အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၃။ သမ္မာတရားကို နားလည်ခြင်းနှင့် အယူဝါဒကို နားလည်ခြင်းတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏နှုတ်ကပတ်တော်ထဲမှ အမှန်တကယ်အဓိပ္ပာယ်ကို စစ်မှန်စွာနားလည်လာခြင်းမှာ ရိုးရှင်းသောကိစ္စမဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက် အဓိပ္ပာယ်ကို အနက်ကောက်နိုင်ပြီး အယောက်တိုင်းက ကောင်းသည်ဟုဆိုပြီး သင့်ကို လက်မထောင်ပြပါက ၎င်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ခြင်းအဖြစ် မှတ်ယူသည်ဟုမထင်ပါနှင့်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ခြင်းနှင့်မတူညီပေ။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အတွင်းမှ အနည်းငယ်သောအလင်းကို ရပြီး ဘုရားသခင်၏နှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပာယ်အကြောင်း အသိတစ်ခုကို သင်ရပါက၊ ယင်းနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ၎င်းတို့သည် နောက်ဆုံးတွင် မည်သည့်အရာကို ရူရှိမည်ကို သင်ဖော်ပြနိုင်ပါက၊ ဤအရာအားလုံး ရှင်းလင်းသည့်အခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အဆင့်အနည်းငယ်အထိ နားလည်မှုရှိသည်ဟု မှတ်ယူ၏။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ခြင်းမှာ အလွန်ရိုးရှင်းသောအရာမဟုတ်ပေ။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော် စာလုံးကို ဝေဝေဆာဆာ ရှင်းပြချက်ပေးနိုင်ခြင်းကြောင့် သင်သည် ၎င်းကို နားလည်သည်ဟု မဆိုလိုနိုင်ပေ။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော် စာလုံးကို မည်မျှပင် ရှင်းပြနိုင်စေကာမူ ၎င်းမှာ လူသား၏စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်ပုံ ဖြစ်နေသေးသည်၊ ၎င်းမှာ အချည်းနှီးပင်ဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်” မှ

သမ္မာတရားကို သိခြင်းအရာ၌ ကျွမ်းကျင်တတ်မြောက်ခြင်းသည် အထူးသဖြင့် အရေးပါသည်ဟု သင်ထင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်များကို အာဂုံဆောင်နိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ အယူဝါဒများအကြောင်း ပြောဆိုခြင်းနှင့် ပုံသေနည်းများကို ရှာဖွေတွေ့ရှိခြင်းတို့သည် အလွန်အရေးကြီးသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့ မည်သို့နားလည်သည်မှာ လုံးဝအရေးမကြီးဟု သင်တို့ထင်ကြ၏။ ထို့ကြောင့် လူတိုင်းသည် တူညီသော အသိပညာရှိ၍ တူညီသော စည်းမျဉ်းများကို စောင့်ထိန်းစေရေးအတွက်၊ လူတိုင်း တူညီသော ဓမ္မတေးသီချင်း စာရွက်တစ်ရွက်တည်းမှ သီဆိုနေရန်၊ တူညီသော အကြောင်းအရာများကို ပြောဆိုနေရန်နှင့် တူညီသော အယူဝါဒများအကြောင်း ပြောနေရန် သင်တို့အနေဖြင့် ဤအရာများကို အမြဲစနစ်တကျ စီမံလိုသည်၊ ဤသည်မှာ သင်တို့၏ ရည်မှန်းချက်ဖြစ်သည်။ သင်တို့ ဤသို့ပြုနေခြင်းသည် လူတို့နားလည်မှု ရရှိစေရန်အတွက်ဖြစ်သည်ဟု ထင်ရသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဤအရာသည် လူတို့အား ဘုရားသခင့်နှုတ်ကပတ်တော်၏ သမ္မာတရားပြင်ပရှိ စည်းမျဉ်းများအလယ်သို့ ခေါ်ဆောင်နေခြင်းဖြစ်သည်ကို