၂) ဘုရားသခင်ကို သိကျွမ်းခြင်းကို ရရှိနိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ဘုရားသခင်၏ အမှု တစ်ရပ်လုံး ဖြစ်၏။ လူသားသည် ဘုရားသခင်၏အမှုနှင့် ကယ်တင်ခြင်းအမှုထဲက ဘုရားသခင်၏ စိတ်သဘောထားကို သိရမည် ဖြစ်သည်။ ဤအချက်မရှိဘဲနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ အသိပညာသည် အနှစ်သာရကင်းမဲ့သော စကားများသာ ပါရှိပြီး၊ ထိုင်ရာမှမထဘဲ လူတတ်လုပ်နေခြင်းထက် ဘာမျှမပိုပေ။ ထိုသို့သော အသိပညာသည် လူသားကို သိမ်းသွင်းနိုင်ခြင်း မရှိသကဲ့သို့ သိမ်းပိုက်နိုင်ခြင်းလည်း မရှိပေ။ ယင်းသည် အမှန်တရားနှင့် ဆန့်ကျင်ကွဲလွဲပြီး၊ သမ္မာတရား မဟုတ်ပေ။ ယင်းသည် အလွန်ပေါများပြီး နားဝင်ချိုနိုင်သော်လည်း၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားနှင့် သဘောကွဲလွဲပါက၊ ဘုရားသခင်သည် သင့်ကို ချမ်းသာပေးမည် မဟုတ်ပေ။ သူသည် သင်၏အသိပညာကို ချီးကျူးလိမ့်မည် မဟုတ်သည်သာမက၊ သူ့ကို ပြစ်မှားစော်ကားသည့် အပြစ်သားတစ်ဦး ဖြစ်ခြင်းအတွက် သင့်အပေါ် ဒဏ်ခတ်ခြင်းလည်း ပြုလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းနှင့်ဆိုင်သည့် စကားများကို ပေါ့ပေါ့တန်တန် ပြောဆိုထားခြင်း မဟုတ်ပေ။ သင်သည် စကားကို ရွှန်းရွှန်းဝေအောင်ပြောတတ်ပြီး စကားကြွယ်ကာ၊ သင်၏စကားလုံးများသည် အမည်းကို အဖြူအဖြစ် နှင့် အဖြူကို အမည်းအဖြစ်သို့ ငြင်းခုံနိုင်လောက်အောင် အလွန် လိမ္မာပါးနပ်သော်လည်း၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအကြောင်း ပြောခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် ဉာဏ်မမီဆဲ ဖြစ်ပေသည်။ ဘုရားသခင်သည် သင် မဆင်မခြင် ဝေဖန်၍ရသူတစ်ဦး သို့မဟုတ် သာမန်ကာလျှံကာ ချီးမွမ်း၍ရသူတစ်ဦး သို့မဟုတ် ခပ်တည်တည်နှင့် သိက္ခာချ၍ရသူတစ်ဦး မဟုတ်ပေ။ သင်သည် မည်သူ့ကိုမဆိုနှင့် အယောက်တိုင်းကို ချီးမွမ်းသော်လည်း၊ ဘုရားသခင်၏ ကြီးမြတ်သော ပါရမီနှင့်ပြည့်စုံခြင်းနှင့် သဘောထားကြီးခြင်းတို့ကို ဖော်ပြရန် သင့်တော်သည့် စကားလုံးများကို ရှာတွေ့ရန် သင် အပြင်းအထန် ကြိုးပမ်းရ၏- ဤသည်မှာ အရှုံးသမားတိုင်း သဘောပေါက် လာရသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြနိုင်စွမ်း ရှိသည့် ဘာသာစကား ကျွမ်းကျင်သူများစွာ ရှိသော်လည်း၊ ၎င်းတို့ ဖော်ပြသည့်အရာ၏ တိကျမှန်ကန်မှုမှာ ဘုရားသခင်နှင့်သက်ဆိုင်၍ ဝေါဟာရ အနည်းအကျဉ်းသာ ပိုင်ဆိုင်သော်လည်း၊ ဆွဲထုတ်ဖို့ ကြွယ်ဝသော အတွေ့အကြုံရှိသူတို့ ပြောဆိုသော သမ္မာတရား၏ တစ်ရာပုံတစ်ပုံသာရှိ၏။ ထို့ကြောင့် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် တိကျမှန်ကန်မှုနှင့် အဖြစ်မှန်တို့တွင် ရှိကြောင်း၊ စကားလုံးများကို ပါးနပ်စွာ အသုံးပြုခြင်း၊ သို့မဟုတ် ကြွယ်ဝသည့် ဝေါဟာရများတွင် မရှိကြောင်းနှင့်၊ လူသား၏ အသိပညာနှင့် ဘုရားသခင်၏ အသိပညာတို့သည် လုံးဝ တခြားစီ ဖြစ်ကြောင်းကို တွေ့နိုင်သည်။ ဘုရားသခင်ကို သိခြင်းသင်ခန်းစာသည် လူသားမျိုးနွယ်၏ မည်သည့် သဘာဝသိပ္ပံပညာရပ်မဆိုထက် ပို၍ မြင့်မား၏။ ယင်းမှာ ဘုရားသခင်ကို သိရန်ကြိုးစားသည့် အလွန့်အလွန် နည်းပါးသော လူဦးရေသာ စွမ်းဆောင်ရရှိနိုင်သည့် သင်ခန်းစာ တစ်ရပ်ဖြစ်ပြီး ပါရမီရှိသည့် မည်သူမဆိုကမျှ စွမ်းဆောင်ရရှိနိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို သိခြင်းနှင့် သမ္မာတရားအား အားထုတ်ခြင်းတို့ကို သာမန်ကလေး တစ်ဦးက ရယူနိုင်သော အရာများကဲ့သို့ မမြင်ရ။ သင်သည် သင်၏မိသားစုဘဝ၊ သို့မဟုတ် သင်၏အသက်မွေးအလုပ်၊ သို့မဟုတ် သင်၏အိမ်ထောင်ရေးတို့တွင် လုံးဝ အောင်မြင်ပြီးသူတစ်ဦး ဖြစ်ချင်ဖြစ်မည်၊ သို့ရာတွင် သမ္မာတရားနှင့် ဘုရားသခင်ကို သိခြင်း သင်ခန်းစာနှင့်ပတ်သက်လာသည့်အခါ သင်သည် မိမိကိုယ်ကိုယ်အတွက် ပြစရာဘာမျှမရှိသကဲ့သို့၊ မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိလေပြီ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့အတွက် ကြီးမားသော အခက်အခဲရှိသည်ဟု ဆိုနိုင်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် သာ၍ ကြီးမားသော ပြဿနာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သင်တို့၏အခက်အခဲဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်ရသည့် အခက်အခဲလည်း ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းလမ်းကြောင်းတွင် အောင်မြင်မှုအချို့ ရရှိပြီးသူ အချို့အလယ်တွင် အဆင့်အတန်းမီသူ လုံးဝ မရှိလုနီးပါး ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းမှာ မည်သည်ကို ဆိုလိုကြောင်း သို့မဟုတ် ဘုရားသခင်ကိုသိရန် အဘယ်ကြောင့် လိုအပ်ကြောင်း သို့မဟုတ် ဘုရားသခင်ကို သိရှိရန် မည်သည့် အတိုင်းအတာထိ ကြိုးပမ်းရရှိရမည်ကို လူသားသည် မသိပေ။ ဤသည်မှာ လူသားမျိုးနွယ်အဖို့ အလွန် ဝေခွဲမရဖြစ်ရသည့်အရာ ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ် ရင်ဆိုင်ရသည့် အကြီးမားဆုံးသော ပဟေဠိဖြစ်သည်မှာ အတော်အတန် ရိုးရှင်းလှ၏- မည်သူမျှ ဤမေးခွန်းကို ဖြေနိုင်စွမ်း မရှိသကဲ့သို့၊ မည်သူမျှလည်း ဤမေးခွန်းကို ဖြေရန် လိုလားခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ ဤအမှုကို လေ့လာရာတွင် လူသားမျိုးနွယ်အလယ် မည်သူမျှ အောင်မြင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ပဟေဠိကို လူသားမျိုးနွယ်ထံ အသိပေးသည့်အခါ၊ ဘုရားသခင်ကို သိရှိသည့် ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်း ပေါ်လာပေမည်။ ဟုတ်ပေ၏၊ ထိုသို့ဖြစ်သည်ကို ငါမျှော်လင့်မိပြီး၊ ထို့အပြင် ငါသည် ဤအမှုအား ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တွင် ရှိပြီး၊ မကြာတော့သည့် အနာဂတ်တွင် ပိုမိုများပြားသည့် ထိုသို့သော ပါရမီရှင်များ ပေါ်ထွက်ခြင်းကိုတွေ့ရန် ငါမျှော်လင့်သည်။ ၎င်းတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များကို သက်သေခံသူများ ဖြစ်လာကြလိမ့်မည် ဖြစ်ပြီး၊ ဤအမှု၏ အဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ဖြစ်သည်။ ဘုရားသခင်၏အမှု အဆုံးသတ်သည့်နေ့တွင် ထိုသို့သော ပါရမီရှင်များ မပေါ်ထွက်ပါက၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံပြီးသူ တစ်ဦး နှစ်ဦးသာ ရှိပါက၊ သာ၍ စိတ်သောကရောက်စရာနှင့် သာ၍နောင်တရစရာ မည်သည့်အရာမျှ ရှိမည်မဟုတ်ပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး ဖြစ်နိုင်ခြေသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ အမှန်တကယ် လိုက်စားသူများသည် ဤကောင်းချီးမင်္ဂလာကို ရရှိနိုင်မည်ဟု ငါမျှော်လင့်ဆဲဖြစ်၏။ အချိန်၏ အစကတည်းက၊ ဤကဲ့သို့သောအမှု တစ်ခါမျှ မရှိဖူးပေ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ထိုသို့သော တာဝန်တစ်ခုသည် မည်သည့်အခါမျှ မဖြစ်ပေါ်ဖူးပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို အဦးဆုံးသိသူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက၊ ဤသည်မှာ သတ္တဝါများအားလုံးအလယ်တွင် အမြင့်ဆုံးသော ဂုဏ်သိက္ခာတစ်ရပ် ဖြစ်မည်မဟုတ်လော။ လူသားမျိုးနွယ်ထဲမှ အဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်လေသည် ဘုရားသခင်၏ ချီးကျူးခြင်းကို သာ၍ ခံရမည်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား စသည်တို့အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်အား သိရှိစေပြီး ဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရသည့်အခါ၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးစဉ်တွင် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မည်၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းတို့ကို နားလည်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ရည်ရွယ်ထားသည့် ရလဒ်တို့ကို နားလည်လာကာ သဘောပေါက်လာလိမ့်မည်။ လူသားမျိုးနွယ်အတွက်၊ သမ္မာတရားနှင့် အသက်ကို ရရှိဖို့ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန်၊ မိမိ၏စိတ်သဘောထားထဲတွင် ပုံသဏ္ဌာန်ပြောင်းလဲလာရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ခြင်းများကို နာခံလာနိုင်ရန်အလို့ငှာ ဤအရာများအားလုံးသည် လူသား တွေ့ကြုံရမည့်၊ နားလည်သဘောပေါက်ရမည့်၊ ရယူရမည့်အရာများ ဖြစ်သည်။ ဤအရာများကို လူသားက တွေ့ကြုံကာ နားလည်သဘောပေါက်ပြီး ရယူသည်နှင့် တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သော သိနားလည်မှုကို သူတဖြည်းဖြည်း ရရှိလာပြီးဖြစ်လိမ့်မည်၊ ထို့ပြင် ဤအချိန်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အမျိုးမျိုးသော အသိပညာအဆင့်များကိုလည်း သူရရှိပြီးဖြစ်လိမ့်မည်။ ဤနားလည်ခြင်းနှင့် အသိပညာတို့သည် လူသား စိတ်ကူးထားသည့်အရာ၊ သို့မဟုတ် ရေးစပ်ထားသည့်အရာမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ၏အတွင်းစိတ်ထဲ၌ သူသဘောပေါက်ကာ တွေ့ကြုံ၍ ခံစားရပြီး အတည်ပြုသည့်အရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအရာတို့ကို သဘောပေါက်ကာ တွေ့ကြုံ၍ ခံစားလျက် အတည်ပြုပြီးသည့်နောက်တွင်သာ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိပညာသည် အနှစ်သာရ ရှိလာလေသည်။ ဤအချိန်၌ လူသားရရှိသည့် အသိပညာသည်သာလျှင် လက်တွေ့ကျကာ စစ်မှန်ပြီး တိကျမှန်ကန်မှု ရှိလေသည်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့မှတစ်ဆင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုနှင့် အသိပညာတို့ကို ရယူခြင်းတည်းဟူသော ဤဖြစ်စဉ်သည် လူသားနှင့် ဘုရားသခင်၏ စစ်မှန်သည့် ဆက်ဆံရေးပင် ဖြစ်ပေသည်။ ဤသို့သော ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် နားလည်ကာ သဘောပေါက်လာသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏အနှစ်သာရကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်း နားလည်ကာ သိရှိလာသည်၊ ဖန်ဆင်းရာအပေါင်းတို့အပေါ် ဘုရားသခင်၏ အုပ်စိုးမှုဟူသော အမှန်တရားနှင့် ပတ်သက်၍ မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စစ်မှန်သော စိတ်ချသေချာမှုတို့ကို ရလာသည်၊ ထို့ပြင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဂုဏ်အဆင့်အတန်းနှင့်ပတ်သက်၍ ပဓာနကျသော ဆက်စပ်မှုနှင့် အသိပညာတို့ကို ရရှိလာသည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် ဘုရားသခင်အကြောင်း မရှိကိုအရှိလုပ်၍ စိတ်ကူးကြည့်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိ၏ကိုယ်ပိုင်သံသယများကို ဇက်ကုန်လွှတ်လိုက်ခြင်း၊ ဘုရားသခင်ကို နားလည်မှုလွဲခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ သို့မဟုတ် သံသယဝင်ခြင်းတို့ မလုပ်တော့ဘဲ လူသားသည် ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အမြင်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလေသည်။ ဤကဲ့သို့ဖြင့် လူသားသည် ဘုရားသခင်နှင့် ငြင်းခုံခြင်း သာ၍နည်းလာမည်ဖြစ်ပြီး ဘုရားသခင်နှင့် ပဋိပက္ခဖြစ်မှု သာ၍နည်းလာမည်ဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သည့် ဖြစ်ရပ်များ သာ၍နည်းလာပေမည်။ အပြန်အလှန်အားဖြင့် ဘုရားသခင်အပေါ် လူသား၏ အရေးစိုက်ခြင်းနှင့် နာခံခြင်းတို့မှာ တိုး၍ကြီးထွားလာမည်ဖြစ်ပြီး ဘုရားသခင်ကို သူ၏ရိုသေလေးမြတ်မှုမှာ ပို၍စစ်မှန်လာမည်ဖြစ်သည့်အပြင် ပို၍လည်း နက်နဲလာလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သမ္မာတရား၏ အထောက်အပံ့၊ အသက်နှင့်ဆိုင်သော ဗတ္တိဇံတို့ကို