၂) ကမ္ဘာပေါ်ရှိ ခရစ်တော်ကို ချစ်ခြင်းမရှိဘဲ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ချစ်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း ဟုတ်မဟုတ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏အနှစ်သာရသည် လူသားယုံကြည်ရုံ အတွက်သာ မဟုတ်ပေ။ လူသား ချစ်ခင်ရန်အတွက်လည်း ဖြစ်၏။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ “လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်ကို မချစ်ရဲကြ၊ ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားကို ချစ်သောဘုရားဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို သူ၏အလုပ်တွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခံစားသည့်အခါမှသာလျှင်၊ သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သိနိုင်ကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သူတို့ သတိထားမိနိုင်မည် ဖြစ်သည်။ ၎င်းကို လက်တွေ့ဘဝတွင် စောင့်ကြည့်လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို သိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊ သို့ရာတွင် သူနှင့်အမှန်တကယ် ထိတွေ့ဆက်ဆံမှုမရှိဘဲ၊ လူတို့သည် ထိုအရာကို သိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိ မခံယူခဲ့ပါက၊ လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မထိတွေ့မဆက်ဆံနိုင်ပါက၊ ဘုရားသခင်၏ အလုပ်ကိုလည်း တွေ့ကြုံနိုင်ကြမည် မဟုတ်ချေ။ သို့ဖြစ်လျှင် ဘုရားသခင်အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာ သည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အမြားဖြင့် စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းသည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းလောက် မစစ်မှန်ပေ၊ အကြောင်းရင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏အသိဉာဏ်သည် သူတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်သည့်အရာများ၊ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက်၊ သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက် ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်နိုင်ကြသည်၊ ပြီးလျှင် သူ၏လက်တွေ့ကျပြီး သာမန်ဖြစ်သည့် စိတ်သဘောထားနှင့် သက်ဆိုင်သော အရာအားလုံးကို တွေ့နိုင်ကြသည်၊ ဤအရာများ အားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် အသိထက် အဆထောင်ပေါင်းများစွာ ပို၍စစ်မှန်သည်။ လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ၊ ထိုချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိဘဲ၊ ယင်းသည် လူသားတို့၏ ထင်မြင်ချက်များဖြင့်သာ ပြည့်နေသည်။ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သူတို့၏ချစ်ခြင်းမှာ မည်မျှပင်သေးငယ်စေကာမူ ဤချစ်ခြင်းသည် စစ်မှန်ပေသည်။ စိုးစဉ်းမျှသာ ဖြစ်နေလျှင်ပင်၊ ယင်းသည် စစ်မှန်ဆဲဖြစ်ပေသည်။ ဘုရားသခင်သည် စစ်မှန်သော အလုပ်မှတစ်ဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး ဤအသိမှတစ်ဆင့် လူတို့၏ချစ်ခြင်းမေတ္တာကို သူရယူသည်။ ယင်းမှာ ပေတရုကဲ့သို့ပင်ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ အသက်မရှင်ခဲ့လျှင်၊ ယေရှုကို သူ ကြည်ညိုရန် ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့အတူ ယေရှုအပေါ်ထားသော သူ၏ သစ္စာစောင့်သိမှုသည်လည်း ယေရှုနှင့် သူ၏ထိတွေ့ဆက်ဆံမှုအပေါ်တွင် တည်ဆောက် ထားခဲ့သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ အလယ်သို့ ကြွဆင်းလာပြီး လူတို့နှင့်အတူ နေထိုင်၏၊ ပြီးလျှင် ဘုရားသခင်က လူတို့ကို မြင်တွေ့စေသည့် တွေ့ကြုံခံစားစေသည့် အရာအားလုံးသည် ဘုရားသခင်၏ စစ်မှန်မှုပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

