ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” | ကောက်နုတ်ချက် ၅၈၇

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” | ကောက်နုတ်ချက် ၅၈၇

120 |20.07.2020

လောကပြင်ကျယ်ကြီးတွင် မရေတွက်နိုင်သော ပြောင်းလဲမှုများသည် ထပ်ခါ ထပ်ခါ ဖြစ်ပွားနေသည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ လူသားမျိုးနွယ်များကို မဦးဆောင်၊ မညွှန်ကြားနိုင်ပါ။ လူသားအတွက် အားထုတ်ခြင်း သို့မဟုတ် ပြင်ဆင် လုပ်ဆောင်ခြင်းကို လုပ်ဆောင်ရန် ကြီးမြတ်သောသူ တစ်ယောက်မျှမရှိပါ၊ ဤလူသားတို့ကို အလင်းရှိရာ ခရီးဆုံးပန်းတိုင်နှင့် ကမ္ဘာကြီး၏ မတရားမှုများထံမှ လွတ်မြောက်မှုဆီသို့ ဦးဆောင်နိုင်သည့်သူ ပို၍ပင် မရှိပေ။ ဘုရားသခင်သည် လူသား၏ အနာဂတ်အတွက် ဝမ်းနည်းရပြီး၊ လူသား၏ ကျရှုံးမှုအတွက် ပူဆွေးသောက ရောက်ရသည်။ ဘုရားသခင်သည် လူသား၏ ကျရှုံးမှုနှင့် ပြန်လမ်းမဲ့လမ်းသို့ တဖြည်းဖြည်း ဦးတည်သွားနေခြင်းအတွက် ဝမ်းနည်းပူဆွေးရသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေပြီး၊ ဆိုးယုတ်ခြင်းကို ရှာဖွေရန် ဘုရားသခင်အား စွန့်လွှတ်ပစ်ကြသည်။ ဤသို့ လူသားမျိုးနွယ်စုတို့ သွားရမည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး မည်သူမှ စဉ်းစားခဲ့ကြခြင်း မရှိပေ။ ဤအချက်ကြောင့်ပင် မည်သူမှ ဘုရားသခင်၏ အမျက်ကို မခံစားမိကြပေ။ မည်သူမျှ ဘုရားသခင် ကျေနပ်သဘောကျစေမည့် လမ်းကို ရှာဖွေခြင်း သို့မဟုတ် ဘုရားသခင်နှင့် နီးစပ်လာအောင် ကြိုးစားခြင်း မရှိကြပေ။ ထို့အပြင် ဘုရားသခင်၏ ဝမ်းနည်း၊ နာကျင်ရမှုများကို စာနာနားလည်ပေးရန် မည်သူမျှ မကြိုးစားကြပေ။ ဘုရားသခင်၏ အသံကို ကြားသည့်တိုင်အောင် လူတို့သည် ဘုရားသခင်ထံမှ ဝေးကွာသည့် လမ်းကြောင်းကို ဆက်သွားကြပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုအောက်မှ ရှောင်ပြေးကာ ဘုရားသခင်၏ သမ္မာတရားအောက်မှ ရှောင်ရှားလာကြသည်။ မိမိကိုယ်ကို ဘုရားသခင်၏ ဆန့်ကျင်ဘက်ဖြစ်သော စာတန်ထံသို့ ရောင်းချရန်သာ ပိုဆန္ဒရှိလာကြသည်။ ဘုရားသခင်သည် သူ့အား ပစ်သွားသည့် နောင်တရခြင်းမရှိသော သူတစ်ဦးအား မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူက စဉ်းစားဖူးပါသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်း နှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသားတို့၏ ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် မခံစားနိုင်သည့် တစ်ခါမျှ မဖြစ်ဖူးသေးသော ဘေးဒုက္ခအန္တရာယ်များကို သူ၏ လက်တော်ထဲတွင် ပြင်ဆင် ကိုင်ဆောင်ထားသောကြောင့် ဖြစ်ပါသည်။ ဤဘေးဒုက္ခသည် အသွေးအသားအတွက်သာမက စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ် ဖြစ်လာမည်ဖြစ်သည်။ သင်သိသင့်သည်မှာ ဘုရားသခင်၏ အကြံအစည်ကို လျစ်လျူရှုပြီး၊ သူ၏ သတိပေးချက်များနှင့် တိုက်တွန်း နှိုးဆော်ချက်များအပေါ် တုံ့ပြန်မှုများ မရှိပါက သူကမည်သည့်အမျက်ရှမည်နည်းဆိုသည့် အချက်ဖြစ်သည်။ သူ၏အမျက်သည် ဖန်ဆင်းခြင်းတို့ ကြုံတွေ့ဖူးသော ကြားဖူးသော အရာများနှင့် လုံးဝ တူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုဘေးဒုက္ခသည် တစ်ခါမျှ မဖြစ်ဖူးသေးသကဲ့သို့ မည်သည့်အခါမှလည်း ထပ်မံဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းရင်းမှာ ဘုရားသခင်၏ အကြံအစည်တွင် တစ်ခါသာဖန်ဆင်း၍ တစ်ကြိမ်သာ ကယ်တင်ရန် စီစဉ်ထားသောကြောင့်ဖြစ်သည်။ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်သာ ဖြစ်ပါသည်။ ထို့ကြောင့် လူသားတို့အား ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ ကြင်နာသနားစိတ်နှင့် စိတ်ထက်သန်စွာ မျှော်လင့် စောင့်စားမှုကို မည်သူမှ နားလည်နိုင်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

