၁) ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် မည်သည့်အရာဖြစ်ပြီး ဘုရားသခင်အတွက် ချစ်ခြင်း၏ အရေးပါမှုသည် မည်သည့်အရာဖြစ်သနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏အနှစ်သာရသည် လူသားယုံကြည်ရုံ အတွက်သာ မဟုတ်ပေ။ လူသား ချစ်ခင်ရန်အတွက်လည်း ဖြစ်၏။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ “လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်ကို မချစ်ရဲကြ၊ ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားကို ချစ်သောဘုရားဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို သူ၏အလုပ်တွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခံစားသည့်အခါမှသာလျှင်၊ သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သိနိုင်ကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သူတို့ သတိထားမိနိုင်မည် ဖြစ်သည်။ ၎င်းကို လက်တွေ့ဘဝတွင် စောင့်ကြည့်လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို သိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊ သို့ရာတွင် သူနှင့်အမှန်တကယ် ထိတွေ့ဆက်ဆံမှုမရှိဘဲ၊ လူတို့သည် ထိုအရာကို သိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိ မခံယူခဲ့ပါက၊ လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မထိတွေ့မဆက်ဆံနိုင်ပါက၊ ဘုရားသခင်၏ အလုပ်ကိုလည်း တွေ့ကြုံနိုင်ကြမည် မဟုတ်ချေ။ သို့ဖြစ်လျှင် ဘုရားသခင်အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာ သည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အမြားဖြင့် စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းသည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းလောက် မစစ်မှန်ပေ၊ အကြောင်းရင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏အသိဉာဏ်သည် သူတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်သည့်အရာများ၊ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက်၊ သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက် ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်နိုင်ကြသည်၊ ပြီးလျှင် သူ၏လက်တွေ့ကျပြီး သာမန်ဖြစ်သည့် စိတ်သဘောထားနှင့် သက်ဆိုင်သော အရာအားလုံးကို တွေ့နိုင်ကြသည်၊ ဤအရာများ အားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် အသိထက် အဆထောင်ပေါင်းများစွာ ပို၍စစ်မှန်သည်။ လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ၊ ထိုချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိဘဲ၊ ယင်းသည် လူသားတို့၏ ထင်မြင်ချက်များဖြင့်သာ ပြည့်နေသည်။ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သူတို့၏ချစ်ခြင်းမှာ မည်မျှပင်သေးငယ်စေကာမူ ဤချစ်ခြင်းသည် စစ်မှန်ပေသည်။ စိုးစဉ်းမျှသာ ဖြစ်နေလျှင်ပင်၊ ယင်းသည် စစ်မှန်ဆဲဖြစ်ပေသည်။ ဘုရားသခင်သည် စစ်မှန်သော အလုပ်မှတစ်ဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး ဤအသိမှတစ်ဆင့် လူတို့၏ချစ်ခြင်းမေတ္တာကို သူရယူသည်။ ယင်းမှာ ပေတရုကဲ့သို့ပင်ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ အသက်မရှင်ခဲ့လျှင်၊ ယေရှုကို သူ ကြည်ညိုရန် ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့အတူ ယေရှုအပေါ်ထားသော သူ၏ သစ္စာစောင့်သိမှုသည်လည်း ယေရှုနှင့် သူ၏ထိတွေ့ဆက်ဆံမှုအပေါ်တွင် တည်ဆောက် ထားခဲ့သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ အလယ်သို့ ကြွဆင်းလာပြီး လူတို့နှင့်အတူ နေထိုင်၏၊ ပြီးလျှင် ဘုရားသခင်က လူတို့ကို မြင်တွေ့စေသည့် တွေ့ကြုံခံစားစေသည့် အရာအားလုံးသည် ဘုရားသခင်၏ စစ်မှန်မှုပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

အကယ်၍ လူတို့သည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက၊ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို မြည်းစမ်းကြည့်ရမည် ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်ကြရမည်။ သို့မှသာ သူတို့အထဲ၌ ဘုရားသခင်ကိုချစ်သော နှလုံးသား၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို သစ္စာရှိစွာ ပေးဆပ်လာအောင် လူတို့ကို စေ့ဆော်ပေးသော နှလုံးသားက နိုးထလာပေမည်။ ဘုရားသခင်သည် သူ့ကို လူတို့ချစ်လာအောင် စကားလုံးများနှင့် အမူအရာများအားဖြင့် မလုပ်ပေ၊ သို့မဟုတ် သူတို့၏ စိတ်ကူးစိတ်သန်းအားဖြင့်လည်း မလုပ်ပေ။ လူတို့အား သူ့ကို အတင်းအဓမ္မလည်း မချစ်ခိုင်းပေ။ ထိုအစား သူသည် လူတို့ကို သူတို့သဘောနှင့်သူတို့ သူ့အား ချစ်လာစေပြီး သူ၏အလုပ်နှင့် မိန့်မြွက်ချက်များတွင် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်စေသည်။ ထို့နောက်တွင် သူတို့အထဲ၌ ဘုရားသခင်ကို ချစ်ခြင်း ပေါက်ဖွားလာသည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သက်သေခံချက်ကို ပေးနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားသူများ၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို ချစ်ခြင်း မဟုတ်သကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်သော စိတ်ခံစားမှုဆန္ဒအရ ချစ်ခြင်းလည်း မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်သောကြောင့်၊ လူတို့၏ ချစ်ခြင်းမေတ္တာကို ခံထိုက်သည့်အရာ သူ့အထဲ၌ များစွာရှိကြောင်းကို တွေ့မြင်ခဲ့ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဉာဏ်ပညာနှင့် အံ့ဖွယ်လုပ်ရပ်များကို တွေ့မြင်ခဲ့သောကြောင့်၊ ဘုရားသခင်ကို ချစ်ကြခြင်းဖြစ်သည်— ရလဒ်အနေဖြင့် သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချီးမွမ်းကာ အမှန်တကယ် တောင့်တကြပြီး သူတို့စိတ်ထဲတွင် ဘုရားသခင်ကို မရလျှင် အသက်မရှင်နိုင်တော့သည့် စိတ်ထက်သန်ပြင်းပြမှု ပေါ်ပေါက်လာသည်။ ဘုရားသခင်အတွက် စစ်မှန်စွာ သက်သေခံသောသူများသည် သူ့အတွက် ထူးကဲသော သက်သေခံချက် ပေးနိုင်သည်မှာ သူတို့၏ သက်သေခံချက်သည် စစ်မှန်သော အသိတရားနှင့် ဘုရားသခင်ကို အမှန်တကယ် တောင့်တမှုတို့အပေါ်တွင် အခြေခံသောကြောင့် ဖြစ်သည်။ ယင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒမဟုတ်ဘဲ၊ ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့ကို သိခြင်းအပေါ်တွင် အခြေခံသော သက်သေခံချက် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို သိရှိလာသည့်အတွက် ဘုရားသခင်အတွက် သေချာပေါက် သက်သေခံရမည် ဖြစ်ပြီး ဘုရားသခင်ကို တမ်းတသောသူအားလုံး ဘုရားသခင်ကို သိရှိလာစေရန် ပြုလုပ်ကြရမည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏လက်တွေ့ကျမှုတို့ကို သိရမည်ဟု သူတို့ ခံစားကြရသည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာကဲ့သို့ပင် သူတို့၏ သက်သေခံချက်များသည်လည်း အလိုအလျောက် ထွက်လာသော သက်သေခံချက်များဖြစ်သည်။ ယင်းမှာ မှန်ကန်မှုရှိပြီး စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးတို့ရှိ၏။ ထိုသက်သေခံချက်များသည် တက်ကြွမှုမရှိသော၊ သို့မဟုတ် အနှစ်သာရမရှိဘဲ အဓိပ္ပာယ်ကင်းမဲ့သော သက်သေခံချက်များ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော သူများသည်သာ သူတို့၏အသက်တာများ၌ အများဆုံးသော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ရှိကြ၏။ ဘုရားသခင်ကို သူတို့သာ အမှန်တကယ် ယုံကြည်ကြခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြသောကြောင့်ဖြစ်ပြီး ဘုရားသခင်၏အမှုနှင့် စီမံခန့်ခွဲမှု အတွက် အသက်ရှင် နိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် မနေကြဘဲ၊ အလင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အဓိပ္ပာယ်မဲ့သောဘဝကို အသက်မရှင်ဘဲ၊ ဘုရားသခင်ကောင်းချီးပေးသော အသက်တာကို အသက်ရှင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသာလျှင် ဘုရားသခင် အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရပြီး သူတို့သာလျှင် ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိနိုင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ဘုရားသခင်နှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရသောသူများဖြစ်ပြီး ဘုရားသခင်နှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားမွေ့လျော် နိုင်ကြသည်။ ထိုသို့သောသူများသာလျှင် ထာဝရကာလတိုင် အသက်ရှင်နိုင်မည်ဖြစ်ပြီး သူတို့သာလျှင် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် အစဉ်အမြဲ နေထိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ဖို့ဖြစ်ပြီး၊ သူသည် လူသားတိုင်း၏ ချစ်ခြင်းမေတ္တာကိုရရှိရန် ထိုက်တန်သူဖြစ်သည်၊ သို့သော် လူသားတိုင်းသည် ဘုရားသခင်ကို ချစ်နိုင်ကြသည်ကား မဟုတ်ပေ၊ လူတိုင်းသည် ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်နှင့်အတူ တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့်ပတ်သက်၍ သက်သေခံနိုင်ပြီး ဘုရားသခင်၏ အလုပ်အတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားနိုင်သဖြင့်၊ သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင်မဆို သူတို့ကို ဆန့်ကျင်ရဲသူမရှိဘဲ၊ သွားလာနိုင်၍ မြေကြီးပေါ်၌ အာဏာကို စွဲကိုင်နိုင်ပြီး ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေးရောက်ရှိလာကြသည်။ သူတို့သည် မတူကွဲပြားသော ဘာသာစကား အမျိုးမျိုးကို ပြောကြကာ၊ အသားအရောင် အမျိုးမျိုးရှိကြသည်၊ သို့သော် သူတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်သည် တူကြ၏။ သူတို့အားလုံးထံတွင် ဘုရားသခင်ကို ချစ်သောနှလုံးသား ရှိကြပြီး တူညီသောသက်သေကိုခံကြကာ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသောဆန္ဒလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ကမ္ဘာအနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်း သွားလာနိုင်ကြသည်၊ ဘုရားသခင်ကို သက်သေခံသော သူများသည် စကြဝဠာတစ်ခွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ချစ်ခြင်းကို ခံရသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားကြမည် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် မည်သည့်သင်ခန်းစာမှ မကြီးမြင့်ပေ။ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်ပင် ဖြစ်သည်ဟုပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်မှုသာရှိပြီး မချစ်ဘူးဆိုလျှင်၊ ဘုရားသခင်အား သိမြင်မှုကို မရရှိဘူးဆိုလျှင်၊ သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဘူးဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းမှာ သင်က ဘုရားသခင်ကို မချစ်ဘူးဆိုလျှင် သင်သည် အလဟဿ အသက်ရှင်နေခြင်းဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် သက်ရှိအားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝ တစ်လျှောက်လုံး၌ သင်က ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဘူးဆိုလျှင် သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ အလကားသက်သက် ဖြစ်မနေဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

