၃) ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရရှိနိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယနေ့ သင်တို့သည် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းဖို့ ကြိုးစားလုပ်ဆောင်သည့်အခါ တစ်ဖက်၌ အခက်အခဲနှင့် ပြန်လည်ပြုပြင်မှုများကို တောင့်ခံရမည်ဖြစ်ပြီး နောက်တစ်ဖက်၌ သင်တို့သည် ပေးဆပ်မှု ပြုရမည်ဖြစ်သည်။ ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် မည်သည့်သင်ခန်းစာမှ မကြီးမြင့်ပေ။ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်ပင် ဖြစ်သည်ဟုပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်မှုသာရှိပြီး မချစ်ဘူးဆိုလျှင်၊ ဘုရားသခင်အား သိမြင်မှုကို မရရှိဘူးဆိုလျှင်၊ သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဘူးဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းမှာ သင်က ဘုရားသခင်ကို မချစ်ဘူးဆိုလျှင် သင်သည် အလဟဿ အသက်ရှင်နေခြင်းဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် သက်ရှိအားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝ တစ်လျှောက်လုံး၌ သင်က ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဘူးဆိုလျှင် သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ အလကားသက်သက် ဖြစ်မနေဘူးလော။ ဆိုလိုသည်မှာ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးမည်ဆိုလျှင် သူတို့သည် ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပေါ်ယံပုံစံနှင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်က သီချင်းဆိုခြင်းနှင့် ကခြင်းကို စိတ်အားထက်သန်ပြီး အမှန်တရားကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် ဘုရားသခင်ကို ချစ်ပါသည်ဟု သင်ဆိုနိုင်ပါမည်လော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ စူးစမ်းခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို သိဖို့ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်နှင့် သူ၏အလိုတော်ကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့ကို သိဖို့ကြိုးစားခြင်းတို့ လိုအပ်သည်။ ဥပမာ- သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်နှင့် သူ၏အလိုတော်နှင့်ပတ်သက်၍ သင်မည်ကဲ့သို့ သတိရှိသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ဘေးဖယ်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ၊ လူတို့သည် ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာကြလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ရုတ်တရက် စိတ်ဆိုးသည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...။ ၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို မနာခံသည့်အထိ၊ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်လာလေလေ ဖြစ်သည်။ ဇာတိပကတိကို ပိုပြီး ကျေနပ်မှုပေးလေလေ၊ ဇာတိပကတိ၏ အားနည်းချက်များက ပိုပြီး ကြီးလာလေလေဖြစ်သည်။ သင်၏အားနည်းချက်များကို မည်သူမျှ မစာနာဟု သင်အမြဲတမ်း ခံစားရမည်၊ ဘုရားသခင်က သိပ်လွန်သွားပြီဟု သင်အမြဲတမ်း ယုံကြည်ပြီး “ဘုရားသခင်က အဘယ်ကြောင့် အလွန်ရက်စက်နိုင်ရသနည်း။ အဘယ်ကြောင့် လူများကို အနားမပေးသနည်း” ဟု သင်ပြောလိမ့်မည်။ လူတို့အနေဖြင့် ဇာတိပကတိကို အလွန်အမင်းလိုက်လျောပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသောအခါ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကြသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ဇာတိပကတိကို မကျေနပ်စေဘူးဆိုလျှင် ဘုရားသခင်လုပ်ဆောင်သည့် အရာတိုင်းက အလွန်မှန်ကန်ပြီး အလွန်ကောင်းမွန်လှသည်ကို သင်မြင်ရမည်ဖြစ်ပြီး၊ သင်၏ပုန်ကန်မှုအတွက် ဘုရားသခင်၏ ကျိန်ဆဲမှု၊ သင်၏မဖြောင့်မတ်မှုအတွက် တရားစီရင်မှုသည် တရားမျှတသည်ကို သင်မြင်ရမည်ဖြစ်သည်။ ဘုရားသခင်က သင့်ကို ဆုံးမသည့်အချိန်၊ ပဲ့ပြင်သည့်အချိန်၊ သင့်ကိုအကြမ်းခံအောင် ပြုရန်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည့်အချိန်၊ သူ့ရှေ့လာစေဖို့အတွက် သင့်ကို တွန်းအားပေးသည့် အချိန်များ ရှိမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အံ့သြစရာကောင်းသည်ဟု သင်အမြဲတမ်း ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် နာကျင်မှုသိပ်မရှိသလို သင်ခံစားရမည်ဖြစ်ပြီး ဘုရားသခင်သည် အလွန်ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်နေပြီး ဘုရားသခင်က သိပ်လွန်သွားသည်ဟုပြောလျှင် သင်သည် နာကျင်မှုကို အမြဲတမ်းခံစားရမည်၊ အမြဲတမ်း စိတ်ဖိစီးနေမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုအားလုံးနှင့်ပတ်သက်ပြီး မရှင်းမလင်း ဖြစ်နေမည်ဖြစ်သည်။ ထို့ပြင် ဘုရားသခင်က လူသား၏ အားနည်းချက်ကို မစာနာ၊ လူသား၏ အခက်အခဲများကို သတိမပြုသည့်အလား ထင်နေရမည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် တရားမမျှတမှုကြီးကို ခံစားနေရသည့်အလား စိတ်ဆင်းရဲပြီး အထီးကျန်ဆန်နေလိမ့်မည်ဖြစ်ကာ သင်သည် ဤအချိန်၌ စပြီးမကျေမနပ် ပြောဆိုလာပါလိမ့်မည်။ သင်သည် ဤနည်းလမ်းနှင့် ဇာတိပကတိ၏ အားနည်းချက်များကို အလိုလိုက်လေလေ၊ အခြေအနေက အလွန်ဆိုးလာပြီး သင့်အနေဖြင့် ဘုရားသခင်၏အမှုကို ငြင်းဆိုလာသည့်အထိ၊ ဘုရားသခင်ကို စတင်ဆန့်ကျင်လာသည့်အထိ၊ လုံးဝမနာခံတော့သည်အထိ ဘုရားသခင်က လွန်လွန်းသည်ဟု ခံစားရလေလေ ဖြစ်မည်ပင်။ ထို့ကြောင့် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရမည်ဖြစ်ပြီး ၎င်းကို အလိုလိုက်ခြင်း မရှိရ။ “ငါ့ယောက်ျား (မိန်းမ)၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ငါကြိုးစားရမည်။” သင်၌ ဤဆုံးဖြတ်ချက် ရှိဖို့လိုသည်။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သင်အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါ သိပ်အားထုတ်စရာမလိုဘဲ ထိုသို့ပြုလုပ်နိုင်ပါလိမ့်မည်။ လမ်းပေါ်မှာ အေးခဲတောင့်တင်းနေသည့် မြွေကို မြင်သော လယ်သမားတစ်ယောက် ရှိ၏။ လယ်သမားက မြွေကို ကောက်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲ၌ ထွေးပွေ့ထားလိုက်သည်။ မြွေက ပြန်လည် သတိရလာသည့်အခါ လယ်သမားကို သေအောင် ကိုက်လိုက်တော့သည်။ လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏တွန်းလှန်မှုကို သင်မည်ကဲ့သို့လုပ်ဆောင်သနည်း ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့၏၊ သို့သော်လည်း အကယ်၍ သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အမြဲဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ သင်သည် စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ကို ချစ်လိုလျှင် နာကျင်မှုဟူသည့် အဖိုးအခကို ၎င်းတို့ ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် ပြင်ပစိတ်အားထက်သန်မှုနှင့် အခက်အခဲများဖြစ်ဖို့ မလိုပေ။ ထိုအစား ၎င်းတို့အနေဖြင့် မိမိတို့အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်- လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ ၎င်းတို့၏ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

လူသားသည် အမှောင်စွမ်းအား၏ ဖုံးကွယ်ပိတ်ဆီးမှုအောက်တွင် အစဉ်နေထိုင်ပြီး စာတန်၏ စွမ်းအား၏ ကျေးကျွန်အဖြစ် ထိန်းချုပ်ခံရကာ မလွတ်မြောက်နိုင်ဘဲ၊ သူ၏ စိတ်နေသဘောထားသည် စာတန်၏ ပြုပြင်မှု ခံရပြီးနောက် တိုး၍အကျင့်ပျက်လာ၏။ လူသားသည် ၎င်း၏အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားအကြားတွင် အမြဲနေထိုင်ခဲ့ပြီး ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဟု ဆိုနိုင်သည်။ ထိုသို့ဖြစ်သဖြင့် လူသားသည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက မိမိကိုယ်မိမိ သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ အထက်စီးဆန်ခြင်း၊ စိတ်ကြီးဝင်ခြင်းနှင့် စာတန်၏ စိတ်သဘောထားနှင့် အလားတူသော အရာအားလုံးတို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်ဆန်သော ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ သဘောကျထောက်ခံမှုကို လုံးဝမရရှိနိုင်သော ချစ်ခြင်းဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက် စုံလင်စေခြင်းခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ချိုးဖျက်ခံရခြင်း၊ ပြုပြင်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် စစ်ဆေးခံရခြင်း မရှိဘဲ ဘုရားသခင်ကို မည်သူမှ စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်” မှ

လူတို့သည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် ဆက်သွယ်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ လှည့်နိုင်သည့်အခါ၊ ဤသည်မှာ ဘုရားသခင်အတွက် လူသား၏ ချစ်ခြင်းတွင် ပထမအဆင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ချစ်လိုပါက ပထမဆုံး သင့်နှလုံးသားကို သူ့ထံ လှည့်နိုင်ရမည်။ ဘုရားသခင်ထံ သင့်နှလုံးသားကို လှည့်ခြင်းဆိုသည်မှာ အဘယ်နည်း။ သင့်နှလုံးသား၌ လိုက်စားသည့် အရာတိုင်းသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ရရှိခြင်းအတွက် ဖြစ်သည့်အခါ ဖြစ်သည်။ ဤအရာက သင်သည် ဘုရားသခင်ထံ သင့်နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်သည်ကို ပြသည်။ ဘုရားသခင်နှင့် သူ၏ နှုတ်ကပတ်တော်များမှလွဲ၍ သင့် စိတ်နှလုံးထဲ၌ အခြားအရာ (မိသားစု၊ ချမ်းသာမှု၊ လင်ယောက်ျား၊ ဇနီးမယား၊ သားသမီးများ စသည်ဖြင့်) ဘာမျှမရှိလုနီးပါးဖြစ်သည်။ ရှိလျှင်ပင် ထိုသို့သော အရာများက သင့် စိတ်နှလုံး၌ နေရာမယူနိုင်သကဲ့သို့ သင်သည် သင်၏ အနာဂတ် အလားအလာများကို မတွေးဘဲ ဘုရားသခင်အား ချစ်ခြင်းကိုသာ လိုက်စားလေသည်။ ထိုသို့သော အချိန်၌ သင်သည် ဘုရားသခင်ထံ သင်၏ နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်လိမ့်မည်။ သင့်နှလုံးသား၌ သင့်အတွက် အစီအစဉ်များကို သင်ပြုလုပ်နေသေးပြီး ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ကို အမြဲလိုက်စားနေကာ၊ “ဘုရားသခင်ထံ သေးငယ်သော တောင်းဆိုမှုတစ်ခုကို ကျွန်ုပ် မည်သည့်အချိန်တွင် ပြုနိုင်သနည်း။ ကျွန်ုပ်၏ မိသားစု မည်သည့်အချိန်တွင် ချမ်းသာကြွယ်ဝလာမည်နည်း။ ဝတ်ကောင်းစားလှအချို့ကို မည်သည့်အချိန်တွင် ကျွန်ုပ် ရနိုင်မည်နည်း။...” ဟု အမြဲတွေးနေပါက၊ ယင်းအခြေအနေတွင် သင် အသက်ရှင်နေပါက၊ သင့်နှလုံးသားက ဘုရားသခင်ထံ အပြည့်အဝ မလှည့်သေးဟု ပြပေသည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ရှိပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်ကာ- သူက သင်နှင့် အလွန် ရင်းနှီးသည့်အလား၊ ဘုရားသခင်က သင့်အတွင်း၌ ရှိပြီး သင်က သူ့အတွင်း၌ ရှိသည့်အလား- တစ်ချိန်လုံး သူနှင့် ရင်းနှီးလာနိုင်ပါက၊ သင်သည် ထိုအခြေအနေမျိုးတွင် ရှိပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ မျက်မှောက်၌ ရှိသည်ဟု ဆိုလိုပေသည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ပါက၊ အသင်းတော်၏ အလုပ်ကို အမြဲ စဉ်းစားနေပါက၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ထောက်ထားပါက၊ သူ့ကိုစစ်မှန်စွာ ချစ်ပြီး သူ၏ စိတ်နှလုံးကို