လူသားနှင့် ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ၊ သူသည် မမြင်နိုင်သော သို့မဟုတ် ထိတွေ့မရနိုင်သော အရာများ၊ အလွန့်အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ် ဖြစ်သော အရာများ၊ လူသားမှ စိတ်ကူးမရနိုင်သော အရာများနှင့် သေမျိုးသာသာမျှဖြစ်သော သူတို့မှ မရရှိနိုင်သော အရာများကိုသာ ခုံမင်နှစ်သက်ခြင်း ဖြစ်သည်။ ဤအရာများ ပို၍ လက်တွေ့မကျလေလေ၊ လူများသည် အခြားအရာအားလုံးကို အလေးမထားဘဲ ၎င်းတို့အား ပိုမိုခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး၊ ၎င်းတို့ကို ရရှိရန် ကြိုးပမ်းလေသည်။ ၎င်းတို့ ပိုမိုလက်တွေ့မကျလေလေ၊ လူသားသည် ၎င်းတို့ကို ပိုမိုနီးကပ်စွာ စေ့စေ့စပ်စပ်ကြည့်ရှုကာ ခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး ၎င်းတို့အကြောင်း မိမိ၏ ပြည့်စုံ စေ့စပ်သော ကိုယ်ပိုင် စိတ်ကူးများကို ဖန်တီးသည်အထိပင် ဖြစ်လေသည်။ ဆန့်ကျင်ဖက်တွင် အမှုအရာတို့သည် ပိုလက်တွေ့ကျလေလေ၊ လူများက ၎င်းတို့နှင့်ပတ်သက်၍ ပိုအရေးမထားလေလေ ဖြစ်၏၊ သူတို့သည် ၎င်းတို့ကို လွယ်လွယ် အထင်အမြင်သေးကာ၊ မထီလေးစားပင် ပြုပေသည်။ ဤသည်မှာ ယနေ့ ငါလုပ်ဆောင်သော လက်တွေ့ကျသည့် အလုပ်အပေါ် သင်တို့၏သဘောထား အတိအကျဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့သောအရာများ ပိုမိုလက်တွေ့ကျလေလေ၊ သင်တို့သည် ၎င်းတို့အပေါ် ပိုမိုဆန့်ကျင်၍ မစူးစမ်းဘဲ၊ ခွဲခြားဆက်ဆံ လေလေဖြစ်ကြ၏၊ ၎င်းတို့ကို ဆန်းစစ်ဖို့ သင်တို့အချိန်မပေးဘဲ လျစ်လျူရှု၍သာ ထားကြ၏၊ ဤလက်တွေ့ကျ၍ ရိုးရှင်းသော လိုအပ်ချက်များကို သင်တို့ အထင်အမြင်သေးပြီး၊ လက်တွေ့အကျဆုံးသော ဤဘုရားသခင် အကြောင်း များပြားလှသော အယူအဆများပင် တေးထားကာ၊ သူ၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းတို့ကို လုံးဝ လက်ခံနိုင်စွမ်းမရှိကြပေ။ ဤနည်းအားဖြင့် သင်တို့သည် မရေရာမှုအလယ်တွင် ယုံကြည်နေကြသည် မဟုတ်လော။ သင်တို့သည် အတိတ်ကာလ၏ မရေရာသော ဘုရားသခင်၌ မယိမ်းယိုင်သော ယုံကြည်မှုတစ်ခု ရှိကြပြီး၊ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်၌ စိတ်ပါဝင်စားမှုမရှိကြ။ ဤသည်မှာ မနေ့က ဘုရားသခင်နှင့် ယနေ့ ဘုရားသခင်တို့သည် ကွဲပြားသော ခေတ်ကာလနှစ်ခုမှ ဖြစ်သောကြောင့် မဟုတ်လော။ ယင်းမှာ မနေ့က ဘုရားသခင်သည် ကောင်းကင်ဘုံ၏ အဆင့်မြင့်သော ဘုရားသခင်ဖြစ်ပြီး ယနေ့ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်က သေးငယ်သော လူသားတစ်ဦး ဖြစ်သောကြောင့်လည်း မဟုတ်လော။ ထို့အပြင် ယင်းမှာ လူသားမှကိုးကွယ်သော ဘုရားသခင်သည် သူ၏အယူအဆများမှ ထွက်ပေါ်သော ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်၌ ထွက်ပေါ်သည့် စစ်မှန်သော ဇာတိပကတိနှင့် သက်ဆိုင်သောကြောင့် မဟုတ်လော။ အရာအားလုံး ထည့်သွင်းစဉ်းစားလိုက်ပါက၊ ယနေ့၏ ဘုရားသခင်သည် လက်တွေ့ကျလွန်းသောကြောင့် လူသားက မလိုက်စားခြင်းဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် ယနေ့၏ ဘုရားသခင်က လူများကို စေခိုင်းသောအရာမှာ လူများက မလုပ်ချင်ဆုံးသောအရာ အတိအကျဖြစ်၍၊ သူတို့ကို ရှက်ကြောက်စေသောအရာ ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာက လူသားအဘို့ အမှုအရာတို့ကို ခက်ခဲစေသည် မဟုတ်လော။ ဤအရာက သူ၏အမာရွတ်များကို ဖော်ထုတ်ပြသည် မဟုတ်လော။ ဤနည်းအားဖြင့် လက်တွေ့ကျမှုကို မလိုက်စားသော သူများစွာတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး၊ အန္တိခရစ်များ ဖြစ်လာကြ၏။ ဤအရာသည် သိသာထင်ရှားသော အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင် လူ့ဇာတိ မခံယူသေးသည့် အတိတ်ကာလတွင်၊ သင်သည် ဘာသာရေး ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်ကောင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်က လူ့ဇာတိ ဖြစ်လာခဲ့ပြီးနောက်၊ ထိုကဲ့သို့ ဘုရားတရား ကိုင်းရှိုင်းသော ယုံကြည်သူများစွာသည် အမှတ်တမဲ့ အန္တိခရစ်များ ဖြစ်လာကြသည်။ ဤနေရာတွင် မည်သို့ဖြစ်သည်ကို သင်သိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ချက်အရ၊ သင်သည် လက်တွေ့ကျမှုကို အာရုံမစိုက် သို့မဟုတ် သမ္မာတရားကို မလိုက်စားပေ၊ သို့သော် ထိုအစား၊ မုသားများအပေါ် စွဲလမ်းလေသည်- ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ထားသော သင့်ရန်ငြိုး၏ အရှင်းလင်းဆုံး အရင်းအမြစ် ဖြစ်သည် မဟုတ်လော။ လူ့ဇာတိခံဘုရားသခင်ကို ခရစ်တော်ဟု ခေါ်သည်၊ ထို့ကြောင့် လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်သောသူ အပေါင်းတို့သည် အန္တိခရစ်များဖြစ်ကြသည် မဟုတ်လော။ ထို့ကြောင့် သင်ယုံကြည်ပြီး အမှန်တကယ် ချစ်ခင်သောသူမှာ ဤလူ့ဇာတိခံဘုရားသခင်လော။ လက်တွေ့အကျဆုံးနှင့် သဘာဝထက် လွန်ကဲစွာ သာမန်ဖြစ်သောသူမှာ အမှန်တကယ်ပင် ဤအသက်ရှင်ပြီး အသက်ရှူနေသော ဘုရားသခင်လော။ သင့်လိုက်စားခြင်း၏ ရည်ရွယ်ချက် အတိအကျမှာ မည်သည့်အရာနည်း။ ယင်းမှာ ကောင်းကင်ဘုံ၌လော သို့မဟုတ် မြေကြီးပေါ်မှာလော။ ယင်းမှာ အယူအဆတစ်ခုလော သို့မဟုတ် သမ္မာတရားလော။ ယင်းမှာ ဘုရားသခင်လော သို့မဟုတ် သဘာဝလွန်သက်ရှိ တစ်ရပ်လော။ အမှန်တွင်မူ သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းဟူသော လူများ၏ လိုက်စားခြင်းမှာ သူ၏တာဝန်ဝတ္တရားကို ထမ်းဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းခြင်းနှင့် ဆိုင်သော လိုက်စားခြင်းဖြစ်သည်။ ဤသတ်မှတ်ချက်၏ အနှစ်သာရမှာ အဘယ်သူမျှ မရရှိနိုင်သော အချည်းနှီးအယူဝါဒထက်၊ သမ္မာတရား အားလုံး၏ အစစ်မှန်ဆုံးသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ အယူဝါဒမှလွဲ၍ အခြားဘာမျှမဟုတ်ဘဲ စစ်မှန်မှု မပါဝင်လျှင်၊ သမ္မာတရားကို သင်ဆန့်ကျင်ပုန်ကန်သည် မဟုတ်လော။ သင်သည် သမ္မာတရားကို တိုက်ခိုက်သောသူတစ်ဦး ဖြစ်သည်မဟုတ်လော။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ချစ်ရန် အဘယ်သို့ လိုက်စားနိုင်မည်နည်း။ လက်တွေ့ကျမှုမရှိသောလူတို့သည် သမ္မာတရားကို သစ္စာမဲ့သော သူများဖြစ်ကြပြီး၊ အားလုံးက ပင်ကိုအားဖြင့် ပုန်ကန်သောသူများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

သင်တို့အားလုံးသည် ဘုရားသခင်၏ရှေ့၌ ဆုချီးမြှင့်ခံလိုကြပြီး ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ခံလိုကြသည်၊ လူတိုင်းသည် ဘုရားသခင်ကို စတင်ယုံကြည်သောအခါ ထိုသို့သောအရာများကို မျှော်လင့်ကြသည်၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် သာ၍မြင့်မားသော အရာများနောက် ကောက်ကောက်ပါအောင် လိုက်ခြင်းတွင် အာရုံများနေပြီး မည်သူကမျှ အခြားသူများ၏နောက်တွင် မကျန်ခဲ့လိုသောကြောင့် ဖြစ်သည်။ လူတို့သည် ထိုအတိုင်းပင် ဖြစ်ကြသည်။ ထိုအကြောင်းအတိအကျကြောင့်ပင် သင်တို့အထဲမှ လူတော်တော်များများသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် စဉ်ဆက်မပြတ် ကြိုးစားနေကြခြင်းဖြစ်သည်၊ သို့သော် စင်စစ်အားဖြင့် ဘုရားသခင်အပေါ်၌ထားသော သင်တို့၏ သစ္စာစောင့်သိမှုနှင့် ရိုးသားပွင့်လင်းမှုသည် သင်တို့၏ ကိုယ့်ကိုယ်ကိုယ် အပေါ်ထားသော သစ္စာစောင့်သိမှု၊ ရိုးသားပွင့်လင်းမှုတို့နှင့်ယှဉ်လျှင် အလွန်ပင် နည်းလှသည်။ ငါအဘယ်ကြောင့် ဤသို့ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ်၌ထားရှိသော သင်တို့၏ သစ္စာစောင့်သိမှုကို ငါလုံးဝအသိအမှတ်မပြုသောကြောင့်ဖြစ်သည့်အပြင် သင်တို့၏နှလုံးသားအထဲ၌ရှိသော ဘုရားသခင်၏တည်ရှိမှုကို ငါလက်မခံ သောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် သင်တို့ကိုးကွယ်သော ဘုရားသခင်၊ သင်တို့မြတ်နိုးသော မရေရာသည့် ဘုရားသခင်သည် လုံး၀မတည်ရှိ။ ဤကဲ့သို့ ငါတပ်အပ်ပြောနိုင်သည်မှာ သင်တို့သည် စစ်မှန်သော ဘုရားသခင်နှင့် အလွန်ဝေးကွာနေသောကြောင့် ဖြစ်သည်။ သင်တို့၏သစ္စာစောင့်သိမှုသည် သင်တို့၏နှလုံးသားအထဲ၌ရှိသော ရုပ်တုဆင်းတုကြောင့်ဖြစ်သည်၊ ထိုအချိန်အတောအတွင်း ကြီးလည်း မကြီးမြတ်၊ သေးလည်းမသေးငယ်ဟူ၍ သင်တို့မှတ်ယူကြသော ဘုရားသခင်ဖြစ်သည့် ငါ့ကိုမူ သင်တို့သည် စကားလုံးများဖြင့်သာ အသိအမှတ်ပြုကြသည်။ သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာနေသည်ဟု ငါပြောသောအခါ စစ်မှန်သော ဘုရားသခင်နှင့် သင်တို့ကွာ လှမ်းနေလင့်ကစား မရေရာသော ဘုရားသခင်ကမူ အနီးအပါးတွင် ရှိနေသည့်ပုံရသည်ဟု ငါဆိုလိုခြင်းဖြစ်သည်။ “မကြီးမြတ်” ဟူသည့် စကားကို ငါပြောသောအခါ သင်တို့ယနေ့ယုံကြည်သော ဘုရားသခင်သည် ကြီးကြီးမားမား အစွမ်းအစများမရှိသော လူတစ်ယောက်မျှသာ၊ သိပ်မမြင့်မြတ်သော လူတစ်ယောက်မျှသာ ဖြစ်သည်ဟု ထင်ရသည့်ပုံကို ရည်ညွှန်း၍ ပြောခြင်းဖြစ်သည်။ “မသေးငယ်” ဟူသည့်စကားကို ငါပြောသောအခါ ဤလူသည် လေလာအောင် မဆင့်ခေါ်နိုင်၊ မိုးရွာအောင် အမိန့်မပေးနိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ လူတို့အား လုံးဝမိန်းမောတွေဝေသွားစေလျက် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသည့် အမှုကိုပြုရန်အလို့ငှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သူခေါ်ဆိုနိုင်သည်ဟု ဆိုလိုသည်။ အပြင်ပန်းအားဖြင့် သင်တို့အားလုံးသည် မြေကြီးပေါ်ရှိ ခရစ်တော်ကို အလွန်နာခံကြသည်ဟု ထင်ရသော်လည်း စင်စစ်အားဖြင့် သင်တို့၌ ခရစ်တော်ကို ယုံကြည်ခြင်း မရှိကြသကဲ့သို့ သူ့ကို ချစ်လည်းမချစ်ကြပေ။ ဆိုလိုသည်မှာ သင်တို့ ဧကန်အမှန် ယုံကြည်သောသူသည် သင်တို့၏ခံစားချက်များနှင့်ဆိုင်သည့် မရေရာသော ဘုရားသခင်သာဖြစ်ပြီး သင်တို့ဧကန်အမှန်ချစ်သည့်သူမှာ နေ့ညမပြတ် သင်တို့တောင့်တသော်လည်း လူကိုယ်တိုင် မည်သည့်အခါမျှ မမြင်ဖူးသည့် ဘုရားသခင်သာဖြစ်သည်။ ဤခရစ်တော်အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းမှာမူ စိုးစဉ်းမျှသာဖြစ်ပြီး သူ့အပေါ် သင်တို့၏ ချစ်ခြင်းမှာလည်း ဘာမျှမဟုတ်ပေ။ ယုံကြည်ခြင်းဟုဆိုရာ၌ ယုံကြည်မှုနှင့် စိတ်ချမှုကိုဆိုလို၍ ချစ်ခြင်းသည် မည်သည့်အခါမျှ ခွဲခွာခြင်းမရှိသည့် ကြည်ညိုခြင်းနှင့် စိတ်နှလုံးထဲ၌ နှစ်ထောင်းအားရ သဘောကျခြင်းကို ဆိုလိုသည်။ သို့တိုင် ယနေ့ကာလ၏ ခရစ်တော်အပေါ်၌ထားရှိသော သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် ထိုအရာကိုမီရန် များစွာလိုအပ်နေ၏။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့အနေဖြင့် သူ့ကို မည်သို့ယုံကြည်သနည်း။ ချစ်ခြင်းနှင့်ပတ်သက်၍ သင်တို့အနေဖြင့် သူ့ကို မည်သို့ချစ်သနည်း။ သင်တို့သည် သူ၏စိတ်သဘောထားကို လုံးဝ နားမလည်ကြ၊ သူ၏အနှစ်သာရကို သာ၍ပင် မသိကြ၊ ထိုသို့ဖြစ်သောကြောင့် သင်တို့သည် သူ့ကို မည်သို့ယုံကြည်ကြသနည်း။ သူ့အပေါ် သင်တို့ယုံကြည်ခြင်း၏ စစ်မှန်မှုသည် အဘယ်မှာနည်း။ သင်တို့အနေဖြင့် သူ့ကို မည်သို့ချစ်သနည်း။ သူ့ကို သင်တို့ချစ်ခြင်း၏ စစ်မှန်မှုသည် အဘယ်မှာနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” မှ

နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ သင်တို့၏စိတ်ထဲတွင် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အလွန်တော်မှန်၍ ဖြောင့်မတ်ကာ ကြီးမြတ်ပြီး ကိုးကွယ်ခြင်းနှင့် နှစ်သက်လေးစားခြင်းကို ခံထိုက်သည်ဟု မြင်ကြပြီး မြေကြီးပေါ်၌ရှိသော ဤဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို အစားထိုးထားသူဖြစ်ပြီး တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူညီနိုင်၊ တစ်တန်းတည်းထား၍ ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကြီးမြတ်မှု၊ ဂုဏ်အသရေ နှင့်ပတ်သက်လာပါက ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း လူတို့၏သဘာဝ၊ ဖောက်ပြန်မှု နှင့်ပတ်သက်၍မူ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့် ဆိုင်သည့် ဂုဏ်သတ္တိများ ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ထာဝစဉ်မြင့်မြတ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါဘဲ အားနည်းကာ အရည်အချင်း မပြည့်မီဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် စိတ်ခံစားမှုအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များသာရှိပြီး