၃) တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကြုံတွေ့ခြင်းအားဖြင့် လူတစ်ဦးရရှိနိုင်သည့် အရာ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

လူသား၏ အခြေအနေနှင့် ဘုရားသခင်အပေါ် လူသား၏ သဘောထားတို့နှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူနှင့် သက်ဆိုင်သည့် အသိပညာနှင့် သူ့အပေါ် နာခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သက်သေခံခြင်း နှစ်ခုစလုံးတို့ကို လူသားအား ပိုင်ဆိုင်ခွင့်ပေးရင်း၊ အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားသည် သူ့အပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းအပြင်၊ သူ၏ တရားစီရင်ခြင်း၊ သူ့ကို ကိုင်တွယ်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်၊ ထိုအရာများမရှိဘဲ လူသားသည် ဘုရားသခင်ကို ဘယ်သောအခါမျှ သိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် သက်သေခံခြင်းတို့ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းသည် တစ်ဖက်သတ် အကျိုးသက်ရောက်မှုအတွက်သာ မဟုတ်ဘဲ ရှုထောင့်များစွာ အကျိုးသက်ရောက်မှုအတွက် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိသူများတွင် ဘုရားသခင်သည် ၎င်းတို့၏ သန္နိဋ္ဌာန်နှင့် ချစ်ခြင်းကို သူ့အားဖြင့် စုံလင်စေဖို့အလို့ငှာ စစ်ဆေးခြင်းအမှုကို လုပ်ဆောင်လေသည်။ သမ္မာတရားကို ရှာဖွေရန် လိုလားနေသူများနှင့် ဘုရားသခင်ကို တမ်းတသူများအဖို့ ဤသို့သော စစ်ဆေးခြင်းထက် မည်သည့်အရာမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍ကြီးမားသော အထောက်အပံ့မဖြစ်ပေ။ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလွန်လွယ်လင့်တကူ မသိ၊ သို့မဟုတ် နားမလည်ပေ။ အခြေခံအားဖြင့်၊ ဘုရားသခင်အတွက် လူသားကဲ့သို့ အလားတူ စိတ်သဘောထားရှိရန် မဖြစ်နိုင်သောကြောင့် လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် မလွယ်ကူပေ။ သမ္မာတရားကို လူသားက ပင်ကိုအားဖြင့် မပိုင်ဆိုင်သကဲ့သို့၊ စာတန်၏ ဖျက်ဆီးခြင်းခံရသော လူများက အလွယ်တကူ နားမလည်ပေ။ လူသားသည် သမ္မာတရား လုံးဝမရှိသကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သန္နိဋ္ဌာန် လုံးဝမရှိပေ။ ပြီးလျှင် သူသည် ဆင်းရဲဒုက္ခမခံစားရဘဲ အစစ်ဆေးမခံရသကဲ့သို့ တရားစီရင်ခြင်း မခံရပါက၊ သူ၏သန္နိဋ္ဌာန်သည် မည်သည့်အခါတွင်မျှ စုံလင်စေခြင်း ခံရမည်မဟုတ်ပေ။ လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” မှ

လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးမားလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးထွားလာမှု နည်းလေလေဖြစ်ပြီး၊ သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတို့တွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် သူတို့ စစ်ဆေးခြင်းခံရစဉ် ကြီးမားစွာ ဒုက္ခခံရသူများ၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ကို သင်တွေ့ရမည်ဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများ ဖြစ်ကြောင်းကို သင်တွေ့ရလိမ့်မည်။ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က- “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။ နောက်ဆုံးသောကာလအတောအတွင်း ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်သည် အဆုံးသတ်လိမ့်မည်။ ယင်းသည် အမှန်တကယ် လွယ်ကူစွာ အဆုံးသတ်နိုင်မည်လော။ သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏အမှုက ပြီးဆုံးသွားမည်လော။ ယင်းက အလွန်ရိုးရှင်းနိုင်မည်လော။ လူတို့က ယင်းမှာ ဤမျှရိုးရှင်းသည်ဟု အမှန်ပင် ထင်မှတ်ကြသော်လည်း၊ ဘုရားသခင် ပြုသောအရာမှာ အလွန်ရိုးရှင်းသည် မဟုတ်ပေ။ ဘုရားသခင့်အမှု၏ မည်သည့်အပိုင်းကို သင်ပြောလိုသည်ဖြစ်စေ၊ ထိုအရာအလုံးစုံမှာ လူသားအတွက် ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခဲ့ပါက၊ ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး ကင်းမဲ့နေပေမည်။ ဘုရားသခင်ပြုခဲ့သော အမှုမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ ယင်းက သင်၏အယူအဆများနှင့် လုံးလုံးဆန့်ကျင်လျက်ရှိပြီး၊ သင်၏အယူအဆများနှင့် ညှိ၍မရလေလေ၊ ယင်းက ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ်ရှိကြောင်း ပြလေလေ ဖြစ်သည်။ သင်၏အယူအဆများနှင့် သဟဇာတဖြစ်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပာယ်ရှိမည် မဟုတ်တော့ပေ။ ဘုရားသခင်၏အမှုမှာ အလွန်အံ့သြဖွယ်ဖြစ်ကြောင်း သင်ယနေ့ခံစားရကာ၊ ယင်းက အံ့သြဖွယ်ကောင်းသည်ဟု သင်ခံစားရလေလေ၊ ဘုရားသခင်သည် ဉာဏ်မီနိုင်ဖွယ်ရာ မဟုတ်ကြောင်း သင်ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အဘယ်မျှကြီးမြတ်ကြောင်း သင်မြင်ရလေလေ ဖြစ်သည်။ အကယ်၍ သူသည် လူသားကို သိမ်းပိုက်ရန် အပေါ်ယံ၊ ဝတ်ကျေတမ်းကျေ အမှုအနည်းငယ်ကိုသာ ပြုပြီးနောက် အခြားမည်သည့်အရာကိုမျှ မပြုခဲ့ပါက၊ လူသားသည် ဘုရားသခင့်အမှု၏ အဓိပ္ပာယ်ကို ရှုမြင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သင်သည် ယခု အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ ယင်းမှာ အသက်တာ၌ သင်၏ ကြီးထွားမှုအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိပေသည်။ ထို့ကြောင့် သင်တို့အနေဖြင့် ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံရရန်မှာ အဆုံးစွန်လိုအပ်ချက်ပင် ဖြစ်သည်။ ယနေ့ သင်သည် အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ နောင်တွင် သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အမှန်တကယ် ရှုမြင်နိုင်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြဖွယ်ကောင်းလှပါတကား” ဟု သင်ဆိုလိမ့်မည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးထဲမှ စကားလုံးများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ စစ်ဆေးခြင်း (အစေခံသူတို့၏ စစ်ဆေးခံရခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကာလ) ကို အတန်ကြာ တွေ့ကြုံရပြီးသည့်အခါ လူအချို့က နောက်ဆုံးတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ် ခက်ခဲပါတကား” ဟု ဆိုကြလိမ့်မည်။ သူတို့အနေဖြင့် “အမှန်တကယ် ခက်ခဲသည်” ဟူသော စကားလုံးများ သုံးစွဲခဲ့သည့်အချက်က ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ကြောင်း၊ ဘုရားသခင်၏ အမှုတွင် ကြီးမားသော အဓိပ္ပာယ်နှင့် တန်ဖိုးဟူသော စရိုက်လက္ခဏာ ရှိကြောင်းနှင့်၊ သူ၏အမှုမှာ လူသား၏ တန်ဖိုးထားခြင်းခံရရန် လွန်စွာ ထိုက်တန်ကြောင်းကို ပြသသည်။ အကယ်၍ ငါသည် များလှစွာသော အမှုကို ပြုခဲ့ပြီးနောက်တွင် သင်၌ သိကျွမ်းခြင်း စိုးစဉ်းမျှမရှိခဲ့ပါက၊ ငါ၏အမှုသည် တန်ဖိုးရှိနိုင်ဦးမည်လော။ ၎င်းက သင့်အား- “ဘုရားသခင်ထံ အစေခံခြင်းက အမှန်တကယ် ခက်ခဲသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ကောင်းလှပြီး ဘုရားသခင်သည် အမှန်ပင် ဉာဏ်ပညာရှိ၏။ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းလှ၏” ဟု ဆိုစေလိမ့်မည်။ အကယ်၍ အတွေ့အကြုံကာလတစ်ခုကို ခံစားရပြီးနောက်တွင် သင်သည် ထိုကဲ့သို့သော စကားလုံးများကို ပြောနိုင်ပါက၊ ဤအရာက သင်သည် သင့်အထဲ၌ ဘုရားသခင်၏အမှုကို ရရှိထားကြောင်း သက်သေပြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ထားပြီး လူသားကို တွေ့မြင် ခွင့်ပေးထားသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ်သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူမည်နည်း။ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သာဖြစ်ပါက၊ ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

ဘုရားသခင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ ညှဉ်းပန်းနှိပ်စက်မှုသည် ၎င်းတို့၏အသက်များ အတွက် အကျိုးရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သာ၍ ငြိမ်သက်ခြင်း ရှိနိုင်ကြသည်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် သာ၍နီးစပ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အထွတ်အထိပ် ချစ်ခြင်းမေတ္တာနှင့် သူ၏ အမြင့်မားဆုံးသော ကယ်တင်ခြင်းကို သာ၍ကောင်းစွာ မြင်နိုင်ကြလေသည်။ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့သကဲ့သို့၊ ယောဘသည်လည်း စမ်းသပ်ခြင်းအချို့ကို ဖြတ်သန်း ခဲ့ရသည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် ဆန္ဒရှိပါက၊ သင်တို့သည်လည်း စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံရမည်ဖြစ်သည်။ ဤဖြစ်စဉ်ကို သင်တို့ ဖြတ်သန်းပြီး ဤအဆင့်ပေါ်တွင် အားထားမှသာလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်သည်။ စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ အခက်အခဲမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စမ်းသပ်မခံရပါက၊ စစ်ဆေးခြင်းကို အမှန်တကယ် ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်၏မနာခံမှု မည်မျှ ကြီးမားသည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပိုမိုကောင်းမွန်စွာ စုံလင်ခြင်းခံရနိုင်စေသည်။

သူ၏ တစ်သက်တာအတွင်းတွင်၊ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့ပြီး နာကျင်စရာ ဒုက္ခသုက္ခများစွာကို ကြုံခဲ့ရသည်။ ဤစစ်ဆေးခြင်းသည် ဘုရားသခင်ကို သူ၏ အထွတ်အထိပ် ချစ်ခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်လာခဲ့သကဲ့သို့ သူ၏ အသက်တာတစ်ခုလုံး၏ အရေးပါဆုံးသော အတွေ့အကြုံလည်း ဖြစ်လာခဲ့သည်။ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းမေတ္တာ သူပိုင်ဆိုင်နိုင်ခဲ့သည်မှာ တစ်နည်းအားဖြင့် ဘုရားသခင်ကို ချစ်ဖို့ သူ၏သန္နိဋ္ဌာန်ကြောင့်ဖြစ်သည်။ သို့သော်၊ ပို၍အရေးကြီးသည်မှာ သူကြုံခဲ့ရသည့် စစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကြောင့် ဖြစ်သည်။ ဤဆင်းရဲဒုက္ခသည် ဘုရားသခင်ကို ချစ်ခြင်းလမ်းကြောင်းပေါ် သူ၏လမ်းပြဖြစ်လာခဲ့ပြီး၊ သူ့အဖို့ အမှတ်ရဆုံးအရာ ဖြစ်လာခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ချစ်သောအခါ၌ စစ်ဆေးခြင်း၏ နာကျင်မှုကို မကြုံရပါက၊ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် မစင်ကြယ်မှုများနှင့် ၎င်းတို့၏ ဦးစားပေးမှုများဖြင့် ပြည့်နေသည်၊ ဤသို့သောချစ်ခြင်းတွင် စာတန်၏ စိတ်ကူးများ ပြည့်နေပြီး၊ အခြေခံအားဖြင့် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်ကိုချစ်ရန် သန္နိဋ္ဌာန်ရှိခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် မတူပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားသည့် အရာများအားလုံးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျေနပ်စေခြင်းအတွက် ဖြစ်သော်လည်း၊ ၎င်းတို့၏ အတွေးများက ဘုရားသခင်ကို လုံးဝ ဆက်ကပ်အပ်နှံပြီး မည်သည့်လူသားစိတ်ကူးမျှ လုံးဝမရှိသည့်ပုံရသော်လည်း၊ ၎င်းတို့၏ အတွေးများ ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်ခံရသောအခါတွင်၊ ဘုရားသခင်သည် ထိုသို့သောအတွေးများကို မချီးကျူးပေ သို့မဟုတ် ကောင်းချီးမပေးပေ။ လူများသည် သမ္မာတရားများ အားလုံးကို အပြည့်အဝ နားလည်သောအခါ၌ပင်- ထိုအရာအားလုံးကို ၎င်းတို့သိလာသောအခါ၌ပင်- ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း လက္ခဏာဖြစ်သည်ဟု ပြော၍မရသကဲ့သို့၊ ဤလူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သည်ဟု ပြော၍မရပေ။ စစ်ဆေးခြင်းမကြုံရဘဲ သမ္မာတရားများစွာကို နားလည်ခြင်းရှိသော်လည်း၊ လူတို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိကြချေ။ စစ်ဆေးခြင်းအတောအတွင်း၌သာ လူများသည် ဤသမ္မာတရားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်သည်၊ ထိုအခါမှသာ လူတို့သည် ထိုသမ္မာတရားများ၏ အတွင်းပိုင်းအဓိပ္ပာယ်ကို စစ်မှန်စွာ သဘောပေါက်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့ တစ်ဖန် ကြိုးစားကြသောအခါ၊ သမ္မာတရားများကို မှန်ကန်စွာနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ ၎င်းတို့ လက်တွေ့ လုပ်ဆောင်နိုင်ကြလေသည်။ ထိုအချိန်တွင်၊ ၎င်းတို့၏ လူ့စိတ်ကူးများ နည်းပါးလာသည်၊ ၎င်းတို့၏ လူ့ဖောက်ပြန်ပျက်စီးခြင်း လျော့နည်းသွားပြီး၊ ၎င်းတို့၏ လူ့စိတ်ခံစားမှုတို့သည်လည်း လျော့သွားလေသည်။ ထိုအချိန်မှသာလျှင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်ကို ချစ်ခြင်း၏ စစ်မှန်သော သရုပ်သကန် ဖြစ်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” မှ

