၂) သမ္မာတရား လက်တွေ့အရှိတရားဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ကျမ်းဟောင်းတရာများနှင့် အယူဝါဒတို့က အဘယ်နည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်- သူ၏ အမှုအားလုံး လက်တွေ့ကျသည်၊ သူပြောသည့် နှုတ်ကပတ်တော်အားလုံး လက်တွေ့ကျပြီး၊ သူဖော်ပြသည့် သမ္မာတရားအားလုံး လက်တွေ့ကျလေသည်။ သူ၏ နှုတ်ကပတ်တော်များ မဟုတ်သော အရာအားလုံးသည် နားဝေတိမ်တောင် ဖြစ်သည့်အရာဖြစ်သည်၊ အမှန်တကယ်မရှိသကဲ့သို့ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားဖို့ဖြစ်ပါက၊ လက်တွေ့အရှိတရားကို ၎င်းတို့ ရှာဖွေရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ၎င်းတို့ သိရမည်၊ ထို့နောက်တွင် ၎င်းတို့သည် လက်တွေ့အရှိတရားကို တွေ့ကြုံရမည်ဖြစ်ပြီး လက်တွေ့အရှိတရား၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့အရှိတရားကို သိရှိလေလေ၊ အခြားသူများ၏ စကားများက စစ်မှန်သည် မစစ်မှန်သည်ကို ၎င်းတို့ သိမြင်နိုင်လေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ သိရှိလေလေ၊ အယူအဆများ နည်းပါးလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ တွေ့ကြုံလေလေ၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ သိလေလေဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများမှ လွတ်မြောက်ဖို့ ၎င်းတို့အတွက် လွယ်ကူလေလေ ဖြစ်သည်။ လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်ကို ၎င်းတို့ သိရှိလေလေဖြစ်ပြီး၊ ဇာတိပကတိကို ၎င်းတို့ စက်ဆုပ်ရွံရှာလေလေ ဖြစ်ကာ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်သည်။ ပြီးလျှင် လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် ၎င်းတို့ နီးစပ်လေလေဖြစ်သည်။ ဘုရားသခင်၏ ရယူခြင်းခံရသော လူတို့သည် လက်တွေ့အရှိတရားကို ပိုင်ဆိုင်သူများ၊ လက်တွေ့အရှိတရားကို သိရှိသူများနှင့် လက်တွေ့အရှိတရားကို တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များကို သိရှိလာသောသူများ ဖြစ်သည်။ သင်သည် လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ကာ သင်၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်လေလေ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိလေလေ ဖြစ်လိမ့်မည်၊ လက်တွေ့အရှိတရားကို သင် ရရှိလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် သာ၍ ကြီးမားလေလေ ဖြစ်လာလိမ့်မည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် အလင်းအောက်တွင် အသက်ရှင်နိုင်ပါက၊ လက်ရှိလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် သင့်အဖို့ ပိုမိုရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘာသာရေး အယူအဆများနှင့် အတိတ်က အလေ့အထဟောင်းများမှ မိမိကိုယ်ကိုယ် ပိုမိုဖယ်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ယနေ့ လက်တွေ့အရှိတရားသည် အချက်အချာ ဖြစ်၏- လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ သမ္မာတရားနှင့်သက်ဆိုင်သော ၎င်းတို့၏ အသိပညာသည် ရှင်းလင်းလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏အလိုနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှု ကြီးမားလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ အားလုံးကို ကျော်လွှားအောင်မြင်နိုင်သည်၊ သဘောတရားများနှင့် ကျွမ်းကျင်မှုအားလုံးကို ကျော်လွှားအောင်မြင်နိုင်သကဲ့သို့၊ လူတို့သည် လက်တွေ့အရှိတရားကို အာရုံစိုက်လေလေ၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ချစ်မြတ်နိုးလေလေ ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်လေလေ ဖြစ်သည်။ သင်သည် လက်တွေ့အရှိတရားကို အမြဲ အာရုံစိုက်ပါက၊ သင်၏ ရှင်သန်ခြင်းအတွက် အတွေးအခေါ်များ၊ ဘာသာရေးအယူအဆများနှင့် ပင်ကိုစရိုက်တို့သည် ဘုရားသခင်၏အမှုနောက်တွင် အလိုအလျောက် ဖျောက်ဖျက်ခံရလိမ့်မည်။ လက်တွေ့အရှိတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော အသိပညာမရှိသူတို့သည် သဘာဝလွန်သည့်အရာ နောက်သို့လိုက်ရန် အလားအလာရှိကြပြီး၊ အလွယ်တကူ လိမ်လည်လှည့်ဖြား ခံရလိမ့်မည်။ ထိုသို့သောလူများ၌ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုပြုရန် နည်းလမ်း လုံးဝ မရှိသောကြောင့် ၎င်းတို့သည် လစ်ဟာမှုကို ခံစားကြရပြီး ၎င်းတို့၏ ဘဝများက အဓိပ္ပာယ်မရှိဟု ခံစားကြရလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့အရှိတရားကို သိရှိပုံ” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည် စစ်မှန်မှုကို လက်ဝယ်ရရှိထားသည်ဟု မဆိုလိုပေ၊ အမှုအရာများသည် သင် ထင်မှတ်သကဲ့သို့ မရိုးစင်းပေ။ စစ်မှန်မှုကို သင် လက်ဝယ် ရရှိထားခြင်း ရှိ မရှိဟူသည် သင် ပြောဆိုသည့်အရာအပေါ် အခြေမခံပေ၊ ထို့ထက် ယင်းသည် သင် အသက်ရှင် နေထိုင်သည့်အရာအပေါ် အခြေခံသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သင်၏ အသက်တာနှင့် သင်၏ပင်ကိုဖော်ပြချက် ဖြစ်လာသောအခါတွင်သာ၊ သင့်တွင် စစ်မှန်မှု ရှိသည်ဟု ဆိုနိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် စစ်မှန်သော အသိအမြင်နှင့် အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုကို ရရှိခဲ့ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်။ သင်သည် ရှည်လျားသော အချိန်ကာလများတစ်လျှောက် စစ်ကြောခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်ကာ ဘုရားသခင် သတ်မှတ်ထားသည့် ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်ရမည်။ ယင်းသည် ဟန်ပြခြင်းမျှသာ မဖြစ်ရပေ၊ ယင်းသည် သင့်အထဲမှ သဘာဝအလျောက် စီးဆင်းလာရမည်။ ထိုအခါမှသာ သင်သည် စစ်မှန်မှုကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်သည် အသက်တာကို ရရှိပြီးဖြစ်လိမ့်မည်။ လူတိုင်းရင်းနှီးသည့် အစေခံသူတို့၏ စမ်းသပ်ခံရခြင်း ဥပမာကို ငါအသုံးပြုမည်- အစေခံသူများနှင့် စပ်လျဉ်း၍ အမြင့်မြတ်ဆုံး အယူအဆများကို မည်သူမဆို ပေးနိုင်ပြီး ဤအကြောင်းအရာနှင့် ပတ်သက်သည့် သင့်တင့်လျောက်ပတ်သော သိနားလည်ခြင်း တစ်ခု လူတိုင်းတွင် ရှိကြ၏။ ၎င်းတို့သည် ယင်းအကြောင်း ဟောပြောကြပြီး ဟောပြောချက် တစ်ခုချင်းစီသည် ယခင်တစ်ခုထက် သာလွန်သည်မှာ ယှဉ်ပြိုင်မှု တစ်ခုသဖွယ်ပင် ဖြစ်၏။ သို့သော်လည်း အကယ်၍ လူသားသည် ကြီးမားသော စမ်းသပ်မှု တစ်ခုကို မကြုံရသေးပါက၊ ၎င်းတွင် ထွက်ဆိုရန် ကောင်းသော သက်သေခံချက် တစ်ခု ရှိသည်ဟု ဆိုရန် လွန်စွာခဲယဉ်းပေသည်။ တိုတိုပြောရလျှင် လူသား၏သိနားလည်ခြင်းနှင့် လုံးဝဆန့်ကျင်လျက် သူ အသက်ရှင်နေထိုင်မှုသည် လွန်စွာချို့တဲ့နေဆဲ ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူသား၏ ဝိညာဉ်ရင့်ကျက်မှု အမှန် မဖြစ်သေးပေ၊ ထို့အပြင် ယင်းသည် လူသား၏အသက်တာ မဟုတ်သေးပေ။ လူသား၏ သိနားလည်ခြင်းသည် လက်တွေ့အဖြစ် ဖော်ဆောင်ခြင်း မခံရသေးသောကြောင့်၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ ယိုင်နဲ့နဲ့နှင့် ပြိုကျပျက်စီးလုလု ဖြစ်နေလျက်၊ သဲပေါ် ဆောက်ထားသည့် ရဲတိုက် တစ်ခုပမာ ဖြစ်နေသေးသည်။ လူသားသည် စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းမှာ အလွန် နည်းပါးလွန်း၏။ လူသား၏အထဲ၌ စစ်မှန်မှု တစ်စုံတစ်ရာကို ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ လူသား၏အထဲမှ သဘာဝအလျောက် စီးဆင်းလာနေသော စစ်မှန်မှုသည် အလွန်ပင် နည်းပါးလှပြီး၊ သူတို့ အသက်ရှင်နေထိုင်သော စစ်မှန်မှု အလုံးစုံသည် အတင်းအဓမ္မ လုပ်ယူထားခြင်း ဖြစ်သည်၊ ထိုအကြောင်းကြောင့် လူသားသည် စစ်မှန်မှုကို လုံးဝ မပိုင်ဆိုင်ဟု ငါဆိုခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သူတို့၏ချစ်ခြင်းသည် မည်သည့်အခါမျှ မပြောင်းလဲပါဟု လူတို့ အခိုင်အမာဆိုသော်လည်း၊ ယင်းသည် မည်သည့်စမ်းသပ်မှုများကိုမှ ၎င်းတို့ရင်မဆိုင်ရသေးမီ၊ ပြောဆိုသည့် အရာမျှသာ ဖြစ်သည်။ ၎င်းတို့သည် တစ်နေ့တွင် စမ်းသပ်မှုများနှင့် ရုတ်တရက် ရင်ဆိုင်ရသောအခါ၊ ၎င်းတို့ပြောဆိုသော အကြောင်းအရာများသည် စစ်မှန်မှုနှင့် လိုက်လျောညီထွေမှုမရှိ နောက်တစ်ကြိမ် ထပ်၍ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ လူသားသည် စစ်မှန်မှုကို မပိုင်ဆိုင်ကြောင်း၊ ယင်းက ထပ်မံ၍ သက်သေပြလိမ့်မည်။ သင့်အယူအဆများနှင့် မကိုက်ညီသည့် အရာများနှင့် သင့်ကိုယ်သင် ဘေးဖယ်ထားရန် လိုအပ်သည့်အရာများကို သင် နဖူးတွေ့ဒူးတွေ့ ကြုံရသောအခါတိုင်းတွင်၊ ထိုအရာများသည် သင်၏စမ်းသပ်မှုများဟု ဆိုနိုင်သည်။ ဘုရားသခင်၏ အလိုတော်အား မထုတ်ဖော်မီတွင် လူသားတိုင်းသည် ပြင်းထန်သော စစ်ဆေးမှုတစ်ခုနှင့် ဧရာမ စမ်းသပ်မှု တစ်ခုကို ကြုံတွေ့ရသည်။ ယင်းကို သင် နားလည်သဘောပေါက်နိုင်သလော။ ဘုရားသခင်သည် လူတို့ကို စစ်ကြောလိုသောအခါ စစ်မှန်သော သမ္မာတရားကို မထုတ်ဖော်မီ ကိုယ်တော်က ၎င်းတို့အား ၎င်းတို့၏ ရွေးချယ်မှုများ အမြဲပြုခွင့်ပေးသည်။ ယင်းက ဘုရားသခင်သည် လူကို စမ်းသပ်မှု ခံစေသည့်အခါ၊ ကိုယ်တော်သည် သင့်အား သမ္မာတရားကို မည်သည့်အခါမျှ ပြောပြလိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်၊ ထိုအရာသည် လူသားတို့ ဖော်ထုတ်ပြသခံရမည့် နည်းဟန် ဖြစ်သည်။ ဤသည်မှာ မျက်မှောက်ခေတ်၏ ဘုရားသခင်အား သင် သိနားလည်ခြင်း ရှိ မရှိကို မြင်တွေ့ရန်နှင့် စစ်မှန်မှု တစ်စုံတစ်ရာ သင် ပိုင်ဆိုင်ခြင်း ရှိ မရှိကို မြင်တွေ့ရန်၊ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ သင်သည် သံသယများ အမှန်တကယ် ကင်းရှင်းသလော။ ကြီးမားသော စမ်းသပ်မှု တစ်ခု သင့်အပေါ်သို့ ကျရောက်လာသောအခါ၊ သင်သည် အမှန်တကယ် အခိုင်အမာ ရပ်တည်နိုင်လိမ့်မည်လော။ “မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ကြောင်း ကျွန်ုပ် အာမခံသည်။” ဟု မည်သူ ဆိုဝံ့သနည်း။ “အခြားသူများတွင် သံသယများ ရှိကောင်း ရှိမည်။ သို့သော် ကျွန်ုပ်တွင် မည်သည့်အခါမျှ သံသယရှိလိမ့်မည် မဟုတ်ပါ။” ဟု မည်သူရဲရဲတင်းတင်း ပြောဝံ့သနည်း။ ယင်းသည် ပေတရု စမ်းသပ်မှုများ ခံစားရသည့် အချိန်ကဲ့သို့ပင် ဖြစ်သည်- သမ္မာတရားအား မထုတ်ဖော်မီတွင် သူအမြဲ မိမိကိုယ်ကိုယ် အမွှမ်းတင်ခဲ့သည်။ ဤသည်မှာ ပေတရုတွင်သာ သီးသန့်တစ်မူထူးသော ပုဂ္ဂိလ်ရေး အားနည်းချက်တစ်ခု မဟုတ်ပေ၊ ဤသည်မှာ လူသားတိုင်း လက်ရှိ ရင်ဆိုင်နေသည့် အကြီးမားဆုံးသော အခက်အခဲပင် ဖြစ်သည်။ ယနေ့ ဘုရားသခင်၏အမှုအပေါ် သင်တို့၏ သိနားလည်ခြင်းသည် အဘယ်အရာ ဖြစ်ကြောင်း မြင်နိုင်ရန်အတွက် ငါသည် နေရာ အနည်းငယ်သို့ လာကြည့်ရမည်ဆိုပါက သို့မဟုတ် အနည်းငယ်သော ညီအစ်ကို မောင်နှမများထံ လာကြည့်ရမည်ဆိုပါက၊ သင်တို့၏ အသိပညာ အကြောင်းကို သင်တို့သည် သေချာပေါက် များစွာ ပြောဆိုနိုင်လိမ့်မည် ဖြစ်ကာ သင်တို့တွင် မည်သို့မျှ သံသယ မရှိဟု ထင်ရပေမည်။ “မျက်မှောက်ခေတ်၏အမှုကို ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သည်ဟု သင် အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သလော။ မည်သည့်သံသယမျှ မရှိသလော။” ဟု သင့်ကို ငါမေးခဲ့လျှင် “ယင်းသည် ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်သောအမှု ဖြစ်ပြီး မည်သို့မျှ သံသယမရှိပါ။” ဟု သင် သေချာပေါက်ပြန်ဖြေ လိမ့်မည်။ ထိုကဲ့သို့သော နည်းလမ်းဖြင့် သင် အဖြေပေးပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် သံသယ တစ်စွန်းတစ်စမျှ ဧကန်မုချ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ စစ်မှန်မှု အနည်းငယ်ကို ရရှိခဲ့ပြီးဖြစ်သည်ဟု တွေးရင်း အတော်အသင့် ကျေနပ်အားရမှုကိုပင် သင် ခံစားရလိမ့်မည်။ အမှုအရာများကို ဤပုံစံဖြင့် နားလည်လေ့ရှိသူများသည် သာ၍ နည်းသော စစ်မှန်မှုကို လက်ဝယ် ရရှိသူများ ဖြစ်ကြ၏။ အကြင်သူသည် ထိုအရာအား ရရှိပြီးပြီဟု တွေးထင်လေလေ စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ၊ ထိုသူအဖို့ အခိုင်အမာ ရပ်တည်နိုင်စွမ်း နည်းလေလေပင် ဖြစ်သည်။ မာနကြီးပြီး ‌မောက်မာသူများသည် အမင်္ဂလာ ရှိကြသည်၊ မိမိတို့ကိုယ်ကိုယ် လုံးဝ မသိသူများသည် အမင်္ဂလာ ရှိကြသည်။ ထိုကဲ့သို့သောလူများသည် အဟောအပြောတွင် အထူး ကျွမ်းကျင်ကြသော်လည်း၊ ၎င်းတို့၏ စကားလုံးများကို လက်တွေ့လုပ်ဆောင်သောအခါ၊ သာ၍ ဆိုးကြလေ သည်။ ဤလူများသည် အသေးဆုံး ဒုက္ခ အရိပ်လက္ခဏာ၌ သံသယများ စတင် ရှိလာပြီး လက်လွှတ်အရှုံးပေးရန် အတွေးသည် ၎င်းတို့၏စိတ်ထဲသို့ ချွတ်နင်း ဝင်ရောက်လာတော့သည်။ ၎င်းတို့သည် မည်သည့်စစ်မှန်မှုကိုမျှ လက်ဝယ်မပိုင်ဆိုင်ကြပေ။ ဘာသာတရား အထက်ရှိ အယူအဆများသာ ၎င်းတို့တွင် ရှိကြပြီး ယခု ဘုရားသခင် လိုအပ်သည့် စစ်မှန်မှုဟူ၍ စိုးစဉ်းမျှ မရှိပေ။ စစ်မှန်မှု စိုးစဉ်းမျှ ပိုင်ဆိုင်မှုမရှိဘဲ၊ အယူအဆများကိုသာ ပြောဆိုတတ်သူများကို ငါ အရွံရှာဆုံး ဖြစ်သည်။ ၎င်းတို့၏အလုပ်ကို ဆောင်ရွက်နေစဉ်တွင် ၎င်းတို့သည် အကျယ်လောင်ဆုံး အော်တတ်ကြသော်လည်း၊ စစ်မှန်မှုနှင့် ရင်ဆိုင်ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ ပြိုကွဲသွားတော့သည်။ ယင်းက ဤလူများတွင် စစ်မှန်မှု မရှိကြောင်း မပြသလော။ လေနှင့်လှိုင်းများ မည်သို့ပင် ပြင်းထန် ကြမ်းကြုတ်ပါစေ၊ သင့်စိတ်ထဲသို့ သံသယ တစ်စွန်းတစ်စမျှ ပေးမဝင်ဘဲ၊ ဆက်လက် ရပ်တည်နေနိုင်ပြီး အခြားမည်သူ တစ်ဦးတစ်ယောက်မျှ မကျန်တော့သည့်အခါတွင်ပင်လျှင်၊ သင် အခိုင်အမာ ရပ်တည်နေနိုင်ကာ ငြင်းပယ်ခြင်းမှ လွတ်ကင်းနေပါက၊ သင့်တွင် စစ်မှန်သော သိနားလည်ခြင်း ရှိကြောင်းနှင့် စစ်မှန်မှုကို အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်နေကြောင်း မှတ်ယူခြင်း ခံရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်” မှ

လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာသည် စစ်မှန်မှု အကြောင်း ပြောဆိုနိုင်စွမ်း ရှိရုံမျှသာ မဟုတ်ပေ။ ယင်းသည် အလွန် လွယ်ကူနေမည် မဟုတ်သလော။ သို့ဆိုလျှင် အသက်တာ၌ ဝင်ရောက်မှု အကြောင်းကို ဘုရားသခင် အဘယ်ကြောင့် ပြောဆိုသနည်း။ ကိုယ်တော်သည် ပြောင်းလဲခြင်းအကြောင်းကို အဘယ်ကြောင့် ပြောဆိုသနည်း။ အကယ်၍ လူတို့သည် စစ်မှန်မှုအကြောင်း အနှစ်သာရမဲ့ ဟောပြောရုံမျှသာ စွမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုအား ရရှိနိုင်ပါမည်လော။ နိုင်ငံတော်၏ စစ်သည်ကောင်းများကို စစ်မှန်မှုအကြောင်း ပြောရုံသာပြောနိုင်သော သို့မဟုတ် ဝါကြွားရုံသာ တတ်နိုင်သော လူအုပ်စုတစ်ခု ဖြစ်လာရန် လေ့ကျင့်ပေးခြင်း မဟုတ်ပေ၊ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အချိန်ပြည့် အသက်ရှင်နေထိုင်နိုင်ရန်၊ မည်သည့် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အလျှော့မပေးဘဲ ဆက်လက်ရှိနေစေရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အဆက်မပြတ် အသက်ရှင်နေထိုင်ပြီး လောကသို့ ပြန်မသွားရန် ၎င်းတို့အား လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ပြောသည့် စစ်မှန်မှု ဖြစ်၏၊ ဤသည်မှာ လူသားများထံမှ ဘုရားသခင်၏တောင်းဆိုချက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ပြောဆိုသည့် စစ်မှန်မှုကို ရိုးစင်းလွန်းသောအရာ အဖြစ် မမှတ်ယူလေနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းရခြင်း သက်သက်မှာ စစ်မှန်မှုကို လက်ဝယ်ပိုင်ဆိုင်ခြင်းနှင့် မညီမျှပေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤကဲ့သို့မဟုတ်ပေ၊ ယင်းသည် လူသားများ၏ ဖြည့်ဆည်းပေးမှု တစ်ခုမျှ မပါဝင်သော ဘုရားသခင်၏ကျေးဇူးတော် ဖြစ်ပေသည်။ လူသားတစ်ဦးစီသည် ပေတရု၏ဒုက္ခဆင်းရဲများကို ကြံ့ကြံ့ခံရမည် ဖြစ်ပြီး ထိုထက်ပင်ပို၍ ဘုရားသခင်၏အမှုကို လူသားများ ရရှိပြီးနောက် ၎င်းတို့အသက်ရှင် နေထိုင်သည့် ပေတရု၏ဘုန်းအသရေကိုလည်း ပိုင်ဆိုင်ရမည် ဖြစ်သည်။ ယင်းကိုသာလျှင် စစ်မှန်မှုဟု ခေါ်နိုင်၏။ စစ်မှန်မှုအကြောင်းကို သင် ပြောဆိုနိုင်ရုံသက်သက်ဖြင့် စစ်မှန်မှုကို သင် ပိုင်ဆိုင်သည်ဟု မထင်မှတ်လေနှင့်။ ဤသည်မှာ အထင်အမြင်မှားခြင်း ဖြစ်၏။ ထိုအတွေးများသည် ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသည့်အပြင်၊ ယင်းတွင် တကယ့် အရေးပါမှု မရှိပေ။ နောင်တွင် ထိုကဲ့သို့သောအရာများကို မပြောလေနှင့်၊ ထိုကဲ့သို့သော အပြောအဆိုများကို အဆုံးသတ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှားယွင်းစွာ သိနားလည်ကြသူများ အားလုံးသည် မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့၌ စစ်မှန်သော သိခြင်း တစ်စုံတစ်ရာမျှ မရှိကြပေ၊ စစ်မှန်သောဝိညာဉ်ရင့်ကျက်မှု သာ၍ နည်း၏၊ ၎င်းတို့သည် စစ်မှန်မှု မရှိသည့် ပညာမဲ့သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရ အပြင်ဘက်တွင် နေထိုင်သူများသည် မယုံကြည်သူများ ဖြစ်ကြ၏။ လူတို့က မယုံကြည်သူများဟု မှတ်ယူခံရသော သူများသည် ဘုရားသခင်၏အမြင်၌ သားရဲများဖြစ်ကြပြီး၊ ဘုရားသခင်က မယုံကြည်သူများဟု မှတ်ယူခံရသောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏အသက်တာအဖြစ် မပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို မပိုင်ဆိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ရန် ပျက်ကွက်သူများသည် မယုံကြည်သူများ ဖြစ်ကြသည်ဟု ဆိုနိုင်၏။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူတိုင်း ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြစေရန်အလို့ငှာ ဖြစ်သည်။ စစ်မှန်မှုအကြောင်းကို လူတိုင်း ပြောစေရန်သာ မဟုတ်ဘဲ၊ ထို့ထက်ပို၍ ကိုယ်တော်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို လူတိုင်း အသက်ရှင်နေထိုင်နိုင်စွမ်း ရှိရန် ဖြစ်သည်။ လူသားသိရှိထားသည့် စစ်မှန်မှုမှာ အပေါ်ယံဆန်လွန်းသည်။ ယင်းသည် တန်ဖိုးမရှိဘဲ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ပေ။ ယင်းသည် နိမ့်ပါးလွန်းပြီး ဖော်ပြရန်ပင် မထိုက်တန်။ ယင်းသည် များစွာ ချို့တဲ့နေပြီး ဘုရားသခင်၏သတ်မှတ်ချက်များ၏ စံနှုန်းများမှ လွန်စွာဝေးကွာလွန်းနေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်” မှ