မည်သည့်တရားမျှတမှု၊ သို့မဟုတ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၌ ကောက်ကျစ်မှု အနည်းငယ်မျှ မရှိ၊ သူသည် အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၌မူ မရိုးသားသောသဘောထား အစဉ်အမြဲရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူသားကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှုထားခြင်းပင် ပြုသည်ဟု သင်တို့ယုံကြည် ကြသည်။ ဤမှားယွင်းသည့်အသိကို သင်တို့၏နှလုံးသားများထဲ၌ သိုထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူ ဆက်ဖြစ်နေနိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ကောက်ကျစ်သူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ကိုးကွယ်ကြသည်။ မြင့်မားသော ရုပ်တုများကို မြတ်နိုးကြပြီး နှုတ်ရေးကြွယ်ခြင်းကြောင့် ကျော်ကြားသူများကို အထင်ကြီးကြသည်။ သင်၏လက်ထဲသို့ ကြွယ်ဝချမ်းသာမှုများ ဖြည့်ပေးသော ဘုရားသခင်၏ အမိန့်ပေးခြင်းကို သင်ဝမ်းမြောက်စွာခံယူ၍ သင်၏အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် ဘုရားသခင်ကို အလွန်တမ်းတသည်။ သင်မကိုးကွယ်သည့် တစ်ဦးတည်းသောသူမှာ မမြင့်မြတ်သော ဤဘုရားသခင်သာ ဖြစ်သည်၊ သင်မုန်းသည့် တစ်ခုတည်းသောအရာမှာ မည်သည့်လူကမျှ အထင်မကြီးနိုင်သည့် ဤဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်းပင် ဖြစ်သည်။ သင်မလုပ်လိုသည့် တစ်ခုတည်းသောအရာမှာ သင့်ကို အသပြာတစ်ပြားမျှ မပေးဖူးသည့် ဤဘုရားသခင်ကို အစေခံခြင်းပင် ဖြစ်သည်၊ သူ့ကို သင်တောင့်တလာအောင် မလုပ်နိုင်သည့် တစ်ဦးတည်းသော သူမှာ ချစ်ဖွယ်မကောင်းသော ဤဘုရားသခင် ဖြစ်သည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် သင်၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ရန် မဆိုထားနှင့် သင်၏အမြင်ကျယ်လာအောင်၊ ရတနာတစ်ခုကိုတွေ့သကဲ့သို့ သင်ခံစားရအောင် မလုပ်ပေးနိုင်သော ဘုရားသခင်ဖြစ်သည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သူ့နောက်ကို လိုက်သနည်း။ ဤသို့သောမေးခွန်းမျိုးကို သင်တွေးတောခဲ့ ဖူးသလော။ သင်ပြုသောအရာသည် ခရစ်တော်ကို စော်ကားသည်သာ မဟုတ်ပေ၊ သာ၍အရေးကြီးသည်မှာ ထိုအရာသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်ကိုလည်း စော်ကားခြင်းဖြစ်၏။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့စော်ကားဖို့ မဟုတ်ဟု ငါထင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” မှ

သင်တို့ကို ဘုရားသခင်အားရနှစ်သက်ရန် သင်တို့တောင့်တကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာလျက်ရှိ၏။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ သင်တို့သည် သူ၏ နှုတ်ကပတ်တော်များကိုသာ လက်ခံကြပြီး သူ၏အစီအစဉ်တိုင်းကို လက်ခံနိုင်ရန်၊ သူ့ကို အပြည့်အဝယုံကြည်နိုင်ရန်ဝေးစွ၊ သူ၏ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကိုပင် လက်မခံကြပေ။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ နောက်ဆုံးဆန်းစစ်ကြည့်လျှင် သင်တို့၏ ယုံကြည်ခြင်းသည် အကောင်လုံးဝမပေါက်နိုင်သော ဗလာဥခွံဖြစ်သည်။ အကြောင်းမှာ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ထံသို့ သမ္မာတရား မယူဆောင်လာပေး၊ သို့မဟုတ် အသက်ကို မပေးဘဲ ထိုအစား ဆက်လက်အသက်ရှင်နိုင်သည်ဟူသည့် လွဲမှားသော ခံစားချက်နှင့် မျှော်လင့်ခြင်းကိုသာ ပေးခဲ့သည်။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့သော လွဲမှားသည့် ခံစားချက်နှင့် မျှော်လင့်ခြင်းဖြစ်သည်၊ သမ္မာတရားနှင့် အသက်တို့ မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ဖြစ်စဉ်သည် ခယဝယလုပ်ခြင်းနှင့် အရှက်အကြောက်မဲ့ခြင်းမှတစ်ဆင့် ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားခြင်းသက်သက်ဖြစ်၍ စစ်မှန်သော ယုံကြည်ခြင်းအဖြစ် မည်သည့်နည်းနှင့်မျှ မသတ်မှတ်နိုင်ဟု ငါပြောခြင်းဖြစ်၏။ ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သို့လျှင် အကောင်ပေါက်နိုင်မည်နည်း။ တစ်နည်းအားဖြင့် ဤသို့သော ယုံကြည်ခြင်းမျိုးသည် မည်သည့်အရာကို အထမြောက်စေနိုင်သနည်း။ ဘုရားသခင်ကို သင်တို့ယုံကြည်ကြခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သူ့ကို အသုံးချဖို့ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက်တစ်ခုဖြစ်သည် မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို ယုံသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၏ တည်ရှိမှုကိုမူ ငြင်းပယ်ကြ၏၊ သို့ရာတွင် သင်တို့၏အမြင်များကို ငါအသိအမှတ်မပြု၊ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသောသူများကိုသာ ငါချီးကျူးပြီး မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကိုမူ ငါလုံးဝမချီးကျူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သောသူများက မည်မျှပင် သစ္စာစောင့်သိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သောသူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည်မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သော သူများ ဖြစ်ကြ၏၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို မည်သည့်အခါကမျှ ဝမ်းမြောက်ဝမ်းသာ မနာခံဖူးသော ဆိုးယုတ်သူများ ဖြစ်ကြသည်။ မှန်ပေ၏၊ ထိုသူတို့အထဲတွင် ခရစ်တော်ကို မသိသောသူများ၊ ထို့အပြင် ခရစ်တော်ကို အသိအမှတ်မပြုသောသူများအားလုံး ပါဝင်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ် သစ္စာစောင့်သိနေသရွေ့ ခရစ်တော်ကို မိမိစိတ်ကြိုက် ဆက်ဆံနိုင်သည်ဟု သင်ယုံကြည်သလော။ မှားလေစွ။ ခရစ်တော်ကို သင်မသိခြင်းသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မသိခြင်းပင် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မည်မျှပင် သင်သစ္စာစောင့်သိသည်ဖြစ်စေ ယင်းမှာ အချည်းနှီးစကားနှင့် ဟန်ဆောင်မှုမျှသာဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် မြေကြီးပေါ်၌ရှိသော ဘုရားသခင်သည် သမ္မာတရားနှင့် သာ၍နက်နဲသော အသိဉာဏ်ကို လူတို့လက်ခံရရှိရာတွင် အခရာကျသည် သာမကဘဲ လူကို ဝေဖန်ရှုတ်ချခြင်းနှင့် ထိုအရာပြီးနောက် ကောက်ကျစ်သောသူများကို အပြစ်ဒဏ်ပေးရန် အချက်အလက်များ ရယူရာတွင်လည်း အခရာကျသောကြောင့်ဖြစ်သည်။ ကောင်းသည့် ရလဒ်များ နှင့် ဆိုးသည့်ရလဒ်များကို သင်နားလည်ပြီလော။ ထိုရလဒ်များကို သင်ခံစားဖူးပြီလော။ ဘုရားသခင်ကို သိဖို့အတွက် သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သိရမည်သာမက သာ၍အရေးကြီးသည်မှာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို သိရမည်ဟူသည့် သမ္မာတရားကို သင်တို့တစ်နေ့နားလည်လာဖို့ ငါအလိုရှိသည်။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်းကို ဇဝေဇဝါမဖြစ်နှင့်၊ သို့မဟုတ် အဓိကမဟုတ်သည့် အရာကို အဓိကနှင့် အစားမထိုးနှင့်။ သို့မှသာ ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို အမှန်တကယ် သင်တည်ဆောက်နိုင်မည်၊ ဘုရားသခင်နှင့် အမှန်တကယ် ပိုရင်းနှီးနိုင်မည်၊ သင်၏နှလုံးသားကို ဘုရားသခင်နှင့် ပိုနီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီး ငါနှင့်ပေါင်းသင်းဆက်ဆံ လာခဲ့သည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်လည်း ငါနှင့် ဝေးကွာ နေသေးလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို မကြာခဏ စော်ကားသောကြောင့် ဖြစ်ရမည်ဖြစ်ပြီး သင်၏အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်ဟု ငါပြော၏။ ငါနှင့် နှစ်ပေါင်းများစွာကြာအောင် ပေါင်းသင်းဆက်ဆံခဲ့ခြင်းက သင့်ကို လူ့သဘာဝရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်သာမက သင်၏ဆိုးယုတ်သော စရိုက်များကို သင်၏သဘာဝထဲတွင် အရိုးစွဲသွားအောင်ပြုပါက၊ ထို့အပြင် သင်သည် ယခင်ကထက် နှစ်ဆနှစ်ပြန် မာနထောင်လွှားလာသည်သာမကဘဲ ငါ့အပေါ် သင်၏အထင်အမြင်လွဲခြင်းများသည်လည်း