“ချစ်ခြင်းမေတ္တာ”ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သင်ချစ်ပါက၊ လှည့်ဖြားမည် မဟုတ်၊ မကျေမနပ်ဖြစ်မည် မဟုတ်၊ သစ္စာဖောက်မည် မဟုတ်၊ ပုန်ကန်မည် မဟုတ်၊ အတင်းတောင်းဆိုမည် မဟုတ်၊ သို့မဟုတ် တစ်စုံတစ်ခုကို ရရှိဖို့၊ ပမာဏတစ်ခုခုကို ရရှိဖို့ ကြိုးစားမည် မဟုတ်ပေ။ သင်ချစ်လျှင်၊ သင်သည် သင့်ကိုယ်သင် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံလိမ့်မည်၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ ခံစားလိမ့်မည်။ သင်သည် ငါနှင့်သဟဇာတဖြစ်လိမ့်မည်၊ ငါ့အတွက် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်လိမ့်မည်၊ သင်၏ မိသားစု၊ သင်၏ အနာဂတ်၊ သင်၏ ငယ်ရွယ်နုပျိုမှုနှင့် သင်၏ အိမ်ထောင်ရေးကို စွန့်လွှတ်လိမ့်မည်။ ထိုသို့မဟုတ်ပါက၊ သင်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာ လုံးဝ ဖြစ်မည်မဟုတ်ဘဲ၊ လှည့်ဖြားခြင်းနှင့် သစ္စာဖောက်ခြင်းတို့သာ ဖြစ်ပေမည်။ သင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့သော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သနည်း။ ယင်းသည် စစ်မှန်သောချစ်ခြင်းမေတ္တာလော။ သို့တည်းမဟုတ် အယောင်ဆောင်လော။ မည်မျှ သင်စွန့်လွှတ်ပြီးပြီနည်း။ မည်မျှ သင် ပူဇော်ပြီးပြီနည်း။ ငါသည် သင့်ထံမှ ချစ်ခြင်းမေတ္တာမည်မျှ ရရှိပြီးပြီနည်း။ သင်သိသလော။ သင်တို့၏စိတ်နှလုံးများသည် မကောင်းမှု၊ သစ္စာဖောက်ခြင်းနှင့် လှည့်ဖြားခြင်းတို့ဖြင့် ပြည့်နေလေသည်- ပြီးလျှင် ထိုသို့ဖြစ်နေသဖြင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာ မည်မျှသည် မဖြူစင်သနည်း။ သင်တို့သည် ငါ့အတွက် အလုံအလောက် စွန့်လွှတ်ပြီးဖြစ်သည်ဟု ထင်မှတ်ကြ၏။ ငါ့အတွက် သင်တို့၏ချစ်ခြင်းမေတ္တာသည် လုံလောက်နှင့်ပြီးဖြစ်သည်ဟု သင်တို့ထင်မှတ်ကြ၏။ သို့ရာတွင် ထိုသို့ဆိုပါက သင်တို့၏စကားများနှင့် လုပ်ရပ်များသည် အဘယ်ကြောင့် အမြဲ ပုန်ကန်တတ်ပြီး လှည့်ဖြားတတ်သနည်း။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း ငါ၏ နှုတ်ကပတ်တော်များကို အသိအမှတ်မပြုကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို ဘေးဖယ်ထားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို အယုံအကြည်ကင်းမဲ့ကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ၏ တည်ရှိခြင်းကို လက်မခံနိုင်ကြချေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ အဘယ်သူဖြစ်သည်ဆိုသည်နှင့် သင့်လျော်စွာ ငါ့ကို မဆက်ဆံကြသကဲ့သို့၊ အလှည့်တိုင်းတွင် သင်တို့သည် ငါ့အတွက် အမှုအရာများ ခက်ခဲစေကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ကိစ္စရပ်တိုင်းတွင် ငါ့ကို လှည့်စားဖို့နှင့် လှည့်ဖြားဖို့ သင်တို့ ကြိုးစားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့ကို အစေခံကြသော်လည်း၊ ငါ့ကို မကြောက်ကြ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် အချက်အားလုံးနှင့် အရာအားလုံးတွင် ငါ့ကို ဆန့်ကျင်ကြသည်။ ဤအရာအားလုံးကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် များစွာဆက်ကပ်မြှုပ်နှံကြပြီးဖြစ်သည်၊ ဤသည်မှာ မှန်၏။ သို့သော် သင်တို့ကို ငါတောင်းဆိုသောအရာကို သင်တို့ လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူ၍ရနိုင်သလော။ စေ့စပ်သေချာသော တွက်ဆမှုက သင်တို့အတွင်းတွင် ငါ့ကို ချစ်ခြင်းအရိပ်အယောင် စိုးစဉ်းမျှ မရှိသည်ကို ပြသ၏။ နှစ်ပေါင်းများစွာ အမှုပြုပြီးနောက်နှင့် အားလုံးသော နှုတ်ကပတ်တော်များစွာ ငါ ထောက်ပံ့ပြီးသည့် နောက်တွင်၊ သင်တို့ မည်မျှ အမှန်တကယ် ရရှိပြီးပြီနည်း။ ဤအရာသည် သေချာပြန်စဉ်းစားထိုက်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏” မှ

ယနေ့၊ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန် လမ်းကြောင်းမှန်ပေါ်သို့ သင် ခြေချရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ကောင်းချီးမင်္ဂလာများကို သာမကဘဲ ဘုရားသခင်ကို ချစ်ခြင်းနှင့် သိကျွမ်းခြင်းကိုလည်း ရှာသင့်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးမှု လိုက်လျှောက်မှုအားဖြင့်၊ သင်ကိုယ်တိုင်၏ လိုက်လျှောက်မှုအားဖြင့် သင်သည် သူ၏နှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး ဘုရားသခင်ကို စစ်မှန်စွာ နားလည်နိုင်မည်ဖြစ်၍ သင့်နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာမှလာသော ဘုရားသခင်ကိုချစ်ခြင်း အစစ်အမှန်သည်လည်း ရှိလာနိုင်မည်။ တစ်နည်းဆိုလျှင်၊ ဘုရားသခင်ကို သင်၏ ချစ်ခြင်းသည် အစစ်မှန်ဆုံးဖြစ်ပြီး၊ အဘယ်သူမျှ မဖျက်ဆီးနိုင် သို့မဟုတ် မတားဆီးနိုင်သည့် ချစ်ခြင်းမျိုးဖြစ်လျှင်၊ ယခုအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းမှန်ပေါ်တွင် ရှိနေသည်။ ထိုအရာက သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း သက်သေပြသည်၊ အဘယ်ကြောင့်ဆိုသော် သင့်နှလုံးသားသည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကိုခံရပြီး အခြားမည်သည်အရာကမျှ သင့်ကို မပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်သည်။ သင်၏ အတွေ့အကြုံကြောင့်၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခကြောင့်နှင့် ဘုရားသခင်၏ လုပ်ဆောင်ပေးမှုကြောင့် သင်သည် ဘုရားသခင်အပေါ် အလိုအလျောက် ချစ်ခြင်း ပေါ်ပေါက်လာနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်သောအခါ သင်သည် စာတန်၏ လွမ်းမိုးမှုမှ ကင်းလွတ်လျက် ဘုရားသခင် နှုတ်ကပတ်တော် အလင်းထဲ၌ အသက်ရှင်လိမ့်မည်။ အမှောင်လွမ်းမိုးမှုမှ ချိုးဖောက် လွတ်မြောက်ပြီးမှသာလျှင် ဘုရားသခင်ကို သင်ရရှိပြီးဟု ဆိုနိုင်ပေသည်။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ သင်သည် ဤပန်းတိုင်ကို ရှာဖွေရမည်။ ဤအရာသည် သင်တို့အသီးသီး၏ တာဝန်ဝတ္တရား ဖြစ်၏။ သင်တို့ မည်သူတစ်ဦးမျှ အမှုအရာများကို ရှိနေသည့်အတိုင်း အားရကျေနပ်မနေသင့်ပေ။ သင်သည် ဘုရားသခင်၏ အမှုတော်အပေါ်တွင် စိတ်နှစ်ခွ မရှိနိုင်သကဲ့သို့ ပေါ့ပေါ့တန်တန် ခံယူခြင်းလည်း မပြုနိုင်ပေ။ သင်သည် အရာရာတိုင်း၊ အချိန်တိုင်း၌ ဘုရားသခင်ကို စဉ်းစားသင့်ပြီး သူ့အတွက် အရာရာကို လုပ်ဆောင်သင့်သည်။ ထို့အပြင် သင်စကားပြောသောအခါ သို့မဟုတ် အမှုအရာများပြုသည့်အခါတိုင်း သင်သည် ဘုရားသခင်၏ အိမ်တော်အကျိုးကို ဦးစားပေးသင့်သည်။ ဤနည်းဖြင့်သာလျှင် သင်သည် ဘုရားသခင်၏ အလိုတော်နှင့် ညီနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားအတွက် အသက်ရှင်သင့်သည်” မှ

ဘုရားသခင်ကို အစေခံသူများသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်သင့်သည်။ ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်သင့်ပြီး ဘုရားသခင် အပေါ် အစွမ်းကုန် သစ္စာရှိနိုင်စွမ်းရှိရမည်။ သင်သည် လူတို့ရှေ့တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ၊ နောက်ကွယ်တွင် ပြုမူလုပ်ဆောင်သည်ဖြစ်စေ သင်သည် ဘုရားသခင်၏ရှေ့တွင် ဘုရားသခင်၏ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ကာ ဘုရားသခင်၏ ရှေ့တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည့်အပြင် အခြားသူများက သင့်ကို မည်သို့ပင် ဆက်ဆံပါစေ၊ သင်သည် သင်လျှောက်သင့်သည့်လမ်းကိုသာ အစဉ်လျှောက်ပြီး ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပေသည်။ ထိုကဲ့သို့သောသူများသာလျှင် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးကို ထည့်သွင်းမစဉ်းစားပေ- ၎င်းတို့၌ မည်သည့်ရှေ့ရေးမျှမရှိဘဲ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သောနှလုံးသားဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများသည် ဘုရားသခင်က ယုံကြည်စိတ်ချရသူများလည်း ဖြစ်ကြသည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူများကသာ ကိုယ်တော်၏စိတ်မအေးရခြင်းနှင့် ကိုယ်တော်၏ အတွေးများကို မျှဝေခံစားနိုင်ပြီး၊ ၎င်းတို့၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားနေရကာ အားနည်းသော်လည်း၊ ၎င်းတို့သည် နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ကာ ဘုရားသခင် ကျေနပ်စေရန်အလို့ငှာ ၎င်းတို့မြတ်နိုးသောအရာကို စွန့်လွှတ်နိုင်ကြသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို ပို၍များပြားသော ဝန်ထုပ်များကို ပေးပြီး ထိုသူတို့၏ သက်သေခံချက်တွင် ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသည့် အရာကို သက်သေခံထားသည်။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာဖြစ်ပြီး ၎င်းတို့သည် ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော ဘုရားသခင်၏ အစေခံများ ဖြစ်ကြကာ ထိုကဲ့သို့သော သူတို့သာလျှင် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးနိုင်သည်။ သင်သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ အမှန်တကယ် ဖြစ်လာသောအချိန်သည် ဘုရားသခင်နှင့် အတူတကွ အုပ်စိုးမည့်အချိန် အတိအကျပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ ပြင်ပပုံပန်းသဏ္ဌာန်မှာ အလွန်အရေးကြီးသည့်ကိစ္စဟု ထင်စရာမရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတွေအပေါ်မှာ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိတဲ့ အချိန်ပင်ဖြစ်သည်။ လက်ရှိအချိန်မှာ သင်က ကြီးမားသည့် အရာများ ဘာမျှမဖြစ်။ ကြီးမားသည့် သက်သေခံမှုများ မရှိ။ သို့သော်လည်း သင်၏ နေ့စဉ်အသက်တာ အသေးစိတ်သည် ဘုရားသခင်အပေါ် သက်သေခံခြင်းနှင့် ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း၊ အညံ့ဖျင်းဆုံးသော အရည်အချင်းရှိသည့် လူတို့အထဲ၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည်ကို အခြားသူများအား ပြသရင်း၊ ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်၏ရှေ့တွင် အောင်မြင်သောသူများ ဖြစ်လာချိန်တွင်၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သစ္စာရှိလာကြသည်၊ ထိုအခါတွင် ဤလူအုပ်စုများထက် အဘယ်သူမျှ သာ၍ အားမာန်မရှိကြသကဲ့သို့၊ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင်မီအောင်လိုက်ခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဒုက္ခပြဿနာများက သင့်အပေါ် ကျရောက်လေပြီ၊ ယခုအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် အားထုတ်၍ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

