သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” | ကောက်နုတ်ချက် ၉၃ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” | ကောက်နုတ်ချက် ၉၃ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” -ကောက်နုတ်ချက် ၈၃ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” -ကောက်နုတ်ချက် ၈၃ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၈၀ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၈၀ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၇၉ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၇၉ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၇၈ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၇၈ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” | ကောက်နုတ်ချက် ၈၆ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” | ကောက်နုတ်ချက် ၈၆ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” | ကောက်နုတ်ချက် ၈၂ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” | ကောက်နုတ်ချက် ၈၂ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၇၇ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၇၇

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” | ကောက်နုတ်ချက် ၈၂

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ   123  

မိတ်ဆက်ခြင်း

အမှုနှင့်ပတ်သက်၍ ပြောဆိုခြင်း၌ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏အမှုတော်သည် အထင်ရှားဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးမည့်သူမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်ကာ ဝိညာဉ်တော်မဟုတ်ပေ။ အချို့တို့က ဘုရားသခင်သည် တစ်ခါတစ်ရံတွင် ကမ္ဘာကြီးပေါ်သို့ကြွရောက်လာကာ လူတို့ရှေ့တွင်ပေါ်ထွန်းပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်တရားစီရင်ကာ မည်သူ့ကိုမျှ အလွှတ်မပေးဘဲ တစ်ဦးစီ တစ်ယောက်စီကို စစ်ဆေးမည်ဟု ယုံကြည်ကြသည်။ ဤသို့ထင်မြင်ကြသူတို့သည် လူ့ဇာတိခံယူသည့် အမှု၏ ဤအဆင့်ကို မသိကြ။ ဘုရားသခင်သည် တစ်ဦးစီတစ်ယောက်စီကို တရားစီရင်ခြင်းမပြု၊ တစ်ဦးစီတစ်ယောက်စီကို စစ်ဆေးခြင်းမပြု။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်လိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူပင်မဟုတ်လော။ လူသား၏ အနှစ်သာရသည် အားလုံးအတူတူပင် မဟုတ်လော။ တရားစီရင်ခြင်းကို ခံရမည့်အရာမှာ လူသား၏ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်မှ ဖျက်ဆီးခဲ့သော လူသား၏အနှစ်သာနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ သေးငယ်၍ မထင်ရှားသောအမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုခြင်းသာဖြစ်ပြီး၊ လူတစ်ဦး တစ်ယောက်အတွက် အထူး လုပ်ဆောင်သည်မဟုတ်ပေ။ ထိုသို့ပြုမည့်အစား လူသားမျိုးနွယ်အားလုံးကို တရားစီရင်ခြင်းကို ကိုယ်စားပြုရန် လူအုပ်စုတစ်စုမှ တရားစီရင်ခြင်းခံရမည့် အမှုဖြစ်သည်။ လူတစ်အုပ်စုအတွက် မိမိ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်ခြင်းအားဖြင့် ဇာတိခန္ဓာနှင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏ အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ နောက်တွင် ယင်းသည် တဖြည်းဖြည်းပျံ့နှံ့သွားလိမ့်မည်။ တရားစီရင်ခြင်းအမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘုရားသခင်သည် လူသားတစ်မျိုး သို့မဟုတ် လူတစ်အုပ်စုကို တရားစီရင်မည်မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ခုလုံး၏ ဖြောင့်မတ်မှုမရှိခြင်း၊ ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှု၊ ဥပမာ သို့တည်းမဟုတ် လူသားမှ ဘုရားသခင်ကိုမရိုသေမှု သို့မဟုတ် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်မည်ဖြစ်သည်။ တရားစီရင်ခံရမည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားတို့ မျက်မြင်တွေ့မြင်ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များသည် လူသားတို့ ယခင်အတိတ်ကာလများက တွေးထင်ခဲ့သော နောက်ဆုံးသော ကာလအတွင်းမှ ဖြူသော