စစ်မှန်ခြင်း မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ ၎င်းသည် သမ္မာတရားအားလက်တွေ့ကျင့်သုံးခြင်း ဆောင်ရွက်စဥ်တွင် လူတို့သည် အတွေ့အကြုံအမျိုးအမျိုးရှိကြပြီး အမျိုးမျိုးသောအခြေအနေများ ပေါ်ပေါက်စေစဉ် ဖြစ်ပေါ်လာသည်။ လူတို့သည် သူတို့၏ အမျိုးမျိုးသော အခြေအနေများကို ချဉ်းကပ်ပုံ၊ မည်သည့်အတွေးအခေါ်နှင့် အမြင်များသူတို့၌ရှိသည်ဆိုသည်နှင့် ၎င်းတို့ကိုဖြေရှင်းရန် သမ္မာတရားကို မည်ကဲ့သို့ရှာဖွေသည်ဆိုသည့်အရာ၌ ပြောင်းလဲခြင်း လုပ်ငန်းစဉ်တစ်ရပ် ရှိ၏။ ဤလုပ်ငန်းစဉ်သည် စစ်မှန်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အား လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်းလမ်းစဥ်အတိုင်း မသွားဘဲ ၎င်းတို့အား အဓိပ္ပာယ်ရင်းအတိုင်းနှင့် အယူဝါဒဆိုင်ရာ အဆင့်တွင်သာ သိရုံနှင့် နားလည်ရုံမျှနှင့်သာဆိုလျှင် သင်၏ အဓိပ္ပာယ်ရင်းအတိုင်း သိနားလည်မှုနှင့် သင်၏တိုက်ရိုက် အတွေ့အကြုံအကြား ကွာဟမှုရှိသဖြင့် သင်၌ရှိသောအရာသည် အယူဝါဒသာဖြစ်ပေသည်။ အယူဝါဒ မည်ကဲ့သို့ ပေါ်ပေါက်လာသနည်း။ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော်အား လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ နားလည်ရုံ၊ ဆန်းစစ်ရုံ၊ အဓိပ္ပာယ်ရင်းအတိုင်း ရှင်းလင်းရုံမျှသာရှိသည့်အပြင် ၎င်းတို့ကို သွန်သင်သောအခါ အယူဝါဒ ပေါ်ပေါက်လာခြင်းဖြစ်၏။ အယူဝါဒသည် အစစ်အမှန်အရှိတရား ဖြစ်လာနိုင်သလော။ သင်သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းမရှိလျှင် ၎င်းကို မည်သည့်အခါမျှ သင်နားလည်မည် မဟုတ်ပေ။ အဓိပ္ပာယ်ရင်းအတိုင်း ရှင်းလင်းပြခြင်းမျှသည် အစဥ်အမြဲ အယူဝါဒသာလျှင် ဖြစ်ပေမည်။ သို့သော် သင်လက်တွေ့လုပ်ဆောင်မည်၊ တွေ့ကြုံမည်၊ ခံစားမည်၊ သင်ယူမည်ဆိုလျှင် ထိုသို့အားဖြင့် ထွက်ရှိသော ဉာဏ်ပညာ၊ အတွေးများ၊ အကြံဉာဏ်များနှင့် အတွေ့အကြုံများသည် လက်တွေ့ကျလိမ့်မည်။ အစစ်အမှန်အရှိတရားသည် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိသည်။ လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင် အစစ်အမှန်အရှိတရားသည် အစဉ်ကင်းမဲ့နေသည်။ “ကျွန်ုပ်သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းမရှိသော်လည်း လက်တွေ့ကျသော ဒေသနာများကို ဟောကြားနိုင်ပါသေး၏” ဟူ၍ တစ်စုံတစ်ဦးက ပြောဖူးသလော။ သင်ဟောပြောသည့် အကြောင်းရာသည် အခိုက်အတန့်တွင် မှန်သယောင်ရှိပြီး လက်တွေ့ကျသယောင် ရှိသော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် လမ်းကြောင်း ရှိမည်မဟုတ်ပေ။ သင်နားလည်သမျှ အရာအားလုံးသည် ထို့ကြောင့် အယူဝါဒသာဖြစ်ဆဲ ဖြစ်၏။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ လက်တွေ့အတွေ့အကြုံလည်းမရှိ သို့မဟုတ် သမ္မတရားအား နားလည်သဘောပေါက်ခြင်းမရှိလျှင် အခြားတစ်စုံတစ်ဦး၌ သင်ယခင်ကမစဉ်းစားခဲ့ဖူးသည့် အခြေအနေတစ်ခု ပေါ်လာသည့်အချိန်တွင် ၎င်းအား မည်ကဲ့သို့ဖြေရှင်းရမည်ကို သင်သိမည်မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခဲသည့်အခါ ထိုသူသည် မည်သည့်အခါ၌မျှ ၎င်းကိုနားလည်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ သမ္မတရားကို လက်တွေ့ကျင့်သုံးမှုအား တိုးမြှင့်ခြင်းဖြင့်သာလျှင် ၎င်းကို စစ်မှန်စွာနားလည်နိုင်ပြီး ထိုအခါမှသာလျှင် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံသဘောတရားများကို ထိုသူတို့နားလည်သဘောပေါက်နိုင်သည်။ သင်သည် သမ္မာတရားအား တွေ့ကြုံခံစားခြင်းမရှိလျှင် အယူဝါဒကိုသာ သင်ဟောပြောနိုင်မည်မှာ မှန်ပေသည်။ သင်သည် စည်းကမ်းများကို လိုက်နာသည့်အတိုင်းပင် အခြားသူများကို လိုက်နာရန် သင်ပြောလိမ့်မည်။ လက်တွေ့လုပ်ဆောင်မှု၏ အစစ်အမှန်တရားနှင့် အတွေ့အကြုံမရှိဘဲ မည်သည့်အခါမျှ အစစ်အမှန်တရားအား သင်သွန်သင်နိုင်မည်မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြေရှင်းရန် လမ်းကြောင်း” မှ

သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှု လေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့အတွေ့အကြုံများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိုက်ရိုက်သိခြင်းကင်းမဲ့ပါက၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက် မဟုတ်ဘဲ၊ အသက်ကင်းမဲ့သော ကျမ်းဟောင်းတရားများသာ ဖြစ်ပေလိမ့်မည်။ သင်သည်အသက်မဲ့သော ကျမ်းဟောင်း တရားများကိုသာ လိုက်နာပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို သင်၏ လက်တွေ့အတွေ့အကြုံများတွင် ကြုံတွေ့သည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဝိညာဉ်ဆိုင်ရာ အဓိပ္ပာယ်သည် မိမိကိုယ်ကိုယ် သင့်အား ဖွင့်ပြပေးမည်ဖြစ်ပြီး၊ အတွေ့အကြုံမှသာ သင်သည် သမ္မာတရားများစွာ၏ ဝိညာဉ်ဆိုင်ရာအဓိပ္ပာယ်ကို သဘောပေါက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ နက်နဲရာတို့ကို သိမြင်နိုင်ပေမည်။ သင်သည် ၎င်းကို လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မည်မျှပင် ရှင်းလင်းစေကာမူ သင် နားလည်သဘောပေါက်သည့်အရာမှာ သင့်အတွက် ဘာသာရေး လုပ်ထုံးလုပ်နည်း ဖြစ်လာခဲ့သည့် အဓိပ္ပာယ်မဲ့သော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေသည်။ ယင်းသည် ဖာရိရှဲတို့လုပ်ကိုင်ခဲ့သည့်အရာ မဟုတ်လော။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး တွေ့ကြုံခံစားပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်သည် လက်တွေ့ကျင့်သုံးရန် မကြိုးစားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အတွက် တတိယမိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာရုံသာ ရှိပေလိမ့်မည်။ အမှန်အားဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သင်တို့ကြုံတွေ့ပြီး ကိုယ်တော်၏ ရယူခြင်းကို ခံရခြင်း၊ သို့မဟုတ် ပို၍ရှင်းလင်းအောင် ဆိုရလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သိရှိနားလည်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ယင်းသည် သင်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း နောက်ကွယ်မှ အမှန်တရားဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ထာဝရအသက်ကို မျှော်လင့်ပါလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အတွင်း၌ ရှိနေသောအရာကဲ့သို့ လက်တွေ့ကျင့်သုံးရန် ကြိုးစားခြင်း မရှိပါက၊ သင်သည် မိုက်မဲသည်။ ယင်းသည် စားသောက်ပွဲကြီးကိုသွားပြီး အစားအစာကို ကြည့်ရုံကြည့်ခဲ့ပြီး အရသာရှိသောအရာများကို တစ်ခုတလေပင် ကိုယ်တိုင်ကိုယ်ကျ မမြည်းစမ်းဘဲ အလွတ်ကျက်မှတ်ခြင်းနှင့် တူသည်။ ထိုကဲ့သို့သော လူစားသည် လူမိုက်တစ်ဦးမဟုတ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်” မှ