လူတို့သည် ဘုရားသခင်အား သူတို့အသက်ဖြစ်စေမည့် အကြောင်းကို မကြာမကြာ ပြောကြသော်လည်း၊ သူတို့၏ တွေ့ကြုံခံစားမှုကမူ ထိုအဆင့်ကို မရောက်သေးပေ။ ဘုရားသခင်သည် သင်၏အသက်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သင့်ကို နေ့စဉ်လမ်းပြကြောင်း၊ သူ၏ နှုတ်ကပတ်တော်များကို သင်သည် နေ့စဉ် စားသောက်ကြောင်း၊ သူ့ထံ သင် နေ့စဉ်ဆုတောင်းကြောင်း၊ ထို့ကြောင့် ဘုရားသခင်သည် သင်၏ အသက် ဖြစ်လာကြောင်း သင်ပြောနေခြင်းမျှသာ ဖြစ်သည်။ ထိုသို့ပြောသူများ၏ အသိဉာဏ်သည် အတော်ပင် အပေါ်ယံကျ၏။ လူအများစုတွင် အခြေခံအုတ်မြစ် မရှိကြပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သူတို့ထဲတွင် နေရာယူပြီးဖြစ်သော်လည်း၊ အသီးသီးရန် မပြောနှင့် အညှောက်ပင် မပေါက်သေးပေ။ ယနေ့ သင်သည် မည်သည့် အတိုင်းအတာအထိ တွေ့ကြုံခံစားခဲ့ပြီး ဖြစ်သနည်း။ ဘုရားသခင်သည် သင့်အား လက်ရှိနေရာအထိရောက်အောင် တွန်းပို့ခဲ့ပြီးနောက် ယခုမှသာ သင်သည် ဘုရားသခင်ကို မစွန့်ခွာနိုင်ဟု ခံစားရသည်။ တစ်နေ့ သင်သည် အဆင့်တစ်ခုထိ တွေ့ကြုံခံစားခဲ့ပြီးသောအခါ၊ ဘုရားသခင်သည် သင့်အား ထွက်ခွာသွားခိုင်းလျှင် သင်ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။ သင့်အထဲတွင် ဘုရားသခင်မရှိဘဲ သင်မနေနိုင်ဟု အမြဲခံစားနေရမည်။ လင်ယောက်ျား၊ ဇနီးမယား၊ သို့မဟုတ် သားသမီးများ မရှိဘဲ၊ မိသားစုမရှိဘဲ၊ အမေ၊ သို့မဟုတ် အဖေ မရှိဘဲ၊ ဇာတိပကတိ၏ ပျော်မွေ့မှုများ မရှိဘဲ သင်နေနိုင်သော်လည်း၊ ဘုရားသခင် မရှိဘဲနှင့် သင်နေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်မရှိခြင်းသည် သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်း နှင့် တူလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်မရှိဘဲ သင်နေနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအဆင့်ထိ တွေ့ကြုံခံစားပြီး သောအခါ၊ ဘုရားသခင် အပေါ်ထားသော သင့်ယုံကြည်ခြင်း၌ အောင်မြင်မှုကို ရရှိနေပြီး ဖြစ်လိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင့်အသက် ဖြစ်လာကာ သင့်တည်ရှိမှု၏ အခြေခံအုတ်မြစ် ဖြစ်လာပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ကို ဘယ်သောအခါမျှ ထပ်မံစွန့်ခွာနိုင်တော့မည် မဟုတ်ပေ။ သင်သည် ဤအတိုင်းအတာအထိ တွေ့ကြုံခံစားပြီးသောအခါ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေပြီးဖြစ်လိမ့်မည်။ ထို့အပြင် သင်သည် ဘုရားသခင်နှင့် အတော်အတန် ရင်းနှီးသွားသောအခါ၊ ဘုရားသခင်သည် သင်၏အသက်၊ သင်၏အချစ် ဖြစ်လာလိမ့်မည်၊ ထိုအချိန်တွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းကာ “အိုး ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်မစွန့်ခွာနိုင်ပါ။ ကိုယ်တော်သည် ကျွန်ုပ်၏အသက် ဖြစ်ပါ၏။ အခြားအရာအားလုံးမရှိဘဲ ကျွန်ုပ်နေနိုင်ပါ၏၊ သို့သော် ကိုယ်တော်မရှိဘဲ ကျွန်ုပ် အသက်ဆက်မရှင်နိုင်ပါ။” ဟူ၍ ပြောလိမ့်မည်။ ဤသည်မှာ လူသားတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်။ လူအချို့တို့သည် ယနေ့ သူတို့ရှိနေသည့် နေရာအထိ ရောက်အောင် တွန်းပို့ခြင်း ခံခဲ့ရသည်- သူတို့လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ဆက်လုပ်နေရပြီး သူတို့သည် မလူးသာမလွန့်သာ အခြေအနေနှစ်ခုအကြားတွင် သောင်တင်နေသည်ဟု အမြဲတမ်း ခံစားနေကြသည်။ ဘုရားသခင်သည် သင့်အသက် ဖြစ်သည်အထိ၊ ဘုရားသခင်ကို သင့်နှလုံးသားထဲမှ နုတ်ယူသွားမည်ဆိုပါက၊ သင့်အသက်ကို ဆုံးရှုံးလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်အထိ သင်တွေ့ကြုံခံစားရမည်။ ဘုရားသခင်သည် သင့်အသက်ဖြစ်ရမည်ဖြစ်ပြီး သင်သည် သူ့ကို စွန့်ခွာရန် မတတ်စွမ်းနိုင်ဘဲ ရှိနေရမည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပြီးဖြစ်လိမ့်မည်၊ ဤအချိန်၌ သင်သည် ဘုရားသခင်ကို ချစ်သောအခါ၊ ဘုရားသခင်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးလိမ့်မည် ဖြစ်ကာ သင်၏ချစ်ခြင်းမေတ္တာသည် ပြိုင်စံကင်းပြီး ဖြူစင်သည့်အချစ် ဖြစ်လိမ့်မည်။ တစ်နေ့ သင့်အတွေ့အကြုံများကြောင့် သင်၏အသက်တာသည် အဆင့်တစ်ဆင့်သို့ ရောက်ရှိသွားသောအခါ၊ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို စားသောက်သောအခါ၊ သင်သည် အတွင်းထဲ၌ ဘုရားသခင်ကို စွန့်ခွာနိုင်မည် မဟုတ်သကဲ့သို့ သင်ဆန္ဒရှိခဲ့လျှင်ပင် သူ့ကို သင် မေ့လျော့နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်အသက်ဖြစ်လာပြီး ဖြစ်လိမ့်မည်၊ သင်သည် လောကကို လည်းကောင်း၊ သင့်ဇနီးမယား၊ သင့်လင်ယောက်ျား၊ သို့မဟုတ် သင့်သားသမီးများကိုလည်းကောင်း မေ့နိုင်သော်လည်း၊ ဘုရားသခင်ကို မေ့လျော့ဖို့ ခက်ခဲလိမ့်မည်— ထိုသို့ပြုလုပ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ သင်၏အသက်အစစ်၊ ဘုရားသခင်အပေါ်၌ထားသော သင်၏ ချစ်ခြင်းမေတ္တာအစစ် ဖြစ်သည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာသည် အဆင့်တစ်နေရာသို့ ရောက်ရှိသွားချိန်တွင်၊ ဘုရားသခင် အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ၎င်းတို့၏ အခြား မည်သည့် အရာအတွက် ချစ်ခြင်းနှင့်မျှ တန်းတူမဖြစ်တော့ပေ။ ဘုရားသခင်အတွက် သူတို့၏ ချစ်ခြင်းသည် ဦးစားပေးဖြစ်လာပေသည်။ ဤသို့အားဖြင့် သင်သည် အခြား အရာအားလုံးကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပြုပြင်မှုမှန်သမျှကို လက်ခံလိုသည့် ဆန္ဒ ရှိလာလိမ့်မည်။ ဘုရားသခင်အပေါ်ထားသော သင်၏ ချစ်ခြင်းသည် အရာအားလုံးထက် သာလွန်သွားပါက၊ သင်သည် လက်တွေ့အရှိတရားထဲ၌ အသက်ရှင်မည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာထဲ၌ အသက်ရှင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

