၂) စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် သက်သေခံရပ်တည်ဖို့အလို့ငှာ လူတစ်ဦး ပိုင်ဆိုင်ရမည့်အရာ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားဘိ၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၌ ယုံကြည်ခြင်းရှိသဖြင့် သူ၏လုပ်ရပ်များကို သင်၏ လက်တွေ့အတွေ့အကြုံထဲတွင် သင်မြင်တွေ့ရမည်ဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို ဉာဏ်အလင်းရစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။ “ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင်မီအောင်လိုက်ခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဒုက္ခပြဿနာများက သင့်အပေါ် ကျရောက်လေပြီ၊ ယခုအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် အားထုတ်၍ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

အမှု၏ ဤအဆင့်တွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည့် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှသော သတိလက်လွတ်ဖြစ်ခြင်းမှ ငါတို့ ခလုတ်တိုက်မိကောင်း ခလုတ်တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံခဲ့ကာ ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း... (၈)” မှ

လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် လူ့အယူအဆများနှင့် လုံးဝ မကိုက်ညီသည့် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ များလှစွာသော နှုတ်ကပတ်တော်များကိုလည်း ပြောဆိုပြီးဖြစ်သည်။ ထို့ကြောင့်၊ လူတို့အနေဖြင့် ၎င်းတို့ မြင်နှင့်ပြီးဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ၎င်းတို့ ရရှိပြီးဖြစ်သည့်အရာတို့ဖြင့် ရပ်တည်နိုင်ဖို့ရန် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်မှုသည် သူ့ကိုနာခံခြင်းနှင့် သူ၏အမှုကို တွေ့ကြုံခံစားခြင်းတို့ လိုအပ်၏။ ဘုရားသခင်သည် မြောက်မြားလှစွာသော အမှုတို့ကို လုပ်ဆောင်ပြီးဖြစ်သည်- လူတို့အတွက် ယင်းသည် အလုံးစုံ စုံလင်စေခြင်း၊ စစ်ဆေးခြင်းနှင့် ထိုထက်ပို၍ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူသား၏ အယူအဆများနှင့် ကိုက်ညီဖူးသည့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အဆင့်တစ်ခုတလေမျှ မရှိသေးပေ။ လူတို့ ခံစားရပြီးသည့် အရာမှာ ဘုရားသခင်၏ပြင်းထန်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင် ကြွလာသည့်အခါ၊ လူတို့သည် သူ၏ဘုန်းအာနုဘော်နှင့် သူ၏အမျက်ကို ခံစားသင့်သည်။ သို့သော် သူ၏နှုတ်ကပတ်တော်များ မည်မျှပင်ပြင်းထန်စေကာမူ၊ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန် ကြွလာခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။ ဘုရားသခင်က သင့်ကို မည်မျှ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့် ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုကို မည်သည့်အခါမျှ ဆုံးရှုံးမသွားပေ။ သင်သည် လူသား လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသောအရာဖြစ်ပြီး၊ လူသား၏စိတ်နှလုံးသည် ဘုရားသခင်ထံသို့ အပြည့်အဝ ပြန်သွားနိုင်သင့်ကာ၊ ကုန်ဆုံးသွားသည့် အချိန်တိုင်းတွင် သူ့ထံသို့ လှည့်နိုင်သင့်ပေသည်။ ဤသည်မှာ အောင်မြင်သောသူတစ်ဦးဖြစ်သည်။ “အောင်မြင်သောသူများ” အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က “အောင်မြင်သောသူ” တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။ သင့်ကို ဘုရားသခင် ကောင်းချီးပေးသည့်အချိန်တွင် သင်၏ လိုက်စားရှာဖွေမှုသည် ထူးကဲသာလွန်သော်လည်း၊ သင်သည် သူ၏ ကောင်းချီးမင်္ဂလာများမရှိဘဲ နောက်ဆုတ်လိုက်ပါက၊ ဤသည်မှာ သန့်ရှင်းစင်ကြယ်မှုဖြစ်သလော။ ဤလမ်း