ကျေနပ်စေဖို့ သင်၏ စိတ်နှလုံးကို အသုံးပြုပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ပေလိမ့်မည်။ အကယ်၍ သင်၏စိတ်နှလုံးသည် အခြားအရာအချို့၏ နေရာယူခြင်းကို ခံရပါက၊ သင့်စိတ်နှလုံးသည် စာတန်၏ နေရာယူထားခြင်းကို ခံရဆဲဖြစ်ပြီး ဘုရားသခင်ထံ အမှန်တကယ် မလှည့်သေးချေ။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် လှည့်ပြီးသည့်အခါ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်ပြီး သဘာဝအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုကို ထောက်ထားနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် မိုက်မဲပြီး မလျော်ကန်သော အခိုက်အတန့်များ ရှိနိုင်သေးသော်လည်း၊ ဘုရားသခင်၏အိမ်တော်၏ အကျိုးများ၊ သူ၏ အမှုနှင့် ၎င်းတို့ကိုယ်တိုင်၏ စိတ်သဘောထား ပြောင်းလဲမှုတို့အတွက် ပူပန်မှုကို ပြသကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များ မှန်ကန်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်” မှ

သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သူ၏ရယူခြင်းခံရဖို့ ဆန္ဒရှိပါက၊ ပထမခြေလှမ်းမှာ ဘုရားသခင်ထံ သင့်နှလုံးသားကို လုံးဝ လှည့်လိုက်ဖို့ ဖြစ်သည်။ သင်လုပ်သမျှ တစ်ခုစီတိုင်း၌၊ သင့်ကိုယ်သင် စိစစ်ကာ၊ “ဘုရားသခင်အတွက် ချစ်ခြင်းစိတ်နှလုံးတစ်ခုကို အခြေခံကာ ဤအရာကို ငါ လုပ်နေသလား။ ဤအရာ၏ နောက်ကွယ်တွင် ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များ တစ်ခုတလေ ရှိသလား။ ဤအရာကို လုပ်ဆောင်ရာတွင် ကျွန်ုပ်၏ တကယ့်ရည်မှန်းချက်မှာ အဘယ်နည်း” ဟု မေးလော့။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ သင် လွှဲပြောင်းလိုပါက၊ ပထမဦးစွာ သင်ကိုယ်တိုင်၏ စိတ်နှလုံးကို သင်ချိုးနှိမ်ရမည်၊ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်အားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် အပြည့်အဝ ဖြစ်တည်မှု အခြေအနေတစ်ခုကို ရရှိရမည်။ ဤသည်မှာ ဘုရားသခင်ထံ သင်၏နှလုံးသားကို ပေးအပ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း လမ်းကြောင်းဖြစ်သည်။ မိမိကိုယ်တိုင်၏ စိတ်နှလုံးကို ချိုးနှိမ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ မိမိ၏ဇာတိပကတိ၏ လွန်ကဲသော စိတ်ဆန္ဒများကို လက်လွှတ်ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း သို့မဟုတ် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို တပ်မက်မှု မရှိခြင်း ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်စေရန် အရာရာကို လုပ်ဆောင်ခြင်းနှင့် မိမိစိတ်နှလုံးကို မိမိကိုယ်တိုင်အတွက် မဟုတ်ဘဲ သူ့အတွက် အပြည့်အဝ ဖြစ်စေခြင်း ဖြစ်သည်။ ဤသည်မှာ လုံလောက်ပေသည်။

ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းသည် နှလုံးသားအတွင်း နက်ရှိုင်းသောနေရာမှ လာ၏။ ယင်းသည် ဘုရားသခင်နှင့်ဆိုင်သော လူသား၏အသိပညာ၏ အခြေခံအကြောင်းရင်းအပေါ်တွင်သာ တည်ရှိသည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံ လုံးဝ လှည့်သောအခါ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ၎င်းတွင် ရှိသော်လည်း ထိုအချစ်သည် သေချာပေါက် ဖြူစင်သည် မဟုတ်သကဲ့သို့ သေချာပေါက် စုံလင်သည်လည်း မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ထံ လူတစ်ယောက်၏ နှလုံးသား လုံးဝလှည့်ခြင်းနှင့် ထိုလူက ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုနှင့် သူ့အပေါ်၌ စစ်မှန်သည့် ကြည်ညိုမှုရှိခြင်းတို့ အကြားတွင် ကွာဟချက်တစ်ခု ရှိသေးသောကြောင့် ဖြစ်၏။ လူသားက ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်း ရရှိပြီး ဘုရားသခင်၏ စိတ်သဘောထားကို သိရှိလာသည့် နည်းလမ်းမှာ ဘုရားသခင်ထံ ၎င်းတို့၏ စိတ်နှလုံးကို လှည့်ဖို့ဖြစ်သည်။ လူသားသည် မိမိ၏ စစ်မှန်သည့် စိတ်နှလုံးကို ဘုရားသခင်အား ပေးလိုက်သည့်အခါ၊ သူသည် အသက်တာ၏ အတွေ့အကြုံထဲသို့ စတင်ဝင်ရောက်လေသည်။ ဤနည်းဖြင့် သူ၏ စိတ်သဘောထားသည် စတင်ပြောင်းလဲကာ ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမေတ္တာ တဖြည်းဖြည်း ကြီးထွားလာပြီး၊ ဘုရားသခင်နှင့်ဆိုင်သော သူ၏ အသိပညာသည်လည်း တဖြည်းဖြည်း တိုးပွားပေသည်။ ထို့ကြောင့် လူတစ်ဦး၏စိတ်နှလုံးကို ဘုရားသခင်ထံ လှည့်ခြင်းက ဘဝအတွေ့အကြုံ၏ လမ်းမှန်ပေါ် ရောက်ဖို့ရန် မရှိမဖြစ် လိုအပ်ချက်သာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ရှေ့၌ မိမိတို့၏ စိတ်နှလုံးများကို ထားရှိသည့်အခါ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်၍ သိနားလည်မှု မရှိကြသောကြောင့် သူ့ကို တောင့်တသော စိတ်နှလုံးသာ ရှိပြီး သူ့အတွက် ချစ်ခြင်းမေတ္တာ မရှိကြချေ။ ဤအခြေအနေ၌ သူ့အတွက် ချစ်ခြင်းအချို့ ၎င်းတို့၌ ရှိကြသော်လည်း ယင်းသည် သဘာဝအလျောက် မဟုတ်သကဲ့သို့ စစ်မှန်ခြင်း မရှိချေ။ ဤသို့ဖြစ်ရခြင်းမှာ လူသား၏ ဇာတိပကတိမှလာသော အရာတိုင်းက စိတ်ခံစားမှု၏ ရလဒ်ဖြစ်ပြီး စစ်မှန်သော သိနားလည်ခြင်းမှ လာခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းသည် တဒင်္ဂဖြစ်ပေါ်သည့် စေ့ဆော်မှုတစ်ခုသာဖြစ်ပြီး ကြာရှည်တည်မြဲသည့် မြတ်နိုးမှု မရရှိနိုင်ပေ။ လူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော သိနားလည်မှု မရှိသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ နှစ်သက်မှုများနှင့် မိမိတို့၏ တစ်ဦးချင်း အယူအဆများအပေါ်၌ အခြေခံ၍သာ သူ့ကို ချစ်နိုင်သည်။ ဤချစ်ခြင်းမျိုးကို သဘာဝအလျောက်ချစ်ခြင်းဟု မခေါ်နိုင်သကဲ့သို့ စစ်မှန်သော ချစ်ခြင်းဟုလည်း