စုံလင်စေခြင်းခံရပြီးသောသူများသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက၊ အသိစိတ်၏ စံနှုန်းများထက် မြင့်မားသည့် အသိစိတ် အတိုင်းအတာများကို ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ၎င်းတို့၏ အသိစိတ်ကို အသုံးပြုရုံသာမက၊ ထို့ထက်ပို၍ ၎င်းတို့သည် ဘုရားသခင်ကို သိရှိကြပြီးဖြစ်ကာ၊ ဘုရားသခင်သည် ချစ်ခင်ဖွယ် ဖြစ်ကာ၊ လူသား၏ ချစ်ခြင်းနှင့် ထိုက်တန်ပြီး၊ ဘုရားသခင်၏ အထဲတွင် ချစ်ဖို့ အရာများလှစွာ ရှိသည်ကို တွေ့မြင်ပြီးဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မချစ်ဘဲ မနေနိုင်ပေ။ စုံလင်စေခြင်း ခံရပြီးသောသူတို့၏ ဘုရားသခင်ကို ချစ်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ပြင်းပြသော စိတ်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့၏ ချစ်ခြင်းသည် အလိုအလျောက်ဖြစ်သော ချစ်ခြင်း၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုသကဲ့သို့၊ အပေးအယူမဟုတ်သည့် ချစ်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာကြောင့်သာ ဘုရားသခင်ကို ချစ်ကြပေသည်။ ထိုသို့သော လူများသည် ၎င်းတို့အပေါ် ဘုရားသခင်က ကျေးဇူးတော်များ အပ်နှင်းသည်၊ မအပ်နှင်းသည်ကို ဂရုမစိုက်ကြသကဲ့သို့၊ ဘုရားသခင်အား ကျေနပ်စေခြင်းဖြင့်သာ ကျေနပ်ရောင့်ရဲကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူ မလုပ်ကြသကဲ့သို့၊ ဘုရားသခင်နှင့် ဆိုင်သည့် ၎င်းတို့၏ ချစ်ခြင်းကို အသိစိတ်ဖြင့် မတိုင်းတာကြပေ- “ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ ထို့ကြောင့် အပြန်အလှန်အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်သည်။ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင်၊ အပြန်အလှန်အားဖြင့် ကိုယ်တော့်အတွက် မည်သည့်အရာမျှ ကျွန်ုပ်တွင် မရှိပါ။” စုံလင်စေခြင်း ခံရပြီးသောသူများက- “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူသည် ကျွန်ုပ်တို့အပေါ်၌ သူ့အမှုကို ဆောင်ရွက်သည်။ ကျွန်ုပ်သည် စုံလင်စေခြင်းခံရဖို့ ဤအခွင့်အရေး၊ အခြေအနေနှင့် အရည်အချင်းများ ရှိသည့်အတွက်၊ ကျွန်ုပ်၏ လိုက်စားမှုသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်စေသင့်သည်” ဟု အမြဲ ယုံကြည်ကြလေသည်။ ယင်းမှာ ပေတရု တွေ့ကြုံခဲ့သည့် အရာကဲ့သို့သာ ဖြစ်သည်- သူ၏ အားအနည်းဆုံး ဖြစ်ခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်ထံ ဆုတောင်းခဲ့ပြီး၊ “အို ဘုရားသခင်။ အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ကိုယ်တော့်ကို ကျွန်ုပ်အမြဲ သတိရသည်ကို ကိုယ်တော်သိပါ၏။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုသည်ကို ကိုယ်တော်သိပါ၏၊ သို့သော် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ပါ၏၊ ကျွန်ုပ်သည် အလွန်အားနည်းပြီး အစွမ်းမဲ့လှပါ၏။ ကျွန်ုပ်၏ ချစ်ခြင်းသည် အလွန်နည်းပါးပြီး၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုမှာ အလွန် နည်းပါးလှပါ၏။ ကိုယ်တော်၏ မေတ္တာနှင့် နှိုင်းစာလျှင် ကျွန်ုပ်သည် အသက်ရှင်ရန်ပင် မသင့်တော်ပါ။ ကျွန်ုပ်၏အသက်တာ အချည်းနှီးမဖြစ်ရန်နှင့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ပြန်လည်ပေးနိုင်ရုံသာမက၊ ထို့အပြင် ကျွန်ုပ်တွင် ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံနိုင်ရန်သာ ကျွန်ုပ် ဆန္ဒရှိပါသည်။ ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေနိုင်ပါက၊ သတ္တဝါတစ်ဦးအနေဖြင့် ကျွန်ုပ် စိတ်ငြိမ်သက်မှု ရှိလိမ့်မည်ဖြစ်ပြီး မည်သည့်အရာကိုမျှ ကျွန်ုပ် ထပ်တောင်းဆိုမည် မဟုတ်ပါ။ ကျွန်ုပ်သည် ယခု အားနည်းပြီး အစွမ်းမဲ့သော်လည်း၊ ကိုယ်တော်၏ အားပေးတိုက်တွန်းမှုများကို ကျွန်ုပ်မေ့မည်မဟုတ်သကဲ့သို့၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကိုလည်း ကျွန်ုပ်မေ့မည်မဟုတ်ပါ။ ယခု ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ပြန်ပေးဆပ်ခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပါ။ အို ဘုရားသခင်၊ ကျွန်ုပ် စိတ်မသက်သာပါ။ ကျွန်ုပ်၏ နှလုံးသားထဲက ချစ်ခြင်းမေတ္တာကို ကိုယ်တော့်ထံ ကျွန်ုပ် မည်သို့ပေးနိုင်မည်နည်း၊ ကျွန်ုပ် လုပ်ဆောင်နိုင်သမျှအားလုံးကို မည်သို့ လုပ်ဆောင်ပြီး၊ ကိုယ်တော်၏ စိတ်ဆန္ဒများကို မည်သို့ ဖြည့်ဆည်းကာ ကျွန်ုပ်ရှိသမျှ အားလုံးကို ကိုယ်တော့်ထံ မည်သို့ ဆက်ကပ်အပ်နှံနိုင်မည်နည်း။ လူ၏အားနည်းချက်ကို ကိုယ်တော် သိပါ၏၊ ကိုယ်တော်၏ မေတ္တာနှင့် ကျွန်ုပ် မည်သို့ထိုက်တန်နိုင်မည်နည်း။ အို ဘုရားသခင်။ ကျွန်ုပ်သည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူဖြစ်ပြီး၊ ကျွန်ုပ်၏ချစ်ခြင်းက အလွန်နည်းပါးလှသည်ကို ကိုယ်တော် သိပါ၏။ ဤသို့သော ပတ်ဝန်းကျင်တွင် ကျွန်ုပ် လုပ်နိုင်သမျှ အစွမ်းကုန် မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကို ပြန်ပေးဆပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ ကျွန်ုပ် ရှိသမျှအရာ အားလုံးကို ကိုယ်တော့်ထံ ပေးအပ်သင့်သည်ကို ကျွန်ုပ်သိပါ၏၊ သို့သော် ယနေ့တွင် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်နေပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံရန် ဖြူစင်သောမေတ္တာကို ပိုမိုပိုင်ဆိုင်နိုင်ပြီး ကျွန်ုပ်ရှိသမျှအရာအားလုံးကို ကိုယ်တော့်ထံ သာ၍ ဆက်ကပ်အပ်နှံနိုင်ဖို့အလို့ငှာ၊ ကျွန်ုပ်အား ခွန်အားနှင့် မိမိကိုယ်ကို ယုံကြည်မှုကို ပေးဖို့ ကိုယ်တော့်ထံ တောင်းလျှောက်ပါ၏။ ကိုယ်တော်၏ မေတ္တာကို ပေးဆပ်နိုင်မည်သာမက၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်၊ စမ်းသပ်မှုများ၊ ပြီးလျှင် သာ၍ ပြင်းထန်သော ကျိန်ခြင်းတို့ကိုပင် တွေ့ကြုံနိုင်ပါမည်။ ကိုယ်တော်၏ မေတ္တာကို ရှုမြင်ရန် ကျွန်ုပ်အား ကိုယ်တော် အခွင့်ပေးပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်သည် ကိုယ်တော်ကို ချစ်နိုင်စွမ်းမရှိပါ၊ ပြီးလျှင် ယနေ့တွင် ကျွန်ုပ်သည် အားနည်းပြီး အစွမ်းမဲ့သော်လည်း၊ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မေ့နိုင်ပါမည်နည်း။ ကိုယ်တော်၏မေတ္တာ၊ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းအားလုံးသည် ကျွန်ုပ်အား ကိုယ်တော့်ကို သိရှိစေပြီးဖြစ်သည်၊ သို့သော် ကိုယ်တော်သည် အလွန် ကြီးမြတ်တော်မူ သည့်အတွက် ကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကို ဖြည့်ဆည်းနိုင်စွမ်းမရှိဟုလည်း ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ် ရှိသမျှအရာအားလုံးကို ဖန်ဆင်းရှင်ထံ မည်သို့ ဆက်အပ်နှံနိုင်မည်နည်း” ဟု ဆိုခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

