အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂။ ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ပါ

ဟွမ်ဘောင် လျောင်နင်းပြည်နယ်၊ ဒါလီယန်မြို့

ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင် သက်ဝင် ယုံကြည်သည်မှစ၍ ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင်နားနှင့် ကြားခွင့်ရပြီး ကိုယ်တော်၏ သာသနာပြုခြင်းကို ကိုယ်တိုင်ခံယူ ရရှိခဲ့သည့် ညီအစ်ကို မောင်နှစ်မများကို အစဉ် လေးစားအားကျမိသည်။ ကျွန်ုပ်၏ စိတ်နှလုံးသားထဲတွင် ကျွန်ုပ်သည် နောင်တစ်ချိန် တစ်နေ့နေ့တွင် ခရစ်တော်၏ ဒေသနာတော်များကို ကိုယ်တိုင် နာကြားခွင့်ရခဲ့ပါက အဘယ်မျှလောက် ကောင်းလိုက်မည်နည်း၊ အကယ်၍သာ ကိုယ်တော်ရှင်ကို ကိုယ်တိုင် ဖူးမျှော်ခွင့်ရခဲ့ပါက အတိုင်းထက်အလွန် ဖြစ်မည်ဟု တွေးခဲ့မိပါသည်။ သို့ရာတွင် ယခုတစ်လော ကိုယ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးချက်များကို ကြားနာခြင်းမှတစ်ဆင့် ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ရန် မထိုက်တန်ဟု စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ခံစားလာရသည်။

ယင်းသည် “အသက်၏ ဝင်လမ်းအကြောင်း ဟောပြောခြင်းနှင့် မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်း အတွဲ ၁-၃” အား ထုတ်ခဲ့သည့်အခါ ဖြစ်ပါသည်။ ကျွန်ုပ် ပထမအတွဲကို ကြားနာရသည့်အခါ၊ အထက်မှ ညီအစ်ကိုသည် အလွန်ကောင်းစွာ ပြောထားသည်ဟု ကျွန်ုပ်ခံစားမိ၏။ ခရစ်တော်မှ ဒုတိယအတွဲအား မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းကို ကျွန်ုပ်ကြားနာရစဉ်အခါ၊ (ဤအရာမှာ ခရစ်တော်၏ မိတ်ဿဟာယတော်ရှိကြောင်း ကျွန်ုပ်အား မည်သူမျှ မပြောပြသေးခင် အချိန်က ဖြစ်သည်) ဤသူမှာ အထက်မှ ညီအစ်ကို၏ လက်အောက်ရှိ သာမန် ခေါင်းဆောင်တစ်ယောက်ဟုသာ ထင်မြင်ယူဆမိသည်။ အထူးသဖြင့် သူသည် အသိပညာကို မည်ကဲ့သို့ ရှုမြင်ရမည်နည်းဟူသည့် အကြောင်းနှင့် ပတ်သက်သည့် ပြဿနာအား မိတ်ဿဟာယဖွဲ့ ဆွေးနွေးစဉ်တွင် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများထံမှ စိတ်အားထက်သန်စွာ တုံ့ပြန်ဆွေးနွေးခြင်းမျိုး မကြားခဲ့ရသည့် အတွက် ကျွန်ုပ်၏ အထင်မှာ မှန်ကန်သည်ဟု ကျိန်းသေခဲ့သည်။ ထိုသူသည် အထက်မှ ညီအစ်ကိုကဲ့သို့ ကောင်းမွန်စွာ မပြောဆိုခဲ့ဟုလည်း ကျွန်ုပ် ခံစားရသည့် အတွက် ကျွန်ုပ်သည် သေချာ နားမထောင်ခဲ့ပါ။ တတိယအတွဲကို ကျွန်ုပ်ကြားပြီးနောက်၊ အထက်မှ ညီအစ်ကို၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းအပြီးတွင် ခရစ်တော်ကပင်လျှင် “ယခု ညီအစ်ကိုရဲ့ မိတ်ဿဟာယဖွဲ့ ဆွေးနွေးသွားခြင်းနဲ့ ပတ်သက်ပြီးတော့...” ဟု ပြောသံကို ကျွန်ုပ် ကြားသောအခါ၊ ဤသူသည် အထက်မှ ညီအစ်ကို၏ လက်အောက်ရှိ ခေါင်းဆောင်တစ်ယောက် ဆိုသည်မှာ ကျွန်ုပ်အတွက် ပိုသေချာသွားပါတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့လောကတွင် ခေါင်းဆောင်မှ ဦးစွာပြောပြီး ထိုနောက်တွင်မှ နောက်လိုက်များက ပြောရခြင်းမို့ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အသံချဲ့စက်ကို ပိတ်လိုက်ပြီး “နောက်အချိန်ရှိမှ နားထောင်မည်” ဟု တွေးလိုက်ပါသည်။ ထိုသူသည် တကယ်တမ်းတွင် ခရစ်တော်ဖြစ်သည်ကို ကျွန်ုပ် သိလိုက်ရသည့် နေ့တွင် ကျွန်ုပ်တုန်လှုပ်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ ဒေသနာ၏ စကားလုံးတိုင်းကို တည်ကြည်လေးနက်စွာ နားထောင်ခဲ့ပါတော့သည်။

ထို့နောက်တွင် ကျွန်ုပ် တွေးတောလာမိသည်မှာ၊ ကျွန်ုပ်သည် ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းအား ကိုယ်တိုင်နာကြားခွင့်ရရန် အလွန်တောင့်တခဲ့သော်လည်း၊ နောက်ဆုံးတွင် ကိုယ်တော်မှ ကျွန်ုပ်အား စကားပြောလာသည့်အခါတွင်မူ၊ အဘယ်ကြောင့် ပိုင်းခြားမသိမြင်နိုင်ရသနည်း ဆိုသည်ပင်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အခြေအနေနှင့် စပ်လျဉ်းနေသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင် သုံးဆောင်လာခဲ့ပြီး၊ ဘုရားသခင် မိန့်တော်မူသည်ကို မြင်လာခဲ့သည်မှာ- “လူသားအားလုံးသည် ယေရှု၏ စစ်မှန်သော မျက်နှာကို ဖူးမျှော်လိုကြပြီး သူနှင့် အတူရှိလိုကြသည်။ ညီအစ်ကိုများ သို့မဟုတ် မောင်နှမများထဲတွင် မည်သူတစ်ဦးတစ်ယောက်မှ ယေရှုအား မဖူးမျှော်လိုသူ သို့မဟုတ် အတူတကွ မရှိလိုသူ မရှိဟု ငါယုံကြည်သည်။ ယေရှုကို မဖူးမျှော်ရမီ၊ ဆိုလိုသည်မှာ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကို မဖူးမျှော်ရမီ၊ သင့်တွင် အတွေးများစွာ ရှိပေလိမ့်မည်။ ဥပမာအားဖြင့် ယေရှု၏ ပုံပန်းသဏ္ဌာန်၊ သူ၏ ပြောပုံဆိုပုံ၊ သူ၏ အသက်တာ နေထိုင်မှု၊ အစရှိသည်တို့ ဖြစ်သည်။ သို့ရာတွင် သူ့အား သင်အမှန်တကယ် ဖူးမျှော်ရသည့်အခါ သင့်အမြင်များ အလျင်အမြန် ပြောင်းသွားလိမ့်မည်။ အဘယ်ကြောင့်နည်း။ သင် သိချင်ပါသလား။ လူသား၏ အတွေးအခေါ်များသည် တကယ်တမ်းတွင် မျက်စိမလျှံနိုင်သော်လည်း၊ ခရစ်တော်၏ ဂုဏ်ဒြပ်အား ပြောင်းလဲရန်အတွက်မူ လူ့အတွက် ပို၍ သည်းမခံနိုင်စရာပင် ဖြစ်သည်။ သင်သည် ခရစ်တော်အား ထာဝရရှင်သန်သူ၊ ပညာရှိတစ်ပါးအဖြစ် မှတ်ယူသော်လည်း မည်သူမျှ ခရစ်တော်ကို ကောင်းကင်ဘုံ၏ ဂုဏ်ဒြပ်ရှိပြီး သေဆုံးနိုင်သောသူအဖြစ် မမှတ်ယူကြပါ။ သို့ဖြစ်ရာ ဘုရားသခင်ကို နေ့ညတမ်းတမြင်လိုသူ အများအပြားတို့သည် အမှန်တကယ်အားဖြင့် ဘုရားသခင်၏ ရန်သူများ၊ ဘုရားသခင်နှင့် သဟဇာတမဖြစ်သူများ ဖြစ်ကြသည်။ လူသားအနေနဲ့ဆိုပါက မှားယွင်းနေသည် မဟုတ်ပါလား။ ယခုအချိန်ထိတိုင်အောင် သင်၏ ယုံကြည်မှုနှင့် သစ္စာရှိမှုသည် ခရစ်တော်၏ မျက်နှာကို ဖူးမျှော်ခွင့်ရရန် ထိုက်တန်သည်ဟု သင်ထင်မြင်နေဆဲ ဖြစ်သော်လည်း သင့်အား ငါတိုက်တွန်းလိုသည်မှာ သင့်ကိုယ်သင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အရာများနှင့် တန်ဆာဆင်ရန်ပင် ဖြစ်သည်။ ယခင်၊ ယခုလက်ရှိနှင့် နောင်အနာဂတ်များတွင်ပါ ခရစ်တော်နှင့် ဆက်သွယ်ထိတွေ့ရန် လာရောက်သူ အများအပြားတို့သည် ကျဆုံးခဲ့ပြီးဖြစ်သကဲ့သို့ ဆက်၍ကျဆုံးနေလိမ့်ဦးမည် ဖြစ်သည်။ သူတို့အားလုံးသည် ဖာရိရှဲများအတိုင်း ဖြစ်ကြသည်။ သင်ကျရှုံးရသည့် အကြောင်းက အဘယ်ကြောင့် ဖြစ်ပါသနည်း။ အဘယ်ကြောင့်ဆိုသော် သင်၏အတွေးထဲတွင် ဘုရားသခင်သည် မြင့်မြတ်၍ ကြည်ညို မြတ်နိုးဖွယ် ဖြစ်သည်ဟု ထင်မှတ်ထား၍ဖြစ်သည်။ သို့သော်လည်း အမှန်တရားမှာတော့ လူသားများ ဖြစ်ချင်သကဲ့သို့ မဟုတ်ပါ။ ခရစ်တော်သည် မြင့်မြတ်သူ မဟုတ်သည့်အပြင် သူသည် အထူးသဖြင့် သေးငယ်သည်။ သူသည် လူသားဖြစ်ရုံသာမက လူသာမန်ပင်ဖြစ်သေးသည်။…ထို့ကြောင့် လူများက သူ့အား လူသာမန် တစ်ယောက်ကဲ့သို့ ဆက်ဆံကြသည်၊ သူနှင့် အတူရှိချိန်တွင် သူတို့ စိတ်ထင်သလို ဆက်ဆံကြသည်။... ကြွလာနှင့်ပြီးဖြစ်သော ခရစ်တော်ကို သင်တို့သည် လူသာမန်ကဲ့သို့ မှတ်ယူပြီး သူ၏ နှုတ်ကပတ်တော်ကို လူသာမန်၏ စကားအဖြစ် မှတ်ယူကြသည်။ သို့ဖြစ်ရာ သင်တို့သည် ခရစ်တော်ထံမှ မည်သည့်အရာမျှ မရရှိခဲ့ကြဘဲ၊ ယင်းအစား သင်၏ အရုပ်ဆိုး အကျည်းတန်မှုတွေသာ လုံးဝလှစ်ဟ ဖွင့်ထုတ်ခြင်း ခံခဲ့ရသည်” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်”) မှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းအား ကြားနာရပြီးသည့်အခါ ကျွန်ုပ်သည် ကိုယ်တိုင်၏ ယိုယွင်းပျက်စီးနေသည့် စိတ်သဘောထားများ မည်သို့ ရုပ်လုံးပြသည်ကို စဉ်းစားမိသည်။ ကျွန်ုပ်သည် ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးချက်များနှင့် ဒေသနာတော်များကို ကိုယ်တိုင် နားနှင့်ဆတ်ဆတ် ကြားနာလိုခဲ့ကာ၊ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းကို နောက်ဆုံးတွင် ကြားနာခဲ့ရသော်လည်း ကျွန်ုပ် ဂရုမစိုက်ခဲ့ပါ။ ကျွန်ုပ်သည် ခရစ်တော်ကို သေဆုံးနိုင်သော လူသာမန် တစ်ယောက်အနေနှင့် တွေ့မြင်ခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ ကျွန်ုပ်သည် ခရစ်တော်၏ အနှစ်သာရကို နားမလည်ခဲ့၊ ခရစ်တော်၏ နှိမ့်ချမှုနှင့် ဖုံးကွယ်ထိန်းသိမ်းမှု အလုံးစုံကို နားမလည်ခဲ့သောကြောင့်ဖြစ်ပြီး ခရစ်တော်နှင့် ပတ်သက်သည့် စဉ်းစားချက်များနှင့် အယူအဆများ အလွန်များပြားနေခဲ့သောကြောင့် ဖြစ်သည်။ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းသည် သူနှင့် တိုက်ရိုက် ဆက်သွယ်နိုင်သူ ညီအစ်ကို မောင်နှမများအတွက်သာ ကန့်သတ်ထားပြီး ကျန်သူများမှာမူ ကိုယ်တော်၏ ဒေသနာတော်များကို သူတို့နားနှင့် ကိုယ်တိုင်နာကြားခွင့် မရကြဟု ကျွန်ုပ်တွေးထင်ထားခဲ့သည်။ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းသည် သူ၏ မည်သူမည်ဝါ ဖြစ်ခြင်းကို လူသိရှင်ကြား ကြေညာမှုနှင့် တွဲလျက်နေမည်ဟု ကျွန်ုပ်တွေးထင်ထားခဲ့၏။ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းသည် အံ့ခန်းသော လူတစ်ဦးဦးကဲ့သို့ အခြားသူများနှင့် မတူညီသော အသံတော်နှင့် ပြောဆိုပြီး ရည်မွန်ကျော့ရှင်းသော စကားစု အလှည့် အပြောင်းများ များစွာနှင့် ပြောဆိုလိမ့်မည်ဟု ကျွန်ုပ်တွေးထင်ထားခဲ့သည်။ ခရစ်တော်၏ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းသည် ကျွန်ုပ် ညီအစ်ကို မောင်နှမများ၏ စိတ်လှုပ်ရှားလျက် တက်ကြွသော အားပေးမှုများနှင့် တွဲလျက်နေလိမ့်မည်ဟု ကျွန်ုပ် တွေးထင်ထားခဲ့သည်။ အကယ်၍သာ အထက်မှ ညီအစ်ကိုနှင့် ခရစ်တော်တို့သာ အလှည့်ကျ ဟောပြောကြမည်ဆိုလျှင် ခရစ်တော်သည် ဦးစွာ ဟောပြောပြီး အထက်မှ ညီအစ်ကိုသည် နောက်မှ ဟောပြောလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။...