တိုးပွားလာလိုက် သည်မှာ ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထား လာသည်အထိ ဖြစ်လာပါက သင်၏ရောဂါသည် အရေပြား၌သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါပြော၏။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေးသည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ဘုရားသခင်ဖြစ်ပေးပါရန် အသနားခံဖို့ မလိုတော့ပေ၊ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ်ပေးထိုက်သောအပြစ်ကို ကျူးလွန်ထားသောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်က သင်၏အသက်ကို နုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို သင်၏စော်ကားခြင်းသည် သာမန်ပြဿနာတစ်ခု မဟုတ်ဘဲ အလွန်ကြီးလေးသည့်သဘာဝရှိသော ပြဿနာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ အစပြန်ကောက်ရမည်ဆိုလျှင်- သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဤဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးရပေလိမ့်မည်။ ဤသည်မှာ သင်တို့အားလုံးအတွက် ငါ၏တစ်ခုတည်းသော သတိပေးချက်ပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” မှ

မည်သည့်အရာကို ပေတရု နောင်တအရဆုံး ဖြစ်ခဲ့သနည်း။ “ကိုယ်တော်သည် ခရစ်တော်တည်း ဟူသော အသက်ရှင်တော်မူသည့် ဘုရားသခင်၏ သားတော်ဖြစ်ပါ၏” ဟု ပေတရုက ပြောပြီးသည့်နောက် မကြာမီတွင်၊ (ဤသို့ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားသော်လည်း) ယေရှုက နောက်ထပ်မေးခွန်းတစ်ခုကို ပေတရုအား မေးခဲ့သည်။ ယေရှုက သူ့ကို၊ “ပေတရု။ ငါ့ကို သင် ချစ်ဖူးသလော” ဟု မေးခဲ့သည်။ ကိုယ်တော် ဆိုလိုသည့်အရာကို ပေတရုက နားလည်ခဲ့ပြီး၊ “သခင် တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးသည်ကို ကျွန်ုပ် ဝန်ခံပါ၏” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို လူတို့သည် မချစ်ကြလျှင်၊ ကမ္ဘာမြေပေါ်ရှိ သားတော်ကို သူတို့ အဘယ်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ခမည်းတော်ဖြစ်သော ဘုရားသခင်က စေလွှတ်လိုက်သည့် သားတော်ကို မချစ်လျှင်၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို ၎င်းတို့ မည်သို့ ချစ်နိုင်မည်နည်း။ လူတို့သည် ကမ္ဘာမြေပေါ်ရှိ သားတော်ကို အမှန်ချစ်ကြလျှင်၊ ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို သူတို့ အမှန်ချစ်ကြပေသည်” ဟု ပြောခဲ့သည်။ ဤစကားများကို ပေတရု ကြားသည့်အခါ၊ သူ လိုအပ်နေခဲ့သည့် အရာကို သူ နားလည်ခဲ့သည်။ သူသည် “တစ်ခါက ကောင်းကင်ဘုံ၌ ရှိသော ဖခမည်းတော်ကို ကျွန်ုပ် ချစ်ခဲ့ပါ၏၊ သို့သော် ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ မချစ်ဖူးပါ” ဆိုသော သူ၏ စကားများနှင့်ပတ်သက်၍ မျက်ရည်များကျသည်အထိ သူ အမြဲ နောင်တရခဲ့သည်။ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ တက်ကြွခြင်း ပြီးနောက်တွင်၊ ဤစကားများအပေါ် သာ၍ပင် နောင်တရ၍ ဝမ်းနည်းကြေကွဲမှုကို သူခံစားခဲ့သည်။ အတိတ်က သူ၏ အလုပ်နှင့် သူ၏ မျက်မှောက် ဝိညာဉ်အသက်တာကို ပြန်အမှတ်ရလျက်၊ ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းခဲ့ခြင်းနှင့် ဘုရားသခင်၏ စံနှုန်းများနှင့် မကိုက်ခဲ့ခြင်းကြောင့် နောင်တရ၍ အကြွေးတင်ရှိခြင်းကို အမြဲခံစားရရင်း ယေရှု၏ ရှေ့မှောက်သို့ ဆုတောင်းခြင်းဖြင့် မကြာခဏ သူလာလေ့ရှိခဲ့သည်။ ဤပြဿနာများက သူ၏ အကြီးမားဆုံးသော ဝန်ထုပ်များ ဖြစ်လာခဲ့သည်။ သူက၊ “ကျွန်ုပ်၌ ရှိသမျှအရာအားလုံးနှင့် ကျွန်ုပ်၏ ဖြစ်တည်မှုအားလုံးကို ကိုယ်တော့်ထံ တစ်နေ့ ကျွန်ုပ်ဆက်ကပ်ပါမည်၊ ပြီးလျှင် အဖိုးအတန်ဆုံး မည်သည့်အရာကိုမဆို ကိုယ်တော့်အား ကျွန်ုပ် ပေးပါမည်” ဟု ပြောခဲ့သည်။ သူက၊ “ဘုရားသခင်။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ ဘဝသည် ဘာမျှထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်ကိုယ်ခန္ဓာသည်လည်း ဘာမျှထိုက်ခြင်းမရှိပါ။ ကျွန်ုပ်တွင် ယုံကြည်ခြင်း တစ်ခုတည်းနှင့် ချစ်ခြင်းတစ်ခုတည်းသာ ရှိပါ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ကိုယ်တော်၌ ယုံကြည်ခြင်းရှိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကိုယ်တော့်အတွက် ချစ်ခြင်းရှိပါ၏။ ဤအရာနှစ်ခုသာ ကျွန်ုပ် ကိုယ်တော့်ကို ပေးဖို့ရှိပြီး အခြားမည်သည့်အရာမျှ မရှိပါ” ဟု ပြောခဲ့သည်။ ယေရှု၏ စကားများအားဖြင့် ပေတရု အလွန်ခွန်အားရခဲ့သည်၊ အဘယ့်ကြောင့် ဆိုသော် ယေရှု ကားစင်တင်မခံရမီတွင်၊ ပေတရုကို သူက၊ “ငါသည် ဤလောကနှင့် မစပ်ဆိုင်၊ ပြီးလျှင် သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်ပေ” ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင်၊ ကြီးမားသည့် နာကျင်မှုကို ခံစားရသည့်အခြေအနေအထိ ပေတရုရောက်ရှိသည့်အချိန်တွင်၊ ယေရှုက သူ့ကို၊ “ပေတရု၊ သင် မေ့လျော့ပြီလော။ ငါသည် ဤလောကနှင့် စပ်ဆိုင်ခြင်းမရှိ၊ စောစီးစွာ ငါ ထွက်ခွာခဲ့သည်မှာ ငါ၏ အမှုအတွက်သာ ဖြစ်သည်။ သင်သည်လည်း ဤလောကနှင့် မစပ်ဆိုင်၊ သင် အမှန်တကယ် မေ့လျော့သွားပြီလော။ သင့်ကို ငါ နှစ်ကြိမ် ပြောပြီးဖြစ်သည်၊ သင် အမှတ်မရသလော” ဟု သတိရစေခဲ့သည်။ ဤအရာကို ကြားသည့်အခါ၊ ပေတရုက၊ “ကျွန်ုပ် မမေ့လျော့ပါ” ဟု ပြောခဲ့သည်။ ထို့နောက် ယေရှုက၊ “တစ်ခါက သင်သည် ပျော်စရာအချိန်တစ်ခုနှင့် ငါ၏ ထံပါး၌ အချိန်ကာလတစ်ခုကို ငါနှင့်အတူ ကောင်းကင်ဘုံတွင် ကုန်ဆုံးခဲ့သည်။ သင် ငါ့ကို လွမ်းဆွတ်သတိရပြီး ငါ သင့်ကို လွမ်းဆွတ်မိသည်။ ငါ့အမြင်တွင် ဖန်ဆင်းခြင်းများက ဖော်ပြရန်မထိုက်သော်လည်း၊ အပြစ်ကင်းစင်ပြီး ချစ်ဖွယ်ကောင်းသူ တစ်ဦးကို ငါ အဘယ်သို့ မချစ်ဘဲ နေနိုင်မည်နည်း။ ငါ၏ ကတိကို သင် မေ့လျော့ပြီလော။ ကမ္ဘာမြေပေါ်တွင် ငါ၏ စေခိုင်းသည့် တာဝန်ကို သင် လက်ခံရမည်။ သင့်ကို ငါ အပ်ခဲ့သည့် အလုပ်ကို သင် ဖြည့်ဆည်းရမည်။ ငါ၏ ထံပါးတွင် ရှိဖို့ရန် တစ်နေ့ သင့်ကို ငါ ဧကန်မုချ ဦးဆောင်လမ်းပြမည်” ဟု ပြောခဲ့သည်။ ဤအရာကို ကြားပြီးနောက်တွင်၊ ပေတရုသည် သာ၍ပင် ခွန်အားရခဲ့ပြီး သာ၍ပင် ကြီးမားသော လှုံ့ဆော်မှုကို ရရှိခဲ့သည်မှာ ကားတိုင်ပေါ် သူရှိခဲ့ချိန်တွင်၊ “ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်ပါ။ ကျွန်ုပ်ကို သေဖို့ ကိုယ်တော်စေခိုင်းလျှင်ပင်၊ ကိုယ်တော့်ကို ကျွန်ုပ် ကျေနပ်လောက်အောင် မချစ်နိုင်သေးပါ။ ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော် မည်သည့်နေရာတွင် စေလွှတ်ပါစေ၊ ကိုယ်တော်၏ အတိတ်က ကတိများကို ကိုယ်တော် ပြည့်စုံစေသည်ဖြစ်စေ၊ မပြည့်စုံစေသည်ဖြစ်စေ၊ နောက်ပိုင်းတွင် ကိုယ်တော် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကိုယ်တော့်ကို ကျွန်ုပ်ချစ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ပါ၏” ဟု ပြောနိုင်ခဲ့လေသည်။ သူ ဆုပ်ကိုင်ခဲ့သည်မှာ သူ၏ ယုံကြည်ခြင်းနှင့် စစ်မှန်သော ချစ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” မှ

အရှေ့သို့- ၁) ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် မည်သည့်အရာဖြစ်ပြီး ဘုရားသခင်အတွက် ချစ်ခြင်း၏ အရေးပါမှုသည် မည်သည့်အရာဖြစ်သနည်း

နောက်တစ်ခုသို့- ၃) ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရရှိနိုင်သည့်နည်းလမ်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂) သမ္မာကျမ်းစာ တစ်ခုလုံးသည် ဘုရားသခင် စေ့ဆော်ခြင်းခံရပြီး ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်ဟု ဘာသာရေးလောက က ယုံကြည်ပါသည်၊ ဤအမြင်ရှုထောင့် မှားယွင်းသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု...

၄) လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသည့် လူတို့အကြား ပဓာနကျသော ကွဲပြားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့်...

၁) ဘုရားသခင်၏စိတ်သဘောထားကို သူ၏အမှုတော်မှတစ်ဆင့်သိမြင်နိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်