အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၆။ ကပ်ဘေးများထဲတွင် ဘာသာတရားထဲရှိ လူမည်မျှက ဘုရားသခင်ထံ ပြန်လှည့်ကြလိမ့်မည်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသောကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းရှင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကိုစီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင်ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည်ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်ုမိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လူအချို့က “နောက်ဆုံးမှာ ဘာသာရေးအသိုင်းအဝိုင်းထဲက လူဘယ်နှစ်ယောက်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်နိုင်ကြမှာလဲ” ဟု ဆိုကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပါ၊ ထိုသို့ပြုလျှင် သင်သိပါလိမ့်မည်။ လက်ရှိအချိန်တွင် ကျေးဇူးတော်ဂိတ်တံခါး မပိတ်သေးသကဲ့သို့ ကြီးမားသော ကပ်ဘေးဒုက္ခများ၏ အချိန်ကိုလည်း ကျွန်ုပ်တို့ မရောက်ရှိသေးပါ။ အထူးသဖြင့် ကြီးမားသည့် ကပ်ဘေးဒုက္ခများအတောအတွင်း ဘာသာရေးအသိုင်းအဝိုင်းအတွင်းတွင် ဘုရားသခင်ထံ အဆင့်အမျိုးမျိုးဖြင့် ပြန်လာကြသည့် လူအချို့ရှိကြလိမ့်မည်။ ဤသည်မှာ လက်ရှိအချိန်တွင် သင့်အနေဖြင့် “ဘာသာရေးလောကထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံကြတဲ့သူတွေအားလုံး ပျက်စီးရမယ်” ဟု မဆုံးဖြတ်နိုင်ရသည့် အကြောင်းရင်းဖြစ်သည်။ အချိန်အနည်းငယ် ကျန်ပါသေးသည်။ ဤအချိန်အတွင်းတွင် ဘာသာရေးအသိုင်းအဝိုင်းထဲက အဘယ်သူသည် ဘုရားသခင်ကို လက်ခံမည်နှင့် အဘယ်သူက ဘုရားသခင်ကို လက်မခံလိမ့်မည်ကို သင်သိပါသလား။ ဤသည်မှာ ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် အရာတစ်ခုဖြစ်သည်၊ ဘုရားသခင်သာ သိပါသည်။ သို့သော် ဘာသာရေးသမားများထံ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဘုရားသခင်အကြောင်း သက်သေခံကြသောအခါ ဤအရာအား ၎င်းတို့ငြင်းပယ်ကြသည်ကို တွေ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ၎င်းတို့အားလုံး ဆန့်ကျင်ပြီး ရှုတ်ချကြသည်။ ဤအရာကို ကျွန်ုပ်တို့အားလုံး မြင်ကြပြီ မဟုတ်ပါလား။ ထို့ကြောင့် ဘာသာရေးသမားများထံ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းမှာ အလွန်အမင်း ခက်ခဲလှပေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ထံ နောက်ဆုံး၌ လှည့်ပြန်ကြမည့် ဘာသာရေးအသိုင်းအဝိုင်းအတွင်း၌ရှိသော သူများသည် အရေအတွက် အလွန်အမင်း နည်းပါးသည်ကို ထိုအရာက အဆုံးအဖြတ်ပေးလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သင်းအုပ်ဆရာများ၊ အကြီးအကဲများနှင့် ဘာသာရေးအယူအဆများ၏ အလွန်တင်းကျပ်စွာ ချုပ်ချယ်ခံကြရခြင်းကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အပျက်သဘောဆောင်သော ဝါဒဖြန့်မှု၏ အလွန်နက်ရှိုင်းစွာ လှည့်ဖြားခြင်းကို ခံထားကြရသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး မှန်သောလမ်းခရီးကို လေ့လာဆန်းစစ်တတ်သည့် စိတ်နှလုံးများကို မပိုင်ဆိုင်ကြချေ။ ဤသည်မှာ မှန်သည် မဟုတ်ပါလား။ သင့်အနေဖြင့် ဧဝံဂေလိဖြန့်ဝေရန် သာသနာမြေတစ်နေရာထဲသို့သွားလျှင် အောက်ပါအတိုင်း ကြုံရလိမ့်မည်ဖြစ်သည်- ပထမဦးစွာ သင်သည် ငြင်းပယ်ခံရမည်ဖြစ်ပြီး ပြစ်တင်ကဲ့ရဲ့ခြင်းခံရမည်ဖြစ်သည်၊ ဒုတိယအနေဖြင့် သင်သည် အရှက်ကွဲရလိမ့်မည်၊ တတိယအနေဖြင့် သင်သည် ပူးပေါင်းတိုက်ခိုက်ခြင်း ခံရလိမ့်မည်၊ သို့မဟုတ် အလှောင်ခံရပြီး ရှုတ်ချခံလိမ့်မည်။ သင်၏ခွင့်ပြုချက်မပါဘဲ သင်၏ဓာတ်ပုံကိုရိုက်ပြီး ၎င်းတို့၏ အသင်းတော်အတွင်းမှ အခြားလူများအားလုံးကို ပြသကာ “ဒီလူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကိုဖြန့်ဖို့ လာသွားတယ်။ သူ့ကို ဘယ်သူမှ လက်မခံသင့်ဘူး” ဟု ဆိုသောလူများပင် ရှိကြလိမ်မည်။ ဤသည်မှာ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန်လာသည့် မည်သူမဆိုအား ဘာသာရေးလောကက ဆက်ဆံပုံဖြစ်သည်။ ဤအရာက မည်သည့်အရာကို ပြသပါသနည်း။ ဘာသာရေးလောကသည် အန္တိခရစ်များအတွက် ခိုင်မာသည့် ခံတပ်အဖြစ် လည်ပတ်နေပြီး စာတန်၏ ဆိုးယုတ်သော အင်အားစုများ၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဘာသာရေးလောကထဲမှ မည်သူကမျှ ကယ်တင်မခံရနိုင်ဟု သင်ပြော၍ မရနိုင်ပါ- ကယ်တင်ခံရနိုင်သူများ ရှိပါသည်၊ ၎င်းတို့၏ အရေအတွက်မှာ အလွန့်အလွန် နည်းပါးခြင်းသာ ဖြစ်သည်။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ၊ အတွဲ ၁၃၂ မှ

