ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၇

16.10.2020

ဘုရားသခင်နောက်လိုက်ရာတွင် အဓိကအရေးကြီးသောအရာမှာ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ဖြစ်သင့်ခြင်းပင် ဖြစ်သည်၊ အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင်ရှာမှီးနေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေခြင်းကို ရှာမှီးနေသည်ဖြစ်စေ၊ အရာခပ်သိမ်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုပြုထားခြင်း ဖြစ်သင့်သည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် လုပ်ဆောင်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဗဟိုမပြုပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားနေသော သူတစ်ဦးဖြစ်ပြီး၊ သင်၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် လုံးဝကင်းမဲ့နေမည်။ ဘုရားသခင်အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများနောက်ကို လိုက်လျှောက်ကြသောသူများဖြစ်သည်။ သင်ယခင်က နားလည်ခဲ့သော အရာများသည် မည်သို့ပင် အံ့သြဖွယ်ကောင်းပြီး ဖြူစင်သည်ဖြစ်စေ ဘုရားသခင်က ၎င်းကို အလိုမရှိပါ၊ ထို့အပြင် အကယ်၍ သင်သည် ထိုသို့သောအရာများကို ဘေးသို့ မဖယ်ထားနိုင်ပါက ၎င်းတို့သည် အနာဂတ်၌ သင်၏ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသူ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံစားရသောသူများဖြစ်သည်။ အတိတ်ကာလများမှ လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသော်လည်း၊ ယနေ့တိုင် ၎င်းတို့ လိုက်လျှောက် နိုင်ခဲ့ခြင်း မရှိပါ၊ ဤအရာသည် နောက်ဆုံးသောကာလရှိ လူများ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က သူတို့ကို မည်သည့်နေရာသို့ ဦးဆောင်သည်ဖြစ်စေ လိုက်လျှောက်နိုင်သည့်အတိုင်း ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းရှိသော အဆိုပါလူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံစားရသောသူများဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အလုပ်ထဲသို့ ဝင်ရောက်ခြင်း မရှိသေးပါ၊ ထို့အပြင် ၎င်းတို့ မည်မျှပင် လုပ်ဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှပင် ကြီးမားပါစေ၊ သို့မဟုတ် ၎င်းတို့ မည်မျှပင် ဟိုဟိုသည်သည် အလုပ်များနေပါစေ၊ ထိုအရာတစ်ခုမျှ ဘုရားသခင်အတွက် အဓိပ္ပာယ်မရှိပါ၊ ဘုရားသခင်သည် ၎င်းတို့ကို ချီးကျူးမည်မဟုတ်။ ယနေ့ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းကားသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပ၌ ရှိကြပြီး၊ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်၏ချီးကျူးမှုကို မခံရကြ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များနှင့် ကင်းကွာသော အစေခံခြင်းသည် ဇာတိပကတိနှင့်၊ အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်စွမ်းမရှိ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအကြား၌သာ အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်နှင့် အံဝင်ခွင်ကျဖြစ်သောအရာ တစ်စုံတစ်ခုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်ကို အစေခံသည်ဖြစ်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ စိတ်ထင်ရာများနှင့် အယူအဆများအကြား၌သာ အစေခံကြခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြ၊ ဘုရားသခင်၏အလိုတော်ကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်၊ အယူအဆများနှင့်၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို ဘုရားသခင် အလိုမရှိ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်လုပ်သောအလုပ်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အယူအဆများအကြား၌ အသက်ရှင်ကြ၏။ ထိုသို့သောသူတို့၏ အစေခံခြင်းသည် ကာဆီးခြင်းနှင့် အနှောင့်အယှက်ဖြစ်စေပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၏။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို အစေခံနိုင်ခြင်းမရှိ၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများသည် ဘုရားသခင်ကို ဧကန်မုချ ဆန့်ကျင်ကြခြင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်း၊ လက်ရှိ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျင့်ကြံလုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် ဘုရားသခင်၏ အသစ်အဖြစ်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသို့သောသူသာလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်သို့ လိုက်လျှောက်သောသူနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲ၌ ရှိသောသူဖြစ်သည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိရုံမျှမက၊ ဘုရားသခင်၏ စိတ်သဘောထားကို ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှုတို့ကိုသာမက လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်၏ နောက်ဆုံးအလုပ်အားဖြင့် သိနိုင်ပါသည်၊ ထို့အပြင် ၎င်းတို့အစေခံစဉ် ၎င်းတို့၏ စိတ်သဘောထားအထဲ၌ တဖြည်းဖြည်း ပြောင်းလဲမှုများကို ရယူနိုင်စွမ်းရှိကြသည်။ ဤကဲ့သို့သောသူများသာလျှင် ဘုရားသခင်ကို ရနိုင်စွမ်းရှိကြပြီး၊ မှန်သောလမ်းကို အမှန်တကယ် တွေ့ရှိသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် ပယ်ရှင်းခြင်းကို ခံရသောသူများမှာ ဘုရားသခင်ပြုသော နောက်ဆုံးအလုပ်နောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအလုပ်ကို ဆန့်ကျင် ပုန်ကန်ကြသူများ ဖြစ်သည်။ ယင်းကဲ့သို့သောသူများသည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကြသည့်အကြောင်းမှာ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပြီးခြင်းကြောင့် ဖြစ်သည်သာမက၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲကသဏ္ဌာန်နှင့် မတူညီခြင်းကြောင့်ဖြစ်သည်၊ ထိုအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် ဆန့်ကျင်ပုန်ကန်ကြခြင်းဖြစ်ပြီး ဘုရားသခင်ကို ဝေဖန်ကြခြင်းဖြစ်ကာ၊ ယင်းက သူတို့ကို ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းသို့ ဦးတည်သွားစေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို သိရန်မလွယ်ကူပါ၊ သို့သော်လည်း အကယ်၍ လူအများသည် ဘုရားသခင်၏အလုပ်ကို နာခံရန် စိတ်ဆန္ဒရှိပြီး ဘုရားသခင်၏အလုပ်ကို ရှာဖွေနိုင်ပါက ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်အဖြစ်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလုပ်ကို ရည်ရွယ်ချက်ပါပါဖြင့် ဆန့်ကျင်ပုန်ကန်သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပါ။ ထို့ကြောင့် လူအများသည် ဘုရားသခင်၏ နောက်ဆုံးသောအလုပ်ကို လက်ခံရရှိနိုင်ခြင်း သို့မဟုတ် မရရှိနိုင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ်တွင် မူတည်သည်၊ ၎င်းသည် ၎င်းတို့၏ ရှာဖွေလိုက်စားမှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