စစ်ဆေးခြင်းအမှု၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူတို့၏ယုံကြည်ခြင်းကို စုံလင်စေရန်ဖြစ်သည်။ အဆုံးတွင်၊ ရရှိသည့်အရာမှာ သင်စွန့်ခွာလိုသော်လည်း၊ တစ်ချိန်တည်းတွင် စွန့်ခွာ၍မရပေ။ အချို့လူတို့သည် အသေးငယ်ဆုံးသော မျှော်လင့်ချက် တစ်စက်ကလေးမျှ မရှိသည့်အချိန်တွင်ပင် ယုံကြည်ခြင်း ရှိနိုင်ဆဲဖြစ်ပြီး၊ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် အနာဂတ်တက်လမ်းများနှင့် စပ်လျဉ်း၍ မျှော်လင့်ချက် လုံးဝ မရှိကြတော့ချေ။ ဤအချိန်မှသာ ဘုရားသခင်၏စစ်ဆေးခြင်းမှာ ပြီးဆုံးမည်ဖြစ်သည်။ လူသားသည် သေခြင်းနှင့် ရှင်ခြင်းအကြားတွင် တဝဲလည်လည်ဖြစ်နေသည့် အဆင့်ကို မရောက်ကြသေးပေ၊ ထို့ပြင် ၎င်းတို့သည် သေခြင်းကို မမြည်းစမ်းရသေးသောကြောင့် စစ်ဆေးခြင်း၏ လုပ်ငန်းစဉ်မှာ မပြီးဆုံးသေးပါ။ အစေခံသူများ၏အဆင့်၌ ရှိခဲ့သောသူတို့ပင်လျှင် အဆုံးစွန် စစ်ဆေးခြင်းကို မခံခဲ့ကြရပေ။ ယောဘသည် ပြင်းထန်သော စစ်ဆေးခြင်းကို ကြုံခဲ့ရပြီး သူ၌ အားထားစရာ မည်သည့်အရာမျှ မရှိခဲ့ပေ။ လူတို့သည် ၎င်းတို့၌ မျှော်လင့်ချက် မရှိသည့်အပြင် အားထားစရာ မည်သည့်အရာမျှမရှိသည့် အတိုင်းအတာအထိ စစ်ဆေးခြင်းများကို ခံကြရမည်၊ ဤသည်သာလျှင် စစ်မှန်သောစစ်ဆေးခြင်း ဖြစ်သည်။ အစေခံသူများ၏ ခေတ်ကာလအတွင်း၌ အကယ်၍ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့မှောက်၌ အမြဲဆိတ်ငြိမ်နေခဲ့ပြီး မည်သည့်အရာကို သူပြုခဲ့ပါစေ၊ သင့်အတွက် သူ၏အလိုတော်မှာ မည်သည့်အရာ ဖြစ်ခဲ့ပါစေ သင်သည် သူ၏ကြိုတင်ပြင်ဆင်ချက်များကို အမြဲတမ်းနာခံခဲ့ပါက၊ လမ်းဆုံးရောက်သည့်အခါ ဘုရားသခင်ပြုခဲ့ပြီးသော အရာတိုင်းကို သင်နားလည်ပေမည်။ သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။ “ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။” ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား နာခံမှုရှိပြီး သူ၏ အခြားတောင်းဆိုချက်များ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက၊ ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။ ယခုမူ သင့်ထံ ဘုရားသခင်မပေါ်လာရသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၌ သင်၏ကိုယ်ပိုင် များစွာသော အယူအဆများ၊ အခြေအမြစ်မရှိသော တစ်ကိုယ်ရေ အစွဲအလမ်းများ၊ တစ်ကိုယ်ကောင်းဆန်သော အတွေးအခေါ်များ၊ ပုဂ္ဂိုလ်ရေး လိုအပ်ချက်များနှင့် ဇာတိဆန်သော စိတ်ဝင်စားမှုများ ရှိသောကြောင့် ဖြစ်ပြီး သင်သည် သူ၏မျက်နှာကိုမြင်ရဖို့ မထိုက်တန်ပေ။ အကယ်၍ ဘုရားသခင်ကို သင်မြင်ခဲ့ရသည်ဆိုပါက သင်သည် သူ့ကို သင်၏ကိုယ်ပိုင် အယူအဆများ အားဖြင့် တိုင်းထွာလိမ့်မည်ဖြစ်ပြီး၊ ဤသို့ပြုခြင်းဖြင့် သူသည် သင့်အားဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် သံနှင့် အရိုက်ခံရခြင်းပင် ဖြစ်မည်။ အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

