Myanmar Sermon Series 2022 - ဘုရားသခင်၏ တရားစီရင်ခြင်းသည် သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းအတွက်လော သို့မဟုတ် ရှုတ်ချခြင်းနှင့် ပျက်သုဉ်းစေခြင်းအတွက်လော

31.01.2022

တစ်ကမ္ဘာလုံးအနှံ့ ကပ်ဘေးတွေ ပျံ့နှံ့တာနဲ့အမျှ၊ သခင့်ကို ယုံကြည်သူတွေဟာ အသက်တောင် ရဲရဲမရှူရဲဘဲ သခင်ယေရှု မိုးတိမ်စီး ကြွလာဖို့၊ ပြီးတော့ သူ့နဲ့တွေ့ဖို့အတွက် သူတို့ကို ကောင်းကင်ဆီ ဆောင်ယူသွားပြီး ကပ်ဘေးတွေကနေ လွတ်ဖို့ စောင့်ဆိုင်းနေခဲ့ကြတယ်။ ဒါပေမဲ့ သခင်ယေရှု မိုးတိမ်စီး ကြွဆင်းလာတာကို သူတို့မမြင်ရသေးဘူး။ အဲဒီအစား အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက ကိုယ်တော်ဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်အနေနဲ့ ပြန်ကြွလာပြီးပြီလို့ စဉ်ဆက်မပြတ် သက်သေခံနေတယ်။ ကိုယ်တော်ဟာ လူတွေကို သန့်စင်စေပြီး အပြည့်အဝ ကယ်တင်ဖို့ နောက်ဆုံးသော ကာလရဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့ သမ္မာတရားတွေ ဖော်ပြနေတယ်တဲ့။ ဒါက လူတော်တောများများအတွက် အံ့အားသင့်စရာပါ။ သူတို့တွေးတာက၊ “သခင်က ယုံကြည်သူတွေကို အရင်ဆုံး ကောင်းကင်ဆီ ဆောင်ယူသွားရမှာလေ။ ကပ်ဘေးတွေကနေ ကျွန်တော်တို့ကို အရင်ဆုံး ကယ်တင်ဖို့ အရေးကြီးတာကို။ ဘာလို့ နောက်ဆုံးသော ကာလမှာ တရားစီရင်ခြင်းအမှုပြုဖို့အတွက် ဘုရားက သမ္မာတရားတွေကို ဖော်ပြမှာလဲ။ ကျွန်တော်တို့က ကိုယ့်အပြစ်တွေကနေ အားလုံး ခွင့်လွှတ်ခံရပြီးပြီဖြစ်သလို၊ ဘုရားက ဖြောင့်မတ်တယ်လို့ မှတ်ယူတာပဲ၊ ဒီတော့ ဘုရားရဲ့ တရားစီရင်ခြင်းက ဘာလိုအပ်လို့လဲ” ပေါ့။ နောက်ဆုံးသော ကာလမှာ ဘုရားရဲ့ တရားစီရင်ခြင်းက မယုံကြည်သူတွေကို ပစ်မှတ်ထားမယ်၊ တရားစီရင်ခြင်းဆိုတာက ရှုတ်ချခြင်းနဲ့ ဖျက်ဆီးခြင်းဖြစ်ပြီး၊ အပြစ်လွှတ်ခံရပြီးဖြစ်တဲ့ ကျွန်တော်တို့က တရားစီရင်ခံရဖို့ လိုမှာမဟုတ်ဘူးလို့ လူအများစုက ယုံကြည်ကြတယ်။ အဲဒါဆိုရင် လူသားမျိုးနွယ်ကို ဘုရားရဲ့ တရားစီရင်ခြင်းက သန့်စင်စေခြင်းနဲ့ ကယ်တင်ခြင်းအတွက်လား၊ ရှုတ်ချခြင်းနဲ့ ပျက်သုဉ်းစေခြင်းအတွက်လား။ “စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း” ရဲ့ ဒီအပိုင်းက သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို သိရှိဖို့ မိတ်ဆွေကို လမ်းပြပေးပါလိမ့်မယ်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။