လူသားတို့အနာဂတ်အတွက် ဘုရားသခင်ပူဆွေး

I

သမိုင်းမတိုင်မီကစ အကြိမ်ကြိမ်ပြောင်းလဲခဲ့သော ကြီးမားတဲ့ကမ္ဘာကြီးထဲ ခပ်သိမ်းတို့ကို အုပ်စိုးသော ဘုရားမှတစ်ပါး လူသားကို ဦးဆောင်လမ်းပြမယ့်သူမရှိ၊ မည်သို့သော ခွန်အားကြီးသူမှ လူသားတို့လိုအပ်ချက်များအတွက် ပြင်ဆင်လုပ်ဆောင်ပေးခြင်းမရှိ မည်သူမျှ လူတို့ကို တောက်ပသောအနာဂတ်ဆီသို့ ဦမးဆောင်နိုင် လောကရဲ့မတရားမှုမှ မလွတ်ကင်းစေနိုင် လူသားတို့အနာဂတ်အတွက် ဘုရား ပူဆွေး၊ လူသားတို့ကျရှုံးခြင်းအတွက် ဘုရားဝမ်းနည်း ပြန်လမ်းမရှိသောလမ်းတွင် ချီတက်နေမှန်း သူတို့မသိသော ကြောင့် ဘုရား၏ သောကကို ကြည့်ရှုလော့ လူသားတို့ ဘုရားကို ပုန်ကန်၍ သူ့နှလုံးသားကို ကြေကွဲစေခဲ့ပြီ စာတန်ရဲ့ဒုစရိုက်လမ်းတွင် ဝမ်းမြောက်စွာ လှမ်းခဲ့ကြပြီ လူသားတို့ နောက်ဆုံး သွားမယ့်နေရာ ရှင်းလင်းစွာမြင်ရန် အရေးပေးသူမရှိ ခဲ့