သင်တို့အားလုံးသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့အလယ်တွင် ရှိကြ၏။ စစ်ဆေးခြင်းအတွင်းတွင် သင်သည် ဘုရားသခင်ကို အဘယ်သို့ ချစ်သင့်သနည်း။ စစ်ဆေးခြင်းကို ကြုံတွေ့ပြီးနောက်၊ လူတို့သည် ဘုရားသခင်ထံ စစ်မှန်သော ချီးမွမ်းခြင်းကို ဆက်ကပ်နိုင်ပြီး၊ စစ်ဆေးခြင်း အလယ်တွင် ၎င်းတို့ အလွန်ပင် ချို့တဲ့ကြသည်ကို မြင်နိုင်ကြသည်။ သင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်ရန် တတ်စွမ်းနိုင်လေလေ ဖြစ်သည်။ လူတို့၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာ ကြီးမားလေလေ ဖြစ်သည်။ ဤသည်မှာ သင် နားလည်သင့်သည့်အရာ ဖြစ်သည်။ လူတို့ အဘယ်ကြောင့် စစ်ဆေးခြင်းခံရမည်နည်း။ မည်သည့်အကျိုးသက်ရောက်မှုကို ရရှိရန် ထိုစစ်ဆေးခြင်းက ရည်ရွယ်သနည်း။ လူသား၌ ဘုရားသခင်၏ စစ်ဆေးခြင်းအမှု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ရှာဖွေလျှင်၊ အတိုင်းအတာတစ်ခုအထိ သူ၏ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားပြီးနောက် ယင်းသည် အလွန့်အလွန် ကောင်းမွန်ပြီး အဆုံးစွန် လိုအပ်မှုဖြစ်သည်ကို သင် ခံစားရလိမ့်မည်။ စစ်ဆေးခြင်း အတောအတွင်းတွင် လူသားသည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံဖို့ ကိုယ်တော်ကို ချစ်ရန်သန္နိဌာန်ကို အသုံးပြုခြင်းဖြင့်- စစ်ဆေးခြင်းအတောအတွင်းတွင် သင်သည် ဓားတစ်လက်က သင်၏ နှလုံးသားကို မွှေနှောက်လျက်ရှိသကဲ့သို့ အတွင်းပိုင်း၌ ညှဉ်းဆဲ ခံရသော်လည်း၊ သင်သည် ဘုရားသခင်ကို ချစ်သည့် သင်၏နှလုံးသားကို အသုံးပြုလျက် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလိုလားလားရှိနေပြီး၊ ဇာတိပကတိကို ဂရုစိုက်ရန် လိုလိုလားလား ရှိမနေပေ။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် အတွင်းပိုင်းကို နာကျင်နေပြီး သင်၏ ဆင်းရဲဒုက္ခခံစားမှုသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိပြီးဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် ဆန္ဒရှိဆဲဖြစ်ကာ၊ “အိုး ဘုရားသခင်။ ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ခွာနိုင်ပါ။ ကျွန်ုပ်အတွင်းတွင် မှောင်မိုက်သော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွန်ုပ်၏ နှလုံးသားကို သိပြီး၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံစေလိုပါ၏” ဟု ဆိုလျက်၊ ဆုတောင်းသည်။ ဤအရာကို စစ်ဆေးခြင်း အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှု ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလျှင် စစ်ဆေးခြင်းသည် သင့်ကို ဘုရားသခင်နှင့် ပိုနီးစပ်အောင် ဆောင်ကြဉ်း သွားနိုင်ပြီး ဘုရားသခင်နှင့် သာ၍ ရင်းနှီးစေနိုင်၏။ ဘုရားသခင်ကို သင် ယုံကြည်သည့်အတွက်၊ သင်၏နှလုံးသားကို ဘုရားသခင်ထံ သင် လွှဲပြောင်းပေးအပ်ရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ဆက်ကပ်ပြီး ချခင်းထားပါက၊ စစ်ဆေးခြင်း အတောအတွင်းတွင် ဘုရားသခင်ကို ငြင်းပယ်ရန် သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ထက် သာ၍ နီးကပ်လာမည် ဖြစ်ပြီး၊ ယခင်ထက် သာ၍ ပုံမှန်ဖြစ်လာလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ယခင်ထက်သာ၍ ကြိမ်ဖန် များလာလိမ့်မည် ဖြစ်သည်။ သင်သည် ဤနည်းလမ်းဖြင့် အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏အလင်း၌ ပို၍ အချိန်ကုန်ဆုံးလိမ့်မည် ဖြစ်ပြီး၊ သူ၏နှုတ်ကပတ်တော်၏ လမ်းပြမူအောက်တွင် ပို၍ အချိန်ကုန်ဆုံး လိမ့်မည် ဖြစ်သည်။ သင်၏ စိတ်သဘောထားတွင်လည်း ပို၍ ပို၍ အပြောင်းအလဲများ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ အသိပညာသည် တစ်နေ့ထက် တစ်နေ့ တိုးပွားလိမ့်မည်။ ဘုရားသခင်၏ စမ်းသပ်မှုများ သင့်အပေါ် ရုတ်တရက် ကျရောက်သည့် ရက် ရောက်လာသည့်အခါတွင်၊ သင်သည် ဘုရားသခင် ဘက်တွင် ရပ်တည်ပေးနိုင်လိမ့်မည် ဖြစ်ရုံသာမက၊ ဘုရားသခင်ကိုလည်း သက်သေခံနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် ယောဘနှင့် ပေတရုကဲ့သို့ ဖြစ်မည်။ ဘုရားသခင်ကို သက်သေခံရင်း၊ သင်သည် သူ့ကို အမှန်တကယ် ချစ်လိမ့်မည်ဖြစ်ပြီး သူ့အတွက် သင့်အသက်ကို ဝမ်းမြောက်စွာ စွန့်လွှတ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သက်သေဖြစ်ကာ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာသည် အားနည်းခြင်းမရှိဘဲ၊ သန်မာလေသည်။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုများအား မည်သည့်အချိန် သို့မဟုတ် မည်သို့ ခံစားစေသည်ကို ပဓာနမထားဘဲ၊ သင် ရှင်မည်လား သေမည်လားဆိုသည်နှင့်ပတ်သက်၍ သင်၏စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အတွက် အရာရာကို ဝမ်းမြောက်စွာ ဘေးဖယ်ထားနိုင်၍ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ သည်းခံနိုင်လေသည်- ထိုသို့ဖြင့် သင်၏ချစ်ခြင်းမေတ္တာသည် ဖြူစင်ပြီး သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အမှန်တကယ် ချစ်ခြင်းခံရသောသူနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို အမှန်တကယ် ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” မှ

