ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” | ကောက်နုတ်ချက် ၄၇၉

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” | ကောက်နုတ်ချက် ၄၇၉

45 |23.10.2020

ပေါလု ဆောင်ရွက်ခဲ့သည့် အလုပ်သည် လူ၏ရှေ့တွင် ထုတ်ဖော်ပြသခြင်း ခံရသည်၊ သို့သော် သူ၏ ဘုရားသခင်အား ချစ်ခြင်းမှာမူ မည်မျှ သန့်စင်သနည်း၊ သူ့နှလုံးထဲ နက်ရှိုင်းရာ၌ ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမှာ မည်မျှ ရှိသနည်း စသည့်အရာများကိုမူ လူတို့ မမြင်နိုင်ကြပေ။ လူသည် သူဆောင်ရွက်ခဲ့သော အလုပ်များကိုသာ မြင်တွေ့နိုင်ပြီး၊ ထိုအရာမှ လူသည် ဤသူမှာ သန့်ရှင်းသော ဝိညာဉ်တော်မှ အမှန်ပင် အသုံးပြုခြင်း ခံရသော သူတစ်ယောက် ဖြစ်သည်ကို သိသည်၊ ထို့ကြောင့် ပေါလုသည် ပေတရုထက် သာလွန် သည်ဟု လူက ထင်သည်၊ သူသည် အသင်းတော်များကို ထောက်ပံ့ပေးနိုင် ခဲ့သည့်အတွက် သူ၏ အလုပ်မှာ သာ၍ ကြီးမြတ်သည်ဟု ထင်သည်။ ပေတရုသည် သူ၏ ကိုယ်ပိုင် အတွေ့အကြုံများကိုသာ ကြည့်သည်၊ သူ၏ ရံဖန်ရံခါ လုပ်ဆောင်သော အလုပ်အတောအတွင်း လူအနည်းငယ်ကို ရယူနိုင်ခဲ့သည်။ သူ့ထံမှလာသော လူသိနည်းသည့် သြဝါဒစာစောင် အနည်းငယ်မျှသာ ရှိသည်၊ သို့သော်လည်း သူ၏ နှလုံးသားအတွင်း နက်ရှိုင်း ရာ၌ ရှိသည့် ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမှာ မည်မျှပင် ကြီးမြတ်သည်ကို မည်သူသိမည်နည်း။ နေ့စဉ် ရက်ဆက် ပေါလုသည် ဘုရားသခင်အတွက် လုပ်ဆောင်ခဲ့သည်။ ပြီးမြောက်ရမည့် အလုပ် ရှိနေသရွေ့၊ သူ လုပ်ဆောင်ခဲ့သည်။ ဤနည်းလမ်းဖြင့် သူသည် သရဖူအား ရရှိနိုင်ပြီး၊ ဘုရားသခင်အား ကျေနပ်စေနိုင်မည်ဟု ခံစားခဲ့ရသည်၊ သို့သော်ငြားလည်း သူ၏ အလုပ်မှတစ်ဆင့် သူကိုယ်တိုင် ပြောင်းလဲရန်အတွက် နည်းလမ်း များကိုမူ သူသည် မဖွေရှာခဲ့ချေ။ ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေသည့် အရာ မည်သည့်အရာမဆို သူ့အား မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းအရာသည် ဘုရားသခင်၏ လိုအင်ကို မကျေနပ်စေပါက၊ သူသည် နောင်တကြီးစွာ ခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးစားနိုင်မည့် သင့်လျော်သော နည်းလမ်းများကို သူရှာလိမ့်မည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ လိုအင်ကို ကျေနပ်စေရန် မိမိကိုယ်ကို လိုအပ်တောင်းဆိုခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာလျှင် သူသည် အတိအကျပင် လုပ်ဆောင်ခဲ့ပြီး၊ သမ္မာတရားအတွင်းသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားနိုင်ရန် မိမိကိုယ်ကိုမိမိ လိုအပ်တောင်းဆိုမှုများ၌ သူသည် သာ၍ပင် ပြင်းပြင်းထန်ထန် ပြုမူ ခဲ့သည်။ ပေါလုသည် အပေါ်ယံဆန်သော ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ဖွေရှာခဲ့သည်။ လူ၏ရှေ့တွင် မိမိကိုယ်ကိုမိမိ ကြွားဝါနိုင်ရန် သူဖွေရှာခဲ့ပြီး၊ အသက်တာ၏ ဝင်ရောက်မှုတွင် သာ၍ နက်ရှိုင်းသော တိုးတက် သွားခြင်းကို လုပ်ဆောင်ရန် သူသည် မဖွေရှာခဲ့ပေ။ သူအလေးထားသော အရာမှာ အယူဝါဒကိုသာ ဖြစ်ပြီး၊ လက်တွေ့သဘော မဟုတ်ပေ။ ပေါလုမှာ ဘုရားသခင်အတွက် များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့ သော်လည်း၊ အဘယ့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ အောက်မေ့ခြင်းကို မခံရသနည်းဟု အချို့သူ များက ပြောကောင်းပြောကြလိမ့်မည်။ ပေတရုသည် ဘုရားသခင်အတွက် အနည်းငယ်သော အလုပ်ကိုသာ လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များကို ကြီးစွာသော ပံ့ပိုးကူညီမှုလည်း မပြုခဲ့၊ ထိုသို့ဆိုလျှင် အဘယ့် အတွက်ကြောင့် သူသည် ပြီးပြည့်စုံလင်စေခြင်း ခံခဲ့ရသနည်း။ ပေတရုသည် ဘုရားသခင်အား အတိုင်းအတာ တစ်ခုအထိ ချစ်ခဲ့ပြီး၊ ယင်းအရာမှာ ဘုရားသခင်မှ လိုအပ်သည့် အရာဖြစ်သည်။ ဤကဲ့သို့သော သူများသာ သက်သေခံချက် ရှိပေသည်။ ထိုသို့လျှင် ပေါလုမှာကား အဘယ်နည်း။ ပေါလုသည် ဘုရားသခင် အား မည်သည့် အတိုင်းအတာအထိ ချစ်ခဲ့သည်ကို သင်သိသလော။ ပေါလု၏ အလုပ်မှာ မည်သည်အတွက် နည်း။ ပေတရု၏ အလုပ်မှာကော မည်သည်အတွက်နည်း။ ပေတရုသည် များစွာသောအလုပ်ကို မလုပ်ဆောင် ခဲ့ချေ၊ သို့သော် သူ၏ နှလုံးသားအတွင်း နက်ရှိုင်းရာတွင် အဘယ်အရာရှိသည်ကို သင်သိသလော။ ပေါလု၏ အလုပ်သည် အသင်းတော်များအား ထောက်ပံ့ခြင်းနှင့် နှီးနွယ်နေသည်။ ပေတရု ကြုံတွေ့ခံစားခဲ့ရသော အရာမှာမူ သူ၏ အသက်စိတ်သဘောထား အတွင်းမှ ပြောင်းလဲမှုများပင် ဖြစ်သည်။ သူသည် ဘုရား သခင်၏ ချစ်ခြင်းကို ကြုံတွေ့ခံစားခဲ့ရသည်။ ယခုတွင် သင်သည် ၎င်းတို့ အခြင်းအရာများ၏ ကွဲပြားခြားနား ချက်များကို သိသည့်အတွက်၊ အဆုံးတွင် မည်သူသည် ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်ခဲ့ပြီး၊ မည်သူက ဘုရားသခင်အား စစ်မှန်စွာ မယုံကြည်ခဲ့သည်ကို သင်မြင်နိုင်ပေသည်။ ၎င်းတို့အထဲမှ တစ်ယောက်သည် ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ပြီး၊ အခြားတစ်ယောက်မှာမူ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခဲ့ခြင်း မရှိပေ။ တစ်ယောက်သော သူသည် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ ခံယူခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မခံယူခဲ့ပေ။ တစ်ယောက်သောသူသည် လူများ၏ ဝတ်ပြုခြင်းကို ခံရပြီး၊ ကြီးမြတ်သည့် ပုံရိပ်ရှိသည်၊ အခြား တစ်ယောက်မှာမူ နှိမ့်ချစွာ အစေကျွန်ခံခဲ့ပြီး လူများမှ လွယ်ကူစွာ မှတ်မိသိရှိနိုင်ခြင်း မရှိခဲ့ချေ။ တစ်ယောက် သောသူသည် သန့်ရှင်းခြင်းကို ဖွေရှာခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မဖွေရှာခဲ့၊ သူသည် မသန့်စင်သော်ငြား လည်း၊ သူ၌ သန့်စင်သော ချစ်ခြင်းကို ပိုင်ဆိုင်ခြင်းမရှိခဲ့။ တစ်ယောက်သော သူသည် စစ်မှန်သော လူသား သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ တစ်ယောက်သောသူတွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အသိစိတ် ပိုင်ဆိုင်ပြီး၊ အခြားတစ်ယောက်ကမူ မပိုင်ဆိုင်ခဲ့။ ဤသည်တို့မှာ ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာတို့ ကွဲပြားခြားနားချက်များပင် ဖြစ်သည်။ ပေတရု လျှောက်ခဲ့သော လမ်းကြောင်းသည် အောင်မြင်မှု၏ လမ်းကြောင်းဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်နှင့် ပုံမှန် လူသားသဘာဝကို ပြန်လည်ရယူခြင်းအား ပြီးမြောက် အောင်မြင်နိုင်မည့် လမ်းကြောင်းလည်း ဖြစ်သည်။ ပေတရုသည် အောင်မြင်သော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလု လျှောက်ခဲ့သော လမ်းကြောင်းမှာမူ ရှုံးနိမ့်မှု၏ လမ်းကြောင်းဖြစ်ပြီး၊ သူသည် ဘုရားသခင်အား စစ်မှန်စွာ မချစ်ပဲ၊ မိမိတို့ကိုယ်မိမိ အပေါ်ယံသာ ဆက်ကပ်အပ်နှံပြီး အသုံးခံသော သူအားလုံးကို ကိုယ်စားပြုသည်။ ပေါလုသည် သမ္မာတရားအား ပိုင်ဆိုင်ခြင်းမရှိသော ထိုသူအားလုံးကို ကိုယ်စားပြုသည်။ ပေတရု၏ ဘုရား သခင်အား ယုံကြည်ခြင်းတွင်၊ သူသည် အရာခပ်သိမ်း၌ ဘုရားသခင်အား ကျေနပ်စေရန် ဖွေရှာခဲ့ပြီး၊ ဘုရား သခင်ထံမှ လာသော အရာအားလုံးကို နာခံရန် ဖွေရှာခဲ့သည်။ စောဒကတက်ခြင်း စိုးစဉ်းမျှ မရှိပဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ စစ်ဆေးခြင်းအပါအဝင်၊ ကြီးစွာသော ဒုက္ခနှင့် သူ့အသက်တာ အတွင်း ချို့တဲ့မှုများကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းကို မပြောင်းလဲနိုင်ခဲ့ပါ။ ဤသည်မှာ ဘုရားသခင်၏ အကြွင်းမဲ့သော ချစ်ခြင်းပင် မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းပင် မဟုတ်ပေလော။ ပြစ်တင် ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ကြီးစွာသော ဒုက္ခ— သင်သည် သေဆုံးသည်အထိ နာခံခြင်းကို ပြီးမြောက် အောင်မြင်ရန် တတ်စွမ်းနိုင်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးမှ ပြီးမြောက်အောင်မြင် သင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်း၏ သန့်စင်မှုပင် ဖြစ်သည်။ အကယ်၍ လူသည် ဤမျှလောက်ထိ ပြီးမြောက်အောင်မြင်နိုင်လျှင်၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါ တစ်ဦးဖြစ်သည်၊ ဖန်ဆင်းရှင်၏ လိုအင်ကို ဤအရာထက် သာ၍ကျေနပ်စေနိုင်သည့် အရာ ဘာမျှ မရှိတော့ချေ။ သင်သည် ဘုရားသခင်အတွက် လုပ်ဆောင်နိုင်သော်လည်း ဘုရားသခင်အား နာခံခြင်း မရှိပဲ၊ ဘုရားသခင်အား စစ်မှန်စွာ ချစ်ခြင်းငှာ မတတ်စွမ်းနိုင်ပဲ ရှိသည်ဟု စိတ်ကူးကြည့်ပါ။ ဤသို့လျှင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းနိုင်သည် သာမက၊ ဘုရားသခင် ၏ ပြစ်တင်ရှုတ်ချခြင်းလည်း ခံရမည်ဖြစ်သည်၊ အကြောင်းမှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်ပြီး၊ ဘုရားသခင်အား နာခံခြင်းအား မတတ်စွမ်းနိုင်သော သူတစ်ယောက်ဖြစ်ကာ၊ ဘုရား သခင်အား နာခံခြင်း မရှိသော သူတစ်ယောက်လည်း ဖြစ်သည်။ ဘုရားသခင်အတွက် လုပ်ဆောင်ရန်သာ သင်သည် အလေးထားပြီး၊ သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းအား အလေးမထား၊ သို့မဟုတ် မိမိ ကိုယ်ကို သိခြင်းကိုလည်း အလေးမထားပေ။ သင်သည် ဖန်ဆင်းရှင်ကို မသိကျွမ်း၊ သို့မဟုတ် နားမလည်ပေ၊ ပြီးလျှင် ဖန်ဆင်းရှင်အား ချစ်ခြင်း သို့မဟုတ် နာခံခြင်း မရှိချေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူ တစ်ယောက် ဖြစ်သည်၊ ထိုကဲ့သို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်