အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ကိုယ်တော်ရှင် ပြန်လည်ကြွရောက်ပြီးမိန့်ဆိုသည်ကို ကြားရတဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေဟာ နိုးထလာကြပါပြီ

ရုပ်ရှင်ဇာတ်လမ်းတိုများ   1122  

မိတ်ဆက်ခြင်း

ကိုယ်တော်ရှင် ပြန်လည်ကြွရောက်ပြီးမိန့်ဆိုသည်ကို ကြားရတဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေဟာ နိုးထလာကြပါပြီ


သခင်ယေရှုက "နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) ယခုနှစ်များအတွင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဟာ သခင်ယေရှု ပြန်လည်ကြွရောက်နေပြီဖြစ်ကြောင်းနဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက် ကိုယ်တော်ဟာ နှုတ်ကပတ်တော်တွေကို မိန့်ဆိုထားကြောင်း မပြတ်တမ်း သက်သေခံထားပါတယ်။ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေ၊ သင်းထောက်တွေကတော့ ဘုရားရဲ့သိုးတွေကို ကာကွယ်ဟန်ပြုပြီး၊ ယုံကြည်သူတွေကို စစ်မှန်သောလမ်းကို မစူးစမ်းမရှာဖွေအောင်၊ ဘုရားရဲ့အသံတော်ကို မကြားအောင် ပိတ်ဆို့ဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ ဒီကိစ္စကို ချဉ်းကပ်ရာမှာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ဘယ်လိုရွေးချယ်မှုကို ပြုကြမှာလဲ။


အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလများရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖန်တီးခဲ့သည်။၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘယ်လူသားတဦးကမှ ဖန်တီးခဲ့ခြင်း လုံးဝ မဟုတ်ပါ။ ယခုကာလများတွင် ဧဝံဂေလိနှင့်ပတ်သက်သည့်ရုပ်ရှင်အမျိုးမျိုး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ဆိုခြင်းအမျိုးမျိုး၊ သီဆိုကခုံခြင်း ဗီဒီယိုများ၊ ဓမ္မတေးသံစုံကျူးအေးခြင်းများ၊ ဂီတများ၊ ဂီတဗွီဒီယိုများနှင့် ဓမ္မတေးသီချင်းဗွီဒီယိုများ၊ အစရှိသည်များသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် အရာများဖြစ်ပြီး အင်တာနက် မှတဆင့် တကမ္ဘာလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ဘုရားသခင်၏သိုးများသည် ဘုရားသခင်၏အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖေါ်ပြသည့်စကားများသည် ဘုရားသခင်၏အသံဖြစ်ပြီး အမှန်တရားများဖြစ်သည်ကို ကျွနု်ပ်တို့ရိပ်စားမိပါသည်။ သင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နေသမျှ ဘုရားသခင်သည် ပေါ်ထွန်းပြီးကြောင်းကို သင်သိမြင်လိမ့်မည်။


အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

နောက်ထပ်

အခြားအခန်းဆက်များရှိ အသစ်ဆုံး ဗွီဒီယိုများ