သင်တို့လုံးဝမသိပေ။ လူတို့အား သမ္မာတရားကို စစ်မှန်စွာ နားလည်ခွင့်ပြုရန် သင်သည် ၎င်းကို လက်တွေ့အရှိတရား၊ အမှုတော်တို့နှင့် ချိတ်ဆက်ကာ၊ လက်တွေ့ကျသော ပြဿနာများကို ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်အညီ ဖြေရှင်းရမည်။ ဤနည်းအားဖြင့်သာလျှင် လူတို့သည် သမ္မာတရားကို နားလည်ကာ လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး၊ ဤကဲ့သို့သော ရလဒ်တစ်ခုကို ရရှိခြင်းသည်သာ လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ခေါ်ဆောင်လာခြင်းဖြစ်သည်။ သင်ပြောဆိုသမျှ အကြောင်းအရာသည် ဝိညာဉ်ရေးရာ အယူအဆများ၊ အယူဝါဒများနှင့် စည်းမျဉ်းများသာ ဖြစ်လျှင်၊ သင်သည် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်အပေါ်ကိုသာ လုံ့လစိုက်ထုတ်လျှင် လူတို့အား တူညီသော အကြောင်းအရာများကို ပြောစေခြင်းနှင့် တူညီသော စည်းမျဉ်းများကို လိုက်နာစေခြင်းသာ သင်အထမြောက်နိုင်မည်၊ သို့သော် လူတို့အား သမ္မာတရားကို နားလည်စေရန် လမ်းပြနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် လူတို့အား ၎င်းတို့ကိုယ်ကို ပိုမိုကောင်းမွန်စွာ နားလည်စေနိုင်မည် မဟုတ်ဘဲ၊ နောင်တရခြင်းနှင့် ပြောင်းလဲခြင်းတို့ ရရှိစေနိုင်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပြစ်မှားမိနိုင်သည်” မှ

သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှုလေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့ကျင့်သုံးမှုများတွင် ဘုရားသခင် ၏ နာမတော်ကို အစဦးအသိဉာဏ်အဖြစ် မထည့်သွင်းပါက သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင် နှင့် ပတ်သက်သမျှတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အသက်တာ မဟုတ်ပဲ အဓိပ္ပာယ် ကင်း မဲ့သော ကျမ်းဟောင်းတရားများသာဖြစ်ပေလိမ့်မည်။ သင်သည် အသက် မဲ့သော ကျမ်းဟောင်းတရားများကိုသာဆုပ်ကိုင်ထားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို ဆုပ်ကိုင် နိုင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးသည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်နှိုက်က ၀ိညာဉ်ဆိုင်ရာ အဓိပ္ပာယ်ကို သင့်အားဖွင့်ပြပေးခြင်းဖြင့် သင်သည် အမှန်တကယ် ၀ိညာဉ်ဆိုင်ရာ တန်ဖိုးများကိုဆုပ်ကိုင်နိုင်ပြီး လက်တွေ့ကျင့်သုံးခြင်း ပြုမှသာလျှင် သင်သည် ဘုရားသခင် နာမတော်၏ နက်နဲရာတို့ကို သိမြင် နိုင်ပေမည်။ သင်သည် လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် မည်မျှ ရှင်းလင်းသည်ဖြစ်စေကာမူ သင်ဆုပ်ကိုင် နိုင်သည့် အရာမှာသင်၏ ဘာသာရေးလုပ်ထုံးလုပ်နည်းဖြစ်လာမည့် အဓိပ္ပာယ်မဲ့သောကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေလိမ့်မည်။ ယင်းသည် ဖာရိရှဲတို့၏ ၏လုပ်ကိုင်ပုံ မဟုတ်ပါလော။ သင်တို့သည် ဘုရားသခင်နှုတ်ကပတ်တော်ကိုလက်တွေ့ ကျင့်သုံးပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်တို့သည် လက်တွေ့မကျင့်သုံးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်တို့အတွက် တတိယ မိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာ ရုံသာရှိပေလိမ့်မည်။...

