အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၃။ ကယ်တင်ခြင်းခံရမှုကို အနည်းငယ်သဘောပေါက်နားလည်လာခြင်း

လင်ဇင်း၊ ရှန်ဒေါင်ပြည်နယ်

ခရစ်ယာန်တစ်ဦးဖြစ်လာပြီးနောက် အရာအားလုံးကိုဘေးဖယ်၍ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးချကာ၊ အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်၍ မည်သည့် ဒုက္ခဆင်းရဲ သို့မဟုတ် နာကျင်မှုကို ခံစားရသည်ဖြစ်စေ ကျွန်မ၏ တာဝန်ကို မစွန့်လွှတ် သို့မဟုတ် ဘုရားသခင်ကို သစ္စာမဖောက်သရွေ့ ဘုရားသခင်ကို အဆုံးအထိလိုက် လျှောက်နိုင်လျှင် ဘုရားသခင်ကို သဘောကျ ကျေနပ်စေမည့်သူတစ်ဦးဖြစ်လာလိမ့်မည်ဟု ကျွန်မအမြဲတစေ ယုံကြည်ခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိကာ ဆက်လက်ရှင်သန်နေ နိုင်လိမ့်မည်ဟုတွေးထင်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်မ၏ မိသားစုနှင့် အသွေးအသားပျော်ရွှင်မှုများကိုစွန့်လွှတ်ပြီး၊ ဘုရားကျောင်းတွင် နေ့တိုင်း သွားလာလှုပ်ရှားပြီး အလုပ်များနေခဲ့ပါသည်။ ယင်းသည်ဘုရားသခင်၏ ကယ်တင်ခြင်း လမ်းကြောင်းကို ကျွန်မလျှောက်နှင့်နေပြီးဖြစ်ကာ ကျွန်မလုပ်ရမည့်အရာအားလုံးမှာ အဆုံးထိတိုင်အောင် သူနှင့်လျှောက်လှမ်းရန်သာဖြစ်ကြောင်းကို ယုံကြည်လာခဲ့ပုံဖြစ်ပါသည်။

လွန်ခဲ့သည့်ရက်နည်းငယ်က "သမ္မာတရားကို ရရှိပြီး လက်တွေ့အရှိတရားထဲ ဝင်ရောက်သောသူတို့သည်သာ အမှန်တကယ် ကယ်တင်ခံရသည်" ဆိုသည့်ဒေသနာတစ်ပုဒ်မှ စာပိုဒ်တစ်ပိုဒ်ကိုကျွန်မဖတ်ခဲ့ရပါသည်။ "ဘုရားသခင်၏ ကယ်တင်ခြင်းသည် လူတို့ထင်ထားသကဲ့သို့မရိုးရှင်းပေ။ ကျွန်မတို့သည် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအပြင် စမ်းသပ်မှုနှင့် စစ်ဆေးခြင်းတို့ကို ဘုရားသခင့် နှုတ်ကပတ်တော်ထံမှ တဆင့်ပြီး တဆင့်တွေ့ကြုံရမည်ဖြစ်ပါသည်။ ဘုရားသခင့်အမှုတော်၏ အဆင့်တိုင်းကိုကျွန်မတို့သည် နီးကပ်စွာ လိုက်လျှောက်ပြီး နောက်ဆုံးတွင် သမ္မာတရားကို ရရှိကာ ဖန်ဆင်းခံအသစ်ဖြစ်လာရန်အတွက် စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိမည်ဖြစ်ပြီး၊ စာတန်ကို အောင်နိုင်ကာ အပြစ်ကို ကျော်လွန်ရန် သမ္မာတရားအပေါ်တွင် မှီခိုရပါမည်။ ကျွန်မတို့သည် ဘုရားသခင်ကို အပြည့်အဝနာခံရန်နှင့် ဘုရားသခင်နှင့် သဟဇာတဖြစ်စေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် မှီခိုကာ သတိရှိစွာ အသက်ရှင်ရပါမည်။ ဤအရာသည်သာ စာတန်အပေါ်စစ်မှန်သည့် အောင်မြင်မှု၊ အပြစ်မှ လွှတ်မြောက်မှုနှင့် ဘုရားသခင်၏ ရယူခြင်းကိုခံရခြင်း ဖြစ်သည်။ အကယ်၍ဤရလဒ်ကို ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံရခြင်းမှ ရယူနိုင်ပါက ယင်းသည် ဘုရားသခင်အားဖြင့် စစ်မှန်စွာကယ်တင်ခံရခြင်းဖြစ်ပါသည်။" "သမ္မာတရားကို လိုက်လျှောက်ခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူခြင်းလမ်းကြောင်းပေါ်တွင် မိသားစုကွဲပြဲခြင်း၊ သဘာဝနှင့်လူလုပ် ဘေးအန္တရာယ်များ- လူတို့ ရင်ဆိုင်ရသည့်စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခအမျိုးအစား အမျိုးမျိုး—အစရှိသော အခက်အခဲများနှင့် အတားအဆီးများစွာရှိနေပါသည်။ ယင်းသည် ချောမွေ့သော ရွက်လွှင့်မှုတစ်ခု မဟုတ်သည်မှာ သေချာပြီး၊ အကယ်၍ လူတို့သည် သမ္မာတရားကင်းမဲ့ပြီး၊ ခိုင်မာစွာမရပ်တည်နိုင်လျှင် ဘုရားသခင်ကို သစ္စာဖောက်နိုင်ချေသည် ၁၀ဝ% ရှိပါသည်။" (တရားဒေသနာများ စုစည်းတင်ပြမှု—အသက်တာအတွက် အထောက်အပံ့) ဤသည်ကိုဖတ်ပြီးသည့်နောက်တွင် ကျွန်မသည် အိပ်မက်မှနိုးထလာ သကဲ့သို့ခံစားမိပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းကိုခံရခြင်းသည် နောက်ဆုံးတွင် ကျွန်မထင်ထားခဲ့သလိုမရိုးရှင်းလှပါ။ ပစ္စည်းဥစ္စာတို့ကိုစွန့်လွှတ်ခြင်း၊ မိမိကိုယ်ကို အသုံးချခြင်း၊ အပြင်ပန်းတွင် အလုပ်ပင်ပင်ပန်းပန်းလုပ်ခြင်းနှင့် ဘုရားသခင်ကို အဆုံးထိတိုင်အောင်နောက်လိုက်ခြင်းတို့ကို မရည်ညွှန်းပါ။ ထိုအရာများထက် ဘုရားသခင်၏အမှုတော်နှင့် နှုတ်ကပတ်တော်တို့ကိုလက်တွေ့ကျကျတွေ့ကြုံရန်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်မှုကိုလက်ခံရန်၊ ရိုက်နှက်ဆုံးမခြင်းနှင့်ပြုပြင်ခြင်း အပြင် စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခတို့ကို တွေ့ကြုံရရန်လိုအပ်ပါသည်။ နောက်ဆုံးတွင် သမ္မာတရားကိုနားလည်ခြင်းအားဖြင့် လူတို့သည် မိမိတို့၏ပျက်စီးနေသော စိတ်သဘောထားများကို စစ်မှန်စွာနားလည်မှုရလာကာ သူတို့၏ ပျက်စီးနေသော ဆိုးယုတ်သည့် စိတ်သဘောထားတို့ကို ဖယ်ရှားပြီး၊ သူတို့ဘဝတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ်မှီခိုကာ ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး နာခံသောသူများ ဖြစ်လာပါလိမ့်မည်။ ဤရလဒ်ကိုရရှိခြင်းအားဖြင့်သာ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို စစ်မှန်စွာရရှိသူတစ်ဦး ဖြစ်နိုင်ပါမည်။ သို့ရာတွင်ဤအရာကို ကျွန်မ၏ လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်ကြည့်ရာ ဤရလဒ်ကို ကျွန်မရရှိရန် အတော်လေးကိုဝေးနေပါသည်။ ဘုရားသခင်သည် နာမည်ကောင်းနှင့် ရာထူးတို့ကို လိုက်လံရှာဖွေရန် မစေခိုင်းမှန်း ကျွန်မသိသော်ငြားလည်း ကျွန်မသည် ကြိမ်ဖန်များစွာ ဤအရာတို့ကို ခိုင်မာစွာ တွဲခိုထားပြီး၊ လွတ်မထွက်သွားစေခဲ့ပါ။ ကျွန်မသည် ကျော်ဇောမှုနှင့်ရာထူးတို့ကို ရရှိပြီး၊ တာဝန်ကိုထမ်းဆောင်ချိန်တွင် ခွန်အားများပြည့်နေလျှင် ပျော်ရွှင်ခဲ့သည်။ သို့သော် ထိုအရာတို့ကို ကျွန်မမရခဲ့လျှင် ကျွန်မသည် အပျက်သဘောဆောင်ကာ အာခံတတ်ခဲ့ပြီး အလုပ်လုပ်ချင်စိတ်ပင်မရှိသလို