သင်သည် ကမ်းခြေပေါ်က သဲများတမျှ အသိပညာအကြောင်းကို များစွာ ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို အာခံကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ အမြင့်မားဆုံးသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် သဘောမထားနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ လူအချို့သည် အမြင့်မားဆုံးအယူအဆများကို ပြောဆိုကောင်း ပြောဆိုနိုင်ပေလိမ့်မည်- သို့ရာတွင် ဤလူတို့သည် ထိုအယူအဆများကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဖူးကြသောကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသည့်အတွက် ဤအယူအဆများထဲတွင် စစ်မှန်မှု မပါရှိပေ။ ထိုသို့သောလူများသည် အခြားသူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့ကို လမ်းလွဲစေခြင်းသာ ဖြစ်စေလိမ့်မည်။ ဤသည်မှာ လူတို့အဖို့ အန္တရာယ်ရှိသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ဝင်ရောက်မှုကို ရရှိခွင့်ပေးနိုင်ရမည်။ ဤအရာသည်သာ ဆက်ကပ်အပ်နှံခြင်းဟု မှတ်ယူ၍ရပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် အခြားသူတို့ကို သင့်အား နာခံလာအောင်ပြုရန် မသင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှု များစွာကို အသုံးမပြုလေနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အား သာ၍စိတ်ရှုပ်ထွေးစေနိုင်သည်။ ဤသို့ ဆက်လက် လုပ်ဆောင်ခြင်းသည် လူတို့အား သင့်ကို စက်ဆုပ်စေသည့် အယူဝါဒများစွာကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ လူသား၏ အားနည်းချက်ဖြစ်ပြီး၊ အမှန်တကယ် အရှက်ရစရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့” မှ

လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ သူသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်။ သင့်အနေဖြင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို အကြိမ်တစ်သောင်း ပြောဆိုနိုင်သော်လည်း၊ ယင်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ လူအချို့က၊ “ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်”ဟုသာ ဆိုကြသည်။ ဤနှုတ်ကပတ်တော်များကို အကြိမ်တစ်သောင်း သင် ပြန်ရွတ်ပြလျှင်ပင်၊ ယင်းသည် အချည်းနှီးဖြစ်ဦးမည်ဖြစ်သည်။ သင်သည် ယင်း၏ အဓိပ္ပာယ်ကို လုံးဝသိနားလည်မှု မရှိပေ။ အဘယ်ကြောင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ဟု ဆိုထားသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် အသိပညာကို သင် ရှင်းလင်းစွာပြောဆိုနိုင်ပါသလော။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့နှင့်သက်ဆိုင်သော စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင့်အနေဖြင့် ၎င်းတို့ကို တွေ့ကြုံခံစားဖို့နှင့် အသိပညာရရှိဖို့ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုခဲ့ခြင်း ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဖွင့်ဟခြင်းမျှသည် အချည်းနှီးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ပြီး ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်သာ၊ မိမိကိုယ်ကိုယ် သိရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်ပါက၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ သင် သိမြင်နိုင်ပေသည်။ သမ္မာတရားမရှိဘဲနှင့်၊ သင် မသိမြင်နိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ၊ ကိစ္စရပ်တစ်ခုကို သင် ပြည့်ဝစွာ နားလည်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ ကိစ္စရပ်တစ်ခုကို သင် နားမလည်နိုင်။ သမ္မာတရား ရှိသည့်အခါမှသာ မိမိကိုယ်ကိုယ် သင် သိရှိနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်။ သမ္မာတရား သင် ရှိသည့်အခါမှသာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ စိတ်သဘောထား မပြောင်းလဲနိုင်ပေ။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေခံနိုင်သည်။ သမ္မာတရားမရှိဘဲနှင့်၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေမခံနိုင်။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်ကို သင် ကိုးကွယ်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ကိုးကွယ်မှုသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ခြင်းထက် ဘာမျှပိုလိမ့်မည်မဟုတ်။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိခြင်းအပေါ် တည်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

အချို့သူများသည် အမှုဆောင်၍ တရားဟောကာ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များအပေါ် အပေါ်ယံအားဖြင့် မိတ်သဟာယပြုနေကြသည့်ပုံပေါ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အနက် အဓိပ္ပာယ်များကိုသာ ဆွေးနွေးနေကြခြင်းဖြစ်ပြီး၊ ခြေခြေမြစ်မြစ် ဖြစ်သော အရာတစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားမှုများ ကဲ့သို့၊ တစ်ချက်ပြီးတစ်ချက်နှင့် တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ၊ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ သူသည် အလွန်ကောင်းမွန်စွာနှင့် အင်မတန် အသေးစိတ်ကျကျ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ထိုသို့သော လူများ ဟောကြားပြီးသောအခါ၊ အခြားသူများကို ၎င်းတို့၏ တရားဒေသနာများကို စုဆောင်ပြီး လူအယောက်တိုင်းဆီသို့ပို့ရန် ပြောဆိုကြလေသည်။ ဤအရာကို လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် အခြားသူများကို လှည့်စားနေပြီး ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာ ဖြစ်သည်အထိ ရောက်ရှိကြပြီးဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ဟောကြားနေပြီး ၎င်းတို့၏ တရားဒေသနာများက သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက၊ ထိုအရာများသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင်၊ ဘုရားသခင်အား ဘောင်ခတ်ထားသည့် အရာတစ်ချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤ တရားဟောကြားမှုမျိုးသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ်နှင့် ညီမျှသည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