မခေါ်ဆိုနိုင်ပေ။ လူသားတစ်ဦး၏ နှလုံးသားသည် ဘုရားသခင်ထံ စစ်မှန်စွာ လှည့်နိုင်ပြီး အရာရာတွင် ဘုရားသခင်၏ အကျိုးများကို တွေးတောနိုင်စွမ်း ရှိကောင်းရှိနိုင်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သော သိနားလည်မှု ၎င်း၌ မရှိပါက၊ ၎င်းသည် စစ်မှန်စွာ သဘာဝအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာကို ရှိနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ၎င်း လုပ်နိုင်လိမ့်မည့်အရာမှာ အသင်းတော်အတွက် လုပ်ငန်းတာဝန်အချို့ကို ဖြည့်ဆည်းဖို့ သို့မဟုတ် ၎င်း၏တာဝန်ကို အနည်းငယ် ဆောင်ရွက်ဖို့ ဖြစ်သည်၊ သို့သော် ၎င်းက အကြောင်းရင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ပေလိမ့်မည်။ ဤလူစားမျိုး၏ စိတ်သဘောထားသည် ပြောင်းလဲဖို့ ခက်ခဲ၏။ ထိုသို့သော လူတို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ နားလည်းမလည်ပေ။ လူတစ်ဦးသည် ဘုရားသခင်ထံ မိမိနှလုံးသားကို လုံးဝ လှည့်လိုက်လျှင်ပင်၊ ၎င်း၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသော သူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ရှိကြသည်မှာ သေချာပေါက် မဟုတ်သောကြောင့် ၎င်းတို့၏ ဘုရားသခင်ကို ချစ်ခြင်း စိတ်နှလုံးသည် လုံးဝ ဖြူစင်သည်ဟု မဆိုလိုပေ။ ဤသည်မှာ ဘုရားသခင်အား သိနားလည်ဖို့ အားထုတ်သောသူ၊ အားမထုတ်သောသူတို့ကြား ကွာခြားချက်နှင့် သက်ဆိုင်သည်။ လူတစ်ဦးသည် ဘုရားသခင်နှင့်ဆိုင်သော သိနားလည်ခြင်းတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက် သူ၏နှလုံးသားသည် ဘုရားသခင်ထံ လုံးဝ လှည့်ပြီးဖြစ်သည်ကို ပြ၏။ ၎င်းတို့ စိတ်နှလုံးထဲက ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာက သဘာဝအလျောက်ဖြစ်သည်ကို ပြ၏။ ဤသို့သော လူမျိုးကသာ ၎င်း၏နှလုံးသား၌ ဘုရားသခင်ရှိသောသူ ဖြစ်သည်။ ဘုရားသခင်ထံ မိမိနှလုံးသားကို လှည့်ခြင်းသည် လမ်းမှန်ပေါ် မိမိရောက်ရှိခြင်းအတွက်၊ ဘုရားသခင်ကို သိနားလည်ခြင်းအတွက်၊ ဘုရားသခင်၏ ချစ်ခြင်းကို ရရှိခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကိုချစ်ဖို့ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်း အမှတ်အသား မဟုတ်သကဲ့သို့ သူ့အတွက် စစ်မှန်သော ချစ်ခြင်းရှိခြင်း၏ အမှတ်အသားလည်း မဟုတ်ပေ။ တစ်စုံတစ်ဦးအတွက် ဘုရားသခင်ကို စစ်မှန်သောချစ်ခြင်း ရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့၏နှလုံးသားကို သူ့ထံလှည့်ဖို့ ဖြစ်ပြီး၊ ယင်းသည် သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးအနေဖြင့် လုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာလည်းဖြစ်သည်။ ဘုရားသခင်ကို ချစ်သောသူများသည် အသက်ကို လိုက်စားသူများအားလုံး ဖြစ်သည်၊ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားသောသူများနှင့် ဘုရားသခင်ကို အမှန်တကယ် လိုချင်သောသူများ ဖြစ်သည်။ ၎င်းတို့ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းရှိပြီး သူ၏တို့ထိခြင်းကို ခံထားရကြသည်။ ၎င်းတို့အားလုံး ဘုရားသခင်၏ လမ်းပြမှုကို ရရှိနိုင်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်” မှ

ယနေ့ ဘုရားသခင်ကို သင်မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့် သင်ယူသင့်သည့် အရာများဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ထားပြီး လူသားကို တွေ့မြင် ခွင့်ပေးထားသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ်သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူမည်နည်း။ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သာဖြစ်ပါက၊ ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးမားလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးထွားလာမှု နည်းလေလေဖြစ်ပြီး၊ သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတို့တွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် သူတို့ စစ်ဆေးခြင်းခံရစဉ် ကြီးမားစွာ ဒုက္ခခံရသူများ၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ကို သင်တွေ့ရမည်ဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများ ဖြစ်ကြောင်းကို သင်တွေ့ရလိမ့်မည်။ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က- “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ဘုရားသခင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ ညှဉ်းပန်းနှိပ်စက်မှုသည် ၎င်းတို့၏အသက်များ အတွက် အကျိုးရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သာ၍ ငြိမ်သက်ခြင်း ရှိနိုင်ကြသည်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် သာ၍နီးစပ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အထွတ်အထိပ် ချစ်ခြင်းမေတ္တာနှင့် သူ၏ အမြင့်မားဆုံးသော ကယ်တင်ခြင်းကို သာ၍ကောင်းစွာ မြင်နိုင်ကြလေသည်။ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့သကဲ့သို့၊ ယောဘသည်လည်း စမ်းသပ်ခြင်းအချို့ကို ဖြတ်သန်း ခဲ့ရသည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် ဆန္ဒရှိပါက၊ သင်တို့သည်လည်း စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံရမည်ဖြစ်သည်။ ဤဖြစ်စဉ်ကို သင်တို့ ဖြတ်သန်းပြီး ဤအဆင့်ပေါ်တွင် အားထားမှသာလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်သည်။ စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ အခက်အခဲမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စမ်းသပ်မခံရပါက၊ စစ်ဆေးခြင်းကို အမှန်တကယ် ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်၏မနာခံမှု မည်မျှ ကြီးမားသည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပိုမိုကောင်းမွန်စွာ စုံလင်ခြင်းခံရနိုင်စေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” မှ

အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့လိုပါက၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်တကယ် တွေ့ကြုံလိုပါက၊ သင်သည် လက်တွေ့အရှိတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရမည်၊ စစ်မှန်သော ဘဝအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး ဘုရားသခင် ပြုသမျှသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ ဖြစ်ကြောင်း၊ သူပြုသမျှသည် မသန့်ရှင်းသည့် အရာများကို လူတို့ချန်ထားခဲ့နိုင်ရန် သူတို့ကို အထောက်အကူပေးဖို့ ဖြစ်ကြောင်း၊ ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သော လူတို့အတွင်းရှိ အရာများကို စစ်ဆေးဖို့ဖြစ်ကြောင်း သင့်အနေဖြင့် မြင်ရမည်။ ဘုရားသခင်သည် လူတို့ကို ထောက်ပံ့ရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြု၏။ လူသားတို့ ကြုံတွေ့ ခံစားရန်အတွက် လက်တွေ့ဘဝနှင့် ဆိုင်သည့် အခြေအနေများကို သူ စီစဉ်ပေးသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို စားသောက်ပါက၊ သူတို့အနေဖြင့် ထိုအရာများကို အကယ်စင်စစ် လက်တွေ့လုပ်ဆောင်သောအခါ၊ သူတို့၏ အသက်တာများထဲမှ အခက်အခဲအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အများအပြားကို အသုံးပြုကာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ လက်တွေ့အရှိတရားထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ရန်အတွက် သင့်ထံ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိနေရမည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းလည်း မရှိ၊ သင့်ထံ၌ ဘုရားသခင်၏ အမှုလည်း မရှိပါက၊ သင်၏လက်တွေ့ဘဝတွင် မည်သည့် လမ်းကြောင်းမျှ ရှိမည်မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ခါမျှ မစားမသောက်ပါက၊ တစ်စုံတစ်ခု ဖြစ်လာသောအချိန်တွင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်လိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သင့်သည်ကိုသာ သင်သိသည်၊ သို့သော် သင်သည် မည်သည့်ပိုင်းခြားခြင်းကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိ၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းလည်း သင်၌ မရှိပေ။ သင်သည် မရေမရာနှင့် စိတ်ရှုပ်ထွေးနေပြီး ဇာတိပကတိကို ဖြည့်ဆည်းခြင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်း ဖြစ်သည်ဟုပင် တစ်ခါတစ်ရံတွင် သင်ယုံကြည်၏— ဤအရာအားလုံးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ခြင်း၏ အကျိုးဆက် ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အကူအညီမပါဘဲ၊ လက်တွေ့အရှိတရားအတွင်းတွင်သာ စမ်းတဝါးဝါး ရှာဖွေနေပါက၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို အခြေခံအားဖြင့် သင်ရှာဖွေနိုင်စွမ်းမရှိပေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို ချစ်ခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကို နားလည်ရန်ဝေးစွ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကိုပင် အကယ်နားမလည်ကြပေ။ အကယ်၍ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို အသုံးပြုပြီး မကြာခဏ ဆုတောင်းခြင်း၊ စူးစမ်းခြင်းနှင့် ရှာဖွေခြင်းတို့ကို ပြုလုပ်ကာ၊ ဤအရာမှတစ်ဆင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို တွေ့ရှိပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အတွက် အခွင့်အရေးများကို ရှာဖွေ၍ ဘုရားသခင်နှင့် စစ်မှန်စွာ ပူးပေါင်းလျက် မရေမရာလည်းမဖြစ် စိတ်လည်း ရှုပ်ထွေးမနေတော့လျှင်၊ သင်သည် လက်တွေ့ဘဝတွင် လမ်းကြောင်းတစ်ခုကို ရရှိကာ ဘုရားသခင်ကို အမှန်တကယ် စိတ်ကျေနပ်စေနိုင်မည် ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်အောင် သင်ပြုလုပ်ပြီးသောအခါ၊ သင့်အထဲတွင် ဘုရားသခင်၏ လမ်းညွှန်မှု ရှိလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အထူးတလည် ကောင်းချီးပေးခြင်းကို ခံရမည်ဖြစ်ကာ ထိုအရာက သင့်ကို ပျော်ရွှင်ခြင်း အသိစိတ်တစ်ခု ပေးမည်ဖြစ်သည်- ဘုရားသခင်ကို စိတ်ကျေနပ်စေပြီးဖြစ်သည်ကို သင်သည် အထူးဂုဏ်ယူမိပြီး၊ စိတ်ထဲတွင် အထူးသဖြင့် ကြည်လင်ရွှင်ပျကာ သင်၏ စိတ်နှလုံးထဲတွင် ရှင်းလင်း၍ ငြိမ်သက်လာမည် ဖြစ်သည်။ သင်၏ အသိစိတ်သည် နှစ်သိမ့်မှုကို ခံစားရကာ အပြစ်တင်ခြင်းများနှင့် ကင်းဝေး၍ သင်၏ ညီအစ်ကို မောင်နှမများကို တွေ့ရသည့်အချိန်တွင် သင့်စိတ်ထဲ၌ သာယာပျော်ရွှင်မှုကို ခံစားရမည် ဖြစ်သည်။ ထိုသို့ခံစားရခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ မွေ့လျော်ခြင်း ဖြစ်ပြီး၊ ထိုသို့ခံစားရခြင်းသည်သာလျှင် ဘုရားသခင်၌ စစ်မှန်စွာ မွေ့လျော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့၏မွေ့လျော်ခြင်းသည် တွေ့ကြုံခံစားမှုမှတစ်ဆင့် ရရှိနိုင်သည်။ အခက်အခဲနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို တွေ့ကြုံခံစားခြင်းအားဖြင့် သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိကြသည်။ အကယ်၍ သင်သည် ဘုရားသခင်က သင့်အား အမှန်တကယ် ချစ်ကြောင်း၊ ဘုရားသခင်သည် လူတို့အတွက် ကြီးလေးသော အဖိုးအခကို ဧကန်အမှန် ပေးခဲ့ကြောင်း၊ ဘုရားသခင်သည် မြောက်မြားစွာသော နှုတ်ကပတ်တော်တို့ကို စိတ်ရှည်စွာ၊ ကြင်နာစွာဖြင့် ပြောကြားခဲ့ပြီး လူတို့ကို အမြဲတမ်း ကယ်တင်ကြောင်းကိုသာ ပြောရုံသာ ပြောပါက၊ ဤစကားများကို သင်ပြောဆိုခြင်းသည် ဘုရားသခင်၌ မွေ့လျော်ခြင်း၏ ဘက်တစ်ဖက်သာ ဖြစ်သည်။ သို့သော်လည်း ပို၍ ကြီးမားသော ပျော်ရွှင်မှု- စစ်မှန်သော ပျော်ရွှင်မှုမှာ- လူသားတို့အနေဖြင့် သူတို့၏ လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အချိန်၌ ဖြစ်၏၊ ထို့နောက်တွင် သူတို့၏ နှလုံးသားထဲ၌ ငြိမ်သက်ခြင်းနှင့် ရှင်းလင်းမှုကို ခံစားကြရ၏။ သူတို့သည် အတွင်း၌ ကြီးစွာ စိတ်ထိတွေ့လှုပ်ရှားပြီး ဘုရားသခင်သည် ချစ်ခင်နှစ်သက်ဖွယ် အကောင်းဆုံးဖြစ်သည်ဟု ခံစားရသည်။ သင်ပေးခဲ့သော အဖိုးအခသည် ပေးဆပ်ထိုက်သည်ထက် ပိုများသည်ဟု သင်ခံစားရလိမ့်မည်။ သင့်ကြိုးစားအားထုတ်မှု၌ ကြီးမားသော အဖိုးအခကို ပေးထားပြီးဖြစ်ရာ သင့်စိတ်ထဲတွင် အထူးအားတက်လာလိမ့်မည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ အမှန်တကယ် မွေ့လျော်နေသည်ဟု ခံစားလာရပြီး ဘုရားသခင်သည် လူတို့အထဲတွင် ကယ်တင်ခြင်းအမှုအား လုပ်ဆောင်ပြီး ဖြစ်ကြောင်း၊ ဘုရားသခင်က လူသားများကို စစ်ဆေးခြင်းသည် သူတို့ကို သန့်စင်ရန်ဖြစ်ကြောင်း နှင့် ၎င်းတို့က သူ့အား အမှန်တကယ် ချစ် မချစ်ကို စမ်းသပ်ရန် ဘုရားသခင်က စစ်ကြောခြင်းဖြစ်ကြောင်းတို့ကို သင် နားလည်လာလိမ့်မည်။ သင်သည် သမ္မာတရားကို ဤသို့ အမြဲပင် လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏ အမှု များစွာနှင့်ပတ်သက်သည့် ရှင်းလင်းသော အသိတစ်ခုကို တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး၊ ထိုအချိန်တွင် သင့်ရှေ့၌ရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖန်သားတမျှ ရှင်းလင်းပြတ်သားသည်ဟု ခံစားလာရလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားများစွာကို ရှင်းလင်းစွာ နားလည်နိုင်ပါက၊ ကိစ္စအားလုံးသည် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူကြောင်း၊ ပြဿနာတိုင်းကို အောင်မြင်ကျော်လွှားနိုင်ကာ မည်သည့် စုံစမ်းသွေးဆောင်မှုကိုမဆို အနိုင်ယူနိုင်ကြောင်း ခံစားလာရမည်ဖြစ်ပြီး၊ မည်သည့်ကိစ္စကမျှ သင့်အတွက် ပြဿနာ မဟုတ်ကြောင်း သိမြင်လာမည်၊ ထိုသို့ခံစားသိမြင်ခြင်းက သင့်အား ကြီးစွာ လွတ်လပ်စေပြီး လွတ်မြောက်စေလိမ့်မည်။ ဤအချိန်၌ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်နေလိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် သင့်အပေါ်သို့ သက်ရောက်ပြီး ဖြစ်လိမ့်မည်။ သမ္မာတရား၊ အသိဉာဏ်နှင့် ရူပါရုံများရှိပြီး သူ့ကို အမှန်တကယ်ချစ်သောသူများကို ဘုရားသခင်သည် ကောင်းချီးပေး၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရန် ဆန္ဒရှိပါက၊ သူတို့အနေဖြင့် လက်တွေ့ဘဝတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ ဝေဒနာကို တောင့်ခံလိုစိတ် ရှိရမည်ဖြစ်ပြီး ဘုရားသခင် စိတ်ကျေနပ်စေရန် သူတို့ချစ်သော အရာများကို စွန့်လွှတ်ရမည်။ ထို့အပြင် သူတို့မျက်လုံးထဲတွင် မျက်ရည်များ ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်နှလုံးကျေနပ်စေရန်အတွက် ပြုလုပ်နိုင်ကြရမည်။ ထိုသို့ပြုလျှင် ဘုရားသခင်သည် သင့်အား အမှန်တကယ် ကောင်းချီးပေးမည်ဖြစ်သည်။ ထိုသို့သော အခက်အခဲကို သင်သည်းခံနိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကလည်း နောက်မှ လိုက်လာလိမ့်မည်။ လက်တွေ့ဘဝအားဖြင့် သော်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းအားဖြင့် သော်လည်းကောင်း၊ လူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို မြင်နိုင်စွမ်းရှိကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းကြည့်ဖူးမှသာလျှင် သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်ကြမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ သမ္မာတရားကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်လေလေ ဘုရားသခင်က ကောင်းချီးပေးလေလေ ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ သင့်အပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပေတရုက ဘုရားသခင်ကို သိကျွမ်းလာခဲ့သည့်နည်းတူ သင့်အား တဖြည်းဖြည်း တွေ့မြင်စေလိမ့်မည်- ဘုရားသခင်၌ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသော ဉာဏ်ပညာ ရှိရုံမျှသာမကဘဲ၊ ထို့အပြင် လူတို့ထဲတွင် စစ်မှန်သော အမှုကို ပြုနိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ပေတရုက ပြောခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောကြောင့်သာမက၊ ထို့အပြင် လူကို ဖန်ဆင်းနိုင်သော၊ ကယ်တင်နိုင်သော၊ လူကို စုံလင်အောင် ပြုလုပ်နိုင်သော၊ လူထံ၌ သူ၏ချစ်ခြင်းမေတ္တာကို ပေးထားခဲ့နိုင်သော သူ့အစွမ်းတို့ကြောင့်လည်း လူတို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်ဟု ပေတရုက ပြောခဲ့သည်။ ထို့ကြောင့် ပေတရုက ဘုရားသခင်ထံတွင် လူသားတို့ ချစ်မြတ်နိုးရန် ထိုက်တန်သော အရာများစွာရှိသည်ဟုလည်း ပြောခဲ့၏။ “လူတို့၏ချစ်ခြင်းကို ကိုယ်တော်ခံထိုက်သည့် အကြောင်းရင်းမှာ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခြင်းကြောင့်သာ ဖြစ်ပါသလော။ ကိုယ်တော်ထံတွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အရာများစွာရှိပါ၏။ ကိုယ်တော်သည် လက်တွေ့ဘဝတွင် ပြုမူလုပ်ဆောင်ပြီး လှုပ်ရှား သွားလာတော်မူသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား အတွင်း၌ တို့ထိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်အား အပြစ်တင်ကာ ဆုံးမတော်မူသည်— ဤအရာများက