ယောဘသည် သူ၏ စမ်းသပ်မှုများကို ပထမဦးဆုံး ကြုံရချိန်တွင်၊ သူ၏ ဥစ္စာပစ္စည်းအားလုံးနှင့် သားသမီး အားလုံး ယူဆောင်သွားခြင်း ခံခဲ့ရသော်လည်း၊ အကျိုးဆက်အနေဖြင့် သူသည် လဲမကျခဲ့ပေ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမှုတစ်ခုဖြစ်သည့် မည့်သည့်အရာကိုမျှ မဆိုခဲ့ပေ။ သူသည် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အောင်မြင်ခဲ့ပြီး သူ၏ ရုပ်ဝတ္ထု ပစ္စည်းများ၊ သူ၏သားသမီးများနှင့် သူ၏လောကီပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးခြင်းနှင့်သက်ဆိုင်သည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်၊ ယင်းမှာ သူသည် ဘုရားသခင်က သူ့ထံမှ အမှုအရာများကို ယူဆောင် သွားသည်နှင့်အမျှ ဘုရားသခင်ကို နာခံနိုင်ခဲ့ပြီး၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကြောင့် ဘုရားသခင်ထံ ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းတို့ကိုလည်း ပူဇော်ဆက်ကပ်နိုင်ခဲ့သည်။ ယင်းမှာ စာတန်၏ ပထမအကြိမ် စုံစမ်းနှောင့်ယှက်မှုအတောအတွင်း ယောဘ၏ အပြုအမူဖြစ်ခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ ပထမအကြိမ် စမ်းသပ်မှု အတောအတွင်း ယောဘ၏ သက်သေခံချက်လည်း ဖြစ်ခဲ့သည်။ ဒုတိယအကြိမ် စမ်းသပ်မှုတွင်၊ စာတန်သည် ယောဘကို တိုက်ခိုက်ဖို့ ၎င်း၏လက်ကိုဆန့်ခဲ့ပြီး၊ ယောဘသည် သူယခင်က ခံစားခဲ့ရသည်ထက် သာ၍ ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသော်လည်း၊ သူ၏သက်သေခံချက်သည် လူတို့ကို အံ့အားသင့်ရစ်စေရလောက်သည်အထိ ဖြစ်ဆဲရှိခဲ့သည်။ သူသည် သူ၏ခံနိုင်ရည်၊ ခံယူချက်နှင့် ဘုရားသခင်ကို နာခံမှုအပြင်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းတို့အား စာတန်ကို နောက်ထပ်တစ်ကြိမ် အနိုင်ယူရန် အသုံးပြုခဲ့ပြီး၊ သူ၏ အပြုအမူနှင့် သူ၏သက်သေခံချက်တို့သည် ဘုရားသခင်၏ နောက်တစ်ကြိမ် ထောက်ခံခြင်းနှင့် မျက်နှာသာပေးခြင်းကို ခံခဲ့ရသည်။ ဤစုံစမ်းနှောင့်ယှက်မှုအတောအတွင်းတွင်၊ ယောဘသည် ခန္ဓာကိုယ် နာကျင်မှုသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ကို မပြောင်းလဲစေနိုင်ကြောင်း သို့မဟုတ် ဘုရားသခင်အပေါ် သူ၏ ဆက်ကပ်မှုနှင့် ဘုရားသခင်အား ကြောက်ရွံ့မှုကို ယူဆောင်မသွားနိုင်ကြောင်း၊ သို့မဟုတ် သေခြင်းကို သူရင်ဆိုင်ခဲ့ရသောကြောင့် ဘုရားသခင်ကို စွန့်လွှတ်မည်မဟုတ် သို့မဟုတ် သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို စွန့်လွှတ်မည်မဟုတ်သည်ကို စာတန်အား ကြေညာရန် သူ၏တကယ့်အပြုအမူကို အသုံးပြုခဲ့သည်။ ယောဘ၏ စိတ်ပိုင်းဖြတ်ချက်သည် စာတန်အား သူရဲဘောကြောင်စေခဲ့သည်၊ သူ၏ယုံကြည်ခြင်းသည် စာတန်အား အသည်းငယ်စေကာ တုန်လှုပ်စေရစ်ခဲ့သည်၊ ၎င်းတို့၏ သေရေး ရှင်ရေးတိုက်ပွဲအတွင်းတွင် စာတန်ကို သူ တိုက်ခိုက်ခဲ့သည့် ပြင်းပြခြင်းသည် စာတန်ထဲတွင် နက်ရှိုင်းသော မုန်းတီးမှုနှင့် မကျေမချမ်းမှုတို့ကို ပေါက်ဖွားစေခဲ့သည်။ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့က စာတန်သည် သူ့ကို နောက်ထပ်မည်သည့်အရာမျှ မလုပ်ဆောင်နိုင်စေခဲ့သည်မှာ စာတန်သည် ယောဘအပေါ် ၎င်း၏ တိုက်ခိုက်မှုများကို စွန့်ပစ်ပြီး ယေဟောဝါဘုရားသခင်ရှေ့တွင် ချခင်းထားသည့် ယောဘအား စွပ်စွဲချက်များကိုလည်း စွန့်လွှတ်ခဲ့လေသည်။ ဤသည်မှာ ယောဘသည် လောကကြီးကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ ဇာတိပကတိကို အောင်မြင်ခဲ့ပြီးဖြစ်သည်၊ သူသည် စာတန်ကို အောင်မြင်ခဲ့ပြီးဖြစ်ကာ သေခြင်းကို အောင်မြင်ခဲ့ပြီးဖြစ်သည်ဟု ဆိုလိုခဲ့ပေသည်။ သူသည် အကြွင်းမဲ့နှင့် လုံးလုံးလျားလျား ဘုရားသခင်နှင့် သက်ဆိုင်သော လူတစ်ဦး ဖြစ်ခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုအတောအတွင်းတွင်၊ ယောဘသည် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ခဲ့ပြီး သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းနှင့်သက်ဆိုင်သော သူ၏ အသက်ရှင်မှု နိယာမများ၏ နယ်ပယ်ကို ကျယ်ပြန့်လာစေခဲ့သည်။ ဤစမ်းသပ်မှုနှစ်ခုကို ကြုံရလျက်ဖြင့်၊ ယောဘထဲ၌ သာ၍ကြွယ်ဝသော အတွေ့အကြုံတစ်ခု ပေါက်ဖွားလာခဲ့ပြီး ဤအတွေ့အကြုံသည် သူ့ကို သာ၍ ရင့်ကျက်စေကာ ဝါရင့်စေခဲ့သည်၊ ယင်းသည် သူ့ကို သာ၍ သန်မာစေခဲ့ပြီး သာ၍ ကြီးမားသော ခံယူချက် ရှိစေခဲ့ကာ၊ သူစွဲမြဲစွာ ထိန်းထားခဲ့သော တည်ကြည်ခြင်း၏ မှန်ကန်မှုနှင့် အဖိုးထိုက်တန်ခြင်းတို့နှင့် သက်ဆိုင်၍ သူ့အား သာ၍ စိတ်ချယုံကြည်မှု ရှိစေခဲ့သည်။ ယောဘနှင့်သက်ဆိုင်သည့် ယေဟောဝါ ဘုရားသခင်၏ စမ်းသပ်မှုများသည် သူ့အား လူသားအတွက် ဘုရားသခင်၏ ပူပန်မှုနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် သိနားလည်ခြင်းနှင့် အသိစိတ်ကို ပေးခဲ့ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖိုးထိုက်ခြင်းကို သူ့အား သတိပြုမိခွင့်ပေးခဲ့ကာ၊ ယင်းအခြေအနေမှ ဘုရားသခင်အပေါ် အရေးထားခြင်းနှင့် ချစ်ခြင်းတို့ကို သူ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းထဲသို့ ပေါင်းထည့်ခဲ့လေသည်။ ယေဟောဝါဘုရားသခင်၏ စမ်းသပ်မှုများသည် ယောဘအား ဘုရားထံမှ ကင်းကွာစေခဲ့သည် သာမက သူ၏ စိတ်နှလုံးကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေခဲ့သည်။ ယောဘသည်းခံခဲ့သော ခန္ဓာနာကျင်မှုသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်ခဲ့ချိန်တွင်၊ ယေဟောဝါဘုရားသခင်ထံမှ သူခံစားခဲ့ရသော စိုးရိမ်ပူပန်မှုသည် သူ့အား သူ၏ မွေးဖွားရာနေ့ရက်ကို ကျိန်ဆဲဖို့မှလွဲ၍ ရွေးချယ်စရာ မပေးခဲ့ပေ။ ထိုသို့သော အပြုအမူသည် အချိန်ကြာမြင့်စွာ စီစဉ်ထားသည့်အရာမဟုတ်ခဲ့ဘဲ၊ သူ၏ စိတ်နှလုံးအတွင်းမှ ဘုရားသခင်အတွက် အရေးထားခြင်းနှင့် ချစ်ခြင်း၏ အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်အတွက် သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းတို့မှ လာခဲ့သည့် အလိုအလျောက် ထုတ်ဖော်ပြခြင်းတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ သူသည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာခဲ့ပြီး ဘုရားသခင်အား ညှဉ်းဆဲရန် လိုလားခြင်း မရှိသကဲ့သို့ ခံနိုင်ခြင်းလည်း မရှိသောကြောင့်၊ သူ၏ အရေးထားခြင်းနှင့် ချစ်ခြင်းသည် ကိုယ်ကျိုးမငဲ့သည့် အဆင့်အထိ ရောက်ရှိခဲ့ပေသည်။ ဤအချိန်တွင် ယောဘသည် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ကြည်ညိုခြင်းနှင့် တမ်းတခြင်း၊ ပြီးလျှင် ဘုရားသခင်အား ဆက်ကပ်ခြင်းတို့ကို အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်ကို သူ၏ ယုံကြည်ခြင်းနှင့် နာခံခြင်း၊ ပြီးလျှင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းတို့ကိုလည်း အရေးထားခြင်းနှင့် မြတ်နိုးခြင်း အဆင့်အထိ မြှင့်တင်ခဲ့သည်။ သူသည် ဘုရားသခင်ကို ထိခိုက်နစ်နာစေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ပေ၊ ဘုရားသခင်ကို နာကျင်စေမည့် မည်သည့်အပြုအမူကိုမျှ မိမိကိုယ်ကိုယ် လုပ်ဆောင်ခွင့်မပေးခဲ့သကဲ့သို့၊ သူ၏ ကိုယ်ပိုင် အကြောင်းရင်းများအတွက် ဘုရားသခင်အပေါ် မည်သည့် ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း သို့မဟုတ် မပျော်ရွှင်ခြင်းကိုမျှပင် ယူဆောင်လာဖို့ မိမိကိုယ်ကိုယ် အခွင့်မပေးခဲ့ချေ။ ဘုရားသခင်၏ အမြင်တွင် ယောဘသည် ယခင်က ယောဘပင် ဖြစ်နေဆဲ ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းသည် ဘုရားသခင်အား ပြီးပြည့်စုံသော ကျေနပ်အားရမှုနှင့် သာယာကြည်နူးမှုကို ဆောင်ကြဉ်းခဲ့ပြီး ဖြစ်သည်။ ဤအချိန်တွင် ယောဘသည် သူရရှိဖို့ ဘုရားသခင် မျှော်လင့်ထားခဲ့သော စုံလင်ခြင်းကို ရရှိခဲ့ပြီးဖြစ်သည်။ သူသည် ဘုရားသခင်၏ အမြင်တွင် “စုံလင်ဖြောင့်မတ်သည်” ဟုခေါ်ဝေါ်ခြင်းငှာ အမှန်တကယ် ခံထိုက်သောသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် စာတန်အား အောင်နိုင်ခွင့်ပေးခဲ့ပြီး၊ ဘုရားသခင်အဖို့ သူ၏ သက်သေခံချက်၌ ခိုင်ခံ့စွာ ရပ်တည်အခွင့်ပေးခဲ့သည်။ ထိုကြောင့် သူ၏ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည်လည်း သူ့အား စုံလင်စေပြီး သူ၏ အသက်တန်ဖိုးကို ယခင်ထက် သာ၍ မြှင့်တင်ခံရစေကာ ကျော်လွန်စေခဲ့ပြီး၊ စာတန်၏ တိုက်ခိုက်ခြင်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းကို မခံရတော့မည့် ပထမဦးဆုံးသော လူတစ်ဦးလည်း ဖြစ်စေခဲ့သည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်၏ စွပ်စွဲခြင်းခံခဲ့ရကာ စုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရသည်။ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ထံသို့ လွှဲအပ်ခြင်းကို ခံခဲ့ရပြီး၊ ယောဘသည် ဖြောင့်မတ်ခဲ့သောကြောင့်၊ သူသည် စာတန်ကို အောင်နိုင်ကာ ရှုံးနိမ့်စေခဲ့ပြီး၊ သူ၏ သက်သေခံချက်၌ ခိုင်မြဲစွာ ရပ်တည်ခဲ့သည်။ ထိုအချိန်မှစ၍ ယောဘသည် စာတန်ထံသို့ မည်သည့်အခါတွင်မျှ တစ်ဖန် အပ်နှံမခံရတော့မည့် ပထမဦးဆုံး လူသားတစ်ဦး ဖြစ်လာခဲ့သည်၊ သူသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ အမှန်တကယ် လာရောက်ခဲ့ပြီး စာတန်၏ စောင့်ကြည့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မရှိဘဲ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၊ အလင်းထဲတွင် အသက်ရှင်ခဲ့ရသည်...။ သူသည် ဘုရားသခင်၏ အမြင်၌ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူသည် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်...။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