ခရစ်တော်အား ကျွန်ုပ်မှ တိကျသော ပုံစံတစ်ခုနှင့် တွေးထင်ထားခဲ့သည့်အတွက် ကျွန်ုပ်သည် ခရစ်တော်၏ စကားတော်များနှင့် လုပ်ဆောင်ချက်များကို ကျွန်ုပ်၏ စိတ်ကူးနယ်နိမိတ်များ အတွင်း ကန့်သတ်ထားခဲ့သည်။ အချက်အလက်များသည် ကျွန်ုပ်၏ တွေးထင်ထားချက်များနှင့် ကွဲလွဲ နေသောအခါ ကျွန်ုပ်သည် သူ့ကို ဘုရားသခင် အဖြစ် ကျွန်ုပ်၏နှလုံးသားထဲတွင် မဆက်ဆံခဲ့ပါ။ ထိုအစား ကျွန်ုပ်သည် ခရစ်တော်အား လူသာမန်တစ်ယောက်ကဲ့သို့ပင် ဆက်ဆံခဲ့ပြီး ကိုယ်တော်၏ စကားတော်များအားလည်း လူသာမန် တစ်ယောက်၏ ပြောစကားများ အနေနှင့်သာ ယူဆမိခဲ့သည်။ အခြားလူများသည် မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းမှ များစွာ ရရှိနေချိန်တွင် ကျွန်ုပ်က ဘာမျှမရခဲ့ပါ၊ ထိုအစား ကျွန်ုပ်သည် ကိုယ်တိုင်၏ မာနထောင်လွှားမှု၊ ဘဝင်မြင့်မှု၊ သမ္မာတရားအား စက်ဆုပ်မှု၊ စာတန်၏ သဘာဝ စသည်တို့အား လုံးဝ လှစ်ဟ ထုတ်ပြခဲ့မိပြီး၊ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ခရစ်တော်အား ငြင်းပယ်၊ ခုခံသူတစ်ယောက် ဖြစ်စေခဲ့သည်။

နောက်ပိုင်းမှာတော့ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် မြင်လာရသည်မှာ- “သင်တို့သည် အမြဲပင် ခရစ်တော်ကို တွေ့လိုကြသည်၊ သို့သော်လည်း သင်တို့အနေဖြင့် မိမိကိုယ်ကို လွန်စွာအထင်မကြီးကြရန် ငါတိုက်တွန်း၏။ မည်သူမဆို ခရစ်တော်ကို မြင်ကောင်းမြင်နိုင်သော်လည်း မည်သူမျှ ခရစ်တော်ကိုမမြင်ထိုက်ဟု ငါဆိုသည်။ လူသား၏သဘောသဘာဝသည် ဆိုးယုတ်ခြင်း၊ မောက်မာခြင်း၊ ပုန်ကန်လိုခြင်းတို့နှင့် ပြည့်နေသောကြောင့် သင်သည် ခရစ်တော်ကို မြင်သောအခိုက်တွင် သင်၏သဘောသဘာဝသည် သင့်ကို ဖျက်ဆီးပြီး သေခြင်းသို့ စီရင်ချက်ချမှတ်လိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်”) “သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။…သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်၏ မာန ထောင်လွှားခြင်း၊ ပုန်ကန်တတ်ခြင်းနှင့် ဇီဇာကြောင်တတ်ခြင်း၊ ရာထူးနေရာ၊ အခြေအနေမဲ့သူများကို ထိုသူတို့ သမ္မာတရားအား ပြောပြနေလျှင်ပင် ကျွန်ုပ်မကြားနိုင်သည်အထိ အထင်သေးပြီးနေချိန်တွင် ရာထူးအခြေအနေ ရှိသူများအား နားယောင်လွယ်ကာ သဘောတူ ခေါင်းငြိမ့်တတ်သူဖြစ်ခြင်း စသည်တို့ကြောင့် ဘုရားသခင်၏ စကားသံအား နားမလည်နိုင်ခဲ့ခြင်းပင် ဖြစ်သည်ကို ကျွန်ုပ်အား နားလည်စေသည်။ မိတ်ဿဟာယဖွဲ့ ဆွေးနွေးခြင်းအား ကျွန်ုပ်နားထောင်သည့်အခါ သမ္မာတရားအား အာရုံမစိုက်ဘဲ သမ္မာတရားကို သိလိုစိတ် မရှိခဲ့ပါ။ ထိုအစား