လူအချို့က “ကပ်ဘေးကြီးတွေမတိုင်ခင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံတဲ့သူတွေ ဘာသာတရားထဲမှာ အများကြီးရှိမှာမဟုတ်ဘူးလို့ ဘာကြောင့်ပြောရတာလဲ၊ အဲဒါ သေချာတယ်လို့ မထင်ဘူး” ဟု မေးကြသည်။ ကျေးဇူးတော်ခေတ်မှ ယုံကြည်သူများအတွင်းမှ၊ သတ်မှတ်ထားသည့် အသင်းတော်တိုင်းအတွင်းမှ လူအများစုသည် သမ္မာတရားကို အမှန်ပင် ရှာဖွေကြပါသလား၊ သို့မဟုတ် ကိုယ်တော်၏မုန့်ကို ၎င်းတို့ဗိုက်ပြည့်သည်အထိသာ စားသုံးကြပါသလား။ လူအများစုသည် ကိုယ်တော်၏မုန့်ကို ၎င်းတို့ဗိုက်ပြည့်သည်အထိ စားသုံးရန်သာ ရှိနေကြခြင်းဖြစ်သည်။ နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံရသောသူများ၊ အခြားသောဘာသာစကား ပြောသောသူများ၊ ဗျာဒိတ်များကို မြင်သောသူများ၊ ရူပါရုံများကို မြင်သောသူများ၊ အနာရောဂါ ငြိမ်းစေသောသူများ၊ နတ်ဆိုးများကို နှင်ထုတ်သောသူများနှင့် နိမိတ်လက္ခဏာများကို ပြသသော လူများစွာ ရှိကြသည်မဟုတ်ပါလား။ နတ်ဆိုးများ၏ ဝင်ပူးခြင်းကို ခံရသူများသည် တစ်စိတ်တစ်ပိုင်း ပါဝင်သည်၊ ကိုယ်တော်၏မုန့်ကို ၎င်းတို့ဗိုက်ပြည့်သည်အထိ စားသုံးရုံမျှသာ ရှိသောသူတို့သည် တစ်စိတ်တစ်ပိုင်းပါဝင်ပြီး အန္တိခရစ်ဖြစ်ကြသူများနှင့် သမ္မာတရားကို မုန်းသော ကောက်ကျစ်စဉ်းလဲသည့်သူတို့သည်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ကြလေသည်။ ပြီးနောက် သမ္မာတရားကို ဝိုးတိုးဝါးတားလေးပင် သိနားလည်မှု မရှိကြသူများဖြစ်သော စိတ်ရှုပ်ထွေးသည့်လူများ ရှိကြလေသည်။ ဤလူစုတို့ကို ကျွန်ုပ်တို့နုတ်ယူလိုက်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားကိုချစ်သော ကျန်ရှိသူတို့သည် လူအများစု ဖြစ်လိမ့်မည်လော။ ၎င်းတို့သည် စုစုပေါင်း ၁၀% ပင် ပါဝင်ကြလိမ့်မည်လော။ မပါဝင်ပါ၊ မဖြစ်နိုင်ပါ။ ဤသည်မှာ အမှုအရာများ၏ တကယ့်အခြေအနေ မဟုတ်သလော။ ထို့ကြောင့် ကပ်ဘေးကြီးများမတိုင်မီ ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာနိုင်ကြမည့် ဘာသာရေးအသိုင်းအဝိုင်းအတွင်း ရှိသူတို့သည် အနည်းပါးဆုံးသော လူနည်းစု ဖြစ်ကြသည်။ ၎င်းတို့သည် လူများစု လုံးဝဖြစ်လိမ့်မည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို ချစ်သော ဘာသာရေးအတွင်းရှိ လူတို့သည် အမြဲပင် အရေအတွက် အလွန်အမင်း နည်းပါးကြသောကြောင့်ဖြစ်သည်။ ဤသည်မှာ လုံးဝ အဖြစ်မှန်ဖြစ်ပြီး အခြေအမြစ်မရှိဘဲ ပြောသောအရာ မဟုတ်ပါ။

အသက်တာထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ၊ အတွဲ ၁၃၃ မှ

ယခင်က:အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံဖို့ ငြင်းပယ်သူတို့ကို ဘုရားသခင်သည် အဘယ်ကြောင့် ကပ်ဘေးများအလယ်တွင် ထားလိမ့်မည်နည်း။

နောက်တစ်ခုသို့:စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းဆိုသည်မှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