အကယ်၍ သင်သည် စုံလင်စေခြင်းခံရခြင်းကို မလိုက်စားသည့် သူတစ်ဦးဖြစ်ပါက၊ သက်သေခံပြီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်က “ဘုရားသခင်၏ ဤအဆင့်ဆင့်ဖြစ်သော အမှုတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားအား မည်သို့ စုံလင်စေသည်ကို ကျွန်ုပ်သိလာရပြီးဖြစ်ပါသည်၊ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သော အမှုကို ကျွန်ုပ်ရရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် အသိပညာကို ကျွန်ုပ်သိရှိပြီးဖြစ်ကာ သူ၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ရောက်လာပြီးဖြစ်ကာ ကျွန်ုပ်ထံ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော် ဆောင်ကြဉ်းပြီးဖြစ်သည်။ ကျွန်ုပ်ကို ကွယ်ကာကာ သန့်စင်စေပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပြီးဖြစ်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များ ကျွန်ုပ်အပေါ်သို့ မရောက်လာခဲ့ပြီးဖြစ်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိရှိနိုင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည် ကယ်တင်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့တွင် ကျွန်ုပ်မြင်ရသည်- ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ထိုက်သောကြောင့်၊ သတ္တဝါတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံးကို မွေ့လျော်ရသည်သာမက၊ သာ၍ အရေးကြီးသည်မှာ၊ သတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့ကိုလည်း မွေ့လျော်သင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် သတ္တဝါ တစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင်၊ ကြီးစွာသော မေတ္တာ ရှိပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို လုံးဝ ရရှိနိုင်စွမ်းမရှိသော်လည်း၊ ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်း ရှိလေပြီ၊ ဤတွင် ကျွန်ုပ် ကောင်းချီးခံစားရပါသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းကို တွေ့ကြုံရသည့်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ပြောဆိုသော အသိပညာဖြစ်ပါသည်။ ထိုသို့သော လူများသည် ပေတရုနှင့်တူကြပေသည်။ ပေတရုကဲ့သို့ တူညီသော အတွေ့အကြုံများ ရှိကြသည်။ ထိုသို့သော လူများသည် အသက်ကို ရရှိပြီးသူများ၊ အမှန်တရားကို ပိုင်ဆိုင်သော သူများလည်း ဖြစ်သည်။ ၎င်းတို့သည် တကယ့်အဆုံးထိ တွေ့ကြုံသောအခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတောအတွင်းတွင် ၎င်းတို့သည် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လုံးဝ ဧကန်မုချ ဖယ်ရှားကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံရကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