ကိုယ့်ကိုယ်ကိုပြန်မထုတ်နိုင်သည့် အမှောင်ထဲသို့ ကျဆင်းစေခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ သမ္မာတရားကိုလိုက်လျှောက်ရန်၊ ဘုရားသခင်ကို ကျေနပ်စေရန် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဖို့ဖြစ်ပြီး ဘုရားသခင်နှင့်အပေးအယူမလုပ်သင့်ကြောင်း အဓိပ္ပါယ် ဖြစ်သည်ကို ကျွန်မသိပါသည်။ သို့သော် ဘုရားသခင်၏ အလုပ်သည် ပြီးမြောက်ဖို့ကြာရှည်သည်ကိုကျွန်မတွေ့မြင်ပြီး၊ ကောင်းချီးမင်္ဂလာကိုရယူရန် ကျွန်မ၏ မျှော်လင့်ချက်များကိုမသိရှိရသေးချိန်တွင် ကျွန်မ၏ အတွင်းတွင် အပျက်သဘောများကို သယ်ဆောင်ခဲ့ပါသည်။ ကျွန်မ၏ ကနဦးစွမ်းအားများသည် အစရှာမရအောင် ပျောက်ဆုံးသွားပြီး၊ ကျွန်မ၏တာဝန်ကို ဖြည့်ဆည်းရာတွင် ကျွန်မ ပေါ့ဆခဲ့ပါသည်။ ကျွန်မ၏ အလုပ်မှာ အခက်အခဲများကို တွေ့ကြုံရသည့်အခါ ယင်းသည် အခက်အခဲများကြားတွင် ဘုရားသခင်ကကျွန်မကို သွန်သင်ပြီး ကျွန်မ၏ယုံကြည်မှုကို စုံလင်အောင် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ကျွန်မသိသော်လည်း စိတ်ထဲတွင် နားမလည်မှုများနှင့် မကျေနပ်မှုများပြည့်နေဆဲဖြစ်သည်။ ဘုရားသခင်ကိုယုံကြည်ခြင်းသည် အလွန်ပင် နာကျင်စရာကောင်းလှပြီး ခက်ခဲသည်ဟု ကျွန်မခံစားခဲ့ရသည်။ ကျွန်မ၏ အလုပ်ကိုစွန့်လွှတ်ပြီး ဘုရားသခင် အတွက်မိမိကိုယ်ကို အသုံးမခံတော့ဖို့ ဆန္ဒများပင်ဖြစ်ပေါ်လာခဲ့ပါသည်။ ကျွန်မကို ဝန်းရံနေသည့် ပတ်ဝန်းကျင်မှလူများ၊ ကိစ္စများနှင့် အရာများအားလုံးသည် ကျွန်မကို ပြည့်စုံစေရန် ဘုရားသခင်မှ ထားရှိထားခြင်းဖြစ်ပြီး ထို့ကြောင့် ဤအရာများထံမှသမ္မာတရားကို ကျွန်မရှာဖွေသင့်သည်ကိုသိသော်လည်း ကျွန်မ၏ အယူအဆများနှင့် မကိုက်ညီသည့် လူတစ်ယောက်၊ ကိစ္စတစ်ခု သို့မဟုတ် အရာတစ်ခုကို ရင်ဆိုင်ရချိန်တွင် ယင်းကို ကျွန်မအမြဲတမ်းဆန့်ကျင်တွန်းလှန်ပြီး လက်ခံရန် ဆန္ဒမရှိသည့်အချိန်များစွာရှိခဲ့ပါသည်။ ဤအခြေအနေ အစစ်အမှန်များနှင့် သိသာထင်ရှားမှုများ အားလုံးကိုကြည့်လိုက်လျှင် ယင်းတို့သည် သမ္မာတရားကိုရှာဖွေခြင်းနှင့် လက်တွေ့ကျင့်ကြံခြင်းအတွက် သက်သေနှင့်အတွေ့အကြုံ မည်သို့ဖြစ်နိုင်ပါမည်နည်း။ စစ်မှန်သော ဝိညာဉ်အသက်တာအနည်းငယ် လေးကိုပင်ကျွန်မမည်သို့ ရှိနိုင်ပါမည်နည်း။ စမ်းသပ်မှု သို့မဟုတ် စိတ်ရှုပ်ထွေးမှု အနည်းငယ်ကိုတွေ့လျှင်ပင် ကျွန်မသည်ကြီးမားသော ဒုက္ခဆင်းရဲများနှင့် ခံစားရခြင်း တို့အလယ်တွင် ခိုင်မာစွာရပ်တည်ရန်နှင့် ဘုရားသခင်နောက်သို့ လမ်းဆုံးအထိလိုက်ရန် မဆိုနှင့် မည်သည့်အချိန်တွင်မဆို ကျွန်မသည်ဘုရားသခင်ကို သစ္စာဖောက်နိုင်ချေနှင့် ခလုတ်တိုက်လဲရန် အန္တရာယ်များရှိနေပါသည်။ ထိုအချိန်တွင် ကျွန်မသည်ဘုရားသခင်နောက်သို့ နှစ်အတန်ကြာလိုက်ခဲ့ပြီး တစ်ကြိမ်မှ မထွက်ခွာသွားခဲ့သော်ငြားလည်း ကျွန်မသည် အပေါ်ယံ လုပ်ဆောင်မှုများနှင့် မိမိကိုယ်ကိုဘုရားသခင်အတွက်အသုံးခံနေမှုကိုသာ အလေးအနက်ထား ခဲ့မိပါသည်။ ကျွန်မသည် သမ္မာတရားကိုအမှန်တကယ်လိုက်လျှောက်ရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခဲ့ခြင်းမရှိသလို ဘုရားသခင်၏ တရားစီရင်မှုနှင့် ဆုံးမပြစ်တင်မှုကို အမှန်တကယ် လက်မခံခဲ့သလို ကျွန်မဘဝ၏ စိတ်သဘောထားတို့သည်အနည်းငယ်ပင်မပြောင်းလဲခဲ့ပေ။ ကျွန်မသည် စာတန်၏ မှောင်မဲသည့် လွှမ်းမိုးမှုအောက်တွင်နေထိုင်ဆဲဖြစ်ပြီး၊ သူ၏ လှည့်ကွက်နှင့် လှည့်ဖျားလိမ်ညာမှုကို ခံနေခဲ့ရပါသည်။ ယင်းသည် ဘုရားသခင်၏စစ်မှန်စွာကယ်တင်ခြင်းကိုခံရမည့် အဆင့်အတန်းနှင့် အလွန်ဝေးကွာ လှပါသည်။ သို့သော် ကျွန်မသည် ဘုရားသခင်၏ ကယ်တင်ခြင်းလမ်းကြောင်း ထဲကိုဝင်ရောက်ခဲ့သည်မှာကြာလှပြီ၊ ကျွန်မသည် ပြည့်စုံလုနီးပါးဖြစ်နေပြီ ဟုအမှန်တကယ်ယုံကြည်ခဲ့မိပါသည်။ ဤအရာသည် မိမိကိုယ်ကို လှည့်စားခြင်း သက်သက်သာ ဖြစ်ပါသည်။

ဤသည်တို့ကိုသတိပြုမိသည့်နောက်တွင် "အိုး … ဘုရားသခင် ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းညွှန်မှုတို့ကြောင့် ကျွန်မရဲ့ အခြေအနေမှန်ကိုရှင်းလင်းစွာတွေ့မြင်ခွင့်ရခဲ့ပြီး၊ စစ်မှန်တဲ့ ကယ်တင်ခြင်းဟာ မည်သို့ဖြစ်တယ်ဆိုတာကိုနားလည်စေခဲ့ကာ ယခင်က ကျွန်မရဲ့မှားယွင်းတဲ့ အမြင်ကို ပြောင်းလဲပေး ခဲ့ပါတယ်။ ကျွန်မကိုယ်တော်ကို ဘယ်နှစ်နှစ်ယုံကြည်ခဲ့သည်ဖြစ်စေ၊ သမ္မာတရားကိုလိုက် လျှောက်ခြင်းမရှိဘူး ဆိုရင် ကျွန်မဘဝရဲ့ စိတ်သဘောထားတွေ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာကို ဒီအရာကကျွန်မ နားလည်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ထို့ကြောင့် ကျွန်မဘယ်လောက်အလုပ်တွေလုပ်နေပါစေ၊ ဘယ်လောက်ပဲ ခံစားနေရပါစေ၊ ဘုရားသခင်ရဲ့ သဘောကျနှစ်ခြိုက်မှုကို ရမှာမဟုတ်ပါဘူး။ ယနေ့မှစရှေ့ဆက် ကျွန်မဟာ ဒီတန်ဖိုးရှိတဲ့အချိန်ကို သမ္မာတရားကို လိုက်လျှောက်ဖို့အတွက် အသုံးပြုကာ၊ ကိုယ်တော့်ရဲ့ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် ကျွန်မရဲ့ ပျက်စီးနေတဲ့ စိတ်သဘောထားကို မိမိဖာသာဖယ်ထုတ်နိုင်အောင် ကြိုးစားပါ တော့မည်။ ကျွန်မဟာ ကိုယ်တော့် နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ကာ ကိုယ်တော့်ကို အပြည့်အဝ ယုံကြည်ပြီး၊ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့နင်းလျှောက်ကာ အသက်ရှင်ရန် အစွမ်းကုန်ကြိုးစား ပါတော့မည်" ဟုကျွန်မဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်။

ယခင်က:သန့်ရှင်းသောဝိညာဉ်တော်သည် အခြေခံသဘောတရားအရ အလုပ်လုပ်သည်

နောက်တစ်ခုသို့:ကျွန်တော့် နှလုံးသားထဲတွင် နက်ရှိုင်းစွာ သိမ်းထားသည့် လျှို့ဝှက်ချက်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