုအစား ယင်းတို့အတွင်း၌ ရှိသည့် အသိပညာကို ၎င်းတို့က လေ့လာကြသည်။ အလွန်ဆုံးဆိုလျှင် ၎င်းတို့သည် အတွင်း၌ ပါဝင်သည့် နက်နဲရာများကို စုံစမ်းစစ်ဆေးသည်၊ အချို့သောကာလအပိုင်းအခြား၌ ဗျာဒိတ်ကျမ်း၏ မည်သည့်ပရောဖက်ပြုခြင်းများက ပြည့်စုံခဲ့သည်၊ ကြီးစွာသော ဘေးဒုက္ခများက မည်သည့်အချိန်တွင် ကျရောက်မည်၊ ထောင်စုနှစ်သည် မည်သည့်အချိန်တွင် ကျရောက်မည်တို့ကို ၎င်းတို့ရှာကြည့်ကြသည်— ဤသည်တို့မှာ ၎င်းတို့လေ့လာသည့် အရာများဖြစ်သည်။ ၎င်းတို့လေ့လာသည့်အရာသည် သမ္မာတရားနှင့် ဆက်နွှယ်နေသလော။ မဆက်နွှယ်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် ဆက်နွှယ်မှုမရှိသည့် အရာများကို အဘယ့်ကြောင့် လေ့လာသနည်း။ ၎င်းတို့သည် ယင်းတို့ကို သာ၍လေ့လာလေ၊ ၎င်းတို့နားလည်သည်ဟု သာ၍တွေးထင်လေဖြစ်ပြီး မိမိတို့ကိုယ်ကို ကျမ်းဟောင်းတရားများနှင့် အယူဝါဒတို့ဖြင့် သာ၍ ပြင်ဆင်လေဖြစ်သည်။ ၎င်းတို့၏အရင်းအနှီးလည်း ကြီးထွားလာသည်။ ၎င်းတို့၏အရည်အချင်းများ သာ၍ မြင့်မားလေ၊ ၎င်းတို့သည် သာ၍ စွမ်းဆောင်နိုင်သည်ဟု တွေးထင်လေဖြစ်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုသည် သာ၍ ဖြစ်မြောက်သည်ဟု ထင်မြင်ယူဆလေဖြစ်ကာ ၎င်းတို့သည် ကယ်တင်ခြင်းခံရဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ သာ၍ ဖြစ်နိုင်ချေရှိသည်ဟု တွေးထင်လေဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၃)” မှ