ရလိမ့်မည်သာမကဘဲ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သည့် အသိပညာကိုလည်း ရရှိလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သူ၏စိတ်သဘောထားထဲ၌ ပုံသဏ္ဌာန်ပြောင်းလဲပြီး ကယ်တင်ခြင်းကို ရရှိမည်သာမကဘဲ တစ်ချိန်တည်းတွင် ဘုရားသခင်အပေါ်ထားသည့် ဖန်ဆင်းခံတစ်ဦး၏ စစ်မှန်သော ရိုသေလေးမြတ်ခြင်းနှင့် ကိုးကွယ်ခြင်းတို့ကိုလည်း ရှာမှီးလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးကို ရရှိပြီးနောက် ဘုရားသခင်ကို လူသား၏ ယုံကြည်ခြင်းသည် စာရွက်အလွတ်တစ်ရွက်၊ သို့မဟုတ် အပြောသက်သက်ဖြစ်သည့် နှုတ်ကတိတစ်ခု၊ သို့မဟုတ် မျက်စိစုံမှိတ် လိုက်စားခြင်းနှင့် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းပုံစံမျိုး ဖြစ်တော့မည် မဟုတ်ချေ။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသား၏အသက်သည် တစ်ရက်ပြီးတစ်ရက် ရင့်ကျက်ခြင်းဆီသို့ ကြီးထွားလာမည်ဖြစ်ပြီး၊ ထိုအချိန်မှသာ သူ၏စိတ်သဘောထားက တဖြည်းဖြည်းချင်း ပုံသဏ္ဌာန်ပြောင်းလဲလာမည်ဖြစ်ကာ ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းသည် မရေရာ၊ မသေချာသော ယုံကြည်ခြင်းမှ စစ်မှန်သည့် နာခံခြင်းနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် ရိုသေလေးမြတ်ခြင်းအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားမည်ဖြစ်သည်၊ ထို့ပြင် လူသားသည် ဘုရားသခင်၏နောက်ကို လိုက်နေစဉ်တွင် တုံဏှိဘာဝေနေနေသည့်အဖြစ်မှ နိုးကြားထကြွသည့်အဖြစ်သို့၊ အပျက်သဘောမှ အပြုသဘောသို့လည်း တဖြည်းဖြည်းချင်း တိုးတက်သွားပေလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသားသည် ဘုရားသခင်ကို မှန်မှန်ကန်ကန် သိနားလည်ပြီး သဘောပေါက်ကာ ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သော အသိပညာကို ရရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

လူသား၏ အခြေအနေနှင့် ဘုရားသခင်အပေါ် လူသား၏ သဘောထားတို့နှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူနှင့် သက်ဆိုင်သည့် အသိပညာနှင့် သူ့အပေါ် နာခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သက်သေခံခြင်း နှစ်ခုစလုံးတို့ကို လူသားအား ပိုင်ဆိုင်ခွင့်ပေးရင်း၊ အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားသည် သူ့အပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းအပြင်၊ သူ၏ တရားစီရင်ခြင်း၊ သူ့ကို ကိုင်တွယ်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်၊ ထိုအရာများမရှိဘဲ လူသားသည် ဘုရားသခင်ကို ဘယ်သောအခါမျှ သိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် သက်သေခံခြင်းတို့ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းသည် တစ်ဖက်သတ် အကျိုးသက်ရောက်မှုအတွက်သာ မဟုတ်ဘဲ ရှုထောင့်များစွာ အကျိုးသက်ရောက်မှုအတွက် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိသူများတွင် ဘုရားသခင်သည် ၎င်းတို့၏ သန္နိဋ္ဌာန်နှင့် ချစ်ခြင်းကို သူ့အားဖြင့် စုံလင်စေဖို့အလို့ငှာ စစ်ဆေးခြင်းအမှုကို လုပ်ဆောင်လေသည်။ သမ္မာတရားကို ရှာဖွေရန် လိုလားနေသူများနှင့် ဘုရားသခင်ကို တမ်းတသူများအဖို့ ဤသို့သော စစ်ဆေးခြင်းထက် မည်သည့်အရာမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍ကြီးမားသော အထောက်အပံ့မဖြစ်ပေ။ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလွန်လွယ်လင့်တကူ မသိ၊ သို့မဟုတ် နားမလည်ပေ။ အခြေခံအားဖြင့်၊ ဘုရားသခင်အတွက် လူသားကဲ့သို့ အလားတူ စိတ်သဘောထားရှိရန် မဖြစ်နိုင်သောကြောင့် လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် မလွယ်ကူပေ။ သမ္မာတရားကို လူသားက ပင်ကိုအားဖြင့် မပိုင်ဆိုင်သကဲ့သို့၊ စာတန်၏ ဖျက်ဆီးခြင်းခံရသော လူများက အလွယ်တကူ နားမလည်ပေ။ လူသားသည် သမ္မာတရား လုံးဝမရှိသကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သန္နိဋ္ဌာန် လုံးဝမရှိပေ။ ပြီးလျှင် သူသည် ဆင်းရဲဒုက္ခမခံစားရဘဲ အစစ်ဆေးမခံရသကဲ့သို့ တရားစီရင်ခြင်း မခံရပါက၊ သူ၏သန္နိဋ္ဌာန်သည် မည်သည့်အခါတွင်မျှ စုံလင်စေခြင်း ခံရမည်မဟုတ်ပေ။ လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် နားလည်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်ကိုသိကျွမ်းခြင်းအား စွမ်းဆောင်ရရှိရမည်။ လူအချို့က- “လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ငါမမြင်ဖူးဘူး။ ဒါကြောင့် ဘုရားသခင်ကို ငါဘယ်လို သိနိုင်မလဲ။” ဟု ဆိုကြသည်။ အမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ သူ၏စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ လူသားများအတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းအပြင် ၎င်းတို့ကို ကယ်တင်ခြင်းအတွက် သူ၏ နည်းလမ်း တို့ကို သင် မြင်နိုင်သည်။...ဤသည်မှာ သူ၏ နှုတ်ကပတ်တော်များကို လူသားများက ရေးသားခဲ့ခြင်းမဟုတ်ဘဲ၊ ဘုရားသခင် ကိုယ်တော်တိုင်က ဖော်ပြခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဖော်ပြထားခြင်း ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်သည် သူ၏ကိုယ်ပိုင် နှုတ်ကပတ်တော်များနှင့် သူ၏အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ယင်းတို့ကို စိတ်နှလုံးမှလာသော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ခေါ်ဆိုရသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုနှုတ်ကပတ်တော်များသည် စိတ်ထဲက ထုတ်ပြန်ထားခြင်းဖြစ်ပြီး သူ၏စိတ်သဘောထား၊ သူ၏အလိုတော်၊ သူ၏အတွေးများ၊ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်ကို သူ၏ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များကို ဖော်ပြသောကြောင့် ဖြစ်သည်။...ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် ကြမ်းတမ်းသော စကားလုံးများ၊ နူးညံ့သိမ်မွေ့ပြီး အရေးထားသော စကားလုံးများအပြင် လူသား၏ ဆန္ဒများနှင့် တစ်ထပ်တည်းမကျသည့် အမြင်သစ်ပေးသော စကားလုံးအချို့ ပါဝင်သည်။ အကယ်၍ သင်သည် အမြင်သစ်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် အတော် ခက်ထန်သည်ဟု သင်ခံစားကောင်းခံစားရလိမ့်မည်။ အကယ်၍ သင်သည် နူးညံ့သိမ်မွေ့သော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက၊ ဘုရားသခင်သည် သိပ်ဩဇာအာဏာမရှိဟု သင်ခံစားကောင်း ခံစားရလိမ့်မည်။ ထို့ကြောင့် သင်သည် ထိုအရာများကို ရှေ့နောက်စကားအဆက်အစပ် မရှိဘဲ မယူရပေ။ ယင်းထက်၊ ရှုထောင့်မျိုးစုံမှ ကြည့်မြင်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် နူးညံ့သိမ်မွေ့ပြီး ကရုဏာကြီးမားသော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာကို မြင်ကြသည်။ တစ်ခါတစ်ရံ သူသည် အလွန် တင်းကျပ်သော ရှုထောင့်မှ စကားပြောပြီး၊ ထိုအခါ လူတို့သည် ပုန်ကန်ပြစ်မှားမှုကို သည်းခံမည်မဟုတ်သည့် သူ၏ စိတ်သဘောထားကို မြင်ကြသည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာတော်ကို မြင်တွေ့ရန်၊ သို့မဟုတ် သူ၏ ရှေ့မှောက်သို့လာရန် မထိုက်တန်ပေ။ လူတို့သည် ယခု ဘုရားသခင်၏ရှေ့မှောက်သို့ လာခွင့်ရသည်မှာ သူ၏ ကျေးဇူးတော်သက်သက်ကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်းမှ၊ ပြီးလျှင် သူ့အမှု၏ အရေးပါမှုတွင် သူ၏ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် သူ့ထံမှ မည်သည့် တိုက်ရိုက် အဆက်အသွယ်မျှမရှိဘဲနှင့်ပင် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်ကြဆဲဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ သိရှိသူတစ်ဦးသည် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုရှိလာသည့်အခါ၊ ခရစ်တော်နှင့် သူ၏ ကြုံဆုံရခြင်းသည် ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏တည်ဆဲ အသိပညာနှင့် ကိုက်ညီနိုင်ပေသည်။ သို့သော် သဘောတရားအရသာ နားလည်မှုရှိသူတစ်ဦးသည် ဘုရားသခင်နှင့် တွေ့ဆုံသည့်အခါ၊ သူသည် အပြန်အလှန်ဆက်စပ်နေမှုကို မမြင်နိုင်ပေ။ သမ္မာတရား၏ ဤကဏ္ဍသည် နက်နဲမှုများထဲမှ အနက်နဲဆုံးသောအရာ ဖြစ်သည်၊ ယင်းကို နားလည်သဘောပေါက်ရန် ခက်ခဲ၏။ လူ့ဇာတိခံယူခြင်း၏ နက်နဲမှုနှင့်ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ပေါင်းရုံးသုံးသပ်လော့၊ ယင်းတို့ကို ရှုထောင့်မျိုးစုံမှ ကြည့်ပြီးနောက် အတူတကွ ဆုတောင်းကာ ဆင်ခြင်တွေးတောပြီး သမ္မာတရား၏ ဤရှုထောင့်နှင်ပတ်သက်၍ နောက်ထပ် မိတ်သဟာယပြုလော့။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိနိုင်လိမ့်မည်ဖြစ်ပြီး၊ နားလည်လာနိုင်လိမ့်မည်။ လူသားများသည် ဘုရားသခင်နှင့် တိုက်ရိုက် ထိတွေ့မှုကို ရရှိခြင်းငှာ အခွင့်အရေးမရှိသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိဖို့အလို့ငှာ၊ စမ်းတဝါးဝါးရှေ့ဆက်ကာ ဖြည်းဖြည်းချင်းစီ ဝင်ရောက်ရန် ဤကဲ့သို့သော အတွေ့အကြုံမျိုးကို အားထားကြရမည် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း” မှ

သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်- ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိရှိခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ၏စိတ်သဘောထားကို သိနားလည်ခြင်းအပြင်၊ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့ကျသော အတွေ့အကြုံတို့မှတစ်ဆင့် ဤသိနားလည်မှုကို ရရှိရန် လိုအပ်ချက်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို သိရှိဖို့အလို့ငှာ လက်တွေ့ဘဝမှ မိမိကိုယ်ကိုယ် ဖယ်ရှားပါက၊ ၎င်းတို့သည် ယင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိနားလည်မှုတချို့ ရရှိနိုင်သော လူတို့ရှိလျှင်ပင် ၎င်းတို့၏ သိနားလည်မှုသည် သဘောတရားများ၊ စကားလုံးများတို့ဖြင့် ကန့်သတ်ထားပြီး အမှန်တကယ်တွင် ဘုရားသခင် ကိုယ်တော်တိုင် မည်ကဲ့သို့ ရှိသည် ဆိုသည်နှင့်ပတ်သက်၍ ကွာဟချက် ဖြစ်ပေါ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့နှင့်ဆိုင်သည့် အသိပညာကို သင်၏ စိတ်ကူးစိတ်သန်းအပေါ် အမှီပြုခြင်းအားဖြင့် မရရှိနိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရှိရန် စိတ်ကူးစိတ်သန်းကို အမှီမပြုနိုင်သည့်အတွက်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဆိုင်သည့် စစ်မှန်သော အသိပညာကို မည်သည့်နည်းလမ်းဖြင့် သင် ရရှိနိုင်သနည်း။ ဤအရာကို လုပ်ဆောင်ရမည့် နည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယပြုခြင်းမှတစ်ဆင့်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားခြင်းမှတစ်ဆင့် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ဖြည်းညင်းသော အတွေ့အကြုံတစ်ခုနှင့် အတည်ပြုခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ယင်းနှင့်သက်ဆိုင်သည့် ဖြည်းညင်းသော သိနားလည်မှုနှင့် နည်းနည်းချင်းတိုးပွားသော အသိပညာတို့ကို ရရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဖြတ်လမ်းများ မရှိပေ။ သင်တို့ကို စိတ်မကူးရန် တောင်းဆိုခြင်းသည် ပျက်စီးခြင်းကို စောင့်ဆိုင်းရန် သင်တို့ကို မလှုပ်မယှက် ထိုင်စေခြင်း သို့မဟုတ် တစ်ခုတစ်လေကို လုပ်ဆောင်ခြင်းမှ သင်တို့ကို တားဆီးခြင်းနှင့် မတူပေ။ စဉ်းစားရန်နှင့် စိတ်ကူးရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ဆင်ခြင်တွေးခေါ်မှုစနစ်ကို အသုံးမပြုခြင်း၊ စိစစ်ရန် အသိပညာကို အသုံးမပြုခြင်း၊ အခြေခံအကြောင်းရင်းအဖြစ် သိပ္ပံပညာကို အသုံးမပြုဘဲ၊ ထိုအစား သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည်ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်းနှင့် အတည်ပြုခြင်း၊ သူသည် သင်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဆိုသည်နှင့် အချိန်တိုင်းတွင် သူ၏ တန်ခိုးက သူသည် စစ်မှန်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်မှန်း သက်သေပြသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ တစ်ဆင့်၊ သမ္မာတရား မှတစ်ဆင့်၊ ဘဝတွင် သင်ကြုံရသည့် အရာရာတိုင်းမှတစ်ဆင့် အတည်ပြုခြင်းကို ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုကို မည်သူမဆို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က ၎င်းတို့သည် ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရှာတွေ့ လိုသည်ဟု ပြောကြသည်၊ သို့ရာတွင် ထိုသို့သောနည်းလမ်းကို သင်တို့ စဉ်းစားနိုင်သလော။ သင့်ကို ငါပြော၏၊ စဉ်းစားရန်မလိုပေ- အခြားနည်းလမ်းများမရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ သူဖော်ပြသည့် နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်သည့် အရာရာတိုင်း မှတစ်ဆင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သေသေချာချာ စဉ်းစားချင့်ချိန်စွာနှင့် တည်ကြည်ခိုင်မာစွာ သိရှိပြီး မှန်ကန်ကြောင်း အတည်ပြုရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းနှင့် ဘုရားသခင်၏ အရာရာတိုင်းသည် ပေါ့တန်ပြီး အနှစ်မဲ့သောအရာမဟုတ်ဘဲ၊ စစ်မှန်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်သည် လူ့ဇာတိခံယူစဉ် အမှုပြုသည့်အခါ ယင်းမှာ လူများက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ ပြီးလျှင် သူ၏အနှစ်သာရနှင့် သူ၏စိတ်သဘောထားတို့ကို အများဆုံး ချဉ်းကပ်နိုင်ပြီး မြင်နိုင်သည့် အချိန်ဖြစ်သည်ကို သိလော့။ ယင်းမှာ ဘုရားသခင်ကို သိဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ အတိတ်တွင် လူများက ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် စိတ်သဘောထားတို့ကို သိလိုသည်ဟု ပြောခဲ့ကြသော်လည်း ၎င်းတို့သည် သူ့ကို မချဉ်းကပ်နိုင်သောကြောင့် ယင်းမှာ လုပ်ဆောင်ရန် မလွယ်ကူခဲ့ပေ။ မောရှေက ယေဟောဝါကို ပထမဆုံး သိပြီး သူ၏လုပ်ဆောင်ချက်အချို့ကို မြင်ရသည့်အချိန်တုန်းက သူ၌ လက်တွေ့ကျသည့် သိကျွမ်းမှု မည်မျှရှိခဲ့သနည်း။ ယင်းက ယနေ့ခေတ် လူများ၏ သိကျွမ်းမှုထက် သာ၍ ကြီးမားသလော။ ယနေ့ခေတ် လူများ၏ သိကျွမ်းမှုထက် သာ၍ လက်တွေ့ကျခဲ့သလော။ လုံးဝမဟုတ်ပေ။ ထိုအချိန်က ယေဟောဝါ အမှုပြုခဲ့သည့်အခါ သူ၏လုပ်ဆောင်ချက်များကို ဣသရေလတွင် အလျှံပယ် ထုတ်ဖော်ပြခဲ့သည်။ နိမိတ်လက္ခဏာများ ယေဟောဝါပြသသည်ကို လူများစွာတို့က တွေ့မြင်ခဲ့ပြီး ယေဟောဝါ၏ နောက်ကွယ်မှ သူ၏ပုံရိပ်မည်းကို တွေ့ခဲ့ရသည့်သူများ ရှိသည်။ လူများစွာတို့သည် ကောင်းကင်တမန်များကိုလည်း တွေ့မြင်ခဲ့ကြသည်၊ သို့ရာတွင် လူမည်မျှက ဘုရားသခင်ကို သိကျွမ်းခဲ့ကြသနည်း။ အလွန်နည်းလှ၏။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခဲ့သည့်လူ မရှိလုနီးနီးပင် ဖြစ်သည်။ နောက်ဆုံးသောကာလမှ လူများ၌သာ ဘုရားသခင် လူ့ဇာတိ၌ရှိစဉ် သူ၏အမှုကို တွေ့ကြုံခံစားရခြင်းမှ ဘုရားသခင်နှင့်သက်ဆိုင်သည့် သိကျွမ်းမှု အမြောက်အမြား ရှိကြခြင်းဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်က လူကို မျက်နှာချင်းဆိုင် စကားပြောသည့်အတွက် ဖြစ်သည်— သူမည်သည့်အမှုကို ပြုသည်၊ မည်သည့် ရည်ရွယ်ချက်အတွက် ပြုသည်၊ သူ၏အလိုတော်မှာ မည်သည့်အရာဖြစ်သည်၊ လူသားမျိုးနွယ်အပေါ်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေနှင့် အနှစ်သာရတို့အပေါ် သူ၏သဘောထားက မည်သည့်အရာဖြစ်သည်တို့ ဖြစ်၏။...ဤအရာများမှတစ်ဆင့် ဘုရားသခင်သည် အမှန်တကယ်ပင် ဘုရားစင်စစ်ဖြစ်သည်၊ လူသားမျိုးနွယ်အတွက် သူအလိုရှိသည့်အရာသည် အမှန်တကယ်ပင် ဤကဲ့သို့ ဖြစ်သည်ကို လူများ တွေ့မြင်နိုင်ကြသည်။ သူ၏စိတ်သဘောထားသည် အမှန်တကယ်ပင် ဤကဲ့သို့ဖြစ်သည်၊ သူ၏လုပ်ဆောင်ချက်များသည် အမှန်တကယ်ပင် အလွန် အံ့ဩဖွယ်ကောင်းသည်၊ သူ၏ဉာဏ်ပညာသည် အမှန်တကယ်ပင် အလွန်နက်ရှိုင်းသည်၊ ပြီးလျှင် လူသားမျိုးနွယ်အပေါ် သူ၏ သနားကရုဏာသည် အမှန်တကယ်ပင် အလွန် စစ်မှန်သည်ကို လူများ တွေ့မြင်နိုင်ကြသည်။ ဤတစ်ကြိမ်တွင် ဤအရာများကို အမှန်တကယ် တွေ့ကြုံခံစားနိုင်ပေသည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းတို့က အမှန်တကယ်ပင် ကန့်သတ်ချက် မရှိကြောင်းနှင့် လူများကို ကယ်တင်ဖို့ သူ၏အလိုတော်သည် သူ၏အမှုနှင့် သူ၏နှုတ်ကပတ်တော်များ၌ အားလုံး လွှမ်းခြုံထားကြောင်းကို ယင်းတို့က သင့်အား တွေ့ကြုံခံစားစေသည်။ ယင်းတို့က လူများအား တကယ့်အတွေ့အကြုံကို ရရှိစေသည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရနှင့်သက်ဆိုင်သည့် သင်၏အသိပညာသည် လူ့ဇာတိခံယူခြင်းကာလမှ ဖြစ်ပေသည်။ အခြားကာလမှ မည်သည့်အသိပညာမျှ လက်တွေ့မကျပေ။ လူ့ဇာတိခံယူခြင်း အမှုတော် ပြီးဆုံးပြီး သူထွက်ခွာပြီးသည့်နောက်တွင် သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံဖို့ ကြိုးစားပါက သင့်အဖို့ ယခုကဲ့သို့ စစ်မှန်လိမ့်မည် မဟုတ်ချေ၊ အဘယ့်ကြောင့်ဆိုသော် လက်ရှိတွင် လူ့ဇာတိခံ ဘုရားသခင် အမှုပြုနေသည်ကို သင့်မျက်လုံးများဖြင့် သင်တွေ့မြင်နိုင်ပြီး ယင်းက အမှန်တကယ် လက်ဆုပ်လက်ကိုင် ပြနိုင်သောကြောင့်ဖြစ်၏။ ထို့အပြင် ဘုရားသခင်သည် ထိုကဲ့သို့ မျက်နှာချင်းဆိုင် အမှုပြုခြင်းကို အစဉ် လုပ်ဆောင်နေပြီး လူများသည် ယင်းကို ကိုယ်တိုင်ကိုယ်ကျ ဖြည်းဖြည်းချင်း တွေ့ကြုံခံစားလာကြပြီဖြစ်သည်။...