မှန်ကန်သည်ဟု သင်သေချာသည့်အတွက်၊ အဆုံးထိတိုင် သင် လိုက်လျှောက်ရမည်။ ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို သင် ထိန်းသိမ်းရမည်။ သင့်ကို စုံလင်စေဖို့ ဘုရားသခင် ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်ကို သင် မြင်ရပြီးဖြစ်သည့်အတွက်၊ သင်၏ စိတ်နှလုံးကို သူ့အား လုံးလုံးလျားလျား ပေးအပ်သင့်ပေသည်။ သူမည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ တကယ့်အဆုံးတွင် သင့်အတွက် မလိုလားအပ်သော ရလဒ်ကို သူဆုံးဖြတ်ပေးလျှင်ပင်၊ သင်သည် သူ့နောက်လိုက်နိုင်ဆဲဖြစ်ပါက၊ ဤသည်မှာ ဘုရားသခင်ရှေ့တွင် သင်၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်ခန္ဓာနှင့် အပျိုစင်ကို ဘုရားသခင်ထံ ဆက်ကပ်ခြင်းသည် ဘုရားသခင်ရှေ့တွင် ရိုးသားစစ်မှန်သော စိတ်နှလုံးကို ထိန်းသိမ်းခြင်းဟု ဆိုလိုသည်။ လူသားမျိုးနွယ်အတွက်၊ ရိုးသားစစ်မှန်ခြင်းသည် သန့်စင်ဖြူစင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်အပေါ် စစ်မှန်ရိုးသားနိုင်စွမ်းသည် သန့်စင်ဖြူစင်ခြင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်လက်တွေ့လုပ်ဆောင်သင့်သောအရာဖြစ်သည်။ ဆုတောင်း သင့်သည့်အခါ၊ သင်ဆုတောင်းသည်။ မိတ်သဟာယဖြင့် အတူတကွ စုရုံးသင့်သည့်အခါ၊ သင် ထိုသို့ပြုသည်။ ဓမ္မသီချင်းများကို ဆိုသင့်သည့်အခါ၊ သင် သီဆိုပြီး၊ ဇာတိပကတိကို စွန့်ပယ်သင့်သည့်အခါ၊ ဇာတိပကတိကို သင် စွန့်ပယ်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်ချိန်တွင်၊ သင်သည် အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်သွားခြင်းမရှိ။ စမ်းသပ်မှုများနှင့် သင် ရင်ဆိုင်ရသည့်အခါ၊ ခိုင်မာစွာ သင် ရပ်တည်သည်။ ဤသည်မှာ ဘုရားသခင်ထံ ဆည်းကပ်ခြင်းဖြစ်သည်။ လူတို့ပြုလုပ်သင့်သောအရာကို သင်မထိန်းသိမ်းပါက၊ သင်၏ ယခင် ဆင်းရဲဒုက္ခခံစားခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့သည် အချည်းနှီးဖြစ်ခဲ့ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

ယခင်က လူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန်လာပြီး “ဘုရားသခင်ကို အခြားမည်သူမျှ မချစ်လျှင်ပင် သူ့ကို ကျွန်ုပ်ချစ်ရမည်။” ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ယခုတွင် စစ်ဆေးခြင်းက သင့်အပေါ် ကျရောက်ပြီး ဤအရာက သင်၏အယူအဆများနှင့် တစ်ထပ်တည်းမကျသဖြင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြစ်သလော။ ယောဘ၏ လုပ်ဆောင်ချက်များ အကြောင်းကို သင် အကြိမ်ပေါင်းများစွာ ဖတ်ခဲ့ပြီးပြီ၊ ယင်းတို့ကို သင်မေ့သွားပြီလော။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ယုံကြည်ခြင်းအထဲမှသာ ရုပ်လုံးပေါ်လာနိုင်သည်။ သင်ကြုံရသော စစ်ဆေးခြင်းများအားဖြင့် သင်သည် ဘုရားသခင် အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပြီး၊ သင်၏ လက်တွေ့ အတွေ့အကြုံများထဲတွင် ဘုရားသခင်၏အလိုတော်ကို သင် အရေးထားနိုင်သည်မှာ သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်၊ ထို့ပြင် သင်ကိုယ်တိုင်၏ ဇာတိပကတိကို စွန့်လွှတ်ပြီး အသက်ကို ရရှိအောင် အားထုတ်သည်မှာလည်း သင်၏ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ လူတို့ ပြုသင့်သောအရာဖြစ်သည်။ အကယ်၍ ဤအရာကိုပြုပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သော်လည်း၊ သင်၌ ယုံကြည်ခြင်းကင်းမဲ့ပါက သင်သည် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်မည်မဟုတ် သို့မဟုတ် သူ၏အမှုကို တွေ့ကြုံနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက- သင်၌ ဒုက္ခခံလိုစိတ်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်၏အမှုကို တွေ့ကြုံနိုင်စွမ်း၊ သူ၏အလိုတော်ကို နားလည် သဘောပေါက်နိုင်စွမ်း၊ သူ၏ဝမ်းနည်းပူဆွေးခြင်းကို အရေးထားနိုင်စွမ်း အစရှိသည့် အရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ ထိုလမ်းကြောင်းပေါ်သို့ အလောတကြီးထွက်သွားရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် သူ၏ စီစဉ်ပုံကို ကျိုးနွံနာခံကာ သူ့အပေါ် ညည်းတွားချက်များ ပြုမည့်အစား သင်ကိုယ်တိုင်၏ ဇာတိပကတိကို ကျိန်ဆဲရန် အသင့်ဖြစ်နေရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်မြတ်နိုးသောတစ်စုံတစ်ရာနှင့် လမ်းခွဲရန် ဝန်လေးနေပါစေ သို့မဟုတ် ခါးသီးစွာ ငိုကြွေးနေပါစေ ဘုရားသခင်ကို သင်ကျေနပ်စေရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်း နှင့် ယုံကြည်ခြင်းဖြစ်သည်။ သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အရှိတရားအဖြစ် မရှိဘဲနှင့်၊ သင်သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိပေ။ စမ်းသပ်ခံရမည့် အချိန်ရောက်လာသောအခါတွင်၊ သင်သည် သေချာပေါက် လဲပြိုလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ထုတ်ဖော်ပြခံရလိမ့်မည်။ သို့သော် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရန် ပုံမှန်ကြိုးစားသူများသည် စမ်းသပ်မှုများနှင့် ဝန်းရံဖိစီးခံရသည့်အခါ၊ ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လိမ့်မည်။ အသိတရား ပိုင်ဆိုင်သောသူနှင့် ဘုရားသခင်ကို ဆာငတ်သောသူသည် ဘုရားသခင်အား သူ၏မေတ္တာအတွက် ပြန်ပေးဆပ်ရန် လက်တွေ့ကျသော လုပ်ရပ်ကို လုပ်ဆောင်သင့်သည်။ လက်တွေ့အရှိတရား မပိုင်ဆိုင်သူများသည် အသေးအဖွဲ ကိစ္စလေးများကိုပင် ရင်ဆိုင်ရာတွင် ခိုင်ခိုင်မြဲမြဲ မရပ်တည်နိုင်ပေ။ ယင်းမှာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ရှိသူများနှင့် မရှိသူများကြားက ခြားနားချက်ဖြစ်သည်။ ၎င်းတို့ နှစ်ဦးလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက် ကြသော်လည်း၊ စမ်းသပ်မှုများအလယ်တွင် အချို့သည် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော်လည်း၊ အချို့က အဘယ်ကြောင့် ထွက်ပြေးကြသနည်း။ သိသာထင်ရှားသော ခြားနားမှုမှာ အချို့သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိကြသကဲ့သို့၊ ၎င်းတို့အတွင်းတွင် သူ၏ နှုတ်ကပတ်တော်များက အမြစ်မတွယ်သေးပေ။ ၎င်းတို့ မောပန်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လမ်းကြောင်း အဆုံးသို့ ရောက်ကြလေသည်။ သို့ဆိုလျှင် စမ်းသပ်မှုများအလယ်တွင် အချို့သည် ခိုင်ခိုင်မာမာ ရပ်နိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို သိနားလည်ပြီး ရူပါရုံ ရှိကြကာ ဘုရားသခင်၏ အလိုနှင့် သူ၏ သတ်မှတ်ချက်များကို နားလည်သောကြောင့် ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် စမ်းသပ်မှုများ တစ်လျှောက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြပေသည်။ ဤသည်မှာ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်ပြီး၊ အသက်လည်း ဖြစ်သည်။ အချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကောင်း ဖတ်နိုင်သော်လည်း၊ လက်တွေ့ မလုပ်ဆောင်ကြပေ၊ ယင်းတို့ကို လေးလေးနက်နက် သဘောမထားကြပေ။ ယင်းတို့ကို လေးလေးနက်နက် သဘောမထားသူတို့သည် လက်တွေ့လုပ်ဆောင်ဖို့ အလေးမထားကြချေ။ ၎င်းတို့၏ လက်တွေ့ အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိကြသူတို့သည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု မရှိကြသကဲ့သို့၊ ထိုသို့သော လူများသည် စမ်းသပ်မှုများ တစ်လျှောက် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စွဲမြဲသော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုအတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏အလိုနှင့် သတ်မှတ်ချက်များ အလုံးစုံကို လူသားထံ ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားထံ ပြသလေသည်။ ရည်မှန်းချက်မှာ လူသားကို ဝိညာဉ်ရင့်ကျက်မှုဖြင့် အသင့်ပြင်ဆင် ပေးရန်နှင့် လူသားသည် ဘုရားသခင်၏ နောက်လိုက်နေစဉ် သူ့ထံမှ အမျိုးမျိုးသော သမ္မာတရားများကို- စာတန်ကို တိုက်ခိုက်ရန် လူသားကို ဘုရားသခင်က ပေးထားသည့် လက်နက်များဖြစ်သည့် သမ္မာတရားများကို- ရရှိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် အသင့်ပြင်ဆင်လျက်၊ လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ “ပူးပေါင်းဆောင်ရွက်မှု” ကို လိုအပ်သည်။ ဆိုလိုသည်မှာ၊ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို “စစ်ဆေး” ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို ကျိုးနွံနာခံပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အညံ့ခံကာ ကျိုးနွံနာခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်ဟု ဆိုကောင်း ဆိုနိုင်ပေသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အဖို့ ပုံသက်သေတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသား ပိုင်ဆိုင်သင့်သည့် လူ့သဘာဝ၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သူ နားလည်ခဲ့ပြီး၊ ဤနားလည်ခြင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ပေသည်။ သူ၌ ရှိခဲ့သည့် မည်သည့်အရာကိုမဆို ယူဆောင်ရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် သူပေးခဲ့သော်လည်း၊ သူသည် ညည်းညူခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင်ပင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုပင် နုတ်ယူခဲ့လျှင်ပင်၊ သူသည် ညည်းညူ‌ခြင်းမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ ထိုသို့ သူ့ကို လုပ်ခွင့်ပေးမည်ဟု ဘုရားသခင်အား ပြောခဲ့လေသည်။ သူ၏ အပြုအမူတစ်ခုလုံးသည် သူ၏ စုံလင်ကာ ဖြောင့်မတ်သော လူ့သဘာဝကြောင့် ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု အကျိုးဆက်တစ်ခုအနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် သက်ဆိုင်သည့် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့တွင် မဆုတ်မနှစ်ဖြစ်ခဲ့ပြီး၊ ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု အခြေခံသဘောတရားများကို သူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာခပ်သိမ်းအလယ် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံသတ်မှတ်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ၊ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေခဲ့ပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘက မြဲမြံစွာ ထိန်းသိမ်းခဲ့သည့် တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ ဘုရားသခင်အား နာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပြင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင်ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာနှင့် သက်ဆိုင်သည့် တကယ့်အတွေ့အကြုံ ရှိခဲ့သည်။ ဤအရာများကြောင့်သာ သူသည် စာတန်၏ ထိုသို့သော ရက်စက်သည့် တိုက်ခိုက်မှုများကြားတွင် သူ၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး၊ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ၊ ဘုရားသခင်အား စိတ်မပျက်စေနိုင်ခဲ့သကဲ့သို့ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