ကျွန်ုပ်၏စိတ်သည် ထင်မြင်ယူဆချက်များထုတ်ရန် စုံစမ်းခြင်းများလုပ်ရန်သာ အာရုံကပ်နေခဲ့၏။ မာန ထောင်လွှားမှုနှင့် ပုန်ကန်ထကြွမှု၊ အယူအဆနှင့် စိတ်ကူးတွေးထင်မှုများကိုသာ ကျွန်ုပ် လှစ်ဟ ပြသခဲ့မိသည်။ ကျွန်ုပ်ကဲ့သို့ မာနထောင်လွှားသူ၊ ပုန်ကန်တတ်သူနှင့် သမ္မာတရားအား လက်မခံနိုင်သူ တစ်ယောက်၊ ကျွန်ုပ်ကဲ့သို့ ဂရုဏာတရားမရှိ သမ္မာတရားအား တမ်းတမနေသူ တစ်ယောက်အဖို့ ဘုရားသခင်၏ အသံတော်ကို မည်သို့လျှင် ကြားနိုင်၊ သိနိုင်မည်နည်း။ ခရစ်တော်အား ဖူးမျှော်ဖို့ရန် မည်သို့လျှင် ထိုက်တန် ပါမည်နည်း။

ထိုဖွင့်ပြချက်မှ နောက်ဆုံးတွင် ကျွန်ုပ်သဘောပေါက် နားလည်လိုက်မိသည်မှာ ကျွန်ုပ်သည် ခရစ်တော်ကို ဖူးမျှော်ချင်သော်လည်း ကိုယ်တော်အား ဖူးမျှော်ရန် မထိုက်တန်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် စာတန်၏ ကျွန်ုပ်အား ဖျက်စီးယိုယွင်းထားမှုသည် အလွန်ပင်နက်ရှိုင်းပြီး၊ ကျွန်ုပ်သည် သဘာဝအားဖြင့် မာနထောင်လွှား၊ ပုန်ကန်တတ်ကာ၊ ကျွန်ုပ်တွင် သမ္မာတရားမရှိသကဲ့သို့ သမ္မာတရားအား ချစ်ခင် မြတ်နိုးခြင်းလည်း မရှိ၊ ကျွန်ုပ်သည် ခရစ်တော်၏ အနှစ်သာရကို နားမလည်၊ ကျွန်ုပ်သည် အမြီးအမောက် မတည့်သော ဘက်လိုက်မှုများဖြင့် ဆုံးဖြတ်ခဲ့ပြီး၊ ကျွန်ုပ်တွင် မှတ်ချက်များ၊ စဉ်းစားချက်များ များလွန်းကာ၊ ကျွန်ုပ်ယုံကြည်သော ဘုရားမှာလည်း ကြီးမြတ်၍ စကားပြောကောင်းသော ပုံသဏ္ဌာန်နှင့် မရေရာသည့် ဘုရားသာ ဖြစ်သောကြောင့်ဖြစ်သည်။ ခရစ်တော်အား အမှန်တကယ် မြင်တွေ့ခွင့်ရချိန်တွင်၊ ကျွန်ုပ်၏ အယူအဆများသည် အမြစ်တွယ်နေပြီဖြစ်ပြီး ကျွန်ုပ်၏ မာနာထောင်လွှားမှုသည် အချိန်မရွေး အညှောက် ပေါက်တော့မည်ဖြစ်သည်၊ ကျွန်ုပ်၏ ပုန်ကန်တတ်သော သဘာဝကပင် ကျွန်ုပ်အား ဖျက်ဆီးနေခြင်း ဖြစ်သည်။ ယခုတော့ ကျွန်ုပ်သည် သမ္မာတရားအား ဝတ်ဆင်ကာ၊ ယိုယွင်း ပျက်စီးနေသော ကျွန်ုပ်၏ သဘာဝနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ခရစ်တော်၏ အနှစ်သာရကို နားလည်ရန် ရှာဖွေရမည်၊ ထို့နောက် ခရစ်တော်ကို နားလည်ပြီး ကိုးကွယ်သူ တယောက် ဖြစ်လာပေလိမ့်မည်။

ယခင်က:ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် ဘုရားသခင်၏စိတ်နေသဘောထား၏ ဖော်ပြချက် ဖြစ်သည်

နောက်တစ်ခုသို့:ဘုရားသခင်၏မိခင်ကဲ့သို့သောနှလုံးသားကို မည်သူသိနိုင်မည်နည်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