...သင်သည်သမ္မာတရားကို ကျင့်သုံးသော အခါတွင်ဘု ရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး ""သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ထိုအရာကိုနားလည် နိုင်သည်"" ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုနားလည်သည်ဆို ရုံမျှဖြင့် သင်သည်ထိုအရာကို နားလည်သည်ဟု မဆိုနိုင်ပေ။ အချို့ကဆိုသည်မှာ သမ္မာတရားကို ကျင့်သုံးရန်တစ်ခုတည်းသောနည်းလမ်းမှာ ယင်းကိုဦးစွာ နားလည်ခြင်း ဖြစ်သော်လည်း ယင်းမှာလုံး ဝတိကျမှန်ကန်မှုမရှိသေးပဲ အမှန်တဝက်ကိုသာ ရောက်သေးသည်။ သမ္မာတရား၏အသိဉာဏ်ကို သင်မရသေးမီတွင် သမ္မာတရားကိုသင်မကျင့်သုံး နိုင်ပေ။ တရားဒေသနာတစ်ခုတွင် သင်ကြားရသော အရာကို သင်နားလည်သည်ဟူသော ခံစားချက်မှာ စစ်မှန်သော နားလည်ခြင်း မဟုတ်ပါ။ သို့သော် ယင်းမှာ သမ္မာတရား၏ တိုက်ရိုက်စကားလုံးများကို သိရှိခြင်းမျှသာ ဖြစ်ပြီး ယင်းစာသား၏ စစ်မှန်သည့် အဓိပ္ပာယ်ကိုနားလည်ခြင်းနှင့် မတူညီပါ။ သမ္မာတရားကို အပေါ်ယံနားလည်ခြင်းက ယင်းကိုအမှန်တကယ် နားလည်ခြင်းသို့မဟုတ် အသိအမှတ်ပြုခြင်းဟုအဓိပ္ပာယ်မသက်ရောက်ပါ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား အတွေ့အကြုံရရှိခြင်းမှ လာသည်။ ထို့ကြောင့်၊ သင်သည် သမ္မာတရားကိုတွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ သမ္မာတရားကိုတွေ့ကြုံမှသာယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းကို သင်ဖမ်းဆုပ်နိုင်မည်။ ယင်းကိုနက်နက်နဲနဲ တွေ့ကြုံခြင်းကသမ္မာတရား၏ အစိတ်အပိုင်းတစ်ခုကိုဖမ်းဆုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်၊ ယင်း၏အနှစ်သာရကို နားလည်ရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်တို့ နားလည်သည်နှင့်တပြိုင်နက် ကျင့်သုံးကြပါ” မှ

သင်ပြောသော အသိပညာသည် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိသည် သင့်ထံတွင် လက်တွေ့ အတွေ့အကြုံ ရှိမရှိအပေါ်တွင် ကြီးစွာမူတည်လေသည်။ သင့်အတွေ့အကြုံထဲတွင် သမ္မာတရားရှိပါက သင့်အသိပညာသည် လက်တွေ့ကျပြီး တန်ဖိုးရှိလိမ့်မည်။ သင့်အတွေ့အကြုံအားဖြင့် သင်သည် ချင့်ချိန်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုကိုလည်း ရရှိနိုင်ပြီး၊ သင်၏အသိပညာ နက်နဲလာကာ သင့်ဉာဏ်ပညာ တိုးပွားလာပြီး သင့်ကိုယ်သင်ပြုမူရာတွင် ကိုယ်ပိုင်တွေးအခေါ် တိုးမြင့်လာမည်။ သမ္မာတရားကို မပိုင်ဆိုင်သောသူတို့ပြောသော အသိပညာသည် မည်မျှပင်မြင့်နေစေကာမူ အယူဝါဒပင်ဖြစ်သည်။ ဤသို့သော သူမျိုးတို့သည် ဇာတိပကတိကိစ္စများနှင့် ပတ်သက်လာလျှင် အလွန်ပင် တော်ကောင်းတော်နိုင်သော်လည်း