II

ဘုရား၏အမျက်ကို ဘယ်သူ သတိပြုမိသလဲ။ ဘယ်သူ ဘုရားထံ ချဉ်းကပ်ပြီး သူ့အား ဝမ်းမြောက်စေ ခဲ့ သလဲ ဘုရားရဲ့ပူဆွေးသောကကို ရိပ်မိ၊ ခံစားရသော နာကျင်မှုကို သိနားလည်သူ ဘယ်မှာရှိ မလဲ ဘုရားရဲ့ခေါ်သံကို သူတို့ကြားသိချိန်ပင် ဘုရားရဲ့ကရုဏာ၊ သမ္မာတရားနှင့် မျက်ရိပ် အောက်မှ ဝေးကွာစေမယ့် လမ်း၌ သူတို့ခရီးဆက်ကြ သူတို့ကိုယ် သူတို့ဆန္ဒအလျောက် စာတန်ဆီ ရောင်းစား သည် လူသားတို့အနာဂတ်အတွက် ဘုရား ပူဆွေး၊ လူသားတို့ကျရှုံးခြင်းအတွက် ဘုရားဝမ်းနည်း ပြန်လမ်းမရှိသောလမ်းတွင် ချီတက်နေမှန်း သူတို့မသိသော ကြောင့် ဘုရား၏ သောကကို ကြည့်ရှုလော့ လူသားတို့ ဘုရားကို ပုန်ကန်၍ သူ့နှလုံးသားကို ကြေကွဲစေခဲ့ပြီ စာတန်ရဲ့ဒုစရိုက်လမ်းတွင် ဝမ်းမြောက်စွာ လှမ်းခဲ့ကြပြီ လူသားတို့ နောက်ဆုံး သွားမယ့်နေရာ ရှင်းလင်းစွာမြင်ရန် အရေးပေးသူမရှိ ခဲ့

III

သူ့ကို အာခံ ပစ်ပယ်သောသူအပေါ် ဘုရားသခင် ဘယ်လို ပြုမူမလဲ ဘုရားရဲ့ခေါ်သံနဲ့သတိပေးနှိုးဆော်မှုနောက်မှာ ဆိုးရွားသောဘေးဒုက္ခရှိသည်ကို သိပါ ထိုဘေးသည် လူ့ခန္ဓာကိုယ်သာမက အသက်ဝိညာဉ်ကိုလည်း ဒဏ်ခတ် လိမ့်မည် ဘုရား သူ့အစီအမံပျက်ပြယ်၍ အသံတော် လျစ်လျူရှုခံရချိန် ဘယ်လို အမျက်ထွက်မလဲဆိုတာ ဘယ်သူမှမပြောပြနိုင် လူသားတွေ မခံစား မကြားဖူးတဲ့ အမျက်ဒေါသ ဒါသည် တစ်မူထူးသော ကပ်ဘေး၊ ဘုရားသခင်သည် ဖန်ဆင်းခြင်းနှင့်ကယ်တင်ခြင်းကို တစ်ကြိမ်သာစီမံခဲ့ ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် လူသားများကို ကယ်တင်ဖို့ ဘုရား၏ဝေဒနာအချစ်နှင့် ပြင်းပြသောဆန္ဒများကို နှလုံးသားနဲ့ မည်သူမှမသိနိုင် လူသားတို့အနာဂတ်အတွက် ဘုရား ပူဆွေး၊ လူသားတို့ကျရှုံးခြင်းအတွက် ဘုရားဝမ်းနည်း ပြန်လမ်းမရှိသောလမ်းတွင် ချီတက်နေမှန်း သူတို့မသိသော ကြောင့် ဘုရား၏ သောကကို ကြည့်ရှုလော့ လူသားတို့ ဘုရားကို ပုန်ကန်၍ သူ့နှလုံးသားကို ကြေကွဲစေခဲ့ပြီ စာတန်ရဲ့ဒုစရိုက်လမ်းတွင် ဝမ်းမြောက်စွာ လှမ်းခဲ့ကြပြီ လူသားတို့ နောက်ဆုံး သွားမယ့်နေရာ ရှင်းလင်းစွာမြင်ရန် အရေးပေးသူမရှိ ခဲ့

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်