Myanmar Gospel Movie Trailer - ကောင်းကင်နိုင်ငံတော်ဟူသော ကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက်
21.07.2019
သခင် ပြန်လာခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသော တောင်ကိုရီးယားမှ သင်းအုပ်ဆရာတစ်ယောက်သည် အရှေ့အရပ်မှလျှပ်ပြက်ခြင်းအကြောင်းကို ကြားသိမိပါသည်။ ၎င်းအသင်းတော်မှာ တရုတ်ပြည်တွင် ပေါ်ပေါက်နေခြင်းဖြစ်ပြီး၊ သခင် ပြန်ကြွလာပြီဟု သက်သေခံထားသည်။ သင်းအုပ်ဆရာသည် စစ်မှန်သောလမ်းကို လေ့လာကြည့်ရန် တရုတ်ပြည်သို့ သွားတော့သည်။ သူသည် အတားအဆီး တော်တော်များများကို ကျော်ဖြတ်ကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလိုက်နိုင်သည်။ သို့သော် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သခင့်အသံတော်ကို အသိအမှတ်ပြုမိလိုက်သည့် အချိန်တွင်ပင်၊ စီစီပီအစိုးရ၏ ရုတ်တရက် ဖမ်းဆီးခြင်းကို ခံရကာ၊ ကိုရီးယားသို့ ပြန်ပို့ခံရလေသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်၍မရနိုင်တော့သဖြင့် ဝမ်းနည်းကာ မျှော်လင့်ချက်မဲ့သွားတော့သည်။ တစ်ရက်တွင်မူ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ ဧဝံဂေလိတရား ဝက်ဘ်ဆိုက်ကို ရုတ်တရက် ရှာတွေ့ပြီး၊ အသင်းတော်နှင့် တစ်ဖန် ဆက်သွယ်မိပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ သက်သေခံချက် မိတ်သဟာယပြုခြင်းများမှတစ်ဆင့်၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှု ပြန်လာခြင်း ဖြစ်နေကြောင်းကို သူလည်း လုံးဝ သေချာသွားတော့သည်။ သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသလို၊ ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရာလမ်းကိုလည်း ရှာတွေ့လေသည်။ ကောင်းကင်နိုင်ငံတော်သို့ သူ၏ ဝင်ရောက်ခွင့်မှာ နောက်ဆုံးတွင် အမှန်တကယ် ဖြစ်လာတော့သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