ထို့ကြောင့် ဘုရားသခင်၏အနှစ်သာရကို သင်နားလည်လိုပါက သင့်အတွက် ထိုသို့နားလည်ဖို့ အကျိုးအရှိဆုံးအချိန်မှာ လူ့ဇာတိခံ ဘုရားသခင် အမှုပြုလျက် ရှိသည့်အချိန်ဖြစ်သည်။ ယင်းကို သင် မြင်နိုင်ပြီး ထိတွေ့နိုင်သည်၊ ယင်းကို သင်ကြားနိုင်သည်၊ ပြီးလျှင် ယင်းကို သင်နက်ရှိုင်းစွာ ခံစားနိုင်သည်။ လူ့ဇာတိခံယူခြင်းကာလအတွင်း ဘုရားသခင်အမှုပြုခြင်း ပြီးဆုံးသည့်အခါ သင်သည် သန့်ရှင်းသော ဝိညာဉ်တော် မည်သို့အလုပ်လုပ်သည်ကို တွေ့ကြုံဖို့ ဆက်လက်ကြိုးစားပြီး ပြန်လည်သုံးသပ်ဖို့ ကြိုးစားပါက ယင်းမှာ ယခုကဲ့သို့ နက်နဲလိမ့်မည် မဟုတ်သကဲ့သို့ သင်၏နားလည်မှုသည်လည်း ပေါ့တန်လိမ့်မည်။ ထိုအချိန်တွင် လူများ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကိုသာ သူပြုပြင်လိမ့်မည်ဖြစ်ပြီး လူများသည် ပြုပြင်ခံရပြီးသည့်အခါ သမ္မာတရားများကို အနည်းငယ် ပို၍ နားလည်ပြီး ၎င်းတို့ရရှိပြီးဖြစ်သည့် သမ္မာတရားများကို ၎င်းတို့၏ အသက်တာများအတွက် အခြေခံအုတ်မြစ်အဖြစ်လည်းကောင်း၊ ၎င်းတို့အတွင်း၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ပြောင်းလဲဖို့လည်းကောင်း အသုံးပြုနိုင်လေသည်— သို့ရာတွင် ဘုရားသခင်ကို သင်မည်သို့ချစ်မြတ်နိုးပါစေ ထိုအချိန်တွင် သူ့ကို သင်၏နားလည်ခြင်း၌ တိုးတက်မှု သိပ်ရှိလိမ့်မည် မဟုတ်ချေ။ ယင်းမှာ ဘုရားသခင်က လူ့ဇာတိခံယူပြီး အမှုပြုနေသည့်အချိန်၌ သူ့ကို သိကျွမ်းရခြင်းလောက် အကျိုးရှိလိမ့်မည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ” မှ

ယေရှုနောက်လိုက်သည့် အချိန်အတောအတွင်းတွင်၊ ကိုယ်တော်နှင့်ပတ်သက်သည့် အယူအဆများစွာ ပေတရု ဖြစ်ပေါ်ခဲ့ပြီး မိမိ၏ ကိုယ်ပိုင်ရှုထောင့်အမြင်မှနေ၍ သူ့ကို အမြဲ ဝေဖန်မိခဲ့သည်။ ပေတရုသည် ဝိညာဉ်တော်နှင့် သက်ဆိုင်၍ သိနားလည်မှု အတိုင်းအတာတစ်ခု ရှိသော်လည်း သူ၏ သိနားလည်မှုက အနည်းငယ် မရှင်းမလင်းဖြစ်လေသည်၊ ထို့ကြောင့် သူက၊ “ကောင်းကင်ဘုံ အဖက စေလွှတ်သော သူနောက် ကျွန်ုပ် လိုက်ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော် ရွေးချယ်သောသူကို ကျွန်ုပ် အသိအမှတ်ပြုရပါမည်။” ဟု ပြောခြင်း ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို သူ နားမလည်ခဲ့သကဲ့သို့ ၎င်းတို့နှင့် ပတ်သက်၍ ရှင်းလင်းမှု မရှိခဲ့ချေ။ ကိုယ်တော့်နောက် အချိန်အတန်ကြာ လိုက်ပြီးနောက်တွင်၊ ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြောခဲ့သည့်အရာနှင့် ယေရှုကိုယ်တိုင်ကို ပေတရုက စိတ်ဝင်စားမှုတိုးလာခဲ့သည်။ ယေရှုက ချစ်ခင်မှုနှင့် လေးစားမှု နှစ်ခုလုံးကို ဖြစ်စေသည်ဟု သူ ခံစားလာခဲ့ရသည်။ ကိုယ်တော်နှင့်အတူ သူ ပေါင်းဖော်ရန်နှင့် သူ့ထံပါးတွင် နေဖို့ နှစ်သက်ခဲ့ပြီး ယေရှု၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းက သူ့ကို အထောက်အပံ့နှင့် အကူအညီပေးခဲ့သည်။ ယေရှုနောက် သူလိုက်ခဲ့သည့်အချိန်အတွင်းတွင်၊ သူ၏ လုပ်ရပ်များ၊ နှုတ်ကပတ်တော်များ၊ လှုပ်ရှားမှုများနှင့် မျက်နှာအမူအရာများ ဖြစ်သည့် ကိုယ်တော့် အသက်တာ၊ နှင့်ပတ်သက်သော အရာတိုင်းကို ပေတရုက လေ့လာပြီး နှလုံးသွင်းခဲ့သည်။ ယေရှုက သာမန်လူများကဲ့သို့ မဟုတ်ခဲ့ကြောင်းကို နက်ရှိုင်းသော နားလည်မှုတစ်ရပ် သူရရှိခဲ့သည်။ သူ၏ လူသား ပုံပန်းက အလွန်အမင်း သာမန်ဖြစ်ခဲ့သော်လည်း သူသည် လူသားအတွက် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်ခဲ့ပေသည်။ သူလုပ်ဆောင်ခဲ့သည့်အရာတိုင်း သို့မဟုတ် ပြောဆိုခဲ့သည့်အရာတိုင်းက အခြားသူအတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့ပြီး ပေတရုသည် ယခင်က သူ တစ်ခါမျှ မမြင်ဖူးခဲ့သကဲ့သို့ မပိုင်ဆိုင်ဖူးခဲ့သော အရာများကို ယေရှုထံမှ မြင်တွေ့ကာ ရရှိခဲ့သည်။ ယေရှုက ထည်ဝါခံ့ညားသော အရပ်အမောင်းဖြစ်စေ ပုံမှန်မဟုတ်သော လူသားသဘာဝ တစ်ခုတစ်လေဖြစ်စေ မရှိခဲ့သော်လည်း၊ သူနှင့်ပတ်သက်၍ အမှန်ပင် သာမန်ထက်ထူးကဲပြီး ရှားပါးသော ဟန်ပန်တစ်ခု ရှိခဲ့ပေသည်။ ယင်းကို ပေတရုက အပြည့်အစုံ မရှင်းပြနိုင်သော်လည်း၊ ယေရှုက အခြားလူတိုင်းနှင့် မတူကွဲပြားစွာ ပြုမူခဲ့သည်ကို သူ မြင်နိုင်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ယေရှုလုပ်ဆောင်ခဲ့သည့်အရာများသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာများနှင့် အလွန်ကွဲပြားသောကြောင့် ဖြစ်သည်။ ယေရှုနှင့် သူထိတွေ့ဆက်ဆံရသည့် အချိန်များမှ၊ ပေတရုက ယေရှု၏ အကျင့်စရိုက်သည် သာမန်လူတစ်ဦး၏ အကျင့်စရိုက်မှ ကွဲပြားသည်ကိုလည်း မြင်တွေ့ခဲ့သည်။ ကိုယ်တော်သည် တည်ကြည်စွာ အမြဲ ပြုမူခဲ့ပြီး ဘယ်သောအခါမျှ အလျင်စလိုမဖြစ်၊ အကြောင်းအရာတစ်ခုကို ဘယ်သောအခါမျှ ချဲ့ကားပြောဆိုခြင်း မရှိသကဲ့သို့ အရေးမကြီးလေဟန် မလုပ်ခဲ့ပေ၊ ပြီးလျှင် သူသည် သူ၏အသက်တာကို သာမန်ဘ၀ရော ကြည်ညိုဖွယ်ဖြစ်သည့် အဖြစ်ပါ ဖော်ပြသည့် ပုံစံတစ်ခုဖြင့် သူ့ဘ၀ကို ပြုမူနေထိုင်ခဲ့သည်။ စကားစမြည်ပြောဆိုရာတွင်၊ ယေရှုသည် ရွှင်ပျသည့်တိုင် တည်ငြိမ်အေးချမ်းသော ပုံစံတစ်ခုဖြင့် အမြဲဆက်ဆံရင်း၊ ပွင့်ပွင့်လင်းလင်းနှင့် ချေငံစွာ စကားပြောခဲ့လေသည်၊ သို့တိုင် သူ၏ အမှုဆောင်ရွက်နေစဉ်တွင် သူ၏ ဂုဏ်သိက္ခာကို ဘယ်သောအခါမျှ သူ မဆုံးရှုံးခဲ့ပေ။ ယေရှုက တစ်ခါတစ်ရံ စကားနည်းသော်လည်း အခြားအချိန်များတွင် မရပ်မနားပြောခဲ့သည်ကို ပေတရု မြင်ခဲ့သည်။ တစ်ခါတစ်ရံ သူ အလွန်ပျော်ရွှင်ခဲ့သည်မှာ မြူးထူးပြီး ဆော့ကစားနေသော ချိုးငှက်အလား ထင်ရပြီး အခြားအချိန်များတွင် သူ အလွန်ဝမ်းနည်းသည်မှာ ခြေကုန်လက်ပန်းကျကာ မောပန်းနွမ်းနယ်သော မိခင်တစ်ဦးအလား ၀မ်းနည်းပူဆွေးမှုဖြင့် ဆို့နင့်နေပုံရလျက် လုံးဝ စကားမပြောခဲ့ပေ။ တစ်ခါတစ်ရံတွင် သူသည် ရန်သူတစ်ဦးကို သတ်ဖြတ်ရန် တစ်ဟုန်ထိုး ၀င်၍တိုက်ခိုက်နေသည့် ရဲရင့်သော စစ်သားတစ်ဦးအလား ဒေါသဖြင့် ပြည့်လေသည်၊ သို့မဟုတ် တစ်ချို့အချိန်များတွင် သူသည် ဟိန်းဟောက်နေသည့် ခြင်္သေ့ တစ်ကောင်နှင့်ပင် ဆင်တူလေသည်။ တစ်ခါတစ်ရံ သူ ရယ်မောခဲ့သည်၊ အခြားအချိန်များတွင် သူ ဆုတောင်းပြီး ငိုကြွေးခဲ့သည်။ ယေရှု အဘယ်သို့ ပြုမူပါစေ၊ ပေတရုသည် သူ့အတွက် အကန့်အသတ်မဲ့ ချစ်ခြင်းနှင့် လေးစားခြင်းတို့ တိုးပွားလာခဲ့သည်။ ယေရှု၏ ရယ်မောခြင်းက သူ့ကို ပျော်ရွှင်ခြင်းဖြင့် ပြည့်စေခဲ့သည်၊ ကိုယ်တော်၏ ဝမ်းနည်းခြင်းက သူ့ကို ပူဆွေးမှုထဲသို့ ထိုးဆင်းစေခဲ့သည်၊ ကိုယ်တော်၏ အမျက်ဒေါသက သူ့ကို ထိတ်လန့်စေသော်လည်း၊ ကိုယ်တော်၏ ကရုဏာ၊ ခွင့်လွှတ်ခြင်းနှင့် လူတို့အပေါ် ကိုယ်တော်ပြုသည့် တင်းကျပ်သော တောင်းဆိုမှုများက သူ့ကို ယေရှုအား အမှန်ချစ်လာစေပြီး ကိုယ်တော့်ကို စစ်မှန်သော ကြည်ညိုခြင်းနှင့် တောင့်တခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ ဟုတ်ပေ၏၊ နှစ်များစွာ ယေရှုနှင့်အတူ အသက်ရှင်ပြီးမှ ဤအရာအားလုံးကို ပေတရု တဖြည်းဖြည်း နားလည်လာခဲ့ခြင်း ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” မှ

သင်သည် ဘုရားသခင်ကို သိချင်ပါက၊ သူ့ကို အမှန်တကယ် သိကျွမ်းလိုပါက၊ သူ့ကို အမှန်တကယ် နားလည်လိုပါက၊ သင့်ကိုယ်သင် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်နှင့်သာ သို့မဟုတ် အတိတ်က သူ ဆောင်ရွက်ခဲ့သည့် အမှုဇာတ်ကြောင်းများနှင့်သာ မကန့်သတ်လေနှင့်။ သင်သည် သူ့ကို ထိုနည်းဖြင့် သိရန်ကြိုးစားပါက သင်သည် ဘုရားသခင်အား ကန့်သတ်ချက်များ ထားရှိနေခြင်း၊ သူ့ကို ဘောင်ခတ်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်အား အလွန်သေးနုပ်သော အရာတစ်ခုအဖြစ် မြင်နေခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လူတို့ကို မည်သို့ ထိခိုက်မည်နည်း။ သင်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာကောင်းခြင်းနှင့် သာလွန်မှုတို့ကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်သကဲ့သို့ သူ၏တန်ခိုး၊ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် သူ၏ ဩဇာအာဏာ အတိုင်းအတာတို့ကိုလည်း မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပေ။ ထိုသို့သော သိနားလည်မှုတစ်ရပ်သည် ဘုရားသခင်မှာ အရာခပ်သိမ်း၏ အုပ်စိုးရှင်ဖြစ်သည်ဆိုသည့် သမ္မာတရားအား သင်၏လက်ခံနိုင်စွမ်းအပြင် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်ဆိုင်သည့် သင်၏ အသိပညာအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ကို သင်၏သိနားလည်ခြင်းသည် အတိုင်းအတာအားဖြင့် အကန့်အသတ်ရှိပါက၊ သင်ရရှိနိုင်သည့် အရာသည်လည်း အကန့်အသတ်ရှိ၏။ ဤသည်မှာ သင့်အနေဖြင့် သင်၏အတိုင်းအတာကို ချဲ့ထွင်ကာ သင်၏နယ်ပယ်ကို တိုးချဲ့ရမည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားအမှု၏ နယ်ပယ်၊ သူ၏ စီမံခန့်ခွဲမှု၊ သူ၏အုပ်စိုးမှုနှင့် သူ စီမံခန့်ခွဲသည့် အရာအားလုံးနှင့် သူ အုပ်စိုးသည့် အရာများ- ထိုအရာအားလုံးကို သင် နားလည်ဖို့ ကြိုးစားသင့်၏။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် သိလာသင့်သည်မှာ ဤအရာများမှတဆင့် ဖြစ်သည်။ ထိုသို့သော နားလည်မှုတစ်ခုဖြင့်၊ ၎င်းတို့ကြားတွင် ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးသည်၊ စီမံခန့်ခွဲပြီး ထောက်ပံ့သည်ကို မရည်ရွယ်ဘဲ သင်ခံစားလာ ရလိမ့်မည်ဖြစ်ပြီး၊ သင်သည် အရာခပ်သိမ်း၏ အစိတ်အပိုင်း တစ်ရပ်နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်ကိုလည်း အမှန်တကယ် ခံစားရလိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ပေးသည်နှင့်အမျှ၊ သင်သည်လည်း ဘုရားသခင်၏ အုပ်စိုးမှုနှင့် ထောက်ပံ့မှုကို လက်ခံလျက်ရှိပေသည်။ ဤသည်မှာ မည်သူမျှမငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

လူသားသည် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် သိပ္ပံပညာနှင့် နိယာမများနှင့်ဆိုင်သော ၎င်း၏ သုတေသနတွင် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ ထိုသုတေသနသည် နယ်ပယ်အရ ကန့်သတ်မှုရှိ၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်လေသည်။ လူသားအတွက်၊ ဘုရားသခင်၏ ထိန်းချုပ်မှုသည် အနန္တဖြစ်၏။ လူတစ်ဦးသည် ဘုရားသခင်၏ အသေးနုပ်ဆုံးသော လုပ်ဆောင်ချက်တစ်ခုကို စစ်မှန်သည့် ရလာဒ်များတစ်ခုတစ်လေ မရရှိဘဲ သုတေသန ပြုခြင်းဖြင့် သူ၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်သည်။ ဤသည်မှာ သင့်အနေဖြင့် ဘုရားသခင်ကို လေ့လာရန် အသိပညာနှင့် သင်ယူထားသည့်အရာကို အသုံးပြုပါက၊ သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ် သို့မဟုတ် နားလည်နိုင်မည် မဟုတ်သည့် အကြောင်းရင်းဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို ရွေးချယ်ပြီး ဘုရားသခင်ကို သိကျွမ်းလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကို ကြည့်ပါက ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင် တစ်ပြိုင်တည်းရှိသည်ဟု တစ်နေ့တွင် သင် သတိပြုမိလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ထိုသို့သော သိနားလည်မှုကို သင်ရလေ၊ ဘုရားသခင်အား အရာခပ်သိမ်း၏ သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို သင်နားလည်လေဖြစ်မည်။ သင် အပါအဝင် အရာခပ်သိမ်းနှင့် အရာရာတိုင်းသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ်ရရှိနေ၏။ ဤလောကထဲနှင့် ဤလူသားမျိုးနွယ်ကြားတွင် ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် အစွမ်းအစနှင့် အနှစ်သာရ ရှိနိုင်သူ မရှိသည်ကိုလည်း သင့်အနေဖြင့် ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။ ဤသိနားလည်မှု တစ်ရပ်သို့ သင်ရောက်ရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏ ဘုရားသခင်ဖြစ်ကြောင်းကို စစ်မှန်စွာ သင် သိမှတ်လိမ့်မည်။ ဤအဆင့်ကို သင်ရောက်သောအခါ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာလက်ခံပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ့ကို သင်၏ဘုရားသခင် နှင့် သင်၏သခင်ဖြစ်ခွင့်ပေးပြီး ဖြစ်လိမ့်မည်။ သင်သည် ထိုသို့သော သိနားလည်မှုတစ်ရပ်ရှိပြီး သင်၏အသက်တာက ထိုသို့သော အဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ၊ သင်သည် ဘုရားသခင်ကို နားလည်လိမ့်မည်၊ သူ၏ စိတ်နှလုံးကို သိလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် လက်ခံပြီး ဖြစ်လိမ့်မည်ဖြစ်သောကြောင့် ဘုရားသခင်သည် သင့်ကို နောက်ထပ် စမ်းသပ်ကာ တရားစီရင်တော့မည်မဟုတ်သကဲ့သို့၊ သင့်အပေါ် မည်သည့် တောင်းဆိုမှုမျှ ပြုလိမ့်မည် မဟုတ်တော့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်ကို သိကျွမ်းရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားမြင်တွေ့စေရန် သူ၏လုပ်ဆောင်ချက်များကို မကြာခဏ ပြသသောကြောင့် ဘုရားသခင်ကို သိကျွမ်းခြင်းသည် ခဲယဉ်းသောကိစ္စ လုံးဝမဟုတ်ဟု ငါဆိုသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ဆွေးနွေးခြင်းကို ဘယ်သောအခါမျှ မရပ်စဲခဲ့ဖူးပေ၊ သူသည် သူ့ကိုယ်သူ လူသားထံမှ ဘယ်သောအခါမျှ မဖုံးကွယ်ဖူးသကဲ့သို့ သူ့ကိုယ်သူလည်း မကွယ်ဝှက်ဖူးပေ။ သူ၏အတွေးများ၊ သူ၏စိတ်ကူးများ၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏လုပ်ဆောင်ချက်များ အားလုံးကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ထုတ်ဖော်ပြသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သိကျွမ်းရန် ဆန္ဒရှိသရွေ့၊ သူသည် နည်းစနစ်များနှင့် နည်းလမ်းမျိုးစုံဖြင့် ဘုရားသခင်ကို နားလည်သိမြင်လာနိုင်သည်။ ဘုရားသခင်သည် လူသားကို တမင်ရှောင်သည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်မှ သူ့ကိုယ်သူ တမင်ဖုံးကွယ်ထားသည်၊ သူ့ကို လူသားနားလည်သိမြင်ရန် ခွင့်ပြုဖို့ ဘုရားသခင်တွင် ရည်ရွယ်ချက်မရှိဟု လူသားသည် မျက်စိစုံမှိတ် ထင်ရသည့်အကြောင်းရင်းမှာ သူသည် ဘုရားသခင် မည်သူဖြစ်သည်ကို မသိသကဲ့သို့ ဘုရားသခင်ကို နားလည်ရန် ဆန္ဒလည်း မရှိသောကြောင့် ဖြစ်သည်။ ထို့ထက်ပို၍ လူသားသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ၊ သို့မဟုတ် လုပ်ဆောင်ချက်များတို့ကို စိတ်မဝင်စားသောကြောင့်ပင် ဖြစ်သည်။...အရင်းအတိုင်းပြောရလျှင် လူတစ်ယောက်က ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ရန် သူ၏အားနေသောအချိန်ကိုသာ အသုံးပြုပါက၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသား၏ အသံတော်ကို အနည်းငယ်သာ အာရုံစိုက်မှု ပြုမည်ဆိုပါက ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များမှာ ထင်ရှားပြီး ပွင့်လင်းမြင်သာကြောင်း ထိုသူအနေဖြင့် သဘောပေါက်ရန် ခဲယဉ်းလိမ့်မည်မဟုတ်ပေ။ အလားတူပင် ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိနေကြောင်း၊ သူသည် လူသားအပြင် ဖန်ဆင်းခြင်းအလုံးစုံနှင့် အမြဲတမ်း စကားစမြည်ပြောနေကြောင်း၊ ထို့အပြင် သူသည် အမှုသစ်များကို နေ့စဉ်လုပ်ဆောင်နေကြောင်းတို့ကို သဘောပေါက်ရန် အနည်းငယ်သာ အားထုတ်ကြိုးပမ်းရလိမ့်မည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့် အပြန်အလှန်ဆွေးနွေးခြင်းတွင် ဖော်ပြထားသည်၊ သူ၏အတွေးများနှင့် စိတ်ကူးများကို သူ၏လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊ သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီး စောင့်ကြည့်နေသည်။ “ငါသည် ကောင်းကင်တွင် တည်ရှိ၏၊ ထို့ပြင် ငါသည် ငါ၏ဖန်ဆင်းရာထဲတွင် တည်ရှိ၏။ ငါသည် အိပ်ဖန်စောင့်ပေးနေသည်၊ ငါသည် စောင့်ဆိုင်းနေသည်၊ ငါသည် သင်၏အပါးတွင် ရှိနေသည်...” ဟု သူသည် လူသားမျိုးနွယ်နှင့် ဖန်ဆင်းရာအားလုံးတို့ကို သူ၏ အသံတိတ်စကားလုံးများဖြင့် ညင်ညင်သာသာ စကားပြောသည်။ သူ၏လက်များမှာ နွေးထွေးပြီး ခွန်အားကြီး၏၊ သူ၏ခြေလှမ်းတို့မှာ ပေါ့ပါး၏၊ သူ၏အသံမှာ သိမ်မွေ့၍ တင့်တယ်ပေ၏၊ သူ၏အသွင်သဏ္ဌာန်မှာ လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သွားလှည့်ပတ်၏၊ သူ၏မျက်နှာထားမှာ လှပ၍ နူးညံ့သိမ်မွေ့၏။ သူသည် ဘယ်သောအခါမျှ ထွက်ခွာမသွား၊ ပျောက်ကွယ်မသွားဖူးပေ။ သူသည် နေ့ရောညပါ လူသားမျိုးနွယ်ဘေးမှ ထွက်ခွာသွားခြင်း မရှိဘဲ သူတို့၏ အမြဲရှိနေသော အဖော်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

အရှေ့သို့- ၁) ဘုရားသခင်ကို သိခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်း၏ အရေးပါမှုသည် မည်သည့်အရာဖြစ်သနည်း

နောက်တစ်ခုသို့- ၃) ဘုရားသခင်ကို မသိသည့်လူများအားလုံးသည် ဘုရားသခင်ကို ခုခံသည်ဟု ပြောသည့် အကြောင်းအရင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂) ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိခြင်းနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်သည် သူ၏ဖြစ်ခြင်းအတိုင်း သူဖြစ်ပြီး သူ၏ရှိခြင်းအတိုင်း သူရှိပေသည်။ သူဖော်ပြသမျှနှင့်...

၁) ဘုရားသခင်၏စိတ်သဘောထားကို သူ၏အမှုတော်မှတစ်ဆင့်သိမြင်နိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ...

၁) ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို သိရှိသည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့်...

၅) သမ္မာကျမ်းစာ၏ ရှိရင်းစွဲတန်ဖိုးနှင့် ဘုရားသခင်၏ အလိုတော်နှင့်ကိုက်ညီအောင် သမ္မာကျမ်းစာကို ချဉ်းကပ်သင့်သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-သမ္မာကျမ်းစာသည် ဣသရေလ၌ ဘုရားသခင် ပြုသည့် အမှု၏ သမိုင်းမှတ်တမ်းဖြစ်ပြီး ရှေးခေတ် ပရောဖက်များ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်