ဘုရားသခင်၏ များစွာသော အမှုတွင် စစ်မှန်သော အတွေ့အကြုံရှိသူတို့သည် သူ့ကို လေးစားမှုထက် ပို၍မြင့်မားသော ကြည်ညိုမှု ခံစားကြရလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သူ၏စိတ်သဘောထားကို တွေ့မြင်ကြရပြီးဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏စိတ်နှလုံးများထဲတွင် ကြည်ညိုကြလေသည်။ ဘုရားသခင်၏ ဖြစ်တည်ခြင်းနှင့် သူ၏ စိတ်သဘောထားတို့သည် အဖန်ဆင်းခံ တစ်ဦးနှင့် မတူသကဲ့သို့ အဖန်ဆင်းခံတစ်ဦး အထက်တွင် ရှိသောကြောင့်၊ ဘုရားသခင်ဆိုသည်မှာ ကြည်ညိုခံရရန်နှင့် နာခံခြင်း ခံရရန် ဖြစ်သည်။ ဘုရားသခင်သည် မိမိဘာသာတည်ရှိကာ ထာဝရဖြစ်သည်၊ သူသည် ဖန်ဆင်းခံတစ်ဦးမဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါးတည်းသာ ကြောက်ရွံ့မှုနှင့် နာခံမှုတို့ဖြင့် ထိုက်တန်ပေသည်။ လူသည် ဤအရာအတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးဖြစ်ကာ သူ့ကို အမှန်တကယ် သိသောသူ အားလုံးသည် ဘုရားသခင်အပေါ် ကြည်ညိုမှု ခံစားကြရလေသည်။ သို့ရာတွင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လက်မလွှတ်သော သူများသည်- သူ့ကို ဘုရားသခင်ဟု သက်သက် မယူမှတ်သောသူများသည်- သူ့အပေါ် ကြည်ညိုမှု မရှိကြသကဲ့သို့၊ ၎င်းတို့သည် သူ့နောက်သို့ လိုက်ကြသော်လည်း၊ သိမ်းပိုက်ခြင်း မခံကြရပေ။ ၎င်းတို့သည် သဘာဝအားဖြင့် မနာခံသော လူများ ဖြစ်သည်။ ထိုသို့အမှုပြုခြင်းဖြင့် ဘုရားသခင် ရရှိဖို့ ရည်ရွယ်သည့်အရာမှာ ဖန်ဆင်းခံ သတ္တဝါများအားလုံးအနေဖြင့် ဖန်ဆင်းရှင်အတွက် ကြည်ညိုမှု စိတ်နှလုံးများ ရှိကြရန်၊ သူ့ကို ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုကို ခြွင်းချက်မရှိ ကျိုးနွံနာခံရန်အတွက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံးက ရရှိဖို့ ရည်ရွယ်သော နောက်ဆုံးရလဒ်များ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

