ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” | ကောက်နုတ်ချက် ၄၈၂

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” | ကောက်နုတ်ချက် ၄၈၂

0 |26.10.2020

ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာများ၌ ကွဲပြားခြားနားမှုမှ အသက်အား မီအောင်လိုက်ခြင်း မရှိသော ထိုသူများ အားလုံးသည် အချည်းနှီးပင် ရုန်းကန်ကြသည် ဆိုခြင်းအား သင် နားလည်သင့်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ယိုယွင်းပျက်စီးနေသော စိတ်သဘောထားကို ပစ်ပယ်သင့် ပြီး၊ ဘုရားသခင်၏ လိုအင်ကို ဖြည့်ဆည်းရန် ဖွေရှာရမည် ဖြစ်ကာ၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်လျက် နောက်ကိုလိုက်သော ကြောင့်၊ သင်သည် အရာခပ်သိမ်းကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များကို မလုပ်ဆောင်သင့်ပဲ၊ ဘုရားသခင်၏ လိုအင်အား ဖြည့်ဆည်းခြင်းကို သင်ပြီးမြောက် အောင်မြင်သင့် သည်။ သင်သည် ဖန်ဆင်းခြင်း ခံထားရသည့်အတွက်၊ သင့်အား ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့် သည်၊ အကြောင်းမှာ သင်သည် ပင်ကိုယ်အားဖြင့် မိမိအပေါ်မိမိ အုပ်စိုးခြင်း မရှိသောကြောင့် ဖြစ်ပြီး၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်ရန် တတ်စွမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်အား ယုံကြည် သော သူတစ်ယောက် ဖြစ်သည့်အတွက်၊ သင်သည် သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို သင်သည် စောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာအား ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို စည်းမကျော်ရပေ။ ဤသည်မှာ သင့်အား ကန့်သတ် ချုပ်ထိန်းရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ထားရန် မဟုတ်ပဲ၊ ဤသည် မှာ လမ်းကြောင်းဖြစ်ပြီး၊ ယင်းမှတစ်ဆင့် သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်ကာ၊ ဖြောင့်မတ်ခြင်းကို ပြုသော ထိုသူအားလုံးတို့မှ ပြီးမြောက် အောင်မြင်သင့်သည့်၊ ပြီးမြောက် အောင်မြင်နိုင်သည့် အရာဖြစ်သည်။ ပေတရုနှင့် ပေါလုတို့၏ အခြင်းအရာများကို သင်သည် နှိုင်းယှဉ်ကြည့်ပါလျှင်၊ သင်သည် မည်ကဲ့သို့ ဖွေရှာ သင့်သည်ကို သိပေလိမ့်မည်။ ပေတရုနှင့် ပေါလုတို့ လျှောက်ခဲ့သော လမ်းကြောင်းများတွင်၊ တစ်ခုသည် စုံလင်စေခြင်းကို ခံရခြင်း၏ လမ်းကြောင်းဖြစ်ပြီး၊ တစ်ခုမှာ သုတ်သင်ပယ်ရှင်းခြင်း၏ လမ်းကြောင်း ဖြစ်သည်။ ပေတရုနှင့် ပေါလုသည် ကွဲပြားခြားနားသော လမ်းကြောင်းနှစ်ခုကို ကိုယ်စားပြုသည်။ အသီးသီး သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းကို လက်ခံရရှိခဲ့ပြီး၊ အသီးသီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို ရရှိခဲ့ကာ၊ အသီးသီးသည် သခင်ယေရှုမှ ၎င်းတို့ကို တာဝန်ပေး စေခိုင်းခဲ့သည့် အရာကို လက်ခံခဲ့သော်ငြားလည်း၊ တယောက်စီတွင် သီးလာသော အသီး မှာမူ မတူညီပေ။ တစ်ဦးသည် စစ်မှန်စွာ အသီးသီးပြီး၊ အခြားတစ်ဦးမှာမူ မသီးချေ။ ၎င်းတို့၏ အခြင်းအရာ များမှ၊ ၎င်းတို့မှ အပြင်ပန်းသဏ္ဍာန်အားဖြင့် ဖော်ပြခဲ့သည့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်နှင့်၊ ၎င်းတို့၏ နောက်ဆုံးနိဂုံးများမှ၊ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်ရမည်၊ မည်သည့် လမ်းကြောင်းကို သင် ရွေးချယ် လျှောက်လှမ်းရမည်ကို သင်နားလည်သင့်သည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြားနားသော လမ်း ကြောင်း နှစ်ခုကို လျှောက်ခဲ့ကြသည်။ ပေါလုနှင့် ပေတရုတို့သည် လမ်းကြောင်း အသီးသီး၏ စံနမူနာပင် ဖြစ်သည်၊ ထို့ကြောင့် အစအဦးကတည်းက ၎င်းတို့သည် ဤလမ်းကြောင်းနှစ်ခုအား ပုံဆောင်ပြရန် ရွေးထုတ် ခံရခြင်း ဖြစ်သည်။ ပေါလု အတွေ့အကြုံများ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ အဘယ့် ကြောင့် သူသည် မအောင်မြင်ခဲ့ရသနည်း။ ပေတရု အတွေ့အကြုံ၏ အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်ကြပြီး၊ သူသည် စုံလင်စေခြင်းကို အဘယ်သို့လျှင် တွေ့ကြုံခံစားခဲ့ရသနည်း။ ၎င်းတို့ အသီးသီး အလေးထားသည့် အရာကို သင်နှိုင်းယှဉ်ကြည့်လျှင်၊ ဘုရားသခင်သည် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး အတိအကျကို လိုအပ်တောင်းဆိုသည်ကို သင်သိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်သည် အဘယ်အရာ ဖြစ်သည်၊ ဘုရားသခင်၏ စိတ်နေသဘောထားသည် အဘယ်အရာ ဖြစ်သည်၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး သည် အဆုံးတွင် စုံလင်စေခြင်း ခံရမည်နှင့်၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် စုံလင်စေခြင်း မခံရမည် အပါအဝင်၊ စုံလင်စေခြင်း ခံရမည့် ထိုသူများ၏ စိတ်သဘောထားသည် အဘယ် အရာဖြစ်သည်နှင့် စုံလင်စေခြင်း မခံရမည့် ထိုသူများ၏ စိတ်သဘောထားသည် အဘယ်အရာ ဖြစ်သည် စသည့် ဤကိစ္စရပ်များ၏ အခြင်းအရာကို ပေတရုနှင့် ပေါလု၏ အတွေ့အကြုံများထဲတွင် မြင်တွေ့ နိုင်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေရန် ပြုပြီး၊ သူ၏ အုပ်စိုးမှုသို့ ဆက်ကပ်နာခံစေရန် ပြုသည်။ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်မည် ဖြစ်ပြီး၊ ထို့အတွက် အရာခပ်သိမ်းသည်လည်း သူ၏ လက်ထဲတွင် ရှိသည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်များနှင့် မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက် ရမည် ဖြစ်သည်။ ၎င်းတို့တွင် မည်သည့် ရွေးချယ်မှုမျှ မရှိနိုင်ပဲ၊ သူ၏ စီစဉ်ညွှန်ကြားမှုများထံ အရာအားလုံး ဆက်ကပ်နာခံ ရမည်။ ဤသည်မှာ ဘုရားသခင်၏ အမိန့်တော်ပင် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာလည်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အရာခပ်သိမ်း အသီးသီးကို ၎င်းတို့ ၏ အမျိုးအစားနှင့်အညီ သတ်မှတ်ပြီး အစီစဉ်တကျ ထားကာ အဆင့်အတန်း သတ်မှတ်ပေးသည်၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးသည်။ ယင်းသည် မည်မျှပင် ကြီးမြတ် နေပါစေ၊ မည်သည့်အရာကမျှ ဘုရားသခင်ထက် မသာလွန်နိုင်ပါ၊ အရာခပ်သိမ်းသည် ဘုရားသခင်မှ ဖန်ဆင်း ခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံရန် သို့မဟုတ် ဘုရားသခင်အား တောင်းဆိုမှုများ ပြုရန် မဝံ့ရဲကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်။ လူသည် အရာခပ်သိမ်း၏ အုပ်စိုးရှင် သို့မဟုတ် သခင်ဟူ၍ မည်သို့ပင် ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းတွင် လူ၏ အဆင့်အတန်းသည် မည်မျှပင် မြင့်မားနေ စေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားသတ္တဝါမျှသာ ရှိသေးပြီး၊ အရေး မပါသော လူသားသတ္တဝါ တစ်ဦးထက်၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် ဘာမျှ မပိုပဲ၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်ကို ရောက်နိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေနှင့် လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းငှာ ဖွေရှာ သင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုလုပ်ပဲ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသင့်သည်၊ အကြောင်း မှာ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သောကြောင့် ဖြစ်သည်။ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသော ထိုသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူတို့၏ ပုဂ္ဂိုလ်ရေး တောင့်တ ချက်များကို မဖွေရှာသင့်ပေ။ ဤသည်မှာ လိုက်လျှောက်ခြင်း၏ အမှန်ကန်ဆုံးသော နည်းစနစ်ပင် ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည်လည်း သမ္မာတရား ဖြစ်ကာ၊ သင်ရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းဖြစ်သည် ဆိုပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းပင် ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးများ ဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည် သင့်ကိုယ်ပိုင် အယူ အဆများ၏ အမှန်တရားသာ ဖြစ်လျှင်၊ သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်း ဘာမျှ မရှိလျှင်၊ သင်သည် ဇာတိပကတိထဲမှ ဘုရားသခင်အား လုံးဝ နာခံခြင်းမရှိလျှင်၊ သင်သည် မရေရာမှုအထဲ၌သာ နေထိုင် လျက် ရှိနေသေးလျှင်၊ သင်ဖွေရှာသော အရာသည် သင့်အား ငရဲသို့ ဧကန်မုချပင် ခေါ်သွားမည် ဖြစ်သည်၊ အကြောင်းမှာ သင်လျှောက်သော လမ်းကြောင်းသည် ရှုံးနိမ့်မှု၏ လမ်းကြောင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည်၊ သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည် ဆိုသည်မှာ သင်ကိုယ်တိုင်၏ လိုက်လျှောက်ခြင်းအပေါ်တွင် မူတည်နေသည်၊ ပြောရမည်ဆိုလျှင် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဘုရားသခင်၏ဖန်ဆင်းခြင်းအရာခပ်သိမ်းသည် သူ၏အုပ်စိုးမှုအောက်သို့ လာရောက်ရမည်

ဘုရားဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့၊ ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ့အုပ်ချုပ်မှုအောက် လာစေရန်ပြုပြီး သူ့အုပ်စိုးမှုကို ဆက်ကပ်နာခံစေ။ ဘုရားဟာ အရာခပ်သိမ်းကို ကွပ်ကဲ အုပ်ချုပ်ပြီး ထိုအရာတို့အား သူ့လက်ထဲမှာထိန်းချုပ်လျက်ရှိ။ သက်ရှိသတ္တဝါတွေ၊ တောင်တွေ မြစ်တွေနှင့် လူသားတွေ အားလုံး ဘုရားရဲ့အုပ်ချုပ်မှုအောက် လာရောက် ရမည်။ မိုးကောင်းကင် နှင့် မြေကြီးပေါ်တွင်ရှိ အရာအားလုံး ဘုရားရဲ့အုပ်စိုးမှုအောက် လာရောက် ရမည်။ ရွေးချယ်မှုမရှိဘဲ အားလုံးဟာ ဆက်ကပ်နာခံရမည်။ ဒါဟာ ဘုရားရဲ့ အမိန့်တော်နှင့် သြဇာအာဏာဖြစ် သည်

ဘုရားဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့၊ ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ့အုပ်ချုပ်မှုအောက် လာစေရန်ပြုပြီး သူ့အုပ်စိုးမှုကို ဆက်ကပ်နာခံစေ။ ဘုရားဟာ အရာရာကို ကွပ်ကဲအုပ်ချုပ်တယ် အရာရာကို စီစဉ်တကျ အဆင့်အတန်း သတ်မှတ်ကာ အမျိုးအစားအလိုက် တစ်ခုချင်း ခွဲခြားသတ်မှတ်ခဲ့တယ် ဘုရားအလိုတော်နှင့်အညီ ကိုယ်ပိုင်နေရာကို ခွဲဝေပိုင်းခြားပေး မိုးကောင်းကင် နှင့် မြေကြီးပေါ်တွင်ရှိ အရာအားလုံး ဘုရားရဲ့အုပ်စိုးမှုအောက် လာရောက် ရမည်။ ရွေးချယ်မှုမရှိဘဲ အားလုံးဟာ ဆက်ကပ်နာခံရမည်။ ဒါဟာ ဘုရားရဲ့ အမိန့်တော်နှင့် သြဇာအာဏာဖြစ် သည်

ဘယ်လောက်ကြီးမြတ်တဲ့ အရာပင်ဖြစ်စေ ထိုအရာသည် မည်သည့်အခါမှ ဘုရားထက် သာလွန်မည်မဟုတ်။ အရာခပ်သိမ်းဟာ ဘုရားဖန်ဆင်းခဲ့တဲ့ လူသားမျိုးနွယ်၏ အစေခံပြီး ဘယ်အရာမှ ဘုရားအားအာခံရန် သို့မဟုတ် တောင်းဆိုမှုပြုရန် မဝံ့ရဲပေ။ ဘုရားရဲ့ ဖန်ဆင်းခံသတ္တဝါ လူသားဟာလည်း သူ့တာဝန်ကို ထမ်းဆောင်ရမည်။ သခင်ဖြစ်စေ အုပ်စိုးရှင်ဖြစ်စေ သူ၏အဆင့်အတန်းဟာ ဘယ်လောက်ပင် မြင့်မြတ်စေကာမူ သူဟာ ဘုရားရဲ့အုပ်စိုးမှုအောက်က သေးနုပ်သော လူသားသတ္တဝါပါ ဘဲ။ အရေးမပါသော လူသား၊ ဘုရားရဲ့ဖန်ဆင်းခံ သတ္တဝါ၊ သူဟာ ဘုရားရဲ့အထက်မှာ ဘယ်အခါမှ ရှိမည်မဟုတ်ပါ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်