လူတို့၏ချစ်ခြင်းကို သာ၍ခံထိုက်ပါ၏။” ဟု ပေတရုက ယေရှုကို ပြောခဲ့သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့ကာ ကြုံတွေ့ခံစားလိုသည့်ဆန္ဒ ရှိပါက၊ သင့်အနေဖြင့် လက်တွေ့ဘဝကို စူးစမ်းစစ်ဆေးကာ လက်တွေ့ဘဝ၌ ရှာဖွေရမည်ဖြစ်ပြီး သင့်ကိုယ်ပိုင် ဇာတိပကတိကို ဘေးသို့ ဖယ်ထားရန် လိုလားနေရမည်။ သင်သည် ထိုသန္နိဌာန်ကို ချရမည်။ သင်သည် ပျင်းရိခြင်း၊ သို့မဟုတ် ဇာတိပကတိကို မွေ့လျော်ခြင်းများကို တပ်မက်ခြင်း မရှိဘဲ၊ ဇာတိပကတိအတွက် အသက်ရှင်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်အတွက် အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားသောသူ၊ အရာရာ၌ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်သောသူ ဖြစ်ရမည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးသည့် အချိန်များ ရှိနိုင်သည်။ ထိုသို့ဖြစ်သည်မှာ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် လုံ့လထုတ်ရန် ပိုလိုအပ်မည် ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်ကျေနပ်အောင် ပြုလုပ်ရမည်ဖြစ်ပြီး ဇာတိခန္ဓာကျေနပ်အောင် မပြုလုပ်ရ။ ဤသို့ သင်တွေ့ကြုံသောအခါ၊ သင်သည် ဘုရားသခင်ကို သိရှိလာပြီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ကြောင်း၊ လူတို့သည် သူ့ကို အမှန်တကယ် မြင်နိုင်ရန်၊ သူနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စေရန်အတွက် ဘုရားသခင်သည် လူ့ဇာတိခံခဲ့ကြောင်း သင်မြင်လိမ့်မည်ဖြစ်သည်။ ထို့ပြင် လူတို့အလယ်တွင် သူသွားလာနိုင်စွမ်းရှိကြောင်း၊ သူ၏ဝိညာဉ်တော်သည် သူ၏ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို လူတို့အား တွေ့မြင်ခွင့်ပေးကာ သူ၏ဆုံးမပဲ့ပြင်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများနှင့် ကောင်းချီးမင်္ဂလာများကို လူတို့အား ကြုံတွေ့ခံစားခွင့်ပေးလျက်၊ လက်တွေ့ဘဝတွင် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးနိုင်ကြောင်းကို သင်တွေ့မြင်လိမ့်မည်။ ဤသို့ အမြဲတမ်း တွေ့ကြုံခံစားရလျှင်၊ လက်တွေ့ဘဝတွင် သင်သည် ဘုရားသခင်နှင့် ခွဲခွာ၍ရမည် မဟုတ်ပေ၊ ပြီးလျှင် အကယ်၍ တစ်နေ့တွင် ဘုရားသခင်နှင့် သင့်ကြားရှိ ဆက်ဆံရေးသည် ပုံမှန်အတိုင်း မဟုတ်တော့လျှင်၊ သင်သည် ပြစ်တင်ရှုတ်ချမှုကို ခံနိုင်စွမ်းနှင့်နောင်တရနိုင်စွမ်းလည်း ရှိလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိချိန်တွင် ဘုရားသခင်အား လုံးဝ စွန့်ခွာလိုစိတ် ရှိမည်မဟုတ်။ အကယ်၍ တစ်နေ့ ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည်ဟု ပြောလျှင်၊ သင်သည် ကြောက်ရွံ့ကာ ဘုရားသခင် ထားခဲ့ခြင်းကို ခံရမည်ထက် အသေခံလိုက်မည်ဟု ပြောလိမ့်မည်။ ဤသို့သော စိတ်ခံစားချက်များ ရှိသည်နှင့် တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို စွန့်ခွာနိုင်စွမ်းမရှိဟု ခံစားလာရမည်ဖြစ်ပြီး၊ ဤနည်းအားဖြင့် သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလာကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စစ်မှန်စွာ မွေ့လျော်လာနိုင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” မှ

ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ စိတ်ဆန္ဒကို မကျေနပ်စေသည့် မည်သည့်အရာမဆိုသည် သူ့ကို မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို မကျေနပ်စေပါက၊ သူသည် နောင်တခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးပမ်းနိုင်မည့် သင့်လျော်သော နည်းလမ်းတစ်ခုကို ရှာမည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ကျေနပ်စေရန် မိမိကိုယ်ကိုယ် တောင်းဆိုဆဲဖြစ်ခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာသည့်အခါ သူသည် စိုးစဉ်းမျှ အမှားမခံခဲ့ဘဲ၊ သမ္မာတရားထဲသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားရန် မိမိကိုယ်ကိုယ် မိမိ သတ်မှတ်ချက်များတွင် သူသည် ယခင်ထက် တင်းကျပ်ခဲ့သည်။...သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ စိတ်ဆန္ဒကို ဤအရာထက် သာ၍ကျေနပ်စေသည့်အရာ မည်သည့်အရာမျှမရှိချေ။ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဘုရားသခင်အား အမှန်တကယ် ချစ်နိုင်စွမ်းမရှိဟု စိတ်ကူးကြည့်လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းမည် သာမက၊ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သူ၊ ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကို မနာခံသောသူတစ်ဦး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း သင် ခံရမည် ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်ရန်သာ သင် အရေးစိုက်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းကို အရေးမစိုက်ပေ။ သင်သည် ဖန်ဆင်းရှင်ကို နားမလည် သို့မဟုတ် မသိသကဲ့သို့၊ ဖန်ဆင်းရှင်ကို မနာခံ သို့မဟုတ် မချစ်ပေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