ဝိညာဉ်ရေးရာကိစ္စများနှင့် ပတ်သက်လာလျှင် ခွဲခြားမှုမပြုနိုင်ကြပေ။ ထိုသို့ဖြစ်ရသည်မှာ ထိုသို့သော သူများသည် ဝိညာဉ်ရေးရာ ကိစ္စများတွင် အတွေ့အကြုံ လုံးဝမရှိသောကြောင့် ဖြစ်သည်။ ဤသူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများတွင် ဉာဏ်အလင်းမရသောသူများဖြစ်ပြီး ဝိညာဉ်တော်ကို နားမလည်ကြပေ။ သင်သည် မည်သည့်အသိပညာရှုထောင့်နှင့်ပတ်သက်ကာ ပြောသည်ဖြစ်စေ သင့်ကိုယ်ပိုင် ဖြစ်တည်မှုသာ ဖြစ်နေသရွေ့ ထိုအရာသည် သင့်ကိုယ်ပိုင်အတွေ့အကြုံနှင့် သင့်အသိပညာအစစ်အမှန်ဖြစ်သည်။ အယူဝါဒကိုသာပြောသူများ တစ်နည်းအားဖြင့် သမ္မာတရား သို့မဟုတ် စစ်မှန်မှုကို မပိုင်ဆိုင်သူများက ပြောနိုင်သောအရာသည် သူတို့၏ဖြစ်ခြင်းသာဖြစ်သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ သူတို့၏အယူဝါဒသည် နက်ရှိုင်းသော ဆင်ခြင်သုံးသပ်ခြင်းမှသာ ရောက်လာနိုင်ပြီး သူတို့၏စိတ်မှ နက်ရှိုင်းစွာ စဉ်းစားထားသော ရလဒ်ဖြစ်သည်။ သို့ရာတွင် ယင်းသည် အယူဝါဒသာဖြစ်ပြီး၊ စိတ်ကူးယဉ်ထက်မပိုလွန်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သင်၏ ကိုယ်ပိုင်အတွေ့အကြုံမှမဟုတ်သော မည်သည့်အရာမဆို၊ စာအုပ်များမှ သို့မဟုတ် အခြားလူများ၏ အတွေ့အကြုံများမှ သင်လေ့လာသင်ယူခဲ့သည် ဖြစ်စေ၊ သင့်အတွက် အယူဝါဒတစ်ခု ဖြစ်လာပေသည်။ ထိုအရာကို သင် တွေ့ကြုံပြီး သင်၏ အတွေ့အကြုံမှ ရလဒ်တစ်ခုကို သင် ရရှိ လျှင်၊ မှန်ကန်သော သိနားလည်မှုကို ရရှိလမ့်မည်ဖြစ်ပြီး သင် ပြောဆိုသောအချိန်တွင် သင်ပြောသောစကားများက စစ်မှန်လိမ့်မည်ဖြစ်သည်၊ သို့မှသာ မှန်ကန်သော လက်တွေ့အရှိတရား ဖြစ်လာပေသည်။ မယုံကြည်သူများက အချို့သော သဘောတရားများကို အဘယ်သို့ သုတေသနပြုကြသည်ကို ကြည့်ပါ။ ၎င်းတို့သည် ရေးသားထားသော အရာမှသာ သုတေသနပြုကြသည်။ အယူဝါဒများကို ၎င်းတို့ သုတေသနပြုကြပြီး လေ့လာအကဲခတ်ကြပြီးနောက် ကောက်ချက်ချကြသည်။ အထူးသဖြင့် ဓမ္မပညာရှင်များ သင်းအုပ်ဆရာများ နှင့် ပညာရှင်များ၊ သီအိုလိုဂျီသုတေသနပြုလုပ်သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ရှုပြီးနောက်တွင် လက်တွေ့ကျသော အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားကို မရှာဖွေကြ သို့မဟုတ် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းအား မရှာဖွေကြပါ။ ဤသို့ပြုလုပ်ရမည့် အစား၊ အမျိုးမျိုးသော သဘောတရားများကို လေ့လာစုံစမ်းကြပြီး အကဲခတ်ကြကာ အဆုံးတွင် အချို့သော ကောက်ချက်များ ချကြသည်။ ထို့ကြောင့်၊ ၎င်းတို့ ချမှတ်သော ကောက်ချက်များမှာ စစ်မှန်သလော