သင်တို့သည် သမ္မာတရားအား ပေါင်းရုံးဖော်ပြရာ၌ သွေဖည်လေပြီ။ ဤပေါင်းရုံးဖော်ပြခြင်းမှန်သမျှကို သင်တို့ပြုလုပ်သည့်နောက်တွင် ယင်းက စည်းမျဥ်းများကိုသာ ထွက်ပေါ်စေပြီဖြစ်သည်။ အချို့သူများသည် အမှုဆောင်၍ တရားဟောကာ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့နေပုံပေါက်သော်လည်း ၎င်းတို့ ဆွေးနွေးနေသမျှအကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တိုက်ရိုက်အနက်အဓိပ္ပာယ်များ အကြောင်းသာဖြစ်၍ ထိရောက်သောအရာ တစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားနေသကဲ့သို့ဖြစ်၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ချက်ပြီးတစ်ချက်၊ တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ ဤမျှ အသေးစိတ်ကျကျဖြင့် အလွန်ကောင်းမွန်စွာ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ၎င်းတို့ဟောကြားပြီးသောအခါ အားလုံးစုပေါင်း၍ လူတိုင်းထံပို့ရန် အခြားသူများအား ခိုင်းကြ၏။ ၎င်းတို့၏ ပြုမူမှုများသည် အခြားသူများအပေါ် လိမ်လည်လှည့်ဖြားမှုဖြစ်လာကာ ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာဖြစ်၏။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ဟောကြားနေပြီး သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက ယင်းသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင် ဘုရားသခင်အား ဘောင်ခတ်ထားသည့် အစိတ်အပိုင်းအချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤသို့သော ဟောကြားမှုသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ် မဟုတ်သလော။ ယင်းသည် ဘုရားသခင်အား ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။ သင်တို့၏ “သမ္မာတရားကို ပေါင်းရုံးသုံးသပ်ခြင်း” သည် သမ္မာတရားမှ လူတို့အသက်ရရှိစေရန်၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားများအတွင်း ပြောင်းလဲမှု ရရှိစေရန် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းအစား လူတို့အား သမ္မာတရားအတွင်းမှ အသိပညာနှင့် အယူဝါဒအချို့ကို ကျွမ်းကျင်တတ်မြောက်သွားစေသည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်ပြီးပုံရသော်လည်း တကယ်တမ်းတွင်မူ သူတို့သည် နှုတ်ကပတ်တော်အချို့နှင့် အယူဝါဒအချို့ကိုသာ ကျွမ်းကျင်တတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ်ကို နားမလည်ပေ၊ ယင်းသည် ဓမ္မပညာလေ့လာခြင်း၊ သို့မဟုတ် ကျမ်းစာဖတ်ခြင်းနှင့် ကွဲပြားခြင်း မရှိပေ။ သင်တို့သည် ဤစာအုပ်များ သို့မဟုတ် ထိုစာပေများကို ပြုစုပြီးလျှင် အယူဝါဒ၏ ဤလက္ခဏာသွင်ပြင် သို့မဟုတ် အသိပညာ၏ ထိုလက္ခဏာသွင်ပြင်ကို လက်ဝယ်ပိုင်ဆိုင်လာကြသည်။ သင်တို့သည် အယူဝါဒများအကြောင်း ထူးကဲပြောင်မြောက်စွာ ဟောပြောသူများဖြစ်ကြ၏၊ သို့သော် သင်တို့ စကားပြောပြီးသောအခါ မည်သည့်အရာဖြစ်ပျက်ပါသနည်း။ ထိုအခါ လူတို့သည် တွေ့ကြုံခံစားနိုင်ကြခြင်း မရှိပေ၊ သူတို့၌ ဘုရားသခင်၏ အမှုတော်ကို နားလည်ခြင်းမရှိဘဲ ၎င်းတို့ကိုယ်ကို နားလည်မှု တစ်စုံတစ်ရာလည်း မရှိပေ။ အဆုံးတွင် ၎င်းတို့ရရှိသွားမည့် အရာအားလုံးမှာ ပုံသေနည်းများနှင့် စည်းမျဉ်းများသာဖြစ်၍ ၎င်းတို့သည် ထိုအရာအနည်းငယ်အကြောင်း ပြောဆိုနိုင်ပြီး အခြားမည်သည့်အရာကိုမျှ ပြောဆိုနိုင်ခြင်း မရှိပေ။ အကယ်၍ ဘုရားသခင်သည် အသစ်သောတစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပါက သင်သိသမျှ အယူဝါဒအားလုံးကို ထိုအရာနှင့် ကိုက်ညီအောင် လုပ်နိုင်မည်လော။ သင်၏ထိုအရာများသည် စည်းမျဉ်းများသာဖြစ်၍ သင်သည် လူတို့အား ဓမ္မပညာကို လေ့လာခိုင်းနေခြင်းသာဖြစ်ကာ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားကို တွေ့ကြုံခံစားခွင့် ပြုနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်တို့ပြုစုသော ထိုစာအုပ်များသည် အခြားသူများကို ဓမ္မပညာနှင့် အသိပညာ၊ ပုံသေနည်းသစ်များနှင့်၊ စည်းမျဉ်းများနှင့် လုပ်ရိုးလုပ်စဉ်များအတွင်းသို့သာ ခေါ်ဆောင်လာနိုင်၏။ ၎င်းတို့သည် လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်ခြင်း မရှိ၊ သို့တည်းမဟုတ် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နားလည်ခွင့် မပြုနိုင်ပေ။ ထိုမေးခွန်းများကို တစ်ခုပြီးတစ်ခု ထုတ်ပြီးနောက် သင်ဖြေဆိုပြီး အကြမ်းဖော်ပြချက်များနှင့် အကျဉ်းချုပ်များကို သင်ချရေးခြင်းအားဖြင့် ယင်းကဲ့သို့သော လုပ်ဆောင်ပုံက သင်၏ ညီအစ်ကိုမောင်နှမများကို အလွယ်တကူ နားလည်စေလိမ့်မည်ဟု သင်ထင်နေ၏။ ဤအချက်များသည် မှတ်မိရန် လွယ်ကူသည့်အပြင် တစ်ချက်ကြည့်ရုံမျှဖြင့် ရှင်းနေကာ ယင်းသည် အမှုအရာများကို လုပ်ဆောင်ရာ၌ လွန်စွာကောင်းမွန်သော နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု သင်ထင်၏။ သို့ရာတွင် ၎င်းတို့နားလည်နေသည်မှာ သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ် အစစ်အမှန် မဟုတ်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီပေ၊ ယင်းသည် စကားလုံးများနှင့် အယူဝါဒများသာဖြစ်၏။ ထို့ကြောင့် ဤအရာများကို သင်လုံးဝ မလုပ်ဆောင်လျှင် ပိုကောင်းလိမ့်မည်။ ဤသို့ပြုနေခြင်းသည် လူတို့အား အသိပညာကို နားလည်ပြီး ကျွမ်းကျင်တတ်မြောက်စေရန် ဦးဆောင်နေခြင်းဖြစ်၏။ သင်သည် အခြားသူများအား အယူဝါဒများအတွင်း၊ ဘာသာရေးအတွင်းသို့ ခေါ်ဆောင်လာပြီး ဘာသာရေးအယူဝါဒများအတွင်း ဘုရားသခင်နောက်လိုက်စေ၍ ဘုရားသခင်အား ယုံကြည်စေခြင်းဖြစ်၏။ ယင်းမှာ ပေါလုကဲ့သို့ပင် ဖြစ်နေခြင်း မဟုတ်လော။ သမ္မာတရားကို သိခြင်းအရာ၌ ကျွမ်းကျင်တတ်မြောက်ခြင်းသည် အထူးသဖြင့် အရေးပါပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကျမ်းပိုဒ်များစွာကို အာဂုံဆောင်နိုင်ခြင်းသည်လည်း ထို့အတူဖြစ်သည်ဟု သင်ထင်လေသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့ မည်သို့နားလည်သည်မှာ လုံးဝအရေးမကြီးပေ။ လူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို အလွတ်ကျက်နိုင်ရန်၊ သြဝါဒများစွာကို ပြောဆိုနိုင်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ ပုံသေနည်းများစွာကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်အမင်း အရေးကြီးသည်ဟု သင်တို့ထင်ကြသည်။ ထို့ကြောင့် လူတိုင်းသည် တူညီသော အသိပညာရှိ၍ တူညီသော စည်းမျဉ်းများကို စောင့်ထိန်းစေရေးအတွက်၊ လူတိုင်း တူညီသော ဓမ္မတေးသီချင်း စာရွက်တစ်ရွက်တည်းမှ သီဆိုနေရန်၊ တူညီသော အကြောင်းအရာများကို ပြောဆိုနေရန်နှင့် တူညီသော အယူဝါဒများအကြောင်း ပြောနေရန် သင်တို့အနေဖြင့် ဤအရာများကို အမြဲစနစ်တကျ စီမံလိုသည်၊ ဤသည်မှာ သင်တို့၏ ရည်မှန်းချက်ဖြစ်သည်။ သင်တို့ ဤသို့ပြုနေခြင်းသည် လူတို့နားလည်မှု ရရှိစေရန်အတွက်ဖြစ်သည်ဟု ထင်ရသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဤအရာသည် လူတို့အား ဘုရားသခင့်နှုတ်ကပတ်တော်၏ သမ္မာတရားပြင်ပရှိ စည်းမျဉ်းများအလယ်သို့ ခေါ်ဆောင်နေခြင်းဖြစ်သည်ကို သင်တို့လုံးဝမသိပေ။ လူတို့အား သမ္မာတရားကို စစ်မှန်စွာ နားလည်ခွင့်ပြုရန် သင်သည် ၎င်းကို လက်တွေ့အရှိတရား၊ အမှုတော်တို့နှင့် ချိတ်ဆက်ကာ၊ လက်တွေ့ကျသော ပြဿနာများကို ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်အညီ ဖြေရှင်းရမည်။ ဤနည်းအားဖြင့်သာလျှင် လူတို့သည် သမ္မာတရားကို နားလည်ကာ လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး၊ ဤကဲ့သို့သော ရလဒ်တစ်ခုကို ရရှိခြင်းသည်သာ လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ခေါ်ဆောင်လာခြင်းဖြစ်သည်။ သင်ပြောဆိုသမျှ အကြောင်းအရာသည် ဝိညာဉ်ရေးရာ အယူအဆများ၊ အယူဝါဒများနှင့် စည်းမျဉ်းများသာ ဖြစ်လျှင်၊ သင်သည် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်အပေါ်ကိုသာ လုံ့လစိုက်ထုတ်လျှင် လူတို့အား တူညီသော အကြောင်းအရာများကို ပြောစေခြင်းနှင့် တူညီသော စည်းမျဉ်းများကို လိုက်နာစေခြင်းသာ သင်အထမြောက်နိုင်မည်၊ သို့သော် လူတို့အား သမ္မာတရားကို နားလည်စေရန် လမ်းပြနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် လူတို့အား ၎င်းတို့ကိုယ်ကို ပိုမိုကောင်းမွန်စွာ နားလည်စေနိုင်မည် မဟုတ်ဘဲ၊ နောင်တရခြင်းနှင့် ပြောင်းလဲခြင်းတို့ ရရှိစေနိုင်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ သဘောတရားများအကြောင်း ပြောနိုင်ခြင်းသည် လူများ၏ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အစားထိုးနိုင်ပါက၊ အသင်းတော်များကို ဦးဆောင်ရန် သင်တို့အား လိုအပ်မည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်” မှ