ယနေ့ သင်တို့ကို ထိုသို့ ငါ တရားစီရင်သည်နှင့်အမျှ၊ အဆုံးတွင် သင်တို့ မည်သည့် အတိုင်းအတာအထိ နားလည်မှု ရှိလိမ့်မည်နည်း။ သင်တို့၏ အဆင့်အတန်း မမြင့်သော်လည်း ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ဆိုကြလိမ့်မည်။ သင်တို့သည် နိမ့်ကျစွာ မွေးဖွား လာခဲ့သောကြောင့် သင်တို့၌ အဆင့်အတန်း မရှိပေ၊ သို့သော် ဘုရားသခင်သည် သင့်ကို မြှင့်တင်သော‌ကြောင့် သင် အဆင့်အတန်း ရရှိပေသည်- ယင်းမှာ ဘုရားသခင် သင်တို့အား ပေးသနားသောအရာဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင်၏ လေ့ကျင့်သင်ကြားပေးခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ တရားစီရင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း သာ၍ပင်ဖြစ်သည်။ သင်တို့သည် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ခေတ်ကာလများတစ်လျှောက်တွင် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို လက်ခံ ရရှိခဲ့သောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်ခြင်းခံရသည့် လူတစ်ဦးမျှ မရှိခဲ့ပေ။ ဘုရားသခင်သည် ယခု သင်တို့အား မျက်နှာချင်းဆိုင် စကားပြောနေသည်၊ သင်တို့အား သန့်စင်ပေးနေသည်၊ သင်တို့၏ ဆန့်ကျင်ပုန်ကန်လိုသော အတွင်းသဘောကို ထုတ်ဖော်ပြသ နေပေသည်- ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း အစစ်အမှန်ပင် ဖြစ်သည်။ လူတို့သည် မည်သည့် အရည်အချင်းများ ရှိကြသနည်း။ ၎င်းတို့သည် ဒါဝိဒ်၏မျိုးဆက် သို့မဟုတ် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ပါစေ အကျဉ်းချုပ်အားဖြင့်၊ လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း” မှ

နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အခက်အခဲကို တွေ့ကြုံရလျက်၊ ရာသီဥတု ဒဏ်မပြတ်ခံထားလာရပြီး ဖြစ်သည်။ လူသည် အတိတ်အချိန်ကာလများ၏ “ဘုန်းအသရေ”နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့ ပျောက်ဆုံးသွားပြီး ဖြစ်သော်လည်း၊ သူသည် မသိလိုက်ဘဲနှင့် လူသား အပြုအမူနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို နားလည်လာပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဖို့ ဘုရားသခင်၏ နှစ်ပေါင်းများစွာ ဆက်ကပ်မြှုပ်နှံမှုကို အသိအမှတ်ပြုလာရပြီးဖြစ်သည်။ လူသားသည် တဖြည်းဖြည်းနှင့် ၎င်းကိုယ်တိုင်၏ ရိုင်းစိုင်းမှုကို စတင် စက်ဆုပ်ရွံရှာလေသည်။ သူ မည်မျှရိုင်းစိုင်းသည်၊ ဘုရားသခင်အပေါ် သူ၏ အထင်လွဲမှားမှုများအားလုံးနှင့် ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလေသည်။ အချိန်သည် နောက်ပြန်လှည့်၍မရပေ။ အတိတ်က အဖြစ်အပျက်များသည် လူသား၏ နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ချစ်ခြင်းမေတ္တာတို့သည် လူသား၏ဘဝသစ်တွင် တွန်းအား ဖြစ်လာလေသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းသည်၊ သူ၏ ခွန်အားပြန်ရှိလာပြီး သူသည် မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာကို ဖူးမျှော်လေသည်...သူသည် မိမိ၏နံဘေးတွင် အမြဲရှိကြောင်းနှင့် သူ၏အပြုံးနှင့် သူ၏ လှပသောမျက်နှာတို့သည် လွန်စွာ လှုပ်ရှားစေနိုင်ဆဲ ဖြစ်ကြောင်းတို့ကိုသာ တွေ့ရပေသည်။ သူ၏စိတ်နှလုံးသည် သူ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ပူပန်မှုများ ပွေ့ပိုက်ဆဲဖြစ်ပြီး သူ၏လက်များသည် အစအဦးကကဲ့သို့ နွေးထွေးပြီး တန်ခိုးရှိနေဆဲဖြစ်သည်။ ယင်းမှာ လူသားက ဧဒင်ဥယျာဉ်သို့ ပြန်သွားခဲ့သည့်အလား ဖြစ်သည်၊ သို့သော် ဤအကြိမ်တွင် မြွေ၏ ဖြားယောင်းသွေးဆောင်မှုများကို လူသားက နားမထောင်တော့ သကဲ့သို့၊ ယေဟောဝါ၏ မျက်နှာမှ လှည့်ထွက် မသွားတော့ပေ။ လူသည် ဘုရားသခင် ရှေ့မှောက်တွင် ဒူးထောက်၏၊ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး သူ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်လေသည်- အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

အရှေ့သို့- ၂) စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် သက်သေခံရပ်တည်ဖို့အလို့ငှာ လူတစ်ဦး ပိုင်ဆိုင်ရမည့်အရာ

နောက်တစ်ခုသို့- ၁) လူတစ်ယောက်၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ကောင်းသော အပြုအမူတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅) ယနေ့အချိန်အထိ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဦးဆောင်၍ ထောက်ပံ့ပေးခဲ့သည့် နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့၊ မည်သူမဆို အလွယ်တကူ...

၅) ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှစ်ရပ်သည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို စုံလင်စေသည်ဟု ဆိုထားသည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ပထမ လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနုတ်ရန်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနုတ်ရန်...

၁) မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ မတူညီသည့် နာမတော်များ ရှိရသည့်အကြောင်းအရင်းနှင့် သူ၏ နာမတော်များ၏ အဓိပ္ပာယ်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထို့အပြင် ဘုရားသခင်က မောရှေအား မိန့်တော်မူသည်မှာ၊ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရားသခင်၊...

၂) ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်ဟု ဆိုထားသည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်