ဝါး … ဝါး … ဝါး … သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊ ဘုရားရဲ့လက်ရှိလိုအပ်ချက်များ လိုက်နာ၊ ဘုရားရဲ့နောက်ဆုံးအသံတော်အတိုင်း ဆောင်ရွက်ခြင်းပါ သို့မှသာ ဝိညာဉ်တော်ရဲ့အမှုကို လိုက်နာ သူများ အ ဖြစ် သူတို့ သန့်ရှင်းသောဝိညာဉ်တော်မြစ်ထဲ စီးမျော၊ ဘုရားကို မြင်ကာ ဘုရားရဲ့ချီးမွမ်း ခြင်း ခံရ ဘုရားရဲ့စိတ်သဘောထား၊ လူသားရဲ့အယူအဆနဲ့ မနာခံမှု၊ လူ့ပင်ကိုသဘာဝနဲ့သဘောသဘာဝကို သူတို့ သိနိုင် ထို့ပြင် ဘုရားကို အစေခံရင်း လူတို့စိတ်သဘောထား ပြောင်းလဲ လာ လိမ့်မည် ထိုသူတို့သာ ဘုရားကို ရသောသူများ ဖြစ် ထိုသူတို့သာ တစ်ခုတည်းသော စစ်မှန်သည့်လမ်းကို အမှန် တွေ့ရှိသူများ အမှန်တွေ့ရှိသူများ

ဘုရားရဲ့နောက်ဆုံးဆောင်ရွက်သောအမှုတော်ကို သိနေဖို့ မလွယ်ကူပါ လူတို့ ဘုရားအမှုတော်ကို ရှာ၍ လိုက်နာရင် ဘုရားကို မြင်တွေ့ ရ ဖို့၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှု အသစ် ခံယူဖို့ အခွင့်ရှိလိမ့်မည် ဘုရားရဲ့အမှုတော်ကို တမင်တကာ ဆန့်ကျင်သူများ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဉာဏ်အလင်းပေးမှု၊ ဘုရားလမ်းပြမှု မရနိုင် ဘုရားရဲ့နောက်ဆုံးဆောင်ရွက်သောအမှုတော်ကို လူတွေ ရနိုင်မည် မရနိုင်ဘူးက ဘုရားရဲ့ကျေးဇူးတော်နဲ့ သူတို့ရဲ့ ဘုရားကို ရှာဖွေခြင်း သူတို့ ရည်ရွယ်ချက်ပေါ် မူတည် (ဝါး … ဝါး … ဝါး … ဝါး …)

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။