သင်တို့၏ အသိပညာသည် လူတို့ကို ကာလတစ်ခုအထိသာ ပံ့ပိုးပေးနိုင်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အကယ်၍ သင်သည် တူညီသောအရာတစ်ခုကိုသာ ဆက်၍ပြောနေပါက လူအချို့တို့သည် သတိပြုမိကြလိမ့်မည်၊ ၎င်းတို့က သင်သည် အပေါ်ယံဆန်လွန်းကြောင်း၊ နက်နဲစေ့စပ်မှု ကင်းမဲ့လွန်းကြောင်း ဆိုကြလိမ့်မည်။ သင်၌ ရွေးချယ်စရာမရှိဘဲ အယူဝါဒများကို ပြောခြင်းဖြင့် လူများကို ကြိုးစားပြီး လှည့်ဖြားရလိမ့်မည်။ အကယ်၍ ဤကဲ့သို့ သင်ဆက်လုပ်နေပါက သင့်အောက်မှ လူများသည် သင်၏ နည်းစနစ်များ၊ ခြေလှမ်းများ၊ ယုံကြည်ခြင်းနမူနာနှင့် လက်တွေ့ခံစားရခြင်း နမူနာနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်၍ ၎င်းတို့သည် ထိုစကားများနှင့် အယူဝါဒများကို လက်တွေ့ကျင့်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် သင်ဆက်လက်ဟောပြောသောကြောင့် ၎င်းတို့သည် အဆုံးတွင် သင့်ကို စံပြတစ်ဦးအဖြစ် အသုံးပြုလာကြလိမ့်မည်။ အခြားသူများကို သင်ဦးဆောင်ရာတွင် အယူဝါဒများကို သင်ပြောသောကြောင့် သင့်အောက်မှ လူများသည် သင့်ထံမှ အယူဝါဒများကို လေ့လာသင်ယူကြလိမ့်မည်၊ ထို့နောက် အခြေအနေများ တိုးတက်လာသည်နှင့်အမျှ သင်သည် လမ်းမှားနောက်သို့ လိုက်လျှောက်နေပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင့်အောက်မှ လူများသည် သင်ဖောက်သည့် မည်သည့်လမ်းကိုမဆို လိုက်လျှောက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် သင့်ထံမှ သင်ယူလေ့လာကာ သင့်နောက်သို့ လိုက်ကြသဖြင့် “ငါသည် ယခုသြဇာတိက္ကမကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်” ဟု သင်ခံစားရလိမ့်မည်။ လူသားအတွင်းရှိ ဤသစ္စာမဲ့ခြင်းသဘာဝသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ အမျိုးမျိုးသော ဂိုဏ်းဂဏများ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ သူတို့မှာ ဤနည်းဖြင့် ဖြစ်ပေါ်လာကြသည်။ ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

အရှေ့သို့- ၁) သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ဓမ္မပညာဆိုင်ရာ အသိပညာသည် သမ္မာတရား ဟုတ်မဟုတ်

နောက်တစ်ခုသို့- ၃) သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားကို နားလည်ခြင်းက သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်ကို သိခြင်း ဟုတ်မဟုတ်

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄) ၎င်းတို့သည် သမ္မာကျမ်းစာကို စွဲကိုင်ပြီး ကိုးကွယ်ပါက၊ ထာဝရအသက်ကို မရရှိနိုင်မည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။...

၄) ဘုရားသခင်၏အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ကို အဓိကအားဖြင့် ထုတ်ဖော်ပြသည့် ပုံပန်းသွင်ပြင်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ...

၂) ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိခြင်းနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့်...

၂) ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်မှ တစ်ခုစီ၏ အရေးပါမှုနှင့် ရည်ရွယ်ချက်

(၁) ပညတ်တော်ခေတ်ရှိ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဣသရေလလူမျိုးတို့အပေါ်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်