သူ၏ တစ်သက်တာအတွင်းတွင်၊ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့ပြီး နာကျင်စရာ ဒုက္ခသုက္ခများစွာကို ကြုံခဲ့ရသည်။ ဤစစ်ဆေးခြင်းသည် ဘုရားသခင်ကို သူ၏ အထွတ်အထိပ် ချစ်ခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်လာခဲ့သကဲ့သို့ သူ၏ အသက်တာတစ်ခုလုံး၏ အရေးပါဆုံးသော အတွေ့အကြုံလည်း ဖြစ်လာခဲ့သည်။ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းမေတ္တာ သူပိုင်ဆိုင်နိုင်ခဲ့သည်မှာ တစ်နည်းအားဖြင့် ဘုရားသခင်ကို ချစ်ဖို့ သူ၏သန္နိဋ္ဌာန်ကြောင့်ဖြစ်သည်။ သို့သော်၊ ပို၍အရေးကြီးသည်မှာ သူကြုံခဲ့ရသည့် စစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကြောင့် ဖြစ်သည်။ ဤဆင်းရဲဒုက္ခသည် ဘုရားသခင်ကို ချစ်ခြင်းလမ်းကြောင်းပေါ် သူ၏လမ်းပြဖြစ်လာခဲ့ပြီး၊ သူ့အဖို့ အမှတ်ရဆုံးအရာ ဖြစ်လာခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ချစ်သောအခါ၌ စစ်ဆေးခြင်း၏ နာကျင်မှုကို မကြုံရပါက၊ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် မစင်ကြယ်မှုများနှင့် ၎င်းတို့၏ ဦးစားပေးမှုများဖြင့် ပြည့်နေသည်၊ ဤသို့သောချစ်ခြင်းတွင် စာတန်၏ စိတ်ကူးများ ပြည့်နေပြီး၊ အခြေခံအားဖြင့် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်ကိုချစ်ရန် သန္နိဋ္ဌာန်ရှိခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် မတူပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားသည့် အရာများအားလုံးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျေနပ်စေခြင်းအတွက် ဖြစ်သော်လည်း၊ ၎င်းတို့၏ အတွေးများက ဘုရားသခင်ကို လုံးဝ ဆက်ကပ်အပ်နှံပြီး မည်သည့်လူသားစိတ်ကူးမျှ လုံးဝမရှိသည့်ပုံရသော်လည်း၊ ၎င်းတို့၏ အတွေးများ ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်ခံရသောအခါတွင်၊ ဘုရားသခင်သည် ထိုသို့သောအတွေးများကို မချီးကျူးပေ သို့မဟုတ် ကောင်းချီးမပေးပေ။ လူများသည် သမ္မာတရားများ အားလုံးကို အပြည့်အဝ နားလည်သောအခါ၌ပင်- ထိုအရာအားလုံးကို ၎င်းတို့သိလာသောအခါ၌ပင်- ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း လက္ခဏာဖြစ်သည်ဟု ပြော၍မရသကဲ့သို့၊ ဤလူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သည်ဟု ပြော၍မရပေ။ စစ်ဆေးခြင်းမကြုံရဘဲ သမ္မာတရားများစွာကို နားလည်ခြင်းရှိသော်လည်း၊ လူတို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိကြချေ။ စစ်ဆေးခြင်းအတောအတွင်း၌သာ လူများသည် ဤသမ္မာတရားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်သည်၊ ထိုအခါမှသာ လူတို့သည် ထိုသမ္မာတရားများ၏ အတွင်းပိုင်းအဓိပ္ပာယ်ကို စစ်မှန်စွာ သဘောပေါက်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့ တစ်ဖန် ကြိုးစားကြသောအခါ၊ သမ္မာတရားများကို မှန်ကန်စွာနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ ၎င်းတို့ လက်တွေ့ လုပ်ဆောင်နိုင်ကြလေသည်။ ထိုအချိန်တွင်၊ ၎င်းတို့၏ လူ့စိတ်ကူးများ နည်းပါးလာသည်၊ ၎င်းတို့၏ လူ့ဖောက်ပြန်ပျက်စီးခြင်း လျော့နည်းသွားပြီး၊ ၎င်းတို့၏ လူ့စိတ်ခံစားမှုတို့သည်လည်း လျော့သွားလေသည်။ ထိုအချိန်မှသာလျှင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်ကို ချစ်ခြင်း၏ စစ်မှန်သော သရုပ်သကန် ဖြစ်လေသည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား၏ အကျိုးသက်ရောက်မှုကို နှုတ်ပြောအသိပညာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လိုလားမှုတို့မှတစ်ဆင့် မရရှိသကဲ့သို့၊ ထိုသမ္မာတရားကို သိနားလည်ခြင်း သက်သက်အားဖြင့် မရရှိနိုင်ပေ။ ယင်းသည် လူတို့က အဖိုးအခပေးဖို့ လိုအပ်သည်၊ ၎င်းတို့အနေဖြင့် စစ်ဆေးခြင်းအတောအတွင်းတွင် များစွာသော ခါးသီးမှုကို ကြုံရန် လိုအပ်ပြီး၊ ထိုအခါမှသာ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ဖြူစင်လာလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်လိမ့်မည် ဖြစ်သည်။ လူသားက သူ့ကို ချစ်ရန်ဖြစ်သည့် သူ၏သတ်မှတ်ချက်တွင်၊ ဘုရားသခင်သည် လူသားကို သူ့အား ချစ်ဇောဟုန် သို့မဟုတ် မိမိ၏ ကိုယ်ပိုင်လိုအင်ဆန္ဒကို အသုံးပြုခြင်းဖြင့် ချစ်ရန် မတောင်းဆိုပေ။ သူ့ကို အစေခံရန် သစ္စာရှိခြင်းနှင့် သမ္မာတရားကို အသုံးပြုခြင်းမှတစ်ဆင့်သာ၊ လူသားသည် သူ့ကို စစ်မှန်စွာ ချစ်နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” မှ

လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ ဝင်ရောက်မှုအတွက် တက်ကြွထက်သန်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် အညံ့ခံကာ ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

အရှေ့သို့- ၂) ကမ္ဘာပေါ်ရှိ ခရစ်တော်ကို ချစ်ခြင်းမရှိဘဲ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ချစ်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း ဟုတ်မဟုတ်

နောက်တစ်ခုသို့- ၄) ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းမှတစ်ဆင့် လက်တွေ့လုပ်ဆောင်သင့်သည့်နည်းလမ်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅) ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ရပ်သည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို စုံလင်စေသည်ဟု ဆိုထားသည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်...

၂) ဘုရားသခင်၏အမှုတော်အသစ်ကို လက်ခံပြီး နာခံသည့် အသင်းတော်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသော်လည်း၊ ဘာသာရေးလောကမှာမူ သူ့ကို အာခံခြင်းကြောင့် ကျိန်ဆဲခြင်းခံရသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်ကို ယုံကြည်သောသူများအနေဖြင့်၊ သင်တို့အသီးသီးသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုနှင့်...

၂) ဘုရားသခင် အသုံးပြုသောသူတို့၏အလုပ်နှင့် ဘာသာရေး ခေါင်းဆောင်များ၏ အလုပ်တို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများ၏ သာသနာပြုခြင်းနှင့် ထိန်းကျောင်းပေးခြင်း လိုအပ်သည့်အတွက်၊...

၁) ဘုရားသခင်၏ အသင်းတော် ဆိုသည်မှာအဘယ်နည်း။ ဘာသာရေးအဖွဲ့အစည်း တစ်ခု ဆိုသည်မှာအဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်