ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၃” | ကောက်နုတ်ချက် ၄၈

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၃” | ကောက်နုတ်ချက် ၄၈

124 |18.09.2020

အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနုတ်ခြင်းကို လုပ်ဆောင်ပြီးမြောက်ခဲ့ပြီး၊ သူ၏လူအပေါင်းကို ဘုန်းအသရေဖြင့် ပေါ်ထွန်းခြင်းသို့ ဆောင်ယူခဲ့လေပြီ။ သူသည် စကြဝဠာကို သူ၏လက်ထဲ၌ ဆုပ်ကိုင်၍၊ သူ၏မြင့်မြတ်သော ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဇိအုန်ကို တည်ဆောက်ကာ ခိုင်ခံ့စေလေပြီ။ သူ၏ဘုန်းအာနုဘော်ဖြင့် ဆိုးယုတ်သော လောကကြီးကို တရားစီရင်၏၊ သူသည် တိုင်းနိုင်ငံများနှင့် လူအပေါင်း၊ ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့ထဲမှ သက်ရှိအပေါင်းကိုသာမက၊ မတရားသောမေထုန်၏ စပျစ်ရည်ဖြင့် ယစ်မူးနေကြသူများကိုလည်း တရားစီရင်လေ၏။ ဘုရားသခင်သည် ၎င်းတို့ကို ဧကန်မုချ တရားစီရင်လိမ့်မည်၊ ထို့ပြင် သူသည် ၎င်းတို့ကို မုချအမျက်ထွက်မည်ဖြစ်၍၊ ယင်း၌ ဘုရားသခင်၏ ဘုန်းအာနုဘော်အား ထုတ်ဖော်လိမ့်မည်။ ယင်းကဲ့သို့ တရားစီရင်ခြင်းသည် ချက်ချင်းပင်ဖြစ်ကာ၊ နှောင့်နှေးခြင်း အလျှင်းမရှိဘဲ ချမှတ်လိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုများကို မီးရှို့ဖျက်ဆီးမည်ဖြစ်ပြီး၊ ကပ်ဘေးသည် ၎င်းတို့အပေါ် အချိန်မရွေး ကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ၊ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် အံကို ခဲကြိတ်ကာ ငိုကြွေးကြလေမည်၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်အပေါ်သို့ ပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။

ဘုရားသခင်၏ အောင်ပွဲခံသော ချစ်သားများသည် ဇိအုန်၌ မုချနေကြမည်ဖြစ်ကာ၊ ထိုနေရာမှ မည်သည့်အခါမျှ ထွက်ခွာကြ မည်မဟုတ်။ မြောက်မြားစွာသော လူတို့သည် သူ၏အသံတော်ကို စေ့စေ့နားထောင်ကြလိမ့်မည်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို အသေအချာ ဂရုပြုကြလိမ့်မည်၊ ထို့အပြင် သူ့ကိုချီးမွမ်းသော ၎င်းတို့၏အသံများသည် ဘယ်သောအခါမျှ ရပ်စဲမည်မဟုတ်ပေ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင် ပေါ်ထွန်းလာလေပြီ။ ငါတို့သည် စိတ်ဝိညာဉ်၌ သူ့အား ယုံမှားဖွယ်မရှိဘဲ၊ သူ့နောက်သို့ ထက်ကြပ်မကွာ လိုက်ကာ၊ တုံ့ဆိုင်းခြင်းအလျှင်းမရှိဘဲ ရှေ့ဆက်သွားဖို့ရန် အစွမ်းကုန် လုပ်ဆောင်ရမည်။ ကမ္ဘာလောကကြီး၏ အဆုံးသည် ငါတို့ရှေ့၌ ဖွင့်ဟလျက်ရှိ၏၊ အသင်းတော်၏ မှန်ကန်သော အသက်တာသာမက ငါတို့ပတ်လည်၌ရှိသော လူများ၊ အရေးကိစ္စများနှင့် အမှုအရာများသည် ယခုပင်လျှင် ငါတို့၏ လေ့ကျင့်ခြင်းကို ပို၍ပြင်းထန်စေနေသည်။ လောကကို အလွန်ချစ်သော ငါတို့၏စိတ်နှလုံးများကို အလျင်အမြန် ပြန်ယူကြပါစို့။ ကာဆီးနေသော ငါတို့၏အမြင်ကို အလျင်အမြန် ပြန်ယူကြပါစို့။ ငါတို့သည် နယ်နိမိတ်များကို မကျော်လွန်မိစေရန် ယခုထက်ပို၍ လျှောက်လှမ်းမည် မဟုတ်၊ ထို့အပြင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နိုင်ရန်အလို့ငှာ ငါတို့၏လျှာများကို စောင့်ထိန်းမည်ဖြစ်ပြီး၊ ငါတို့၏ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများအပေါ် ဆက်၍ငြင်းခုံတော့မည် မဟုတ်ပေ။ လောကီရေးရာလောကနှင့် ကြွယ်ဝချမ်းသာခြင်းအပေါ် သင်တို့၏ အလိုကြီးသော တွယ်တာခြင်း- ဟေ၊ ယင်းကို စွန့်လွှတ်ကြလော့။ ခင်ပွန်းသည်များနှင့် သားသမီးများအပေါ် သင်တို့နှောင်တွယ်နေသော သံယောဇဉ်- ဟေ၊ ယင်းမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေကြလော့။ သင်တို့၏အမြင်များနှင့် အခြေအမြစ် မရှိသော စွဲလမ်းမှုများကို စွန့်လွှတ်ကြလော့။ အချိန်သည် တိုတောင်းသောကြောင့် နိုးထကြလော့။ သင်တို့၏စိတ်ဝိညာဉ်ကို အထက်သို့ မျှော်ကြည့်စေလော့၊ အထက်သို့ မျှော်ကြည့်ကာ ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးကြလော့။ သင်တို့ကိုယ်သင်တို့ လောတ၏ဇနီးကဲ့သို့ မဖြစ်လာစေကြနှင့်။ ပစ်ပယ်ခံရခြင်းမှာ အလွန်သနားစရာ ကောင်းလှသည်။ အမှန်ပင် သနားစရာပေတည်း။ နိုးထကြကုန်လော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အနန္တတန်ခိုးရှင်ဘုရားသခင်သည်ဘုန်းပလ္လင်ပေါ်၌ထိုင်တော်မူပြီ

