ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” | ကောက်နုတ်ချက် ၄၈၁

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” | ကောက်နုတ်ချက် ၄၈၁

64 |28.10.2020

ပေတရုဖွေရှာခဲ့သည့် အရာခပ်သိမ်းမှာမူ ဘုရားသခင်၏ နှလုံးသားနှင့် အညီသာဖြစ်သည်။ ဘုရား သခင်၏ လိုအင်ကို ဖြည့်ဆည်းရန် သူဖွေရှာခဲ့ပြီး၊ နာကျင်ခံစားရမှုနှင့် အခက်အခဲတို့ မည်သို့ပင် ဖြစ်စေကာမူ၊ သူသည် ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် လိုလားလျက်ပင် ရှိသေးသည်။ ဘုရားသခင်၌ ယုံကြည်သူ တစ်ယောက်အတွက် သာ၍ ကြီးမြတ်သော လိုက်ခြင်းမရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိ ပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များ၊ အကြံဉာဏ်များနှင့် စွန်းထင်းခဲ့ သည်။ သူသည် မည်သည့်နည်းနှင့်မျှ ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ခဲ့ပဲ၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာသောသူ တစ်ယောက်လည်း မဟုတ်ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဆက်ကပ်လိုက်နာရန် ဖွေရှာခဲ့ပြီး၊ သူပြုခဲ့သော အလုပ်သည် မကြီးမြတ်ခဲ့စေ ကာမူ၊ သူ၏ လိုက်ခြင်းနောက်ကွယ်မှ ရည်ရွယ်ချက်နှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့မှာ မှန်ကန်ခဲ့သည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို ဖွေရှာနိုင်ခဲ့သည်။ ဤအချက်ကြောင့်ပင် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ယနေ့ သင်သည် လုပ်ဆောင်သူတစ်ယောက် မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်နှင့်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အလုံးစုံကို ဆက်ကပ်နာခံရန် ဖွေရှာခြင်းငှာ တတ်စွမ်းနိုင်သင့်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံရန် တတ်စွမ်းနိုင်သင့်ပြီး၊ ကြီးစွာသော ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း အမျိုးမျိုးကို တွေ့ကြုံခံစားနိုင်သင့်သည်၊ သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ နှလုံးသားထဲတွင် ဘုရားသခင်အား ချစ်ရန် တတ်စွမ်းနိုင်သင့်သည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူတတ်သော ထိုသူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားကြပြီး၊ ယင်းသို့သော လူများ၏ လိုက်ခြင်းအပေါ် ထားရှိသည့် ရှုထောင့်အမြင်မှာ မှန်ကန်သည့် အရာ ဖြစ်သည်။ ဘုရားသခင် လိုအပ်သော သူတို့မှာ ဤသူတို့ပင်ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများမှ သင်၏ သင်ပြချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌ကမူ ပြောင်းလဲခြင်းမရှိပဲ၊ မည်သည့် သက်သေမျှ မခံယူလျှင်၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိလျှင်၊ ဤသည်အတွက် သင့်အသက်တာ၏ အဆုံးတွင် သင်တို့ထဲမှ မည်သူကမျှ သက်သေခံခြင်းအား မပြုရသေးလျှင်၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ယောက် ဟုတ်ပါ၏လော။ သင်သည် သမ္မာတရား ကို မီအောင်လိုက်သော သူတစ်ယောက်ပင်လော။ ထိုအချိန်က၊ သန့်ရှင်းသော ဝိညာဉ်တော်မှ သင့်ကို အသုံးပြုခဲ့သည်၊ သို့သော် သူသည် သင့်ကို အသုံးပြုသောအခါ၊ သင်၏ အလုပ်ဖြစ်နိုင်သော အပိုင်းကိုသာ အသုံးပြုခဲ့ပြီး၊ သင်၏ အလုပ်မဖြစ်နိုင်သော အပိုင်းကိုမူ အသုံးမပြုခဲ့ချေ။ အကယ်၍ သင်သည် ပြောင်းလဲရန် ဖွေရှာပါက၊ သင်သည် အသုံးပြုခံရသည့် ဖြစ်စဉ်အတောအတွင်း တဖြည်းဖြည်းနှင့် ပြီးပြည့်စုံလင်စေခြင်း ခံခဲ့ရပေလိမ့်မည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်မှာ အဆုံး၌ သင်သည် ရယူခြင်းခံရမည်၊ မခံရမည် ဆိုသည်အတွက် တာဝန်မယူပါ၊ ဤအရာသည် သင်လိုက်ခြင်း၏ နည်းဟန်အပေါ်တွင် မူတည်သည်။ သင်၏ ကိုယ်ပိုင် စိတ်သဘောထားအတွင်း မည်သည့် ပြောင်းလဲခြင်းမှ မရှိပါက၊ ဤသည်မှာ လိုက်ခြင်းအပေါ် ထားရှိသော သင်၏ ရှုထောင့်အမြင်သည် မှားယွင်းနေသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့် ဆုလာဘ်မှ အပ်နှင်းမခံရပါက၊ ဤသည်မှာ သင်ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် သင်ကိုယ်တိုင်သည် သမ္မာတရားအား လက်တွေ့ မကျင့်သုံးခဲ့သည့် အတွက်၊ ဘုရားသခင်၏ လိုအင် ကို ဖြည့်ဆည်းရန် မတတ်စွမ်းနိုင်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သင်ကိုယ်တိုင်၏ အတွေ့အကြုံများထက် မည်သည့်အရာကမျှ သာ၍ အရေးမကြီးချေ၊ သင်ကိုယ်တိုင်၏ ဝင်ရောက်မှုထက် မည်သည့်အရာကမျှ သာ၍ အရေးမပါချေ။ အဆုံးတွင် အချို့သော လူများသည် “အကျွန်ုပ်သည် ကိုယ်တော့်အတွက် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပါပြီ၊ တခမ်းတနား အောင်မြင်မှုတို့ မရှိကောင်း မရှိနိုင် သော်ငြားလည်း၊ အကျွန်ုပ် သည် အကျွန်ုပ်၏ အားထုတ်ခြင်း၌ လုံ့လစိုက်ခဲ့ပါ၏။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်ပေး၍ မရသလော” ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါနှစ်သက်သည်ကို သင်သိရမည်။ မသန့်စင်သော ထိုသူများအား နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြု၊ မသန့်စင်သော ထိုသူများအား သန့်ရှင်းသောမြေကို ညစ်ညူးစေရန် အခွင့်မပြု။ သင်သည် များစွာသော အလုပ်တို့ကို လုပ်ဆောင်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော်ငြားလည်း၊ အဆုံး၌ သင်သည် ဆိုးရွားစွာပင် ညစ်ညမ်းနေဆဲ ဖြစ်မည်ဆိုပါက၊ သင် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။ လောကကြီးအား အုတ်မြစ်ချသည့် အချိန်မှစ၍ ယနေ့အထိ၊ မည်သည့်အခါမျှပင် ငါသည် ငါ့အား မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ လွယ်ကူစွာ ဝင်နိုင်ခွင့်ကို မပေးခဲ့။ ဤအရာသည် ကောင်းကင်ဆိုင်ရာ စည်းမျဉ်းပင် ဖြစ်ပြီး၊ ယင်းအား မည်သူမျှ မချိုးဖောက်နိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့၊ ပြီးပြည့် စုံလင်စေခြင်း ခံရမည့် ထိုသူများသည် ပေတရုကဲ့သို့သော သူများပင် ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိကြသူများ ဖြစ်ကြသည်။ ယင်းကဲ့သို့သော လူများသာလျှင် ပြီးပြည့်စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ ကြည့်ပြီး၊ သင့်ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မရှာဖွေပါလျှင်၊ သင်၏ ကြိုးစားအားထုတ်မှု အားလုံးသည် အချည်းနှီး သက်သက်သာ ဖြစ်သွားလိမ့်မည် ဖြစ်ပြီး၊ ဤအရာမှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်