အန္တိခရစ်များက ကိုးကွယ်လေ့ရှိသည့်အရာများကို စဉ်းစားကြည့်ပါ။ အဘယ်အရာကို ၎င်းတို့ကိုးကွယ်ကြသနည်း။ အလွန်မြင့်ကာ အနှစ်သာရမဲ့ပြီး စိတ်ကူးသက်သက်ဖြစ်သည့် အတွေးအခေါ်များနှင့် သီအိုရီများဟု ဆိုသောအရာများ ဖြစ်ကြသည်။ ဤအတွေးအခေါ်များနှင့် သီအိုရီများသည် ၎င်းတို့အတွက် အလွန်ပင် တန်ဖိုးရှိသည်။ ၎င်းတို့၏ အလေးနက်ဆုံး တန်ဖိုးထားသော အရာများ ဖြစ်ကြသည်။ ထိုအရာများအကြောင်း ပြောဆိုသည်ကို ၎င်းတို့ကြားသည်နှင့် တစ်ပြိုင်နက်၊ ထိုအရာများကို ၎င်းတို့စတင်သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက်၊ ထိုအရာများကို ရရှိပြီး နားလည်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏စိတ်နှလုံးတွင် ထိုအရာများကို ကမ္ပည်းထိုးပြီး ၎င်းတို့၏အသက်၊ ၎င်းတို့၏ကိုယ်ပိုင်အရင်းအနှီးအဖြစ် ပြုလုပ်ရန်အတွက် ၎င်းတို့တတ်စွမ်းသမျှ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ဘဝတွင် တွန်းအားပေးသော စွမ်းအားနှင့် ဦးတည်ချက်တို့အဖြစ် ထိုအရာများကို ပြုလုပ်ကြသည်။ ထိုအရာတို့သည် ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို၊ ဘုရားသခင်ဖော်ပြသော သမ္မာတရားတို့ကို စူးစမ်းလေ့လာရန် အမှန်တကယ် ခေါ်ဆောင်လိမ့်မည်ကို ၎င်းတို့မသိရှိကြပေ။ ဤအရာများကို ၎င်းတို့ကိုးကွယ်ကာ အားထုတ်ကြသည်။ ထို့ကြောင့် ဘုရားသခင်က နှုတ်ကပတ်တော်များကို မိန့်မြွက်သည့်အချိန်တိုင်း၊ စကားပြောသည့် အချိန်တိုင်းတွင် ၎င်းတို့သည် ဉာဏ်သုံးရသော အမြင်များ၊ စဉ်းစားတွေးခေါ်မှုများကို အသုံးပြုလျက် အသိပညာရှုထောင့်မှနေ၍ ဘုရားသခင်ပြောဆိုသည့်အရာအား ပိုင်းခြားစိစစ်ခြင်းကို ၎င်းတို့မရပ်တန့်နိုင်ပေ။ အချို့လူများသည် “ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရှည်လျားလွန်း၏။ သူပြောသည့် အချို့ကိစ္စများသည် ယုတ္တိမကျ။ အချို့က သဒ္ဒါနည်းမကျ။ အချို့စကားလုံးရွေးချယ်မှုများက အဓိပ္ပာယ်ပင်မရှိ” ဟု ပြောဆိုကာ ဘုရားသခင်၏ မိန့်မြွက်ချက်များကိုပင် ဝေဖန်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုင်းခြားစိစစ်ပြီး စစ်ဆေးရန်အတွက် ၎င်းတို့ပိုင်ဆိုင်သည့် အသိပညာ၊ အတတ်ပညာတို့ကို အသုံးပြုလျက် ၎င်းတို့၏စိတ်ကူး၊ ၎င်းတို့၏အယူအဆတို့အတွင်း၌ နေထိုင်နေကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ရှာဖွေပြီး အချို့လူများအတွက် ဘုရားသခင်၏ နောက်ဆုံးပန်းတိုင်၊ သို့မဟုတ် အချို့လူများက အဘယ်သို့ အဓိပ္ပာယ်သတ်မှတ်ခံရသည်တို့ကို လေ့လာသိရှိရန် မိမိတို့၏အတွေ့အကြုံအပေါ် အခြေပြု၍ ကြိုးစားကြသောသူ အများအပြားပင် ရှိကြသည်။ ပြီးလျှင် ၎င်းတို့က ပိုင်းခြားစိစစ်ကြသည်။ သို့သော် ဘုရားသခင်ကို သင်စစ်ဆေးသောအခါ၊ အသိပညာရှုထောင့်မှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များကို စစ်ဆေးသောအခါ တစ်ခုခုဖြစ်လေ့ရှိသည့် ခံစားချက်ကို သင်ရရှိဖူးသလား။ (သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခြင်း မရှိပါ။) မှန်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခြင်းမရှိ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့် အဝေးမှာ ရှိသည်။ ထိုအသိပညာနှင့် သင်ယူလေ့လာမှုက အဘယ်ကလာသနည်း။ ဘာကို ကိုယ်စားပြုသနည်း။ စာတန်ကိုပင်တည်း။ ဤအသိပညာအားလုံးတွင် မည်သည့်အရာ ပါဝင်သနည်း။ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် ကျိုးကြောင်းဆင်ခြင်မှု၊ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအပြင် အတွေ့အကြုံများပါဝင်သည်။ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်၊ ရှေးစကားပုံများ၊ ရှေးဥပဒေများ၊ ရှေးပညတ်ချက်များလည်း ပါဝင်သည်။ ဤသည်မှာ ယင်းတွင် ပါဝင်သောအရာများဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုတို့ကို အကဲဖြတ်ရန် ဤအရာတို့ကို အသုံးပြုသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က ထွက်ခွာသွားပြီး ဘုရားသခင်က သူ၏မျက်နှာတော်ကို ဖုံးကွယ်ထားသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၃)” မှ

အရှေ့သို့- ၅) ဂျုံစပါးနှင့် တောပင်တို့ကို တစ်ခုမှတစ်ခု ထိုးထွင်းသိမြင်သည့်နည်းလမ်း

နောက်တစ်ခုသို့- ၂) သမ္မာတရား လက်တွေ့အရှိတရားဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ကျမ်းဟောင်းတရာများနှင့် အယူဝါဒတို့က အဘယ်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂) ဘုရားသခင် အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်တို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများ၏ သာသနာပြုခြင်းနှင့် ထိန်းကျောင်းပေးခြင်း လိုအပ်သည့်အတွက်၊...

၃) အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ပါးတည်းသော ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားများအကြားတွင်၊ ငါသည် ၎င်းတို့ မမြင်နိုင်သော ဝိညာဉ်၊ ၎င်းတို့ မည်သည့်အခါမျှ...

၅) ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ရပ်သည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို စုံလင်စေသည်ဟု ဆိုထားသည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်