လူတို့သည် ဘုရားသခင်ကို ယုံကြည်ချိန်တွင်၊ မည်သည့် ရည်မှန်းချက်မျှ မလိုက်စားပါက၊ ၎င်းတို့၏ အသက်တာသည် အချည်းနှီးအတွက်ဖြစ်ပြီး ၎င်းတို့ သေဆုံးချိန်ရောက်လာသည့်အခါ၊ ၎င်းတို့သည် ကောင်းကင်ပြာနှင့် ဖုန်ထူသော မြေကြီးသာ မြင်ရကြလိမ့်မည်။ ယင်းသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုလော။ သင်အသက်ရှင်နေစဉ် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ပါက၊ ဤသည်မှာ နှစ်သက်ဖွယ်သော အရာတစ်ခု မဟုတ်လော။ သင်တို့သည် အဘယ်ကြောင့် မိမိကိုယ်ကိုယ်အပေါ် အမြဲ ဒုက္ခရောက်စေပြီး၊ စိတ်ပျက်အားငယ်နေရသနည်း။ သင်တို့သည် ထိုနည်းဖြင့် ဘုရားသခင်ထံမှ တစ်စုံတစ်ရာကို ရရှိနိုင်သလော။ ဘုရားသခင်သည်လည်း သင့်ထံမှ တစ်စုံတစ်ရာကို ရယူနိုင်သလော။ ဘုရားသခင်ထံ ငါ၏ ကတိသစ္စာတွင်၊ ငါ့ စိတ်နှလုံး၏ ကတိသာ ရှိသည်။ ငါသည် သူ့ကို စကားများဖြင့် လှည့်စားရန် ကြိုးစားနေခြင်း မဟုတ်။ ထိုသို့သော အရာတစ်ခုကို မည်သည့်အခါတွင်မျှ ငါလုပ်ဆောင်မည် မဟုတ်- ကောင်းကင်ဘုံရှိ သူ၏ဝိညာဉ်သည် နှစ်သိမ့်ခြင်းသို့ ရောက်ရှိနိုင်ဖို့အလို့ငှာ၊ ငါ၏နှလုံးသားဖြင့် ချစ်သော ဘုရားသခင်ကို နှစ်သိမ့်ရန်သာ ငါ ဆန္ဒရှိသည်။ နှလုံးသားသည် တန်ဖိုးရှိကောင်းရှိနိုင်သော်လည်း၊ ချစ်ခြင်းမေတ္တာသည် ပို၍ အဖိုးထိုက်တန်သည်။ ဘုရားသခင်သည် ငါ ရှိသည့် အလှပဆုံးသော အရာကို မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာနှင့် သူ့ကို ငါပူဇော်သော ချစ်ခြင်းမေတ္တာအားဖြင့် သူသည် စိတ်ကျေနပ်အားရနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်ထံ ငါ့ စိတ်နှလုံးထဲက တန်ဖိုးအရှိဆုံး ချစ်ခြင်းမေတ္တာကို ငါ ပေးမည်။ ဘုရားသခင် မွေ့လျော်ဖို့ရန်အတွက် သင့်မေတ္တာကို သူ့အား ပေးရန် သင် လိုလားနေပါသလော။ ဤအရာကို သင်၏ တည်ရှိခြင်း အရင်းအနှီးဖြစ်စေဖို့ သင် လိုလားနေပါသလော။ ငါ၏အတွေ့အကြုံတွင်၊ ဘုရားသခင်ကို ငါ သာ၍ ချစ်ခြင်းမေတ္တာပေးလေလေ၊ အသက်ရှင်မှုတွင် ဝမ်းမြောက်မှုကို ငါ ရှာတွေ့လေလေ ဖြစ်သည်ကို ငါ မြင်လေပြီ။ ထို့အပြင်၊ ငါ၏ ခွန်အားအဖို့ အကန့်အသတ် မရှိသကဲ့သို့၊ ငါသည် ဘုရားသခင်ကို ငါ၏ ခန္ဓာနှင့် စိတ်အားလုံးကို ဝမ်းမြောက်ဝမ်းသာ ပေးပြီး၊ ငါသည် ဘုရားသခင်ကို အလုံလောက်စွာ မချစ်နိုင်ဟူသည့် အမြဲဖြစ်သော ခံစားချက်ရှိပေသည်။ ထိုကြောင့် သင်၏ ချစ်ခြင်းမေတ္တာသည် မပြောပလောက်သော ချစ်ခြင်းမေတ္တာလော သို့မဟုတ် မကုန်ဆုံးနိုင်သည့်၊ အတိုင်းမသိ ချစ်ခြင်းမေတ္တာလော။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ရန် ဆန္ဒရှိပါက၊ သင်သည် သူ့ကို ပြန်ပေးရန် သာ၍များသော ချစ်ခြင်းမေတ္တာ အမြဲ ရှိလိမ့်မည်- ပြီးလျှင် ထိုသို့ဖြစ်ပါက၊ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာကို မည်သည့်လူ သို့မဟုတ် မည်သည့်အရာက တားဆီးဖို့ ဖြစ်နိုင်မည်နည်း။

ဘုရားသခင်သည် လူတိုင်း၏ ချစ်ခြင်းမေတ္တာကို ရင်ဝယ်ပိုက်ထားသည်။ သူ့ကို ချစ်သောသူအားလုံးအပေါ်၊ လူသား၏ ချစ်ခြင်းမေတ္တာသည် ရရှိဖို့ အလွန်ခက်သကဲ့သို့၊ အလွန်နည်းပါးသည့်အတွက်၊ ယင်းသည် မမြင်နိုင်လုနီးပါးဖြစ်သည့်အတွက်၊ သူ၏ကောင်းချီးမင်္ဂလာများသည် ဆထက်ထမ်းပိုး ဖြစ်သည်။ စကြ၀ဠာအနှံ့တွင်၊ ဘုရားသခင်သည် လူတို့အား သူ့ကို ပြန်ချစ်ရန် တောင်းဆိုရင်း ကြိုးစားပြီးဖြစ်သော်လည်း၊ ခေတ်ကာလများတစ်လျှောက် ယနေ့ထိ၊ အနည်းငယ်သာ- လက်တစ်ဆုပ်စာကသာ- ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းမေတ္တာ ပြန်ပေးဖူးကြပေသည်။ ငါမှတ်မိသရွေ့၊ ပေတရုသည် တစ်ဦးဖြစ်ခဲ့၏၊ သို့ရာတွင် သူသည် ယေရှု၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းခံခဲ့ရပြီး၊ ဘုရားသခင်ကို သူ၏ ပြည့်ဝသော ချစ်ခြင်းမေတ္တာ ပေးခဲ့သည်မှာ သူ၏ သေဆုံးချိန်တွင်သာ ဖြစ်ခဲ့ပြီး၊ ထို့နောက် သူ၏ ဘဝ အဆုံးသတ်သွားခဲ့သည်။ ထို့ကြောင့် ဤစက်ဆုပ်ရွံရှာဖွယ် အခြေအနေများအောက်တွင်၊ ဘုရားသခင်သည် စကြ၀ဠာထဲက သူ့အမှု၏ နယ်ပယ်ကို ကျဉ်းမြောင်းစေခဲ့ပြီး၊ သူ၏ အမှုကို သာ၍ ထိရောက်မှုရှိစေရန်နှင့် သူ၏ သက်သေခံချက်အဖို့ သာ၍ ကြီးမားသော အကျိုးကျေးဇူး ရှိစေဖို့အလို့ငှာ၊ သူ၏ အားအင်နှင့် အားထုတ်မှုအားလုံးကို တစ်နေရာတည်းတွင် စူးစိုက်ရင်း၊ အဆင်းနီသော နဂါးကြီး၏နိုင်ငံကို သရုပ်ပြခြင်း နယ်ပယ်တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ဘုရားသခင်သည် စကြ၀ဠာတစ်ခွင်လုံးနှင့်သက်ဆိုင်သော သူ၏အမှုကို အားလုံးထဲတွင် အရည်အချင်း အနိမ့်ဆုံးရှိသည့် တရုတ်ပြည်မထဲက ဤလူများထံသို့ လွှဲပြောင်းပေးခဲ့ပြီး၊ သူ၏ နှစ်သက်ဖွယ်သော သိမ်းပိုက်ခြင်းအမှုကို စတင်ခဲ့သည်မှာ ဤအခြေအနေနှစ်ခုအောက်တွင် ဖြစ်သည်။ သူသည် ၎င်းတို့အားလုံးအား သူ့ကို ချစ်စေပြီးနောက်တွင်၊ သူ့အမှု၏ နောက်တစ်ဆင့်ကို သူ ဆောင်ရွက်လိမ့်မည်၊ ယင်းမှာ သူ၏ အစီအစဉ် ဖြစ်သည်။ ထိုသို့ဖြင့် သူ၏အမှုသည် ကြီးမားသော အကျိုးတရားကို စွမ်းဆောင်ရရှိလေသည်။ သူ့အမှု၏ နယ်ပယ်သည် အချက်အချာနှင့် အကန့်အသတ်များ နှစ်ခုလုံး ရှိသည်။ ငါတို့၏နေ့ရက် ရောက်ရှိလာစေရန်အတွက်၊ ငါတို့ထဲတွင် သူ၏ အမှုကို ဆောင်ရွက်နေချိန်တွင် မည်မျှကြီးမားသော အဖိုးအခတစ်ခု ဘုရားသခင် ပေးခဲ့ပြီး၊ မည်မျှများပြားသော အားထုတ်မှု သူ အသုံးပြုပြီးဖြစ်သည်မှာ ရှင်းလင်းသွားပေသည်။ ဤသည်မှာ ငါတို့၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း... (၃)” မှ