စာတန်ကို အောင်မြင်ခြင်းအဖို့ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အဖို့ ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ပြီးဖြစ်သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းမှတစ်ဆင့် စာတန်ကို အနိုင်ယူရန်၊ စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ သဘောတူသရွေ့၊ ပြီးလျှင် အရာရာတိုင်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင် ဘုရားသခင်ကို မစွန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်းတို့ ၎င်းတို့ ပိုင်ဆိုင်သရွေ့၊ ၎င်းတို့သည် စာတန်အပေါ် အရှက်ရစေပြီး ရှုံးနိမ့်မှု ယူဆောင်နိုင်သည်ကို မြင်ကြပြီး ၎င်းတို့သည် စာတန်အနေဖြင့် ကြောက်လန့်ပြီး အလောတကြီးဆုတ်ခွာစေရန်အတွက်- ၎င်းတို့၏ အသက်များ ဆုံးရှုံးရမည်ဆိုလျှင်ပင်- ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်ချက်နှင့် လုံ့လဝီရိယရှိရန်သာ လိုအပ်သည်ကို မြင်ကြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များအဖို့ သတိပေးချက်တစ်ခု ဖြစ်ပြီး ဤသတိပေးချက်က အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်မယူပါက၊ စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများမှ မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်၏ နှိပ်စက်မှုနှင့် တိုက်ခိုက်ခြင်းများမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များကို အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ကာ ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည် ဖြစ်သည်ကို သွန်သင်သည်။ ယင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်အား ခံနိုင်မည်၊ ဘုရားသခင်ထံ ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင်၊ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်နိုင်သည်- ထိုအခါမှသာ ၎င်းတို့သည် အမှန်တကယ် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်ကို သွန်သင်ပေးလေသည်။ ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ အသက်တာ၏ လိုက်စားမှုတို့ကို ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းက အတုယူသင့်ပေသည်။ သူ၏ အသက်တာတစ်ခုလုံးတစ်လျှောက် အသက်ရှင်နေထိုင်ခဲ့သည့်အရာနှင့် သူ၏စမ်းသပ်မှုများအတောအတွင်း သူ၏ အပြုအမူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်စားသောသူ အားလုံးအဖို့ အဖိုးထိုက်သော ရတနာတစ်ပါး ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အရှေ့သို့- ၁) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကြုံတွေ့ခြင်းအားဖြင့် သန့်စင်ခြင်းခံရသည့်နည်းလမ်း

နောက်တစ်ခုသို့- ၃) တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကြုံတွေ့ခြင်းအားဖြင့် လူတစ်ဦးရရှိနိုင်သည့် အရာ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂) ဘုရားသခင်၏အမှုတော်အသစ်ကို လက်ခံပြီး နာခံသည့် အသင်းတော်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသော်လည်း၊ ဘာသာရေးလောကမှာမူ သူ့ကို အာခံခြင်းကြောင့် ကျိန်ဆဲခြင်းခံရသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်ကို ယုံကြည်သောသူများအနေဖြင့်၊ သင်တို့အသီးသီးသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုနှင့်...

၁) ကျေးဇူးတော်ခေတ်၌ နောင်တလမ်းခရီးနှင့် နောက်ဆုံးသော ကာလ၌ ထာဝရအသက်လမ်းခရီးတို့ကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောင်တရရှိရေး ဧဝံဂေလိတရားကို ကျေးဇူးတော်ခေတ်၌ ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း...

၇) နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏...

၁) ပညာသတိရှိသော သတို့သမီးများနှင့် မိုက်မဲသော သတို့သမီးများမှာ အဘယ်နည်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်