သို့မဟုတ် အယူဝါဒဆိုင်ရာများ ဖြစ်သလော။ အားလုံးက အယူဝါဒဆိုင်ရာများ ဖြစ်ကြသည်။ ဤသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံပေါ်တွင် အခြေမပြုဘဲ အထူး ပြုလုပ်ထားသည့် စာသားဆိုင်ရာသုတေသနပြုခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်းတို့အပေါ် အခြေပြုပြီး ဤကောက်ချက်များကို ဆွဲခဲ့ကြခြင်းကြောင့် ဖြစ်သည်။ တိုက်ရိုက် စာသားသုတေသနပြုခြင်းနှင့် ကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော အရာများကို သုတေသနပြုခြင်းတို့မှ ရရှိသော ကောက်ချက်များက ဓမ္မပညာဆိုင်ရာ သဘောတရားဟု ခေါ်သော သဘောတရားတစ်မျိုးကို ဖန်းတီးခဲ့ပြီဖြစ်သည်။ ဤအရာထဲ၌ အတွေ့အကြုံမှ သိနားလည်ခြင်းမရှိသလို၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြမှုလည်း မရှိပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းမှ ပိုမိုနက်ရှိုင်းသော သိနားလည်ခြင်းက နှုတ်ကပတ်တော်များ၏ အပေါ်ယံအဓိပ္ပါယ်များမှလာသော အရာထက်ု သာလွန်သည်၊ သာမန်ကာလျှံကာမျှသော မည်သည့် ဘာသာစကားအားဖြင့်မျှ ယင်းကို ဖော်ပြ၍မရနိုင်ပါ။ သင့်အနေဖြင့် အတွေ့အကြုံထဲသို့ ဝင်ရောက်ပြီးနောက် သမ္မာတရားကို ရှာဖွေသောအခါတွင်သာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းပြပြီး အလင်းပေးပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အတွက် ဉာဏ်အလင်းပြပြီး အလင်းပေးသော အရာများသည် သင့်အတွက် လက်တွေ့အကျဆုံးသော အရာများနှင့် အမှန်ကန်ဆုံးသော အရာများ ဖြစ်ပြီး သင့်အနေဖြင့် အဘယ်မျှလောက် ကြိုးစားပြီးလေ့လာပါစေ သမ္မာကျမ်းစာမှ မရရှိနိုင်သော အရာများဖြစ်သည်။ ထို့ကြောင့်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားဖို့ ဘုရားသခင်က ကျွနုပ်တို့ကို တောင်းဆိုပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သော ကျွနုပ်တို့၏ အတွေ့အကြုံတွင် သန့်ရှင်းသော ဝိညာဉ်တော်က ကျွနုပ်တို့ကို ဉာဏ်အလင်းပေးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် သိနားလည်ခြင်းအား ကျွနုပ်တို့ ရရှိနိုင်ကြလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပါယ်များကို သင်အဘယ်မျှလောက် ကြိုးစားပြီးလေ့လာပါစေ ဤစစ်မှန်သော သိနားလည်မှုကို သင်မရရှိနိုင်ပါ၊ ဤသည်မှာ လူ့အတွေးအခေါ်က လက်လှမ်းမမီနိုင်သော အရာတစ်ခု ဖြစ်ပြီး သင်အဘယ်မျှ ကြိုးစားပါစေ စိတ်ကူး၍မရနိုင်သော အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်လမ်းပြမှု၊ ဉာဏ်အလင်းပေးမှုနှင့် အလင်းပြခြင်းတို့မှ ရရှိသော သမ္မာတရားသည်သာ ဘုရားသခင်ကို စစ်မှန်သော သိနားလည်မှု ဖြစ်ပေသည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁) တွင်ပါဝင်သော “အမေး အဖြေများ” မှ

