ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” | ကောက်နုတ်ချက် ၁၇၉

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” | ကောက်နုတ်ချက် ၁၇၉

108 |01.08.2020

လူသားစိတ်၏အလုပ်ကို လူသားက အလွန်လွယ်ကူစွာ စွမ်းဆောင်ရရှိနိုင်ပေသည်။ ဥပမာအားဖြင့် ဘာသာရေး လောကအတွင်းတွင် သင်းအုပ်များနှင့် ခေါင်းဆောင်များသည် သူတို့၏ အလုပ်ကိုလုပ်ရန် သူတို့၏ ပါရမီများနှင့် အဆင့်များအပေါ် အမှီပြုသည်။ အချိန်ကြာမြင့်စွာ သူတို့နောက်လိုက်သော သူများသည် သူတို့၏ပါရမီများ၏ ဓာတ်ကူးခြင်းကိုခံရကာ သူတို့ဖြစ်တည်မှုအချို့တို့၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်။ သူတို့သည် လူသား၏ ပါရမီများ၊ စွမ်းရည်များနှင့် အသိပညာတို့အပေါ်တွင် အာရုံထား၍ သူတို့သည် သဘာဝလွန်သည့်အရာ အချို့တို့နှင့် အလွန်နက်ရှိုင်း၍ မစစ်မှန်သော အယူဝါဒများ (ဤနက်ရှိုင်းသော အယူဝါဒများကို မရယူနိုင်သည်မှာ သေချာပါသည်) အပေါ်တွင် အာရုံစိုက်ကြသည်။ သူတို့သည် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်းများအပေါ်တွင် အာရုံမထားဘဲ လူတို့၏ တရားဟောကြားခြင်းနှင့် လုပ်ဆောင်မှု စွမ်းရည်များကို လေ့ကျင့်ပေးရန်၊ လူသား၏အသိပညာနှင့် ကြွယ်ဝသော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့ကိုသာ အာရုံထားလေသည်။ သူတို့သည် လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည် သို့မဟုတ် လူသားသည် သမ္မာတရားကို မည်မျှနားလည်သည်တို့အပေါ်တွင် အာရုံမထားပေ။ သူတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို သိအောင် ကြိုးစားရန် မဆိုထားနှင့် လူတို့၏အနှစ်သာရနှင့် ပတ်သက်၍ စိတ်ပင်မဝင်စားပေ။ သူတို့သည် လူသား၏ အားနည်းချက်များ သို့မဟုတ် ပျက်စီးမှုများကို ပြုပြင်ရန်မဆိုထားနှင့် လူသား၏ အယူအဆများကို တွေ့ကြုံခြင်း သို့မဟုတ် သူတို့၏အယူအဆများကို ဖော်ပြခြင်းပင်မရှိပေ။ သူတို့နောက်သို့လိုက်သော သူအများစုသည် သူတို့၏ သဘာဝပါရမီများဖြင့် အစေခံပြီး သူတို့ဖော်ပြသောအရာသည် အသိပညာနှင့် ဝေဝါးသော ဘာသာရေးသမ္မာတရားဖြစ်သည်။ ယင်းသည် လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့ကို အသက်တာအပ်နှင်းနိုင်ခြင်း လုံးဝမရှိပေ။ အမှန်တွင်မူ သူတို့အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသော သူတစ်ဦးကို နောက်ပိုင်းတွင် အလုပ်လုပ်၍ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာသင်ကျောင်း ဘွဲ့ရတစ်ဦးဖြစ်ရန် ပျိုးထောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ နှစ်ပေါင်း ခြောက်ထောင်ကျော် အလုပ်နှင့်အတူ နည်းဥပဒေသတစ်စုံတစ်ရာကို သင်ရှာဖွေတွေ့ရှိနိုင်ပါသလော။ လူလုပ်သောအလုပ်တွင် စည်းမျဉ်းများနှင့် အတားအဆီးများစွာရှိပြီး လူသားဦးနှောက်သည် အလွန်တယူသန်ဆန်သည်။ ထို့ကြောင့် လူသားဖော်ပြသောအရာသည် သူ၏အတွေ့အကြုံ အားလုံးအတွင်းမှ အသိပညာအချို့နှင့် သဘောပေါက်မိခြင်းတို့ဖြစ်သည်။ လူသားသည် ယင်းအရာတို့မှလွဲ၍ မည်သည့်အရာကိုမျှ ဖော်ပြနိုင်ခြင်းမရှိပေ။ လူသား၏ အတွေ့အကြုံ သို့မဟုတ် အသိတရားသည် သူ၏မွေးရာပါ ပါရမီများ သို့မဟုတ် သူ၏ပင်ကိုစိတ်မှ ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့ပေါ်လာခြင်းမှာ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် ဘုရားသခင်၏ တိုက်ရိုက်လမ်းပြမှုတို့ကြောင့် ဖြစ်သည်။ လူသားသည် ဤလမ်းညွှန်မှုကို လက်ခံရသည့် အင်္ဂါသာရှိပြီး ဘုရားသဘောသဘာဝသည် အဘယ်အရာဖြစ်သည်ကို တိုက်ရိုက်ဖော်ပြရန် အင်္ဂါမရှိပေ။ လူသားသည် အရင်းအမြစ်မဖြစ်နိုင်ဘဲ အရင်းအမြစ်မှ ရေကိုလက်ခံသော အိုးတစ်ခုသာ ဖြစ်နိုင်သည်။ ယင်းသည် လူသား၏ပင်ကိုအသိစိတ်ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့် ရှိသင့်သော အင်္ဂါလည်း ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန် အင်္ဂါကိုဆုံးရှုံး၍ လူသား၏ ပင်ကိုအသိစိတ်ကို ဆုံးရှုံးပါက ထိုလူသည် တန်ဖိုးအရှိဆုံးသော အရာကိုလည်း ဆုံးရှုံးကာ ဖန်ဆင်းခံရသော လူသား၏ တာဝန်ကို ဆုံးရှုံးသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သူ၏အလုပ်နှင့် ပတ်သက်သော အတွေ့အကြုံ သို့မဟုတ် အသိပညာမရှိပါက ထိုလူသည် သူ၏တာဝန်ကို ဆုံးရှုံးကာ ဖန်ဆင်းခံ လူသားတစ်ဦးအနေဖြင့် သူဆောင်ရွက်သင့်သော သူ၏တာဝန်ကို ဆုံးရှုံး၍ ဖန်ဆင်းခံ လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို ဆုံးရှုံးမည်ဖြစ်သည်။ ဘုရားသဘောသဘာဝမှာ မည်သည်ဖြစ်သည်ကို ဖော်ပြရန်၊ ယင်းကို လူ့ဇာတိဖြင့် သို့မဟုတ် ဝိညာဉ်တော်က တိုက်ရိုက်ဖော်ပြခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ပင်ကိုအသိဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ သာသနာဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အလုပ်အတွင်း သို့မဟုတ် အလုပ်ပြီးနောက်တွင် သူ၏ကိုယ်ပိုင်အတွေ့အကြုံ သို့မဟုတ် အသိပညာ (သူ့ဖြစ်ခြင်းကို ဖော်ပြသည်ကို ဆိုလိုသည်) ကိုဖော်ပြသည်။ ယင်းသည် လူသား၏ ပင်ကိုစိတ်နှင့် လူသား၏တာဝန်ဖြစ်သည်။ ယင်းသည် လူသားက စွမ်းဆောင်ရရှိသင့်သော အရာဖြစ်သည်။ လူသား၏ ဖော်ပြချက်သည် ဘုရားသခင်၏ ဖော်ပြချက်နောက်ကောက်ကျန်ခဲ့သော်လည်း လူသားဖော်ပြသည့်အရာတွင် စည်းမျဉ်းများစွာပါရှိပြီး၊ လူသားသည် သူဖြည့်ဆည်းသင့်သောတာဝန်ကို ဖြည့်ဆည်းကာ သူလုပ်သင့်သည့် အရာကိုလုပ်ရပါမည်။ လူသားသည် သူ၏တာဝန်ကိုဖြည့်ဆည်းရန် လူသားအနေဖြင့် လုပ်နိုင်သမျှသော အရာအားလုံးကို လုပ်သင့်ပြီး ယင်းအတွက် အနည်းငယ် ထိန်ချန်သိုမှီးထားခြင်းပင် မရှိသင့်ပေ။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်