အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၆၅ လူတို့ကို ပြောင်းလဲရန် ဘုရားသည် စစ်မှန်သော ပတ်ဝန်းကျင်များကို အသုံးပြု၏ကျူး

၁ ပုံမှန်လူတစ်ဦးနှင့် တူအောင် ထိန်းသိမ်းရန်အတွက်၊ ပုံမှန်လူသားသဘာဝကို ရရှိစေရန်၊ လူတို့သည် သူတို့ စကားလုံးများဖြင့် ဘုရားသခင်ကို နှစ်သိမ့်ရုံဖြင့် မရနိုင်ပေ။ ယင်းသို့လုပ်ခြင်းဖြင့် သူတို့သည် သူတို့ကိုသူတို့ ထိခိုက်နာကျင်စေကြပြီး ယင်းသည် သူတို့ဘဝအသက်တာပြောင်းလဲမှုအတွက် မည်သည့် အကျိုးကျေးဇူးမှ ယူဆောင်လာခြင်းမရှိပေ။ သို့ဖြစ်ရာ ပြောင်းလဲမှု ရရှိရန်အတွက် လူတို့သည် နည်းနည်းချင်းစီ လေ့ကျင့်ရမည်၊ ဖြည်းညှင်းစွာ ဝင်ရောက်ရမည်၊ နည်းနည်းချင်း ရှာဖွေ ဖော်ထုတ်ရမည်၊ အပြုသဘောမှ ဝင်ရောက်ပြီး သူတော်စင်တို့၏ အသက်တာဖြစ်သော သမ္မာတရားနှင့်ဆိုင်သော လက်တွေ့ အသက်တာတွင် နေထိုင်ကြရမည်။ ယခုမှ စ၍ အမှန်တကယ် ကိစ္စရပ်များ၊ စစ်မှန်သည့် အရာများ နှင့် တကယ့် ပတ်ဝန်းကျင်များ ပါဝင်လာပြီး၊ လူများကို လက်တွေ့လေ့ကျင့်မှုများ ခွင့်ပြုနေမည်။ ယင်းတွင် သူတို့အနေဖြင့် နှုတ်ဖြင့် ရွတ်ဆိုရန် မလိုအပ်ပါ။ ယင်းအစား တကယ့် ပတ်ဝန်းကျင်များတွင် လေ့ကျင့်ရန် လိုအပ်သည်။ လူတို့သည် သူတို့တွင် အရည်အသွေးအားနည်းကြောင်း သိရှိလာကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်စွာ သုံးဆောင်ကြသည်၊ မှန်ကန်စွာ ဝင်ရောက်ကြသည်၊ ထို့နောက် မှန်ကန်စွာ ကျင့်သုံးကြသည်။ ယင်းသို့ဖြင့် သူတို့သည် စစ်မှန်မှုကို ရရှိကြပြီး ဝင်ရောက်မှုသည် ပိုမိုလျင်မြန်စွာပင် ရရှိနိုင်သည့် နည်းလမ်းဖြစ်သည်။

၂ လူတို့အား ပြောင်းလဲရန် လက်တွေ့ကျမှု အချို့ရှိရမည်၊ သူတို့သည် တကယ့် ကိစ္စရပ်များ၊ စစ်မှန်သည့်အရာများ နှင့် စစ်မှန်သည့် ပတ်ဝန်းကျင်များ နှင့်အတူ လေ့ကျင့်ကြရမည်။ အသင်းတော်၏ အသက်တာကို မှီခိုရုံမျှဖြင့်မှန်ကန်သော လေ့ကျင်မှုရရှိရန် ဖြစ်နိုင်သလော။ စစ်မှန်မှုသို့ လူသားသည် ဝင်ရောက်နိုင်မည်လော။ လူသားသည် စစ်မှန်သော အသက်တာအတွင်းသို့ မဝင်ရောက်နိုင်ပါက၊ သူသည် သူ၏ အကျင့်ဟောင်းများဖြစ်သော လုပ်ကိုင်ဆောင်ရွက်ပုံများ အသက်တာ နေထိုင်မှုများကို ပြောင်းလဲနိုင်မည် မဟုတ်ပါ။ သင်တို့သည် အမှုအရာတစ်ခု၊ ကိစ္စတစ်ရပ်၊ လူတစ်ယောက်ကို ပစ်မှတ်ထားကာ ဝင်ရောက်ပြီး ကျင့်သုံးကြရမည်။ သင်တို့ လုပ်ဆောင်မှုများတွင် အာရုံစူးစိုက်မှု ရှိရမည်။ သို့မှသာ သင်တို့သည် ရလဒ်များ ရရှိနိုင်ကြမည်။ လူတို့ကို ပြောင်းလဲရန် သူတို့၏ အနှစ်သာရဖြင့် စတင်ရမည်။ လူတို့၏ အကြောင်းအရာများ၊ သူတို့၏ ဘဝများ၊ ပျင်းရိခြင်း၊ မှီခိုခြင်း၊ နှင့် လူတို့၏ တကိုယ်ကောင်းဆန်ခြင်း တို့ကို ပစ်မှတ်ထားလုပ်ဆောင်ရမည်။ သို့မှသာလျှင် ဤနည်းလမ်းက သူတို့ကို ပြောင်းလဲနိုင်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရားသည် လူကို နည်းမျိုးစုံဖြင့် စုံလင်စေ၏ကျူး

နောက်တစ်ခုသို့:ဘုရား၏စုံလင်စေခြင်းကို ခံထားရသူများသာ သူ့ကို ဧကန်အမှန်ချစ်နိုင်၏ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