အယူဝါဒစကားများနှင့် သမ္မာတရားတို့ကြားက ခြားနားချက်မှာ အမှန်တကယ်တွင် မည်သည့်အရာ ဖြစ်သနည်း။ သမ္မာတရားမှာ ဘုရားသခင် နှုတ်ကပတ်တော်၏ အခြေအမြစ်ခိုင်လုံသော အရာများဖြစ်သည်။ ယင်းက ဘုရားသခင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ အယူဝါဒ စကားများမှာ အပေါ်ယံ အရာများ၏ အမျိုးအစားတွင် ပါဝင်ပြီး လူသား အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို ကိုယ်စားပြုသည်။ ၎င်းတို့သည် သမ္မာတရားနှင့် မကိုက်ညီပါ။ သမ္မာတရား၏ အခြေအမြစ်ခိုင်လုံသော အရာများမှာ ထူးထူးခြားခြား လက်တွေ့ကျသည်၊ ၎င်းတို့သည် စည်းမျဉ်းများအပေါ် အခြေခံထားပြီး အထူးသဖြင့် လက်ခံယုံကြည်လောက်စရာဖြစ်သည်။ အခြေအမြစ်ခိုင်လုံသောတစ်စုံတစ်ရာကို လူတစ်ဦးက နားလည်လိုက်သည်နှင့် တပြိုင်နက်၊ သူ၏ စိတ်နှလုံးသည် အားတက်ပြီး လွတ်မြောက်မှုကို ရရှိလေသည်။သူသည် စည်းမျဉ်းစည်းကမ်းများ၏ ချုပ်ချယ်မှုကို မခံရတော့ချေ။ အခြားတစ်ဖက်တွင်၊ အယူဝါဒစကားများမှာ အနှစ်မဲ့ပြီး လက်တွေ့မကျချေ။ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းများနှင့် အစဉ်အလာများမှလွဲ၍ ဘာမျှမဟုတ်သလို လူတို့ကို ကန့်သတ်ချုပ်ချယ်ခြင်းခံရဖို့ လွယ်ကူစေပြီး လွတ်လပ်မှုကို မခံစားရစေပါ။ ထို့အပြင်၊ တစ်စုံတစ်ဦးသည် အယူဝါဒစကားများ မည်မျှ သိရှိပါစေ၊ ၎င်းတို့သည် သူ၏ စိတ်သဘောထားပြောင်းလဲမှုကို မယူဆောင်နိုင်ချေ။ ၎င်းတို့သည် လူတို့အတွက် အခြေခံကျသော အကျိုးကျေးဇူး အနည်းငယ်သာ ရှိကြသည်။ ထို့ကြောင့်၊ အယူဝါဒစကားများသည် သမ္မာတရားနှင့် တကယ်ကို နှိုင်းယှဉ်မရနိုင်ပါ။ သမ္မာတရားသည် လူတစ်ဦး၏ အသက်ဖြစ်လာနိုင်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်ခံလိုက်သည်နှင့် တပြိုင်နက်၊ ယင်းက အသက်တာ စိတ်သဘောထား၏ ပြောင်းလဲမှုကို ယူဆောင်ပေးလိမ့်မည်ဖြစ်သည်။ အယူဝါဒများကို များပြားစွာ နားလည်သဘောပေါက်ခြင်းက လူတစ်ဦးကို မာနထောင်လွှားမှု၊ မိမိကိုယ်ကိုယ် အရေးပေးမှု၊ မာန်မာန တို့ကိုသာ ဆောင်ကျဉ်းပေးပြီး အသိစိတ် ကင်းမဲ့စေလေသည်။ လူတစ်ဦးသည် သမ္မာတရားကို သူ၏ တကယ့်အသက်တာအဖြစ် ရှိသောအခါမှသာ သူ၏ လက်တွေ့လုပ်ဆောင်မှုမှာ စစ်မှန်လာသည်။ အယူဝါဒစကားများကို လူတစ်ဦးက မည်မျှ နားလည်ပါစေ၊ လက်တွေ့အရှိတရားကို သူ ပိုင်ဆိုင်လိမ့်မည်မဟုတ်ပါ။ အမှုကိစ္စတစ်ခုကို သူကြုံရသောအခါ မည်သည့်အရာကို လက်တွေ့လုပ်ဆောင်ရမည်ကို သူသိရှိလိမ့်မည်မဟုတ်သေးချေ။ ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရသူတို့အားလုံးသည် သမ္မာတရားကို ပိုင်ဆိုင်သော လူများဖြစ်စဉ်တွင် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းကို မကြုံခဲ့ရသော သူတို့အားလုံးသည် အယူဝါဒစကားများနှင့်ဆိုင်သော လူများဖြစ်ကြသည်။ သမ္မာတရားကို ပိုင်ဆိုင်သော သူတို့သည် ဘုရားသခင်အားဖြင့် အသုံးပြုခြင်းခံရဖို့ သင့်လျော်ကြသည်။ ၎င်းတို့၏ အလုပ်များက အသီးအပွင့်များ သီးပွင့်ကြပြီး ၎င်းတို့သည် အခြားသူများကို ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ ပို့ဆောင်ခြင်း၌ အမှန်တကယ် စွမ်းဆောင်နိုင်ကြလေသည်။ အယူဝါဒစကားများကို အာရုံစိုက်သူတို့သည် ၎င်းတို့၏ အလုပ်မှ မှန်ကန်သော ရလဒ်ကို မရရှိကြပါ။ ၎င်းတို့သည် လူတို့ကို မှန်ကန်သော အတွေ့အကြုံနှင့် သိနားလည်မှုတို့နှင့်ဆိုင်သော အာဟာရကို မထောက်ပံ့နိုင်ကြသလို အမှုကိစ္စများကို ဖြေရှင်းရန် သမ္မာတရားကို ပို၍ပင် အသုံးမပြုနိုင်ကြပါ။ ဤသည်မှာ ၎င်းတို့သည် အခြားသူများကို ဘုရားသခင်၏ မျက်မှောက်တော်သို့ မပို့ဆောင်နိုင်ရသည့် အကြောင်းရင်းဖြစ်သည်။ သမ္မာတရားကို ပိုင်ဆိုင်သော လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေနေသော လူတို့ကို မရှောင်ရှားသလို ၎င်းတို့၏ ယုံကြည်မှုတွင် လူတို့ ရှိထားကြသည့် လက်တွေ့ကျသော ပြဿာနာများအားလုံးကို သူ ဖြေရှင်းပေးနိုင်လေသည်။ အယူဝါဒစကားများကို အလေးထားသူတို့သည် ၎င်းတို့အတွင်းတွင် စစ်မှန်သောအရာများ ချို့တဲ့ကြပြီး ၎င်းတို့ ပြောဆိုကြသော အယူဝါဒများက လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်သောကြောင့် သမ္မာတရားကို ရှာဖွေနေကြသော လူတို့ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့်၊ အခြားသူများကို မေးခွန်းများထုတ်ကြဖို့ မတောင်းဆိုဝံ့ကြသလို လက်တွေ့ကျသော အခက်အခဲများကို ပို၍ပင် မဖြေရှင်းနိုင်ကြချေ။ သမ္မာတရားကို ပိုင်ဆိုင်သူတို့မှာ လက်တွေ့အရှိတရားကို ရင်ဆိုင်ဝံ့ကြသည်၊ အယူဝါဒ စကားများကို အာရုံစိုက်သူတို့သည် လက်တွေ့အရှိတရားကို ရင်မဆိုင်ဝံ့ကြသလို ယင်းထက် ထိုအရာကို ခေါင်းရှောင်ကြလေသည်။ ဤသို့သောအရာများသည် သမ္မာတရား နှင့် အယူဝါဒ စကားများကြား ပိုင်းခြားသိမြင်ခြင်းအတွက် အခြေခံသဘောတရားများ ဖြစ်ကြလေသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခင်က:“အရာရာကို ချန်ထားခဲ့ပြီး ဘုရားသခင်နောက်လိုက်ပါ” ဟုဆိုခြင်းသည် မည်သည့်အရာကို ဆိုလိုပါသနည်း။

နောက်တစ်ခုသို့:ဘာသာရေး အခမ်းအနားတွင် ပါဝင်ခြင်းမှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