ပလ္လင်ကြီးရှေ့တွင် တရားစီရင်ဆုံးဖြတ်မည့် အမှုဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ လက်ရှိလုပ်ဆောင်လျက်ရှိသော အမှုသည် ဖြူသော ပလ္လင်ကြီးရှေ့တွင် တရားဆုံးဖြတ်နေခြင်း အစစ်အမှန်ပင်ဖြစ်သည်။ ယနေ့ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင်ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ နှုတ်ကပတ်တော်နှင့် စိတ်သဘောထားအလုံးစုံတို့သည် ဘုရားသခင်၏ အလုံးစုံဖြစ်မှုဖြစ်သည်။ သူ့အမှု၏ အတိုင်းအတာသည် ကန့်သတ်ချက်ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားတစ်မျိုးနွယ်လုံးကို တိုက်ရိုက် တရားစီရင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအတွက်သာ လုပ်ဆောင်သောအမှု မဟုတ်သကဲ့သို့ လူနည်းစုအတွက်သာ လုပ်ဆောင်သောအမှုလည်း မဟုတ်ပေ။ ဇာတိခန္ဓာနှင့် ဘုရားသခင်၏ အမှုတွင်းတွင် ဤအမှု၏ နယ်ပယ်သည် စကြဝဠာ တစ်ခုလုံးမပါဝင်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်၊ သူ့ဇာတိခန္ဓာဖြင့် အမှုလုပ်ဆောင်သည့် နယ်ပယ်အတွင်းမှ အမှုကို အဆုံးသတ်ပြီးသည့်နောက်တွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ကြွမြန်းခြင်းပြီးသည့်နောက် စကြဝဠာအနှံ့အပြားသို့ သူ၏ဧဝံဂေလိ ပျံ့နှံ့သွားသည့်နည်းတူ သူသည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးသို့ ချက်ချင်းချဲ့ထွင်လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ ဇာတိခန္ဓာ၏အမှုဖြစ်စေ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်အတွင်း လုပ်ဆောင်သော အမှုဖြစ်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူသည့် သွင်ပြင်လက္ခဏာကို အသုံးပြု၍ သူ၏အမှုကိုလုပ်ဆောင်ရန် ပေါ်ထွန်းလာကာ ဇာတိခန္ဓာနှင့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားတို့ကို တရားဆုံးဖြတ်မည့် ဘုရားဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ ဇာတိခန္ဓာနှင့်ဖြစ်စေ တရားဆုံးဖြတ်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို တရားစီရင်သည့်သူဖြစ်သည်။ ယင်းကို ဘုရားသခင့်အမှုအပေါ် အခြေခံ၍သတ်မှတ်ပြီး ဘုရားသခင်၏ ပြင်ပသဏ္ဌာန် သို့မဟုတ် အခြားသော အချက်အလက်အချို့တို့ဖြင့် သတ်မှတ်ခြင်းမဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများရှိသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်၏လူသားမျိုးနွယ် အားလုံးကို တရားစီရင်မှုနှင့် သိမ်းပိုက်မှု အစရှိသည့် အချက်တို့ကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းကို မည်သို့ပင် သုံးသပ်စေကာမူ အချက်အလက်များသည် နောက်ဆုံး၌ အမှန်တရားများသာ ဖြစ်သည်။ “အမှုကို ဘုရားသခင်မှ လုပ်ဆောင်သော်လည်း ဇာတိခန္ဓာသည် ဘုရားသခင်မဟုတ်” ဟု မည်သူမျှ မပြောနိုင်ပေ။ ယင်းမှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ အကြောင်းမှာ ဤအမှုကို ဇာတိခန္ဓာရှိသော ဘုရားသခင်မှလွဲ၍ မည်သူမျှဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်တည်း။ ဤအမှုကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဤအမှုနောက်တွင် ဘုရားသခင်၏လူသားကို တရားစီရင်သည့် အမှုသည် ဒုတိယအကြိမ်ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။ ဒုတိယလူ့ဇာတိခံယူသော ဘုရားသခင်သည် အလုံးစုံသော စီမံခန့်ခွဲမှုအမှုအားလုံးကို အဆုံးသတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ အမှုတွင် စတုတ္ထအဆင့် ရှိလာမည်မဟုတ်တော့ပေ။ အကြောင်းမှာ တရားစီရင်ခြင်းကိုခံရသည့် သူသည် ဇာတိခန္ဓာနှင့် ဖြစ်တည်သော လူသား၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသော လူသားဖြစ်ပြီး၊ တိုက်ရိုက်တရားစီရင်ခြင်း ခံရသည့်သူမှာ စာတန်၏ ဝိညာဉ်မဟုတ်ပေ။ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်မည်မဟုတ်ဘဲ လူသားတို့အကြားတွင် လုပ်ဆောင်မည်ဖြစ်သည်။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အံ့သြဖွယ်ဗီဒီယိုများသည် သင့်အား ဘုရားသခင်၏ အမှုတော်ကို နားလည်ရန်အတွက် လမ်းပြပေးသည်

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အံ့သြဖွယ်ဗီဒီယိုများသည် သင့်အား ဘုရားသခင်၏ အမှုတော်ကို နားလည်ရန်အတွက် လမ်းပြပေးသည်

အခြားအခန်းဆက်များရှိ အသစ်ဆုံး ဗွီဒီယိုများ