ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အတွေ့အကြုံအားဖြင့်” | ကောက်နုတ်ချက် ၄၅၀

14.10.2020

ဘုရားသခင်၏ လုပ်ဆောင်မှုကို သိကျွမ်းခြင်း သင်၌မရှိပါက ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို သင်သိလိမ့်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင့်လုပ်ဆောင်မှုများ၏ ဥပဒေသများကို မသိကျွမ်းဘဲ စာတန်သည် လူ့အထဲ၌ မည်သို့ လုပ်ဆောင်သည်ကို သတိမမူမိပါက သင့်တွင် ကျင့်သုံးရန် လမ်းကြောင်းရှိမည် မဟုတ်ပေ။ စိတ်အားထက်သန်စွာ လိုက်နာခြင်း တစ်ခုတည်းက သင်သည် ဘုရားသခင် တောင်းဆိုသော ရလဒ်များကို ရရှိနိုင်ခွင့် ပေးမည်မဟုတ်ပေ။ ယင်းသို့သော တွေ့ကြုံခြင်းနည်းလမ်းသည် လောရင့်၏ တွေ့ကြုံခြင်းနည်းလမ်းနှင့် ဆင်တူသည်၊ မည်သို့မျှ ကွဲပြားခြားနားမှုများ မရှိ၊ အတွေ့အကြုံကိုသာ အာရုံစိုက်ပြီး စာတန်၏ အလုပ်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၊ ဘုရားမျက်မှောက် မရှိသည့် လူသည် မည်သို့ရှိသည်၊ ထို့ပြင် ဘုရားသခင်က မည်သည့်ပုဂ္ဂိုလ်မျိုးကို စုံလင်အောင်ပြုပေးလိုသည် စသည်တို့ကို လုံးဝသတိမမူမိပါပေ။ မတူညီသော လူအမျိုးအစားတို့နှင့် ဆက်ဆံရသောအခါ မည်သည့် ဥပဒေသများကို ခံယူသင့်သည်၊ ဘုရားသခင်၏ မျက်မှောက်အလိုတော်ကို မည်သို့ နားလည်သဘောပေါက်ရမည်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို မည်သို့ သိရမည်၊ ထို့ပြင် မည်သူ့ကို၊ မည်သည့် အခြေအနေများတွင်နှင့် မည်သည့် ခေတ်ကာလတို့တွင် ဘုရားသခင်၏ ကရုဏာ၊ ကြီးမြတ်မှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ဦးတည်ရည်ညွှန်းသည် စသည့် ဤမည်သည့်အရာတို့ကိုမျှ သူသည် ထိုးထွင်းသိမြင်မှု မရှိပေ။ လူတို့သည် သူတို့၏အတွေ့အကြုံများအတွက် အုတ်မြစ်အဖြစ် ရူပါရုံများ အဆင့်ဆင့် မရှိလျှင်၊ အတွေ့အကြုံကို မဆိုထားနှင့်၊ အသက်တာသည်ပင် စဉ်းစားရန် မလိုတော့ပေ။ သူသည် မိုက်မဲစွာ အရာရာကို ဆက်၍ အညံ့ခံနေပြီး သည်းညည်းခံနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့ကို စုံလင်အောင် ပြုလုပ်ရန် ခက်ခဲလှပေသည်။ သင်သည် အထက်တွင် ပြောထားသော ရူပါရုံများ ဘာတစ်ခုမျှ မရှိလျှင် သင်သည် ငတုံးငအဖြစ်ကြောင်း၊ သင်သည် ဣသရေလနိုင်ငံတွင် အမြဲရပ်တည်နေသော ဆားတိုင်နှင့် အလားတူကြောင်း လုံလောက်သော သက်သေပင် ဖြစ်သည်။ ယင်းကဲ့သို့သော လူများသည် အသုံးမကျသောသူများ၊ အသုံးဝင်သောသူများ ဖြစ်ကြသည်တကား။ အချို့လူများသည် မျက်စိမှိတ်လျက်သာ အညံ့ခံကြသည်၊ သူတို့သည် သူတို့ကိုယ်သူတို့ အစဉ်အမြဲ သိပြီး အသစ်သော အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ သူတို့ကိုယ်တိုင် လုပ်ဆောင်သည့် သူတို့၏ကိုယ်ပိုင် နည်းလမ်းများကိုသာ အစဉ်အသုံးပြုတတ်သည်၊ သို့မဟုတ် ဖော်ပြရန် မထိုက်တန်သည့် အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် “ဉာဏ်ပညာ” ကို အသုံးပြုကြသည်။ ထိုကဲ့သို့သော လူများသည် ထိုးထွင်းသိမြင်မှု ကင်းမဲ့သူများဖြစ်ပြီး၊ ယင်းသည် သူတို့၏ သဘာဝမှာ ရမယ်ရှာခံရခြင်းကို ကြိတ်မှိတ်လက်ခံထားမည့် အလားဖြစ်ပြီး၊ သူတို့သည် အစဉ်အမြဲ မထူးခြား၊ ဘယ်တော့မှ မပြောင်းလဲပေ။ ဤကဲ့သို့သောလူတို့သည် ပိုင်းခြားသိမြင်နိုင်မှု စိုးစဉ်းမျှပင်မရှိသည့် လူမိုက်များပင် ဖြစ်ကြသည်။ သူတို့သည် ဆောင်ရွက်မှုများကို အခြေအနေများ သို့မဟုတ် မတူညီသောလူများနှင့် သဟဇာတဖြစ်ရန် မည်သည့်အခါမျှ မကြိုးစားကြပါ။ ယင်းသို့သော လူများတွင် အတွေ့အကြုံမရှိကြ။ အချို့လူများသည် မကောင်းဆိုးဝါး ဝိညာဉ်များ၏ အလုပ်၏ သိမ်းပိုက်ခြင်းခံရသည့် လူတို့နှင့် ရင်ဆိုင်တွေ့ရသောအခါ ကိုယ့်ကိုယ်ကိုသိခြင်းထဲ၌ နစ်မြုပ်နေကြသော လူတစ်ချို့ကို ငါမြင်ခဲ့ပြီ၊ သူတို့သည် ဦးခေါင်းများကို ငုံ့ထားကြပြီး အပြစ်များကို ဝန်ခံကြသည်၊ ရပ်တည်ပြီး ထိုသူတို့ကို ပြစ်တင်ရှုံ့ချရန် မဝံ့ရဲကြချေ။ ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်၏ သိသာထင်ရှားသော လုပ်ဆောင်မှုနှင့် တွေ့ကြုံသောအခါ သူတို့သည် မနာခံဝံ့ကြပါ။ ဤမကောင်းဆိုးဝါးဝိညာဉ်များသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု သူတို့ယုံကြည်ကြပြီး၊ ထကြွ၍ ယင်းတို့ကို ဆန့်ကျင်ခုခံရန် သတ္တိစိုးစဉ်းမျှ သူတို့၌ မရှိကြချေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို အရှက်ရစေကြပြီး၊ သူ့အတွက် လေးလံသော ဝန်တစ်ခုကို လုံးလုံးလျားလျား ထမ်းရွက်နိုင်စွမ်းမရှိကြချေ။ ထိုကဲ့သို့သော ငတုံးငအများတွင် မည်သည့် ထူးခြားသော အရည်အသွေးမျိုးမှ မရှိကြပေ။ ထို့ကြောင့် ထိုကဲ့သို့သော အတွေ့အကြုံ နည်းလမ်းသည် ဘုရားသခင်၏ အမြင်တွင် မရပ်တည်နိုင်သဖြင့် ယင်းတို့ကို ပစ်ပယ်သင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်