အောင်နိုင်သူရှင်ဘုရင်သူ၏ပလ္လင်၌ထိုင်တော်မူ၊ ရွေးနုတ်ကယ်တင်ခြင်းအမှုပြီးမြောက်ခဲ့ပြီ၊ သူသည်သူ့ လူမျိုးတို့ကို လမ်းပြကာဘုန်းတော်ဖြင့် ထင်ရှားစေသည်။ စကြဝဠာကြီးကိုသူ၏လက်ဖြင့်ဆုပ်ကိုင် ဉာဏ်ပညာ၊ ခွန်အားတို့ဖြင့်သူသည်ဇိအုန်ကိုတည်၍မြဲမြံစေ၊ သူ၏ဘုန်းအာနုဘော်ဖြင့်သူသည်ဒုစရိုက်ကမ္ဘာ... လူမျိုးနွယ်အားလုံး၊ ကမ္ဘာမြေကြီး၊ ပင်လယ်၊ အထဲ၌ရှိသမျှသက်ရှိအရာအားလုံးကိုအပြစ်စီရင်၊ ကာမ၌ယစ်မူးသူတို့ကိုအပြစ်စီရင် ထိုသူတို့ကြောင့်သူသည်ဒေါသအမျက်ထွက်၍သူ့ဘုန်းအာနုဘော်ကိုဖော်ပြလိမ့်မည်

ချက်ချင်းတရားစီရင်ခြင်းဖြင့်သူ၏အမျက်ဒေါသသည်သူတို့ပြစ်မှုများကိုလောင်ကျွမ်းစေမည်။ ထိုသူတို့အပေါ်အချိန်မရွေးဘေးဒုက္ခကျရောက်လိမ့်မည် ပုန်းရှောင်ရန်သော်လည်းကောင်း၊ ထွက်ပြေးလွှတ်မြောက်ရန်သော်လည်းကောင်းနေရာမရှိ၊ ထိုသူတို့ငိုကြွေး၊ အံသွားခဲကြိတ်၍ပျက်စီးခြင်းသို့ရောက်လိမ့်မည် ဘုရား၏အောင်နိုင်သူချစ်သားများ ဇိအုန်၌မုချနေရကာ၊ ဘယ်တော့မှစွန့်ခွာသွားကြမည်မဟုတ် အားလုံးသူ၏အသံကိုနားထောင်၍သူ၏အမှုတို့ကိုအလေးထားကြလိမ့်မည် သူတို့ချီးမွမ်းသံများဘယ်တော့မှရပ်တန့်သွားမည်မဟုတ်

တစ်ပါးတည်းသောစစ်မှန်သည့်ဘုရားပေါ်ထွန်းခဲ့ပြီ ကျွန်ုပ်တို့ထိုသူကိုကောင်းစွာသိ၍၊ နောက်သို့လိုက်မည် ကမ္ဘာလောက၏အဆုံးသတ်သည်ကျွန်ုပ်တို့ ရှေ့မှောက်၌ဖြစ်ပေါ်လျက်ရှိ ထိုလောကီစည်းစိမ်ကြွယ်ဝမှုကိုမြတ်နိုးခြင်းအားစွန့်လွှတ်ပါ သင့်လက်တွဲဖော်နှင့်ကလေးများကိုတွယ်တာမှုနှင့်ကင်းရှင်းပါ ထားရှိခဲ့သောရှုမြင်မှုများနှင့်အမုန်းများစွန့်လွှတ်ပါ ထလော့၊အချိန်တိုတောင်းလှပြီ၊ ဘုရားသခင်ကိုမျှော်ကြည့်ပါ၊ သူစီမံကွပ်ကဲပါစေ၊ လောတ၏ဇနီးကဲ့သို့ဘေးဖယ်ခြင်းမခံရစေနဲ့၊ ဝမ်းနည်းစရာကောင်းလွန်းတယ်၊ ထလော့။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်