သင်တို့သည် ငြိမ်းချမ်းသော ဤပတ်ဝန်းကျင်တွင် ဘုရားသခင်ကို အစွမ်းကုန်ကြိုးစား၍ ချစ်သင့်၏။ အနာဂတ်တွင် သင်တို့သည် ဘုရားသခင်ကိုချစ်ရန် နောက်ထပ် အခွင့်အရေးများ ရတော့မည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဇာတိပကတိ၌သာ ဘုရားသခင်ကို ချစ်ရန် အခွင့်အရေးရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အခြားသော ကမ္ဘာတွင် နေထိုင်သည့်အခါ ဘုရားသခင်အား ချစ်ခြင်းအကြောင်းကို မည်သူမျှ ပြောလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ပင် ဖြစ်သည်မဟုတ်လော။ ထို့ကြောင့် သင်တို့သည် မိမိတို့အသက်တည်သည့်ကာလပတ်လုံး ဘုရားသခင်ကို မည်ကဲ့သို့ချစ်သင့်သနည်း။ ဤအရာကို သင်တွေးဖူးသလော။ ဘုရားသခင်ကိုချစ်ရန် သင်သေဆုံးပြီးသည့်အချိန်အထိ စောင့်နေသလော။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည် မဟုတ်လော။ ယနေ့ သင်သည် ဘုရားသခင်အား ချစ်ခြင်းအရာကို အဘယ်ကြောင့် မလိုက်စားသနည်း။ အလုပ်များနေစဉ် ဘုရားသခင်ကို ချစ်ခြင်းမှာ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ဖြစ်နိုင်သလော။ ဘုရားသခင့်အမှု၏ ဤအဆင့်သည် မကြာမီ ဆုံးခန်းတိုင်လိမ့်မည်ဟု ဆိုထားရသည့်အကြောင်းရင်းမှာ ဘုရားသခင်သည် စာတန်ရှေ့တွင် သက်သေခံချက် ရှိနှင့်ပြီဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် လူသားအနေဖြင့် ဘာတစ်ခုကိုမျှ လုပ်စရာမလိုပေ၊ သူအသက်ရှင်သော နှစ်ကာလများအတွင်း ဘုရားသခင်အား ချစ်ခြင်းအရာကို လိုက်စားရန် လူသားကို တောင်းဆိုရုံမျှသာဖြစ်သည်၊ ဤအရာမှာ အဓိကသော့ချက်ဖြစ်၏။ ဘုရားသခင်၏ သတ်မှတ်ချက်များမှာ မြင့်မားခြင်းမရှိသည့်အပြင် သူ၏စိတ်နှလုံးထဲတွင် ပြင်းပြင်းပြပြ ဆန္ဒစောနေသောကြောင့် အမှု၏ဤအဆင့် မပြီးဆုံးမီ အမှု၏နောက်တစ်ဆင့်အကြောင်း အကျဉ်းချုပ်ကို သူဖော်ပြထားခြင်း ဖြစ်သည်၊ ထိုအချက်က အချိန်မည်မျှ ကျန်ကြောင်းကို ရှင်းလင်းစွာ ပြနေ၏၊ အကယ်၍ ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ဆန္ဒမစောပါက ဤနှုတ်ကပတ်တော်များကို အလွန်စောစီးစွာ သူပြောလိမ့်မည်လော။ အချိန်တိုတောင်းသောကြောင့် ဘုရားသခင်သည် ဤနည်းဖြင့် အမှုပြုခြင်းဖြစ်သည်။ သင်တို့သည် သင်တို့၏အသက်ကို မြတ်နိုးသကဲ့သို့ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှဖြင့် ချစ်နိုင်ကြမည်ဟု မျှော်လင့်ရသည်။ ဤသည်မှာ အဆုံးစွန် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်သည်မဟုတ်လော။ ဘဝ၏အဓိပ္ပာယ်ကို အခြားမည်သည့်နေရာတွင် ရှာဖွေနိုင်မည်နည်း။ သင်သည် မျက်စိကန်းလွန်းနေသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလိုလားလားရှိသလော။ ဘုရားသခင်သည် လူသား၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သလော။ လူတို့သည် လူသား၏ ကြင်နာမြတ်နိုးခြင်းနှင့် ထိုက်တန်သလော။ ထို့ကြောင့် အဘယ်အရာကို သင်ပြုသင့်သနည်း။ သံသယများမရှိဘဲ ဘုရားသခင်ကို ရဲဝံ့စွာ ချစ်လော့၊ ထိုအခါ ဘုရားသခင်သည် သင့်အား အဘယ်အရာပြုလိမ့်မည်ကို ကြည့်လော့။ သူသည် သင့်ကို သတ်ဖြတ်မည်၊ မသတ်ဖြတ်မည်ကို ကြည့်လော့။ အချုပ်အားဖြင့် ဘုရားသခင်ကို ချစ်သောအလုပ်သည် ဘုရားသခင်အတွက် အကြောင်းအရာများကို မိတ္တူကူး၍ ရေးချပေးခြင်းထက် ပို၍အရေးကြီးသည်။ သင်၏အသက်တာသည် ပို၍တန်ဖိုးရှိပြီး ပျော်ရွှင်မှုဖြင့်ပြည့်နိုင်ရန်အတွက် သင့်အနေဖြင့် အရေးကြီးဆုံးသောအရာကို ပထမနေရာတွင် ထားသင့်သည်၊ ထို့နောက် သင့်အတွက် ဘုရားသခင်၏ “စီရင်ချက်” ကို သင်စောင့်ဆိုင်းသင့်သည်။ သင်၏အကြံအစည်ထဲတွင် ဘုရားသခင်ကို ချစ်ခြင်းအရာ ပါဝင်မည်လောဟု ငါသိချင်မိသည်။ လူတိုင်း၏ အကြံအစည်များသည် ဘုရားသခင်၏ ပြည့်စုံစေခြင်းကိုခံရသော အကြံအစည်များ ဖြစ်လာကြရန်နှင့် ထိုအကြံအစည်အားလုံးသည် လက်တွေ့အရှိတရားဖြစ်လာကြရန် ငါဆန္ဒပြုပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၂” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

အရှေ့သို့- ၃) စစ်မှန်သည့် သက်သေခံချက်သည် အဘယ်အရာဖြစ်ပြီး လူတစ်ဦးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်ဖို့ပါက၊ ၎င်း၏ သက်သေခံချက်သည် မှန် မမှန်

နောက်တစ်ခုသို့- ၂) ကမ္ဘာပေါ်ရှိ ခရစ်တော်ကို ချစ်ခြင်းမရှိဘဲ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ချစ်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း ဟုတ်မဟုတ်

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁) မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ မတူညီသည့် နာမတော်များ ရှိရသည့်အကြောင်းအရင်းနှင့် သူ၏ နာမတော်များ၏ အဓိပ္ပာယ်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထို့အပြင် ဘုရားသခင်က မောရှေအား မိန့်တော်မူသည်မှာ၊ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရားသခင်၊...

၂) ဘုရားသခင် အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်တို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများ၏ သာသနာပြုခြင်းနှင့် ထိန်းကျောင်းပေးခြင်း လိုအပ်သည့်အတွက်၊...

၁) ဘုရားသခင်၏ အသင်းတော် ဆိုသည်မှာအဘယ်နည်း။ ဘာသာရေးအဖွဲ့အစည်း တစ်ခု ဆိုသည်မှာအဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်